← Chapters

အခန်း (၃၄၁)

Vol. 30 Ch. 341

အခန်း (၃၄၁)

Vol. 30 Ch. 341

အခန်း(၃၄၁)

"ဒီလိုဆိုရင် စတုတ္ထအဆင့်အစီအရင် မရှိရင်တောင်မှ.. သမင်ကြီးကျွန်းပေါ်က ဒီကျူးကျော်သူ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကို ငါတို့ သတ်ပစ်နိုင်တာပေါ့…"

သခင်မမက်မွန်ပွင့် အလွန် စိတ်လှုပ်ရှားနေသည်။

မူလက ဤတစ်ကြိမ်တွင်မူ သူမသည် မလှပသော အဆုံးသတ်နှင့် ရင်ဆိုင်ရတော့မည်ဟု ထင်မှတ်ထားခဲ့သည်။

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ခုနစ်ဦး၏ ဝိုင်းရံပိတ်ဆို့မှုကို ခဲ့ရမည်ဆိုပါက၊ သူမ အသက်ရှင်ခဲ့လျှင်ပင် ဆုံးရှုံးမှု ကြီးမားမည်သာ ဖြစ်သည်။

သို့သော် ယခု၊ ကျိုးစွေ့၏ ကွပ်ကဲမှုအောက်တွင် သူတို့သည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူနှစ်ဦးကို ချက်ချင်းပင် သတ်ဖြတ်နိုင်ခဲ့ချေပြီ။

ဤသို့သော အခြေအနေဖြင့်၊ ကစားပွဲအား ပြောင်းပြန်လှန်နိုင်မည့် အခွင့်အရေး ရှိလာပြီ ဖြစ်သည်။

"ဟုတ်တယ်... အခွင့်အရေး ရှိတယ်…"

"ကျွန်တော်တို့ အချိန်ဆွဲနေလို့ မဖြစ်ဘူး… တာဝေးပို့ဆောင်ရေး အစီအရင်ဆီကို ချက်ချင်း သွားဖို့ လိုတယ်…"

"ဟိုဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကလည်း သွားကူညီဖို့ ပြင်နေကြပြီ…"

"တစ်ဖက်လူ ရောက်မလာခင် ကျွန်တော်တို့က အခွင့်အရေးယူပြီး… ကျန်နေတဲ့ ပင်လယ်မျိုးနွယ်စု ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်သုံးကောင်ကို သတ်ပစ်ရမယ်…"

"အဲ့ဒါဆိုရင် ကျွန်တော်တို့ဘက်က လုံးဝ အသာစီး ရသွားလိမ့်မယ်…"

ကျိုးစွေ့က လေးနက်စွာ ပြောလိုက်သည်။

သူသည် လက်ဝှေ့ယမ်းလိုက်ပြီး၊ ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်နှင့် မဟူရာအလောင်းကောင် ဘိုးဘေးတို့၏ သိုလှောင်အိတ်များကို အမြန် သိမ်းဆည်းလိုက်သည်။

တစ်ချိန်တည်းမှာပင် ရေဘဝဲမျိုးနွယ်စု ခေါင်းဆောင်၏ အလောင်းကိုလည်း သိမ်းယူလိုက်သည်။

မည်သို့ပင်ဖြစ်စေ၊ ယင်းသည် အဆင့်လေး သားရဲ၏ အသွေးအသားများ ဖြစ်သည်။ တန်ဖိုးကြီးမားလှသည် ဖြစ်ရာ အလဟဿ မဖြစ်စေသင့်ချေ။

"ကောင်းပြီ…"

ဤစကားကိုကြားသောအခါ၊ သခင်မမက်မွန်ပွင့်သည် ကျိုးစွေ့ကို ဆွဲယူလိုက်ပြီး၊ သူမ၏ လွတ်မြောက်ခြင်း ပညာရပ်ကို အသက်သွင်းကာ မက်မွန်ပွင့်ကျွန်း၏ ဗဟိုဒေသသို့ ချက်ချင်း ပျံသန်းသွားလေသည်။

သူမသည် အမြန်ဆုံး အရှိန်ဖြင့် သွားနေခြင်း ဖြစ်သည်။

(စကားချပ် - သမင်ကြီးကျွန်းပဲ ဖြစ်မှာပါ။ Etran ရော မူရင်းမှာပါ မက်မွန့်ပွင့်ကျွန်းလို့ပဲ ရေးထားလို့ ဒီအတိုင်းပဲ ထည့်လိုက်ပါတယ်။)

