အပြည့်အဝ သတ်ဖြတ်ခြင်း
Vol. 40 Ch. 545
ဝှစ်
ကျန်းရီက အသက်ရှုထုတ်လိုက်ပြီး သူ၏ခန္ဓာကိုယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ရေသူနတ်ဆိုး ဧကရာဇ်က ပျောက်ကွယ်သွားကောင်း ပျောက်ကွယ်သွားနိုင်သော်ငြား အောက်တွင်မူ နတ်ဆိုးဘုရင် တစ်ဒါဇင်ကျော် ရှိနေသေးသည်။ သူကဖုန်းလန်နှင့် သူမ၏လူများကို ကူညီမည်ဆိုသောကြောင့် တောက်လျှောက် ကူညီရပေမည်။ သူသည် နတ်ဆိုးဘုရင်များ အားလုံးကို သတ်ဖြတ်မှသာ ဖီးနစ်အော်သံနယ်မြေသည် နှစ်ရာချီ ငြိမ်းချမ်းနေမည်ဟု အာမခံနိုင်မှာပဲ ဖြစ်သည်။
သူက တွက်ချက်ပြီးသားဖြစ်၏။ ထိုမျှများပြားသည့် နတ်ဆိုဘုရင် အလောင်းများအတွက် ယင်းက ထိုက်တန်ပေသည်။ သူတို့အားလုံးကို သူမယူခဲ့လျှင် ဖီးနစ်အော်သံနယ်မြေကို သူ့အား အမြတ်ထုတ်ခွင့် ပေးရန်သာဖြစ်သည်။
သတ်ဖြတ်ခြင်း ဆန္ဒကို ထုတ်ဖော်ပြီးနောက် ကျန်ရှိသည့် နတ်ဆိုးဘုရင်များက မလှုပ်ရှားနိုင် ဖြစ်သွားကြသည်။ ကျန်းရီက သူတို့နား ဖြေးဖြေးချင်း ချဉ်းကပ်သွားလျက် အနီးအနားရှိ လူများကို ဖယ်ရှားကာ ဘုံကိုးဘုံ၏ နဂါးမီးလျှံများကို ထုတ်ဖော်လျက် နတ်ဆိုးဘုရင်တစ်ပါးကို အေးအေးဆေးဆေး မီးမြှိုက်လိုက်သည်။
နတ်ဆိုးဘုရင်များကို ဖယ်ရှားပြီးနောက် သူသည် နတ်ဆိုးဘုရင် အလောင်းများကို သိုလှောင်လိုက်သည်။ သူက ရေသူနတ်ဆိုး ဧကရာဇ်၏အလောင်းကို ဖြတ်ကျော်သွားသည့် အချိန်တွင် သဏ္ဍန်လုပ်မနေဘဲ အလောင်းကို သာမာန်သာ သိုလှောင်လိုက်၏။ ယင်းက ဖီးနစ်အော်သံနယ်မြေပေါ်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များကို ဒေါသထွက်စေခဲ့သည်။ သို့သော် ဖုန်းလန်က ဘာမှမပြောပေ။ သူတို့သည်လည်း မကျေမနပ်ဖြစ်မှုကို မပြရဲချေ။ ဆိုရလျှင် ကျန်းရီကြောင့်သာ မဟုတ်လျှင် သူတို့အားလုံး သေနေမှာပဲဖြစ်သည်။
မိနစ်သုံးဆယ်ခန့် ကြာညောင်းသွားပြီးနောက် နတ်ဆိုးဘုရင်များအားလုံး အသတ်ခံလိုက်ရကာ တစ်ရာကျော်သည့် နတ်ဆိုးဘုရင်များ၏ အလောင်းများက ကျန်းရီယူသွားတာ ခံလိုက်ရသည်။ ပြီးနောက် သူ၏သတ်ဖြတ်ခြင်းဆန္ဒကို ရုတ်သိမ်းလျက် လေထဲတွင် မျက်လုံးမှိတ်ကာ ပြန်လည်ကုစားနေသော ဖုန်းလန်ကို ကြည့်လိုက်သည်။
“ရေသူတွေအားလုံးကိုသတ် အသက်ရှင်ခွင့် မပေးနဲ့”
