ပွေ့ဖက်နေကြသော အလောင်းများ
Vol. 38 Ch. 565
“ရှီအိမ်တော်နဲ့ ပတ်သက်ပြီး တခြားဘာတွေ သိသေးလဲ”
ကောင်းမင်သည် မြေပြင်မှ ထရပ်လိုက်သည်။သူက ပိုင်ဖုန်းနှင့် ဘေးကင်းသော အကွာအဝေးတစ်ခုတွင် ခပ်ခွာခွာ ရပ်လိုက်သည်။
“ဒီညမှာ ရှီနတ်ဘုရားက လက်ထပ်ပွဲကျင်းပတော့မယ် ဆိုတာပဲ ငါသိတယ် ၊ ဒီမှာရှိတဲ့သူအားလုံး ကောင်းချီးပေးခံရလိမ့်မယ် ၊ သူတို့တွေက ကပ်ဘေးဆိုးတွေကနေ ကင်းဝေးကြလိမ့်မယ်”
ပိုင်ဖုန်း၏ ဦးနှောက်ထဲတွင် တဝီဝီမြည်သံများ ထွက်ပေါ်နေသည်။ သူမသည် အတော်ကြာအောင် စဉ်းစားနေရသည်။ သူမ၏ မျက်လုံးများထဲတွင် အနီရောင်လိုင်းများ ပေါ်လာသော်လည်း သူမကိုယ်တိုင်မူ သတိမထားမိချေ။
ကောင်းမင်က နောက်သို့ နောက်ထပ်တစ်လှမ်း ဆုတ်လိုက်သည်။ သူသည် သူ့တာဝန်ကို မေ့မထားပေ။
“ခင်ဗျား ဒီမှာ ကျန်းမင်လီဆိုတဲ့ လူတစ်ယောက်ကို တွေ့ခဲ့သေးလား”
ကောင်းမင်သည် ကျန်းမင်လီ၏ ရုပ်ရည်သွင်ပြင်ကို ပိုင်ဖုန်းအား ဖော်ပြလိုက်သည်။ အံ့ဩစရာကောင်းသည်မှာ ပိုင်ဖုန်းက ခေါင်းညိတ်ပြပြီး အရေးကြီးသော သဲလွန်စတစ်ခုကို ပေးလိုက်ခြင်းပင်။
“ဒီနေရာမှာ ညဘက်လူကြီးမင်းကို ရွေးချယ်တဲ့ မြေအောက်ခန်းတစ်ခု ရှိတယ် ၊ အဲဒီရဲ့ အနက်ရှိုင်းဆုံးနေရာက အရက်အိုးကြီးထဲမှာ စိမ်ထားခံရတဲ့ လူတစ်ယောက် ရှိတယ် ၊ သူက မင်းရှာနေတဲ့လူနဲ့ တူတယ်၊ အနည်းဆုံးတော့ သူ့မျက်နှာကပေါ့။ သူ့ကိုယ်ခန္ဓာကတော့...”
ပိုင်ဖုန်းက ခဏမျှ စဉ်းစားလိုက်သည်။
“သူ့မျက်နှာနဲ့ ခန္ဓာကိုယ်က လိုက်ဖက်မနေဘူး ၊ ကြားရသလောက်တော့ သူက မဒမ်ရှီရဲ့ ပထမဆုံးခင်ပွန်းနဲ့ ပထမဆုံးသော ညဘက်လူကြီးမင်းပဲတဲ့”
ပိုင်ဖုန်း၏ စကားကြောင့် ကောင်းမင် မျက်မှောင်ကြုတ်သွားရသည်။ ရှီနတ်ဘုရားများက ကျန်းမင်လီ၏ အစိတ်အပိုင်းတစ်ခုကို ဖိနှိပ်ထားပုံရသည်။ ကျန်းမင်လီတွင် မည်သည့် ထူးခြားချက်များ ရှိနေသနည်း။
“ကျွန်တော်ကို အဲဒီကို ခေါ်သွားပေးနိုင်မလား”
ကောင်းမင် ထိုသို့ပြောလိုက်သည်နှင့် တံခါးအပြင်ဘက်မှ မက်မွန်ပွင့်မျက်ဝန်းနှင့် ရှီနတ်မင်းငယ်၏ စူးရှရှအသံ ထွက်ပေါ်လာသည်။
“အဓိကအခမ်းအနားတောင် မစရသေးဘူး၊ ဖယောင်းတိုင်က ဘာလို့ ငြိမ်းသွားတာလဲ ၊ ညဘက်လူကြီးမင်း... မင်း အထဲမှာ ရှိနေလား”
ပိုင်ဖုန်းနှင့် ကောင်းမင်တို့ အကြည့်ချင်း ဆုံသွားကြသည်။ သူမက ဖယောင်းတိုင်ကို ပြန်ထွန်းလိုက်သည်။
