← Chapters

အခန်း (၈၁၇-၈၁၈)

Vol. 50 Ch. 817-818

အခန်း (၈၁၇-၈၁၈)

Vol. 50 Ch. 817-818

အပိုင်း (၈၁၇)

“အမေဇုန် ဘုရင်မနိုင်ငံက ကြီးမြတ်ပြီး သန့်စင်တဲ့ တာဝန်တစ်ခုကို ထမ်းဆောင်နေကြတာ။ ဒါပေမဲ့ ဂေါက်ရောဂါရဲ့ နှိပ်စက်မှုကို ခံနေရတယ်။ ကျွန်မက ဆေးပညာကို သင်ယူပြီးတဲ့နောက်မှာ ကမ္ဘာအနှံ့ လှည့်လည်ပြီး ရှေးဟောင်း အပျက်အစီး တည်နေရာတွေကို ရှာဖွေခဲ့တယ်။

နောက်ဆုံးမှာတော့ ရှေးဟောင်း စာအုပ်တစ်အုပ်ထဲကနေပြီး ဂေါက်ရောဂါကို ကုသနိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါကြောင့် အမေဇုန် ဘုရင်မနိုင်ငံကို ချက်ချင်းလာခဲ့တာပဲ။ စိတ်ချ .. ကျွန်မက ရှင်တို့ကို ကုသပေးဖို့ လုံးဝ တာဝန်ယူတယ်။ ဘာမှ ပြန်ပြီး မတောင်းဆိုသလို ဘယ်လို တောင်းဆိုချက်မှလည်း မရှိဘူး။”

အမေဇုန် အမျိုးသမီး စစ်သည်တော်များက နတ်သမီးတစ်ပါးကို မြင်တွေ့လိုက်ရသကဲ့သို့ ခံစားရ၏။ ဤရွှေရောင်ဆံနွယ်နှင့် အလှနတ်သမီး၏ ခန္ဓာကိုယ်က သန့်စင်မွန်မြတ်သည့် အလင်းတန်းများ ဖြာထွက် နေသယောင်ပင်။

အမေဇုန်ဘုရင်မ နိုင်ငံ၏ ဘိုးဘွားသင်ကြားချက်များတွင် အမျိုးသားများ ဝင်ရောက်ခွင့် မပြုရန် ပြတ်သားစွာ ဖော်ပြထား၏။ အမျိုးသမီးများလည်း ဝင်ရောက်ခွင့် မရှိချေ။ သို့သော်ငြား သမိုင်းတွင် ကင်းလွှတ်ခွင့်များ ရှိ၏။ လွန်ခဲ့သည့် ရာစုနှစ်ပေါင်းများစွာ ရှီလွန်မင်းဆက်တွင် ကပ်ဘေးတစ်ခု ဆိုက်ရောက်ခဲ့စဉ်က အမေဇုန် ဘုရင်မ နိုင်ငံတော်က အမျိုးသမီး ဒုက္ခသည် ထောင်ပေါင်းများစွာကို လက်ခံခဲ့ဖူး၏။

ထို့အပြင် ဘုရင်မ၏ ဖိတ်ကြားချက်သာ ရှိပါက အမျိုးသမီးများက ဧည့်သည်အဖြစ် အမေဇုန်နိုင်ငံထဲသို့ ဝင်ရောက်ခွင့် ရှိ၏။ ထို့အပြင် ဤမိန်းမက သမားတော်တစ်ဦး ဖြစ်နေသည် မဟုတ်ပါလား။ အင်မတန် လှပသည့် အမျိုးသမီး သမားတော် တစ်ဦးလည်း ဖြစ်သည်။

“ခဏလောက် စောင့်အုံး။ ဘုရင်မကြီးဆီ သွားပြီး သတင်းပို့ပေးလိုက်မယ်။”

အမေဇုန် အမျိုးသမီး စစ်သည်တော်က ပြော၏။ “ရှင်တို့ကို ကျွန်းငယ်လေး တစ်ခုဆီ အရင် ပို့ထားမယ်။ အဲဒီမှာ ခဏ စောင့်ပါ။”

..........................

