ယောက်ျားတစ်ယောက် မယားပြိုင်ထားတာ ပုံမှန်ပါပဲ၊ ရွှေအမြုတေအဆင့် အစေခံမလေးများ လက်ဆောင်ပေးခြင်း(၂)။
Vol. 30 Ch. 348
"စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တွေက တကယ်ပဲ အဲ့လောက် ရှားပါးလို့လား…"
ကျိုးစွေ့ စိတ်ဝင်တစား မေးလိုက်သည်။
ယင်းက သူ့ကို အတော်လေး စိတ်ရှုပ်ထွေးစေသည်။
ဝူကျိမဟာမိတ်အဖွဲ့ထဲတွင်ပင် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်သည် တစ်ယောက်၊ နှစ်ယောက်လောက်ပင် ရှိ၏။ သို့သော် တတိယအဆင့် ဆေးဖော်စပ်ပညာရှင်များသည်မူ များစွာရှိလေသည်။
"သေချာတာပေါ့... စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ဖို့အတွက် လိုအပ်ချက်တစ်ခုက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်ဖို့ပဲ…"
"ပြဿနာက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်တဲ့သူတွေထဲမှာ ဆေးပညာ ပါရမီပါတဲ့သူက အရမ်း နည်းတယ်…"
"ဆေးပညာ ပါရမီပါတဲ့သူတွေထဲမှာ (၉၉%)လောက်ကလည်း ဝိညာဉ်သန္ဓေသားအဆင့်ကို မတက်လှမ်းနိုင်ကြဘူး…"
"ဒါကြောင့် စတုတ္ထအဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့ဆိုရင် ငါတို့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ အကုန်လုံးက ဘက်စုံတော်တဲ့ ပါရမီရှင်တွေ ဖြစ်လာဖို့ လိုတယ်… ဆေးလုံးဖော်စပ်နည်းကို သင်ယူပြီး စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာအောင် ကြိုးစားရမယ်…"
"ဒါပေမဲ့ ထင်ရှားတာက ဆေးဖော်စပ်ပညာရှင် အသက်မွေးဝမ်းကျောင်းက ပါရမီ လိုအပ်တယ်… ဒါကြောင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူဖြစ်တိုင်း ဆေးဖော်စပ်ပညာရှင်ဖြစ်မယ်လို့ အာမ မခံနိုင်ဘူး… တတိယအဆင့်လောက်ထိ ရောက်ချင်ရောက်မယ်.. ဒါပေမဲ့ အဲဒါက အကန့်အသတ်ပဲ…"
"ပြဿနာက သူတို့က တတိယအဆင့်လောက်ပဲ ရောက်တယ်ဆိုရင် သေချာပေါက် မလုံလောက်ဘူးလေ… သူတို့က တတိယအဆင့် ဆေးလုံးတွေထက် စတုတ္ထအဆင့် ဆေးလုံးတွေကို လိုအပ်တာကိုး… ဒါကြောင့် ဆေးပညာ အမွေအနှစ်တွေကို လေ့လာတာက အချိန်ဖြုန်းတာ သက်သက် ဖြစ်သွားတာပေါ့…"
"ဒါက ကျေးဇူးမတင်ခံရတဲ့ အလုပ်တစ်ခုပါပဲ…"
သခင်မမက်မွန်ပွင့် မျက်နှာ မဲ့လိုက်သည်။
ထင်ရှားသည်မှာ၊ သူမသည်လည်း စတုတ္ထအဆင့် ဆေးလုံးများ ဖန်တီးရန် တစ်ချိန်က အပင်ပန်းခံ လေ့လာခဲ့ဖူးပုံ ရသည်။
ဝမ်းနည်းစရာမှာ သူမ၌လည်း ဆေးပညာ ပါရမီ မရှိပေ။
ထိုဆေးလုံးများ၏ သီအိုရီ ဗဟုသုတတွေကို ကြည့်လိုက်သည်နှင့် သူမ ချက်ချင်း အိပ်ချင်စိတ် ပေါက်သွားတတ်သည်။
နှစ်ပေါင်းများစွာ လေ့လာခဲ့သည့်တိုင် ယခုအချိန်အထိ တတိယအဆင့်သို့သာ ရောက်ရှိသေးသည်။
စတုတ္ထအဆင့်သို့ ဘယ်အချိန်မှ ရောက်နိုင်မည်ကိုမူ လုံးဝ မသိနိုင်ပေ။
"စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ဖို့က အဲ့လောက် ခက်ခဲလို့လား…"
"ဘာလို့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေပဲ စတုတ္ထအဆင့် ဆေးလုံးတွေကို ဖော်စပ်နိုင်ရတာလဲ…"
ကျိုးစွေ့ မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဤအကြောင်းကို အလွန် သိချင်နေမိသည်။
မည်သို့ပင်ဖြစ်စေ၊ သူသည် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်ဖြစ်ရန် သိပ်မလိုတော့ချေ။ ထို့ကြောင့် သက်ဆိုင်ရာ ဗဟုသုတများကို ကြိုတင်နားလည်းထားဖို့ လိုအပ်သည်။
ထိုမှသာ သူသည် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်အဖြစ် မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်ပေမည်။
"ရှင်းရှင်းလေးပါ... တတိယအဆင့် ဆေးလုံးတွေနဲ့ စတုတ္ထအဆင့် ဆေးလုံးတွေက လုံးဝ မတူဘူး.."
