← Chapters

အုပ်စုဖွဲ့တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းခြင်း

Vol. 40 Ch. 543

အုပ်စုဖွဲ့တိုက်ပွဲများတွင် ပြိုင်ဘက်ကင်းခြင်း

Vol. 40 Ch. 543

ဖုန်းလန်က ပေါ်ပေါက်လာပြီး ရေသူမျိုးနွယ်စုမှ နတ်ဆိုးဘုရင်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်လိုက်သောကြောင့် ရေသူနတ်ဆိုး ဧကရာဇ်အဖို့ တိုက်ပွဲကို ရှောင်လွှဲရန် နည်းလမ်း မရှိတော့ချေ။ သူဘာမှမလုပ်ခဲ့လျှင် ရေသူတပ်ဖွဲ့က ရှုံးနိမ့်မှာ သေချာနေ၏။ သူတို့ယခုလက်ရှိ ရှိနေသည့် အဖွဲ့ဝင်ငါးသောင်းထဲ၌ ရှုံးနိမ့်သွားခဲ့လျှင် ပင်လယ်သို့ အရေအတွက် မည်မျှများများ ပြန်သွားနိုင်မည်ဆိုတာကို နတ်ဘုရားသာ သိပေလိမ့်မည်။

သူတို့ယခုအချိန်တွင် ပြန်ဆုတ်သွားခဲ့လျှင် ရှေ့တန်းရှိ ရေသူမျိုးနွယ်များက သေကြေပျက်စီးပေလိမ့်မည်။ သူတို့က အရှုံးသမားများအနေဖြင့် ဤတိုက်ပွဲကို အဆုံးသတ်ရမှာ ဖြစ်သည်။ ယင်းက ရေသူနတ်ဆိုးဧကရာဇ် လိုချင်သည့်အရာ မဟုတ်ပေ။ ထို့ကြောင့် ဤနေရာတွင်သူက သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ပြီး ဖြစ်သည်။

“ဖုန်းမျိုးနွယ်စုရဲ့ မိန်းမပျက်လေး ဒီကိုလာပြီး ရင်ဆိုင်လိုက်”

မြေပြင်ပေါ်ရှိ လူသားများနှင့် ရေသူတပ်ဖွဲ့များက ဓားရေးယှဉ်နေပြီဖြစ်ရာ ဧကရာဇ်နှင့် ဧကရီတို့အဖို့ ဤနေရာ၌ ညှိနှိုင်းဆွေးနွေးနေစရာ အကြောင်းမရှိပေ။ မဟုတ်လျှင် သူတို့၏ မျိုးနွယ်စုအသီးသီးက သေချာပေါက် အမြစ်ပြတ် သုတ်သင်ရှင်းလင်း ခံရမှာပဲဖြစ်သည်။ ယင်းက နှစ်ဖက်လုံး မြင်ချင်သည့် အရာမဟုတ်ပေ။ အတိတ်တုန်းက ပညာရှင်များသည် ဝေဟင်တွင် မတိုက်ခိုက်ခင် အဆင့်တူ ပြိုင်ဘက်များကို ရှာပြီး တပ်ဖွဲ့များကမူ အောက်တွင် တစ်ယောက်နှင့်တစ်ယောက် တိုက်ပွဲဆင်နွှဲကြပေ၏။ ဤအလေ့အထက ဖွင့်ဆိုရှင်းပြခြင်း မပြုထားသည့် စည်းမျဉ်းတစ်ခု ဖြစ်လာပြီးသားဖြစ်သည်။

