← Chapters

အမှောင်ထု တာအိုပုံစံ

Vol. 40 Ch. 544

အမှောင်ထု တာအိုပုံစံ

Vol. 40 Ch. 544

ရေသူနတ်ဆိုး ဧကရာဇ်က ရောက်လာသည်။ သူရောက်မလာခဲ့လျှင် လက်အောက် ငယ်သားများအားလုံး သုတ်သင်ရှင်းလင်းခံရပြီး သူတစ်ဦးထဲသာ ကျန်ရှိမှာပဲဖြစ်သည်။ ဖုန်းလန်၏ခွန်အားက သူနှင့်အဆင့်တူတွင် ရှိပေ၏။ အချိန်တိုအတွင်းတွင် မဆိုထားနှင့် သူတို့ရက်အလီလီ ညအလီလီ တိုက်ခိုက်ခဲ့လျှင်တောင် ရလဒ်ကို ဆုံးဖြတ်နိုင်မှာမဟုတ်ပေ။

သူကအစွမ်းထုတ်သော တိုက်ကွက်ကို ထုတ်ဖော်ပြီး ဖုန်းလန်ကို ဖယ်ရှားပြီးနောက် ချက်ချင်းသက်ဆင်းကာ သူ၏ဘဲခြေထောက်သဏ္ဍန် ဧရာမလက်ဝါးကြီးဖြင့် ဘန်းကနဲ ရိုက်ချလိုက်တော့၏။

“ချီ ချီ”

ထူးဆန်းသည့် အရာတစ်ခု ဖြစ်ပွားသွားသည်။

သူ၏ခန္ဓာကိုယ်သည် လေထဲတွင်ရှိပြီး အချိန်တိုင်း ထူထဲပြီးသိပ်သည်းသော ဧရာမလက်ဝါးက ရုတ်တရက် ပြန့်ကားပြီး ဆန့်တန်းလာတော့၏။ မျက်တောင်တစ်ခတ်အတွင်း သူ၏လက်က မီတာသုံးရာကျော်ရှည်ပြီး အကျယ်အဝန်းက ၁၅မီတာခန့် ရှိလာတော့သည်။ အစိမ်းရောင် အလင်းတန်းဖြင့် တောက်ပနေသော ဆူးချွန်ရှိနေပြီး သူ၏လက်ပေါ်တွင် ချွန်ထက်သော လက်သည်းငါးချောင်း ရှိနေပြီး လူ့ခေါင်းအရွယ်အစားနှင့် ညီမျှ၏။ အရှိန်က မြန်ဆန်လွန်းသောကြောင့် လေကိုခွင်းရာ၌ နားစူးစေသည့် အသံတစ်သံ ပေါ်ထွက်လာတော့သည်။

နတ်ဆိုးသိုင်း

ကျန်းရီမြန်မြန်ဆန်ဆန် ရှောင်နိုင်ရန်အတွက် ချင်ယွီက အော်ပြောချင်ခဲ့သည်။ ထိုရေသူ၏ နတ်ဆိုးသိုင်းက ပိတ်ဆို့၍မရပေ။ လက်ပေါ်ရှိ ဆူးချွန်များက အဆိပ်အလွန်ပြင်းသည်။ ကျန်းရီသာ အရိုက်ခံခဲ့ရလျှင် သူသေချာပေါက် ချက်ချင်း သေဆုံးသွားနိုင်၏။

“သခင်လေး မြန်မြန်ရှောင်”

ကောင်းကင်ထက်ကနေ အလင်းတန်းကဲ့သို့ ပုံရိပ်တစ်ခုက ရောက်လာပြီး နုနယ်သောအသံက ကျန်းရီ၏စိတ်ထဲ ပဲ့တင်သံ ထပ်သွားတော့သည်။ ဖုန်းလန်က လောရမည်။ ကျန်းရီသေဆုံးသွားလျှင် သူမနှင့်ချင်ယွီ နှစ်ဦးလုံးကလည်း သူ၏ဝိညာဉ်ကျွန်များအဖြစ် သေဆုံးသွားမည်ဖြစ်ကာ ဖီးနစ်အော်သံ နယ်မြေတစ်ခုလုံး အပြီးသတ်သွားပေလိမ့်မည်။