"တတိယအဆင့် မတိုင်ခင် ဆေးလုံးတွေက စိတ်ဝိညာဉ်ဆေးလုံးတွေ ဖြစ်တယ်ဆိုရင် စတုတ္ထအဆင့် ဆေးလုံးတွေက ရတနာဆေးလုံးတွေပဲ…"
"ရတနာဆေးလုံး တစ်လုံး ဖြစ်ပေါ်လာဖို့ဆိုရင် ကပ်ဘေးတစ်ခုကို ကျော်ဖြတ်ရတယ်…"
"ဒီကပ်ဘေးကို ကြုံတွေ့ဖူးမှသာ စတုတ္ထအဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မှာ…"
"ဘာကြောင့်လဲဆိုတော့ ကပ်ဘေးကို ကျော်ဖြတ်ပြီးတဲ့နောက်… ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြန့်ကျဲနေတဲ့ ဖန်ဆင်းခြင်းချီကို စုပ်ယူပြီး ရတနာဆေးလုံးအဖြစ် ပြောင်းလဲနိုင်လို့ပဲ…"
"ကဲ... အခု စတုတ္ထအဆင့် ဆေးလုံးတစ်လုံး ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ ရှင် သိပြီမလား…"
"ဆေးလုံးတစ်လုံးစီက အရမ်း တန်ဖိုးရှိတယ်… ဝိညာဉ်ကျောက်တုံးတွေနဲ့ တိုင်းတာလို့ မရနိုင်ဘူး…"
သခင်မမက်မွန်ပွင့်က အလွန် လေးနက်စွာ ပြောလိုက်သည်။
"ဩော်..."
ကျိုးစွေ့ စိတ်ထဲတွင် အကြီးအကျယ် လှုပ်ခါသွားသည်။
တတိယအဆင့် ဆေးလုံးများနှင့် ယှဉ်လျှင် စတုတ္ထအဆင့် ဆေးလုံးများသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်စေကြောင်း သူ သိထားသော်လည်း၊ ဤမျှ ကြီးမားသော ပြောင်းလဲမှု ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
တစ်ခုသည် စိတ်ဝိညာဉ်ဆေးလုံး၊ နောက်တစ်ခုသည် ရတနာဆေးလုံး။
နှစ်ခုစလုံးသည် လုံးဝ ကွဲပြားခြားနားသော ဆေးလုံးအမျိုးအားများပင်။
သို့သော်၊ ဤကဲ့သို့သော ဆေးလုံးများသည် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ မှော်စွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
"ဆေးလုံးကပ်ဘေးကို ကျော်ဖြတ်ရာမှာ တခြားသူက ကူညီပေးလို့ ရလား…"
ကျိုးစွေ့ မေးလိုက်သည်။
အကယ်၍ ဆေးလုံးကပ်ဘေးကို ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူများကဲ့သို့ အခြားသူများ၏ အကူအညီဖြင့် ကျော်ဖြတ်နိုင်ပါက၊ ဆေးလုံးကပ်ဘေးကို အလွယ်တကူ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။
"မရဘူး... စတုတ္ထအဆင့် ဆေးလုံးရဲ့ ကပ်ဘေးက ကျော်ဖြတ်ဖို့ အဲ့လောက် မရိုးရှင်းဘူး…"
"အဲဒီလောက် လွယ်ရင် စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တွေ ဒီလောက် ရှားပါးနေမှာ မဟုတ်ဘူး…"
"ဆေးလုံးကပ်ဘေးဆိုတာ ဘေးအန္တရာယ် တစ်မျိုးပါပဲ… ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ စတုတ္ထအဆင့် ဆေးလုံးတွေ ဖော်စပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ စွမ်းအားတစ်ခုလည်း ဖြစ်တယ်…"
