← Chapters

နတ်ဆိုးဧကရာဇ် ရောက်လာခြင်း

Vol. 40 Ch. 549

နတ်ဆိုးဧကရာဇ် ရောက်လာခြင်း

Vol. 40 Ch. 549

နတ်အသူရာမြို့က ရှေးကျသည့် သမိုင်းကြောင်းတစ်ခုရှိပြီး မြို့ကြီးတစ်မြို့အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်သော်ငြား နယ်မြေပေါ်ရှိ ထိပ်တန်းမြို့တစ်မြို့တော့ မဟုတ်ပေ။ သိုင်းအဖွဲ့အစည်း၏ ဌာနချုပ်ဖြစ်ခဲ့ပြီး နှစ်ပေါင်းသိန်းချီကြာ ထိန်းချုပ်ခြင်း ခံခဲ့ရတာပဲဖြစ်သည်။

သိုင်းကုန်သည် အဖွဲ့အစည်းက သိုသိုသိပ်သိပ် နေခဲ့၏။ သူတို့က စီးပွားရေးသာ အမြဲတမ်း ဆောင်ရွက်ခဲ့ပြီး ကိစ္စရပ်တိုင်း၌ ဆက်ဆံရေးကောင်းမွန်အောင် နေထိုင်ခဲ့သည်။ သူတို့က မည်သည့်အခါမှ ပြဿနာမရှာဘဲ သူတို့ကိုရန်စသူများကို သင့်တော်စွာ ဖြေရှင်းခဲ့၏။ သူတို့၏ တည်ရှိမှုကို ကျော်လွှားမိစေအောင် သူတို့ကအမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်ခဲ့သည်။

ဥပမာအနေဖြင့် ကျန်းရီက သိုင်းခန်းမအကြောင်း ပြောသည့်အချိန်တွင် သိုင်းအဖွဲ့အစည်းအကြောင်းကို ချက်ချင်း မတွေးမိခဲ့ချေ။ ချင်ယွီက သိုင်းအဖွဲ့အစည်းကို အထင်သေးပြီး ယင်းကို အချိန်မရွေး ဖျက်ဆီးပစ်နိုင်သော စံတင်ပုဂ္ဂိုလ် ၁၅ဦးနှင့် သိုင်းအဖွဲ့အစည်းက ယှဉ်နိုင်ခြင်းမရှိဟု တွေးခဲ့သည်။ ဆိုရလျှင် စံတင်ပုဂ္ဂိုလ် ၁၅ဦးက တစ်သားထဲ ပေါင်းသွားခဲ့လျှင် သူတို့က ဆက်နွယ်နေသောကြောင့်ဖြစ်သည်။

စစ်သည်ရဲမက် တစ်သိန်းခန့် ဝင်ရောက်လာခြင်းက နတ်အသူရာမြို့ကို အနှောက်အယှက်များစွာ မဖြစ်စေခဲ့ပေ။ ချင်ယွီက ဖုန်းလန်၏ အမိန့်ကို ပေးချင်ယောင်ဆောင်ပြီး မြို့၏အစီအရင် အရံအတားကို ဖွင့်လိုက်ကာ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်၏ တိုက်ခိုက်မှုများကို နည်းလမ်းမျိုးစုံဖြင့် ခုခံရန် ရည်ရွယ်ခဲ့သည်။ နတ်အသူရာမြို့တွင်းရှိ ရဲမက်များက ပူးပေါင်းရန် ဆန္ဒရှိ၏။ မြို့ရိုးဆီသို့ တပ်ဖွဲ့များကိုလည်း စေလွှတ်ပြီး အရံအတား ဖွင့်လိုက်ပြီဖြစ်သည်။

မဟူရာ ဖီးနစ်မြို့ထဲတွင် ရေသူနတ်ဆိုး ဧကရာဇ်ကို သတ်ဖြတ်ခဲ့ခြင်းက ဖုန်းလန်၏ ဂုဏ်သတင်းကို အမြင့်ဆုံးအဆင့်အထိ တက်သွားစေခဲ့သည်။ ထိုအချိန်၌ လာရောက်တိုက်ခိုက်သည့်သူက နတ်ဆိုးဧကရာဇ် ဖြစ်နေသေးပြီး မြို့၏ရဲမက်များနှင့် တိုင်းသူပြည်သားများက သူတို့၏ ဧကရာဇ်သည် သူတို့ကို ဘယ်တော့မှ မစွန့်ပစ်ဟု ယုံကြည်နေကြသည်။ သေရေးရှင်ရေး အခြေအနေတိုင်း သူမပေါ်လာပြီး ခြင်္သေ့ချီကို သတ်ဖြတ်မှာပဲဖြစ်သည်။

