← Chapters

ကိုးပုံတစ်ပုံ

Vol. 38 Ch. 567

ကိုးပုံတစ်ပုံ

Vol. 38 Ch. 567

“လမ်းကြောင်းကို ဖျက်ဆီးလိုက်ပြီးတဲ့နောက် သူတို့က မြို့တော်ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးပြည့်စုံသောဘဝကို တားမြစ်ဂိမ်းအဖြစ် သတ်မှတ်လိုက်ကြတယ် ၊ လူပေါင်း သောင်းနဲ့ချီကိုလည်း ဦးနှောက်ခွဲစိတ်မှုတွေ လုပ်ခဲ့ကြတယ် ၊ အဲဒီလိုနဲ့ သူတို့ဟာ ကုမ္ပဏီနဲ့ အာဏာကို ပြန်လည်ရယူခဲ့ကြတာပေါ့။

“သူတို့ အရာအားလုံးကို အောင်နိုင်သွားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့တွေဟာ အမြဲတမ်း ကြောက်ရွံ့စိတ်တွေနဲ့ နှိပ်စက်ခံနေရတာကို ငါသိတယ် ၊ ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်က ရုတ်တရက် ပြန်လာမလား၊ ဒါမှမဟုတ် မပြောသင့်သူတွေ ကမ္ဘာပေါ်ကို ဆင်းသက်လာမလားဆိုပြီး သူတို့ အမြဲစိုးရိမ်နေကြတာ ၊ ဒါကြောင့်လည်း သူတို့ဟာ သရဲတွေ၊ မိစ္ဆာတွေ၊ စိတ်ဝိညာဉ်နဲ့ ဦးနှောက်ပိုင်းဆိုင်ရာတွေကို အစွမ်းကုန် သုတေသနလုပ်ခဲ့ကြတယ် ၊ ဖိုင်တွေထဲမှာ မှတ်တမ်းတင်ထားတဲ့ မပြောသင့်သူတိုင်းဟာ သူတို့ရဲ့ သုတေသနပစ်မှတ်တွေ ဖြစ်လာကြတယ် ၊ အဲဒီအချိန်မှာပဲ မသေဆေးက သီးသန့်ဌာနတစ်ခု ဖွဲ့စည်းပြီး ဦးနှောက်လောကဂိမ်းစမ်းသပ်မှုတွေကို စတင်ခဲ့တော့တာပဲ။”

“သူတို့က အိပ်မက်တွေကို သုံးပြီး အနက်ရှိုင်းဆုံးကမ္ဘာဆီက စွမ်းအင်တွေကို စုပ်ယူဖို့ ကြိုးစားခဲ့ကြတယ် ၊ ကမ္ဘာ့ကယ်တင်ရှင်ရဲ့ လူတွေ ပြန်မလာနိုင်အောင်လည်း လမ်းကြောင်းတိုင်းမှာ အစောင့်အကြပ်တွေ အထပ်ထပ် ချထားခဲ့ကြတယ်”

ထိုလူသည် စကားများစွာ ပြောလိုက်ရသဖြင့် ပင်ပန်းနွမ်းနယ်သွားသည်။ သူ၏နှုတ်ခမ်းများတွင် ဒဏ်ရာလေးများ ပွင့်ထွက်လာလေသည်။ သို့သော် သူ မရပ်ရဲပေ။ နောက်ထပ် အခွင့်အရေး မရတော့မှာကို သူ ကြောက်သည်။

“အဲဒီနောက်မှာ ဦးနှောက်လောကဂိမ်းရဲ့ ဗဟိုချက်မဖြစ်မယ့် အိပ်မက်ချိုးဖျက်မြို့ ကို တည်ဆောက်ဖို့ ငါ့ကို တာဝန်ကြီးတစ်ခု ပေးအပ်ခဲ့ကြတယ်။

“အိပ်မက်ချိုးဖျက်မြို့ဟာ အိပ်မက်လို့ခေါ်တဲ့ မပြောသင့်သူနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတာ ၊ ရွာအဝင်က ကျောက်စာတိုင်ကို မင်းမြင်ခဲ့တယ်မဟုတ်လား၊ အဲဒါရဲ့ မူလအခြေအနေက အိပ်မက်ချန်ထားခဲ့တဲ့ ယဇ်ပလ္လင်တစ်ခုပဲ ၊ ငါတို့က လူပေါင်းများစွာရဲ့ အိပ်မက်တွေကို ပေါင်းစပ်ပြီး အဲဒီနတ်ဘုရားရဲ့ စွမ်းအားကို ပြန်လည်ဖန်တီးနိုင်ဖို့ မျှော်လင့်ခဲ့ကြတာ။