“ယွီလျို နတ်ဆိုးမျိုးနွယ်စုက လူတစ်ယောက်အနေနဲ့ နင်က ငါ့ရဲ့ လူသားမျိုးနွယ်စု နယ်ပယ်ထဲကို တကယ်ချိုးဖောက် ဝင်ရောက်ရဲတယ်ပေါ့ ငါ့မျိုးနွယ်စုဝင်တွေထဲကို နင်သတ်တဲ့ အချိန်ကစပြီး ငါတို့မျိုးနွယ်စုကြားက သွေးသစ္စာကို နင်ဖောက်ဖျက်ခဲ့ပြီးပြီပဲ ဖုန်းမျိုးနွယ်စုရဲ့ မျိုးဆက် ငါဖုန်းလန်က နင့်ကိုဒီနေရာမှာ မြေမြုပ်ပေးမယ် ရေသူမျိုးနွယ်စုဝင် အားလုံးကို သုတ်သင်ရှင်းလင်းပြစ်မယ် ဒီကိုလာပြီး ငါနဲ့တိုက်ခိုက်”

ဖုန်းလန်၏လက်ထဲရှိ ငွေရောင်ကြာပွတ်က ရိုင်းပျစွာ လွန့်လူးနေ၏။ ယခုအချိန်တွင် နေဝင်နေပြီဖြစ်သည်။ သို့သော် နေဝင်ဆည်းဆာအလင်းက ကမ္ဘာမြေပေါ် ဖြာကျနေပြီး ဖုန်းလန်၏ ငါးရောင်စုံ တိမ်ဝတ်ရုံပေါ်တွင် တောက်ပနေတော့သည်။ ယင်းက သူမ၏အလှတရားကို ထင်ရှားပေါ်လွင်စေပြီး ကောင်းကင်ထက်မှ သက်ဆင်းလာသော နတ်ဘုရားမ တစ်ပါးသဖွယ် သူမကို ထင်မှတ်ရစေ၏။ သူမခန္ဓာကိုယ် တစ်ဝိုက်ရှိ အရှိန်အဝါက ကြောက်မက်ဖွယ်ကောင်းကာ သူမအောက်ရှိ ရေသူမျိုးနွယ်စုဝင် အားလုံးကို အပြည့်အဝ ဖိနှိပ်ထားသည်။ အရှိန်အဝါက သန်မာလွန်းသောကြောင့် သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတစ်ခုကိုမှ မလှုပ်နိုင်ခဲ့ပေ။ သူမသည် တာအိုအက်ကွဲမှုပုံစံကို သန့်စင်ခြင်းဖြင့် ကောင်းကင်ဧကရာဇ်နယ်ပယ်သို့ ရောက်လာတာဖြစ်သည့်တိုင် သူမကို အထင်မသေးသင့်သေးပေ။

ဝှစ်

သူမပြောနေစဉ် ဖုန်းလန်က အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ထဲသို့ တက်သွားတော့၏။ မှုန်မှိုင်းမှိုင်း ကောင်းကင်ထဲတွင် ကောင်းကင်ကိုဖြတ်လျက် ကြယ်ကြွေတစ်စင်းနှင့် ဆင်တူနေတော့၏။ ယင်းက အင်မတန် လှပသော မြင်ကွင်းတစ်ခု ဖြစ်နေသည်။

“အား ယား ယား”

ရေသူနတ်ဆိုး ဧကရာဇ်ကလည်း ပုံရိပ်ယောင်အဖြစ် အသွင်ပြောင်းသွား၏။ သူက ဖျတ်ခနဲ ကောင်းကင်ထဲသို့ တက်သွားပြီးနောက် ပျောက်ကွယ်သွားတော့၏။

“ရေသူမျိုးနွယ်စုရဲ့ နတ်ဆိုးဘုရင်တွေ ဒီကိုလာပြီးတော့ ဒီသခင်မနဲ့ တိုက်ခိုက်ကြ”

ချင်ယွီက အစိမ်းရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်နှာထက်တွင် တင်းမာသောအကြည့် ရှိနေ၏။ ပြီးနောက် သူမ၏လက်ထဲတွင် လှံရှည်တစ်လက်ကိုလည်း ကိုင်ဆောင်ထားသည်။ ဒေါသထွက်နေသော လေသံနှင့်အတူ သူမ၏ နုနယ်သော လေသံဖြင့် အော်လိုက်၏။ နတ်ဆိုးဘုရင်များက လေထဲသို့ လျှင်မြန်စွာ တက်လာပြီးနောက် သူတို့ကချင်ယွီကို တိုက်ခိုက်ကြတော့သည်။

