စိန်ခေါ်စာ
Vol. 40 Ch. 547
“သခင်လေး အခုဘာလုပ်မလဲ”
ချင်ယွီက ကြောက်လန့်သွား၏။ နယ်မြေတစ်ဝိုက်တွင် သူအသတ်ခံခဲ့ရလျှင် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို မည်သူက တားနိုင်မည်နည်း။ ရှုံးနိမ့်သွားသော ရေသူမျိုးနွယ်စုက သူတို့တပ်ဖွဲ့အင်အားများကို ထပ်မံစုစည်းပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နှင့်အတူ နယ်မြေကို ဆက်လက်တိုက်ခိုက်ခဲ့လျှင် မရေမတွက်နိုင်သော တိုင်းသူပြည်သားမျာက သေဆုံးရပေလိမ့်မည်။
မကြာမီ၌ ကျန်းရီက အလွန် စိတ်တည်ငြိမ်သွားသည်။ သူ၌ အလွန်ကောင်းမွန်သော အလေ့အထတစ်ခု ရှိ၏။ အန္တရာယ်ထဲတွင် သူ၏စိတ်က ပိုတည်ငြိမ်ပြီး ပိုတိကျတာပဲဖြစ်သည်။ သူပိုကြောက်လန့်လေ သေတာပိုမြန်လေဖြစ်သည်။ သူ့ကိုယ်သူ ကယ်တင်ချင်လျှင် သူစိတ်အေးအေးထားရမည်။
သူက အကြံတစ်ခုပေါ်လာပြီးနောက် အမိန့်ပေးလိုက်၏။
“ချင်ယွီ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် ရှိတဲ့နေရာကို ရှာဖို့ လူတွေကို ဆက်လွတ်ထားလိုက်။ အရင်ဆုံး သူက နယ်မြေကို ကျူးကျော်တဲ့ နောက်ဆက်တွဲအားလုံးကို သည်းခံနိုင်တယ်ဆိုရင် လာ ကျူးကျော်ဖို့ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို သတိပေးဖို့အတွက် ရဲမက်တွေလွတ်လိုက်”
ချင်ယွီ၏ သေးသွယ်သော ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ တုန်လှုပ်သွားသည်။ သူမက စိတ်ပူပန်စွာ မေးလိုက်တော့၏။
“သတိပေးတာလား။ ဒါက နတ်ဆိုးဧကရာဇ်ကို ဒေါသမထွက်စေမှာ သေချာလား”
ကျန်းရီက သူမကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ရာ ချင်ယွီသည် သံသယမဝင်ရဲတော့ပေ။ အမိန့်ကို မြန်မြန် လက်ဆင့်ကမ်းလိုက်တော့သည်။ ငါးမိနစ်ခန့်ကြာပြီးနောက် သူမက အထဲသို့ ဝင်လာရာ ကျန်းရီသည် မီးနဂါးဓားဖြင့် အလောင်းတစ်လောင်းကို ပိုင်းဖြတ်နေတာ တွေ့လိုက်ရသည်။ သူမမျက်လုံးက အံ့သြမှုများပြည့်သွားပြီး မေးလိုက်တော့၏။
“သခင်လေး အခု ဘာလုပ်နေတာလဲ။ နတ်ဆိုးဧကရာဇ်ရဲ့ ဒီအလောင်းက သတ္ထုပစ္စည်းတွေအတွက် သာလွန်တဲ့ ကုန်ကြမ်းပဲလေ။ ဒါကို ဘာကြောင့် ဖျက်ဆီးနေတာလဲ”
