← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း။ ၁၁၇

ပြန်လည်မွေးဖွားလာပြီးကတည်းက ကျိရုရွှယ်၏ စားသောက်မှုပုံစံမှာ အလွန်ပင် ငြီးငွေ့စရာကောင်းလှသည်။

သူမသည် ကလေးငယ်တစ်ဦးသာ ဖြစ်နေသေးသဖြင့် လုချွမ်းသည် နေ့စဉ်နို့မှုန့် သို့မဟုတ် ကြက်ဥထမင်းကြော်ကိုသာ ပြင်ဆင်ပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် ဆန်ပြုတ်ပျစ်ပျစ်လေးကို ချက်ကျွေးတတ်သည်။ ကျိရုရွှယ်၏ အသက်အရွယ်အရ ဤအရာများကိုသာ စားရမည်ဟု လုချွမ်းက အခိုင်အမာ ယုံကြည်ထားခြင်းဖြစ်သည်။ သမီးလေးကို ဟင်းသီးဟင်းရွက်များ ကျွေးချင်သော်လည်း ကမ္ဘာပျက်ကပ်အတွင်း လတ်ဆတ်သော အသီးအနှံများမှာ ရှားပါးလွန်းလှသည်။

လုချွမ်းက နေ့စဉ်မနားတမ်း ဂရုတစိုက် ပြင်ဆင်ပေးနေသော်လည်း အရာတစ်ခုတည်းကိုသာ ထပ်ခါတလဲလဲ စားနေရခြင်းမှာ မည်မျှပင် အရသာရှိစေကာမူ ကြာလာသောအခါ ပျို့အန်ချင်စရာ ဖြစ်လာတော့သည်။ ကျိရုရွှယ်မှာ ယခုရက်ပိုင်းအတွင်း စိတ်ပျက်အားလျော့လုနီးပါး ဖြစ်နေပြီး သူမ၏ တစ်ကိုယ်လုံးတွင် နို့မှုန့်နံ့နှင့် ကြက်ဥနံ့များသာ စွဲနေသည်ဟု ခံစားနေရသည်။

အသားအရသာနှင့် ဝေးကွာနေသည်မှာ ကြာပြီဖြစ်သဖြင့် အသားသည် မည်သို့သော အရသာရှိသည်ကိုပင် သူမ မေ့လျော့လုနီးပါး ဖြစ်နေပြီဖြစ်သည်။

ဂလု...

ရှေ့မှ ဧရာမ မျိုးရိုးဗီဇပြောင်းမြွေကြီးကို ကြည့်ရင်း သူမ၏မျက်လုံးလေးများမှာ ပျော်ရွှင်မှုကြောင့် လခြမ်းကွေးလေးများအလား ဖြစ်သွားရပြီး သွားရည်များမှာလည်း ပါးစပ်ထောင့်မှ တစိမ့်စိမ့် ကျလာတော့သည်။

“ဘုရားရေ... နောက်ဆုံးတော့ ငါ အသားစားရတော့မယ်”

“ဒီလောက်ကြာအောင် နို့မှုန့်တွေပဲ သောက်လာရတာ။ ဒီဧကရီ တစ်ယောက် ဒီနေ့တော့ အသားအရသာကို မြည်းစမ်းရတော့မယ်”

ကျိရုရွှယ်မှာ သွားရည်များကို အကြိမ်ကြိမ် မျိုချရင်း လုချွမ်း၏ အင်္ကျီလက်ကို ဆွဲကာ စိတ်

လှုပ်ရှားစွာ ပြောလိုက်သည်။

“ဖေဖေ... သမီး မြွေသားစားချင်တယ်”