“ဖုန်းလန်က ဘာလုပ်နေတာလဲ”

နတ်အသူရာမြို့၏ မြို့အရှေ့ နန်းတော်ထဲရှိ လျှို့ဝှက်အခန်းထဲတွင် သိုင်းအဖွဲ့အစည်းမှ သိုင်းပညာရှင်အချို့က စုဝေးနေပြီး လေးနက်တည်ကြည် နေကြသည်။ ဤနေရာ၌ စုစုပေါင်း လူဆယ်ဦး ထိုင်နေ၏။ အများစုက အမျိုးသမီးများဖြစ်ပြီး ခုနှစ်ယောက်ခန့်ရှိသည်။ သို့သော် စားပွဲထိပ်တွင် ရှိနေသည့်သူက အဘိုးအိုတစ်ဦးဖြစ်သည်။

ပြောလိုက်သည့်လူက အကြီးအကဲကုပင်ဖြစ်၏။ သူမ၏ ရင့်ရော်သောမျက်နှာက ဇဝေဇဝါဖြစ်မှုများ ပြည့်နေသည်။ သူမက ပြောလိုက်တော့၏။

”ခန်းမသခင် ဖုန်းလန်က တစ်စုံတစ်ခုကို သတိပြုမိပြီး ကျွန်မတို့တပ်ကို ဖိအားပေးတာများလား ပြီးခဲ့တဲ့အခေါက် မဟူရာဖီးနစ်မြို့ကို သွားခဲ့တဲ့အချိန် သူကကျွန်မကို ထပ်မတွေ့ခဲ့ဘူး ကျန်းရီက အသက်ရှင်လျှက် ရှိနေသေးတာ သိသာတယ် ဒါပေမဲ့ ချင်ယွီက သူသေပြီလို့ပြောတယ် ကျွန်မကို သုံးနှစ်အရွယ် ကလေးလို့များ သူထင်နေတာလား”

စွဲမက်ဖွယ်ကောင်းသည့် အမျိုးသမီးက ခေါင်းခါပြီး ဆက်ပြောလိုက်သည်။

”ဒါမဖြစ်နိုင်ဘူး ကျွန်မတို့သိုင်းခန်းမက အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့ပြီး ဘယ်ကိစ္စကိုမှ ဝင်မပါခဲ့ဖူးဘူး၊ ဒါ့အပြင် ဖုန်းလန်ရဲ့အမြင်မှာ ကျွန်မတို့က အသုံးမဝင်ဘူးမလား ကျွန်မတို့ကို သူဘယ်လိုများ အာရုံစိုက်မိမှာလဲ”

“ဖုန်းလန်က ကျန်းရီကြောင့် ကျွန်မတို့ကို ဂရုစိုက်တာများလား ကျန်းရီက ကောင်းကင်ကြယ်တာရာနယ်မြေက ခန်းမခွဲတွေကို ဖျက်ဆီးခဲ့ပြီး ကျွန်မတို့ သိုင်းခန်းမအကြောင်း အတော်သိထားတယ် သူကဖုန်းလန်ရဲ့ ဝိညာဉ်ကျွန်း ဒါမှမဟုတ် အိမ်မွေးကောင်လေး ဖြစ်လာခဲ့မယ်ဆိုရင် ဖုန်းလန်အဖို့ ကျွန်မတို့ကို သတိပြုမိတာ သာမာန်ပဲလေ”

စားပွဲအစွန်းရှိ အကြီးအကဲက ရုတ်တရက် ထပြောလိုက်ရာ လူအုပ်ကြီးကို တွေးမိသွားစေတော့သည်။ သူတို့၏ အမူအရာများက သုန်မှုန်ကုန်၏။ သိုင်းခန်းမသည် အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး ခန်းမသခင်၏ အမိန့်အတိုင်း အမှောင်ထဲတွင် ပုန်းနေခဲ့၏။ ထူးခြားသည့် အရေးကိစ္စမရှိလျှင် သိုင်းခန်းမခွဲက သူတို့၏ စွမ်းအင်အစစ်အမှန်ကို ထုတ်ဖော်ပြသခွင့် မပေးထားပေ။

အဟွတ် အဟွတ်..