ဖယောင်းတိုင်အလင်းက နံရံပေါ်မှ စာလုံးများကို လင်းလက်သွားစေသည်။ ပြတ်တောက်သွားသော အနီရောင်ကြိုးများက ပြန်လည်လှုပ်ရှားလာကြသည်။ ပိုင်ဖုန်းမှာ တစ်စုံတစ်ခုကို အားတင်းအန်တုနေရသည့်အလား ပြင်းပြင်းထန်ထန် မျက်မှောင်ကြုတ်ထားသည်။ ပြတ်တောက်နေသော ကြိုးမျှင်များသည် မြွေများအလား ပိုင်ဖုန်း၏ ခြေထောက်များပေါ်သို့ တွားတက်လာပြီး သတို့သားဝတ်စုံထဲသို့ တိုးဝင်ရန် ကြိုးစားနေကြသည်။ ကောင်းမင်က သူမကို တွန်းထုတ်လိုက်သည်။ သူသည် အခန်းထဲရှိ အရာများအပေါ်တွင် အနည်းငယ်မျှ ငဲ့ညှာခြင်း မရှိပေ။ သူသည် အနီရောင်ကြိုးများကို ခြေဖြင့် နင်းချေလိုက်ပြီး စားပွဲပေါ်မှ ဖယောင်းတိုင်တိုင်ကို ကောက်ကိုင်လိုက်သည်။ ဖယောင်းတိုင်သည် တဖျတ်ဖျတ်ဖြစ်နေသည်။ အလင်းက ကုတင်ခေါင်းရင်းရှိ ကြီးမားလှသော ‘ရှီ’ စာလုံးပေါ်သို့ အလင်းပြန်နေသည်။
“ငါ့ရဲ့ ပျော်ရွှင်မှုကို နှိုးဆွချင်နေတာလား ၊မင်းတို့ရဲ့ ပျော်ရွှင်မှုတွေနဲ့ ငါ့ရဲ့ စိတ်ပျက်အားငယ်မှုတွေကို အစာကျွေးနိုင်မလား ကြည့်ကြသေးတာပေါ့”
ကောင်းမင်က ဖယောင်းတိုင်ဖြင့် ထိုစာလုံးကို ရှို့လိုက်သည်။ ဖယောင်းစက်များနှင့် ပြာများမှာ ကောင်းမင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်သွားပြီး သွေးနီရောင်မြို့တော်တက်တူးမှာ လောင်ကျွမ်းလာတော့သည်။ ယခင်က ပျော်ရွှင်ခြင်း အငွေ့အသက်များက ကောင်းမင်၏ နှလုံးသားကို လှုံ့ဆော်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ကောင်းမင်က ဦးဆောင်ကာ ရှီနတ်ဘုရား၏ အင်အားကို အသုံးချ၍ သူ့နှလုံးသားထဲရှိ လျှို့ဝှက်ချက်ကို အတင်းအဓမ္မ ဖွင့်ထုတ်ရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။
ချွေးစက်များ စီးကျလာသည်။ နာကျင်မှုကြောင့် ကောင်းမင်၏ မျက်နှာတွင် သွေးကြောများ ဖောင်းတက်လာလေသည်။ အခန်းထဲတွင် ပျော်ရွှင်မှုအားလုံးကို ဝါးမျိုနေသော ကြီးမားလှသည့် အနီရောင်မိစ္ဆာကြီးတစ်ကောင် ရှိနေသကဲ့သို့ပင်။
“ညဘက်လူကြီးမင်း၊ခင်ဗျား ရှိနေပါသလား ၊ မင်္ဂလာအချိန် ရောက်ပါပြီ ၊ မဒမ်ကို စောင့်ခိုင်းထားလို့ မဖြစ်ဘူးနော်”
“ရှီနတ်ဘုရား (၂၄) ပါးကို စုရုံးလိုက်စမ်း ၊ ငါးရောင်ခြယ်ချည်မျှင်တွေကို ပြင်ဆင်ထား၊ ထန်ကော်ကိုဖွင့်ထား၊ ဒေါင်းမြီးသရဖူနဲ့ ဝတ်ရုံတွေကို အဆင်သင့်လုပ်ထား၊ လက်ဝတ်လက်စား ငွေထည်တွေကိုလည်း ပြင်ထားလိုက်”