ကျိရုရွှယ်၏ စိတ်ကူးထဲတွင် မြွေစွပ်ပြုတ် သို့မဟုတ် မြွေသားကင် စသည့် မြိန်ရှက်ဖွယ် ဟင်းလျာပေါင်းများစွာက ဝဲလည်နေတော့သည်။ အသားငတ်နေသော သူမအတွက် ထိုအရာများမှာ အကောင်းဆုံးသော အရသာများပင်။ သို့သော် သမီးလေး၏ တောင်းဆိုချက်ကို ကြားလိုက်ရချိန်တွင် လုချွမ်းမှာ ချက်ချင်း သဘောမတူဘဲ တွေဝေသွားတော့သည်။

ယနေ့အထိ ဤမျိုးရိုးဗီဇပြောင်း သားရဲကြီးများ၏ အသားကို လူသားများ စားသုံးနိုင်ခြင်း ရှိမရှိ လုချွမ်း အတည်မပြုနိုင်သေးပေ။ ထို့ကြောင့် သူသည် ထိုကဲ့သို့သော စွန့်စားမှုကို မလုပ်လိုဘဲ ဝန်လေးနေခြင်းပင်။

ဤကမ္ဘာလောကထဲသို့ ရုတ်တရက် ရောက်ရှိလာပြီး အကြောင်းပြချက်မရှိဘဲ ဇွန်ဘီတစ်ကောင် ဖြစ်လာခဲ့ရသည့် လုချွမ်းအတွက် ဤကမ္ဘာကြီး၏ အမှန်တရားမှာ ဘာလဲဆိုသည်ကို ယခုထက်တိုင် နားမလည်နိုင်သေးပေ။ သူသည် ဤနေရာရှိ လူသားများနှင့်ပင် ထိတွေ့ဆက်ဆံခွင့် မရရှိခဲ့သဖြင့် ကမ္ဘာပျက်ပြီးနောက်ပိုင်း သတင်းအချက်အလက်များကိုလည်း မသိရှိရပေ။

လုချွမ်းအနေဖြင့် အမှန်တကယ်ပင် မလောင်းကစားရဲပေ။ အကယ်၍ သမီးလေးသာ ဤမျိုးရိုးဗီဇပြောင်း သားရဲသားကို စားမိပါက မည်သို့သော ဘေးထွက်ဆိုးကျိုးများ ရှိလာနိုင်မည်ကို မည်သူမျှ မခန့်မှန်းနိုင်သောကြောင့်ပင်။

လုချွမ်း၏ မျက်နှာအမူအရာကို ကြည့်ပြီး ကျိရုရွှယ်မှာ ဖခင်ဖြစ်သူသည် ဤမြွေသားကို သူမစားနိုင် မစားနိုင် တွေးတောနေခြင်းကြောင့် တွေဝေနေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်သည်။ ဤသည်က သူမကို စိတ်ပူစေသည်။ သူမအနေဖြင့် မျိုးရိုးဗီဇပြောင်း သားရဲကြီးများ၏ အကျိုးသက်ရောက်မှုကို ကောင်းကောင်းသိရှိထားသောကြောင့် ဖြစ်သည်။

အမှန်စင်စစ် လူသားများသည် ဤမျိုးရိုးဗီဇပြောင်း သားရဲကြီးများ၏ သွေးနှင့် အသားကို စားသုံးနိုင်ရုံသာမက ၎င်းမှာ လူသားများအတွက် အလွန်ကောင်းမွန်သော အာဟာရဓာတ်ပင်။ အဘယ်ကြောင့်ဆိုသော် မျိုးရိုးဗီဇပြောင်း သားရဲကြီးများ၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်ဓာတ်များစွာ ပါဝင်နေသောကြောင့် ဖြစ်သည်။ အစောပိုင်းကာလ လူသားများ၏ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်းမှာ မျိုးဗီဇဆေးရည်များအပေါ် မှီခိုနေရသော်လည်း နောက်ပိုင်းတွင် အသက်ရှူသွင်းနည်းစနစ်များ ပေါ်ထွက်လာခဲ့သည်။

