အမြင့်မားဆုံး လျှို့ဝှက်ချက်
Vol. 38 Ch. 570
“ငါ့ဓား၊ ငါ့ဓား၊ ရှာတွေ့ပြီဟေ့”
ကြီးမားလှသော မြွေဦးခေါင်းသည် တိရစ္ဆာန်အမျိုးမျိုးတို့၏ အစိတ်အပိုင်းများဖြင့် ဖွဲ့စည်းထားသည်။ ၎င်းသည် နွား သို့မဟုတ် ခွေးနှင့် တူသည်။၎င်းတစ်ကိုယ်လုံးတွင် အကြေးခွံများ ဖုံးလွှမ်းနေသည်။ မျက်လုံးများက မှုန်မှိုင်းနေသည်။
“ အရူးရှီပဲ၊ အရူးရှီက ငါ့လက်ဆောင်ကို ယူပြီး ငါ့ဓားကို ခိုးသွားတာ”
အသားတုံးကြီးများမှာ ကျောက်စာတိုင်အတိုင်း လျှောဆင်းလာသည်။ မြေပြင်နှင့် ထိလိုက်သည်နှင့် ၎င်းတို့သည် တုတ်ခိုင်သန်မာသော ခြေထောက်များအဖြစ် ပြောင်းလဲသွားသည်။စန်းကန်းအချိန် မရောက်သေးသဖြင့် ကောင်းမင်သည် သားသတ်သမား၏ ပုံသဏ္ဌာန်အပြည့်အစုံကို မမြင်နိုင်သေးပေ။ အသွေးအသားများဖြင့် တည်ဆောက်ထားသော ‘ကမ္ဘာ’ တစ်ခုကိုသာ မြင်နေရသည်။
“ရှီနတ်ဘုရားက ငါတို့ဓားကို ဘာလို့ခိုးရမှာလဲ ၊ ဒါ နားလည်မှုလွဲတာ ဖြစ်မယ်”
ထိုအသားပုံကြီးထဲမှ စူးရှရှအသံတစ်ခု ထွက်ပေါ်လာလေသည်။
“ငါတို့ ဒါကို သေချာစစ်ဆေးသင့်တယ်နော် ၊ အဘိုးကြီးထန်နဲ့ အခုလေးတင် တိုက်ခိုက်ထားရတာ... ငါတို့ မလုပ်သင့်...”
ထိုစူးရှရှအသံ စကားမဆုံးသေးခင် အသားအပိုင်းအစများဖြင့် ဖွဲ့စည်းထားသည့် ခြေထောက်တစ်စုံက မင်္ဂလာလှည့်လည်ပွဲဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ မြွေကြီး၏ အမြီးမှာလည်း မြေပြင်ပေါ်တွင် ရှည်လျားသော သွေးစွပ်ကြောင်းကြီးတစ်ခုကို ဆွဲချသွားသည်။
“သေစမ်း ၊ သေကြစမ်း ၊ မင်းတို့ရဲ့ အရေခွံတွေကို ခွာပြီး တိရစ္ဆာန်တွေထက်တောင် ညစ်ပတ်တဲ့ မင်းတို့ရဲ့ ဝိညာဉ်တွေကို အပိုင်းပိုင်းခုတ်ပစ်မယ်”
“စိတ်လျှော့ဦး”
“သေစမ်း”
တိရစ္ဆာန်အကြွင်းအကျန်များဖြင့် ဖွဲ့စည်းထားသော လက်ထဲတွင် လေးလံလှသော ဓားကြီးတစ်လက် ပေါ်လာသည်။ ဓားက လွှဲခုတ်လိုက်သည်။ မောင်းကိုင်ထားသော ရှီနတ်မင်းငယ်သည် အသားပုံအဖြစ် ကြိတ်ခြေခံလိုက်ရတော့သည်။
သားသတ်သမား၏ တိုက်ခိုက်မှုမှာ ခုတ်ထစ်ခြင်းထက် ပို၍ တိုက်ရိုက်ကျပြီး ရက်စက်လှသည်။
