← Chapters

ကိုယ်တွင်းပစ္စည်းထည့်သွင်းခြင်း

Vol. 38 Ch. 561

ကိုယ်တွင်းပစ္စည်းထည့်သွင်းခြင်း

Vol. 38 Ch. 561

“ရှီအိမ်တော်က ရှီနတ်ဘုရားကို ကိုယ်စားပြုတာလား ၊ ဒါဆိုရင် ဟိုခြောက်ခြားစရာကောင်းတဲ့ လမ်းကြားက ကျိနတ်ဘုရားကို ကိုယ်စားပြုပြီး ညကင်းစောင့်နဲ့ ကျန်းမင်လီတို့က ယုံနတ်ဘုရားရဲ့ ကိုယ်စားပြုတွေလား...”

“ငါတို့ အိပ်မက်ချိုးဖျက်မြို့ထဲကို စဝင်တုန်းက စမ်းသပ်သူတွေအားလုံး ယဇ်ပလ္လင်တစ်ခုတည်းရှေ့မှာ စုဝေးခဲ့ကြတာ ၊အခန်းထဲမှာ ယဇ်ပလ္လင်တစ်ခုတည်းရှိပေမယ့် လူတိုင်းမြင်ခဲ့ရတဲ့ နတ်ဘုရားပုံသဏ္ဌာန်ကတော့ မတူကြဘူး၊ ဒီမြို့ကြီးက တကယ်တော့ သေဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးများလား ၊ဟိုကျောက်စာတိုင်ပေါ်က နာမည်တွေကရော... ဒီနတ်ဘုရားရဲ့ ကံကြမ္မာကို ပြန်ပြင်ဖို့ ကြိုးစားနေတာလား”

ကောင်းမင်သည် မိမိ၏ ကြွယ်ဝလှသော စိတ်ကူးစိတ်သန်းကြောင့် မိမိကိုယ်တိုင်ပင် အံ့ဩတုန်လှုပ်သွားရသည်။

ထိုစဉ် အိုးကြီးထဲမှ လူသည် ဘာတုံ့ပြန်မှုမျှ မရရှိသဖြင့် ရောက်လာသူမှာ မဒမ်ရှီ မဟုတ်ကြောင်း ရိပ်မိသွားပုံရသည်။ သူ၏မျက်နှာပေါ်မှ ဖားယားလိုသော အမူအရာများမှာ ချက်ချင်းပင် ကွယ်ပျောက်သွားသည်။သူ့အမူအရာသည် ခဏလေးတင်က တောင်းပန်တိုးလျှိုးနေသူ မဟုတ်သည့်အလား မောက်မာရိုင်းစိုင်းသော အသွင်သို့ ပြောင်းလဲသွားသည်။

“အိမ်တော်ထဲမှာတော့ ဧည့်သည်တွေ၊မိတ်ဆွေတွေနဲ့ စည်ကားနေတယ် ၊ မဒမ်ရှီမှာ နောက်ထပ် အောင်ပွဲခံစရာတစ်ခု ရနေပြီ ထင်တယ် ၊ မင်း ငါတို့ကို အထင်သေးနေမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် ငါတို့မှာရော ဘာရွေးချယ်စရာ ရှိလို့လဲ”

ထိုလူသဲ့ည် ကောင်းမင်အား အမှတ်မထင် သူ့အခန်းထဲ ရောက်လာသည့် ဧည့်သည်တစ်ဦးဟု ထင်မှတ်နေပုံရသည်။

“ဒီမှာသာ ကြာကြာနေကြည့်စမ်းပါ၊ မင်းလည်း ငါတို့လို အဆင့်အတန်းထဲ ရောက်လာမှာပါပဲ ၊ ဒီပျော်ပွဲရွှင်ပွဲထဲမှာ စိတ်လွတ်သွားပြီး ပျော်ပျော်ကြီး သေဆုံးသွားလိမ့်မယ် ၊ မင်းရဲ့ အသားနဲ့ သွေးတွေက ဒီမင်္ဂလာပွဲရဲ့ အလှဆင်ပစ္စည်းတွေ ဖြစ်သွားလိမ့်မယ်၊ မင်းမှာ ဘာမှကြွင်းကျန်ခဲ့မှာ မဟုတ်ဘူး”

