← Chapters

အလွန်အကျွံ အလိုလိုက်ခြင်း

Vol. 45 Ch. 668

အလွန်အကျွံ အလိုလိုက်ခြင်း

Vol. 45 Ch. 668

ကျုံးယုံနှင့် ကျန်းယွိရန်တို့က လက်ချင်းယှက်ကာ မင်္ဂလာသေရည် သောက်နေကြပြီး နှစ်ဦးစလုံး စိတ်ခံစားမှုများ ပြည့်နှက်နေကြသည်။ ထို့နောက်တွင် အိပ်ယာခင်းပေါ်သို့ အနီရောင် စွန်ပလွန်သီးများနှင့် မြေပဲတောင့်ရှည်များ ကျဲဖြန့်ရမည် ဖြစ်သည်။ ထိုအရာကလည်း ထုံးတမ်းစဉ်လာ ဖြစ်ပြီး မကြာမီ သားယောက်ျားလေး မွေးဖွားပြီး သားသမီး များများရရန် ရည်ရွယ်သည်။

အောင်သွယ်တော်က ထိုအရာကို ပြုလုပ်ရန် ပြင်ဆင်နေပြီး ဤသည်မှာ မင်္ဂလာပွဲအခမ်းအနား၏ နောက်ဆုံးအဆင့်ဖြစ်သည်။ သို့သော်လည်း ကျုံးယုံက သူမကို ထိုသို့လုပ်ရန် အခွင့်အရေးဘဲ အနီရောင်စာအိတ်တစ်အိတ် ဆွဲထုတ်ကာ သူမ၏လက်ထဲသို့ ထည့်‌ပေးလိုက်သည်။

“မင်း အရမ်းကောင်းကောင်း လုပ်ခဲ့တယ်၊ စောစောပြန်ပြီး အနားယူလို့ရပြီ"

အောင်သွယ်တော်က သူမ၏အလုပ် မပြီးသေးကြောင်း ပြောချင်နေသေးသော်လည်း ကျုံးယုံက သူမကို သတို့သမီးအခန်းထဲမှ တွန်းထုတ်လိုက်သည်။ ကျုံးယုံတွင် ဆွေမျိုးများ မရှိသလို နန်းတွင်းအရာရှိများကလည်း ဧကရာဇ်မင်းမြတ်၏ညီတော်ဖြစ်သည့် ကျူံးယုံ၏အဆင့်အတန်းကို ကြောက်ရွံ့သောကြောင့် မင်္ဂလာအခန်းကို နှောက်ယှက်ရန် ရောက်လာသူ မရှိပေ။

အောင်သွယ်တော်ကို တွန်းထုတ်ပြီးနောက်တွင် ကျုံးယုံက အစေခံမိန်းကလေးများကို ရေနွေးပူပူ ပြင်ဆင်ခိုင်းလိုက်သည်။ ကျန်းယွိရန်ကတော့ ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေး နီရဲနေသည်။

အောင်သွယ်တော်က သတို့သမီးအခန်းအပြင်ဘက်တွင် ရပ်နေပြီး သက်ပြင်းတချချ ဖြစ်နေသည်။

နောက်ဆုံးလုပ်စရာတစ်ခု ကျန်နေသေးတယ်။ ဒီနေ့ ဘာလို့ အဲ့လောက်တောင် အဆင်မပြေဖြစ်နေရတာလဲ?

အနီရောင်အထုပ်ကို ဖွင့်ပြီး တစ်ချက်ကြည့်လိုက်ချိန်တွင်တော့ အောင်သွယ်တော်၏ စိုးရိမ်သောကရောက်နေသည့် အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအနီရောင်စာအိတ်ထဲတွင် ငွေငါးလျန် ပါရှိသောကြောင့် သူမ အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏လက်များပင် တုန်ယင်လာသည်။

စာအိတ်က ဒီလောက်လေးနေတာ အံ့သြစရာ မဟုတ်တော့ဘူး!