“ခွီး ခွီး”

ကျန်းရီက မလှုပ်ရှားခဲ့ပေ။ ထိုအစားသူက သိမ်မွေ့သည့်အပြုံးကို ထုတ်ဖော်လျက် ယုံကြည်ချက်ရှိသော မျက်ဝန်းတို့ ရှိနေသည်။ ယင်းက ထိုက်တောင်တန်းကိုတောင် မဖြိုလဲနိုင်သည့် သူရဲကောင်းသွင်ပြင်ဖြစ်သည်။ ထိုပုံရိပ်က ချင်ယွီနှင့် လူတိုင်း၏စိတ်ထဲ နက်ရှိုင်းစွာ ထွင်းထုပြီးသား ဖြစ်သွားသည်။ ဤနယ်မြေပေါ်တွင်ရှိသော အမျိုးသမီးများက အမျိုးသားများအပေါ် ဆန့်ကျင်သည့် အတွေးအမြင်များအားလုံးကို ပြောင်းပြန်လှန်လိုက်တာပဲ ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် ပိုတောင် ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းက ဖြစ်ပေါ်လာပြီး မေ့မရနိုင်သည့် မြင်ကွင်းက လူအားလုံး၏ မှတ်ဉာဏ်ထဲတွင် ထွင်းထုပြီး ဖြစ်သွားသည်။

အနောက်အရပ်တွင် နေဝင်သွားသည်နှင့် မှုန်မှိုင်းမှိုင်း ကောင်းကင်ထက်တွင် သေမင်းနတ်ဘုရားဆီမှ လက်ကဲ့သို့ ဧရာမလက်ဝါးကြီးက ကျဆင်းလာ၏။ ထိုလက်ဝါးကြီးက ဖျက်ဆီးခြင်းအရှိန်အဝါ တည်ရှိမှုရှိနေရာ လူသားနှင့် နတ်ဆိုးမျိုးနွယ်စု နှစ်ခုလုံးကို စိတ်ပျက်အားငယ်မှုကြောင့် မွန်းကျပ်စေသည်။ သို့သော် လေထဲတွင် သူ၏အနီရောင်ဓားရှည်ကို အကြောက်အလန့်မရှိ ဧရာမလက်ဝါးကြီးဆီသို့ ပိုင်းဖြတ်ချလိုက်သော သေးငယ်သော ပုံရိပ်တစ်ခု ရှိနေသည်။

“ချီ ချီ”

မီးနဂါးဓား၏ ဓားအိမ်ဓားရိုးတွင်ရှိသော အနီရောင်ပုလဲက လင်းထိန်လာ၏။ အဖြူရောင် မီးလျှံများက အေးစက်စက် အလင်းတန်းတို့ဖြင့် ပေါ်ထွက်လာတော့သည်။ မီးလျှံတိုင်းတွင် တစ္ဆေမျက်နှာ ရှိနေလေ၏။ တစ္ဆေမီးလျှံများ ပေါ်ပေါက်လာသည်နှင့် မမြင်ရသော လေနဂါးတို့က သူတို့ကို မြန်မြန်ဆန်ဆန် လမ်းညွှန်ပေးသည်။ ဓားမှ မီးနဂါးနှစ်ကောင်သည် သူတို့နှင့်အတူ ပေါ်ထွက်လာပြီးနောက် လေထဲရှိ ဧရာမလက်ဝါးကြီးကို အညှာအတာမဲ့စွာ တိုက်ဖြတ်သွားတော့၏။

“မင်းဘာသာမင်း တွင်းတူးတယ်ဆိုမှတော့ မင်းအသက် မရှင်သင့်တော့ဘူး”

ရေသူနတ်ဆိုး ဧကရာဇ်သည် ကျန်သည့် အရည်အချင်းများ အသုံးပြုခဲ့လျှင် အရိုးရှင်းဆုံး စွမ်းအင်တိုက်ကွက်တောင် သို့မဟုတ် ဖိနှိပ်မှုအတွက် အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှုကို အသုံးပြုခဲ့လျှင် ကျန်းရီက ယှဉ်နိုင်မှာမဟုတ်ပေ။