“ဒီအရူး သူက နတ်ဆိုး မျိုးနွယ်စုနဲ့ တကယ်တိုက်ခိုက်ချင်နေတာပဲ၊ သူ့ကိုယ်သူ အထင်ကြီးလွန်း မနေဘူးလား”

ကျန်းရီက လူသားမျိုးနွယ်စု တပ်ဖွဲ့ကြားထဲ၌ ပုန်းနေတာဖြစ်သည်။ ကောင်းကင်ထဲရှိ ချင်ယွီကိုကြည့်ပြီး ဆွံ့အသွားတော့သည်။ သူက ဧရာမအနီရောင်ကျားကို လိုက်စီးနေပြီး သူ့နားတစ်ဝိုက်တွင် အမျိုးသမီး တပ်သားများရှိ၏။ ထိုအနေအထားက သူ့ကိုအင်မတန် မျက်စိဖမ်းစားနိုင်စွမ်း ရှိပုံပေါ်စေပြီး အလွန်ထူးဆန်းနေပေတော့သည်။ သို့သော် ချင်ယွီ၏ ရန်ရွှေတော်က ကျန်းရီကို လိုက်ပါစောင့်ကြပ်ရန် အမိန့်ပေးထားပြီးသား ဖြစ်သောကြောင့် သူမ၏အမိန့်ကို သူတို့ မဆန့်ကျင်ရဲချေ။

“ဝူး ဝူး”

နတ်ဆိုးဘုရင်များ လေထဲသို့ တက်သွားသည်နှင့် သူတို့အားလုံးက လေထဲရှိ လူသားများကို ခုန်အုပ်တော့သည်။ အနည်းဆုံးတော့ နတ်ဆိုးဘုရင် အကောင်တစ်ရာရှိကာ သူတို့ထဲတွင် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင် အကောင်သုံးဆယ်လည်းရှိသည်။ သူတို့က မရပ်မနားသော အရှိန်အဟုန်ဖြင့် ကောင်းကင်ထဲသို့ တစ်ဟုန်ထိုး တက်သွားကြရာ လူတိုင်း၏ နှလုံးခုန်နှုန်းက မြန်လာတော့သည်။

လူသားမျိုးနွယ်စုအတွက်မူ သူတို့အတွက်၌ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် သုံးဆယ်သာရှိသည်။ ဗာဂျရာနယ်ပယ် ဆဋ္ဌမအဆင့် အထက်တွင်ရှိသည့်သူက ၁၅ယောက် မပြည့်ပေ။

ခွန်အားအရာတွင် ကွာဟချက်က ကြီးမားနေ၏။

မူလက မဟူရာဖီးနစ်မြို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် တစ်ရာကျော်ရှိသည်။ သို့သော် ဖုန်းလန်က သူတို့ထဲမှ လူများစွာကို ယခင်က စေလွှတ်ခဲ့ပြီးဖြစ်သည်။ နတ်ဆိုးဘုရင်များစွာက သူတို့ကို တစ်ပြိုင်နက် ဝင်ရောက်တိုက်ခိုက်ချိန်တွင် သူတို့က အပြည့်အဝ ဖိနှိပ်ခံရတော့၏။ သူတို့ဘာမှမလုပ်နိုင်ဘဲ စိတ်ပျက်အားငယ်စွာ ကျိန်ဆဲရုံသာ တတ်နိုင်သည်။

မည်သူကမှ ဖုန်းလန်သည် ရန်သူကိုတိုက်ခိုက်ရန် ရုတ်တရက် ဆုံးဖြတ်ချက်ချရတာကို နားမလည်ကြပေ။ မဟူရာ ဖီးနစ်မြို့ထဲရှိ တပ်သားတစ်ဝက်ကျော်ကို ကျန်သည့်နေရာသို့တောင် ရွေ့ပြောင်းခဲ့သေးသည်။ အဆုံးတွင်မူ ဖုန်းလန်က ဧကရီဘုရင်မဖြစ်သောကြောင့် သူမ၏ဆုံးဖြတ်ချက်ကို မည်သူကမှ အမေးမထုတ်ရဲချေ။ သူတို့က သေသည်အထိ တိုက်ပွဲဝင်ရုံသာ တက်နိုင်၏။