သို့သော် အိမ်ရှင်ကပေးသော အနီရောင်အထုပ်က ကြီးလေလေ၊ အောင်သွယ်တော်က သူမ လုပ်ရမည့် လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးမြောက်အောင် ဆောင်ရွက်ချင်လေလေဖြစ်သည်။ ထိုသို့မဟုတ်ဘဲ သတို့သမီး ကိုယ်ဝန်မဆောင်နိုင်လျှင် သူမ အပြစ်ဖြစ်ပေလိမ့်မည်။

အိမ်အတွင်း၌ ကျုံးယုံက အစေခံများအား ကျန်းယွိရန်အတွက် စားစရာနှင့် ဟင်းချိုများ ယူဆောင်လာရန် အမိန့်ပေးခဲ့ပြီး သူမ စိတ်ကျေနပ်သည်အထိ စားသောက်စေခဲ့သည်။ ဤတစ်ညတာအတွက် ကြံ့ခိုင်မှုလည်း လိုအပ်သောကြောင့် ကျုံးယုံက ကျန်းယွိရန်ကို ကြက်ခြေထောက်များ ကျွေးနေသေးသည်။ ထိုအခိုက်အတန့်တွင် အောင်သွယ်တော်က တံခါးကို တွန်းဖွင့်ပြီး ပြန်ဝင်လာသည်။

“သတို့သား၊ နောက်ဆုံးလုပ်စရာတစ်ခု ရှိသေးတယ်။ ဒါက မင်းတို့ရဲ့သားသမီးတွေ အမြန်ဆုံး မွေးဖွားလာဖို့ အရေးပါတဲ့ လုပ်ငန်းစဥ်ပဲ”

“ကလေး မွေးဖို့က အလျင်မလိုသေးဘူး။ ရတယ်၊ ဘာမှ မဖြစ်ဘူး၊ ခင်ဗျား မြန်မြန်ပြန်တော့"

ကျုံးယုံက သူ့ဇနီးနှင့်အတူ နှစ်ယောက်တည်း အချိန်ဖြုန်းချင်နေပြီး အောင်သွယ်တော် ပြန်ဝင်လာသည်ကို မြင်လိုက်သည်နှင့် သူမ၏ပုခုံးနှစ်ဖက်ကို သူ့လက်နှစ်ဖက်ဖြင့် တွန်းကာ ပြန်လွှတ်လိုက်သည်။

“အထိန်းတော်ကြီးတို့၊ အောင်သွယ်တော်ကြီးအတွက် အရသာရှိတဲ့ အစားအသောက်တွေ ထုတ်ပိုးပေးလိုက်ပါဦး”

အောင်သွယ်တော်က သူနှင့် ကျန်းယွိရန်ကိုအား နောက်တစ်ကြိမ် ထပ်နှောင့်ယှက်မည်ကို စိုးရိမ်နေသည့် ကျုံးယုံက အစေခံမိန်းကလေးများအား မီးဖိုချောင်သို့ သွားစေကာ အောင်သွယ်တော်အတွက် စားစရာများ ပြင်ဆင်ခိုင်းလိုက်သည်။

မီးဖိုချောင်ရှိ ဟင်းလျာများအားလုံးကို တော်ဝင်စားဖိုမှူးများ ချက်ပြုတ်ထားခြင်း ဖြစ်သောကြောင့် ထိုစကားကို ကြားသည်နှင့် အောင်သွယ်တော်၏မျက်လုံးများ တောက်ပလာသည်။

အခု သူမနဲ့ သူမရဲ့မိသားစုဝင်တွေ တော်ဝင်စားဖိုမှူးတွေရဲ့ လက်ရာကို မြည်းစမ်းခွင့်ရတော့မှာလား? အိမ်က လူတွေတော့ ပျော်နေတော့မှာ သေချာတယ်။

"သတို့သား၊ အနီရောင် စွန်ပလွံနဲ့ မြေပဲတောင့်တွေ ကျဲဖို့ သတိရဦးနော်"

အောင်သွယ်တော်က အဆုံးထိ တာဝန်ယူချင်နေပြီး တွန်းထုတ်ခံရသည့်တိုင် အော်ဟစ်နေဆဲဖြစ်သည်။

"ငါ သိပြီ၊ သိပြီ"

ကျုံးယုံက သူမကို အိမ်ခန်းထဲမှ တွန်းထုတ်ပြီး တံခါးကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ ကျုံးယုံ၏ စိတ်မရှည်သော အမူအရာက ကျန်းယွိရန်ကို ရယ်မောစေခဲ့သည်။