ခဏအကြာမှာတော့ အမေဇုန် အမျိုးသမီး စစ်သည်တော်များက ရှမ့်လန်၊ မုန့်ရိုလန်နှင့် အခြားသော သူများကို ကျွန်းငယ်လေး တစ်ခုဆီသို့ ပို့ဆောင်၏။ ပြီးနောက် သူတို့က ဘုရင်မကြီးထံ သတင်းပို့၏။ အစမှ အဆုံးတိုင်အောင် သူတို့က မုန့်ရိုလန်ကို စကားတစ်ခွန်းမှ မပြောခဲ့သလို လှည့်ပင် မကြည့်ခဲ့ကြချေ။

ထိုအရာက မုန့်ရိုလန်၏ နှလုံးသားများကို နာကျင်စေ၏။ မုန့်ရိုလန်က သူ၏ ဝတ်စုံကို ချွတ်ပြီး မီးပုံဘေးတွင် အပူပေးကာ အခြောက်ခံ၏။ တဆက်တည်း ရှမ့်လန် လည်စိကို မည်သို့များ ဖျောက်ထားရသနည်းဟု တွေးနေမိသည်။

သို့သော်ငြား လည်စိက ကြီးကြီးမားမား မရှိသည်မို့ လည်ပင်းမှာ နည်းနည်းလောက် ဟိုလိမ်းဒီလိမ်း လိမ်းလိုက်ရုံနှင့် ဖုံးကွယ်၍ ရ၏။ မုတ်ဆိတ်မွှေးတွေရော။ အားလုံး အမြစ်ကနေ နှုတ်ပစ်ပြီး အမွေးအမျှင် မှန်သမျှကို လုံးဝ ဖယ်ရှားထားခြင်းပင်။

မုန့်ရိုလန် တွေ့ရှိလာရသည့် အဓိက အချက်က အလှအပပင်။ ယောကျာ်းတစ်ဦးက အမျိုးသမီးတစ်ဦးထက် ပိုမိုလှပနေသည့် အချိန်မျိုးတွင်တော့ မည်သည့် အားနည်းချက်မှ မရှိတော့ချေ။ ရှမ့်လန်က မှန်တစ်ချပ်ကို ကိုင်ပြီး မိတ်ကပ်ကို ပြင်ဆင်၏။ ပြီးနောက် ဆေးတစ်ငုံ သောက်၏။

'အင်း.. ဒါကြောင့် ပိုးထည်တွေ၊ ဝတ်စုံတွေ၊ ကျောက်မျက်ရတနာတွေ အများကြီး ဝယ်ပြီး အလှကုန် ပစ္စည်းအများကြီးကို ပြင်ဆင်ထားတာကိုး။’ ရှမ့်လန်၏ အသားအရေသည် ဤလောကမှ အမျိုးသမီး အများစုထက်ပင် သာလွန်နေကြောင်း မြင်ရချိန်မှာတော့ မုန့်ရိုလန်က စိတ်ပျက်အားငယ်မိသည်။

“အနာဂတ်ရဲ့ လူသားဧကရာဇ်.. နောက်ကျရင် ရှင် ကျွန်မတို့ကို နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်အုံးမှာလား။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့က ရှင့်ရဲ့ အရှက်ရစရာ အကောင်းဆုံး ပုံစံကို မြင်လိုက်ရလို့။” မုန့်ရိုလန်က မေးလိုက်၏။

ရှမ့်လန်က မှင်သက်သွား၏။ ပြီးနောက် ပြန်မေးသည်။ “ဒီပုံက အရှက်ရစရာကြီးလား။”

မုန့်ရိုလန်က ဦးရေပြားများပင် ထုံကျဉ်သွားမိ၏။ ဤစကားက ဘာကို ဆိုလိုသနည်း။ ဒီထက် ပိုပြီး အရှက်ရစရာ ကောင်းသည့် ပုံစံမျိုး ရှိသေးသည်ဟု ဆိုလိုသည်လား။

“အရှင်... အခု ဘာလုပ်နေတာလဲ။”

“မျက်တောင်တု တပ်နေတာလေ။ မျက်တောင်တွေက ကွေးညွတ်နေမှ လှမှာ။”

“အရှင်... အခုရော ဘာလုပ်နေတာလဲ။”

“ဒါ ဆံပင်ကောက်တာပဲ။ စောစောက ဆံပင်ပုံစံက နည်းနည်း ပျက်သွားလို့။”

