← Chapters

ဒုတိယတာဝန်

Vol. 38 Ch. 558

ဒုတိယတာဝန်

Vol. 38 Ch. 558

ရေတွင်းမှာ အလွန်နက်ရှိုင်းလှသည်။ ကောင်းမင် ရေမျက်နှာပြင်သို့ အမှန်တကယ် ရောက်ရှိသွားချိန်တွင် သူထင်သလောက် ခံစားချက်မကောင်းလှပေ။ ကောင်းမင် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရေတွင်းနံရံများအတွင်းရှိ အရိုးဖြူများက ဝိညာဉ်နှစ်ခုကို ဆွဲဖြဲနေသည်ကို မြင်လိုက်ရသည်။ အကြီးအကဲထန်၏ လျှို့ဝှက်ခန်းမှ သူတို့ကူးယူလာခဲ့သော မှတ်တမ်းများမှာ အောက်သို့ ပြုတ်ကျလာသည်။ ကောင်းမင် ၎င်းတို့ကို လှမ်းဖမ်းလိုက်သည်။ ၎င်းတို့မှာ စက္ကူနှင့်မတူဘဲ ပိုးချည်မျှင်များနှင့် ပိုတူနေပြီး အသက်ရှိနေသကဲ့သို့ ရုန်းကန်နေကြသည်။

ကောင်းမင်သည် ထိုအရာများကို သူ၏အင်္ကျီလက်ထဲသို့ ထိုးထည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ထုံကျင်လာပြီး အသက်ရှူရန် ပို၍ ခက်ခဲလာသည်။ သူ၏ နှလုံးသားကသာ မီးလုံးတစ်လုံးကဲ့သို့ ဆက်လက် တောက်လောင်နေလေသည်။

“ဒါက စွန့်စားရလွန်းတယ်...”

ရေတွင်းမှာ မြေအောက်မြစ်နှင့် ဆက်သွယ်ထားခြင်းဖြစ်သည်။ ချွင်နန်သည် ကျဉ်းမြောင်းသော လမ်းကြောင်းများကြားမှ တရိပ်ရိပ် တွားသွားနေသည်။ သူမသည် မြစ်စောင့်နတ်မင်းနှင့် တိုးမည်ကို ကြောက်ရွံ့နေသည့်အလား မြစ်အနက်ပိုင်းသို့ မသွားဝံ့ ဖြစ်နေသည်။

ကောင်းမင်၏ အသိစိတ်က ဝေဝါးလာသည်။ သူသည် မြစ်ရေ၏ ဝါးမြိုခြင်းကို ခံနေရသလား သို့မဟုတ် ချွင်နန်၏ ခန္ဓာကိုယ်ဖြင့် ရစ်ပတ်ခံထားရသလား မခွဲခြားနိုင်တော့ပေ။ သေခြင်းတရား ဖြည်းဖြည်းချင်း နီးကပ်လာသည်နှင့်အမျှ သူသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလာရသည်။ ရေများက သူ၏ပါးစပ်နှင့် နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။ သူ သေတော့မည်ဟု ခံစားရချိန်တွင်ပင် သူ၏ နှလုံးသားမှာ အနားမယူသေးပေ။ ယင်းသည် ထိုနှလုံးသားက ကောင်းမင်နှင့် မသက်ဆိုင်သကဲ့သို့ပင်။ သွေးနီရောင် တက်တူးများ ပေါ်လာပြီး သူ၏ အသားနှင့် အရိုးများသည် သွေးနီရောင်မြို့တော်တစ်ခု၏ အုတ်မြစ်အဖြစ် ပြောင်းလဲသွားသည်။ လက်များစွာက သူ၏ နှလုံးသားကို ဆုပ်ကိုင်ထားပြီး သူ၏ ဝိညာဉ်ကို ဖမ်းချုပ်လိုက်ကြသည်။ ချွင်နန်သည် ကောင်းမင်၏ ပြောင်းလဲမှုများကို အံ့ဩတုန်လှုပ်စွာ ကြည့်နေမိသည်။ အိပ်မက်ဆိုး၏ အကာအကွယ်အတားအဆီးတွင် အပေါက်ငယ်တစ်ခု ပေါ်လာခြင်းဖြစ်သည်။ ထိုအပေါက်မှာ ကောင်းမင်၏ နှလုံးသားတွင် တည်ရှိနေခြင်း ဖြစ်သည်။