ဖောင်း ဖောင်း
ကျန်းရီသည် မီးနဂါးဓားကို လွှဲရမ်းလျက် ဧရာမရေသူအလောင်း၏ လည်ပင်းကို ဆက်လက်ပိုင်းဖြတ်နေ၏။ ယင်းက ရေသူနတ်ဆိုးဧကရာဇ်၏ အလောင်းဖြစ်ပြီး သေဆုံးပြီးနောက် မူလအသွင်အပြင်သို့ ပြောင်းလဲသွားတာပဲ ဖြစ်သည်။ မဟူရာဖီးနစ်ထဲတွင် တိုက်ပွဲပြီးနောက် သူက ထိုအလောင်းကို ယူလာခဲ့သည်။ နယ်မြေပေါ်ရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များက အားကျနေကြသော်ငြား ဖုန်းလန်နှင့် ချင်ယွီက ဘာမှမပြောခဲ့ပေ။ သူတို့က မမေးရဲတာဖြစ်သည်။
“သေစမ်း ဒီနတ်ဆိုးဧကရာဇ်ရဲ့ အလောင်းက သိပ်မာတာပဲ”
ကျန်းရီသည် အကြိမ်တစ်ထောင်ခန့် ပိုင်းဖြတ်ပြီးနောက် ရေသူနတ်ဆိုးဧကရာဇ်၏ ခေါင်းကို ဖြတ်ထုတ်ခဲ့သည်။ ထိုနတ်ဆိုးဧကရာဇ်၏ ရုပ်ခန္ဓာက အလွန်သန်မာ၏။ သေပြီးသည့်တိုင် ကျန်းရီသည် သူ၏ခေါင်းကို ဖြတ်ထုတ်ရန်အတွက် ခွန်အားအကုန်သုံးကာ အချက်တစ်ရာကျော် ပိုင်းခုတ်ခဲ့ရသည်။ အသက်ရှင်လျက်ရှိနေခဲ့လျှင် ဖြတ်နိုင်မှာမဟုတ်ပေ။
“ခြင်္သေ့ချီ ဘယ်မှာလဲ”
ကျန်းရီက ဝေဒနာခံစားလျက် နတ်ဆိုးဧကရာဇ်၏ အလောင်းကို သိမ်းလိုက်သည်။ နတ်ဆိုးဧကရာဇ်၏ အလောင်းသည် ၎င်း၏ခေါင်း ပျောက်သွားသည်နှင့် တန်ဖိုးက လျော့ကျသွား၏။
ချင်ယွီသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီးနောက် စိုးရိမ်ပူပန်စွာမေးလိုက်သည်။
“ခြင်္သေ့ချီဧကရာဇ်ကို သတိပေးဖို့ လွတ်လိုက်တဲ့သူ အားလုံး အသတ်ခံရပါတယ်။ မက်မွန်မြို့ကလည်း ချေမှုန်းခံခဲ့ရပြီး အနောက်ဘက်က မြို့သုံးမြို့ကလည်း ဖျက်ဆီးခံလိုက်ရတယ်။ ခြင်္သေ့ချီက အခု ဒီကို လာနေပြီ။ ငါးနာရီအတွင်း ရောက်လာနိုင်တယ်။ သခင်လေး အခုသွားကြရအောင်။ ဧကရီက မနိုးသေးဘူး။ ကျွန်မတို့ချည်းပဲဆိုရင် သူ့ကို တားနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ် နောက်ဆုတ်ရမယ်”
ကျန်းရီက တွေဝေမနေပဲ ပြောလိုက်သည်။
“ရေသူနတ်ဆိုးဧကရာဇ်ရဲ့ခေါင်းကို မဟူရာဖီးနစ် မြို့ရိုးပေါ်မှာ ချိပ်ထားလိုက်။ အခု အားလုံး နောက်ဆုတ်ကြ။ အားလုံး နတ်အသူရာမြို့ဆီ ထွက်ခွာရမယ်”