"ဘာကြောင့်လဲဆိုတော့ စတုတ္ထအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ဖို့ဆိုရင် ဆေးလုံးကပ်ဘေးကို အစပျိုးရမယ်… ဆေးလုံးကပ်ဘေးရဲ့ စွမ်းအားကို ငှားရမ်းပြီး စတုတ္ထအဆင့် ဝိညာဉ်ဆေးမြစ်ရဲ့ အညစ်အကြေးတွေကို သန့်စင်ရမယ်…"
"ဒါပေမဲ့ ဒီလုပ်ဆောင်ချက်က အရမ်း တိကျဖို့ လိုတယ်…"
"အနည်းငယ် ပေါ့ဆလိုက်တာနဲ့ စွမ်းအားတွေ အရမ်းများသွားပြီး ဆေးလုံး ပျက်စီးသွားနိုင်တယ်… အရင် ကြိုးပမ်းခဲ့သမျှ အချည်းနှီး ဖြစ်သွားနိုင်တယ်…"
"အောင်မြင်ဖို့ဆိုရင် စွမ်းအားယူနစ် တစ်ခုချင်းစီကို တိတိကျကျ စီမံခန့်ခွဲနိုင်တဲ့ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ယောက်က ထိန်းချုပ်ဖို့ လိုတယ်…"
"ရွှေအမြုတေအဆင့် ကျင့်ကြံသူဆိုရင် ဆေးလုံးကပ်ဘေးကို အစပျိုးဖို့… ဒါမှမဟုတ် အဲ့ဒီစွမ်းအားကို အသုံးပြုဖို့ လုံးဝ မဖြစ်နိုင်ဘူး…"
"ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေပဲ ဒီစွမ်းရည်ကို ပိုင်ဆိုင်နိုင်ကြတာ…"
"ဒါကြောင့် ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူ မဖြစ်မချင်း… စတုတ္ထအဆင့် ဆေးလုံးတွေကို သန့်စင်ဖော်စပ်ဖို့ မဖြစ်နိုင်ဘူး…"
"ဒီလိုဖြစ်နေမှတော့ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်လည်း သဘာဝကျကျ မဖြစ်လာနိုင်တော့ဘူးပေါ့…"
သခင်မမက်မွန်ပွင့်က လေးနက်စွာ ပြောလိုက်ပြီး၊ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာရန်နှင့် စတုတ္ထအဆင့် ဆေးလုံးများ ဖန်တီးရန် ခက်ခဲမှုများကို ရှင်းပြလိုက်သည်။
ထင်ထားသလောက် မရိုးရှင်းသည်မှာ သေချာပေသည်။
ထိုမျှ လွယ်ကူနေပါက ယခုအချိန်လောက်ဆို ကျင့်ကြံသူအများအပြား စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်များ ဖြစ်နေကြပေမည်။
သို့သော်၊ ယခုအချိန်အထိ ချန်လန်ပင်လယ်ဒေသတွင် ရှိသော စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် အရေအတွက်မှာ လက်ချိုးရေ၍ပင် ရလေသည်။
"သဘောပေါက်ပြီ။"
ကျိုးစွေ့ ခေါင်းညိတ်လိုက်ပြီး၊ စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်လာရန် ခက်ခဲမှုကို ယခုမှ နားလည်သွားလေသည်။
စတုတ္ထအဆင့် ဆေးဖော်စပ်ပညာရှင်များကို ကမ္ဘာလောကက ဆေးတာအိုသခင်များဟု ချီးကျူးကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