“ကောင်းပြီ။ ဒီမှာတစ်ယောက်ယောက်ရှိလား”

ကျန်းရီက အရပ်မျက်နှာအနှံ့မှ ကောင်းကင်ထဲသို့ တက်သွားသော နတ်ဆိုးဘုရင်များကို မြင်သည့်အချိန်တွင် သူ၏ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်၏။ ပုန်းကွယ်နေသော နတ်ဆိုးဘုရင်များ မရှိတာကို အတည်ပြုပြီးနောက် သူကသူစီးနင်းလိုက်ပါနေသော အနီရောင်ကျား၏ ကျောပေါ် ခပ်ဖော့ဖော့ နင်းလိုက်တော့၏။ ခြောက်မီတာခန့် မြင့်မားသည့်ကျားက မြေပြင်ပေါ် ဝပ်တွားလျက် ကျန်းရီ၏ခန္ဓာကိုယ်က အထက်သို့တက်သွားသည်။

ဘီး

ကျန်းရီက လေထဲတွင်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ သားရဲသံချပ်ကာက လေထဲတွင် လူးလွန့်နေသည်။ အင်မတန် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ တည်ရှိမှုက ထိုနယ်တစ်ဝိုက်ကို လွှမ်းခြုံသွားသည်။ အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် လေထဲတွင်ရှိသော ၂၅မီတာခန့်မြင့်မားသော နတ်ဆိုးဘုရင်များက တစ်ချက်မှ မလှုပ်နိုင်ဘဲ သူတို့၏အစိမ်းရောင် မျက်လုံးထဲတွင် ကြောက်ရွံ့သည့်အကြည့် ရှိနေ၏။

“ဒါက”

လေထဲရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက တိုက်ခိုက်ရန် အသင့်ပြင်ထားပြီးသားဖြစ်ကာ နတ်ဆိုးဘုရင်များနှင့် သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားပြီးသားဖြစ်၏။ ယခုအချိန်တွင် သူတို့က မလှုပ်နိုင်ရာ သူတို့စိတ်ဝိညာဉ်ထဲမှ အကြောက်တရားတို့ ကြီးစိုးလာတော့သည်။ ခန္ဓာကိုယ်က အားနည်းနေပြီး သူတို့၏ အတွင်းအားများကလည်း ဖရိုဖရဲ ဖြစ်လာတော့၏။ ကောင်းကင်ထဲရှိ ပုံရိပ်များအားလုံးက ယင်ကောင်များသဖွယ် ကျဆင်းလာတော့သည်။

သူ့ရဲ့အရည်အချင်းက ဒီလောက်ကြီးမားတဲ့ ဧရိယာကို လွှမ်းနိုင်စွမ်းရှိတယ်လား။ သူက ကြီးမားတဲ့ တိုက်ပွဲထဲမှာ တကယ်ပြိုင်ဘက်ကင်းတာပဲ။

ချင်ယွီလည်း ကျလာပြီး သူမ၏ချယ်ရီပမာ နှုတ်ခမ်းက ပွင့်ဟလျက် သူမမျက်လုံးထဲတွင် ထိတ်လန့်အံ့အားသင့်သည့် အကြည့်ရှိနေသည်။ ကျန်းရီ၏ သတ်ဖြတ်ခြင်းဆန္ဒ ခွန်အားကို ရှင်းရှင်းလင်းလင်း သိ၏။ သူမသည် ဖိနှိပ်ခြင်း ခံခဲ့ရဖူးသည်။ သို့သော် ယင်းက ဝိညာဉ်ရေးရာ တိုက်ကွက်တစ်ခုဟုသာ တွေးခဲ့တာဖြစ်ပြီး သူက လူတစ်ဦးထဲကိုသာ ပစ်မှတ်ထားနိုင်တာဟု ထင်ခဲ့တာဖြစ်သည်။ အုပ်စုလိုက်ကို တိုက်ခိုက်နိုင်လိမ့်မည်ဟု သူမတစ်ခါမှ မတွေးခဲ့မိဘူးပေ။