ထိုစဉ် ခန်းမခွဲသခင်က ချောင်းဆိုးပြီးနောက် ပြောလိုက်သည်။

“ဒါကအဓိကအချက် မဟုတ်ဘူး ကိစ္စက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ဒီကိုလာနေပြီ ခြောက်နာရီအတွင်း နတ်အသူရာမြို့ကို ရောက်လာလိမ့်မယ် သူ့ကိုဖုန်းလန်က တမင်တကာ ဒီနေရာကို မျှားလာလာ မလာလာ ငါတို့တိုက်ခိုက်ရတော့မှာပဲ”

“အမ်”

အကြီးအကဲကုနှင့် ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။ သိုင်းခန်းမသည် နတ်အသူရာမြို့ကို နှစ်ပေါင်းတစ်သိန်းကျော်ခန့် စီမံခန့်ခွဲနေခဲ့တာဖြစ်ပြီး သူတို့အလျော့ မပေးလိုက်နိုင်ပေ။ မဟုတ်လျှင် ဖီးနစ်အော်သံ နယ်မြေပေါ်ရှိ သိုင်းခန်းမ၏အင်အားက ညတွင်းချင်း ပျက်စီးသွားပြီး လက်ရှိလူများအားလုံး သေဆုံးရပေလိမ့်မည်။

“ခန်းမသခင် ကျေးဇူးပြုပြီး အမိန့်ပေးပါ”

အကြီးအကဲများအားလုံး မတ်တပ်ထရပ်ပြီးနောက် သူတို့လက်သီးကိုဆုပ်လျှက် အရိုအသေ ပေးလိုက်သည်။ သူတို့က လေးနက်တည်ကြည်ပုံ ပေါ်နေ၏။ ခန်းမသခင်ကိုယ်တိုင် ရှင်းရှင်းလင်းလင်း သိနေသည်။ သူတို့ဦးစွာ တိုက်ခိုက်ရမှာပဲဖြစ်သည်။

“အကြီးအကဲရှန်း ပို့ဆောင်ရေး အစီအရင်ကို ချက်ချင်းဖွင့်ပြီး ပင်မခန်းမကို ပြန်သွား ဒီမှာဖြစ်နေတဲ့ ကိစ္စရပ်အားလုံးကို ပြောပြပြီး ကျန်းရီအကြောင်း အသေးစိတ်ပြောလိုက် ကျုပ်တို့အားလုံး သေသွားခဲ့ရင် ပင်မခန်းမကို ခန်းမသခင်အသစ် ပို့ပါစေ”

“အကြီးအကဲကု ကောင်းကင်ကံကြမ္မာ မဟာအစီအရင်ကို ဖွင့်ပြီး အသင့်ပြင်တော့”

“အကြီးအကဲလု မြို့ထဲကနေ တိတ်တဆိတ် ထွက်သွားပြီး မြို့နဲ့ငါးရာကီလိုမီတာ ဝန်းကျင်အတွင်း နယ်ပယ်ကိုရှာဖွေ ဖုန်းလန်ပုန်းနေတဲ့ နေရာကိုရှာ သူ့ကိုရှာတွေ့ခဲ့ရင် ကျုပ်ပြောတာကိုပြောလိုက် သိုင်းအဖွဲ့အစည်းက နယ်မြေရဲ့ အုပ်စိုးသူဖြစ်ဖို့ ရည်ရွယ်ချက်မရှိဘူး ကျုပ်တို့က ဖုန်းမျိုးနွယ်စုကို အမြဲတမ်း သစ္စာရှိနေတာ သူမက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ဆန့်ကျင်တဲ့တိုက်ပွဲမှာ ဝင်မပါခဲ့ဘူးဆိုရင် သိုင်းအဖွဲ့အစည်းက ဖီးနစ်အော်သံနယ်မြေကို ထားခဲ့မယ်”

“အကြီးအကဲဟုန်”