ကောင်းမင်မှာ ထိုလူ၏ စကားလုံးများထဲမှ နက်ရှိုင်းလှသော အမုန်းတရားကို ခံစားလိုက်ရသည်။ အိုးထဲရှိ လူသားအစုအဝေးသည် မဒမ်ရှီ မကြားနိုင်တော့ဟု သေချာသည့်အခါမှသာ သူတို့၏ ရင်တွင်းခံစားချက်အမှန်ကို ဖွင့်ဟရဲကြခြင်း ဖြစ်သည်။

“တံခါးက ပွင့်နေတာပဲ ၊ မင်း ဒီကို ရောက်နေပြီဆိုတော့ မင်းလုပ်ချင်တာ အကုန်လုပ်လို့ရတယ်၊ ငါတို့ မင်းကို မမြင်ချင်ယောင်ဆောင်နေပေးမယ် ၊ ဒါပေမဲ့ ငါတို့အတွက် သေးငယ်တဲ့ အကူအညီတစ်ခုတော့ မင်းဆီက မျှော်လင့်တယ်”

ထိုလူများ၏ ဦးခေါင်းများမှာ တစ်ခုနှင့်တစ်ခု ပူးကပ်နေကြခြင်းဖြစ်သည်။ သူတို့သည် ထူးဆန်းလှသော လေသံဖြင့် စကားပြောလိုက်သည်။

“ငါ့ညီအစ်ကိုတွေရဲ့ မျက်နှာတွေက ငါ့ခန္ဓာကိုယ်နဲ့ အရမ်းနီးကပ်လာပြီ ၊ သူတို့ရဲ့ ပျော်ရွှင်မှုတွေက ငါ့ဦးနှောက်ဆီကို တွားသွားလာနေကြတယ် ၊ ဒါသာ ဆက်ဖြစ်နေရင် ငါ့ရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ အသိစိတ်လေးပါ ချေမှုန်းခံရတော့မယ်”

“မင်းတို့က ဘာတွေလဲ”

ကောင်းမင်မှာ ကြေးမုံမှန်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း သတိကြီးစွာ မေးလိုက်သည်။

ကောင်းမင်၏ အသံကို ကြားလိုက်ရသောအခါ ထိုလူမှာ ထိတ်လန့်သွားပြီးမှ ဝမ်းသာအားရ ဖြစ်သွားပြန်သည်။

“မင်းက ငါတို့ ဘာလဲဆိုတာ မသိဘူးလား ၊ ဒီမြို့ရဲ့ ‘ညဘက်ဂုဏ်သရေရှိလူကြီးမင်း’ တွေကို မင်း ဘယ်လိုလုပ် မသိနိုင်ရတာလဲ၊ မင်းက စမ်းသပ်သူတစ်ယောက်ပဲ၊ မင်းက အပြင်လောကက လာတဲ့ စမ်းသပ်သူပဲ”

ကျေးဇူးတင်ရမည်မှာ ဧည့်သည်များ၏အာရုံသည် မင်္ဂလာစီတန်းလှည့်လည်ပွဲဆီသို့သာ ရောက်နေခြင်း ဖြစ်သည်။ မဟုတ်ပါက ကောင်းမင်၏အထောက်အထားမှာ ယခုချိန်တွင် ဗူးပေါ်သလို ပေါ်နေလောက်ပြီဖြစ်သည်။

အရိုးများ ကျိုးပဲ့သွားသော အသံများနှင့်အတူ အိုးထဲမှ တဗွက်ဗွက်အသံများ ထွက်ပေါ်လာသည်။ ထို့နောက် အဝတ်စုတ်တစ်ခုကို ဆုတ်ဖြဲလိုက်သည့်အလား အသံတစ်ခု ထွက်လာသည်။ ပုံပျက်ပန်းပျက် ဖြစ်နေသော လက်တစ်ခုသည် ဝိုင်များထဲမှ ထိုးထွက်လာလေသည်။ ထိုလက်သည် သိပ်မကြောက်စရာကောင်းလှသော်လည်း လက်ကောက်ဝတ်တွင်မူ အနက်ရောင်လက်ပတ်တီးတစ်ခု ပတ်ထားသည်။

