← Chapters

ကျန်းမင်လီ

Vol. 37 Ch. 548

ကျန်းမင်လီ

Vol. 37 Ch. 548

အဖိုးအိုသည် ကောင်းမင်၏မျက်နှာနှင့် ဦးနှောက်တို့ကို ယူဆောင်သွားတော့မည့်အလား ကိရိယာများကို ကောက်ကိုင်လိုက်သည်။

“ညကင်းစောင့်ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူးလား”

ကောင်းမင်က သားသတ်ဓားဆီသို့ လက်လှမ်းလိုက်သည်။ သူသည် အဖိုးအိုကို ကြည့်ပြီး ထိတ်လန့်သွားသည်။ သူတို့သည် ပုံမှန်အတိုင်း စကားပြောနေကြခြင်းဖြစ်သော်လည်း ရုတ်တရက်ဆိုသလို အဖိုးအိုက သူ၏မျက်နှာကို ခွာထုတ်ရန် အသင့်ဖြစ်နေခြင်းကြောင့်ပင်။ ဤပြောင်းလဲမှုမှာ အလွန်ရုတ်တရက်ဆန်လှသော်လည်း အဖိုးအိုကမူ ကောင်းမင်၏ အကျိုးကိုသာ ရှေးရှုလုပ်ဆောင်နေသကဲ့သို့ ရှိနေသည်။

“မင်းရဲ့ အသက်စွမ်းအားက ဖုံးကွယ်ထားဖို့ အရမ်းအားကောင်းလွန်းတယ်၊ ဘယ်ချိတ်ပိတ်နှိပ်မှုကမှ ဒါကို ဖုံးကွယ်မထားနိုင်ဘူး၊ ရွာသားတွေက မင်းကို ယဇ်ပူဇော်ချင်ပြီး အပြင်လူတွေက မင်းကို စားချင်နေကြတဲ့အခါ မင်းဘယ်မှာ သွားပုန်းမလဲ”

ညကင်းစောင့်က နောက်ထပ်တစ်လှမ်း တိုးလာသည်။

“ငါက အိုနေပြီ၊ အမွှေးတိုင်နံ့ကို ရှူရှိုက်ပြီးနောက် ငါ့အသိစိတ်ကို ထိန်းထားနိုင်တဲ့အချိန်က ပိုပိုတိုတောင်းလာတယ်၊ ငါသာ ရွာထဲမှာ လဲကျသွားခဲ့ရင် မင်းက ငါ့နာမည်ကို ကမ္မည်းပြားအသစ်ပေါ်မှာ ရေးပြီး ငါ့နေရာကို ဆက်ခံရလိမ့်မယ်”

ကောင်းမင်၏အကြည့်များ ရှုပ်ထွေးနေသည်။ ရွာဘိုးဘေးခန်းမတွင် ဘာကို ဝတ်ပြုနေကြမှန်း သူမသိသော်လည်း ဤအိမ်ထဲရှိ များစွာသော ဘိုးဘေးကမ္မည်းပြားများကို မည်သူချန်ထားခဲ့သည်ကိုတော့ သူခန့်မှန်းနိုင်သည် ။

“ညကင်းစောင့်တွေရဲ့ ကမ္မည်းတိုင်တွေကို ရွာဘိုးဘေးခန်းမမှာ ထားပြီး ဝတ်ပြုလို့မရဘူးလား”

“မင်း ဘာတွေပြောနေတာလဲ၊ အဲ့ဒီနေရာက ဝတ်ပြုကိုးကွယ်ရမယ့်နေရာ မဟုတ်တော့ဘူး၊ အဲ့ဒီကနေ မင်း ဘာကောင်းချီးမှ ရမှာမဟုတ်ဘူး”

အဖိုးအိုက ဓားနှင့်အတူ ချဉ်းကပ်လာသည်။ သူသည် ကောင်းမင်အား သူ့နေရာတွင် အမှန်တကယ် အစားထိုးချင်နေသည်။

“ညကင်းစောင့်ဖြစ်ဖို့ဆိုရင် အသက်စွမ်းအား သန်မာဖို့ လိုအပ်တယ်၊ မင်းက ဒီအလုပ်အတွက် အင်မတန် သင့်တော်တယ်”