ဖုန်းလန်၏ အမိန့်ဖြင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် သုံးဆယ်က ရေသူတပ်ဖွဲ့ဆီသို့ ရက်စက်ကြမ်းကြုတ်သော ကျားများသဖွယ် ခုန်အုပ်ကြတော့သည်။ ကျန်းရီက တိုက်ပွဲထဲဝင်ပါရန် မလိုအပ်တော့သောကြောင့် တိတ်တဆိတ်ပင် မဟူရာဖီးနစ်မြို့ဆီသို့ ပြန်သွားလိုက်သည်။
ဝှစ်
ဖုန်းလန်သည် ထိုအဆင့်နိမ့် ရေသူများအတွက် စိတ်အနှောက်အယှက် ဖြစ်ခံမနေတော့ပေ။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်သုံးဆယ်နှင့် လူဦးရေတစ်သန်းပါသည့် တပ်ဖွဲ့ဖြင့် ထိုရေသူများက အသတ်ခံရရန် စောင့်နေရုံသာရှိမည်။ သူမက ကျန်းရီကို မြန်မြန်ဆန်ဆန် လိုက်မှီလာပြီး သူမ၏ခန္ဓာကိုယ်က ကောင်းကင်ထက်မှ သက်ဆင်းလာတော့၏။
ဖုတ်
ဖုန်းလန်၏ဒဏ်ရာများက သွေးထွက်တာ ရပ်တန့်သွားပြီဖြစ်သော်ငြား သူမ၏ နှစ်လိုဖွယ် မျက်နှာကမူ ဖြူရော်နေသေးဆဲဖြစ်သည်။ သူမသက်ဆင်းလာသည့် အချိန်တွင် ဘာမှမပြောဘဲ ကျန်းရီရှေ့၌ ချက်ချင်း ဒူးထောက်ကျလိုက်၏။ သူမ၏ လှပသော မျက်လုံးထဲတွင် မျက်ရည်များဖြင့် ရွှန်းစိုနေပြီး ကျန်းရီကို စိတ်ရင်းမှန်ဖြင့် သုံးကြိမ်သုံးခါတိုင်တိုင် အရိုအသေ ပေးလိုက်၏။ သူမက စိတ်ခံစားချက်ပါသော အသံဖြင့် ပြောလိုက်သည်။
”ဖုန်းအာက ဖီးနစ်အော်သံနယ်မြေက တိုင်းသူပြည်သား သန်းချီရဲ့ကိုယ်စား သခင်လေးရဲ့ မျက်နှာသာပေးမှုကို ကျေးဇူးတင်ပါတယ်”
ကျန်းရီသည် ဖုန်းလန် အရိုအသေ ပေးနေတာကို မတားဘဲ လက်ခံလိုက်၏။ သူမ၏ မျက်ရည်စို့နေသော မျက်ဝန်းများကို မြင်သည့်အခါ ရုတ်တရက် လက်ဆန့်ထုတ်ပြီး မျက်ရည်များကို ညင်သာစွာ သုတ်ပေးကာ လေးနက်တည်ကြည်သည့် အသံဖြင့် ပြောလိုက်သည်။
”မင်းငါ့ကို ကျေးဇူးတင်ချင်တယ်ဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းအောင် ဆေးကြောပြီး ပြီးကျငါ့ရဲ့အခန်းကို လာခဲ့၊ အခုက အဓိပ္ပာယ်မရှိတာတွေ ပြောနေရမဲ့ အချိန်မဟုတ်ဘူး၊ ဆက်တိုက်ခိုက်နိုင်သေးရင် စစ်မြေပြင်ဆီသွားပြီး ရေသူနတ်ဆိုးဘုရင်တွေကို တက်နိုင်သမျှ မြန်မြန်သတ် ဒါမှပဲ မင်းငါနဲ့ ထွက်သွားတဲ့ အချိန်ကျရင် နယ်မြေက မထိခိုက်တော့မှာ”
“နားလည်ပါပြီ”