“ငါလည်း စမ်းသပ်သူ တစ်ယောက်ပဲ ၊ ငါဟာ ကိုယ်တွင်းပစ္စည်းထည့်သွင်းတဲ့ ပြုပြင်မွမ်းမံမှု နည်းစနစ်တစ်ခုလုံးကို ကျွမ်းကျင်ပြီးသားပဲ ၊ ငါ့ရဲ့ နတ်ဘုရားခန္ဓာကိုယ်က တစ်ဝက်ပြီးနေပြီ ၊ ငါက အဲ့ဒါကို ပြင်ပပစ္စည်းနဲ့ အပြည့်အဝ ပေါင်းစပ်ထားတာပဲ၊ မင်းသာ ငါ့ကို ကယ်တင်မယ်ဆိုရင် ငါ့မှာရှိသမျှ အကုန်လုံးကို မင်းလက်ထဲ အပ်ပါ့မယ်”

ထိုလူသည် အလွန် စိတ်လှုပ်ရှားနေပုံရသည်။ သူ၏လေသံတွင် မည်သည့် မကောင်းသော အကြံအစည်မှ ရှိပုံမရပေ။

“ဒီပြုပြင်မွမ်းမံရေးနည်းလမ်းက သန်မာတဲ့ ခန္ဓာကိုယ်ရှိပြီး ပြင်ပပစ္စည်းတွေနဲ့ ကောင်းကောင်း လိုက်ဖက်နိုင်တဲ့ စမ်းသပ်ခံရသူတွေအတွက် အကောင်းဆုံးပဲ ၊ မင်းက မဒမ်ရှီရဲ့ ရွေးချယ်တာကို ခံရတာဆိုတော့ ဒီအရည်အချင်းနှစ်ခုလုံး မင်းနဲ့ ကိုက်ညီတာ သေချာတယ်”

“တကယ်လား”

ကောင်းမင်၏ စိတ်ထဲတွင် ဘာမလှုပ်ရှားသော်လည်း သူက တမင်တကာ စိတ်ဝင်စားဟန် ဆောင်လိုက်သည်။

“ပြင်ပပစ္စည်းက ငါ့ဗိုက်ထဲမှာ ရှိတယ် ၊ မင်း ငါ့ကို ဒီအိုးထဲကနေ ဆွဲထုတ်လိုက်တာနဲ့ အဲဒါကို မင်းကို ပေးပါ့မယ်”

ထိုလူက ကြင်နာစွာ ကမ်းလှမ်းလာသည်။

ကောင်းမင်သည် သတိကြီးစွာဖြင့် ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။

“မဟုတ်ဘူး ၊ ငါ မင်းကို အပြည့်အဝ မယုံကြည်နိုင်သေးဘူး၊ မင်း ဘာဖြစ်ခဲ့တာလဲဆိုတာ ငါ့ကို အရင်ပြောပြ ၊ မင်း ခုနက ပြောလိုက်တဲ့ ရှီနတ်ဘုရားနဲ့ ကျိနတ်ဘုရားဆိုတာတွေက ဘာလဲ”

ကောင်းမင်သည် သတင်းအချက်အလက်များ ပိုမိုရရှိရန် မြှူဆွယ်မေးမြန်းနေခြင်းသာ ဖြစ်သည်။ သူသည် ထို ကိုယ်တွင်းအင်္ဂါ အစားထိုးနည်းလမ်းကိုမူ အနည်းငယ်မျှ စိတ်မဝင်စားပါချေ။

“ဒီမှာရှိတဲ့ သက်ရှိတွေကို အခြေခံအားဖြင့် အမျိုးအစား (၃) မျိုး ခွဲခြားနိုင်တယ် ၊ ပထမတစ်ခုက ကြားနေဖြစ်ပြီး စည်းမျဉ်းတမျိုးကို လိုက်နာတဲ့ ယုံနတ်ဘုရားတွေပဲ ၊ သူတို့က ရွာရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေကို ထိန်းသိမ်းပေးကြတယ် ၊ သူတို့ထဲမှာ ညကင်းစောင့်သမား၊ အခေါင်းသယ်ဆောင်သူ၊ စက္ကူလက်မှုပညာရှင်၊ အခမ်းအနားမှူး၊ သားသတ်သမားနဲ့ ဘဏ်က အကြီးအကဲထန်တို့ ပါဝင်ကြတယ်...”