ပိုင်ဖုန်းက စကားရပ်လိုက်သည်။ သူမသည် တံခါးဘက်သို့ လှည့်၍ အော်ပြောလိုက်ခြင်း ဖြစ်သည်။ သူမသည် ကျန်သည့်အချက်များကို မမှတ်မိတော့သဖြင့် “အခုသွားတော့” ဟုသာ အဆုံးသတ်လိုက်သည်။
“ဟုတ်ကဲ့ပါ”
ရှီနတ်မင်းငယ်၏အသံ ပျောက်ကွယ်သွားသည်နှင့် အခန်းထဲမှ ဖယောင်းတိုင်အလင်းမှာလည်း ကွယ်ပျောက်သွားသည်။ ပိုင်ဖုန်းမှာ ဆတ်ခနဲ တုန်ယင်သွားသည်။ သူမသည် ဆန်းကြယ်သော အင်အားတစ်ခုကို တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ ထိုအင်အား၏ တည်ရှိမှုကို ရုတ်တရက် မခံစားရတော့ပေ။
သူမသည် ကောင်းမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ့နှလုံးသားမှ သွေးများ စီးကျနေလေသည်။ ဆူပွက်နေသော သွေးများမှာ ‘ရှီ’ စာလုံးမှ ပြာများနှင့် ရောနှောသွားသည်။ တက်တူးက သက်ဝင်လှုပ်ရှားလာသည်။ သူ၏ အရေပြားကို ကြည့်လိုက်ရုံဖြင့် သူမသည် တခြားကမ္ဘာတစ်ခုထဲသို့ လမ်းလျှောက်ဝင်သွားရသကဲ့သို့ ခံစားလိုက်ရသည်။
“ကောင်းမင်”
ပိုင်ဖုန်းက သူ့အား မရေမရာဖြင့် တွန်းလိုက်သည်။
ကောင်းမင်က မော့ကြည့်လာသည်။ သူ၏မျက်လုံးများတွင် သွေးကြောများ ယှက်သန်းနေသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အသားရနံ့တစ်ခု ထွက်ပေါ်လာသည်။ ထိုရနံ့သည် လူတစ်ယောက်၏ ဝမ်းဗိုက်ကို တဂွီဂွီ ဖြစ်သွားစေလောက်သည်။
“ငါ ပိုပြီး မှတ်မိလာပြီ ၊ အနက်ရှိုင်းဆုံးအဆင့် အိပ်မက်ဆိုးထဲမှာဆိုရင် ငါ့နှလုံးသားထဲမှာ ပိတ်လှောင်ထားတဲ့ အရာတွေကို လွှတ်ပေးဖို့ ချိတ်ပိတ်မှုကို ဖွင့်ရတာ ပိုလွယ်ပုံရတယ်”
ကောင်းမင်က သူမြင်ခဲ့ရသည်များကို ပိုင်ဖုန်းအား မပြောပြပေ။ သူ၏မျက်လုံးများမှာ ကြည်လင်မှု အနည်းငယ် လျော့နည်းသွားသည်။၎င်းသည် ခံစားချက်များဖြင့် ပိုမို လေးလံလာသည်။
“မင်းရဲ့ နှလုံးသားထဲမှာ ဘာရှိနေတာလဲ”
“အနီရောင်ဝတ်စုံနဲ့ တစ္ဆေတစ်ကောင်လည်း ဖြစ်နိုင်သလို၊ လက်မောင်းရှစ်ချောင်းနဲ့ နတ်ဘုရားတစ်ပါးလည်း ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် သေဆုံးသွားတဲ့ ကျွန်တော်ရဲ့ မရေမတွက်နိုင်တဲ့ ဗားရှင်းတွေလည်း ဖြစ်နိုင်တယ် ၊ ဒါမှမဟုတ် အနီရောင် မြို့တော်ကြီးတစ်ခုလည်း ဖြစ်နိုင်တာပဲ”
ကောင်းမင်က အရည်ပျော်နေသော ဖယောင်းတိုင်တိုင်ကို လွှင့်ပစ်လိုက်သည်။
“ကျွန်တော် မသိတော့ဘူး ၊ကျွန်တော် ဒါကို ဆက်ပြီး ရှာဖွေသင့်သလား မသိတော့ဘူး ၊ ဒါက တကယ်ပဲ မှန်ကန်တဲ့ လုပ်ရပ်လား”