ဖုန်းလန်၏ ဖြူရော်ပြီး ဆွဲငင်နိုင်စွမ်းရှိသော မျက်နှာက အနီရောင် သန်းသွား၏။ သူမက အံ့ကြိတ်ကာ ထရပ်ပြီး ဖီးနစ်အော်သံ နယ်မြေထဲသို့ ကျန်းရီပြန်သွားတာကို ကြည့်နေလိုက်သည်။ သူမကလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရနေ၏။ သို့သော် သူမ အသက်ရှု နေနိုင်သ၍ တိုက်ပွဲထဲချက်ချင်း ဝင်ပါမှာပဲဖြစ်သည်။ ယခုက ရေသူမျိုးနွယ်၏ နတ်ဆိုးဘုရင်များကို သုတ်သင်ရှင်းလင်းရန် ပြီးပြည့်စုံသည့် အချိန်ဖြစ်သည်။ ကျန်းရီပြောတာ မှန်ပေ၏။ ယခုအခေါက်တွင် သူမက နတ်ဆိုးဘုရင်များ ပိုသတ်လေ သူမက ကျန်းရီနှင့် ထွက်သွားသည့်အချိန်တွင် ထိခိုက်မှု ပိုနည်းပါးလေဖြစ်သည်။
ကျန်းရီကို နန်းတော်သို့ ပြန်ပို့ပြီးနောက် ဖုန်းလန်သည် ထွက်ခွာလာတော့သည်။ ကျန်းရီက သူသည်သူမ၏ သေခြင်းရှင်ခြင်းကို ထိန်းချုပ်နိုင်စွမ်းရှိပြီး သူ၏ဆန္ဒများကို သူမ မနာခံရဲဘဲ မနေဝံ့သောကြောင့် သူမ ထွက်ပြေးသွားမှာကို မစိုးရိမ်ပေ။
“ဝူး”
နန်းတော်သို့ ပြန်ရောက်လာပြီးနောက် ကျန်းရီသည် အောင်ပွဲကြောင့် ပျော်ရွှင်မှုကို မခံစားရဘဲ စိတ်ထဲစိုးရိမ်ပူပန်မှုတို့ ရှိနေသည်။ တိုက်ပွဲအတွင်း သူပါဝင်ပတ်သက်မှုက သူမည်သူမည်ဝါဆိုတာ ဖော်ပြပြီးသား ဖြစ်နိုင်သည်။ သိုင်းခန်းမ၏ အရည်အချင်းဖြင့် သူတို့က သူ့ကိုသေချာပေါက် ရှာတွေ့ကြလိမ့်မည်။ ဖီးနစ်အော်သံနယ်မြေသည် သိုင်းခန်းမမှ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်များကို ဖုံးကွယ်ထားခဲ့လျှင် သူတို့က ကျန်းရီကို သတ်ဖြတ်ရန်အတွက် မြန်မြန်ဆန်ဆန် လူလွှတ်လောက်၏။ သူတို့လူမလွှတ်ခဲ့လျှင်တောင် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ ကျန်းရီ၏ခရီးက ငြိမ်းချမ်းမှာမဟုတ်ပေ။
ခြင်္သေ့ချီနတ်ဆိုး ဧကရာဇ်က ရှိနေသေးတယ်။ သူက ဖီးနစ်အော်သံနယ်မြေကို ပြန်လာမှာလား။ သူ့နောက်ကို ဆက်လိုက်နေမှာလား။
ကျန်းရီသည် ဖုန်းလန်ဆီမှ ရထားသော မြေပုံကို ထုတ်ကြည့်ပြီး သူ၏မျက်နှာထားက ပိုတောင် လေးနက်လာတော့သည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ ခရီးက အလွန်ဝေးကွာပြီး အနာဂတ်က ဝေဝါးနေသည်။ စုလော့ရွှယ်၏ ကံကြမ္မာက မသိရသေးဘဲ ရီဖျောင်ဖျောင်က သတင်းမရသေးပေ။ သူ့တွင် အလွန့်အလွန် ရှည်လျားသော ခရီးတစ်ခု ရှိနေ၏။
