← Chapters

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း (၉၈)

Vol. 10 Ch. 98

အခန်း။ ၉၈

ကျိရုရွှယ်သည် သတ္တမထပ်သို့ ပြန်ရောက်လာချိန်တွင် ဖခင်ဖြစ်သူမှာ ဆိုဖာပေါ်၌ လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ အခန်းထဲသို့ ဝင်လာသည်ကိုပင် သူက အနည်းငယ်မျှ တုံ့ပြန်ခြင်း မရှိပေ။

သူ၏ဖခင်မှာ ရှေ့သို့သာ စိုက်ကြည့်နေပြီး အနီးကပ်ကြည့်မှသာ သူ၏ သွေးရောင်လွှမ်းသော မျက်သူငယ်အိမ်များမှာ ဗလာကျင်းနေသကဲ့သို့ ဖြစ်နေသည်ကို သတိပြုမိသည်။ ကျိရုရွှယ်သည် ဖခင်ဖြစ်သူမှာ ဇွန်ဘီများကို ထိန်းချုပ်ရန်အတွက် အာရုံစိုက်နေရသဖြင့် သူ၏ခန္ဓာကိုယ်မှာ ခေတ္တမျှ သတိလွတ်နေသော အခြေအနေသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ချက်ချင်း သိလိုက်ရသည်။

“ဖေဖေ တစ်ခုခု ထူးထူးခြားခြားနဲ့ ထပ်ပြီး ကြုံနေရတာလား”

ပုံမှန်အားဖြင့် ဇွန်ဘီဘုရင်တစ်ပါးသည် ဇွန်ဘီများကို ထိန်းချုပ်နေစဉ်မှာပင် မိမိဘာသာ လှုပ်ရှားသွားလာနိုင်စွမ်း ရှိသည်။ သို့သော် ယခုကဲ့သို့ အခြေအနေမျိုးဖြစ်နေပါက ဖခင်ဖြစ်သူသည် ဇွန်ဘီတစ်ကောင်၏ ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဉ်အပြည့်အဝသွင်းကာ ကိုယ်တိုင်ဝင်ရောက် ထိန်းချုပ်နေခြင်းသာ ဖြစ်ရမည်။

ကျိရုရွှယ်သည် ဝရံတာသို့ အပြေးအလွှား သွားရောက်ကာ ပြတင်းပေါက်မှတစ်ဆင့် ရပ်ကွက်အတွင်းသို့ ငုံ့ကြည့်လိုက်သည်။ သူမ ထင်ထားသည့်အတိုင်းပင် နေရောင်ခြည်

ရပ်ကွက်၏ အဝင်ဝတွင် တစ်ဝက်ခန့် ပိတ်ဆို့နေခဲ့သော ဒုတိယအဆင့် တင့်ကားဇွန်ဘီကြီးမှာ ယခုအခါ ရှိမနေတော့ပေ။ ဤအချက်က ဖခင်ဖြစ်သူသည် ဒုတိယအဆင့် ဇွန်ဘီတစ်ကောင်ကို အသုံးပြု၍ တစ်နေရာရာတွင် လှုပ်ရှားနေကြောင်း ကျိရုရွှယ်အား ပိုမိုသေချာစေခဲ့သည်။

“ကြည့်ရတာ ဖေဖေ နောက်ထပ် ဒုတိယအဆင့် ဇွန်ဘီတစ်ကောင်နဲ့ ထပ်တိုးနေပြန်ပြီ ထင်တယ်”

“ဒီတစ်ခါကရော ဘယ်လိုမျိုး ဇွန်ဘီဖြစ်မလဲ။ ဒါပေမဲ့ ဖေဖေ့ရဲ့ အခုလက်ရှိ တိုက်ခိုက်ရေးအစွမ်းနဲ့ဆိုရင်တော့ အဆင်ပြေမှာပါလေ”

ဂါးး…ဂါး….ဂါးးးး

ခန်းကျီနှင့် အခြားသူများ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရသော ဒုတိယအဆင့် ဧရာမဇွန်ဘီကြီးမှာ ယခုအခါ အစွမ်းကုန် ရူးသွပ်နေပြီဖြစ်သည်။ ၎င်းတွင် အလွန်ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းရည် ရှိသော်လည်း ဤစွမ်းအားရှင်အဖွဲ့၏ စနစ်ကျသော ဟန့်တားနှောင့်ယှက်မှုများကြောင့် ထိရောက်သော တုံ့ပြန်မှုကို မပြုလုပ်နိုင်ဘဲ ဖြစ်နေရသည်။