“နေပါဦး ၊ သားသတ်သမားနဲ့ အဘိုးကြီးထန်က ဘယ်လိုလုပ်ပြီး ယုံနတ်ဘုရားထဲမှာ ပါဝင်နိုင်မှာလဲ”

ကောင်းမင်သည် သားသတ်သမား ကျူးရန်၏ ရူးသွပ်မှုကို ပြန်လည်သတိရသွားပြီး ထိုလူ၏ စကားကို သံသယဝင်သွားသည်။

“ယုံဖို့ ခက်တယ်ဆိုတာ ငါသိပါတယ် ၊ ဒါပေမဲ့ သားသတ်သမားက ရွာအတွက် အသားနဲ့ ယဇ်ပူဇော်စရာတွေ ရအောင် တိရစ္ဆာန်တွေကို သတ်ပေးတယ် ၊ အဘိုးကြီးထန်က ဘဏ်ကို စီမံခန့်ခွဲပြီး ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်တယ် ၊ သူတို့ နှစ်ယောက်မရှိရင် ဒီရွာက ရှေ့ဆက်လို့ မရဘူး”

ထိုလူသည် ကောင်းမင်၏ ခြေသံကို အသေအချာနားစွင့်နေလေသည်။ ကောင်းမင် ရပ်သွားသည်ကို သိလိုက်ရသောအခါ အလောတကြီး ထပ်ပြောပြန်သည်။

“စစတုန်းကတော့ သားသတ်သမားနဲ့ အကြီးအကဲထန်တို့က အခုလိုမျိုး မဟုတ်ကြဘူး ၊ ယုံနတ်ဘုရား အများစုဟာ သူတို့ရဲ့ အသိစိတ်တွေကို ဆုံးရှုံးသွားကြပြီ”

“ဘယ်ယုံနတ်ဘုရားက အားအကောင်းဆုံးလဲ”

ကောင်းမင်က အကြီးအကဲထန်သည် သားသတ်သမားထက် ပိုသန်မာလိမ့်မည်ဟု ယူဆကာ စပ်စုလိုက်သည်။

“ညကင်းစောင့် ဖြစ်လိမ့်မယ်”

“ညကင်းစောင့် ဟုတ်လား”

ကောင်းမင်သည် ထိုအဖြေကြောင့် အံ့အားသင့်သွားရသည်။ ထိုအဘိုးကြီးသည် သေလုနီးပါး ဖြစ်နေပြီး လမ်းပင် ဖြောင့်ဖြောင့် မလျှောက်နိုင်သူ မဟုတ်ပါလား။

“ဟုတ်တယ်၊ ဘာလို့လဲဆိုတော့ သူက ယုံနတ်ဘုရားတွေထဲမှာ အသိစိတ်ကပ်နေသေးတဲ့ တစ်ဦးတည်းသောသူ ဖြစ်လို့ပဲ”

ကောင်းမင် ရှေ့သို့ တိုးလာသည်ကို ကြားလိုက်ရသဖြင့် ထိုလူက စကားကို အေးဆေးစွာ ဆက်ပြောပြသည်။

“ယုံနတ်ဘုရားတွေနဲ့ နှိုင်းယှဉ်ရင် ရှီနတ်ဘုရားနဲ့ ကျိနတ်ဘုရားတွေက ပိုလျှို့ဝှက်ဆန်းကြယ်ကြတယ်၊ မြို့ထဲက လူတိုင်းက မဒမ်ရှီဟာ ရှီနတ်ဘုရားနဲ့ ဆက်နွှယ်နေတယ်ဆိုတာ သိကြပေမဲ့ မဒမ်ရှီကလွဲလို့ ကျန်တဲ့သူတွေကတော့ ရှီနတ်ဘုရား အစစ်အမှန်ကို မမြင်ဖူးကြဘူး ၊ သူက တကယ်ရှိနေပေမဲ့ ဖမ်းဆုပ်လို့မရအောင် လျှို့ဝှက်တယ်”

“စမ်းသပ်သူ တချို့ကတော့ မဒမ်ရှီရဲ့ သတို့သားဟာ အစစ်အမှန်ရှီနတ်ဘုရားလို့ သံသယဝင်ကြတယ် ၊ ဒါပေမဲ့ ငါတို့လို စွန့်ပစ်ခံထားရတဲ့ ညဘက်ဂုဏ်သရေရှိလူကြီးမင်းတွေလည်း မဒမ်ရှီနဲ့ အရင်က လက်ထပ်ခဲ့ဖူးတာပဲ ၊ ငါတို့ရဲ့ မင်္ဂလာပွဲတွေဟာ ဝူကန်းထျန်းမှာ အဆုံးသတ်ခဲ့ကြပြီး ရှီနတ်ဘုရားကို မမြင်ခဲ့ရဘူး ၊ ငါတို့ မဒမ်ရှီနဲ့ ပေါင်းဖက်တဲ့အချိန်မှာလည်း ငါတို့ရဲ့ ခန္ဓာကိုယ်တွေကို ဘယ်နတ်ဘုရားကမှ ဝင်မစီးခဲ့ဘူး”