မဟူရာဖီးနစ် ရေအိုင်ရှိ တိုက်ပွဲက တစ်ညလုံး ကြာညောင်းခဲ့သည်။ အဆင့်နိမ့် နတ်ဆိုးငါးသိန်းလုံး အသတ်ခံခဲ့ရ၏။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက တိုက်ပွဲကို လွှမ်းမိုးထားပြီး သန်းချီသောတပ်ဖွဲ့က ဝန်းရံနေရာ အဆင့်နိမ့်နတ်ဆိုးများကို ထွက်ပြေးခွင့် ပေးခဲ့လျှင် ထူးဆန်းနေမှာပဲဖြစ်သည်။
မိုးသောက်ချိန်တွင် ချင်ယွီက ပြန်ရောက်လာ၏။ တစ်ညလုံး တိုက်ပွဲဝင်ပြီးနောက် သူမတွင် မောပန်းမှု အရိပ်အယောင် မခံစားရဘဲ မျက်လုံးက တောက်ပမှုဖြင့် ရွှန်းစိုနေကာ အလွန်စိတ်လှုပ်ရှားနေတော့သည်။
သူမသည် ကိုယ်လက်သန့်စင်ပြီးနောက် ပန်းရောင်ဝတ်စုံသစ်ကို လဲလိုက်တော့သည်။ ကျန်းရီအခန်းထဲသို့ ဝင်သွားချိန်၌ သူနက်နက်ရှိုင်းရှိုင်း အိပ်မောကျနေသောကြောင့် သူ့ကိုမနိုးရဲချေ။ ဘေးတွင် ရပ်စောင့်နေပြီး သူမ၏ ဝိညာဉ်မျက်လုံးကိုသုံးကာ ကျန်းရီ၏ မျက်နှာကိုကြည့်လျက် ရှုပ်ထွေးသော အမူအရာတို့ ရှိနေသည်။
ဝှစ်
ကျန်းရီ၏လက်က ရုတ်တရက် လှုပ်လာပြီး ချင်ယွီ၏လက်ကို ဖမ်းဆုပ်လိုက်သည်။ သူကချင်ယွီကို အိပ်ရာပေါ်သို့ ရုတ်တရက် ဆွဲချပြီးနောက် ကျန်သည့်လက်တစ်ဖက်က သူမ၏ နုနယ်သောခါးကို ဆွဲဖက်လိုက်တော့သည်။
“အား”
ချင်ယွီက အော်သံထွက်လာပြီး လွတ်အောင်ရုန်းမယ် ကြံလိုက်သော်ငြား ကျန်းရီ၏မျက်ဝန်းများကို မြင်သည့်အချိန်တွင် သူမ အဆင်အခြင်မဲ့ မလှုပ်ရှားရဲတော့ချေ။ သူမက ကျန်းရီကို ဒေါသထွက်စေခဲ့လျှင် နောက်ဆက်တွဲက ဆိုးပေလိမ့်မည်။
ထိုဧရာမလက်ဝါးကို ခုခံခဲ့သော ကျန်းရီ၏မြင်ကွင်းက ချင်ယွီ၏နှလုံးသားထဲ ထွင်းထုပြီးဖြစ်နေသည်။ ကျန်းရီကို ခုခံလိုသော သူမ၏စိတ်ဆန္ဒက အားလျော့နေပြီး သူမရင်ထဲ၌ အကြောက်တရားတို့ ရှိနေလေ၏။
“ချင်ယွီလေး ဘာကြောင့်ဒီလို ခိုးကြောင်ခိုးဝှက် မျက်လုံးနဲ့ စိုက်ကြည့်နေရတာလဲ မင်းမှာတစ်ခြား လှုပ်ရှားမှုတွေများ ရှိနေတာလား တိတ်တဆိတ် ကိုယ်ထိလက်ရောက် စော်ကားဖို့များ ကြိုးစားနေတာလား”
ကျန်းရီ၏ တိုးရှပြီး ယောကျာ်းဆန်သော အသံက ပဲ့တင်သံထွက်သွားပြီး သူကကောက်ကျစ်သော အပြုံးကို ပြုံးနေလိုက်၏။ သူမက မြန်မြန်ဆန်ဆန်ပင် အကြည့်လွှဲလိုက်တော့သည်။ ကျန်းရီ၏ မျက်ဝန်းများကို မကြည့်ရဲတော့ဘဲ စိတ်လှုပ်ရှားနေသည့် လေသံဖြင့် ပြောလိုက်၏။