“အခုကျမှ ဘာလို့ တွေဝေနေရတာလဲ”
“လက်တွေ့ဘဝက ကျွန်တော့်ကို စိတ်မပျက်စေခဲ့ဘူး ၊ အနည်းဆုံး အခု ကျွန်တော့်ဘဝက အဆင်ပြေနေတာပဲလေ ၊ ဒါပေမဲ့ ကျွန်တော်သာ ဆက်ပြီး တူးဆွနေရင် ဘေးကပ်ဆိုးတွေ အကုန်ပြန်ရောက်လာပြီး နာကျင်မှုတွေက ကျွန်တော့်ပုခုံးပေါ် ပြန်ကျလာနိုင်တယ်”
မှတ်ဉာဏ်အပိုင်းအစများမှာ ကောင်းမင်၏ စိတ်ထဲသို့ တိုးဝင်လာသည်။ သူ၏နှလုံးသားထဲမှ အက်ကြောင်းမှာ ပိုမိုကျယ်ပြန့်လာနေသည်။
“နာကျင်မှုနဲ့ စိတ်ပျက်အားငယ်မှုဆိုတာ အကြောင်းမဲ့ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး ၊ မင်းမှာ နာကျင်မှုတွေ လျော့ပါးနေတယ်ဆိုရင် အပြစ်မဲ့တဲ့ တစ်စုံတစ်ယောက်က မင်းအတွက် အဲဒါတွေကို ထမ်းပိုးပေးနေတယ်လို့ ဆိုလိုတာပဲ”
ပိုင်ဖုန်းက ခဏမျှ တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။
“မင်း ပိုင်ရှောင်နဲ့ ပိုင်ချောင်ကို မြင်ခဲ့လား”
“သူတို့က ငါ့နှလုံးသားထဲမှာ ရှိနေသလိုပဲ... သူတို့တင် မကဘူး၊ တခြားသူတွေ အများကြီးလည်း ရှိသေးတယ်...”
လမ်းမပေါ်မှ ဗြောက်အိုးသံများ ပေါက်ကွဲထွက်ပေါ်လာသည်။ ကောင်းမင်၏ ကျန်ရှိသော စကားလုံးများသည် ထိုဆူညံသံများကြားတွင် နစ်မြုပ်သွားတော့သည်။ မည်သူမျှ မကြားလိုက်ရချေ။
“မင်္ဂလာအချိန် ရောက်ပြီ ၊ ငါ မဒမ်ရှီနဲ့ လက်ထပ်ဖို့ သွားရတော့မယ်”
ပိုင်ဖုန်းက ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။
“ငါ ဧည့်သည်တွေနဲ့ ရှီနတ်ဘုရားတွေကို အာရုံလွှဲထားဖို့ အစွမ်းကုန် ကြိုးစားမယ် ၊ အဲဒီအချိန်အတွင်း မင်းက မြေအောက်ခန်းထဲက ကျန်းမင်လီကို သွားကယ်ပါ ၊ မဒမ်ရှီက ညဘက်လူကြီးမင်းတွေကို အဝတ်အစားတွေလို သဘောထားပေမဲ့ ပထမဆုံးညဘက်လူကြီးမင်းကိုတော့ တန်ဖိုးထားပုံရတယ် ၊ သူ့ကို အသက်ရှင်လျက် ထားထားတာ အကြောင်းရင်းတစ်ခု ရှိရမယ်”
ပိုင်ဖုန်းသည် ကြေးမုံမှန်ရှေ့တွင် သူမ၏ အဝတ်အစားများကို ပြင်ဆင်လိုက်သည်။ သူမ တံခါးကို ဖွင့်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မည်သူမျှ မရှိကြောင်း သေချာသည့်အခါမှ ကောင်းမင်ကို လက်ပြနှုတ်ဆက်ပြီး ခန်းမဆောင်ကြီးဆီသို့ တစ်ယောက်တည်း လျှောက်သွားလိုက်သည်။