ကောင်းမင်သည် မူလက ရှီနတ်ဘုရားကို မမြင်ရသော်လည်း သားသတ်သမား၏ ဓားကျဆင်းလာသည့်အခါ မှုန်ဝါးနေသော လမ်းမပေါ်တွင် ဖယောင်းတိုင်အလင်းလုံးကြီး တစ်ခု ပေါက်ကွဲသွားသည်ကို မြင်လိုက်ရသည်။ ၎င်းထဲမှ အနီရောင်ချည်မျှင်များစွာ ပွင့်ထွက်လာသည်။
“သတ်”
ရှီနတ်မင်းငယ် သေဆုံးသွားသော်လည်း အနီရောင်ကြိုးမျှင်များမှာ ပျောက်ကွယ်မသွားပေ။ အချို့မှာ မြေကြီးထဲသို့ တွားဝင်သွားကြပြီး အချို့မှာ သားသတ်သမား၏ကိုယ်တွင် ကပ်တွယ်သွားကာ ကျန်တချို့မှာမူ တခြားရှီနတ်မင်းငယ်များဆီသို့ လှစ်ခနဲ ပြေးဝင်သွားကြသည်။
“မင်္ဂလာအချိန် ရောက်နေပြီ ၊ ငါတို့လမ်းကို ပိတ်တဲ့သူမှန်သမျှ သေရမယ်”
ပိုင်ဖုန်းသည် စက္ကူမြင်းဖြူတစ်ကောင်ကို စီးထားခြင်း ဖြစ်သည်။ သူမသည် ရှီနတ်ဘုရား ပူးကပ်ခံထားရသည့်အလား ခန့်ညားထည်ဝါနေလေသည်။
ပိုင်ဖုန်းဆီမှ ရှီနတ်ဘုရား၏ အငွေ့အသက်များအား ကောင်းမင်က စုပ်ယူထားလိုက်သည်ကို ရှီနတ်မင်းငယ်များ မသိကြချေ။ ပိုင်ဖုန်းက မီးလောင်ရာလေပင့်နေခြင်း ဖြစ်သည်။ သူမ၏ ရည်ရွယ်ချက်မှာ သားသတ်သမားနှင့် ရှီနတ်မင်းငယ်များကို တစ်ဦးနှင့်တစ်ဦး သတ်ဖြတ်အောင် တွန်းအားပေးရန်ပင်။
ရှီနတ်မင်းငယ်များသည် သူတို့ထဲမှ တစ်ယောက် အသတ်ခံလိုက်ရသော်လည်း ကြောက်ရွံ့မသွားကြပေ။ တကယ်တမ်းတွင်မူ သူတို့သည် စိတ်ဝင်စားစရာ တစ်စုံတစ်ခု ရှိနေသည့်အလား ပို၍ပင် တောက်ပစွာ ပြုံးလာကြသည်။ သူတို့က လက်များကို ဆန့်တန်း၍ ပြုံးနေကြသည်။ အနီရောင်လိုင်းများ ဖုံးလွှမ်းနေသော ဧရိယာတစ်ခုလုံးသည် ရှီနတ်ဘုရား၏ ပိုင်နက်ဖြစ်သွားပြီဖြစ်သည်။
“ကံကြမ္မာက ဒီကောင်းချီးမင်္ဂလာကို ရွေးချယ်လိုက်ပြီ”
အနက်ရောင်ဆံပင်များဖြင့် ပြုလုပ်ထားသော နတ်ကြိုးကြာက ပျံသန်းသွားသည်။ လူသားဦးခေါင်းပုံသဏ္ဌာန် ဘူးသီးခြောက်ကြီးမှာ အော်ဟစ်ငိုကြွေးလိုက်သည်။ ရှီနတ်မင်းငယ်များ၏ အနီရောင်ဝတ်ရုံများက လောင်ကျွမ်းလာသည်။ ပျော်ရွှင်ခြင်း အငွေ့အသက်များသည် အပ်များအဖြစ် ပြောင်းလဲသွားပြီး သားသတ်သမား၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားသည်။ အသားပုံကြီးထဲတွင် ရုပ်တုတစ်ခု ပေါ်လာလေသည်။ ၎င်းသည် ကြင်နာသနားတတ်သည့် ပုံသဏ္ဌာန်ရှိသည်။ လူများသည် ထိုရုပ်တုထံ၏ ကောင်းချီးမင်္ဂလာကို လက်ခံရန်အတွက် ၎င်း၏ရှေ့တွင် ဝပ်တွားဦးတိုက်ချင်စိတ်များ ထိန်းမနိုင်သိမ်းမရ ပေါ်လာကြသည်။