……

ဤအချိန်တွင် သမင်ကြီးကျွန်းရှိ တာဝေးပို့ဆောင်ရေး အစီအရင်အနီး၌...။

တာဝေးပို့ဆောင်ရေး အစီအရင်သည် သမင်ကြီးကျွန်းအလယ်ရှိ ကျယ်ဝန်းသော ရင်ပြင်တစ်ခုတွင် တည်ရှိပြီး မြို့တစ်မြို့ဖြင့် ဝန်းရံထားသည်။

မူလက ဤနေရာသည် စည်ကားသော မြို့တစ်မြို့ ဖြစ်ခဲ့သည်။

သို့သော် ယခုအခါ မြို့တစ်ခုလုံးသည် အပျက်အစီးများ ဖြစ်သွားခဲ့ချေပြီ။ အဆောက်အဦးများစွာသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ စွမ်းအားကို မခံနိုင်ဘဲ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဝူကျိမဟာမိတ်အဖွဲ့ ကျင့်ကြံသူအများအပြားသည် အချိန်မီ ထွက်မပြေးနိုင်ခဲ့ကြပေ။

ရလဒ်အနေဖြင့်၊ သူတို့သည် ဝိညာဉ်သန္ဓေသားအဆင့်တိုက်ပွဲ၏ ရိုက်ခတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။

မြေပြင်ပေါ်တွင် တွင်းနက်ကြီးများ ဖြစ်ပေါ်လာပြီး၊ အပျက်အစီးများ အရပ်မျက်နှာအနှံ့ လွင့်စင်နေကာ ဖုန်မှုန့်များ ထနေသည်။

ကဏန်းကြီးမျိုးနွယ်စု၊ မြှားငါး မျိုးနွယ်စုနှင့် ပုစွန်နီမျိုးနွယ်စု ခေါင်းဆောင်များ ဖြစ်ကြသော ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် ကျင့်ကြံသူများသည် လေထဲတွင် ရပ်နေကြပြီး၊ သူတို့၏ ခန္ဓာကိုယ်များတွင် ကြောက်မက်ဖွယ် ဝိညာဉ်သန္ဓေသား အရှိန်အဝါများ လွှမ်းခြုံထားကာ မိုင်ရာချီသော ပတ်ဝန်းကျင်ကို ဖုံးလွှမ်းထားချေသည်။

၎င်းတို့၏ လှုပ်ရှားမှုတိုင်းမှ ထွက်ပေါ်လာသော စွမ်းအားသည် မိုင်ထောင်ချီဧရိယာကို ထိခိုက်စေနိုင်ပြီး ရွေ့လျားနေသော နျူကလီးယားဗုံးများကဲ့သို့ ဖြစ်နေချေသည်။

ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးမှာမူ အားလုံးနီးပါး ပြင်းထန်စွာ ဒဏ်ရာရထားကြသည်။

သူတို့သည် မူလက တာဝေးပို့ဆောင်ရေး အစီအရင်ကို ကာကွယ်နေကြခြင်း ဖြစ်လေသည်။

သို့သော် ပင်လယ်မျိုးနွယ်စုမှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူသုံးဦးက တာဝေးပို့ဆောင်ရေး အစီအရင်ကို တိုက်ရိုက် လာတိုက်ခိုက်မည်ဟု မည်သူက ထင်ထားမိမည်နည်း။

ပြင်းထန်သော တိုက်ပွဲအပြီးတွင် ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးသည် သူတို့၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ၊ သူတို့၏ ကျင့်ကြံခြင်းအဆင့်သည် ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်တွင်သာ ရှိသေးသည်။

သမင်ကြီးကျွန်း တစ်ခုလုံးတွင် ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးမှာ ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်ရှိသော သခင်မမက်မွန်ပွင့်သာလျှင် ဖြစ်သည်။

"ဟားဟား... မင်းတို့ လူသားကျင့်ကြံသူတွေက အသုံးမကျတဲ့ အမှိုက်တွေပဲ…"

"မင်းတို့ လေးယောက်က ငါတို့ သုံးယောက်ကို တိုက်တာတောင် ငါတို့လက်ချက်နဲ့ သေမလို ဖြစ်နေကြပြီ…"

"စတုတ္ထအဆင့် အစီအရင်မရှိတော့ရင် မင်းတို့က စင်းနှီတုံးပေါ်က ငါးတွေလိုပဲ… ပင်လယ်မျိုးနွယ်စုကို ဘယ်လိုများ တုပြိုင်နိုင်မှာလဲ.."