“အဲဒါက အရမ်းအန္တရာယ်များခဲ့တယ် ၊ အိပ်မက်ဆိုးပေါင်းများစွာကို ပေါင်းစပ်ဖို့ ကြိုးစားရတာက ငါတို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲ ၊ အဲဒီအချိန်မှာပဲ ကမ္ဘာ့ကယ်တင်ရှင်ရဲ့ အင်အားစုတွေထဲက တစ်ယောက်ဖြစ်တဲ့ ကျန်းမင်လီဆီမှာ အိပ်မက်ရဲ့ တည်ရှိမှု အငွေ့အသက်တွေ ရှိနေတာကို တွေ့လိုက်ရတယ်။

“လျှို့ဝှက်ချက်မှတ်တမ်းတွေအရ ကျန်းမင်လီဟာ အိပ်မက်ရဲ့ အသိစိတ်ပင်လယ်ထဲမှာ နေထိုင်ခဲ့ဖူးတယ် ၊ သူဟာ လူသားတစ်ယောက်ရဲ့ အချစ်အပေါ် တောင့်တမှုကို ကိုယ်စားပြုပြီး မယိမ်းယိုင်တဲ့ စိတ်ဆန္ဒရှိသူပဲ။

“ငါတို့က သူ့ဇနီးရဲ့ ရောဂါကို ကုပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့ကို အိပ်မက်ချိုးဖျက်မြို့ထဲ ရောက်အောင် လှည့်ဖျားခဲ့ကြတယ် ၊ သူ့ရဲ့ အသိစိတ်ထဲကို အိပ်မက်ဆိုးတွေအားလုံး ချုပ်လုပ်ထည့်သွင်းပြီး သူ့ကို နှိပ်စက်ခဲ့ကြတယ် ၊ အိပ်မက်ရဲ့ ယဇ်ပလ္လင်ကို နှလုံးသားအဖြစ် သုံးပြီး ကျန်းမင်လီရဲ့ ပြုပြင်မွမ်းမံထားတဲ့ ဝိညာဉ်ကို လက်ခံကောင်အဖြစ် သုံးပြီး အဆုံးမရှိတဲ့ အိပ်မက်ဆိုးတွေ ဆုံစည်းရာ ဒီမြို့ကြီးကို ငါတို့ ဖန်တီးခဲ့ကြတာပဲ”

“မင်း ဒီမြို့အကြောင်းကို သိလာတာနဲ့ ဒီမြို့ထဲမှာ အဲဒီမပြောသင့်သူရဲ့ ကံကြမ္မာဇယားတွေ ပါဝင်နေတာကို သတိထားမိလိမ့်မယ် ၊ အဆောက်အအုံအားလုံးကို ဓာတ်ငါးပါးပြောင်းပြန် အစီအရင်အတိုင်း တည်ဆောက်ထားတာ ၊ မြို့နေလူတွေကိုလည်း ရှီ ၊ ကျိ ၊ ယုံ၊ ချိုး နဲ့ ရှန်းဆိုပြီး နတ်ဘုရားအမျိုးအစားတွေထဲ ခွဲခြားထားတယ် ၊ အဲဒီနတ်ဘုရားတွေရဲ့ အရေအတွက်နဲ့ စွမ်းအားတွေဟာ အဲဒီမပြောသင့်သူရဲ့ ကံကြမ္မာ ရောင်ပြန်ဟပ်မှုပဲ”

ကောင်းမင်က လက်ကာပြလိုက်သည်။

“အိပ်မက်က လက်တွေ့ကမ္ဘာကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တာကို ခင်ဗျားတို့က သူ့ကို ပြန်ခေါ်ချင်နေကြတာလား”

“မင်းသာ အဲဒါကို ထိန်းချုပ်နိုင်သရွေ့ တစ်စုံတစ်ခုဟာဟာ အန္တရာယ်များလေလေ ပိုပြီး တန်ဖိုးရှိလေလေပဲ”