ကျန်းရီက ဖုန်းလန်ကို နတ်ဆိုးမျိုးနွယ်စု၏ တပ်ဖွဲ့ကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့စဉ်က သူမသည်သူ့ကို အမေးမထုတ်ရဲခဲ့ချေ။ ချင်ယွီနှင့် ဖုန်းလန် နှစ်ဦးလုံးက တိုက်ပွဲထဲတွင် သေရန်အသင့် ပြင်ထားပြီးသားဖြစ်ကာ သူတို့က လွတ်လပ်မှု အငွေ့အသက်ကို ခံစားမိသည်။ သူတို့က လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးကို ပစ်ချမိလိုက်သည့်ပမာ သေဆုံးပြီးနောက် သူတို့က ကျန်းရီ၏ကျွန်များဖြစ်ရန် မလိုတော့ချေ။

ရေသူမျိုးနွယ်စု၏ ပညာရှင်များက ကောင်းကင်ထဲရှိ တိမ်များပမာ များပြားလွန်း၏။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ် ထွက်ခွာသွားပြီးတိုင်း သူတို့၏ အောင်မြင်နိုင်ခြေက များစွာမပြောင်းလဲသွားပေ။ ဖုန်းလန်သည် မဟူနာဖီးနစ်မြို့မှ ပညာရှင်များစွာကို မလွှတ်ခဲ့လျှင် သူတို့က ရပ်တည်နိုင်ရန် အခွင့်အရေး တစ်ခုရှိသေး၏။

ကျန်းရီက ကွင်းပြင်ထဲ ဝင်လာသည့်တိုင် ချင်ယွီက သူသည် တိုက်ပွဲ၏ရလဒ်ကို များများစားစား ပြောင်းပေးနိုင်မှာ မဟုတ်ဟု တွေးခဲ့သည်။ အလွန်ဆုံးက နတ်ဆိုးဘုရင်များစွာကို သတ်ဖြတ်နိုင်ရုံသာ ရှိလိမ့်မည်။ သူမ မတွေးခဲ့မိသည်က ကျန်းရီက လှုပ်ရှားသည်နှင့် နတ်ဆိုးဘုရင် အကောင်တစ်ရာကို ဖိနှိပ်နိုင်လိမ့်မည် ဆိုတာပဲဖြစ်သည်။

သွေးနီရောင် မျက်လုံးများဖြင့် သူက ကောင်းကင်ထဲသို့ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်ခြင်းဆန္ဒဖြင့် တက်လာလျက် ကျဉ်းမြောင်းပြီး ရှည်လျားသော မီးနဂါးဓားကို လက်ထဲတွင် ကိုင်ဆောင်ထားသည်။ ကျန်းရီက ပြိုင်ဘက်ကင်းသော စစ်နတ်ဘုရားတစ်ပါးနှင့် တူနေပြီး ချင်ယွီကမူ စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှု နှစ်မျိုးလုံးကြောင့် တုန်ယင်လာတော့သည်။

သူတို့ကို ထိုလူက ယနေ့တွင် အောင်ပွဲဆီသို့ ဦးဆောင်ခေါ်သွားမည်ဟူသော မဖော်ပြနိုင်သော ခံစားချက်တစ်ခု သူမတွင် ရှိနေသည်။

“ချီး ချီး”