ကဏန်းကြီးမျိုးနွယ်စု ခေါင်းဆောင်က အားရပါးရ ရယ်မောလိုက်ပြီး အလွန် ကျေနပ်နေသည်။

ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း၊ ၎င်း၏ ပါရမီသည် ယုံနိုင်စရာ မရှိလောက်အောင် မြင့်မားလှသည်။

ထို့အပြင် သူသည် ကဏန်းကြီးမျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်ပြီး သူ၏ ကဏန်းအခွံသည် ထိပ်တန်းအဆင့် ခံစစ်ဝိညာဉ်ရတနာများနှင့် ယှဉ်နိုင်ပေသည်။

သာမန် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်မှုများသည် သူ့အတွက် အယားပြေ ကုတ်ပေးသလောက်သာ ရှိသည်။

ထို့ကြောင့် လူသားကျင့်ကြံသူများနှင့် တိုက်ခိုက်ရာတွင် သူသည် အမြဲတမ်း အသာစီးရလေ့ရှိသည်။

သူ့ကို အနိုင်ယူနိုင်သော ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့် လူသားကျင့်ကြံသူ အရေအတွက်မှာ လက်ချိုးရေလို့ပင် ရလေသည်။

"သေစမ်းကွာ…"

ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦး၏ မျက်နှာများ အကြီးအကျယ် ပျက်ယွင်းသွားသည်။

အဆင့်လေး မိစ္ဆာကောင်များသည် ဤမျှ စွမ်းအားကြီးမားလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြ။ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်ချင်း တူသော်လည်း သူတို့သည် ရန်သူနှင့် လုံးဝ မယှဉ်နိုင်ပေ။

သူတို့၏ တိုက်ခိုက်မှုများသည် အဆင့်လေး မိစ္ဆာကောင်ကို ဘာမှ မထိခိုက်စေနိုင်သလောက်ပင်။

အခြားတစ်ဖက်တွင်မူ ရန်သူ့ထံမှ ရိုးရှင်းသော တိုက်ခိုက်မှုတစ်ခုသည် သူတို့အပေါ် ကြီးမားသော ထိခိုက်ပျက်စီးမှုကို ဖြစ်စေသည်။

သူတို့၏ တိုက်ခိုက်ရေးစွမ်းအား ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလွန်းလှသည်။

သို့သော် သူတို့ လုပ်နိုင်သည်မှာ ဘာမှမရှိပေ။

အမှန်စင်စစ်အားဖြင့်၊ သူတို့အားလုံးသည် တစ်ကိုယ်တော်ကျင့်ကြံသူအဖြစ်မှ ဆင်းသက်လာကြပြီး၊ ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်သန္ဓေသားအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော်၊ ဝိညာဉ်သန္ဓေသား အစောပိုင်းအဆင့်သို့ ရောက်ရှိခြင်းသည် သူတို့ဘဝ၏ အကန့်အသတ်ပင် ဖြစ်သည်။

ဂိုဏ်းကြီးများမှ ဆင်းသက်လာသော စစ်မှန်သည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ အခြေခံအုတ်မြစ်မှာ လွန်စွာ အားနည်းလှသည်။

သူတို့၏ ဝိညာဉ်ရတနာများသည် စစ်မှန်သည့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများလောက် မကောင်းမွန်သည်ကို အသာထား၊ ကျင့်ကြံသောကျင့်စဉ်များနှင့် တတ်မြောက်ထားသော ပညာရပ်များသည်လည်း နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့ကြောင့် အဆင့်လေး ပင်လယ်မျိုးနွယ်စု မိစ္ဆာသားရဲနှင့် တိုက်ခိုက်သောအခါ ချက်ချင်း အရေးနိမ့်သွားခြင်း ဖြစ်သည်။

"ဘယ်လိုလုပ်ကြမလဲ… စတုတ္ထအဆင့် အစီအရင်လည်း ပျက်သွားပြီ… ရန်သူကလည်း အင်အားသာနေတော့ ငါတို့ လုံးဝ ရှုံးနေပြီ…."

ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော ယွင်လိုင်တာအိုအရှင်က သူ၏ နတ်ဘုရားအာရုံကို အသုံးပြု၍ စိုးရိမ်တကြီး ပြောဆိုလိုက်သည်။

"ပြေးကြစို့… ငါတို့ လုပ်နိုင်သလောက် လုပ်ပြီးသွားပြီပဲ…"

"'စိမ်းလန်းတဲ့ တောင်တန်းတွေ ရှိနေသရွေ့ ထင်းအတွက် ပူစရာ မလိုဘူး' ဆိုတဲ့ စကား ရှိတယ်လေ…"

"သမင်ကြီးကျွန်းမှာ သေရတာ လုံးဝ မတန်ဘူး… နောက်ကျမှ လက်စားချေဖို့အတွက် ငါတို့ရဲ့ အင်အားကို ထိန်းသိမ်းထားရမယ်…"

အခြား ဝိညာဉ်သန္ဓေသားအဆင့်ကျင့်ကြံသူ ဟိုင်ချုံးတာအိုအရှင်တွင် ဆုတ်ခွာရန် ရည်ရွယ်ချက် ရှိနေပြီးဖြစ်ချေသည်။

သူသည် မူလက တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး ဝူကျိမဟာမိတ်အဖွဲ့အပေါ် နက်ရှိုင်းသော သံယောဇဉ် မရှိပေ။

ဝူကျိမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ကျောထောက်နောက်ခံရှာရန်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ပိုမိုရရှိရန်အတွက်သာ ဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ၊ သစ်ပင်ကြီးကြီးအောက်တွင် နေပါက၊ အရိပ်ကောင်းကောင်း ရသည် မဟုတ်ပါလော။

သို့သော် ဝူကျိမဟာမိတ်အဖွဲ့တွင် တစ်စုံတစ်ရာ ဖြစ်ပျက်လာပါက၊ သူသည် အေးအတူပူအမျှ ရှိနေမည် မဟုတ်ပေ။

'သစ်ပင်လဲလျှင် မျောက်များ ထွက်ပြေးကြသည်' ဟူသော စကားအတိုင်းပင် ဖြစ်တော့သည်။

သူ့တွင် ဝူကျိမဟာမိတ်အဖွဲ့နှင့်အတူ အသေခံမည့်ဆန္ဒ လုံးဝ မရှိချေ။

"ဟုတ်တယ်.. ဟုတ်တယ်… ငါတို့ ပြေးဖို့ အချိန်တန်ပြီ…"

"ဒီတစ်ခါ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေက သေချာ ပြင်ဆင်လာကြတာ ရှင်းနေတာပဲ… ငါတို့ လုပ်နိုင်သလောက် လုပ်ပြီးပြီ…"

"ဒါပေမဲ့ သခင်မမက်မွန်ပွင့်ကျတော့ ဘယ်လိုလုပ်မလဲ…"

"စိတ်မပူပါနဲ့… သခင်မမက်မွန်ပွင့်က ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့် ကျင့်ကြံသူပဲ… သူသာ ပြေးချင်ရင် ငါတို့ထက် အများကြီး ပိုမြန်မှာပါ…"

"နှမြောစရာကောင်းတာက… သမင်ကြီးကျွန်းသာ ကျဆုံးသွားရင် ဒုတိယခံစစ်စည်းတစ်ခုလုံး ပျက်စီးသွားတော့မှာပဲ…"

"ကိစ္စမရှိပါဘူး… ငါတို့က ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေပဲ… ငါတို့ရဲ့ စွမ်းရည်နဲ့ဆိုရင် ဘယ်နေရာသွားသွား ရှင်သန်နိုင်ပါတယ်…"

ဝူကျိမဟာမိတ်အဖွဲ့မှ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦးတွင် ထွက်ပြေးမည့် အစီအစဉ်များ ကိုယ်စီရှိနေကြပြီ ဖြစ်လေသည်။

"ပြေးချင်တယ် ဟုတ်လား... အိပ်မက် မက်မနေနဲ့…."

"ဘယ်သူမှ မသွားရဘူး… နေမြဲနေရာမှာပဲ နေကြစမ်း…."