ထိုလူ ထိုသို့ပြောလိုက်ချိန်တွင် သူ၏အသံ၌ ဂုဏ်ယူဝင့်ကြွားမှု ရှိမနေပေ။ ဝမ်းနည်းမှုနှင့် နောင်တများသာ ပြည့်နှက်နေသည်။

“အိပ်မက်ချိုးဖျက်မြို့ဟာ အစတုန်းကတော့ အိုဟောင်းနေတဲ့ အိမ်ဟောင်းတစ်လုံးပဲ ၊ အိပ်မက်ဆိုးတွေကို ငါတို့ ဆက်လက်စူးစမ်းလာတာနဲ့အမျှ ဒီနေရာဟာ ဦးနှောက်လောကဂိမ်းရဲ့ ဗဟိုချက်မနဲ့ မသေဆေးကုမ္ပဏီရဲ့ ပြုပြင်မွမ်းမံမှု နည်းလမ်း (၁၃) မျိုးကို ဝှက်ထားတဲ့ လျှို့ဝှက်အခြေစိုက်စခန်း ဖြစ်လာခဲ့တာပဲ”

“ခင်ဗျား ဘာကြောင့် ဒီလို ဖြစ်သွားရတာလဲဆိုတာ မပြောရသေးဘူးနော် ၊ ကျုပ်သိသလောက်ဆိုရင် ခင်ဗျားက ရှီအိမ်တော်ရဲ့ ပထမဆုံး ညဘက်လူကြီးမင်း ဖြစ်သင့်တာပဲ”

ကောင်းမင်က သူ့ကို စစ်ဆေးလိုက်သည်။

“ပြီးတော့... ခင်ဗျားမှာ ဘာလို့ ကျန်းမင်လီရဲ့ မျက်နှာ ရှိနေတာလဲ”

“အထက်လူကြီးတွေက ငါဟာ အမှန်တရားကို သိသွားပြီဆိုတာရယ်၊ သူတို့ ဘာတွေလုပ်နေလဲဆိုတာ ငါရိပ်မိသွားပြီဆိုတာရယ်ကို သိသွားတဲ့အခါ... နောက်ပြီး အိပ်မက်ချိုးဖျက်မြို့က ငါမရှိဘဲ လည်ပတ်နိုင်ပြီဆိုတဲ့ အချိန်မှာ သူတို့က ငါ့ကို ဖယ်ထုတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ် ၊ ငါကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တဲ့ ဒီအကျဉ်းထောင်ထဲမှာ ငါ့ကို ပြန်ပိတ်လှောင်လိုက်ကြတာပဲ”

ထိုလူ၏ မျက်လုံးများတွင် အကူညီမဲ့မှုများ ပြည့်နှက်နေသည်။

“ငါ့မှာ ကျန်းမင်လီရဲ့ မျက်နှာ ဘာလို့ရှိနေလဲဆိုတာကတော့ အရမ်းရိုးရှင်းပါတယ် ၊ ကျန်းမင်လီကို ဖမ်းမိပြီးတဲ့နောက် သူက ငါတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ခဲ့တယ် ၊ ဒါကြောင့် ငါတို့က သူ့ရဲ့ ခံစားချက်တွေနဲ့ အသိစိတ်တွေကို (၉) ပိုင်း ခွဲပစ်လိုက်ကြတယ်”

“(၉) ပိုင်းတောင်လား ၊ အဲဒီလောက်တောင် များတာလား”

“ငါတို့မှာ ရွေးချယ်စရာ မရှိဘူးလေ၊ သူက အရမ်းသန်မာလွန်းတယ် ၊ သူ့ရဲ့ သူငယ်ချင်းတွေကလည်း သူ့ကို ကြောက်စရာကောင်းတဲ့ ကျိန်စာသင့်ပစ္စည်းတွေ အများကြီး ပေးထားကြသေးတယ် ၊ မသေဆေးက အရင်အမှားမျိုး ထပ်ဖြစ်မှာ ကြောက်လို့ အရမ်းသတိထားခဲ့ကြတာ”