အမိန့်များ ဆက်တိုက်ပေးပြီး အကြီးအကဲဆယ်ဦးက သွက်သွက်လေး ထွက်သွားတော့သည်။ အသက်ခုနှစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင်ပုံပေါ်သည့် ခန်းမသခင်က လျှို့ဝှက်အခန်းထဲတွင်ထိုင်ပြီး ချင့်ချိန်စဉ်းစားနေလေ၏။ အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်တော့သည်။

“ဖုန်းလန် မင်းကခြင်္သေ့ချီနဲ့ ငါတို့ကို တိုက်ခိုက်ခိုင်းပြီး အကျိုးအမြတ် ရိတ်သိမ်းဖို့ဗျူဟာကို စဉ်းစားတဲ့လူက မင်းလား မင်းသာဆိုရင် ငါမင်းကို တကယ်လျော့တွက်ခဲ့မိတာပဲ မင်းကငါတို့ တိုက်ခိုက်အောင် ဖိအားပေးနေတယ် ဒါပေမဲ့ မင်းသိပ်ပြီး မမောက်မာနဲ့ ငါတို့ရှုံးသွားခဲ့ရင် မင်းကို အချိန်ကောင်း ရှိခွင့်မပေးဘူး နတ်အသူရာမြို့ကို ဖျက်ဆီးရမယ်ဆိုရင်တောင်ပေါ့”

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အလွန်မြန်မြန်ဆန်ဆန် ရောက်လာတာပဲဖြစ်သည်။ သူက အရှေ့ရှိ မြို့ကြီးကို သုန်မှုန်စွာ ကြည့်လိုက်၏။ ရောင်စုံအလင်းတို့ဖြင့် တောက်ပနေသော အရံအတားကို တွေ့သည့်အချိန်တွင် သူ၏စိတ်အခြေအနေက ပိုတောင်ဆိုးသွားတော့သည်။ ဤအရံအတားအကြောင်း မူမမှန်သည့် ကိစ္စရပ်ကို သူသတိပြုခဲ့မိပြီဖြစ်သည်။ သူ၏ခွန်အားဖြင့်တောင် နှစ်နာရီအတွင်း ဖြိုခွဲရန် ခက်ခဲပေ၏။

ယင်းက ခက်ခဲသည့်တိုင် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အနည်းငယ် ရပ်တန့်ပြီးနောက် ချက်ချင်း တိုက်ခိုက်တော့သည်။ ကျန်းရီနှင့်ဖုန်းလန်က သူ့ကိုစိန်ခေါ်စာတစ်စောင် ရေးသားခဲ့၏။ ဤမြို့မပြိုမချင်း သူ့သားကို သတ်သွားသည့်သူ မသေမချင်း သူရပ်တန့်မှာမဟုတ်ပေ။

ကျွီ ကျွီ

အလင်းတန်းတစ်ခုကို ပစ်ထုတ်လိုက်ရာ မှိန်ဖျော့သောကောင်းကင်ကို လင်းထိန်သွားစေ၏။ ဘုံကိုးဘုံမှ ဆင်းသက်လာသော နတ်ဘုရား ရောင်ခြည်တန်းသဖွယ် အလင်းက ဖြတ်ခနဲပေါ်လာပြီး အရံအတားကို ချက်ချင်းထိသွားတော့သည်။

ဘီး

ထင်သည့်အတိုင်း ရောင်စုံအရံအတား တစ်ခုလုံး တောက်ပလာပြီး အနည်းငယ် ယိမ်းယိုင်သွားသည်။ သို့သော်ယင်းက အလွယ်တကူ ပြိုကွဲသွားတာ သိသာနေပေ၏။

“ဟမ့်”

ခြင်္သေ့ချီက နှာခေါင်းရှုံ့လိုက်ပြီးနောက် သူ့လက်ထဲ၌ အလင်းကို ထပ်မံထုတ်ဖော်လိုက်သည်။ ယခုအခေါက်တွင်မူ ယခင်ထက် နှစ်ဆ၊သုံးဆခန့် ပိုသန်မာသော အလင်းစီးကြောင်းကို ပစ်ထုတ်လိုက်သည်။ ထိုသို့ပစ်ထုတ်လိုက်သည်နှင့် အနားရှိ လေဟာနယ်က ယိမ်းယိုင်သွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် လေတောင် တိုက်ခတ်တာ ရပ်တန့်သွား၏။

