← Chapters

ငါက တားမြစ်ချက်ပဲ

Vol. 38 Ch. 562

ငါက တားမြစ်ချက်ပဲ

Vol. 38 Ch. 562

အိုးကြီးမှာ မြေကြီးထဲတွင် တစ်ဝက်ခန့် နစ်မြုပ်နေခြင်းဖြစ်သည်။အသက်ရှင်နေသော အသားများသည် တစ်ခုနှင့်တစ်ခု အရည်ပျော်ကာ ပူးကပ်နေကြသည်။ ထိုအသားပုံကြီးထဲမှ ခန့်ညားလှသော အမျိုးသားမျက်နှာများသာ အပြင်သို့ ပေါ်ထွက်နေကြသည်။

“ကျိနတ်ဘုရားတွေက ကြောက်စရာကောင်းပေမဲ့ အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး ၊ ပုံမှန်ဆိုရင် သူတို့က သူတို့တွင်းထဲကနေ အပြင်ကို ထွက်လေ့မရှိကြဘူး ၊ သူတို့က ဒီမြို့ထဲမှာ တစ်ခုခုကို စောင့်ကြပ်နေကြသလိုပဲ”

“စောင့်ကြပ်နေတယ် ဟုတ်လား”

“ဟုတ်တယ် ၊ သူတို့က တစ်ခုခုကို ဖိနှိပ်ချုပ်တည်းထားဖို့အတွက် တစ်နေရာတည်းမှာပဲ အမြဲရှိနေကြရတာ ၊ မင်းသာ သူတို့ကို သွားမနှောင့်ယှက်ဘူးဆိုရင် သူတို့က မင်းကို ကျိန်စာတိုက်မှာ မဟုတ်ဘူး”

ထိုလူ၏စကားများထဲတွင် မည်သည့်အရာက အမှန်၊ မည်သည့်အရာက အလိမ်ဖြစ်သည်ကို ခွဲခြားရန် ခက်ခဲလှသော်လည်း သူ၏မျက်နှာတွင်မူ အပြုံးနုနုတစ်ခု ရှိနေလေသည်။

“ကိုယ်တွင်းအင်္ဂါထည့်သွင်းခြင်းနည်းလမ်းဆိုတာ ယဇ်ပလ္လင်တွေထဲက နတ်ဘုရားတွေကို အတုယူထားတဲ့ နည်းလမ်းတစ်ခုပဲ ၊ မင်းရဲ့ ခန္ဓာကိုယ်ကို အုတ်မြစ်အဖြစ် သုံးပြီး မင်းရဲ့ ဝိညာဉ်နဲ့ နတ်ဘုရားသဘာဝကို ပုံဖော်ရတာ ၊ ဒါကြောင့် မင်းဟာ နတ်ဘုရားသရဲတွေ အများကြီးနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်တယ် ၊ အဲဒါကြောင့်ပဲ ငါက ညဘက်ဂုဏ်သရေရှိလူကြီးမင်းလုပ်ဖို့ ဆန္ဒပြုခဲ့တာပေါ့”

“ငါ မင်းကို လိမ်ပြောစရာ အကြောင်းမရှိပါဘူး ၊ ငါတို့နှစ်ယောက်လုံးက စမ်းသပ်သူတွေပဲလေ ၊ စကားအရဆိုရင် ငါတို့က မဟာမိတ်တွေပါပဲ”

ထိုလူက ဆက်ပြောသည်။

“မင်း ဒီကိုလာတာ ပြုပြင်မွမ်းမံတဲ့ နည်းစနစ်တွေကို ရဖို့ မဟုတ်လား ၊ တခြားနည်းလမ်းတွေ ရှိကောင်းရှိနိုင်ပေမဲ့ ကိုယ်တွင်းအင်္ဂါထည့်သွင်းတဲ့ပြုပြင်မွမ်းမံမှုလောက် မင်းနဲ့ ကိုက်ညီမယ့်နည်းလမ်းမျိုးတော့ တွေ့မှာမဟုတ်ဘူး”