အိပ်မက်ထဲက လူများသည် အိပ်မက်ပြင်ပက ကမ္ဘာကို ရှာဖွေတွေ့ရှိသွားကြပြီ ဖြစ်သည်။ ဘယ်ဘက်က အိပ်မက်ဖြစ်ပြီး ဘယ်ဘက်က လက်တွေ့ဖြစ်သနည်း။

မြွေအမြီးသည် ကောင်းမင်ကို ရစ်ပတ်ထားသည်။ ချွင်နန်သည် သူမ၏ အကြေးခွံကို ခွာထုတ်လိုက်ပြီး ကောင်းမင်၏ ပါးစပ်ထဲသို့ သူမ၏ သွေးများကို ထည့်ပေးလိုက်သည်။ အေးစက်သော ရေများက သူ၏ အဆုတ်ထဲသို့ စီးဝင်သွားသော်လည်း လည်ချောင်းမှာမူ နွေးထွေးသွားသည်။ အသက်ရှူကျပ်သည့် ခံစားချက်က လျော့ပါးသွားသည်။ ကောင်းမင်သည် ဤအိပ်မက်ဆိုးအတွင်း ကောင်းချီးပေးခံလိုက်ရပြီ ဖြစ်သည်။

ချွင်နန်သည် အထက်ဘက်သို့ စတင်ကူးခတ်လိုက်သည်။ အအေးဓာတ်မှာ ဖြည်းညင်းစွာ လျော့ပါးသွား၏။ ရေလှိုင်းသံများ နေရာအနှံ့ ထွက်ပေါ်လာသည်။ ဖိအားအားလုံး ပျောက်ကွယ်သွားသည့်အခါ ချွင်နန်သည် ကောင်းမင်ကို ရေထဲမှ ပစ်ထုတ်လိုက်သည်။ သူမသည် ကောင်းမင်၏ ဝမ်းဗိုက်ထဲမှ ရေများထွက်လာအောင် အကြမ်းနည်းဖြင့် နှိပ်ပေးလိုက်သည်။ ကောင်းမင် အသက်ကို ပြင်းပြင်းရှူလိုက်ရသည်။ သူ၏ နှုတ်ခမ်းများတွင် သွေးစများ ပေကျံနေပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေလေသည်။

“ရှင်က ကျွန်မကို ထန်အိမ်တော်ကနေ လွတ်အောင် ကူညီပေးခဲ့တယ် ၊ ကျွန်မက ရှင့်ကို ဒီအပြင်ကို ခေါ်ထုတ်လာပေးတယ် ၊ ကျွန်မတို့ ကျေသွားပြီပေါ့”

ချွင်နန်က ကောက်ကျစ်စွာ ပြောလိုက်သည်။

“ဟုတ်ပါတယ်”

ကောင်းမင်က တဖြည်းဖြည်း ပြန်ကောင်းလာသည်။

“ဒါပေမဲ့ ကျွန်မ ရှင့်ကို အခုလေးတင် နောက်တစ်ကြိမ် ကယ်လိုက်ပြီလေ ၊ ဒါကြောင့် ရှင် ကျွန်မကို အသက်တစ်ချောင်း ကြွေးတင်သွားပြီ”

ချွင်နန်က သူမ၏အမြီးဖြင့် ကောင်းမင်ကို ရစ်ပတ်လိုက်သည်။ သူမသည် သူ့အသက်ကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။ ရေနှင့် ထိတွေ့ရပြီးနောက် ချွင်နန်၏ ဒဏ်ရာများသည် ပိတ်သွားခဲ့ပြီ ဖြစ်သည်။ သူမသည် ပို၍ ငယ်ရွယ်လာပြီး ပိုမိုလှပလာလေသည်။