“ပေးကမ်းခြင်းနဲ့ လွတ်လပ်ခြင်း။ အဆုံးမရှိတဲ့ ပညာ။ ကြီးမြတ်တဲ့ ကရုဏာနဲ့ ကြီးမြတ်တဲ့ အလိုဆန္ဒများ။”
ရှီနတ်မင်းငယ်များ ရွတ်ဖတ်နေကြစဉ် ထိုရုပ်တုက သားသတ်သမား၏ ခန္ဓာကိုယ်ကို စတင်သိမ်းပိုက်လာလေသည်။ ကောင်းမင်သည် ထိုကဲ့သို့သော နည်းစနစ်မျိုးကို အရင်က မမြင်ဖူးချေ။ ယင်းသည် အလွန်အမင်း ထူးဆန်းသည်။
“သူတို့က တစ်ယောက်ကိုတစ်ယောက် ဝါးမျိုနေကြတယ် ၊ မသေဆေးရဲ့ ပြုပြင်မွမ်းမံမှုက ဒီလိုမျိုး ဖြစ်လာတာလား”
ကောင်းမင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ သားသတ်သမား အော်ဟစ်လိုက်သောအခါ ရှီနတ်ဘုရား၏ အငွေ့အသက်များ ပိုမိုပြင်းထန်လာလေသည်။ ဖြစ်နိုင်ခြေတစ်ခုက သူ့စိတ်ထဲသို့ ဝင်ရောက်လာသည်။ ကောင်းမင်က ထိုလူ၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။
“ခင်ဗျား ကျုပ်ကို လိမ်နေတာပဲ ၊ မသေဆေးက ဦးနှောက်လောကဂိမ်းအတွက် အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ခဲ့တာ မဟုတ်ဘူး ၊ သူတို့က အိပ်မက်ဆိုးတွေကို သုံးပြီး နတ်ဘုရားတွေကို ဖန်တီးချင်နေကြတာပဲ ၊ စမ်းသပ်သူအားလုံးက နတ်ဘုရားတွေကို ဖန်တီးဖို့အတွက် အာဟာရတွေပဲ”
ထိုလူက ယင်းကို မငြင်းပေ။ သူ၏အသံမှာ ကြမ်းရှနေသည်။
“ငါ မင်းကို မလိမ်ပါဘူး ၊ အစတုန်းက ငါ အိပ်မက်ချိုးဖျက်မြို့ကို တည်ဆောက်ခဲ့တဲ့ အဓိကအကြောင်းရင်းက ဒုတိယမြောက် ပြီးပြည့်စုံသောဘဝကို ဖန်တီးဖို့ပါပဲ ၊ အဲဒီနောက် ငါက မြေအောက်ခန်းထဲမှာ ပိတ်မိသွားခဲ့ရတာ”
ထိုလူ၏ မျက်လုံးများထဲတွင် ခံစားချက်မျိုးစုံ ရောပြွမ်းနေလေသည်။
“ငါလည်း အသုံးချခံခဲ့ရတာပဲ ၊ သူတို့က ပြီးပြည့်စုံသောဘဝကို စိတ်မဝင်စားကြဘူး ၊ ဒါပေမဲ့ မပြောသင့်သူတွေရဲ့ စွမ်းအားကိုတော့ သူတို့ အရမ်းစိတ်ဝင်စားကြတယ်”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိုလူက နောက်ထပ် လျှို့ဝှက်ချက်တစ်ခုကို ထပ်ပြောပြလိုက်သည်။
“ပြုပြင်မွမ်းမံမှု (၁၃) မျိုးဆိုတာ အိပ်မက်ဆိုးထဲမှာ သန်မာလာဖို့ နည်းလမ်း (၁၃) မျိုးဖြစ်ရုံတင်မကဘူး အဲဒါက မပြောသင့်သူဖြစ်လာဖို့ အလားအလာအရှိဆုံး ဖြစ်တည်မှု (၁၃) ခုကိုလည်း ကိုယ်စားပြုတယ် ၊မသေဆေးနဲ့ ရှင်းလုမြို့က အထက်လူကြီးတွေက သူတို့ရဲ့ အရင်းအမြစ်တွေရဲ့ ထက်ဝက်ကို ဒီပရောဂျက်အတွက် သုံးထားကြတာ”