ဒုတိယအဆင့် ဧရာမဇွန်ဘီကြီး၏ အရှိန်ပြင်းပြင်း ထိုးနှက်ချက်တိုင်းကို အဖွဲ့ခေါင်းဆောင်နှင့် ခန်းကျီတို့က ထိပ်တိုက်ရင်ဆိုင် တားဆီးနေကြသည်။ ဤဧရာမဇွန်ဘီမှာ အမှန်တကယ်ပင် စွမ်းအားကြီးမားလှရာ တစ်ခါတစ်ရံတွင် ခန်းကျီနှင့် အဖွဲ့ခေါင်းဆောင် နှစ်ဦးစလုံးကို တစ်ပြိုင်နက်တည်း နောက်သို့ လွင့်ထွက်သွားအောင်ပင် တွန်းထုတ်နိုင်စွမ်းရှိသည်။

သို့သော်လည်း ကင်းထောက်တာဝန်ယူထားသော စွမ်းအားရှင်က ဧရာမဇွန်ဘီ၏ လှုပ်ရှားမှုများကို နှောင့်ယှက်ရန် လေးမြှားများကို တိကျစွာ ပစ်ခတ်ပေးနေသည်။ အဖွဲ့၏ အပေးအယူမျှတသော ပူးပေါင်းဆောင်ရွက်မှုကြောင့် သူတို့သည် ဒုတိယအဆင့် ဧရာမဇွန်ဘီအား ခန်းကျီနှင့် အဖွဲ့ခေါင်းဆောင်တို့ကြားတွင်သာ ပိတ်မိနေစေပြီး အခြားသူများကို တိုက်ခိုက်ခွင့် မရအောင် တားဆီးထားနိုင်ခဲ့သည်။

ဒုတိယအဆင့်ဇွန်ဘီမှာ အလွန်အမင်း သန်မာလှသဖြင့် ခန်းကျီနှင့် အဖွဲ့ခေါင်းဆောင်တို့မှာ မကြာခဏဆိုသလို ဒဏ်ရာရရှိကြသည်။ သို့သော် အဖွဲ့အတွင်း၌ ကုသပေးနိုင်သော စွမ်းအားရှင်တစ်ဦး ပါဝင်နေခြင်းကြောင့် ဒဏ်ရာရရှိခဲ့လျှင်ပင် သူတို့၏ တိုက်ခိုက်ရေးစွမ်းရည်ကို လျင်မြန်စွာ ပြန်လည်ရရှိကြသည်။

ဒုတိယအဆင့် ဧရာမဇွန်ဘီ၏ ပြန်လည်ကုသနိုင်စွမ်းမှာလည်း အံ့မခန်းပင်။ လေးမြှားများစွာ အပစ်ခံရပြီး ကတုံးနှင့်လူ၏ တိတ်တဆိတ် ဓားချက်များကို အကြိမ်ကြိမ် ခံခဲ့ရသော်လည်း ၎င်းသည် လွယ်လွယ်နှင့် လဲကျမသွားပေ။ အဖွဲ့ခေါင်းဆောင်နှင့် ခန်းကျီတို့သည်လည်း ထိပ်တိုက်ရင်ဆိုင်နေစဉ်အတွင်း ဇွန်ဘီကြီး၏ ကိုယ်ပေါ်၌ ဒဏ်ရာအချို့ကို ဖန်တီးနိုင်ခဲ့သော်လည်း ထိုဆင့်ကဲဇွန်ဘီမှာ ဆက်လက်တောင့်ခံနေဆဲဖြစ်သည်။

