← Chapters

အကြောက်တရား ကင်းမဲ့သော

Vol. 37 Ch. 546

အကြောက်တရား ကင်းမဲ့သော

Vol. 37 Ch. 546

ကောင်းမင်သည် အိမ်ထဲရှိ တစ်ခုတည်းသော တိုင်လုံးကြီးကို ပုတ်ကြည့်လိုက်သည်။ ၎င်းသည် ကြမ်းပြင်နှင့် ခေါင်မိုးကို ဆက်သွယ်ထားသော လူသားကျောရိုးတစ်ခုနှင့် တူလှသည်။ ကောင်းမင်၏ လှုပ်ရှားမှုကြောင့် တိုင်ပေါ်ရှိ လူသားမျက်နှာမှာ ထိတ်လန့်သွားသည်။သို့သော်လည်း သူ လှုပ်ရှားနိုင်ခြင်း မရှိပေ။ သူသည် ကောင်းမင်အား တောင်းပန်တိုးလျှိုးသော အကြည့်ဖြင့်သာ ကြည့်နိုင်တော့သည်။

လေမတိုက်သော်လည်း အိမ်ထဲရှိ ပြာများမှာ သူ့အလိုလို လှုပ်ရှားလာသည်။ စာလုံးအသစ်များ ထွက်ပေါ်လာသည်။ ၎င်းမှာ အိမ်ပိုင်ရှင်၏ ကောင်းမင်နှင့် ဆက်သွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

“သူငယ်ချင်းလေး၊ ကျုပ်က အဆင့် ၅ ဝိညာဉ်ဘုရားကျောင်းကို တည်ဆောက်နေတာပါ ၊ ကျုပ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ယဇ်ပူဇော်ပြီး ကျုပ်ရဲ့ အသွေးအသားတွေကို အခြေခံအဖြစ် သုံးထားတာပါ ၊ လူတိုင်းအတွက် ဘေးကင်းတဲ့နေရာတစ်ခု ဖြစ်လာစေဖို့ ကျုပ်က အရာအားလုံးကို ပေးဆပ်ခဲ့တာပါ ၊ အမှန်တကယ် ကိုယ်ကျိုးစွန့်နိုင်တဲ့သူတွေပဲ ဒီလို ပြုပြင်မွမ်းမံမှုမျိုးကို ရွေးချယ်ကြတာပါ”

တိုင်ပေါ်ရှိ လူသားမျက်နှာမှာ အလွန်ရိုးသားပုံရသည်။

“ကျုပ်ကို ယုံကြည်လို့ ရပါတယ် ၊ မင်း ကျုပ်ကို ကူညီမယ်ဆိုရင် မင်းကို ရက်ရက်ရောရော ပြန်ပေးဆပ်ပါ့မယ် ၊ ဒါအပြင် ကျုပ်က ထွက်ပြေးလို့လည်း မရဘူးလေ၊ ကျုပ်လှုပ်တောင် မလှုပ်နိုင်ဘူး”

ကောင်းမင်ထံမှ မည်သည့်တုံ့ပြန်မှုမှ မရရှိသေးသဖြင့် ထိုလူက စိုးရိမ်ပူပန်သွားသည်။ ဖုန်မှုန့်များက လွင့်စင်တော့မည် ဖြစ်သည်။

“သူငယ်ချင်း၊ ကျုပ်ရဲ့ အသင်းဖော်လည်း မကြာခင် ပြန်လာတော့မှာပါ ၊ ကျုပ်တို့ အတူတူ အလုပ်လုပ်လို့ ရပါတယ်”

“ခင်ဗျား မိတ်ဆွေက ပြန်မလာတော့ဘူး ၊ သူက ဝက်တစ်ကောင်အဖြစ် ပြောင်းလဲခံလိုက်ရပြီ ၊ သူ့မျက်နှာက ဝက်ရဲ့ လည်ချောင်းထဲ ရောက်နေပြီ”