လူ့အသားများကို နတ်ဘုရားရုပ်တုများအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခြင်း။ယင်းက ကောင်းမင်ကို ကျန်းမင်လီ ပေးခဲ့သော ပိုင်ရှင်မဲ့ယဇ်ပလ္လင်အကြောင်း သတိရသွားစေသည်။ ထိုနှစ်ခုကို ပေါင်းစပ်လိုက်ပါက သူသည် ပြည့်စုံသော နတ်ဘုရားတစ်ပါးကို ဖန်တီးနိုင်ပေလိမ့်မည်။

“ဒါ့အပြင် မင်း ရှီအိမ်တော်ထဲကို ခိုးဝင်လာတာ ရည်ရွယ်ချက်တစ်ခုခု ရှိလို့ဖြစ်မှာပဲ ၊ ငါနဲ့ ငါ့ညီအစ်ကိုတွေက မဒမ်ရှီနဲ့အတူ ညပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ဖူးတယ် ၊ မင်းသိချင်တာမှန်သမျှကို ငါတို့ ဖြေပေးနိုင်တယ်”

သူ၏မျက်နှာသည် ထူးခြားလှပသော်လည်း ပင်ကိုယ်စရိုက်မှာ ကောက်ကျစ်စဉ်းလဲသည်။

“မင်း ကျောင်းက ဆရာနဲ့ တွေ့ဖူးလား”

ကောင်းမင်သည် သူရှာနေသော ကျန်းမင်လီ၏ မျက်နှာသည် ထိုညဘက်ဂုဏ်သရေရှိ လူကြီးမင်းများထဲတွင် ရှိနေသလားဟု သိချင်သဖြင့် မေးလိုက်ခြင်းဖြစ်သည်။

“ဆရာတွေ အားလုံး သေကုန်ကြပြီ မဟုတ်လား”

ထိုလူက အံ့အားသင့်သွားဟန်ဖြင့်

“အိပ်မက်ချိုးဖျက်မြို့မှာ အရင်တုန်းက ကျောင်းကြီးတစ်ကျောင်း ဆောက်ခဲ့ဖူးတယ် ၊ အဲဒါက စမ်းသပ်သူတွေအတွက် တစ်ခုတည်းသော ဘေးကင်းဇုန်ပဲ ၊ ဒါပေမဲ့ အရင်က ရောက်လာတဲ့ စမ်းသပ်ခံရသူတွေက အရမ်းလောဘကြီးကြတယ်၊အဲဒီမှာ ဝှက်ထားတဲ့ ပြုပြင်မွမ်းမံရေးနည်းလမ်းကို ရဖို့ သူတို့က အကြင်နာတတ်ဆုံး ဆရာတွေနဲ့ ကျောင်းသားတွေကို သတ်ပစ်ခဲ့ကြတယ်”

အိပ်မက်ချိုးဖျက်မြို့တွင် ကြင်နာသနားတတ်ခြင်းသည် မည်သည့်အခါမျှ ကောင်းကျိုးမပေးခဲ့ပေ။

“ဘေးကင်းရာအိမ်တစ်ခု ရှိနေတာက ဘယ်လောက်အကျိုးရှိလဲဆိုတာ သူတို့ ဘာလို့ နားမလည်ကြတာလဲ မသိဘူး ၊ လူတွေက တစ်ခါတလေကျရင် မိစ္ဆာတွေထက်တောင် ပိုယုတ်မာကြတယ်”

ထိုလူက ဆဲဆိုလိုက်သည်။

“ဒါဆို မင်း ကျန်းမင်လီဆိုတဲ့ နာမည်ကို ကြားဖူးလား”

ကောင်းမင် ထိုမေးခွန်းကို မေးလိုက်သောအခါ ထိုလူမှာ ရုတ်တရက် နှုတ်ဆိတ်သွားသည်။ သူ၏ဦးခေါင်းဘေးရှိ မျက်နှာများမှာလည်း ကြောက်ရွံ့စွာ တွန့်လိမ်သွားသည်။သူတို့က အိုးကြီးထဲသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်သွားကြသည်။