ကောင်းမင် သားသတ်ဓားကို ထုတ်ယူလိုက်ပြီး စားပွဲ၏ တစ်ဖက်ခြမ်းတွင် ရပ်လိုက်သည်။

“အဖိုး ၊ ကျွန်တော် အဖိုးကိုလေးစားသလို ကူညီပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ တခြားလုပ်စရာကိစ္စတွေ ရှိသေးတယ်၊ ကျွန်တော့်သူငယ်ချင်းတွေက သူတို့ကို လာကယ်ဖို့ ကျွန်တော့်ကို စောင့်နေကြတယ်၊ သူတို့ကို မတွေ့ခင်မှာ ကျွန်တော် ဘာဆုံးဖြတ်ချက်ကြီးကြီးမားမားမှ မချနိုင်သေးဘူး”

ကောင်းမင်က အခိုင်အမာ ပြောလိုက်သည်။ သူသည် ဤမြို့၏ ပြုပြင်မွမ်းမံမှုများအကြောင်းကို သိရှိထားသည်မှာ အလွန်နည်းပါးသဖြင့် မည်သည့်အရာကိုမျှ လက်မခံလိုပေ ။

“သားသတ်ဓားလား၊ မင်းက ဘာလို့ အဲ့ဒီအရူးနဲ့ ပတ်သက်နေတာလဲ”

ညကင်းစောင့်အဖိုးအိုတွင် မျက်လုံးမရှိသော်လည်း သူ့ရင်ဘတ်မှ ထွက်ပေါ်လာသော အသံက ဓား၏ တည်ရှိမှုကို တိကျစွာ သိရှိနေသည်။ သူသည် ကောင်းမင်၏ သန်မာသော အသက်စွမ်းအား၊ သားသတ်ဓားမှ လူသတ်ငွေ့များနှင့် ရွာဘိုးဘေးခန်းမရှိ ယင်စွမ်းအင်များကဲ့သို့သော ကမ္ဘာကြီးမှ ပစ္စည်းအမျိုးမျိုးတို့၏ အရှိန်အဝါများကို ဖတ်ရှုနိုင်စွမ်း ရှိပုံရသည် ။

“ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဝက်တစ်ကောင်အဖြစ် အသွင်ပြောင်းခံလိုက်ရလို့ပါ”

ကောင်းမင် စကားမဆုံးခင်မှာပင် ညကင်းစောင့်က လက်ခါပြလိုက်သည်။

“အဲ့ဒါက အရင်ကတည်းက ဝက်တစ်ကောင်ပဲ၊ လူ့အရေခွံကို ဝတ်ထားတာ”

အဖိုးက ကောင်းမင်ကို အကြံပင်ပေးလိုက်သေးသည်။

“ဝက်ရဲ့စကားတွေကို မယုံနဲ့”

ကောင်းမင်က သားသတ်သမားကို ဒေါသထွက်အောင် လုပ်ခဲ့သည်ကို သိသွားပြီးနောက် အဖိုးအိုမှာ ယခင်ကကဲ့သို့ စိတ်အားထက်သန်မှု မရှိတော့ပေ။ သူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လိုက်သည်။

“အခုက ဟိုင်ရှစ်ရဲ့ ဒုတိယကင်းလှည့်ချိန်ရောက်နေပြီ၊ ပို အန္တရာယ်များလာပြီ၊ ငါ ကင်းလှည့်သွားရတော့မယ်၊ဒီမှာနေတာ မင်းအတွက် မလုံခြုံဘူး၊ သားသတ်သမားက ယဇ်ပလ္လင်စားပွဲကို လာဖျက်ဆီးပစ်နိုင်တယ်” (မှတ်ချက်- Hai Shi Two Geng Tian ဆိုသည်မှာ ဟိုင်ရှစ်အချိန်အပိုင်းအခြားအတွင်းရှိ ဒုတိယမြောက် ကင်းမောင်းတီးချိန် (ည ၉ နာရီမှ ၁၁ နာရီအတွင်း) ကို ဆိုလိုခြင်းဖြစ်သည်)