သို့သော်လည်း အဖွဲ့သားများ၏ မနားတမ်း တိုက်ခိုက်မှုအောက်တွင် ဒုတိယအဆင့် ဧရာမဇွန်ဘီ မှာလည်း ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း ထင်ရှားလှသည်။ ၎င်း၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများ ကျန်းမာလာသည့် အရှိန်မှာ ယခင်ကထက် များစွာ နှေးကွေးသွားပြီး ကတုံးနှင့်လူ၏ ဓားမကြီးဖြင့် အပိုင်းခံထားရသော ဒဏ်ရာများမှာလည်း ယခုထက်တိုင် ပြန်မစိသေးပေ။

“ငါ့ရှေ့မှာ ဒူးထောက်စမ်း”

ဧရာမဇွန်ဘီနှင့် အဖွဲ့ခေါင်းဆောင်တို့ ထိပ်တိုက်ရင်ဆိုင်နေချိန်မှာပင် ခန်းကျီက နောက်တစ်ကြိမ် ချောင်းမြောင်းတိုက်ခိုက်လိုက်ပြီး သူ၏လက်ထဲမှ သံမဏိချောင်းဖြင့် ဇွန်ဘီကြီး၏ ဒူးဆစ်ကို အားကုန်လွှဲရိုက်လိုက်သည်။

ဂွပ်….

အရိုးကျိုးသွားသည့် ကြည်လင်သော အသံသည် လမ်းမတစ်လျှောက် ပဲ့တင်ထပ်သွားတော့သည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီ ၏ ကြီးမားလှသော ကိုယ်ထည်ကြီးမှာ ဟန်ချက်ပျက်ကာ မြေပြင်ပေါ်သို့ ဒူးတစ်ဖက် ထောက်ကျသွားလေတော့သည်။

အဖွဲ့သားများ၏ ဆက်တိုက်တိုက်ခိုက်မှုများကို ခံစားခဲ့ရပြီးနောက် ဒုတိယအဆင့် ဧရာမဇွန်ဘီကြီးသည် နောက်ဆုံးတွင် ဆက်လက်တောင့်မခံနိုင်တော့ပေ။

ခြေထောက်တစ်ဖက်တွင် ရရှိသွားသော ဒဏ်ရာက ဧရာမဇွန်ဘီအား အကြီးအကျယ် ထိခိုက်စေခဲ့သည်။ ၎င်း၏ လှုပ်ရှားမှုအရှိန်မှာ သိသိသာသာ လျော့ကျသွားပြီး ခြေထောက်မှ အထောက်အပံ့ မရတော့သည့်အတွက် တိုက်ခိုက်မှု အကြိမ်ရေနှင့် အရှိန်အဟုန်မှာလည်း များစွာ ကျဆင်းသွားရသည်။

ဤအခြေအနေက ပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်းအား ထိန်းချုပ်ထားနိုင်သော ရှင်သန်ကျန်ရစ်သူအဖွဲ့ကို ပိုမို အသာစီးရစေတော့သည်။ ဧရာမဇွန်ဘီကြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ကျသွားသည်ကို မြင်လိုက်ရသောအခါ အဖွဲ့သားများအားလုံး၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကြသည်။

သူတို့ရှေ့တွင် ရှိနေသည်မှာ အစစ်အမှန် ဒုတိယအဆင့် ဇွန်ဘီတစ်ကောင် ဖြစ်သည်။ အကယ်၍ ၎င်းကို အောင်မြင်စွာ သတ်ဖြတ်နိုင်ပြီး ဒုတိယအဆင့် အမြုတေကို ရရှိခဲ့မည်ဆိုပါက ရှင်သန်ကျန်ရစ်သူများစခန်းတွင် အခြေခံ ဆင့်ကဲပြောင်းလဲဆေးငါးပုလင်းနှင့် လဲလှယ်နိုင်မည်ဖြစ်သည်။ သို့မဟုတ်ပါက အလယ်အလတ် ဆင့်ကဲပြောင်းလဲဆေးတစ်ပုလင်းနှင့် လဲလှယ်၍ စွမ်းအားရှင်တစ်ဦးကို ဒုတိယအဆင့်သို့ တက်လှမ်းစေနိုင်မည် ဖြစ်သည်။

လက်ရှိအချိန်တွင် ရှင်သန်ကျန်ရစ်သူများအတွက် အင်အားတိုးမြှင့်ရန် တစ်ခုတည်းသောသော့ချက်မှာ ဤ ဆင့်ကဲပြောင်းလဲဆေးများပင်။ ထို့ကြောင့် လက်ရှိ ရှင်သန်ကျန်ရစ်သူများစခန်းတွင် ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီတစ်ကောင်၏ အမြုတေမှာ အလွန်ပင် အဖိုးတန်လှသည်။