အရာအားလုံး ပြီးစီးချိန်မှာတော့ ရှမ့်လန်က နောက်တစ်ကြိမ် အပြစ်ဆိုဖွယ် မရှိအောင် လှပသွားပြန်၏။ လူတိုင်းက သူ့ကို မင်းသမီး ဟယ်လင် ဟုပင် ယုံကြည်ကြပေလိမ့်မည်။

ပြီးနောက် ရှမ့်လန်က ကျွန်းပေါ်တွင် လှည့်လည်ကာ ကြည့်ရှု၏။ ကျွန်းအနှံ့တွင် ရုပ်တုများ၊ စာသားများ၊ ပုံစံအမျိုးမျိုးကို တွေ့ရှိ၏။ ထို့အပြင် မြေပြင်က မြေကြီးအတိုင်း မဟုတ်ဘဲ ကျောက်တုံးများဖြင့် ခင်းထား၏။ ဤပေါ်တွင်လည်း ပုံစံများနှင့် အနုစိတ် လက်ရာများ ရှိနေ၏။ ထိုအရာက ကျွန်းငယ်လေး တစ်ခု မဟုတ်ဘဲ မူလက မြို့တော်တစ်ခု၏ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်၏။

ခဏအကြာမှာတော့ အံ့မခန်း လှပသည့် သင်္ဘောတစ်စင်း ဆိုက်ကပ်လာ၏။ ထိုအရာပေါ်တွင် အမေဇုန် နိုင်ငံ၏အလံ လွှင့်ထူထား၏။ အလံပေါ်တွင် ပန်းချီကားတစ်ခု ရှိနေပြီး ပန်းချီကား၏ထိပ်ဖျားတွင် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည့် အမျိုးသမီးပုံ ပါသည်။

“ချစ်ခင်လေးစားရတဲ့ မိန်းကလေး လုံနာနာ.. ကျွန်မတို့ရဲ့ ဘုရင်မကြီးက ရှင့်ရဲ့ လာရောက်မှုကို ကြိုဆိုပါတယ်။”

အမေဇုန် အမျိုးသမီးက ရှမ့်လန်ကို ကြည့်ကာ ပြော၏။ “ဒါပေမဲ့ ရှင်တစ်ယောက်တည်းပဲ လာရမယ်။ ရှင့်ရဲ့ အခြွေအရံတွေကတော့ ပြန်ရပါလိမ့်မယ်။”

ထိုသို့ ပြောလိုက်ချိန်မှာတော့ မုန့်ရိုလန်နှင့် အခြားသော သူများ၏ မျက်နှာက ညှိုးငယ်သွား၏။ သူတို့က လူမျိုးချင်း တူသော်လည်း အားနည်းလွန်းသောကြောင့် စွန့်ပစ်ခံခဲ့ရ၏။ ယခု အမေဇုန် နိုင်ငံတော်ဆီသို့ ပြန်ဝင်ခွင့်ပင် မရခဲ့ကြချေ။

ရှမ့်လန်၏ အကြည့်က သေတ္တာကြီး တစ်ချို့ပေါ်သို့ ရောက်သွား၏။ မည်သို့ပင် ဆိုစေကာမူ သူက ထိုအရာများကို မသယ်နိုင်ချေ။

အမေဇုန် အမျိုးသမီး စစ်သည်တော်များက ရှေ့သို့ တက်လာပြီး တစ်ဦးလျှင် သေတ္တာတစ်လုံးဆီကို ကောက်မ၏။ အားလုံးက ဝန်ထုပ်ဝန်ပိုးဟူ၍ မရှိကဲ့သို့ပင် ပေါ့ပေါ့ပါးပါးနှင့် မကာ သင်္ဘောပေါ်သို့ တက်သွားကြ၏။

ရှမ့်လန်ကလည်း သင်္ဘောပေါ်သို့ တက်လိုက်သည်။

အလွန်လှပသည့် အမျိုးသမီး တစ်ဦးက ထိုနေရာတွင် စောင့်ဆိုင်းနေ၏။ သူမတွင် ငွေရောင် ဆံနွယ်များ ရှိနေပြီး ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထား၏။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်က တကယ့်ကို လှပပြီး အထူးသဖြင့် သူမ၏ ရှည်လျားသည့် ခြေတံတစ်စုံက စွဲမက်ဖွယ်ရာ ကောင်း၏။

“ဒါက အမေဇုန်နိုင်ငံရဲ့ ထီးနန်းဆက်ခံမှု ဒုတိယမြောက် စာရင်းမှာ ရှိနေတဲ့ မင်းသမီး ဒိုဟာလီစီပါ။”