ကောင်းမင်သည် ဖယောင်းဖြင့် ပိတ်ထားသော ရွှံ့ဆေးလုံးကို အိတ်ထဲမှ ထုတ်လိုက်သည်။

“သူက ခင်ဗျားဆီ သွားပို့ခိုင်းဖို့ ဒါကို ပေးလိုက်တယ်”

လူသားမျက်နှာမှာ ပြုံးရွှင်သွားသည်။ သို့သော်လည်း သူ၏ စိတ်ခံစားချက်ကို ဖုံးကွယ်ထားရန် လိုအပ်ကြောင်း သူ ချက်ချင်း သတိပြုမိသွားသည်။

“ခင်ဗျားတို့မှာ လူဘယ်နှစ်ယောက် ရှိတာလဲ ၊ ဒီဆေးလုံးထဲမှာ ဘာရှိတာလဲ ၊ ကျုပ်ကို အမှန်အတိုင်းပြောမှ ဒါကို ခင်ဗျားကိုပေးပြီး အတူတူ အလုပ်လုပ်မယ်”

ကောင်းမင်၏ သဘောထားက ပြတ်သားသည်။

ဆေးလုံးကို မြင်လိုက်ရပြီးနောက် လူသားမျက်နှာက ကောင်းမင်ကို အပြည့်အဝ ယုံကြည်သွားသည်။

“ကျုပ်နဲ့ တခြားစမ်းသပ်သူ နှစ်ယောက်ဟာ အိပ်မက်ဆိုးထဲမှာ ဆုံခဲ့ကြတာ အတော်ကြာပါပြီ ၊ ကျုပ်တို့မှာ လူသုံးယောက် ရှိတယ် ၊ ကျုပ်တို့ဟာ စမ်းသပ်မှုများစွာကိုလည်း ကျော်ဖြတ်နိုင်ခဲ့ကြတယ် ၊ လွန်ခဲ့တဲ့ တစ်လလောက်က အလယ်အလတ်အဆင့် အိပ်မက်ဆိုးတစ်ခုထဲမှာ ရှိနေတုန်း အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးဆီကို ဦးတည်တဲ့ လမ်းကြောင်းတစ်ခု ကျုပ်တို့ မတော်တဆ ဖွင့်မိသွားခဲ့တယ် ၊ ကျုပ်တို့ခေါင်းဆောင်က ကျုပ်နဲ့ လီကျူးကို လွတ်မြောက်အောင် ကူညီဖို့အတွက် အဲ့ဒီထဲကို တစ်ယောက်တည်း ဝင်သွားခဲ့တယ်”

“အဲ့ဒီနောက် နှစ်ပတ်အကြာမှာ ကျုပ်နဲ့လီကျူး ခေါင်းဆောင် နိုးလာပြီဆိုတဲ့ အကြောင်းကြားစာကို မသေဆေးကုမ္ပဏီဆီကနေ ရခဲ့တယ်၊ သူက အိပ်မက်ဆိုးထဲကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့ပြီး အဆင့် ၅ ဝင်ခွင့် ရသွားခဲ့တာပဲ ၊ ကျုပ်နဲ့ လီကျူးကို ဒီစမ်းသပ်မှုမှာ ပါဝင်ဖို့ စီစဉ်ပေးခဲ့တာက ကျုပ်တို့ခေါင်းဆောင်ပဲ ၊ သူက ကျုပ်တို့ကို လျှို့ဝှက်ချက်တွေ အများကြီး ပြောပြခဲ့ပြီး ကျုပ်တို့အတွက် အကောင်းဆုံး ပြုပြင်မွမ်းမံမှုတွေကို ရွေးချယ်ပေးခဲ့တာ”

ပြာများ နည်းပါးလာသည်နှင့်အမျှ စာလုံးများမှာ မှိန်ဖျော့လာသည်။ ထိုလူသားမျက်နှာမှာ သူ၏ ခေါင်းဆောင်ကို အပြည့်အဝ ယုံကြည်နေသည်။ သူသည် ဤနောက်ဆုံးအခွင့်အရေးကို အသုံးပြုကာ ကောင်းမင်အား အရာအားလုံးကို ရှင်းပြချင်နေသည်။