စွမ်းအင်ရယူနိုင်သော နောက်ထပ်နည်းလမ်းတစ်ခုမှာ ဤကဲ့သို့သော မျိုးရိုးဗီဇပြောင်း သားရဲသားများကို စားသုံးခြင်းပင်။ ကျိရုရွှယ်အနေဖြင့် ဤအချက်အလက်များကို သိရှိထားသော်လည်း သူမ၏ မူလအမှတ်အသားကို ဖခင်ဖြစ်သူအား မဖော်ပြရသေးသဖြင့် ဘယ်လိုရှင်းပြရမလဲဆိုသည်ကို မသိဖြစ်နေသည်။

“ဖေဖေ... သမီး အသားစားချင်တယ်။ ကျေးဇူးပြုပြီး သမီးကို မြွေသား ကျွေးပါနော်”

ကျိရုရွှယ်သည် လုချွမ်း၏ လက်မောင်းကို ဆွဲခါရင်း သနားကမား မျက်နှာလေးဖြင့် အသနားခံနေတော့သည်။ လုချွမ်းမှာ ဤမျှအရွယ်ငယ်သေးသော ကလေးလေးတစ်ဦးက အသားကို အသည်းအသန် တောင်းဆိုနေသည်ကို မြင်ရသဖြင့် အမှန်တကယ်ပင် အံ့အားသင့်သွားရသည်။

လုချွမ်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူအမြဲဆောင်ထားသော စာအုပ်နှင့် ဖောင်တိန်ကို ယူကာ ရေးလိုက်သည်။

“ချီချီလေး... မျိုးရိုးဗီဇပြောင်း သတ္တဝါတွေရဲ့ အသားမှာ မသိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်တယ်။ ဒါကြောင့် အရင်ဆုံး ဖေဖေက စားလို့ရ မရ အရင်စမ်းသပ်ကြည့်ပါရစေဦး”

ချီချီလေး အသားစားချင်နေသည်ကို မြင်လိုက်ရသောအခါ လုချွမ်းသည် အခွင့်အရေးရလျှင် လူသားရှင်သန်ကျန်ရစ်သူတစ်ဦးကို ရှာဖွေပြီး ဤအသားကို စမ်းသပ်ကျွေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုသို့ မျိုးရိုးဗီဇပြောင်းသားရဲများ၏ သွေးနှင့် အသားကို စားသုံးခြင်းက လူသားများအပေါ် မည်သို့သော အကျိုးသက်ရောက်မှု သို့မဟုတ် ပြောင်းလဲမှုများ ဖြစ်ပေါ်စေသလဲဆိုသည်ကို သူ စောင့်ကြည့်ရမည်ဖြစ်သည်။ အကယ်၍ ထိုရှင်သန်ကျန်ရစ်သူမှာ ဘာမှမဖြစ်ဘဲ ဘေးကင်းနေပါက နောင်တွင် သူသည် သမီးလေးနှင့်အတူ ဤကဲ့သို့သော သားရဲသားများကို စိတ်အေးလက်အေး စားသုံးနိုင်မည် ဖြစ်သည်။

ကလေးငယ်တစ်ဦး ကြီးထွားရန်အတွက် အာဟာရဓာတ်မျိုးစုံ လိုအပ်ကြောင်းကိုလည်း လုချွမ်း နားလည်ထားသည်။ နို့မှုန့်နှင့် ကြက်ဥမျှသာ ကျွေးနေခြင်းက အမှန်တကယ်ပင် မလုံလောက်လှပေ။

ယနေ့တွင် အသားမစားရသည့်အတွက် ကျိရုရွှယ် အနည်းငယ် စိတ်ပျက်သွားသော်လည်း အနည်းဆုံးတော့ သူမ၏ ဆန္ဒကို ဖခင်ဖြစ်သူအား သိအောင် လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။ နောင်တွင် အသားစားရမည့် အခွင့်အရေးရှိလာနိုင်သည်ကို တွေးမိရင်း ကျိရုရွှယ်မှာ ရုတ်တရက် အလွန်တရာ စိတ်လှုပ်ရှားသွားတော့သည်။

ရဲစခန်း၏ အပြင်ဘက်တွင်မူ...