ဤအဆင့်သို့ ရောက်နိုင်သူများမှာ တကယ့်ကိုမှ အနည်းစုသာ ဖြစ်ချေသည်။
ထိုအချက်ကို စိတ်ထဲမှတ်ထားပြီး၊ သူသည် ထိုကိစ္စကို ဆက်လက် အာရုံမစိုက်တော့ဘဲ သိုလှောင်အိတ် ထဲရှိ ရတနာများကို ဆက်လက် စစ်ဆေးလိုက်သည်။
ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ်ဖြစ်သည့်အားလျော်စွာ အတွင်းရှိ ရတနာများသည် တန်ဖိုးရှိရုံသာမက၊ ရှားပါးပြီး အရေအတွက် နည်းပါးကာ ပြင်ပကမ္ဘာတွင် ရှာတွေ့ရန် ခက်ခဲသော ပစ္စည်းများ ဖြစ်ကြသည်။
ဤအရာများက သူ့မျက်လုံးများကို အမှန်တကယ် ဖွင့်ပေးလိုက်လေသည်။
"ဟမ်... ဒါက ဘာဆေးလုံးလဲ…"
ထိုအချိန်တွင် ကျိုးစွေ့သည် ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတစ်ဦး၏ သိုလှောင်အိတ်ထဲတွင် ထူးခြားသော ဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဆေးလုံးထည့်ထားသော ပုလင်းသည် အတော်လေး ထူးခြားနေသောကြောင့် ဖြစ်သည်။
၎င်းသည် အဖိုးတန် ဆေးလုံးများကို သိုလှောင်ရန် အထူးပြုလုပ်ထားသော ကျော်ကြားသည့် ဝိညာဉ်ပစ္စည်း ကျောက်စိမ်းအဆီပုလင်း ဖြစ်သည်။
၎င်းသည် ဆေးလုံးများ၏ ဆေးစွမ်းအင်ကို ပြင်ပကမ္ဘာသို့ ပျောက်ကွယ်မသွားအောင် တားဆီးပေးသည်။
ဤကဲ့သို့သော အထူးပုလင်းထဲတွင် သိုလှောင်ထားသည့် မည်သည့်ဆေးလုံးမဆို တန်ဖိုးကြီးမားသည်။
ဖောက်ကနဲအသံနှင့်အတူ သူသည် ပုလင်းအဖုံးကို ညင်သာစွာ ဖွင့်လိုက်ရာ၊ ချက်ချင်းပင် ရွှေရောင် ဆေးလုံးတစ်လုံး ထွက်ပေါ်လာပြီး အလင်းရောင်များ ဖြာထွက်လာကာ၊ လျှို့ဝှက်ဆန်းကြယ်သော ရတနာအလင်းရောင်များ စီးဆင်းနေပြီး အဖိုးတန်သော ပုံစံကွက်များ ၎င်းအပေါ်တွင် ရှိနေသကဲ့သို့ ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်၊ ၎င်းသည် မွှေးပျံ့သော ဆေးရနံ့လှိုင်းများကို ထုတ်လွှတ်လိုက်ရာ အာရုံများကို ဖမ်းစားလိုက်ပြီး စိတ်နှလုံးနှင့်ဝိညာဉ်ကို အကြီးအကျယ် လှုပ်ခါသွားစေသည်။
ဤဆေးလုံးသည် ဝိညာဉ်သန္ဓေသားဆေးလုံးနှင့် ချင်မင်ဆေးလုံးထက်ပင် ပိုမို တန်ဖိုးရှိသော ဆေးလုံးဖြစ်သည်။
"နောက်နေတာလား... ဒါ အစစ်လား…"
"ဒါက ဒဏ္ဍာရီလာ ဖန်ဆင်းခြင်းဆေးလုံးများလား…"
ပထမဆုံးအကြိမ်အဖြစ် သခင်မမက်မွန်ပွင့်၏ လှပသော မျက်ဝန်းများ ပြူးကျယ်သွားပြီး၊ ဆေးလုံးကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"ဖန်ဆင်းခြင်းဆေးလုံး ဟုတ်လား... ဘာများ အဲ့လောက် ထူးခြားလို့လဲ…"
ကျိုးစွေ့ စိတ်ဝင်တစား မေးလိုက်သည်။