“ဖယောင်းလုံးထဲမှာ ရှိနေတာက ယဇ်ပူဇော်ခံရတဲ့ ရွာသားတစ်ယောက်ရဲ့ နှလုံးသား အပိုင်းအစပဲ ၊ ဝိညာဉ်ဘုရားကျောင်း တည်ဆောက်ဖို့အတွက်ဆိုရင် နတ်ဘုရားသရဲကို နိူးဆွရတယ် ၊ ယဇ်ပူဇော်မှုက ပိုကြီးမားလေလေ၊ ကောင်းချီးက ပိုအားကောင်းလေလေပဲ”

ကောင်းမင် ဆေးလုံးကို အကဲခတ်ကြည့်လိုက်သည်။

“ယဇ်ပူဇော်ခံရတဲ့ ရွာသားဆိုတာ ဘာလဲ ၊ ခင်ဗျားတို့သုံးယောက် ပေါင်းပြီး ဒီက ရွာသားတစ်ယောက်ကို သတ်ခဲ့ကြတာလား”

ပြာများကို ချွေတာရန်အတွက် လူသားမျက်နှာက ခေါင်းကို သိသိသာသာ ငြိမ့်ပြလိုက်သည်။

“ခင်ဗျားတို့ ခေါင်းဆောင်ရဲ့ သတင်းအချက်အလက်ကို ကျုပ် လိုချင်တယ်”

ကောင်းမင် ပြောသော်လည်း လူသားမျက်နှာက ပြန်မဖြေပေ။ သူသည် ဆေးလုံးကို လောဘတကြီး ကြည့်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ထားသည်။သူသည် သူ၏ခေါင်းဆောင်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ ထုတ်မပြောပေ။

ကောင်းမင် အတင်းအကျပ် တွန်းအားမပေးတော့ပေ။ သူက ဆေးလုံးကို တိုင်လုံးဘေးတွင် ချထားပေးလိုက်သည်။

“ဒါ ခင်ဗျားအတွက်ပဲ”

“ကျေးဇူးတင်ပါတယ်ဗျာ”

ထိုလူက ကျန်ရှိနေသော ဖုန်မှုန့်လေးများကို အသုံးပြု၍ ပြောလိုက်သည်။

“ဒါကို မြောက်ဘက်က ရွှံ့ရုပ်တုလေးကို ကျွေးလိုက်ပါ”

“အဲ့ဒါက ခင်ဗျားရဲ့ ကိုယ်အစစ်လား”

ကောင်းမင်က ဖယောင်းလုံးကို ခွဲလိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မီးခိုးတိမ်တိုက်များက အော်ဟစ်သံများနှင့်အတူ ထွက်ပေါ်လာသည်။

“မြန်မြန်လေး”

မီးခိုးတိမ်တိုက်များ မပျံ့လွင့်သွားခင် ကောင်းမင်သည် ၎င်းကို ရွှံ့ရုပ်တု၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

ရွှံ့ရုပ်သည် ယခင်က အသက်မဲ့ပြီး နွမ်းလျနေပုံရသည်။ သို့သော်လည်း ဆေးလုံးကို မျိုချပြီးနောက် ၎င်း၏ အဝတ်အစားပေါ်တွင် သွေးကြောမျှင်လေးများ ပေါ်လာလေသည်။၎င်း၏ မျက်နှာအမူအရာမှာ ပို၍ အသက်ဝင်လာသည်။ ကောင်းမင်သည် နှလုံးခုန်သံကိုပင် ကြားနေရသည်။ နက်မှောင်နေသော မျက်လုံးများက လှုပ်ရှားလာသည်။ ရွှံ့ရုပ်တုထဲမှ ထိုအမျိုးသား၏ အသံ ထွက်ပေါ်လာသည်။

“နောက်ထပ် ခြေလှမ်းတစ်ခု လှမ်းနိုင်ခဲ့ပြီ”