“သခင် သခင်လေး ချင်ယွီက ဘယ်လှုပ်ရှားရဲပါ့မလဲ သခင်လေးကို စစ်ဆေးခွင့်ပြုပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ”
“ဟား ဟား တောင်းပန်တာသာ အသုံးဝင်နေမယ်ဆိုရင် ဒီလောကကြီးက ဖရိုဖရဲ ဖြစ်နေမှာမဟုတ်ဘူး”
ကျန်းရီက ခွန်အားအနည်းငယ် ပိုသုံးလိုက်ပြီး ချင်ယွီ၏ တစ်ကိုယ်လုံးကို သူ့ကိုယ်ပေါ် ဖိကပ်လိုက်၏။ ကျန်သည့် လက်တစ်ဖက်ကိုသုံးကာ အနည်းငယ်လျောလျက် ချင်ယွီ၏ လုံးဝန်းသော တင်ပါးကို ပွတ်သပ်လိုက်သည်က သူမ၏ နုနယ်သောခန္ဓာကိုယ်ကို တုန်ယင်သွားစေသည်။
“သခင်လေး မလုပ် မလုပ်နဲ့”
ချင်ယွီက အထစ်ထစ် အငေါ့ငေါ့ ပြောလိုက်သည်။ တိုက်ပွဲပြီးနောက် ကျန်းရီအပေါ် ချင်ယွီ၏ သဘောထားက သိသိသာသာ ပြောင်းလဲသွားပြီး သူ့ကို အလွန် ကျေးဇူးတင်နေသည့်တိုင် ကျန်းရီအကြောင်း အပြည့်အဝ မသိသေးသောကြောင့် သူမအတွက် မဖြစ်နိုင်သေးပေ။ ကျန်းရီက အမျိုးသားတစ်ယောက်လည်း ဖြစ်နေသေး၏။ သူမသည် အမျိုးသားများကို မုန်းတီးသည်။
ကျန်းရီက လက်မလွှတ်ခဲ့ပေ။ ချင်ယွီ ခုခံတာ ရပ်တန့်ရန်လည်း အမိန့်မပေးချေ။ သူက ဖိနှိပ်နိုင်သော မျက်ဝန်းများဖြင့် သူမကိုကြည့်ပြီး သူမ၏ဖွံ့ထွားသော ရင်သားများဆီမှ ရုန်းကန်မှုကို ခံစားနေ၏။ သူ၏အပြုံးတို့က ပိုပြီးနက်နဲလာကာ သူ့လက်က ချင်ယွီ၏ တင်ပါးနှင့်ပေါင်ကို ဆက်လက် ပွတ်သပ်နေခဲ့သည်။ ချင်ယွီကို တန်းကြည့်လိုက်သည်က သူမကို ရှက်ရွံ့ပြီး မကျေမချမ်း ဖြစ်စေကာ ခံစားချက်များ ရှုပ်ထွေးသွားစေ၏။
မှန်ပေသည်။ ချင်ယွီက အနည်းငယ် လှုပ်ရှားသည်နှင့် ကျန်းရီ၏ ယောကျာ်းဆန်သော တည်ရှိမှုက ပြင်းထန်လာသည်။ သူမသည် အမျိုးသားတစ်ယောက်၏ ပွတ်သပ်မှုကို ပထမဆုံးအကြိမ် ခံရတာဖြစ်သည်။ ယင်းက အလွန်ထူးခြားကာ လှုံ့ဆော်နိုင်စွမ်းရှိသည်။ ထိုအတွေးများက သူမစိတ်ထဲ ပေါ်လာသည်နှင့် သူမကပိုတောင် ရှက်ရွံ့ကာ မကျေမချမ်း ဖြစ်လာတော့၏။
ချင်ယွီ၏ နုနယ်သောခန္ဓာကိုယ်က စတင်တုန်လှုပ်လာပြီး အပူလှိုင်းတို့ ပေါ်ထွက်လာကာ သူမမျက်နှာက သွေးပမာ နီရဲလာသည်ကို မြင်သောအခါ ကျန်းရီက ထထိုင်ပြီး သူမကို လွှတ်ပေးလိုက်တော့၏။ သူကစနောက်ပြီး ပြောလိုက်တော့သည်။