ထိုငါးဦးမှာ အလွန်အမင်း စိတ်လှုပ်ရှားနေကြပြီး သူတို့၏ တိုက်စစ်မှာလည်း ပိုမိုပြင်းထန်လာသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် ကင်းထောက်နှင့် အဝေးပစ်နှောင့်ယှက်မှု တာဝန်ယူထားသော စွမ်းအားရှင်သည် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိထားမိလိုက်သည်။ သူ၏ ခြေထောက်အောက်ရှိ မြေပြင်မှာ အနည်းငယ် တုန်ခါလာသည်ကို ခံစားလိုက်ရခြင်းဖြစ်သည်။

ကမ္ဘာပျက်ကပ်နောက်ပိုင်းတွင် သူ၏ အာရုံခံစားနိုင်စွမ်းမှာ များစွာ မြင့်တက်လာခဲ့ရာ မြေပြင်တုန်ခါမှုနှင့် ဆူညံသံများကို ကြိုတင်သိရှိနိုင်သည်။ မကြာမီမှာပင် သူသည် လမ်းမ၏ အခြားတစ်ဖက်မှ ရောက်ရှိလာသော ဧရာမ သတ္တဝါကြီးတစ်ကောင်ကို လှမ်းမြင်လိုက်ရသည်။ ၎င်းမှာ ဧရာမဇွန်ဘီထက်ပင် ပိုမိုထွားကြိုင်းလှသော ကြောက်မက်ဖွယ် တည်ရှိမှုကြီး တစ်ခုပင်။

ထိုဒုတိယအဆင့် တင့်ကားဇွန်ဘီကြီးထံမှ ထွက်ပေါ်လာသော ဖိအားပေးနိုင်သည့် အငွေ့အသက်များက ကင်းထောက်စွမ်းအားရှင်ကို ဆွံ့အမှင်သက်သွားစေသည်။

“အားလုံး သတိထားကြ ဒုတိယအဆင့် တင့်ကားဇွန်ဘီတစ်ကောင် ထပ်လာနေပြီ”

သူတို့အဖော်၏ သတိပေးသံကို ကြားလိုက်ရသောအခါ တိုက်ပွဲဝင်နေသည့် စွမ်းအားရှင်အဖွဲ့ဝင်များ၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

ဘုန်း... ဘုန်း... ဘုန်း

သူတို့ အံ့အားသင့်နေစဉ်မှာပင် လုချွမ်း ထိန်းချုပ်ထားသော အာဖန်းသည် စစ်မြေပြင်အနီးသို့ အရာအားလုံးကို ကျော်ဖြတ်ကာ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ထည်ဝါလှသော ဒုတိယအဆင့် တင့်ကားဇွန်ဘီကြီး တဟုန်ထိုး ပြေးဝင်လာသည်ကို မြင်လိုက်ရသောအခါ စွမ်းအားရှင်အဖွဲ့မှာ ထိတ်လန့်သွားကြသည်။ သူတို့သည် ဧရာမဇွန်ဘီ တစ်ကောင်တည်းကိုပင် အချိန်အတော်ကြာအောင် အားကုန်သုံး၍ တိုက်ခိုက်နေရခြင်းဖြစ်ရာ နောက်ထပ် ဒုတိယအဆင့် ဇွန်ဘီတစ်ကောင်ကို ထပ်မံရင်ဆိုင်ရန်မှာ သူတို့အတွက် အကန့်အသတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အကယ်၍သာ ဤဇွန်ဘီသစ်နှင့် ထပ်တိုးမည်ဆိုပါက သူတို့အားလုံးအတွက် လွတ်လမ်းရှိတော့မည်မဟုတ်ပေ။

“တောက် ဒီလိုအချိန်ကျမှ နောက်ထပ် ဇွန်ဘီတစ်ကောင်နဲ့ ထပ်တိုးရတယ်လို့ကွာ”