ဓားကို ချလိုက်ရင်း အသံမှာ ပို၍ မောပန်းနွမ်းနယ်လာသည်။

“ငါ မင်းကို ထပ်မေးမယ်၊ မင်းသာ ညကင်းစောင့်ဖြစ်ဖို့ သဘောတူမယ်ဆိုရင် ငါ မင်းကို ကူညီပြီး သားသတ်သမားကို တားဆီးပေးမယ်၊ မင်းတို့ကြားက ကိစ္စတွေကိုလည်း ငါ ဖြေရှင်းပေးမယ်”

ဤသည်မှာ သူ့အတွက် လွယ်ကူသော ဆုံးဖြတ်ချက်တစ်ခု မဟုတ်ပေ။

“ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို စောင့်နေကြတုန်းပဲ”

“ကောင်းပြီလေ”

ညကင်းစောင့်က ထပ်ပြီး မတိုက်တွန်းတော့ပေ။

“ဒီမှာနေတာ မလုံခြုံဘူး၊ ငါ မင်းကို ကျောင်းပို့ပေးမယ်”

“ကျောင်းလား”

ကောင်းမင်သည် အစောပိုင်းက အဖိုးအိုနှင့်အတူ ကင်းလှည့်စဉ်တွင် ကျောင်းတစ်ကျောင်းရှိသည်ကို သတိမထားမိခဲ့ပေ။

“အခုလောလောဆယ်တော့ ရွာက အတော်လေး အေးချမ်းနေသေးတယ်၊ ဟိုင်ရှစ်ချိန် ရောက်လာတဲ့အခါ လမ်းတွေပေါ်မှာ အရာတွေ ပိုထွက်လာလိမ့်မယ်၊ ရွာတံခါးတွေတောင် ပွင့်လာနိုင်တယ်၊ မင်းမှာ အချိန်အများကြီး မကျန်တော့ဘူး”

အဖိုးအိုက ယဇ်ပလ္လင်ကို ဦးညွှတ်လိုက်ပြီး မထွန်းရသေးသော အမွှေးတိုင်တစ်တိုင်ကို ကောင်းမင်ထံ ကမ်းပေးလိုက်သည်။

“ဒါကို ယူသွားပါ၊ မင်း မဖြေရှင်းနိုင်တဲ့ ဆိုးယုတ်တဲ့အရာနဲ့ တွေ့တဲ့အခါ မင်းရဲ့ နှလုံးသွေးနဲ့ ဒါကို ထွန်းလိုက်၊ သွေးက ပိုအားကောင်းလေလေ အမွှေးတိုင်က ပိုထိရောက်လေလေပဲ”

အဘိုးအိုသည် ကောင်းမင်ကို စေတနာသက်သက်ဖြင့် ကူညီပေးနေခြင်း မဟုတ်ပေ။ ကောင်းမင် မေးခွန်းများ ထပ်မေးနေမည်စိုးသဖြင့် သူသည် အဖြူရောင် မီးအိမ်ကို ကိုင်ကာ အပြင်သို့ ဦးဆောင်ထွက်ခွာသွားသည်။

“ကျောင်းကိုသွားတဲ့ လမ်းက ခက်ခဲတယ်၊ ငါ့နောက်ကနေ နီးနီးကပ်ကပ် လိုက်ခဲ့ပါ”

ဟိုင်ရှစ်အချိန်သည် ည ၉ နာရီမှ ၁၁ နာရီဝန်းကျင် ဖြစ်သည်။ သန်းခေါင် မရောက်သေးသော်လည်း ကောင်းမင်၏ စိတ်ထဲတွင် စိုးရိမ်မှုများ စတင်လာနေပြီ ဖြစ်သည်။

ညကင်းစောင့်အဘိုးအိုသည် ကင်းလှည့်ရန်အတွက် ရွာလမ်းမကြီးအတိုင်း သွားလေ့ရှိသည်။ သို့သော်လည်း သူသည် ကောင်းမင်အား ကျောင်းသို့ ပို့ဆောင်ရန်အတွက်မူ ကွေ့ကောက်နေသော လမ်းကြားလေးများအတိုင်း ရွေးချယ်သွားလေသည်။