"ဒါက ယုံနိုင်စရာမရှိလောက်အောင် တန်ဖိုးရှိတဲ့ ရတနာဆေးလုံးပဲ…"
"မရေမတွက်နိုင်တဲ့ ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေ ဒီဆေးလုံးကို လိုချင်နေကြတာ…"
"ဘာကြောင့်လဲဆိုတော့ ဒါက ဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေကို သူတို့ရဲ့ အဆို့အတားတွေကို ကျော်ဖြတ်နိုင်အောင် ကူညီပေးနိုင်လို့ပဲ…"
"သြော်... ဒါကြောင့်ကိုး… ဟေးရှားနန်းတော်က ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူတွေနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိနေတာ အံ့သြစရာ မဟုတ်တော့ပါဘူး…"
"ပင်လယ်မျိုးနွယ်စုက ဖန်ဆင်းခြင်းဆေးလုံးကို ထုတ်ပေးလိုက်လို့လား.. ဒါက သိပ်ကို လက်ရဲဇက်ရဲ နိုင်လွန်းတယ်…"
သခင်မမက်မွန်ပွင့်တစ်ယောက် လုံးဝ အံ့သြတုန်လှုပ်နေသည်။
သူမသည် ဝိညာဉ်သန္ဓေသား အလယ်အလတ်အဆင့်တွင် ရပ်တန့်နေသည်မှာ ကြာပြီဖြစ်ပြီး တိုးတက်မှု မလုပ်နိုင်ခဲ့ပေ။
အကယ်၍ သူမသာ ဤဖန်ဆင်းခြင်းဆေးလုံးကို ရရှိခဲ့ပါက ရာနှုန်းပြည့် အောင်မြင်မည်ဟု မပြောရဲသော်လည်း ၄၀၊ ၅၀ရာခိုင်နှုန်းခန့် အခွင့်အရေး ရှိလာမည် ဖြစ်သည်။
ဝိညာဉ်သန္ဓေသား နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသည်နှင့် သူမသည် မဟာကျင့်ကြံသူတစ်ဦး ဖြစ်လာပေတော့မည်။
ချန်လန်ပင်လယ် ဒေသတစ်ခုလုံးတွင်ပင် သူမသည် အလွန် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပေလိမ့်မည်။
"ခင်ဗျားအတွက် အသုံးဝင်တယ်ဆိုရင် ဒီဖန်ဆင်းခြင်းဆေးလုံးကို ယူလိုက်ပါ…"
ကျိုးစွေ့သည် သခင်မမက်မွန်ပွင့်၏ လိုချင်တပ်မက်မှုကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်ပြီး၊ ဖန်ဆင်းခြင်းဆေးလုံးကို သူမအား ချက်ချင်း ပေးလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ၊ သခင်မမက်မွန်ပွင့် ပိုမိုသန်မာလာလေလော၊ သူ့အတွက် အကျိုးကျေးဇူး ပိုများလေပင် ဖြစ်၏။
"တောင်းပန်ပါတယ်... ဒီဝိညာဉ်သန္ဓေသားအဆင့် ကျင့်ကြံသူတွေရဲ့ ရတနာတွေ အကုန်လုံးကို ရှင့်ကို ပေးမယ်လို့ အစက ကတိပေးထားခဲ့တာ…"
"ဒါပေမဲ့ ဒီဖန်ဆင်းခြင်းဆေးလုံးက ကျွန်မအတွက် အရမ်း အကျိုးရှိလွန်းလို့ ငြင်းပယ်လို့ မရဘူး…"
"ဒါကြောင့် ကျွန်မ ရှင့်ကို အကြွေးတစ်ခု တင်သွားပြီ… အနာဂတ်မှာ ကျွန်မ တတ်နိုင်သလောက် ရှင့်ရဲ့ တောင်းဆိုချက်တစ်ခုကို သဘောတူပေးပါ့မယ်…"
သခင်မမက်မွန်ပွင့်က ကျိုးစွေ့ကို အလွန် လေးနက်စွာ ကြည့်လိုက်သည်။