ရှမ့်လန်က ရှီလွန်မင်းဆက်၏ မြင့်မြတ်သည့် ဂုဏ်သရေရှိ လူကြီးလူကောင်း တစ်ဦးကဲ့သို့ စနစ်တကျ အလေးပြု၏။ “မင်္ဂလာပါ”

“အဝေးက ရောက်လာတဲ့ ဧည့်သည်တော်။” မင်းသမီး ဒိုဟာက ခေါင်းညိတ်ပြ၏။

ရှမ့်လန်က စိတ်မသက်မသာ ဖြစ်စရာ တစ်စုံတစ်ခု မပေါ်ပေါက်စေရန် သူမ၏ ခြေတံရှည်များကို မကြည့်မိအောင် တတ်နိုင်သမျှ ရှောင်ရှားနေရ၏။ သို့သော်ငြား ဤအမေဇုန် အမျိုးသမီး စစ်သည်တော်များ၏ အဝတ်အစားများက ထူးခြားလွန်၏။ ကိုယ်လုံးကိုယ်ပေါက်ကိုလည်း အထင်းသား ပေါ်ပေါက်စေသည်။

အမျိုးသမီးဒိုဟာ၏ လက်နက်က ၁.၇ မီတာကျော် ရှည်လျားသည့် ဓားကြီးတစ်လက်ပင်။ ရှမ့်လန်အနေဖြင့် ထိုအရာ၏ အလေးချိန်ကို မခန့်မှန်းနိုင်ချေ။

“ဧည့်သည်တော်... စမ်းကြည့်လို့ရပါတယ်။” မင်းသမီး ဒိုဟာက ပြော၏။

ရှမ့်လန်က ရှေ့သို့တက်ပြီး ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၏။ အားကုန်သုံးကာ မကြည့်၏။ သို့သော်ငြား ဓားကြီးက လှုပ်ပင် မလှုပ်ချေ။ ထိုအရာက တကယ်ပင် လေးလံ၏။ အရူးကြီးကဲ့သို့သော လူမှသာလျှင် ဤကဲ့သို့သော ဓားကြီးကို ကိုင်နိုင်ပေလိမ့်မည်။ ထိုအရာက အနည်းဆုံး ပေါင် ၁၅၀ ခန့် ရှိသည်။

မင်းသမီး ဒိုဟာ ၏ ကျောက်စိမ်းကဲ့သို့ လှပသည့် လက်စုံက ဓားရိုးကို အသာအယာ ဆုပ်ကိုင်၏။ ပြီးနောက် ပေါ့ပေါ့ပါးပါးပင် မလိုက်၏။

'အာ... ဒီမိန်းမ ဒီလောက်တောင် အားကြီးရလား။ သစ်သားချောင်း တစ်ခုကို မလိုက်သလိုပဲ။'

ရှမ့်လန်က မေးသည်။ “မင်းသမီး... ဒီဓားက ဘယ်လောက်တောင် လေးလဲ မေးပါရစေ။”

မင်းသမီး ဒိုဟာက ဖြေ၏။ “၄၅၇ ပေါင်ပါ။”

ပေါင်လေးရာကြီး... အဲလောက်ကြီးတောင်လား။ ထိုသို့ဆိုလျှင် ဤအမျိုးသမီး၏ အင်အားက အရူးကြီး ထက် မနည်းလှချေ။ အဓိကအချက်အားဖြင့် သူမ၏ ကိုယ်လေးချိန်က အရူးကြီး၏ သုံးပုံတစ်ပုံခန့်သာ ရှိ၏။ သူမတွင် စူပါမော်ဒယ်ကဲ့သို့ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ် ရှိ၏။ လက်မောင်းများက ရှမ့်လန်၏ လက်မောင်း ထက် မကြီးမားချေ။

ပြီးနောက် ရှမ့်လန်က လေးတစ်လက်ကို တွေ့ရ၏။ ထိုအရာက သတ္တုဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး လေးကြိုးများကလည်း သတ္တုနှင့် ပြုလုပ်ထားခြင်းဖြစ်နေသည်။ ထူးဆန်းမနေဘူးလား။ ဤလောကတွင် သတ္တုကြိုးများက အသုံးမဝင်ချေ။