သူတို့ထံသို့ ဦးတည်လာနေသော တင့်ကားဇွန်ဘီကြီးကို ကြည့်ရင်း အဖွဲ့ခေါင်းဆောင်မှာ ဒေါသတကြီး ရေရွတ်လိုက်မိသည်။ မည်မျှပင် နှမြောသော်လည်း အသက်ရှင်သန်ရေးအတွက် ဆုတ်ခွာရန် အမိန့်ပေးခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။

“ညီအစ်ကိုတို့... ငါတို့အသက်က ပိုအရေးကြီးတယ် မြန်မြန်ဆုတ်ကြ”

ခေါင်းဆောင်၏ အမိန့်အရ အဖွဲ့သားများသည် ဇွန်ဘီနှစ်ကောင်နှင့် ဝေးရာအရပ်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည်။

ဘုန်း... ဘုန်း... ဘုန်း

လုချွမ်း၏ ထိန်းချုပ်မှုအောက်ရှိ အာဖန်းသည် စစ်မြေပြင်သို့ ရောက်ရှိလာပြီဖြစ်သည်။ ဒုတိယအဆင့် ဆင့်ကဲဇွန်ဘီ နှစ်ကောင်မှာ ထိပ်တိုက်တွေ့ဆုံသည်နှင့် တစ်ဦးကိုတစ်ဦး ရန်လိုစွာ ဟိန်းဟောက်ကြတော့သည်။ ဒုတိယအဆင့် ဧရာမဇွန်ဘီသည် ထွက်ပြေးသွားသော ခန်းကျီနှင့် အဖွဲ့သားများကို လျစ်လျူရှုကာ အာဖန်းဆီသို့သာ တိုက်ရိုက် ပြေးဝင်သွား၏။ သို့သော်လည်း စွမ်းအားရှင်အဖွဲ့၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရထားသော ၎င်း၏ခြေထောက်မှာ ယိုင်နဲ့နေလေသည်။

၎င်းကို လုချွမ်း သတိပြုမိလိုက်ပြီးနောက် သူ၏နှုတ်ခမ်းတွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်လာသည်။ ထို့နောက် သူ၏လက်ထဲမှ သံမဏိတုံးကြီးကို အရှိန်အဟုန်ဖြင့် စတင်ဝှေ့ယမ်းလိုက်တော့သည်။ တစ်တန်ကျော်လေးသော သံမဏိတုံးကြီး လေထဲတွင် ဝှေ့ယမ်းလိုက်သည့် အသံမှာပင် ကြားရသူကို ကြက်သီးထစေရန် လုံလောက်လှသည်။

ဂျိမ်း….

အာဖန်း၏ တစ်ချက်တည်းသော ဝှေ့ယမ်းလိုက်မှုကပင် ဒုတိယအဆင့် ဧရာမဇွန်ဘီအား လွင့်

ထွက်သွားစေရန် လုံလောက်ခဲ့သည်။ မူလကပင် ဟန်ချက်မညီဖြစ်နေသော ဧရာမဇွန်ဘီမှာ သံမဏိတုံးကို ကိုင်ဆောင်ထားသည့် အာဖန်းကို ယှဉ်နိုင်စွမ်း လုံးဝမရှိပေ။

တစ်ချက်ပြီးတစ်ချက် ထိုးနှက်လိုက်ရာတွင် အာဖန်းသည် ဒဏ်ရာရထားပြီးသား ဧရာမဇွန်ဘီကို မြေပြင်ပေါ်သို့ အလဲထိုးနိုင်ခဲ့ပြီး ၎င်း၏ အရိုးများကို နေရာအနှံ့ ကျိုးကြေသွားစေခဲ့သည်။ တိတ်တဆိတ် ချောင်းကြည့်နေကြသော ခန်းကျီအပါအဝင် အဖွဲ့သားအားလုံးမှာ ဤမြင်ကွင်းကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

ဆံပင်ကို နောက်သို့သပ်တင်ထားသော အဖွဲ့ခေါင်းဆောင်မှာမူ ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်နေမိတော့သည်။

“မင်းတို့ ငါ့ကို နောက်နေတာလား ဇွန်ဘီတွေက ဘယ်တုန်းကစပြီး လက်နက်တွေ သုံးတတ်သွားတာလဲကွ”

All Chapters