“ကျောင်းမှာ ပြဿနာမရှာနဲ့၊ ဆရာကျန်းကို သွားရှာပါ၊ သူက နားလည်မှုရှိပြီး သဘောကောင်းတယ် ကြင်နာတတ်တယ်၊ သူက ဒီမှာရှိတဲ့ တခြားသူတွေနဲ့ မတူဘူး”

အဘိုးအို၏ စကားများက ကောင်းမင်၏အာရုံကို ဆွဲဆောင်သွားသည်။ ညကင်းစောင့်သည် အိပ်မက်ချိုးဖျက်မြို့၏ အမိန့်ကို ကိုယ်စားပြုသည်။ ထိုသို့ဆိုလျှင် ညကင်းစောင့်ကိုယ်တိုင် ချီးကျူးရသော ဆရာသည် မည်သည်ကို ကိုယ်စားပြုသနည်း။

“ဒီမှာ ခင်ဗျားလိုပဲ ကြင်နာတတ်တဲ့သူ နောက်တစ်ယောက် ရှိသေးတာလား”

“ငါက ကြင်နာတတ်တဲ့သူ မဟုတ်ပါဘူး”

အဖိုးအိုက လက်ကာပြလိုက်သည်။ အမွှေးတိုင်အသစ်ကို လဲလှယ်ပြီးနောက် သူသည် ပို၍ အားအင်ပြည့်ဝလာပုံရသည်။ အဖိုးအိုသည် ကောင်းမင် ဘာတွေးနေသည်ကို မသိပေ။ ကောင်းမင်မှာ ငယ်ရွယ်ပြီး ထူးချွန်သော်လည်း သားသတ်သမားကို အမျက်ထွက်အောင် လုပ်မိခဲ့သည်။

“ငါတို့ ရောက်ပြီ”

ညကင်းစောင့်က အမှောင်ထုထဲရှိ သစ်သားတံခါးတစ်ခုကို တွန်းဖွင့်လိုက်သည်။ ခြံထဲရှိ လေထုသည် အပြင်ဘက်နှင့် သိသိသာသာ ကွဲပြားနေပြီး ပန်းရနံ့များ သင်းပျံ့နေလေသည်။ အိပ်မက်ချိုးဖျက်မြို့သည် ပိုက်ဆံစက္ကူမီးလောင်နံ့များနှင့် ပြည့်နှက်နေခြင်းဖြစ်သည်။အရာအားလုံးနှင့် လူတိုင်းသည် မီးခိုးနံ့များနှင့် ပြည့်နှက်နေသော်လည်း ဤနေရာမှာမူ ထူးခြားနေလေသည်။

အိမ်သည် အဝါရောင် ရွှံ့နံရံလေးဖက် ရှိသည်။ ခေါင်မိုးပေါ်တွင် အချို့အုတ်ကြွပ်များ မရှိတော့သဖြင့် တစ်ယောက်ယောက်က ကောက်ရိုးများဖြင့် ဖုံးအုပ်ထားရသည်။ ထုပ်တန်းများမှာ မညီမညာဖြစ်နေပြီး နံရံများမှာလည်း စောင်းရွဲ့နေသည်။ ထောင့်တစ်နေရာတွင် ပန်းချီကားများ ထွင်းထုထားသော သစ်သားစားပွဲငယ် အချို့ ရှိနေသည်။ ဤသည်မှာ ရွာငယ်လေးတွင် တည်ဆောက်ထားသော ကျောင်းတစ်ကျောင်းဖြစ်ကြောင်း ထင်ရှားသည်။သို့သော်လည်း ပညာရေးကိုမူ ထိုနေရာတွင် သိပ်တန်ဖိုးမထားကြပေ။

“ငါ ဟိုင်ရှစ်ချိန် ကင်းလှည့်ရဦးမယ်၊ မင်း ဒီမှာ နေလို့ရတယ်၊ မောင်ရှစ်အချိန် (Mao Shi - မနက် ၅ နာရီမှ ၇ နာရီ) ရဲ့ ငါးချက်တီးကျမှ အပြင်ထွက်ပါ”

ညကင်းစောင့်သည် ကျောင်းခန်းမဘေးရှိ တံခါးငယ်လေးတစ်ခုကို ခေါက်လိုက်သည်။

“ဆရာကျန်း၊ ကျုပ် ကျောင်းသားတစ်ယောက် ခေါ်လာပါတယ်”