မြေပုံငယ်လေးတစ်ခု၏ အပေါ်တွင် မှိန်ဖျော့သော သွေးရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်စက္ကန့်တွင် ထိုမြေပုံလေးမှာ စတင်လှုပ်ရှားလာတော့သည်။ ထို့နောက်တွင် မြေကြီးများပေကျံနေသော လက်တစ်ဖက်သည် မြေအောက်မှ အံ့ဩဖွယ်ကောင်းလောက်အောင် ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် ကျောက်လင်းသည် မြေပုံထဲမှ ဒဏ်ရာအနာတရ ကင်းစင်စွာဖြင့် ထွက်ပေါ်လာတော့သည်။ သူမ၏ ပတ်ဝန်းကျင်ရှိ ဖိအားမှာ ယခင်ကထက် များစွာ သိသိသာသာ ပိုမိုပြင်းထန်လာခဲ့ပြီ ဖြစ်သည်။ ကျောက်လင်း၏ လှပသော ပါးပြင်ပေါ်တွင် မြေကြီးများ ပေကျံနေပြီး သူမ၏ မျက်ဝန်းအစုံမှာမူ ဒေါသနှင့် အေးစက်မှုများဖြင့် ပြည့်နှက်နေတော့သည်။

ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ပြန်လည်တွေးတောရင်း ကျောက်လင်း၏ ရင်ထဲတွင် ဒေါသတရားများ တောက်လောင်လာသည်။ သူမ ကယ်တင်ခဲ့သော ရှင်သန်ကျန်ရစ်သူများ၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရလိမ့်မည်ဟု သူမ တစ်ခါမျှ မထင်မှတ်ခဲ့ပေ။

သေဘေးမှ ပြန်လည်နိုးထလာချိန်တွင် ကျောက်လင်း၏ ဒဏ်ရာများမှာ အကုန်လုံး ပျောက်ကင်းသွားခဲ့ပြီဖြစ်ရာ သူမ၏ ခြေထောက်များမှာလည်း ယခင်ကကဲ့သို့ပင် ပြန်လည် သန်စွမ်းဖျတ်လတ်သွားခဲ့ပြီ ဖြစ်သည်။

တောက်လောင်နေဆဲဖြစ်သော ရဲစခန်းကို စိုက်ကြည့်နေသည့် ကျောက်လင်း၏ မျက်လုံးများမှာ ရေခဲကဲ့သို့ အေးစက်နေတော့သည်။

ယခင်က နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော ဤရဲမေထံမှ ထူးဆန်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ထွက်ပေါ်နေပြီး ပတ်ဝန်းကျင်၏ အပူချိန်မှာလည်း သိသိသာသာ ထိုးဆင်းသွားခဲ့သည်။ ကျောက်လင်းသည် ရဲစခန်းအတွင်းသို့ အရှိန်ဖြင့် ဝင်ရောက်လာကာ တံခါးကို ကန်ဖွင့်လိုက်သည့်အခါတွင်မူ မီးကင်ထားသော လူသေအလောင်းကို ဝိုင်းဝန်းစားသောက်နေကြသည့် ရှင်သန်ကျန်ရစ်သူတစ်စုကို တွေ့လိုက်ရသည်။

မီးပုံပေါ်ရှိ အလောင်းမှာ အပိုင်းပိုင်းအစစ ဖြစ်နေသော်လည်း လူသားတစ်ဦး၏ ပုံသဏ္ဌာန်မှာ ထင်ရှားစွာ ရှိနေဆဲပင်။ ထို့အပြင် ကျောက်လင်းသည် အခန်းထဲတွင် ရှင်သန်ကျန်ရစ်သူ တစ်ဦး လျော့နည်းနေသည်ကိုလည်း သတိပြုမိလိုက်သည်။