ထိုလူက ခြောက်သွေ့နေသော သူ့နှုတ်ခမ်းများကို လျက်လိုက်သည်။

“သူ့ရဲ့ လောဘက အကြီးအကဲထန်ဆီမှာ ရှိတယ်၊ သူ့ရဲ့ ဒေါသကိုတော့ မြစ်စောင့်နတ်မင်းက ဖိနှိပ်ထားတယ်၊ သူ့ရဲ့ အသိစိတ်က ကျိနတ်ဘုရားတွေဆီမှာ ရှိပြီး၊ သူ့ရဲ့ စိတ်ပျက်အားငယ်မှုကိုတော့ ဘိုးဘေးခန်းမမှာ ကိုးကွယ်ထားကြတယ် ၊ သူ့ရဲ့ ခုန်နေတဲ့ နှလုံးကတော့ မြေအောက်မြစ်ထဲကို ကျသွားခဲ့ပြီ ၊ သူ့ရဲ့ အချစ်နဲ့ စွဲလမ်းမှုတွေကိုတော့ ကျောက်စာတိုင်တွေထဲကို ရိုက်သွင်းထားပြီး အိပ်မက်ဆိုးအမျိုးမျိုးကြားမှာ ရုန်းကန်နေတုန်းပဲ ၊ သူ့ရဲ့ ကတိစကားကို သော့တစ်ခုအဖြစ် ဖန်တီးထားတယ် ၊ ဒီဇိုင်းဆွဲသူအနေနဲ့ အဲဒီသော့က ငါ့ဆီမှာ ရှိနေသေးတယ် ၊ နောက်ဆုံးတစ်ခုကတော့ သူ့ရဲ့ ဆိုးယုတ်မှုပဲ၊ အဲဒါက ရွာထဲမှာ လှည့်လည်သွားလာနေတယ်လေ”

ထိုလူ၏ ရှင်းပြချက်များမှာ အလွန်အသေးစိတ်ကျသည်။ ကောင်းမင်သည် ကျောင်းတွင် သူတွေ့ခဲ့သော ကျန်းမင်လီမှာ ထိုလူ၏ ဆိုးယုတ်မှု အစိတ်အပိုင်း ဖြစ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ လူတစ်ယောက်၏ ဆိုးယုတ်မှု ထိုမျှလောက်အထိ ယဉ်ကျေးသိမ်မွေ့နိုင်ပါသလား။ သူသည် တကယ့်ကျောင်းတော်သားတစ်ဦးနှင့် တူလှသည်။ တားမြစ်ဂိမ်း ကစားသူတိုင်းသည် ကျန်းမင်လီနှင့် ပတ်သက်လျှင် ကောင်းသတင်းကိုသာ ပြောကြသည်။ ကောင်းမင်မှာ ထိုလူအပေါ် ပိုစိတ်ဝင်စားလာလေသည်။

“ငါသိသမျှ အကုန်လုံးကို မင်းကို ပြောပြပြီးပြီ ၊ အခုတော့ ငါ့ကို ယုံပြီလား”

ထိုလူသည် ကောင်းမင် ခေါင်းညိတ်ပြမည်ကို စောင့်မျှော်နေခြင်းဖြစ်သည်။

“ယုံပါပြီ”

ကောင်းမင်က ပြန်ဖြေလိုက်သည်။

“ကောင်းတယ် ၊ ဒါဆို အခု ထွက်သွားတော့ ၊ ဒီအမှန်တရားကို မင်းရဲ့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ ၊ ရှင်းလုမြို့မှာ နောက်ထပ် အပြောင်းအလဲကြီးတစ်ခု ပေါ်လာတဲ့အခါကျမှ ဒီအမှန်တရားကို ထုတ်ဖော်လိုက်ပါ”

ထိုလူက ကောင်းမင်ကို ထွက်သွားရန် တိုက်တွန်းလိုက်သည်။ ကောင်းမင်သည် မြေအောက်ခန်းထဲသို့ အမှတ်မထင် ရောက်လာသူဟု သူထင်နေခြင်း ဖြစ်သည်။ ကောင်းမင်က သူ့ကို လာကယ်သည်ဟု သူ မမျှော်လင့်ထားပေ။

“ကျုပ် ခင်ဗျားကို အပြင် ခေါ်သွားမယ် ၊ ကျန်းမင်လီက ခင်ဗျားကို ရှာနေတယ်”