“အားလုံး အတူသွားမှာလား”
ချင်ယွီက မျက်တောင်ခတ်လျက် အတော်လေးရှုပ်ထွေးနေသည်။
မဟူရာ ဖီးနစ်မြို့ထဲ၌ စစ်သည်ရဲမက် သိပ်မများသေးတိုင် ခြောက်သိန်းခုနစ်သိန်းခန့် ရှိသေးပြီး ဗာဂျရာနယ်ပယ်သိုင်းပညာရှင် အရောက်သုံးဆယ်ရှိသည်။ ထိုမျှများပြားသည့် လူများက တစ်ပြိုင်နက်ထဲ လှုပ်ရှားလျှင် သူတို့က နှေးကွေးပြီး ပစ်မှတ်ကြီးတစ်ခုဖြစ်လာကာ ခြင်္သေ့ချီနတ်ဆိုး ဧကရာဇ် အလွယ်တကူ ရှာတွေ့တာ ခံရနိုင်၏။ အကောင်းဆုံးနည်းက လူခွဲပြီး ထွက်ပြေးရန်ဖြစ်သည်။
“နတ်အသူရာမြို့လား”
ချင်ယွီသည် ထိုမြို့ကို ရွေးချယ်ရသည့် အကြောင်းအရင်းကို နားမလည်ပေ။ နတ်အသူရာမြို့က နယ်မြေ၏ ဗဟိုရ်တွင် တည်ရှိ၏။ ဤနေရာမှ နတ်အသူရာမြို့သို့ သွားရန်အတွက် သူတို့သည် အရှေ့မြောက်အရပ်ဆီသို့ လျှောက်သွားကာ သူတို့လမ်းတောက်လျောက်၌ မြစ်ကြီးများစွာကို ကျော်ဖြတ်ရမှာပဲဖြစ်သည်။ သူတို့သည် နတ်အသူရာမြို့ကို လုံလုံခြုံခြုံရောက်နိုင်မှာ မဟုတ်ချေ။ ရောက်နိုင်ခဲ့လျှင် သူတို့သည် နတ်အသူရာမြို့တွင် နေရစ်ခြင်းအားဖြင့် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို အမှန်တကယ် ခုခံနိုင်မည်လော။
သူမသည် ကျန်းရီ၏ ဆုံးဖြတ်ချက်ကို အမိန့်မထုတ်ရဲပေ။ ရေသူနတ်ဆိုးဧကရာဇ်၏ခေါင်းကို သွားရောက်ချိပ်ရန် ပြင်ဆင်လိုက်သည်။ သူမက ခန်းမထဲမှ ထွက်သွားမည့်အချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက်သဘောပေါက်သွား၏။ သူမ၏ မျက်ဝန်းလှလှလေးများက တောက်ပလာကာ ထပ်ပြောလိုက်သည်။
“နတ်အသူရာမြို့က သိုင်းအဖွဲ့အစည်း တည်ရှိတဲ့ နေရာမလား။ သခင်လေးက နတ်ဆိုးဧကရာဇ်ကို တားဖို့အတွက် သိုင်းအဖွဲ့အစည်းက အကူအညီကို ငှားချင်တာလား။ ဒါပေမယ့် သိုင်းအဖွဲ့အစည်းက ဒီလောက်မသန်မာဘူး”
ချင်ယွီ၏ အမြင်၌ သိုင်းအဖွဲ့အစည်းက အဆင်ပြေသော်ငြား စံတင်ပုဂ္ဂိုလ်ဆယ့်ငါးဦးနှင့် ယှဉ်ပြိုင်နိုင်ခြင်း မရှိပေ။ မထင်မရှားသိုင်းအဖွဲ့အစည်းက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုအောက်တွင် ဘာမှမလုပ်နိုင်မှာ မဟုတ်ပေ။
ဖုန်း..