ကဏန်းကြီးမျိုးနွယ်စု ခေါင်းဆောင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်များ လက်ခနဲ ဖြစ်သွားလေသည်။

လူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူလေးဦး ထွက်ပြေးချင်နေသည်ကို ချက်ချင်း သတိထားမိလိုက်သော်လည်း သူက မည်သို့ပြု၍ ခွင့်ပြုနိုင်ပါမည်နည်း။

အကယ်၍ သူတို့သာ ယခု ထွက်ပြေးသွားပါက အနာဂတ်တွင် ပင်လယ်မျိုးနွယ်စုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု သေချာပေါက် ဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူပြီး ဤလူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ရပေမည်။

လူသား ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး သေဆုံးတိုင်း ပင်လယ်မျိုးနွယ်စုအတွက် ခြိမ်းခြောက်မှုတစ်ခု လျော့နည်းသွားခြင်းပင် ဖြစ်သည်။

ဘုန်း…။

ကဏန်းကြီးမျိုးနွယ်စု ခေါင်းဆောင်သည် သူ၏ ကြီးမားသော လက်မကြီးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ၊ သူသည် ပြိုင်ဘက်ကင်း ဓားကျင့်ကြံသူတစ်ဦးအလား ထင်မှတ်ရပြီး ကြောက်မက်ဖွယ် အလင်းတန်းများ ပစ်လွှတ်လိုက်လေသည်။

လေထဲတွင် ကြီးမားသော ကတ်ကြေးတစ်လက် ထွက်ပေါ်လာပြီး ထက်ရှကာ ပြိုင်ဘက်ကင်းပုံ ရသည်။

သူ၏ ခန္ဓာကိုယ်ကို ကြောက်မက်ဖွယ် သတ္တုချီများ လွှမ်းခြုံထားပြီး၊ သူ့နောက်တွင် ဓားကိုင်ဆောင်ထားသော အရိပ်အများအပြား ပေါ်လာသကဲ့သို့ ဖြစ်နေလေသည်။

ဤသည်ကား ဤအဆင့်လေး ပင်လယ်မိစ္ဆာ၏ စွမ်းအားပင် ဖြစ်ပေသည်။

ရွှေဓာတ်သဘာဝရှိသော အဆင့်လေး ပင်လယ်မိစ္ဆာဖြစ်သည့်အားလျော်စွာ သူသည် သတ္တုချီစွမ်းအားကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ပြီး၊ ရွှေသဘာဝ ပညာရပ်များတွင် ထူးချွန်ကာ ထိမှန်သည်နှင့်တပြိုင်နက် ရန်သူ၏ အကာအကွယ်ဝိညာဉ်ရတနာများကို ချက်ချင်း ကြေမွသွားစေနိုင်သည်။

"သေစမ်း…"

မြှားငါးမျိုးနွယ်စု ခေါင်းဆောင်သည်လည်း လှုပ်ရှားလာလေသည်။ ကြီးမားသော ပုံရိပ်ယောင်တစ်ခု သူ့ကျောဘက်တွင် ပေါ်လာသကဲ့သို့ ရှိပြီး ၎င်းသည် အနက်ရောင် လေးနှင့်မြှားကဲ့သို့ ဖြစ်နေသည်။

သူ့ကျောပေါ်ရှိ အဆင့်နိမ့် ဝိညာဉ်ရတနာ ဝိညာဉ်သတ်လေးပေါ်တွင် ရုန်းသင်္ကေတများစွာ ဖုံးလွှမ်းနေချေသည်။

တစ်ခဏအတွင်း ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများပါဝင်သည့် မြှားများသည် သတ်ဖြတ်ရန် ပျံသန်းထွက်ခွာသွားကြလေသည်။

လေပြင်းများပါဝင်သည့် မြှားတစ်စင်းစီသည် တောင်များကို ဖြိုခွင်းနိုင်သော စွမ်းအားများ သယ်ဆောင်သွားပြီး၊ ဖြတ်သန်းသွားရာလမ်းတစ်လျှောက် မြှားများမှ ထွက်သော လေတိုက်ခတ်မှုကပင် မြေကြီးကို ဆွဲဖြဲပစ်ရန် လုံလောက်နေပေတော့သည်။

All Chapters