“ဒါက ယုတ္တိရှိပါတယ်”

ကောင်းမင် ခေါင်းညိတ်လိုက်သည်။

“ငါ မင်းကို ကတိပေးထားတဲ့အတိုင်း အကုန်လုပ်ပေးမယ်”

“ရှင့်ဆီက သတင်းကို ကျွန်မ စောင့်နေမယ်”

ချွင်နန်သည် ကောင်းမင်အား နံ့သာအိတ်တစ်အိတ် ပေးလိုက်သည်။

“ဒါကို အိပ်မက်ချိုးဖျက်မြို့က ဘယ်ရေတွင်းထဲမဆို ပစ်ချလိုက်ပါ ၊ ကျွန်မ ရောက်လာပါ့မယ်”

“မင်း ငါနဲ့ မလိုက်ဘူးလား”

“ကျွန်မ ရှင့်ကို ယုံကြည်မယ်လို့ ထင်နေတာလား”

ချွင်နန်သည် သူမ၏ အမြီးဖြင့် ကောင်းမင်ကို ရေတွင်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။

“ကျွန်မက မြေအောက်မြစ်ထဲမှာ ရှိနေမှာပါ ၊ ကျွန်မ ရှင်းစရာရှိတဲ့ ပုဂ္ဂိုလ်ရေး ကိစ္စလေးတွေ ရှိနေသေးတယ်”

အနက်ရောင် ဆံနွယ်များမှာ ပြန့်ကားသွားသည်။ တစ်မိနစ်အတွင်းမှာပင် သူမ ပျောက်ကွယ်သွားတော့သည်။

“သူ ငါ့ကို မယုံရင် ဘာလို့ ငါ့အတွက် ဒီလောက် အချိန်ကုန်ခံနေတာလဲ”

ကောင်းမင်သည် ရေတွင်းနံရံနှင့် တိုက်မိထားသော သူ့လက်မောင်းကို ဆုပ်ကိုင်ထားသည်။သူ မြေပြင်ပေါ်တွင် ဆက်လက်လဲလျောင်းနေသည်။

“ကျန်းမင်လီ ခိုင်းတဲ့ တာဝန်ကို ငါ ပြီးသွားပြီ ၊ ဒီလူက တစ်ခုခု ကြံစည်နေတာ ဖြစ်ရမယ် ၊ငါ သူ့ကို သတိထားရမယ်”

ကောင်းမင်သည် ပြန်ကောင်းလာပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။ ချွင်နန်သည် သူ့အား စွန့်ပစ်အိမ်အိုကြီးတစ်လုံးဆီသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်သည်။ အိပ်မက်ချိုးဖျက်မြို့တွင် ဤကဲ့သို့သော အိမ်များစွာ ရှိသည်။ သူရှိနေသည့် နေရာကို အတည်ပြုပြီးနောက် ကောင်းမင်သည် ကျောင်းရှိရာသို့ ပြေးသွားလိုက်သည်။ လမ်းတွင် မိစ္ဆာဝိညာဉ်များ ကူးယူလာခဲ့သော မှတ်တမ်းများကို လေ့လာရန် ကြိုးစားသော်လည်း သူ နားမလည်ပေ။ အမှန်တကယ်တော့ သူ ပိုလေ့လာလေလေ ခေါင်းပိုကိုက်လာလေလေ ဖြစ်သည်။ ကောင်းမင်သည် တံခါးအိုကြီးကို တွန်းဖွင့်ကာ ကူးယူလာခဲ့သော မှတ်တမ်းများနှင့်အတူ ဝင်လိုက်သည်။ယင်းက အတွင်းရှိ လူများကို အံ့အားသင့်သွားစေသည်။

“ရှင် အသက်ရှင်လျက် ပြန်လာနိုင်တာလား”