မဟူရာဖီးနစ်မြို့၏ အနောက်ဘက်ရှိ မြို့လးတစ်မြို့အထက် ကောင်းကင်နယ်၌ အလင်းတန်းများက လျှပ်စီးပမာ ဖြတ်သွားပြီး ကပ်ဘေးကို သယ်ဆောင်သော် ဖိအားများဖြင့် မြို့ငယ်လေးကို ရိုက်ခတ်လာတော့သည်။ ချက်ချင်းပဲ မြို့တစ်မြို့လုံး လွင့်ထွက်သွား၏။ မြေပြင်မှ ဖုန်မှုန့်များ တထောင်းထောင်းထလာပြီး ကောင်းကင်ကို လွမ်းလျက် ကျောက်စကျောက်နများက နေရာအနှံ့လွင့်စင်သွားကာ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုက ကွင်းပြင်၌ အရိပ်မိုးသွားတော့သည်။ အောက်ရှိ မြေပြင်က လှုပ်ခါသွားပြီး တောင်တန်းများလဲပြိုလျက် မြို့အတွင်းရှိ အဆောက်အအုံများက တစ်ခုပြီးတစ်ခု ပြိုလဲကုန်၏။
ဖုန်များ နောက်ဆုံးတွင် လွင့်ပြယ်သွားသည့် အချိန်၌ မြင်ကွင်းတစ်ခု ပေါ်လာတော့သည်။ မြို့ထဲရှိ အဆောက်အအုံ သုံးပုံတစ်ပုံက ပြာဖြစ်သွားပြီး ကျန်သည့် သုံးပုံနှစ်ပုံက လဲပြိုကျသွားသည်ဖြစ်သည်။ အမျိုးအမည်မသိ မြို့လယ်တွင် အတိုင်းအတာမသိ အက်ကွဲကြောင်းကြီးတစ်ခု ရှိနေ၏။ အချိန်မီ မထွက်ပြေးနိုင်သည့် အမျိုးသမီးများ၊ကလေးများနှင့် သက်ကြီးရွယ်အိုများ အားလုံးသည် ပြာဖြစ်သွားပြီး ထိုပြိုလဲနေသော အဆောက်အဦးများအောက်၌ အရှင်လက်လက် မြေမြှုပ်ခံလိုက်ရသည်။
“ဟမ့်”
မလှမ်းမကမ်းမှ အနက်ရောင်ပုံရိပ်တစ်ခု ပေါ်ထွက်လာ၏။ သူက အနက်ရောင်သံချပ်ကာကို ဝတ်ထားလျက် ပြောင်နေသော ဦးခေါင်းရှိလေသည်။ သူ့တွင် နက်မှောင်သော အသားအရေနှင့် နားနှစ်ဖက်တွင် နားကွင်းကြီး ရှိနေ၏။ ပိုအထင်ကြီးဖွယ်ကောင်းသည်က သူ၏ မျက်လုံးများက အင်မတန်ကြောက်မက်ဖွယ်ကောင်းသည်။ တြိဂံပုံသဏ္ဌာန်ဖြစ်နေတာပင် ဖြစ်သည်။ သူသည် မြို့ကို တစ်ချက်လှည့်ကြည့်ပြီးနောက် မှိန်ဖျော့သော ပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားကာ အရှိန်ပြင်းပြင်းဖြင့် အရှေ့အရပ်ဆီသို့ ဦးတည်ပျံသန်းတော့သည်။ သူက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ဆိုတာ သိသာနေပေ၏။ ကျန်းရီသည် သူ့ကိုအထီးကျန်ပင်လယ် အရှေ့ပိုင်းဆီသို့ မျှားခေါ်သွားပေ၏။ ထိုအကြောင်းအရင်းကြောင့် ကျန်းရီက ဖုန်းလန်နှင့် ပူးပေါင်းပြီး ရေသူနတ်ဆိုး ဧကရာဇ်ကို သတ်ဖြတ်နိုင်ခဲ့တာဖြစ်သည်။ လူတစ်ယောက်၏ အောင်မြင်မှုနှင့် ကျရှုံးမှုသည် လူတစ်ဦးတည်းကြောင့် ဖြစ်သည်။