“မင်းကအထိမခံနိုင်ဘူးပဲ၊ ပါးစပ်က မလိုချင်ဘူးပြောပေမဲ့ မင်းရဲ့ခန္ဓာကိုယ်က ရိုးသားနေတယ် ဟမ်”
“အာ”
ချင်ယွီက ထရပ်လိုက်ပြီးနောက် ထပ်မံတုန်ယင်သွားပြန်သည်။ သူမက မြေကြီးပေါ် ထိုင်ချလုနီးပါး ဖြစ်သွားပြီး သူမ၏လည်ပင်းနှင့် နားရွက် အကုန်လုံး ရဲတွတ်နေသည်။ သူမက မျက်နှာကိုကာရန် လက်ကိုသုံးလျက် ထွက်ပြေးသွားတော့မည့် အချိန်တွင် ကျန်းရီကရုတ်တရက် အော်ပြောလိုက်၏။
“မင်း ဘာအတွက် ပြေးနေတာလဲ၊ ဒီသခင်လေးက မင်းကို အရိုင်းဆန်တာ တစ်ခုခုလုပ်မှာ တကယ် ကြောက်နေတာလား ငါသာ အလိုရှိရင် ဒီနေ့အထိ စောင့်နေမှာတဲ့လား”
“အမ်” ချင်ယွီက ရပ်တန့်သွားပြီး ယင်းက ယုတ္တိရှိသည်ဟု ခံစားမိလိုက်သည်။ ကျန်းရီသာသူမကို လိုချင်လျှင် သူမကို အဝတ်ချွတ်ရန် အမိန့်ပေးပြီးနောက် သူမ၏ခန္ဓာကိုယ်ကို သူ့ထံအပ်နှင်းရန် အမိန့်ပေးရုံသာလိုသည်။ သူမရုန်းကန်ချင်လျှင်တောင် မခုခံနိုင်ပေ။
ကျန်းရီသည် မကြာမီ၌ လေးနက်တည်ကြည်သည့် အမူအရာ ပေါ်လာကာ သမန်ကာလျံကာ ပြောလိုက်၏။
”ဖုန်းလန်ဆီ သတင်းသွားပို့လိုက် ငါသူ့ကိုဆယ်ရက် အချိန်ပေးမယ်၊ သူမရဲ့ အရည်အချင်းနဲ့ ဆယ်ရက်အတွင်း နတ်ဆိုးဘုရင် ဘယ်လောက်များများ သတ်နိုင်လဲဆိုတာ ကြည့်ကြသေးတာပေါ့ ပြီးရင် အရှေ့ပိုင်း တော်ဝင်နယ်မြေကို ချက်ချင်းထွက်ခွာမယ်”
“အမ်”
ချင်ယွီက မျက်နှာထား ပြောင်းလဲသွား၏။ ထိုနေ့ ရောက်လာမည်မှန်း သိသည်။ သို့သော် အမှန်တကယ် ရောက်လာသည့်အချိန်တွင် သူမက စိတ်ပျက်အားငယ်မှုကို ခံစားနေရသေးသည်။ သူမက ဖီးနစ်အော်သံ နယ်မြေမှ ထွက်သွားပြီး ကျန်းရီနှင့် ဝေးကွာသောနေရာကို လိုက်ပါသွားခဲ့လျှင် ဤဘဝ၌ ပြန်မလာနိုင်တာ ဖြစ်နိုင်သည်။ မည်သူပဲဖြစ်စေကာမူ အလွန်ဝမ်းနည်းနေမှာပဲဖြစ်၏။
“မင်းသတ္တိ ကြောင်နေစရာ မလိုဘူး”
ချင်ယွီ၏ မှုန်မှိုင်းသောမျက်နှာကို သည်းမခံနိုင်တော့ဘဲ ကျန်းရီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ဆယ်နှစ်ကြာပြီးတဲ့နောက် မင်းရဲ့လွတ်လပ်ခွင့် သေချာပေါက် ပြန်ပေးမယ် ငါ ကျန်းရီက နောင်ကျ ထင်ရှားတဲ့လူတစ်ယောက် ဖြစ်လာခဲ့ရင် မင်းတို့မျိုးနွယ်စု ထွန်းတောက်လာပြီး မျိုးဆက်တွေအတွက် ဂုဏ်ကျက်သရေထူး ရအောင်လို့ သေချာပေါက် ဆောင်မမယ် ဒါက ငါကျန်းရီဆီက ကတိပဲ”
***