ဖုန်း

ယခုအခေါက်တွင် ဒိုင်းက ပိုတောင်သန်မာသည့်အလင်း ဖြာထွက်နေပြီး ကြမ်းတမ်းစွာ လှုပ်ခါသွားသည်။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က တိုက်ခိုက်မှုအင်အားကို ဆက်တိုးနေတော့သည်။ ကောင်းကင်ထဲတွင် သူကအေးအေးလူလူရပ်လျှက် အလင်းစီးကြောင်းများကို ဆက်လက်ပစ်ထုတ်နေ၏။

ရှီး ရှီး

အရံအတားက တောက်ပလာသည်နှင့် မြို့ရိုးပေါ်ရှိ စစ်သည်ရဲမက်များနှင့် သိုင်းပညာရှင်များအားလုံးက ပိုမိုဖြူရော်လာကြတော့သည်။ သူတို့ကြားထဲတွင် အရံအတား ရှိနေသည့်တိုင် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ထံမှ တိုက်ကွက်က သိပ်ကိုညင်းပန်းနိုင်လွန်းသည်။ ထိုကဲ့သို့သောဖိအားက သူတို့ကို အသက်ရှုရ ခက်ခဲစေပြီး ရိုက်ချက်တိုင်းက သူတို့နှလုံးကို ထိနေပေ၏။

အချိန်က တတိတိ ဖြေးဖြေးချင်း ကုန်ဆုံးသွားပြီး မြို့ရိုးပေါ်ရှိ အရံအတားက အလင်းတို့ ပိုမိုမှိန်ဖျော့လာတော့သည်။ ဖုန်းလန်က ပေါ်မလာသေးရာ မြို့ထဲရှိလူတိုင်းကို ပိုတောင်ဖြူရော်သွားစေတော့၏။

“သိုင်းခန်းမရဲ့အုတ်မြစ်က တကယ်သန်မာတာပဲ ဖုန်းအာ မင်းရဲ့ဖုန်းမျိုးနွယ်စုကတောင် ဒီလိုအရံအတားမျိုး မတည်ဆောက်နိုင်ဘူးမလား ဟုတ်တယ်မလား”

နတ်အသူရာမြို့၏ မြောက်ဘက်အရပ်ရှိ တောအုပ်လေးထဲတွင် ကျန်းရီနှင့် ပြိုင်ဘက်ကင်း မိန်းမလှလေးနှစ်ဦးက ပုန်းနေလေသည်။ ဖုန်းလန်က နိုးနေပြီဖြစ်၏။ သူမက နှစ်ရက်နှင့်တစ်ည အိပ်ပျော်သွားပြီးနောက် သူမ၏စိတ်ဝိညာဉ်က ပိုကောင်းလာခဲ့ပြီဖြစ်သည်။

ကျန်းရီ၏စကားကို ကြားသည့်အချိန်တွင် သူမ၏မျက်ဝန်းက အေးစက်သော အလင်းတန်းဖြင့် တောက်ပလာတော့သည်။ သူမက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“သိုင်းအဖွဲ့အစည်းက ဒီလိုသန်မာတဲ့အင်အားကို ဖုံးကွယ်ထားတယ်လား သူတို့တွေက ကိစ္စတစ်ခုခုရှိမှ ထုတ်ပြတာလား ဟမ့် ကျွန်မအခွင့်အရေးရခဲ့ရင် သိုင်းအဖွဲ့အစည်းကို ရှင်းလင်းပစ်မယ် ဟေ့ တစ်ယောက်ယောက် ဒီလာနေပြီ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်လား သခင်လေး ကျွန်မတို့ ဘာလုပ်သင့်လဲ”

“ဒီကို တစ်ယောက်ယောက် ရောက်လာတာလား”

ကျန်းရီက သူ၏စူးရှသော မျက်ဝန်းများဖြင့် တစ်ချက်လှည့်ကြည့်လိုက်ပြီး သူ့နောက်ရှိ လူနှစ်ယောက်နား အမြန်ရွေ့လိုက်သည်။ သူက တီးတိုးပြောလိုက်တော့၏။

“ဖုန်းအာ သူ့ကိုချက်ချင်း ဖြေရှင်းဖို့အတွက် ချင်ယွီကိုပြောလိုက် ဆူညံသံတွေ မထွက်စေဖို့သတိရ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို ကိုယ်တို့သတိမထားမိစေချင်ဘူး”

***

All Chapters