ခြင်္သေံ့ကြီး နတ်ဆိုးဧကရာဇ်သည် ဖုန်းမျိုးနွယ်စုမှ ဗာဂျရာနယ်ပယ်သိုင်းပညာရှင်ကို ဖမ်းမိပြီး သူ့သား၏အလောင်းကို ပြန်ယူသည့်အချိန်တွင် ထိုလူက ကျန်းရီ မဟုတ်မှန်း သဘောပေါက်သွား၏။ သူက တုံးအသူမဟုတ်ပဲ လှည့်စားခံခဲ့ရကြောင်း ချက်ချင်းသဘောပေါက်သွားသည်။
တစ်စုံတစ်ယောက်က သူ့ကို ထွက်သွားအောင် ပြုလုပ်ခဲ့သောကြာင့် ကိစ္စက သိသာ ထင်ရှားလာခဲ့ပြီဖြစ်သည်။ သူ့သားကို သတ်ဖြတ်ခဲ့သည်လူက ဖီးနစ်အော်သံနယ်မြေက ဟုတ်မဟုတ်ဆိုတာ သူယခင်က မသေချာ မရေရာခဲ့သော်ငြား ယခုအချိန်၌ တစ်ရာရာခိုင်နှုန်း သေချာသွားပြီဖြစ်သည်။
ဖီးနစ်အော်သံ နယ်မြေသို့ သွားသည့် ခရီးတွင်သူက ရေသူနတ်ဆိုးဧကရာဇ်ကို ဖုန်လန်နှင့် ဆန်းကြယ်သော သိုင်းပညာရှင်တစ်ဦးက ကြောက်မက်ဖွယ်ကောင်းသည့် သူက နတ်ဆိုးဘုရင်တပါးနှင့် ကြုံတွေ့ခဲ့ပြီး ရေသူနတ်ဆိုးဧကရာဇ်ကို ဖုန်းလန်နှင့် ဆန်းကြယ်သော သိုင်းပညာရှင်တစ်ဦးက ကြောက်မက်ဖွယ်ကောင်းသည့် မီးလျှံများသုံးကာ ရေသူနတ်ဆိုးဧကရာဇ်ကို သတ်ဖြတ်ခဲ့ကြောင်း သတင်းရခဲ့သည်။
မီးလျှံများ
ခြင်္သေ့ချီနတ်ဆိုး ဧကရာဇ်သား၏ ခေါင်းတစ်ဝက်က မရှိတော့ဘဲ သူ၏ ခန္ဓာကိုယ်က လောင်ကျွမ်းသွားခဲ့ပြီ ဖြစ်သည်။ သူ၏သားက ထိုကြောက်မက်ဖွယ်ကောင်းသော မီးလျှံများဖြင့် အရှို့ခံလိုက်ရတာ သိသာပေ၏။ နတ်ဆိုးဘုရင်များနှင့် နတ်ဆိုးဧကရာဇ်ကို လောင်ကျွမ်းစေနိုင်သည့် မီးလျှံက အလွန်ရှားပါးနေပြီဖြစ်သည်။
ထို့ကြောင့် ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်သည် ဆန်းကြယ်သော သိုင်းပညာရှင်က သူ့သားကို သတ်သည့် လူသတ်သမားဆိုတာ ချက်ချင်းကောက်ချက် ချလိုက်တော့သည်။ သူက ဒေါသတကြီးဖြင့် ဖီးနစ်အော်သံနယ်မြေသို့ ပြန်လာခဲ့သည်။ ယခင်အခေါက်နှင့် မတူပဲ သူက ကျန်းရီကို မသတ်ရမချင်း ဘယ်တော့မှ ထွက်သွားမှာ မဟုတ်ပေ။
ဝှစ်