သို့သော် ရေသူနတ်ဆိုး ဧကရာဇ်က နတ်ဆိုးသိုင်းကို ထုတ်ဖော်ရန် ရွေးချယ်ခဲ့သည်တဲ့လား။ သူ၏ဆူးချွန်များကို အားကိုးပြီး အဆိပ်ကိုသုံးကာ ကျန်းရီကိုချက်ချင်း သတ်ချင်သည်တဲ့လား။ ယင်းက ကိုယ့်သေတွင်းကိုယ် တူးခြင်းသာ ဖြစ်ပေ၏။

ဖုန်းလန်တောင် ထိုလက်ဝါးကို ကြောက်ရွံ့ပေလိမ့်မည်။ ကျန်သည့်သူဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။ ထိုလက်ဝါး၏ ခုခံမှုက မာကျောလွန်းနေရာ ဒဏ်ရာကို ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်ခဲ့လျှင်တောင် ဆူးချွန်ပေါ်ရှိ အဆိပ်များကြောင့် မတော်တဆ သေဆုံးသွားနိုင်၏။

သို့သော် ကျန်းရီကမူ မကြောက်ပေ။

သန့်စင်ထားသော တမလွန်လောက တစ္ဆေမီးလျှံများသည် အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်ကို လွယ်လင့်တကူ သတ်နိုင်ပေ၏။ သူသည် ရေသူနတ်ဆိုးဧကရာဇ်ကို မီးမြှိုက်နိုင်မည်လားကို သေချာမသိသော်ငြား ထိုလက်ဝါးကို မီးမြှိုက်ဖို့က ပြဿနာတစ်ရပ် မဟုတ်လောက်ပေ။ အဆိုးဆုံး အခြေအနေတွင်တောင် ရေသူနတ်ဆိုးဧကရာဇ်က သူ့လက်ဝါးကို ပြန်ရုပ်လိုက်သည့်အချိန်တွင် ကျန်းရီအဖို့ နေရာရွေ့ပြောင်းမှုကိုသုံးရန် အချိန်လုံလုံလောက်လောက် ရသွားမှာပဲဖြစ်သည်။

“ကျွီ ကျွီ”

ကောင်းကင်ထဲရှိလက်က မြန်ဆန်လွန်း၏။ ထိုနည်းတူ ကျန်းရီ၏တိုက်ကွက်က မြန်ဆန်သည်။ တိုက်ကွက်နှစ်ကွက်ကြားရှိ ကွာဟချက်က လျှင်မြန်စွာ နီးကပ်လာပြီးနောက် တစ္ဆေမီးလျှံများရှိသည့် မီးနဂါးနှစ်ကောင်က ဧရာမလက်နှင့် ထိမိသွားသည့်အချိန်တွင် ညှော်နံ့ပေါ်ထွက်လာတော့၏။ တစ္ဆေမီးလျှံများက ကျန်းရီကို စိတ်မပျက်စေခဲ့ဘဲ ဧရာမလက်သီး လျှင်မြန်စွာ မီးမြှိုက်ခံလိုက်ရသည်။ ချက်ချင်းပင် ထိုဧရာမလက်က ပြာအဖြစ် ပြောင်းလဲသွားတော့၏။

“အား”

ကောင်းကင်ကို တုန်လှုပ်စေသော စိတ်ပျက်အားငယ်ဖွယ် အော်ညဉ်းသံက ကျန်းရီနှင့် ကျန်သည့်လူသားများ နတ်ဆိုးသားရဲများ၏နားကို သွေးထွက်သွားစေတော့သည်။ အစွမ်းထက်သော စွမ်းအားနှင့် သတ်ဖြတ်ခြင်း အရှိန်အဝါတို့က ရေသူနတ်ဆိုးဧကရာဇ်ဆီမှ ပေါ်ထွက်လာကာ ကျန်းရီကို လေထဲကနေ ဖိနှိပ်ချတော့သည်။