ကျန်းရီက ချင်ယွီနှင့် အောက်ရှိတပ်ဖွဲ့ကို နိုင်လွန်မင်းထက် ပြုမူခြင်းဟူသည်က မည်သည့်အရာမှန်း ပြသရန် သူ၏လှုပ်ရှားမှုများကို အသုံးပြုခဲ့သည်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းဟူသည် ဤသို့ဤပုံ ဖြစ်ကြောင်း ပြသမည်ဖြစ်သည်။ အတွင်းအားများဖြင့် ပြည့်နေသော မီးနဂါးဓားသည် အလင်းတို့ဖြင့် စတင်တောက်ပလာချေ၏။ မီးနဂါးနှစ်ကောင်က ဓားသွားတစ်ဝိုက်တွင် ရစ်ဝဲနေလျက် ကျန်းရီသည် မည်သည့် ထူးခြားသော လှုပ်ရှားမှုကိုမှ အသုံးမပြုခဲ့ပေ။ သူက ရိုးရိုးရှင်းရှင်းပင် မီးနဂါးဓား၏ စွမ်းဆောင်ရည်တို့ကို ထုတ်ဖော်လျက် ရေသူမျိုးနွယ်စု နတ်ဆိုးဘုရင်၏ ခေါင်းကို ပိုင်းဖြတ်လိုက်တာပဲဖြစ်သည်။ ဓားသွားလှုပ်ရှားသွားသည်နှင့် မိုးခြိမ်းသံပမာ အသံက ဝှီကနဲ ပေါ်ထွက်လာတော့သည်။

ဖုန်း..

သာမာန်ရေသူများ၌ ထူးကဲသော ခုခံမှုရှိပြီး နတ်ဆိုးဘုရင်များက သေချာပေါက် ပိုသန်မာပေ၏။ သူတို့ကိုယ်ပေါ် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး၏ တိုက်ကွက် ကျရောက်လာခဲ့လျှင်တောင် ရေသူမျိုးနွယ်စု၏ အကြေးခွံ့များစွာကို ကြေလွင့်စေရုံသာရှိသည်။

သို့သော် ကျန်းရီကမူ ကွဲပြားခြားနားပေ၏။ သူ့ဓား၏ သာမာန်လွှဲယမ်းမှုဖြင့် နတ်ဆိုးဘုရင်၏ခေါင်းက ပြာအဖြစ် ချက်ချင်းပြောင်းလဲသွားပြီး ခေါင်းမဲ့နေသော ခန္ဓာကိုယ်က အနက်ရောင် မီးခိုးများ ပေါ်ထွက်လာနေသေးဆဲဖြစ်သည်။ ပိုအရေးကြီးက ကျန်းရီ လှုပ်ရှားလိုက်သည်နှင့် အပူချိန်က အင်မတန် မြင့်မားလာတာပဲဖြစ်သည်။ အားနည်းသည့် လူသားများနှင့် နတ်ဆိုးမျိုးနွယ်စုမှ မျိုးနွယ်စုဝင်များသည် သူတို့၏ခန္ဓာကိုယ်များ လောင်ကျွမ်းမှုကို ခံစားနေရသည့် သူတို့၏သွေးများက ဆူပွက်နေသည့်ပမာ သူတို့၏ အသက်ရှုထုတ်ငွေ့များက အဖြူရောင် မီးခိုးများအဖြစ် ပြောင်းလဲသွားတော့၏။

ဖောင်း ဖောင်း ဖောင်း

နတ်ဆိုးဘုရင်တစ်ပါးကို သတ်ဖြတ်ပြီးနောက် ကျန်းရီသည် အလောင်းကို ခပ်သာသာ နင်းလိုက်၏။ အလောင်းကနေ အဟုန်ကို ငှားယူလျက် လေထဲသို့ ပျံဝဲတက်သွားသည်မှာ ကောင်းကင်ထဲ၌ လွန့်လူးသွားလာနေသော နဂါးတစ်ကောင်သဖွယ် ဖြစ်နေ၏။ မီးနဂါးဓား ဖျတ်ခနဲ လှုပ်ရှားသွားချိန်၌ နတ်ဆိုးဘုရင်တစ်ပါး သေဆုံး၏။

အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း

ချင်ယွီနှင့် ကျန်သည့်သူများတောင် အပူဒဏ်ကို မခံနိုင်ဘဲ သူတို့၏ အဝတ်အစားများကို ချွတ်ချကာ မဟူရာဖီးနစ်ရေအိုင်ထဲ ခုန်ဆင်းကုန်၏။ တစ်ချိန်ထဲတွင် သူတို့က ပတ်ဝန်းကျင်ရှိ သတ်ဖြတ်ခြင်းဆန္ဒကို ခံစားမိပြီး စိတ်ဝိညာဉ်ထဲထိ ကြောက်ရွံ့နေကြတော့၏။ သူတို့၏ စိတ်ဝိညာဉ်ထဲထိ ကြောက်လန့်နေကြသည့် လှုပ်ရှားရန်ခွန်အား မရှိကြချေ။ သို့သော် သူတို့မျက်လုံးများက လင်းနေပြီး ကောင်းကင်ထဲရှိလူကို ကြည့်နေသည့်အချိန်၌ မျက်လုံးများ လက်နေပေ၏။ သူက ရိုက်ချ၍မရသော နတ်ဆိုးနတ်ဘုရား တစ်ပါးသဖွယ် သူတို့အားလုံးက ခန္ဓာကိုယ်မှ တုန်ယင်မှုကို မဟန့်တားနိုင်ကြချေ။

နတ်ဆိုးဘုရင် အကောင်တစ်ရာသည် များပြားလွန်းသည့် နတ်ဆိုးဘုရင်များဖြစ်သည်။

သို့သော် သူတို့ကို ကျန်းရီသတ်ဖြတ်သည့် အရှိန်က မြန်ဆန်လွန်းနေ၏။ အသက်ဆယ်ရှိုက်စာ အချိန်အတွင်း နတ်ဆိုးဘုရင် တစ်ဝက်ကျော် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူကဤအတိုင်း ဆက်လက်ပြီး နတ်ဆိုးဘုရင်များ ကျန်သည့်နတ်ဆိုးဘုရင်များကို ဆက်လက် သတ်ဖြတ်နေခဲ့လျှင် ဖုန်းလန်ကို သူတို့စွမ်းဆောင်ရည်ရှိသလောက် ကူညီပေးသည်နှင့် ရေသူနတ်ဆိုး ဧကရာဇ်အဖို့ ယနေ့တွင် သူ့အသက်ကို ချန်ထားရရန် ဖြစ်နိုင်ချေမြင့်သည်။

ရေသူနတ်ဆိုး ဧကရာဇ် ကျရှုံးသွားသည်နှင့် ဖီးနစ်အော်သံနယ်မြေ ရင်ဆိုင်နေရသော အန္တရာယ်က ပျောက်ကွယ်သွားမှာပဲဖြစ်သည်။ နတ်ဆိုးဧကရာဇ်မရှိဘဲ နတ်ဆိုးဘုရင်များစွာ သေဆုံးပြီးနောက် ရေသူမျိုးနွယ်စုသည် စစ်ပွဲကို ဆက်ဖြစ်ရန် အားနည်းသွားပေလိမ့်မည်။ သူတို့က အထီးကျန် အရှေ့ပိုင်းပင်လယ်ရှိ ကျန်သည့်မျိုးနွယ်စုဝင်များ သတ်ဖြတ်တာကို ခံရနိုင်ချေတောင် ရှိပေ၏။

“အား အား ဒီမျိုးမစစ်က ဒီဧကရာဇ်ရဲ့ ကလေးတွေကို သတ်ဖြတ်ရဲတယ်ပေါ့ မင်းသေမှာ သေချာနေပြီ”

ထိုစဉ် ကောင်းကင်ထဲမှ ပေါက်ကွဲသည့် ဟိန်းသံတစ်သံ ပေါ်ထွက်လာ၏။ ဥက္ကာခဲသဖွယ် ပုံရိပ်တစ်ခုက အောက်သို့ စုန်ဆင်းလာလျက် ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်လာတော့သည်။

ရေသူနတ်ဆိုး ဧကရာဇ် ရောက်လာချေပြီ။

***

All Chapters