သူမအနေဖြင့် ဤသူများကို ကယ်တင်ရန်အတွက် ဆင်းရဲဒုက္ခများစွာကို မည်သို့ကျော်ဖြတ်ခဲ့ရပုံ၊ မိမိကိုယ်ကိုပင် စတေးခဲ့ရပုံတို့ကို ပြန်လည်တွေးတောရင်း ကျောက်လင်း၏ ဒေါသမီးမှာ တဟုန်ထိုး တောက်လောင်လာတော့သည်။ သူတို့မှာ လူသားချင်းပြန်စားသော နတ်ဆိုးများသာ ဖြစ်နေခဲ့သည် မဟုတ်ပါလား။

ဇွန်ဘီဘုရင်၏ ဖမ်းဆီးခြင်းကို ခံရစဉ်ကပင် သူမသည် ရဲစခန်းရှိ လူများ၏ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် ဤအရာအားလုံး၏ ရလဒ်မှာ ရက်ရက်စက်စက် သစ္စာဖောက်ခံရခြင်းသာ ဖြစ်ခဲ့သည်။ ကမ္ဘာပျက်ကပ် စတင်ကတည်းက သူမနှင့် သူမ၏ ရဲလုပ်ဖော်ကိုင်ဖက်များသည် အသက်စွန့်ကာ ဤလူများကို ကယ်တင်ခဲ့ကြသော်လည်း ယခုမူ ထိုရဲဘော်ရဲဘက်များမှာ ဇွန်ဘီများ၏ လက်ချက်ဖြင့် မဟုတ်ဘဲ လူသားအသွင်ဆောင်သော နတ်ဆိုးများ၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

“တောက် သောက်သတ္တဝါတွေ”

“မင်းတို့လို အတ္တကြီးပြီး ကိုယ်ကျိုးပဲကြည့်တဲ့ နတ်ဆိုးတွေ အသက်ရှင်ဖို့အတွက် လူသားချင်းတောင် ပြန်စားကြတယ်ပေါ့။ ငါသာ သိခဲ့ရင် မင်းတို့ဘာသာမင်းတို့ ရှင်မလား သေမလား ပစ်ထားခဲ့ရမှာ... အဲဒီတုန်းက ဇွန်ဘီတွေ ဝိုင်းထားတဲ့ကြားမှာတင် သေသွားခဲ့သင့်တာ”

ကျောက်လင်း၏ အသံမှာ အလွန်ပင် စိမ့်တက်နေပြီး မီးပုံကြီးရှိနေလင့်ကစား အခန်းထဲရှိ လူများမှာ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။

“ကျောက်... အရာရှိကျောက် ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”

တံခါးဝရှိ ကျောက်လင်း၏ ပုံရိပ်ကို မြင်လိုက်ရချိန်တွင် အထဲရှိ ရှင်သန်ကျန်ရစ်သူများမှာ သရဲမြင်လိုက်ရသကဲ့သို့ အလွန်အမင်း ထိတ်လန့်သွားကြသည်။ အားလုံးက ကျောက်လင်းကို မယုံနိုင်စရာ ကောင်းလှသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြသည်။

“မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်တာ။ နင်က လူလား... သရဲလား”

ခုနကတင် လူသားအသားကို မြိန်ရေယှက်ရေ စားသောက်နေကြသော သူများသည် ထိတ်လန့်လွန်းသဖြင့် လက်ထဲမှ အသားကင်များကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်မိပြီး ခန္ဓာကိုယ်များမှာလည်း ထိန်းမနိုင်သိမ်းမရ တုန်ယင်လာတော့သည်။ အပိုင်းပိုင်း ဖြတ်တောက်စားသောက်ခြင်း ခံလိုက်ရသော ကျောက်လင်းသည် အသက်ပြန်ရှင်လာပြီး သူတို့ရှေ့တွင် ပြန်လည်ရပ်နေလိမ့်မည်ဟု မည်သူမျှ ကြိုတင်မခန့်မှန်းနိုင်ခဲ့ကြပေ။

All Chapters