အတွင်းမှ ဝိုင်အိုးများ ရွှေ့ပြောင်းသံကို ကြားလိုက်ရသည်။ မကြာမီတွင် တံခါးက အနည်းငယ် ပွင့်လာသည်။ မုတ်ဆိတ်ဗရပွနှင့် အမျိုးသားတစ်ဦး ပေါ်လာလေသည်။ သူသည် အဖိုးအိုကို တစ်ချက်ကြည့်လိုက်ပြီး ကောင်းမင်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ယှက်သန်းနေလေသည်။သူက ထူးဆန်းသော စကားများကို ပြောလိုက်သည်။

“မင်း အခုထိ လက်မလျှော့သေးဘူးလား၊ ငါ့ကို စမ်းသပ်ဖို့ နောက်ထပ်အရုပ်တစ်ရုပ် ခေါ်လာပြန်ပြီလား”

“ဆရာကျန်း၊ သူက အသက်စွမ်းအားက မီးလို တောက်လောင်နေတာနော်၊ ပြီးတော့ သူက သားသတ်သမားကိုလည်း ရန်စခဲ့တယ်…”

“တော်စမ်း၊ မင်းရဲ့ ဆင်ခြေတွေက အမြဲတမ်း အတူတူပဲ၊ မသေဆေးက အသစ်အဆန်းတစ်ခုခု မလုပ်တတ်တော့ဘူးလား”

ထိုလူက တံခါးကို ဖွင့်လိုက်ပြီး အဖိုးအိုကို ရိုင်းရိုင်းစိုင်းစိုင်း ပြောလိုက်သည်။

“သွားတော့ အဖိုးကြီး၊ မင်းရဲ့ အရှုပ်ထုတ်တွေကို ငါ့ကို လာမရှင်းခိုင်းနဲ့တော့”

အမှန်အတိုင်းပြောရလျှင် ထိုလူသည် ကောင်းမင် တွေးထင်ထားသော ဆရာပုံစံနှင့် လုံးဝ မတူညီပေ။ သို့သော် ဤနေရာသည် အိပ်မက်ချိုးဖျက်မြို့ ဖြစ်နေသဖြင့် ကောင်းမင်က ထိုအချက်ကို သိပ်အာရုံမစိုက်ချေ။

ညကင်းစောင့်က ထိုလူကို ဦးညွှတ်လိုက်သည်။ သူသည် နောက်ထပ် အကြိမ်အနည်းငယ် အဆဲခံလိုက်ရပြီးနောက် ထွက်ခွာသွားသည်။

“ဒါက သေတွင်းမှန်း သိရက်နဲ့ မင်းက လာသေးတယ်၊ ဘယ်လောက်တောင် တုံးအလဲ”

ဆရာကျန်းက ကျမ်းစာအုပ်တစ်အုပ်ကို ကိုင်ထားရင်း ဆွံ့အနေသော ကောင်းမင်ကို ကြည့်လိုက်သည်။

“မင်း ဘာသင်ချင်လို့လဲ”

“ဘယ်လို သတ်ဖြတ်ရမလဲကို… ကျွန်တော် သင်ချင်တာပါ”

ကောင်းမင်က လေသံမျှ ပြောလိုက်သည်။ သူက ထိုလူ၏ မျက်နှာကို စိုက်ကြည့်လိုက်သည်။ သူ့ဦးနှောက်ထဲတွင် တားမြစ်ဂိမ်းမှ ကစားသမားများ ပေးခဲ့သော သတင်းအချက်အလက်များ စီးဝင်လာလေသည်။ သူတို့ ရှာခိုင်းလိုက်သော လူသည် သူ့ရှေ့မှလူနှင့် အလွန်တူနေပြီး မျိုးရိုးနာမည်မှာလည်း အတူတူပင် ဖြစ်နေသည်။

“ဆရာ၊ ခင်ဗျားရဲ့နာမည်ကို ကျွန်တော့်ကို ပြောပြလို့ ရမလား”

ထိုလူက တံခါးဘောင်ကို မှီလိုက်ပြီး ပခုံးတွန့်လိုက်သည်။

“ကျန်းမင်လီ”

All Chapters