ဒဏ်ရာရသွားသောလက်ကို ဖမ်းဆုပ်ပြီး နာကျင်စွာ အော်ညဉ်းနေသော ရေသူနတ်ဆိုးဧကရာဇ်ကို ကြည့်နေစဉ် ချင်ယွီနှင့် ကျန်သည့်သူများက အင်မတန် ထိတ်လန့်နေကြသည်။ ကျန်းရီတွင် တစ္တေမီးလျှံများ ပေါ်ပေါက်လာသည့်အချိန် သူတို့၏ ခန္ဓာကိုယ်များက အသားကင်များအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားခဲ့ပြီး သူတို့ကို အာရုံခံနိုင်စွမ်းအားလုံး ဆုံးရှုံးစေခဲ့သည်။

ရေသူနတ်ဆိုးဧကရာဇ်က မျိုးဆက်တစ်ခု၏ နတ်ဆိုးဧကရာဇ်ဖြစ်သည်။

ဖီးနစ်အော်သံနယ်မြေ တိုင်းသူပြည်သားများ၏ ညနက်ဆိုး အမြဲတမ်းဖြစ်ခဲ့သည်။ ထိုရေသူနတ်ဆိုး ဧကရာဇ်က နှစ်(၂၀၀၀)ကျော် လှည့်လည်သွားလာနေခဲ့ပြီး ရာစုနှစ်တိုင်းတွင် နယ်မြေကို ကျူးကျော်တာပဲဖြစ်သည်။ လူတိုင်းက သူတို့အရိုးထဲထိအောင် ရေသူနတ်ဆိုးဧကရာဇ်ကို မုန်းတီးနေကြပြီး သူကအနိုင်မယူနိုင်သည့် နတ်ဆိုးတစ်ကောင်ဟူ၍ ခံစားခဲ့ရ၏။ ယခုအချိန်တွင် ထိုနတ်ဆိုး၏လက်သည် ထိုလူတစ်ကွက်ထဲဖြင့် ထိခိုက်ဒဏ်ရာရအောင်လုပ်တာ ခံလိုက်ရသည်။

ဖုန်း ဖုန်း ဖုန်း

အသက်ရှင်ကျန်ရစ်သော နတ်ဆိုးဘုရင်များ လူသားပညာရှင်များနှင့် ကျန်းရီအပါအဝင် အားလုံးက ရေသူနတ်ဆိုး ဧကရာဇ်ထံမှ အစွမ်းထက်သော အရှိန်အဝါ တည်ရှိမှုဖြင့် ဖိနှိပ်ခံလိုက်ရသည်။ သူတို့အားလုံးက မြေပြင်ပေါ် ဖိချေခံနေရ၏။ လူသားများအားလုံးနှင့် နတ်ဆိုးများ မှင်သက်နေစဉ် လေထဲတွင်ရှိနေသော ဖုန်းလန်တောင် ထိတ်လန့်နေပေ၏။

ဖုန်းလန်က မရည်ရွယ်ဘဲ ကျန်းရီဆီ ကြည့်သွားမိချိန်တွင် ကျန်းရီ၏မျက်လုံးထဲ၌ ဒေါသတရားတို့ ပြည့်နေကာ သူ၏မျက်နှာထက်တွင် အရူးဟူသော စကားလုံးကြီးတစ်ခု ရေးထားတာကို ဖမ်းဆုပ်မိလိုက်သည်။

အရူးက ဖုန်းလန်သာ ဖြစ်ပေသည်။ သေရေးရှင်ရေး အခြေအနေ၌ သူမက အမှန်တကယ် တောင့်ခဲနေသည်။ သူမက ချက်ချင်းပူးပေါင်း တိုက်ခိုက်ခဲ့လျှင် ယခုလောက်ဆို ရေသူနတ်ဆိုး ဧကရာဇ်က သေလောက်ပြီဖြစ်သည်။

သူမက မြန်မြန်ဆန်ဆန် သတိဝင်လာပြီးနောက် မျက်လုံးများက ကျောချမ်းဖွယ် အလင်းဖြင့် တောက်ပလာတော့၏။ သူမ၏လက်နှစ်ဖက်က အနက်ရောင်အလင်းများဖြင့် ဖြာလာပြီး ကောင်းကင်ထဲရှိ လျှပ်စီးများနားတစ်ဝိုက် တဖြတ်ဖြတ် ပေါ်နေ၏။