စားသောက်ပွဲကြီးမှာ တလိပ်လိပ်ထနေသော သွေးပင်လယ်ကြီးနှင့် တူလှသည်။ ပိုင်ဖုန်းသည် ထိုမုန်တိုင်းထဲမှ လှေငယ်လေးတစ်စင်းအလားပင်။ ရှီနတ်မင်းငယ် (၂၄) ပါးသည် ခန်းမဆောင်ကြီးထဲတွင် စုဝေးနေကြသည်။ ကောင်းမင်က နောက်ဖေးခြံထဲသို့ လမ်းရှာကာ ဝင်ရောက်သွားခဲ့သည်။ နောက်ဖေးခြံသည် အလွန်သန့်ရှင်းနေလေသည်။ ခြံဝင်းအတွင်းတွင် ဆိတ်လေးကောင်ကို မွေးမြူထားသည်။ ၎င်းတို့၏ မျက်လုံးများမှာ တောက်ပနေပြီး လူသားမျက်လုံးများနှင့် တူလှသည်။
သူ မြေအောက်ခန်းအဖုံးကို မတင်လိုက်သောအခါ ဆိုးရွားလှသော အနံ့ဆိုးတစ်ခုက သူ့ကို တိုက်ခိုက်လိုက်သည်။ ရှီအိမ်တော် တစ်ခုလုံးသည် သင်းရနံ့များဖြင့် ပြည့်နှက်နေခြင်းဖြစ်သည်။ သစ်သားနံ့များပင် အံ့ဩဖွယ်ကောင်းသည်။သို့သော်ငြား မြေအောက်ခန်းမှာမူ အလွန်တရာ နံစော်နေသဖြင့် ကျန်နေရာများနှင့် သိသိသာသာ ကွာခြားနေပေသည်။
ကောင်းမင်က ကြေးမုံမှန်ကို ထုတ်လိုက်သည်။ မှန်ထဲမှ အလင်းပြန်မှုအရ မြေအောက်ခန်းလှေကားထစ်များမှာ လူသေအလောင်းများ၏ ကျောပြင်များဖြစ်နေပြီး လက်ရန်းများမှာ အရိုးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် လှေကားထစ်များအတိုင်း ဆင်းသွားလိုက်သည်။ မြေအောက်ခန်းထဲတွင် တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသော အလောင်းများဖြင့် ပြည့်နှက်နေလေသည်။
အချို့သည် လက်ချင်းချိတ်ထားကြပြီး အချို့မှာ တစ်ဦးကိုတစ်ဦးဆီ ရောက်နိုင်ရန် ကြိုးစားနေကြပုံရသည်။ ချစ်သူစုံတွဲများ၊ မိသားစုများနှင့် သူငယ်ချင်းများအကြားရှိ ချစ်ခြင်းမေတ္တာများကို အထင်အရှား မြင်တွေ့နေရသည်။ သေဆုံးနေသူများ၏ မျက်နှာတွင် ပျော်ရွှင်မှုနှင့် အပြုံးများဖြင့် လွှမ်းမိုးနေလေသည်။ သေခြင်းတရားကို ကြောက်ရွံ့ခြင်း မရှိသလို၊ နာကျင်မှု သို့မဟုတ် စိတ်ပျက်အားငယ်မှုများလည်း မရှိကြပေ။
မြေအောက်ခန်းသည် အိပ်မက်ချိုးဖျက်မြို့တွင် အမှောင်မိုက်ဆုံးနှင့် အနံစော်ဆုံး နေရာဖြစ်နိုင်သော်လည်း ၎င်းတွင် ထူးခြားသော အလှတရားတစ်ခု ရှိနေလေသည်။ သေခြင်းတရားသည် ကြောက်စရာဟု မခံစားရတော့။ ကောင်းမင်ပင်လျှင် သေခြင်းတရားကို တောင့်တမိသလို ဖြစ်သွားသည်။ သို့သော် ထိုအန္တရာယ်ရှိသော အတွေးကို သူချက်ချင်း ဖယ်ထုတ်လိုက်သည်။
ကောင်းမင်သည် အလောင်းများကြားမှ လျှောက်သွားလိုက်သည်။ သူသည် ထိုအလောင်းများထဲမှ တစ်ခုကို မတော်တဆတိုက်မိလိုက်သောအခါ သူ၏စိတ်ထဲတွင် သူတို့၏ လှပသော မှတ်ဉာဏ်များနှင့် ပျော်ရွှင်မှုများကို ခံစားလိုက်ရလေသည်။