"အစ်ကိုကြီးကျုံး၊ ရှင် သူ့(မ)ကို သေတဲ့အထိ စိတ်ပူအောင်လုပ်နေတာပဲ၊ စကားတောင် ပြီးအောင် မပြောခိုင်းဘဲ တွန်းထုတ်လိုက်ပြီ"

“သူ(မ)မှာ အမြော်အမြင် လုံးဝ မရှိဘူး၊ သူ(မ)ကမှ ငါတို့ ကလေးမွေးဖို့ နှောင့်နှေးအောင် လုပ်နေတာလေ”

ကျုံးယုံက အပြုံးကြီးကြီးဖြင့် ပြန်ပြောလိုက်သောကြောင့် ကျန်းယွိရန်၏ မျက်နှာလေး နီရဲသွားပြန်သည်။

" အဓိပ္ပါယ်မရှိတဲ့စကားတွေ မပြောနဲ့"

"ဘာကို အဓိပ္ပါယ်မရှိတဲ့စကားလဲ? ငါ ဒီနေ့ကို စောင့်နေတာ သုံးနှစ်ရှိပြီ၊ ဒါက ငါ့အတွက် အရမ်းလွယ်တယ်လို့ မင်း ထင်နေတာလား?"

ကျုံးယုံ၏ မျက်လုံးများက ပြူးကျယ်လာပြန်သည်။

သူက သန်မာပြီး ကြံ့ခိုင်တဲ့လူတစ်ယောက်ပါ။ သူ မနက်တိုင်း သေလုနီးပါး ခံစားရတယ်လေ။

ကျုံးယုံ၏ စကားများက ကျန်းယွိရန်ကို အလွန်အမင်း ရှက်ရွံ့သွားစေသည်။ သို့သော် သူမလည်း ဤနေ့ကို သုံးနှစ်ကြာ စောင့်မျှော်နေခဲ့ရပြီး အမှန်တကယ် မလွယ်ကူလှပေ။ ကျုံးယုံက ကျန်းယွိရန်၏ ရှက်ရွံ့နေသော အကြည့်များကို မြင်နေရပြီး သူ့နှလုံးသားလည်း ခုန်ပေါက်လာသည်။ သူက သူမရှေ့သို့ လျှောက်လာပြီး သူ့လက်နှစ်ဖက်ကို သူမ၏ပုခုံးလေးပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူမ၏ လှပသော မျက်နှာကို မျက်လုံးပြူကြီးဖြင့် စိုက်ကြည့်ကာ ပြောလာပြန်သည်။

"ယွိရန်၊ မင်းက အရမ်းလှတယ်"

ကျုံးယုံ၏ချိုမြိန်သောအသံကို ကြားနေရသည့် ကျန်းယွိရန်၏မျက်နှာလေးက နီရင်း ပြီးရင်း ပိုနီရဲလာသည်။ သူမက သူမ၏နှုတ်ခမ်းလေးကို ညင်ညင်သာသာ ကိုက်ထားရင်း ရင်ဘတ်ထဲက ခုန်ထွက်တော့မယောင် ဖြစ်နေသည့် သူမ၏နှလုံးခုန်သံကို ပြန်ထိန်းနေခဲ့သည်။ ကျန်းယွိရန်တစ်ယောက် သူမ၏မျက်နှာတစ်ခုလုံး မီးလောင်နေသလို ခံစားနေရပြီး သူမ၏ရင်ထဲတွင်လည်း ပလောင်ဆူနေသည်။

ကျုံးယုံက အရှက်သည်းနေသော ဇနီးသည်ကို ကြည့်ကာ စိတ်မထိန်းနိုင်တော့ဘဲ သူမ၏နှုတ်ခမ်းနီနီလေးကို နမ်းရန် ခေါင်းငုံ့လိုက်သည်။ သို့သော် သူ သူမကို နမ်းလုနီးပါးဖြစ်နေချိန်တွင် တံခါးခေါက်သံက နှောင်ယှက်လာသည်။

"ဒေါက်... ဒေါက်"

“သခင်၊ ရေနွေး ရပါပြီ”

အပြင်မှ အစေခံက အော်ဟစ်သတင်းပို့လာသည်။

“ယူလာခဲ့”