ထိုရွှံ့ရုပ်မှာတုသည် နေရာတွင်ပင် ကပ်နေပြီး သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်းမရှိသော်လည်း စိတ်လှုပ်ရှားနေပုံရသည်။ ကောင်းမင်က ယင်းကို နားမလည်နိုင် ဖြစ်နေသည်။

“ခင်ဗျားတို့ ခေါင်းဆောင်က ခင်ဗျားတို့ကို အသုံးချနေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား ၊ သူက ခင်ဗျားကို အိမ်ဖြစ်အောင် ပြောင်းလဲပြီး ခင်ဗျားသူငယ်ချင်းကို ဝက်ဖြစ်အောင် ပြောင်းပစ်ခဲ့တာလေ”

ထိုစကားကို ကြားသည့်အခါ ရွှံ့ရုပ်တုက ဒေါသထွက်သည့်ပုံစံကို အစွမ်းကုန် ဖော်ပြလိုက်သည်။

“ကျုပ်တို့ခေါင်းဆောင်က ကျုပ်တို့ကို တစ်ကြိမ်ထက်မက ကယ်တင်ခဲ့ဖူးတယ်ဗျ ၊ ကျုပ်တို့ရဲ့ အသက်တွေက သူ့အတွက်ပဲ”

“ခင်ဗျားက တော်တော် သစ္စာရှိတာပဲ”

ကောင်းမင် ဒူးထောက်ထိုင်လိုက်သည်။

“အခု ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ”

“ဘုရားကျောင်းတည်ဆောက်ဖို့ ခြေလှမ်း ကိုးလှမ်း ရှိတယ် ၊ ကျုပ်က လေးလှမ်းမြောက်ကိုပဲ ရောက်သေးတာ ၊ ခေါင်းဆောင် ပြန်လာတာကို ကျုပ် ဒီကပဲ စောင့်နေမယ်၊ တကယ်လို့ မင်းအနားယူချင်ရင် ဒီကို လာလို့ရပါတယ်”

ရွှံ့ရုပ်တုက သတိထားကာ ထပ်ပြောလိုက်သည်။

“ဒါပေမဲ့ ကျုပ်က မင်းကို အနားယူဖို့ နေရာပဲ ပေးနိုင်တာနော် ၊ ကျုပ်မှာ ဘာစွမ်းအားမှ မရှိသေးဘူး ၊ တကယ်လို့ မင်းက သရဲတွေကို ဒီခေါ်လာမယ်ဆိုရင် ကျုပ်တို့ နှစ်ယောက်လုံး သေသွားနိုင်တယ်”

ကောင်းမင် ဘာပြောရမှန်း မသိတော့ပေ။ ထိုလူက အတော်လေးကို ရိုးသားလွန်းနေသည်။

“ကျုပ်နာမည်က လီဇုပါ ၊ လီကျူးကတော့ အရမ်းလည်တယ် ၊ ကျုပ် သူ့နာမည်အစစ်ကိုတောင် မသိဘူး ၊ ကျုပ်တို့ စဆုံတုန်းက သူက ကျုပ်နာမည်နဲ့တူတဲ့ နာမည်အတုတစ်ခုပဲ ပြောခဲ့တာ”

စကားပြောနိုင်သွားသည့်အခါ ရွှံ့ရုပ်တုမှာ စကားပိုများလာလေသည်။ သို့သော် ကောင်းမင်မှာ စကားပြောလိုစိတ် မရှိတော့ပေ။

“ချက်ချင်းကြီး မသွားပါနဲ့ဦး ၊ ကျုပ်တို့ခေါင်းဆောင်က ထန်ဟူတဲ့ ၊ သူက အကြီးအကဲထန်ရဲ့ မွေးစားသားအသစ်ပဲ၊ သူက...”