လက်များကို လှုပ်ရှားနေစဉ် ပတ်ဝန်းကျင်ရှိ လေဟာနယ် နယ်မြေက အနက်ရောင် အရှိန်အဝါတို့ဖြင့် လွှမ်းမိုးခံလိုက်ရတော့သည်။ ကောင်းကင်တစ်ခုလုံး ချက်ချင်း နက်မှောင်သွားလွန်းသောကြောင့် သူတို့လက်ကိုတောင် မမြင်နိုင်ချေ။ ကျန်းရီက ပတ်ဝန်းကျင်တွင်ရှိသော လူသားများနှင့် ရေသူများအားလုံး ပျောက်ကွယ်သွားပြီး ရေသူနတ်ဆိုး ဧကရာဇ်တောင် ပျောက်ကွယ်သွားတာကို သဘောပေါက်သွား၏။ တစ်လောကလုံးက အမှောင်ထုအဖြစ် ပြောင်းလဲသွားချေပြီ။

“အမှောင်ထု တာအိုပုံစံလား ဒီကြက်က သိပ်မရူးဘူးပဲ”

ကျန်းရီက သက်ပြင်းချလိုက်တော့သည်။ သူသည် ဧရိယာကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ချိန်တွင် အရာအားလုံး နတ္ထိဖြစ်နေခဲ့သည်။ ချက်ချင်းပင် ထိုအမှောင်ထု တာအိုပုံစံ၏ စွမ်းအားကို နက်ရှိုင်းစွာ ကြည်ညိုလေးစားသွားမိသည်။ ယင်းက ကောင်းကင်ဧကရာဇ်အဆင့် ပညာရှင်တစ်ဦး ထုတ်ဖော်သောကြောင့် ဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးက ယင်းကို အသုံးပြုခဲ့လျှင် သူ့ကို ချုပ်နှောင်ထားရန် ဖြစ်နိုင်မှာမဟုတ်ပေ။

သူကကြိတ်ပျော်သွား၏။ ဖုန်းလန်က သူ့ကို ဝိညာဉ်ကျွန်းအဖြစ် သန့်စင်ချင်ပြီး တန်ပြန်အနေဖြင့် အမည်မဲ့ နတ်ကျင့်စဉ်မှ ဆန်းကြယ်သော အနက်ရောင် စကားလုံးများ၏ ထောက်ပံ့ကူညီမှုကြောင့် မဟုတ်ခဲ့လျှင် သူသည် ဖုန်းလန်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ချိန်တွင် မည်သို့မည်ပုံ ဖြစ်သွားမှန်း မသိလိုက်ဘဲ သေသွားနိုင်၏။

ဖုန်းလန်နှင့် ရေသူနတ်ဆိုး ဧကရာဇ်ကြားရှိ တိုက်ပွဲက သူ့ကိစ္စမဟုတ်တော့ပေ။ ယခုရေသူနတ်ဆိုး ဧကရာဇ်က လက်တစ်ဖက် ဆုံးရှုံးပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားရာ ဖုန်းလန်က ယင်းကို သတ်နိုင်သည်ဖြစ်စေ သို့မဟုတ် ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင် မလုပ်နိုင်ခဲ့လျှင် သူမက ဤနယ်မြေ၏ အုပ်စိုးသူ အရှင်သခင်ဖြစ်ရန် မသင့်တော်တော့ပေ။

သူ၏သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်နေပြီး ကောင်းကင်စိတ်အာရုံဖြင့် နယ်ပယ်တစ်ခုလုံးကို စစ်ဆေးလိုက်သည်။ သူ၏မီးဝိညာဉ်ကလည်း တောက်ပလာပြီး အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထား၏။

“ဒီအမှောင်ထု တာအိုပုံစံက သိပ်အံ့သြဖို့ ကောင်းတာပဲ”

ခဏအကြာတွင် ကျန်းရီက တိုက်ပွဲသံများကို မကြားရတော့သလို ရန်သူများ၏ တည်ရှိမှုကိုလည်း သူရှာမတွေ့တော့ပေ။ ရေသူနတ်ဆိုး ဧကရာဇ်၏ အရှိန်အဝါ တည်ရှိမှုတောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူကအဆင်အခြင်မဲ့ မလှုပ်ရှားရဲဘဲ တိုက်ပွဲ၏ရလဒ်ကို စောင့်ဆိုင်းနေပေ၏။ သူ၏စိတ်ထဲ စိုးရိမ်ကြောင့်ကျမှုတို့ ခံစားနေရသည်။ ဖုန်းလန်က ရေသူနတ်ဆိုး ဧကရာဇ်ကို အနိုင်မယူနိုင်ခဲ့လျှင် ကျန်းရီက ရေသူနတ်ဆိုး ဧကရာဇ်သတ်တာ ခံရနိုင်သည်။