“တစ်ဝက်လား ၊ ကျန်တဲ့ တစ်ဝက်က ဘယ်နေရာမှာလဲ”
ကောင်းမင်က မျက်ခုံးပင့်လိုက်သည်။ သူသည် မသေဆေး၏ ဝှက်ဖဲများကို သိချင်နေခြင်းဖြစ်သည်။
“မင်း အဲဒါတွေကိုပါ လက်ဝါးကြီးအုပ်ချင်နေတာလား ၊ မင်း ရူးနေတာလား”
ထိုလူက ကောင်းမင်ကို အရူးတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
“ကျန်တဲ့ အရင်းအမြစ်တွေကိုတော့ တခြားပရောဂျက်တစ်ခုဆီ လွှဲပြောင်းပေးထားတယ် ၊ အဲဒီပရောဂျက်ရဲ့ လျှို့ဝှက်ချက်နဲ့ အရေးပါမှုက အိပ်မက်ချိုးဖျက်မြို့ထက်တောင် ပိုမြင့်တယ်”
“တခြား ပရောဂျက်လား”
“မင်း စူးစမ်းချင်နေမယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမဲ့ ငါလည်း အဲဒါအကြောင်း ဘာမှမသိဘူး... နာမည်ကလွဲရင်ပေါ့ ၊ အဲဒါကို ဟန်ဟိုင်းလို့ ခေါ်တယ်”
ထိုလူသည် အတော်ကြာအောင် စောင့်ဆိုင်းနေသော်လည်း မည်သည့်တုန့်ပြန်မှုက မကြားရပေ။ သူ ခက်ခက်ခဲခဲဖြင့် မော့ကြည့်လိုက်သောအခါ ကောင်းမင်၏ ထူးဆန်းသော မျက်နှာထားကို တွေ့လိုက်ရသည်။
“ဘာဖြစ်လို့လဲ”
“ဟန်ဟိုင်း၊ ငါ ဟန်ဟိုင်းကို မှတ်မိတယ်”
ပြင်းထန်သော နာကျင်မှုက သူ၏နှလုံးသားကို ဆွဲဆုပ်ထားသည်။ မရေမတွက်နိုင်သော ဝိညာဉ်များက ကောင်းမင်၏ နှလုံးသားကို ဆွဲကိုင်ထားသကဲ့သို့ ခံစားနေရသည်။ ထိုအခိုက်အတန့်တွင် ကောင်းမင်သည် မှောင်မည်းနေသော အနက်ရောင်ပင်လယ်ပြင်ကြီးတစ်ခုပေါ်တွင် ပေါ်နေလေသည်။ ပင်လယ်ထဲရှိ အလောင်းများသည် သူတို့အား သူလာကယ်မည်ကို စောင့်ဆိုင်းကြသည်။ သူသည် ထိုနေရာမှ လွတ်မြောက်လာနိုင်ခဲ့သည့် တစ်ဦးတည်းသောလူ ဖြစ်ပေသည်။
“အလင်းမဲ့မြို့တော်ကို ဟန်ဟိုင်းလို့ ခေါ်တယ်”
သူ၏ ရင်ဘတ်ထဲမှ အချုပ်အနှောင်များ ပြုတ်ထွက်သွားသည်။ သူသည် ပျောက်ဆုံးနေသော သူ့မှတ်ဉာဏ်များနှင့် ပိုမိုနီးကပ်လာပြီဖြစ်သည်။
“ဆိုတော့ မင်း အဲဒီအကြောင်းကို သိနေတာပဲ ၊ ငါ့ကို ဒီလိုလန့်အောင် မလုပ်ပါနဲ့လား”
ထိုလူသည် ကောင်းမင်၏ ထူးဆန်းသော အပြုအမူကို သတိထားမိသော်လည်း ထုတ်မပြောပေ။ သူသည် လူအ အဖြစ် ဟန်ဆောင်ခြင်း၏ အကျိုးကျေးဇူးကို သိသူဖြစ်သည်။