ထိုလူ၏မျက်နှာမှာ ဖြူလျော်သွားသည်။အချိန်ခဏအကြာမှ တိုးတိုးလေး ပြောသည်။

“အဲဒီနာမည်က... ရင်းနှီးနေသလိုပဲ”

“မင်းရဲ့ တုံ့ပြန်မှုကတော့ ရင်းနှီးရုံတင် မဟုတ်ဘူးထင်တယ်”

“တချို့အရာတွေကို ထုတ်ပြောလို့မရဘူး မဟုတ်ရင် အပြစ်ပေးခံရတာက ဘယ်လောက်ဆိုးရွားမလဲဆိုရင် မဒမ်ရှီတောင် ငါ့ကို ကယ်နိုင်မှာမဟုတ်ဘူး”

သွေးဝိုင်များမှာ ထိုလူ၏ နှာခေါင်းထဲသို့ စီးဝင်နေသည်။

“သူက အဲဒီလောက်တောင် ကြောက်ဖို့ကောင်းလို့လား”

ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင်မူ ကျန်းမင်လီသည် တားမြစ်ဂိမ်းကစားသမားများ၏ ကယ်တင်ရှင်ဖြစ်သည်။သူသည် စိတ်တိုတတ်သော်လည်း စိတ်နှလုံးကောင်းမွန်သူတစ်ဦး ဖြစ်သည်။

“မင်း သူနဲ့ ဝေးဝေးနေမှ ရမယ်၊ သူက အပြင်လောကကနေ ရောက်လာပြီး ဒီအိပ်မက်ဆိုးထဲမှာ ပိတ်မိနေတာ ၊ သူ သေသွားတာ ကြာလှပြီ ၊ သူက...”

ထိုလူ၏အသံက မကြားတကြား တိုးဝင်သွားပြန်သည်။

ကောင်းမင်သည် မျက်မှောင်ကြုတ်ရင်း ရှေ့သို့ တိုးလိုက်သည်။

“သူ သေသွားတာ ကြာပြီ ဟုတ်လား ၊ ဒါဆို ငါ ကျောင်းမှာတွေ့ခဲ့တဲ့သူက သရဲလား”

“သရဲ မဟုတ်ဘူး ၊ ထပ်မမေးနဲ့တော့ ၊ ငါ့ကို ဘာမှ ထပ်မမေးနဲ့တော့”

ထိုလူ၏နားများ လှုပ်ခတ်သွားသည်။ ကောင်းမင်၏ ခြေသံမှာ သူနှင့် တစ်မီတာပင် မဝေးတော့ကြောင်း သိလိုက်ရသောအခါ အိုးထဲမှ လက်များစွာက ရုတ်တရက် ထိုးထွက်လာတော့သည်။ ထိုလက်ဆစ်များသည် တစ်ခုနှင့်တစ်ခု ယှက်သွားပြီး ကောင်းမင်ကို ဝါးမျိုရန်အတွက် ပါးစပ်ကြီးတစ်ခုအသွင် ဖန်တီးလိုက်ကြသည်။

“သူက ဒီမြို့ရဲ့ တားမြစ်ချက်ပဲ”

ဝိုင်များမှာ နေရာအနှံ့ စင်ထွက်သွားသည်။ အမျိုးသားများ၏ ခန့်ညားသော မျက်နှာများက ဝိုင်ထဲမှ ကြွတက်လာသည်။ ထိုဦးခေါင်းများသည် သာမန်ခန္ဓာကိုယ်တစ်ခုနှင့် ဆက်နေခြင်းမဟုတ်ပေ။သူတို့သည် အသားများကို ပိုက်ကွန်သဏ္ဌာန် ချုပ်လုပ်ထားသည့် သက်ရှိတစ်ခုအသွင် ဖြစ်နေသည်။ ၎င်းသည် လူသားနှင့်လည်း မတူသလို အပင်နှင့်လည်း မတူပေ။ ၎င်း၏ တွန့်လိမ်လှုပ်ရှားနေပုံမှာ ထိုက်ရွှေ - အသွေးအသားမှိုနှင့် ပိုတူနေသည်။