“မဟုတ်ဘူး ငါပိုပြီးတော့ နှိုင်းချင့်တွေးခေါ်ရမယ်”

ကျန်းရီ၏မျက်လုံးက ဖျတ်ခနဲ လက်သွားလျက် သူ၏ဒန်တန်ထဲရှိ ကြယ်စာလုံး သုံးလုံးက လင်းထိန်လာတော့သည်။ ဘုံကိုးဘုံ ကြယ်စွမ်းအင်က သူ၏နောက်ဆုံး လျို့ဝှက်ကဒ်ဖြစ်၏။

ဘုံကိုးဘုံကြယ်၏ စွမ်းအားက မယုံနိုင်စရာကောင်းအောင် အစွမ်းထက်ပေသည်။

အတိအကျ မည်မျှအစွမ်းထက်သနည်း။ ကျန်းရီက မသိပေ။ ထိုစဉ်က အသူရာ ချောက်ကမ်းပါးထဲ၌ ကျီထင်ယွီ၏လက်ဝါးကို တန်ပြန်တိုက်ခိုက်ခြင်းက ထိုဘုံကိုးဘုံ ကြယ်ပွင့်၏ တိုက်ခိုက်ရေးစွမ်းအားသည် ကောင်းကင်ဧကရာဇ်အဆင့်နှင့် တူညီတာ ဖြစ်လောက်ပေသည်။

ထိုစွမ်းအားက နည်းပါးလွန်းနေတာ နှမြောစရာကောင်း၏။ ကျန်းရီယင်းကို အသုံးပြုသည့် အချိန်တိုင်း၌ အနည်းငယ် လျော့သွားမှာဖြစ်သည်။ ဘုံကိုးဘုံကြယ်ပွင့်၏ စွမ်းအားများက မီးလျှံစွမ်းအားကို အားဖြည့်ပေးကာ သေရေးရှင်ရေး အခြေအနေတွင် မဟုတ်လျှင် သူကအဆင်အခြင်မဲ့ အသုံးပြုမှာမဟုတ်ပေ။

ဘီး

ကျန်းရီက ဘုံကိုးဘုံကြယ်ပွင့်၏ စွမ်းအားအချို့ကို ကူးပြောင်းနေစဉ် ကောင်းကင်က ရုတ်တရက် လင်းထိန်လာပြီး အမှောင်ထုက ပျောက်ကွယ်သွား၏။ ပတ်ဝန်းကျင်ရှိ မြင်ကွင်းက ကျန်းရီ၏ အမြင်အာရုံထဲ ဖြေးဖြေးချင်း ရောက်လာတော့သည်။ သူကချက်ချင်းပင် လေထဲကို သိမ်းကြုံးကြည့်လိုက်ရာ ဖုန်းလန်၏ ငါးသွယ်တိမ်ဝတ်ရုံက သွေများဖြင့် စွန်းထင်းနေတာကို သတိပြုမိလိုက်သည်။ အလောင်းတစ်လောင်းသည် မည်သည့်ခွန်အားမှမရှိဘဲ ကောင်းကင်ပေါ်မှ လဲပြိုကျလာ၏။

ဟူး ဟူး

ကျန်းရီက သက်ပြင်းချပြီးနောက် အားရပါးရ ပြုံးလိုက်တော့သည်။ ဖုန်းလန်သည် သူ့ကို စိတ်မပျက်စေခဲ့ပေ။ ထိုကြက်ပေါက်လေး၏ တိုက်ပွဲဝင်ခွန်အားက အမှန်တကယ် ဖြုံလောက်ဖွယ်ကောင်းကာ ရေသူနတ်ဆိုး ဧကရာဇ်သည် သူမသတ်တာ ခံခဲ့ရချေသည်။

***

All Chapters