ကျုံးယုံက အသက်ကို ပြင်းပြင်းရှူပြီး သူ့ဗိုက်အောက်ပိုင်းမှ တင်းမာမှုကို ထိန်းသိမ်းရန် ကြိုးစားနေသည်။ သူ ချုပ်နှောင်ထားရသည့်စွမ်းအားများကို ထုတ်ပစ်ရန် လိုအပ်နေသော်လည်း သူ့ကိုယ်သူ သေချာ မဆေးကြောဘဲ ကျန်းယွိရန်နှင့်အတူ မင်္ဂလာအခန်း မဝင်ရက်ပြန်ပေ။

"ယွိရန်၊ မင်း အထဲမှာ ရေချိုးလို့ ရတယ်၊ ငါ ခြံထဲမှာ ရေသွားချိုးလိုက်မယ်"

ကျုံးယုံက ကျန်းယွိရန် ရှက်သွားမည်ကို စိုးရမ်နေသည့်အပြင် သူ့၏အဖုအဖောင်းကြီးအား မထိန်းနိုင်မည်ကိုလည်း ကြောက်ရွံ့သောကြောင့် ကျန်းယွိရန်ကို အိမ်ထဲတွင် ရေချိုးရန် ပြောလိုက်သည်။ သူကတော့ ရေအေးဖြင့် ရေလောင်းချိူးရန် ခြံဝင်းဆီသို့ ပြေးထွက်သွားသည်။

သူ ငယ်ငယ်ကတည်းက အလေ့အကျင့်တစ်ခု ရှိပြီး ရေချိုးလျှင် ရေအေးဖြင့်သာ ရေချိုးလေ့ရှိသည်။ သူ ရေအေးဖြင့် ရေများများချိုးလေလေ၊ သူ့ခန္ဓာကိုယ်က ပိုကျန်းမာလာလေလေ ဖြစ်ပြီး သူ ငယ်ငယ်ကတည်းက မဖျားနာဖူးပေ။

အစေခံမိန်းကလေးများက ကျန်းယွိရန်၏ဝတ်စုံကို ကူချွတ်ပေးနေကြသည်။ အနီရောင် အတွင်းခံတစ်ထည်သာ ကျန်တော့သည့်အချိန်တွင် ကျန်းယွိရန်က ထိုမိန်းကလေးများကို နှင်ထုတ်လိုက်သည်။

"မင်းတို့ ထွက်သွားလို့ ရပြီ"

သူမတို့၏ အနာဂတ်သခင်မ ရှက်ရွံ့နေသည်ကို မြင်လိုက်ရသော အစေခံများကလည်း နားလည်မှုရှိရှိဖြင့် ထွက်သွားကြသည်။ သူမတို့ မထွက်ခွာသွားခင် တံခါးကို ပြန်ပိတ်ပေးပြီး အပြင်ရောက်မှ လေးလေးစားစား လှမ်းပြောလိုက်ကြသည်။

“သခင်မ၊ ကျွန်မတို့ တံခါးအပြင်ကနေ စောင့်နေပါ့မယ်၊ သခင်မမှာ ညွှန်ကြားစရာ တစ်ခုခု ရှိရင် ကျွန်မတို့ကို လှမ်းခေါ်လိုက်ပါ"

“အင်း”

ကျန်းယွိရန်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။ သူမကိုယ်တိုင်လည်း ထောင်ဟွားဝူမှ ထွက်ပြေးလာသည့် ကလေးမလေး မဟုတ်တော့ပေ။ သူမ၏အစ်ကိုကြီးက မြို့သခင်ဖြစ်ကာ သူမ၏ယောင်းမကလည်း မရှိသေးသောကြောင့် အစ်ကိုဖြစ်သူ၏အိမ်တော်ကို စီမံခန့်ခွဲခဲ့ရသည်။ သူမ စီမံခန့်ခွဲမှုနည်းလမ်းများကို သင်ယူခဲ့ရပြီး အစခေံများအား ထိန်းချုပ်တတ်ရန် သင်ယူထားပြီး ဖြစ်သည်။

ကျေးကျွန်တွေကို ဆက်ဆံတဲ့အချိန်မှာ ရေစတစ်ဖက် မီးတဖက်ပုံစံနဲ့ အုပ်ချုက်တာက အကောင်းဆုံးပဲ။ မင်း သူတို့ကို မျက်စိစုံမှိတ် ကြင်နာလို့ မရသလို မင်းက အားနည်းပြီး အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူတို့ ထင်သွားအောင်လည်း မလုပ်သင့်ဘူး။