ထိုလူတွင် မကောင်းသော အကြံရှိမှန်း ကောင်းမင် သိထားပြီးဖြစ်သည်။ သူသည် သားသတ်သမား၏ ဓားကို ဆွဲထုတ်လိုက်သည်။ သားသတ်သမား ရောက်လာမည့် အန္တရာယ်ကိုပင် ဂရုမစိုက်တော့ဘဲ ထိုလူ၏ လည်ပင်းကို ဓားဖြင့် ပိုင်းချလိုက်တော့သည်။

ပြင်းထန်လှသော ဆိုးယုတ်မှုများက ထိုလူ၏ ဦးခေါင်းကို ပိုင်းဖြတ်လိုက်သည်။ လူဦးခေါင်းများ၏ ပါးစပ်များ ပွင့်ထွက်သွားပြီး သူတို့၏လည်ချောင်းထဲတွင် ဝှက်ထားသော ဆေးဖက်ဝင်အပင်များနှင့် ရတနာများကို တွေ့လိုက်ရသည်။

“မဒမ်ရှီကတော့ ဒီဝိုင်ကိုချက်ဖို့ ဘာမှမနှမြောဘဲ သုံးထားတာပဲ”

ကောင်းမင်သည် လျှင်မြန်စွာ နောက်ပြန်ဆုတ်လိုက်သည်။ ကြေးမုံမှန်၏ ရောင်ပြန်ဟပ်မှုမှတစ်ဆင့်သာ ထိုသတ္တဝါကြီးကို သူ မြင်နိုင်သည်။ သူ နိုင်မည့်ပွဲ မဟုတ်ပေ။

ထိုမကောင်းဆိုးဝါးက အိုးထဲမှ ထွက်မလာနိုင်ပေ။သို့သော်လည်း ၎င်းသည် အိုးကြီးကို တရွတ်တိုက်ဆွဲကာ ကောင်းမင်ရှိရာသို့ တိုးကပ်လာသည်။

“နေပါဦး၊ နေပါဦး ၊ မင်းဆီမှာ တားမြစ်ချက်ရဲ့ အငွေ့အသက်တွေ ရှိနေတယ် ၊ မင်းကိုယ်တိုင်က တားမြစ်ချက်ပဲ”

ရုတ်ရုတ်သဲသဲဖြစ်မှုသည် အလွန်ကျယ်လောင်လှသော်လည်း အပြင်ဘက်ရှိ ဧည့်သည်များကိုမူ မည်သို့မျှ မသက်ရောက်စေပေ။ သူတို့သည် ပျော်ရွှင်မှုများထဲတွင် နစ်မွန်းနေကြပြီး မြူးမြူးကြွကြွ ဆင်နွှဲနေကြဆဲ ဖြစ်သည်။

“ဒီမြို့ကတော့ တကယ်ကို ထူးဆန်းပြီး ခြောက်ခြားစရာပဲ”

ကောင်းမင်သည် ဓားကို ဆုပ်ကိုင်ရင်း အခန်းထဲမှ ဒယိုင်းဒယိုင် ထွက်လာခဲ့သည်။

ကောင်းမင်က အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။တံခါးတစ်ဖက်မှ ကြီးမားသော အင်အားတစ်ခုက တံခါးကို လာရောက်ဆောင့်ကန်နေသည်ကို ခံစားလိုက်ရသည်။

“ဒီကောင်က ဘယ်က ရောက်လာတာလဲ ၊ ပွဲကို ဘာလို့ လက်နက်တစ်ခု ယူလာတာလဲ ၊ မဒမ်ရှီက လက်နက်ကိုင်တဲ့သူတွေကို မုန်းတီးမှန်း သူမသိဘူးလား”

“သူ့ဆီမှာ မိစ္ဆာအငွေ့အသက်တွေ ရှိနေတယ် ၊ သားသတ်သမားက သူ့ခန္ဓာကိုယ်ထဲကနေ သူ့ညီလေးကို ဆွဲနူတ်ပစ်လိုက်ပြီ ထင်တယ်”