ဝမ်ကျား၏ သမီးဖြစ်သူသည် အလွန်အံ့ဩသွားသဖြင့် ထခုန်လိုက်မိသည်။ သူမသည် ကျမ်းစာအုပ်ကို ကိုင်ထားရင်း ကောင်းမင်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ ဝမ်ယန်သည်လည်း ၎င်းမှာ မဖြစ်နိုင်ဟု ထင်နေသည်။ သို့သော် သူသည် ကောင်းမင်ထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသဖြင့် အင်္ကျီလက်ထဲရှိ ဓားမြှောင်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။

“မင်းတို့ ဘာလို့ ဒီမှာ ရှိနေသေးတာလဲ ၊ မင်းတို့မှာလည်း တာဝန်ရှိတာ မဟုတ်ဘူးလား”

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။

“ဒါက...”

ဝမ်မင်က အနေခက်သွားသည်။

“ငါတို့က တုံးအတဲ့နည်းလမ်းကို သုံးနေတာပါ ၊ ဆရာ့ကို အလျှော့ပေးလာအောင် စိတ်ရှည်ရှည်နဲ့ စောင့်နေတာလေ ၊ ပြီးတော့ နင် တာဝန်စလက်ခံတုန်းကလည်း ငါတို့ သတိပေးခဲ့သားပဲ”

“အဲ့ဒါကြောင့်လည်း ငါ မင်းတို့ကို စကားပြောနေတာပေါ့”

ကောင်းမင် စာသင်ခန်းထဲကို ဝေ့ကြည့်လိုက်သည်။

“ကျန်းမင်လီ ဘယ်မှာလဲ”

ဝမ်မင်သည် နှေးဖင့်မနေတော့ဘဲ ဘေးတံခါးဆီသို့ ပြေးသွားသည်။

“ဆရာ ၊ အကြီးအကဲထန်ဆီ လက်ဆောင်သွားပို့ဖို့ ရှင်လွှတ်လိုက်တဲ့ စမ်းသပ်သူ ပြန်ရောက်လာပါပြီ”

တံခါးပွင့်လာသည်။ ကျန်းမင်လီသည် ဆီမီးအိမ်တစ်လုံးကို ကိုင်၍ ထွက်လာ၏။သူသည် စိုရွှဲနေသော ကောင်းမင်ကို မြင်လိုက်ရသည့်အခါ သူ့မျက်လုံးထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။

“မင်း ဘေးကင်းကင်းနဲ့ ပြန်လာနိုင်မယ်ဆိုတာ ငါ သိပြီးသားပါ ၊ အရာအားလုံးက ငါ့ရဲ့ တွက်ချက်မှုထဲမှာပါပဲ”

ဘယ်သူမှ သူ့ကို မယုံကြပေ။ ဝမ်မင်က နှုတ်ပိတ်နေလိုက်သည်။ ဝမ်ယန်ကလည်း သူ၏ ဓားမြှောင်ကို တိတ်တဆိတ် ပြန်သိမ်းလိုက်သည်။

“ခင်ဗျားက ကျုပ်ကို ကျမ်းစာအုပ် သွားပို့ခိုင်းတယ် ၊ ဒါပေမဲ့ အဲ့ဒီကျမ်းစာအုပ်က အကြီးအကဲထန်ရဲ့ သေဆုံးသွားတဲ့ သားသမီးတွေရဲ့ နာမည်တွေနဲ့ ပြည့်နေတာ ၊ ခင်ဗျားက သူတို့ကို ဝိညာဉ်တွေအဖြစ် ပြောင်းလဲပြီး ခင်ဗျားအတွက် ခိုးခိုင်းခဲ့တာပဲ”

ကောင်းမင် ထိုနေရာတွင် ရပ်နေသည်။

“ခင်ဗျားရဲ့ အစီအစဉ်က ဘာလဲ”

“ငါ့အစီအစဉ်က သက်ရှိတွေအတွက် အကျိုးရှိစေမှာပါ”

ကျန်းမင်လီ၏ စကားလုံး ရွေးချယ်မှုမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