ကောင်းမင်က သူ၏လက်နှစ်ဖက်စလုံးကို အိုးကြီးဆီသို့ လှမ်းလိုက်သည်။

“မလုပ်နဲ့ ၊ ငါတို့နှစ်ယောက်လုံး အသတ်ခံရလိမ့်မယ် ၊ ငါတို့ ထွက်မပြေးနိုင်ဘူး၊ ထွက်ပေါက်အားလုံးက မသေဆေးရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာ ၊ မင်းသာ အမှန်တရားကို သိသွားပြီဆိုတာ သူတို့ သိသွားရင် မင်းရဲ့ ခြေလက်တွေကို ဖြတ်ပြီး အိုးထဲမှာ ပိတ်လှောင်ပစ်ကြလိမ့်မယ်”

ထိုလူက ထိတ်လန့်တကြား အော်ပြောလိုက်သည်။

“ဒီနေရာကို ငါကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာ ၊ ဘယ်သူမှ ခွင့်ပြုချက်မရှိဘဲ ထွက်သွားလို့မရဘူး၊ မင်း ရှီအိမ်တော်ကနေတောင် လွတ်မှာမဟုတ်ဘူး ၊ အခုချက်ချင်း ပြေးတော့”

“မဒမ်ရှီ လက်ထပ်ပွဲ မပြီးသေးဘူး၊ ဒါက ကျုပ်တို့အတွက် အခွင့်အရေးပဲ”

ကောင်းမင်က အိုးကြီးတစ်လုံးလုံးကို မလိုက်သည်။ အိုးမှာ သေးငယ်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် အလွန်ပင် လေးလံလှသည်။

“မဒမ်ရှီ မရှိဘူးဆိုရင်တောင်၊ ရှီနတ်မင်းငယ် တစ်ယောက်ယောက်က မင်းကို မြင်သွားရင် မင်း သေမှာပဲ”

“မကြိုးစားကြည့်ဘဲနဲ့ ဘာလို့ လက်လျှော့ရမှာလဲ”

ကောင်းမင်၏ ကြွက်သားများ ဖောင်းကြွလာသည်။ သွေးနီရောင်မြို့တော် တက်တူးမှာလည်း နီရဲလာတော့သည်။ သူသည် အသားသစ်သီးကို စားသုံးထားသဖြင့် အိပ်မက်ဆိုးကမ္ဘာအတွင်းရှိ သူ၏ခွန်အားမှာ အဆမတန် တိုးတက်နေပြီ ဖြစ်သည်။

“မင်း သေချင်ရင်တောင် ငါ့ကို ဆွဲမထည့်နဲ့ကွ ၊ သူတို့က ငါ့ကို နှိပ်စက်ဖို့ တခြားနည်းလမ်းတွေ ရှာကြလိမ့်မယ် ၊ ငါ့ရဲ့ ခန္ဓာကိုယ်ကိုတောင် ချန်ထားမှာ မဟုတ်ဘူး ၊သူတို့က ငါ့ဦးနှောက်ကို ထုတ်ပြီး ဝါယာကြိုးတွေနဲ့ ချိတ်ဆက်ထားကြလိမ့်မယ်”

ထိုလူသည် အကြီးအကျယ် ကြောက်ရွံ့နေတော့သည်။ သို့သော် သူ ဘာမှမလုပ်နိုင်ပေ။ ကျန်းမင်လီက ကောင်းမင်ကို လွှတ်လိုက်သည်ဆိုသည်ကိုလည်း သူ မယုံကြည်ပေ။ ထိုမျှ ရူးသွပ်နေသည့် စမ်းသပ်သူတစ်ယောက်က ဘာဖြစ်လို့ ထိုဆိုးယုတ်မှုအပိုင်းအစလေးအတွက် အလုပ်လုပ်ပေးမှာလဲ။

“မင်းသာ ငါနဲ့ ပတ်သက်နေရင် လက်တွေ့ကမ္ဘာက မင်းရဲ့ မိသားစုတွေပါ ထိခိုက်ကုန်လိမ့်မယ်နော်”

ထိုလူက ကောင်းမင်အား စိတ်အေးအေးထားရန် ဖျောင်းဖြနေသည်။ ထိုစကားကို ကြားလိုက်သောအခါ ကောင်းမင်က ခဏမျှ တုံ့ဆိုင်းသွားသည်။ သို့သော် စက္ကန့်အနည်းငယ်အကြာတွင် ကောင်းမင်သည် အိုးကြီးကို စတင်၍ ထပ်မံရွှေ့ပြောင်းနေတော့သည်။

All Chapters