“ဟန်ဟိုင်းပရောဂျက်ကို ချန်ထားခဲ့တာက ကယ်တင်ရှင်ပဲ ၊ နောက်ပိုင်းကျ အဲဒါက အလျှို့ဝှက်ဆုံး ပရောဂျက် ဖြစ်လာခဲ့တယ် ၊ မင်းသာ ငါ့ရဲ့ အသိစိတ်ကို အပြင်ကို ခေါ်ထုတ်ပေးနိုင်ရင် ငါမင်းကို လမ်းပြပေးနိုင်တယ်”
“ဒါဆို ကျုပ်မှာ ခင်ဗျားကို ကယ်ဖို့ အကြောင်းပြချက်တစ်ခု ပိုတိုးလာတာပေါ့”
ကောင်းမင် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးများထဲမှ နီမြန်းမှုများကို ဖုံးကွယ်ထား၍ မရပေ။ သူ မအိပ်ရသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သဖြင့် သူသည် ကြောက်စရာ ကောင်းနေလေသည်။
“ဒါပေါ့ ၊ ငါတို့ တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ လိုတယ်လေ”
ထိုလူက သူ့အား စိတ်အေးအေးထားရန် ကြိုးစားလိုက်သည်။
ဝေါယာဉ်အပြင်ဘက်တွင်မူ သားသတ်သမား၏ ခန္ဓာကိုယ်မှ တိရစ္ဆာန်ဦးခေါင်းသစ်များ ထပ်မံပေါက်လာပြန်သည်။ သူသည် ပျော်ရွှင်မှုများကြားမှ လွတ်မြောက်နိုင်ခြင်း မရှိချေ။ ရှီနတ်ဘုရားကို တိုက်ခိုက်ရန်အတွက် သူသည် ကိုယ့်ကိုယ်ကိုနှိပ်စက်ခြင်းကို စတင်လုပ်ဆောင်သည်။ သူသည် အပြင်းထန်ဆုံးသော နာကျင်မှုကို အသုံးပြု၍ ပျော်ရွှင်မှုကို တိုက်စားပစ်ရန် ကြိုးစားနေသည်။ အနီရောင်ကြိုးများနှင့်အတူ ရှိနေသောအသားများကို သူကိုယ်တိုင် ဖဲ့ထုတ်ပစ်လိုက်သည်။ သားသတ်သမား၏ ရူးသွပ်သော ရယ်သံသည် ညအမှောင်ထဲတွင် ပဲ့တင်ထပ်လျက်ရှိနေသည်။
“မင်း ငါ့ကိုယ်ခန္ဓာကို သိမ်းပိုက်နိုင်မယ် ထင်နေတာလား”
ရှီနတ်မင်းငယ်များသည် ယိမ်းထိုးလျက် ရယ်မောနေကြသည်။ သူတို့သည် ကခုန်၍ အားပေးနေကြလေသည်။ သူတို့သည် ကမ္ဘာကြီး အဆုံးသတ်မည့်အချိန်ကို ပျော်ရွှင်စွာဖြင့် ကြိုဆိုနေကြသည်။
“ဒီမြို့မှာ ပုံမှန်လူတစ်ယောက်မှ မရှိဘူးပဲ”
ကောင်းမင်သည် သားသတ်ဓားနှင့် ဝေါယာဉ်အတွင်းမှ အဆင်တန်ဆာပစ္စည်းများကို ချွင်နန်၏ အဝတ်များထဲသို့ ပြန်ထည့်လိုက်သည်။
“မင်းပြောတာ အရမ်းမှန်တာပဲ”
ထိုလူက ကောင်းမင်ကို သေချာစိုက်ကြည့်ရင်း ပြောလိုက်သည်။
“ကျုပ်တို့ သွားကြစို့”
ကောင်းမင်သည် ထိုလူကို သူနှင့် ပိုကျပ်ကျပ် ချည်နှောင်လိုက်သည်။ သူသည် တံခါးကို ဆွဲကိုင်၍ မြို့ပုံစံကို မှတ်သားရန် ကြိုးစားလိုက်သည်။