“သူနဲ့ ဝေးဝေးနေကြ၊ ငါတို့က ကောင်းချီးပေးခံထားရသူတွေပဲ၊ သူ့ဆီက ညစ်ညမ်းမှုတွေ ငါတို့ဆီ ကူးလာလိမ့်မယ်”

“ဟုတ်တယ်၊ ဒီလူယုတ်မာရဲ့ မိစ္ဆာအငွေ့အသက်တွေ အရမ်းပြင်းတာပဲ”

အိုးထဲမှ မကောင်းဆိုးများသည် တံခါးကို တရစပ် ဆောင့်ရိုက်နေကြသည်။ ကောင်းမင်မှာတော့ ဘေးနားမှ လူများ၏ ကြောက်မက်ဖွယ်ရာ ကဲ့ရဲ့ရှုတ်ချသံများကိုသာ ခံနေရသည်။ မည်သူမျှ သူ့ကို လာမကူကြပေ။

ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကြောင့် ကြေးမုံမှန်သည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ လှမ်းကြည့်လိုက်သောအခါ မှန်ထဲတွင် သွေးမျက်နှာတချို့ သူ့နောက်တွင် တွဲလောင်းခိုနေကြကြောင်း တွေ့လိုက်ရသည်။ သူတို့သည် အနီရောင်အဝတ်များကို ဝတ်ဆင်ထားပြီး အလွန်အမင်း ပျော်ရွှင်နေကြဟန် ရှိသည်။ ကံကောင်းခြင်းကို ယူဆောင်လာပေးမည့် အဆင်တန်ဆာများကိုလည်း အများအပြား ဝတ်ဆင်ထားကြသည်။

“ဘယ်သူမှ ငါ့ကို မကူချင်ကြဘူးလား၊ အဲဒီဝိုင်အိုးထဲက အကောင်သာ ထွက်လာရင် မင်းတို့အားလုံး သေကြမှာပဲ”

ကောင်းမင်က အံကြိတ်လိုက်သည်။ သူသည် အစွမ်းကုန် တောင့်ခံထားပြီးမှ နောက်ဆုံးမိနစ်တွင် ဘေးသို့ ခုန်ရှောင်လိုက်သည်။

တံခါးကြီး ပွင့်ထွက်သွားပြီးနောက် အသားများဖြင့် ဖန်တီးထားသော လက်များသည် တံခါးနှင့် အနီးဆုံးရှိ ဧည့်သည်များကို ရစ်ပတ်ကာ အခန်းထဲသို့ ဆွဲခေါ်သွားတော့သည်။ ထိုဧည့်သည်များသည် အော်သံပင် မထွက်နိုင်ကြပေ။ စားသောက်ပွဲကြီးမှာမူ ဆက်လက်ကျင်းပနေသည်။ ဧည့်သည်အများစုသည် ပျော်ရွှင်စရာ လေထုထဲတွင် နစ်မြုပ်နေကြဆဲ ဖြစ်သည်။

“ထန်အိမ်တော်က ဧည့်သည်တိုင်းဟာ အနက်ရောင်ချည်မျှင်တွေကတစ်ဆင့် အကြီးအကဲထန်နဲ့ ဆက်သွယ်ထားကြတယ် ၊ ဒီမှာရှိတဲ့သူတွေကတော့ ပျော်ရွှင်မှုတွေကြောင့် အသိစိတ်လွတ်ကုန်ကြပြီ”

အိုးထဲရှိ မကောင်းဆိုးဝါးက ဧည့်သည်များကို ဝါးမျိုလိုက်သည်။ ၎င်းအပေါ်ရှိ ချိတ်ပိတ်မှုက လျော့ရဲလာသော်လည်း မဒမ်ရှီမှာမူ ပေါ်မလာသေးပေ။ ဤအချက်ကြောင့် ကောင်းမင်သည် အိမ်တော်ကြီး၏ အနက်ရှိုင်းဆုံးနေရာရှိ ခန်းမဆောင်ကြီးနှင့် မဒမ်ရှီ၏ အိပ်ခန်းရှိရာသို့ လှမ်းကြည့်ရန် သတ္တိရှိသွားသည်။

All Chapters