လီဇုသည် အစောပိုင်းက ဘာမှ ထုတ်မပြောချင်သော်လည်း ကောင်းမင် ထွက်သွားတော့မည် ဖြစ်သဖြင့် သူ့ကို ဆွဲထားရန် ပိုပြောပြနေခြင်း ဖြစ်သည်။

“ကျုပ် သူ့အကြောင်း အများကြီး ထပ်မပြောနိုင်ဘူး ၊ ဒါပေမဲ့ မင်း တစ်ခုခု အခက်အခဲကြုံရင် သူ့ဆီမှာ အကူအညီ သွားတောင်းလို့ရပါတယ် ၊ သူက အရမ်းတော်တဲ့ လူတစ်ယောက်ပါ”

“ကိုယ့်အသင်းဖော်တွေကို အိမ်နဲ့ ဝက်ဖြစ်အောင် ပြောင်းပစ်တဲ့သူက ဘယ်လောက်တောင် တော်နေလို့လဲ”

“သူက ကျုပ်တို့ကို ဒီနေရာမှာ ရှင်သန်နိုင်အောင် ကူညီပေးနေတာပါ”

ရွှံ့ရုပ်က လေးနက်လာသည်။

“နောက်ဆုံးကျရင် မင်းလည်း ဒီလို ရွေးချယ်မှုမျိုး လုပ်ရမှာပါ”

ကောင်းမင် အိမ်ထဲမှ ထွက်လာခဲ့သည်။ သူ ပိုင်ဖုန်းကို ရှာရဦးမည်ဖြစ်သည်။ သူနောက်လှည့်ကြည့်လိုက်သောအခါ တုတီနတ်မင်း(မြေစောင့်နတ်)က သူ့ကို ပြုံးပြနေဆဲ ဖြစ်သည်။ ဆက်စပ်မှု ရှိမရှိ သူမသိသော်လည်း တုတီနတ်မင်း၏ အဝတ်အစားပေါ်တွင် သွေးကွက်အသစ်တစ်ခု ပိုလာသည်ကို ကောင်းမင် သတိပြုမိလိုက်သည်။

ကောင်းမင် လှည့်ထွက်လာသည်။ သူ အနောက်ဘက်လမ်းမှ မထွက်ရသေးမီ မောင်းတီးသံကို ကြားလိုက်ရသည်။ သူ အမှောင်ထဲတွင် ချက်ချင်း ပုန်းလိုက်သည်။

အမှောင်ထုထဲတွင် အလံတစ်ခု လှုပ်ရှားနေလေသည်။ ပိန်လှီသော လက်များက တူညီသော လှုပ်ရှားမှုများကို ထပ်တလဲလဲ လုပ်ဆောင်နေသည်။ ညကင်းစောင့်ရွာသား၏ ခါးတွင် အဖြူရောင် မီးအိမ်တစ်ခုကို ချိတ်ဆွဲထားသည်။ သူသည် လေးလံစွာ လျှောက်နေသည်။ သူ အနောက်ဘက်လမ်းကို ဖြတ်သွားသည့်အချိန်တွင် သူ့ခေါင်းက ကောင်းမင် ပုန်းနေသောနေရာသို့ လှည့်လာသည်။

ကောင်းမင် အသက် အောင့်ထားလိုက်သည်။ ထိုရွာသားတွင် မျက်နှာမရှိသည်ကို သူ မြင်လိုက်ရသည်။ သူ၏ ဦးခေါင်းမှာ ဟောင်းလောင်းပေါက် ဖြစ်နေသည်။ ဦးနှောက်နေရာတွင်မူ မီးတောက်နေသော အနက်ရောင် အမွှေးတိုင်တစ်တိုင် ရှိနေလေသည်။

ညကင်းစောင့်သည် အနောက်ဘက်လမ်းထဲသို့ ဝင်လာခဲ့သည်။ သူသည် တုတီနတ်မင်းဘုရားကျောင်းကို ဦးညွှတ်လိုက်သည်။ ပြီးနောက် သူ့လမ်းကို ဆက်လျှောက်သွားတော့သည်။

“သူလည်း ပြုပြင်မွမ်းမံခံထားရတာလား ၊ အမှောင်ထုထဲမှာ အန္တရာယ်တွေ အများကြီး ရှိနေတာတောင် သူ ဘာကိုမှ ကြောက်ပုံမရဘူး”

All Chapters