ထိုလူ၏ မျက်လုံးများသည် မဒမ်ရှီက သူ၏ ဦးနှောက်ကို ကစားနေသကဲ့သို့ ဝေဝါးနေသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှီနတ်ဘုရားနဲ့ တွေ့ဆုံဖူးတဲ့သူတွေဆီမှာတော့ ကောင်းတဲ့အရာတွေ အမြဲဖြစ်လာတတ်တယ် ၊ သူသွားခဲ့တဲ့ နေရာတွေမှာတောင် ကံကောင်းခြင်းတွေ ကျရောက်တတ်တယ်”

“မင်းက ကျိနတ်ဘုရားရဲ့ လှည့်စားမှုကို ခံရပြီး ရှီနတ်ဘုရားဆီက ပစ္စည်းတွေကို ခိုးခဲ့တယ်လို့ ပြောခဲ့တယ်နော်၊ အဲဒါကြောင့် မဒမ်ရှီက မင်းကို အပြစ်ပေးတာလား”

ကောင်းမင်က ဖြည်းညင်းစွာ မေးမြန်းလိုက်သည်။

“မင်း ဘာကို ခိုးခဲ့တာလဲ”

“ငါ့မှာ ‘ကိုယ်တွင်းအင်္ဂါထည့်သွင်းတဲ့လမ်း’ ရှိတယ် ၊ အဲဒီအရာက ငါ့ရဲ့ ဗိုက်ထဲမှာ ရှိတယ် ၊ ငါ့ကို ကယ်ပါ၊ ငါ အကုန်ပြောပြမယ်”

ထိုလူသည် ကောင်းမင်ကို ဆက်လက် မြှူဆွယ်နေဆဲဖြစ်သည်။

“ရှီနတ်ဘုရားက ကံကောင်းခြင်းတွေနဲ့ ဆက်နွှယ်နေတယ် ၊ လူတိုင်းက သူ့ဆီက အပိုင်းအစတစ်ခုလောက် ရချင်ကြတယ်၊ အဲဒါနဲ့ ဆန့်ကျင်ဘက်ကတော့ ကျိနတ်ဘုရားပဲ၊ သူဟာ ဝမ်းနည်းစရာ ကပ်ဘေးတွေရဲ့ ပြယုဂ်ပဲ ၊ မင်းဟာ သူ့ရဲ့ ရုပ်တုကို အမှတ်မထင် မြင်လိုက်မိရင်တောင် ကျိန်စာတွေက မင်းနောက်ကို လိုက်လာလိမ့်မယ် ၊ ကျိနတ်ဘုရားနဲ့ ပတ်သက်ဆက်ဆံမှု များလာရင် ရှီနတ်ဘုရားရဲ့ သတိထားမှုကို ခံရလိမ့်မယ်”

“ရှီနတ်ဘုရားက ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုကို ကိုယ်စားပြုတယ်ဆိုပေမဲ့ ဒီနေရာမှာတော့ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ သိပ်ရှိနေပုံမရဘူး ၊ ကျိနတ်ဘုရားက ဝမ်းနည်းစရာ ကပ်ဘေးတွေနဲ့ ပျက်စီးခြင်းကို ကိုယ်စားပြုတယ်ဆိုတာ ငါတကယ် ယုံကြည်လို့ရပါ့မလား”

ကောင်းမင်က သူ၏ သံသယကို ထုတ်ပြောလိုက်သည်။

“ငါတို့ကို ကယ်ပြီးရင် အဲဒါကို မင်းကိုယ်တိုင် မြင်ရပါလိမ့်မယ် ၊ ကျိနတ်ဘုရားက ရှီအိမ်တော်နောက်က စွန့်ပစ်လမ်းကြားရဲ့ အဆုံးမှာ ရှိတယ် ၊ ဒါပေမဲ့ ကျိနတ်ဘုရားကို မြင်ဖူးတဲ့သူတိုင်း သေကုန်ကြပြီ ၊ သူ့အသံကို ကြားရတဲ့သူတွေတောင် ရူးကုန်ကြတာ”

All Chapters