ဒါပေမယ့် သူတို့ကို မျက်စိစုံမှိတ် အပြစ်ပေးလို့လည်း မရဘူး။ အဲ့ဒါဆိုရင် သူတို့ဆီက အကြောက်တရားကိုပဲ မင်းရနိုင်လိမ့်မယ်၊ သူတို့ရဲ့ လေးစားစိတ်နဲ့ ထောက်ခံမှုကိုတော့ မင်း ဆုံးရှူံးရလိမ့်မယ်။

ကျုံးယုံက ခြံဝင်းထဲမှာ သူဆောက်ထားသည့် ရေချိုးခန်းထဲသို့ ဝင်သွားပြီး ရေအေးပုံးတစ်ပုံးကို ကောက်ယူကာ သူ့ခေါင်းပေါ်မှ လောင်းချလိုက်သည်။ သူ့၏သန်မာသောကြွက်သားများပေါ် ရေစက်လေးများ စီးဆင်းသွားသည့်တိုင် ထိုရေအေးများက သူ့နှလုံးသားထဲမှ မီးတောက်များကို မဖယ်ရှားနိုင်သေးပေ။

ကျုံးယုံက ဒုတိယရေပုံးကို ကောက်ယူပြီး သူ့ခေါင်းပေါ်သို့ လောင်းချလိုက်ပြန်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်အနှံ ရေဖြင့် ပက်ကာ ရေချိုးဆပ်ပြာမှုူန့်များဖြင့် ပွတ်သတ်လိုက်သည်။ ထိုရေချိုးဆပ်ပြာမှုန့်များက သူ့ဆရာ ဖန်တီးထားသည့်ပစ္စည်းကောင်းတစ်မျိုး ဖြစ်သည်။ သူ ရေ တစ်ခါချိုးရန် ဆပ်ပြာမှုန့်ပုတီးစေ့တစ်လုံးစာသာ လိုအပ်သည်။ ရေဖြင့် သေသေချာချာ ဆေးကြောပြီးနောက် သူ့ခန္ဓာကိုယ်တစ်ခုလုံး မွှေးပျံ့ပြီး ချောမွတ်သွားတတ်သောကြောင့် သူ ရေချိုးရခြင်းကို ပိုသဘောကျလာခဲ့သည်။

ကျုံးယုံက သူ့ကိုယ်သူ သေသေချာချာ ဆေးကြောနေသည့် အပြင် အရက်နံ့များအားလုံးကို ဖယ်ရှားနိုင်ရန် သွား တိုက်ပြီး ခံတွင်းကိုပါ သေသေချာချာ သန့်ရှင်း‌ရေးလုပ်နေသည်။

သွားတိုက်ပြီးနောက်တွင်ပင် သူ့ထံ၌ အပုပ်နံ့ မရှိကြောင်း သေချာစေရန် ကျုံးယုံက လက်ခုပ်ထဲသို့ အာငွေ့မှုတ်ပြီး ပြန်ရှူကြည့်နေသေးသည်။ သူ စိတ်ကျေနပ်သွားမှသာ သတို့သား၏ဝတ်ရုံကို ပြန်လွှမ်းခြုံပြီး အိပ်ခန်းအသစ်ဆီသို့ ပြန်သွားတော့သည်။

အစေခံအသစ်လေးများက သတို့သားဝတ်စုံကို ပတ်ရုံသာ ပတ်ထားပြီး ခြေဗလာဖြင့် ပြန်ရောက်လာသော သူမတို့၏သခင်ကို မြင်သွားပြီး အထိတ်တလန့် မျက်နှာလွှဲလိုက်ကြသည်။ သူမတို့အားလုံးက မြေပြင်ကိုသာ ငုံ့ကြည့်နေကြပြီး အသံမထွက်ဘဲ တိတ်တဆိတ် မတ်တပ်ရပ်နေကြသည်။

“မင်းတို့ အားလုံး အခု ထွက်သွားလို့ ရပြီ၊ ခြံဝင်းအပြင်က တံခါးနားမှာ သွားစောင့်နေကြ”

ကျုံးယုံက သူမတို့ကို မောင်းထုတ်လိုက်သည်။

နောက်ပိုင်းမှာ သူနဲ့ ယွိရန် ဆူဆူညံ့ညံ့အသံတွေ ထွက်လာနိုင်တယ်။ ဒီအစေခံမလေးတွေကို နားထောင်ခိုင်းလို့ မဖြစ်ဘူး။