တစ်နာရီမပြည့်မှီ၌ သူသည် မဟူရာဖီးနစ်မြို့ အပြင်ဘက်သို့ ရောက်သွားပေသည်။ ယခုအခေါက်တွင် သူက အလျင်စလိုမတိုက်ခိုက်ခဲ့ပေ။ ထိုအစား မြို့နား အာရုံစိုက်ကာ ဖြေးဖြေးချင်း ချည်းကပ်သွားတော့၏။ သူ၏ ကောင်းကင်စိုက်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်လျက် မြို့ကို စစ်ဆေးလိုက်သည်။
“မြို့အလွတ်ကြီးလား”
ဖြန့်ကျက်ရှာဖွေပြီးနောက် မြို့ထဲတွင် ဘယ်သူ့ကိုမှ ရှာမတွေ့ခဲ့ပေ။ သိုင်းပညာရှင်များ မရှိရုံသည်သာမက စစ်သည်ရဲမက်များနှင့် ပြည်သူပြည်သားများ အားလုံးလည်း မရှိတော့ပေ။ ဖုန်းလန်က သူ့ကို ကြောက်ရွံ့ပြီး သူနှင့် တိုက်ခိုက်ရမှာ ကြောက်ပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်သည်။
“အမ်”
မျက်ခုံးပင့်လျက် သူ၏ တြိဂံပံစုံမျက်လုံးက နတ်ဆိုး မီးလျှံတို့ဖြင့် တောက်လောင်လာသည်။ သူက မြို့ရိုးထက်တွင် ချိပ်ထားသော ဧရာမခေါင်းကို စိုက်ကြည့်လိုက်ရာ ရင်းနှီးနေကြာင်း တွေ့လိုက်ရသည်။ သူ၏ ကောင်းကင်စိတ်အာရုံဖြင့် ဂရုတစိုက်ကြည့်ပြီးနောက် သူက ဒေါသထွက်သွားတော့သည်။
ခေါင်းက ရေသူနတ်ဆိုး ဧကရာဇ်၏ ခေါင်းဖြစ်ပြီး ယခုအချိန်ထိတိုင် နတ်ဆိုးဧကရာဇ်၏ ကြမ်းတမ်းသော အရှိန်အဝါများ လွှမ်းနေဆဲဖြစ်သည်။ အထက်တွင် အဖြူရောင်စာတမ်းတစ်ခု ချိပ်ဆွဲထားပြီး စာလုံးကြီးကြီးများဖြင့် ရေးထားသည်။
ခြင်္သေ့ချီ မင်းရဲ့သားနဲ့ မင်းရဲ့ လက်အောက်ငယ်သားအတွက် လက်စားချေချင်တယ်ဆိုရင် နတ်အသူရာမြို့ကို လာလိုက်။
“အား အား အား”
ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ကောင်းကင်ကို မျက်နှာမူလျက် ဒေါသတကြီးအော်ညည်းလိုက်သည်။ ကျယ်လောင်သည့် အော်သံက ကောင်ကင်၊မြေပြင်နှင့် မဟူရာဖီးနစ်မြို့ကို တုန်လှုပ်သွားစေ၏။ မကြာမီ၌ နတ်ဆိုးဧကရာဇ်သည် သူ၏နတ်ဆိုးစွမ်းအားကို ထုတ်ဖော်ကာ အလင်းတန်းတစ်ခုကို ထုတ်လျက် ကြီးမားသည် မဟူရာဖီးနစ်တစ်မြို့လုံးကို ဖျက်ဆီးတော့သည်။
သူ၏ သတ်ဖြတ်လိုသော တြိဂံမျက်ဝန်းများက လှည့်ပတ်ကြည့်လျက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
“မျိုးမစစ်ကောင် မင်းက ငါ့ရဲ့သားနဲ့ ငါ့ရဲ့လူတွေကို သတ်ပြီး ထပ်ကာထပ်ကာ ကျီစယ်ခဲ့တယ်။ အခု မင်းက စိန်ခေါ်စာရေးဖို့တောင် သတ္တိရှိတယ်ပေါ့။ ငါ မင်းကို မသတ်ရင် ငါက နတ်ဆိုးတစ်ပါးဖြစ်ဖို့ မထိုက်တန်တော့ဘူး”
***