“မိစ္ဆာဝိညာဉ်တွေ ပြန်မလာသေးပေမဲ့ သူတို့ရဲ့ တည်ရှိမှုက မင်းနဲ့ ဆက်နွယ်နေတယ် ၊ သူတို့ရဲ့ ကံကြမ္မာက မင်းနဲ့ ချည်နှောင်နေတာကို ငါ မြင်နေရတယ်”

“ခင်ဗျား ကျုပ်ကို အရူးလုပ်ဖို့ ကြိုးစားနေတာလား”

ကောင်းမင်သည် ထိုလူမှာ သူရှာနေသည့် ကျန်းမင်လီ မဟုတ်ဟု ခံစားနေရသည်။ သို့မဟုတ် သူသည် ပြည့်စုံသော ကျန်းမင်လီ မဟုတ်ပေ။ မသေဆေးကုမ္ပဏီ၏ လုပ်ဆောင်ပုံအရ ကျန်းမင်လီကဲ့သို့ အရေးကြီးသော ပုဂ္ဂိုလ်ကို ဖမ်းဆီးထားပြီးနောက် သူတို့က ဤအိပ်မက်ဆိုးလောကတွင် လွတ်လွတ်လပ်လပ် လုပ်ဆောင်ခွင့် ပေးထားလိမ့်မည်လော။

“ငါ မင်းကို လိမ်နေတာ မဟုတ်ပါဘူး ၊ ငါ ကံကြမ္မာကို တကယ် မြင်နိုင်တာပါ”

ကျန်းမင်လီက လက်ပိုက်လိုက်သည်။

“မင်းရဲ့ ကံကြမ္မာက သွေးတွေနဲ့ အမှောင်ထုတွေ ပြည့်နေတာပဲ ၊ မင်းဟာ ဒီနေရာနဲ့ မဆိုင်သလို လက်တွေ့ကမ္ဘာနဲ့လည်း မဆိုင်ဘူး ၊ မင်းက ပိုနက်ရှိုင်းတဲ့ အမှောင်ထုကို စူးစမ်းသင့်တယ်”

ကောင်းမင် မျက်မှောင်ကြုတ်လိုက်သည်။ ကျန်းမင်လီ ကြွားလုံးထုတ်နေသလား သို့မဟုတ် အမှန်တကယ်လားဆိုသည်ကို သူ မခွဲခြားနိုင်ပေ။

“ဝိညာဉ်တွေ ကူးယူလာတဲ့ ကျမ်းစာမှတ်တမ်းတွေ မင်းဆီမှာ ရှိသေးတယ် မဟုတ်လား”

ကျန်းမင်လီက ပြုံးလိုက်သည်။

“အဲ့ဒါတွေကို ငါ့ကို ပေးလိုက်ပါ ၊ဒါတွေက မင်းအတွက်တော့ အသုံးမဝင်ပါဘူး ၊ မင်း ငါ့အတွက် နောက်ထပ်တစ်ခုလောက် လုပ်ပေးဖို့ လိုသေးတယ် ၊ မင်း အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ကိစ္စမရှိဘူး ၊ ဒါကို လုပ်ပေးပြီးရင် ငါ မင်းကို အဖိုးတန်တဲ့ ပြုပြင်မွမ်းမံမှုနည်းလမ်းကို သင်ပေးမယ် ၊ အဲ့ဒီအခါကျရင် မင်းရဲ့ အိပ်မက်ဆိုးကို လွှတ်ထုတ်နိုင်ပြီး ပျောက်ဆုံးနေတဲ့ မှတ်ဉာဏ်တွေကို ပြန်ရနိုင်လိမ့်မယ်”

ကျန်းမင်လီ၏ ကတိက ကောင်းမင်ကို စိတ်လှုပ်ရှားသွားစေသည်။ ဤအသွင်ပြောင်းလဲခြင်းမှာ သူ့အတွက် အထူးစီမံထားသကဲ့သို့ပင်။

“ကျုပ်ကို ဘာလုပ်စေချင်တာလဲ”

“မဒမ်ရှီရဲ့ အိမ်ကို သွားပြီး ငါ့အတွက် လူတစ်ယောက် ရှာပေးပါ”

All Chapters