အစေခံမိန်းကလေးအချို့က သူ့ကို ချက်ချင်း ဦးညွှတ်ပြီး ကမန်းကတန်း ပြန်ထွက်သွားကြသည်။ သူမတို့အားလုံးက အိမ်ထောင်မရှိသေးသည့် မိန်းမပျိုများ ဖြစ်သည်။ ထိုအရာများကို နားထောင်ရခြင်းက ရှက်စရာကောင်းလွန်းပြီး ဝေးဝေးနေရခြင်းက ပိုကောင်းသည်ဟု သူမတို့ တွေးနေကြသည်။

ဝေးဝေးနေတာ ပိုကောင်းတယ်လေ၊ မဟုတ်ရင် ယောက်ျားမရှိ‌တော့ ညတာရှည်ပြီး တော်တော် အဆင်မပြေ ဖြစ်ရလိမ့်မယ်။

အစေခံမိန်းကလေးများကို မောင်းထုတ်ပြီးနောက် ကျုံးယုံက တံခါးကို တွန်းဖွင့်ပြီး အခန်းထဲသို့ ဝင်သွားလိုက်သည်။ အခန်းထဲတွင် နဂါးနှင့် ဖီးနစ်ပုံစံပါသည့် အနီရောင်ဖယောင်းတိုင်နှစ်တိုင် ရှိနေပြီး မီးတောက်က အလွန်မြင့်သော်လည်း အလင်းရောင်ကတော့ သိပ်မတောက်ပပေ။

ကျုံးယုံ အခန်းထဲသို့ ဝင်သွားချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် ကျန်းယွိရန်က ရေချိုးကန်ထဲမှ ထရပ်လိုက်သည်။ ရေစက်လေးများက သူမ၏ဖြူစင်သော အရေပြားပေါ်သို့ စီးကျနေပြီး သူမ၏ပုလဲနှင့်တူသော အသားအရည်က ကျန်းယွိရန်ဆီသို့ သွားနေသည့် ကျုံးယုံ၏ မျက်လုံးများကို ပြူးကျယ်သွားစေသည်။

ကျန်းယွိရန်က တံခါးဖွင့်သံနှင့် ခြေသံကို ကြားသွားပြီး အလွန်ထိတ်လန့်သွားကာ သူမ၏ရင်ဘတ်ကို အုပ်ရင်း ရေထဲသို့ ပြန်ထိုင်ချလိုက်သည်။ ထို့နောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ထွက်သွား"

"ယွိရန်... ငါပါ"

ကျုံးယုံကလည်း ရုတ်တရက် လန့်သွားပြီး သူ့ခြေလှမ်းကို အမြန် ရပ်လိုက်သည်။ သူက အမှားတစ်ခုခု လုပ်မိသောကြောင့် ရှေ့မတိုးရဲသည့် ကလေးတစ်ယောက်လို ဖြစ်နေပြန်သည်။

သူ အခုမှ အိမ်ထောင်ကျတာလေ၊ သူ့မိန်းမက သူ့ကို ဒေါသထွက်နေပြီ၊ သူ အခု ဘာလုပ်သင့်လဲ?

ကျုံးယုံ၏အသံကို ကြားလိုက်ရသောကြောင့် ကျန်းယွိရန်က သတိကို လွှတ်ချလိုက်သော်လည်း ကျုံးယုံကို ရှက်ရှက်ဖြင့် ပြန်လှည့်ကြည့်လာခဲ့သည်။ သူမ အလွန်စိတ်လှုပ်ရှားနေသောကြောင့် သူမ၏ခန္ဓာကိုယ်လေးလည်း အနည်းငယ် တုန်ယင်နေသည်။ သူမက သူမ၏အောက်နှုတ်ခမ်းလေးကို ကိုက်ကာ တိုးတိုးလေး လှမ်းမေးနေသည်။

"ရှင်... ရေချိုးလို့ ပြီးသွားပြီလား?"

ကျန်းယွိရန်က စိတ်မဆိုးကြောင်း နားလည်သွားသည့် ကျုံးယုံက ပြန်ရဲရင့်လာသည်။

"အင်း ပြီးပြီ၊ မိန်းမ.... ငါ မင်းကို ပွေ့ချီပေးမယ်"

All Chapters