သို့ပေမည့် သတ္တုလေးကြိုးက ရွှေရောင် တဖိတ်ဖိတ် တောက်နေ၏။ ရွှေက အလွန် နူးညံ့သောကြောင့် လေးကြိုး ပြုလုပ်ရန် မသင့်တော်ပေ။ ထိုအရာက မည်သည့် သတ္တုအမျိုးအစား ဖြစ်နိုင်သနည်း။ ရှမ့်လန်က လေးကြိုးကို အသာအယာ ဆွဲကြည့်၏။ လုံးဝ မလှုပ်ပေ။

“ဒီလေးကလည်း ပေါင် ၃၅၀ ကျော် ရှိတယ်။” မင်းသမီး ဒိုဟာက ပြော၏။

'ရူးနေပြီ။ လုံးဝကို ရူးနေပြီပဲ။'

ဤလေးက ကွန်ပေါင်းလေးမျိုး မဟုတ်ချေ။ ထို့အပြင် ပြင်းထန်သည့် လေးမျိုးကို သုံးခြင်းအားဖြင့် ခန္ဓာကိုယ်ကို ပုံပျက်နိုင်၏။

မင်းသမီး ဒိုဟာ၏ ခန္ဓာကိုယ်က သွယ်လျ ဖြောင့်စင်းနေဆဲပင်။ အပြစ်ဆိုစရာ မရှိအောင် ပြည့်စုံလွန်းနေ၏။ သူမက နုနယ်ပြီး လှပသော်လည်း ဤမျှကြီးမားသည့် ခွန်အားကို ပိုင်ဆိုင်ထားသည်လား။

“ကျေးဇူးပြုပြီး အစားအသောက်တွေ သုံးဆောင်ပါအုံး။”

မင်းသမီး ဒိုဟာက ပြောသည်။ “တောင်းပန်ပါတယ်။ ကျွန်မတို့မှာ စားစရာ အသားနဲ့ ငါးပဲ ရှိတယ်။ ဒါက နည်းနည်း ငြီးငွေ့စရာ ကောင်းတယ်။ ဒါပေမဲ့ အမေဇုန် ဘုရင်မနိုင်ငံတော်ရဲ့ အမဲသားက ကမ္ဘာပေါ်မှာ အကောင်းဆုံးပါပဲ။”

ရှမ့်လန်က ဓားနှင့် ခရင်းကို သုံးကာ တစ်လုတ် စားကြည့်၏။ အမှန်ပင် ဤအမဲသားက တကယ့်ကို ကောင်းမွန်၏။ ရှမ့်လန် စားဖူးသမျှ အမဲသား အားလုံးထက် သာလွန်၏။ ထိုအရာက တကယ့်ကို နူးညံ့ပြီး ဝါးလိုက်သည့် အခါမျိုးတွင်လည်း အလွန်ကို ကောင်းမွန်၏။ ပါးစပ်ထဲ၌ ပျော်ဝင်သွားသကဲ့သို့ပင်။ မည်သည့် အမဲသား အမျိုးအစားမျိုးဖြစ်သနည်း။ ကမ္ဘာမြေတွင် ရှာမတွေ့နိုင်သည်က သေချာ၏။ ရှမ့်လန် စားဖူးသမျှ အကောင်းဆုံး အမဲသားပင်လျှင် ဤအမဲသားကို မယှဉ်နိုင်ချေ။

“ကျွန်မတို့ အမေဇုန်မျိုးနွယ်စုက ခွန်အားကို ထိန်းသိမ်းဖို့ နေ့စဉ် ဒီလို အမဲသား ၁.၅ပေါင်၊ ငါး ၁.၅ပေါင်နဲ့ အခြား အဓိက အစားအစာ တစ်ရက်ထဲမှာ ၁.၅ပေါင်ကို စားသုံးရတယ်။” မင်းသမီး ဒိုဟာက ပြောရင်း ဆက်စား၏။

ပြီးနောက် ရှမ့်လန်က သူမ ငါး ၁.၅ ပေါင်။ အာလူး တစ်ပေါင် တို့ကို စားသုံးနေသည်ကို ကြည့်ရင်း ရှမ့်လန်က လုံးဝ မင်သက်နေ၏။ ဤမျှ အများကြီး စားသည်လား။ ဤလောက် အစားအစာများက သေးငယ်သည့် ခန္ဓာကိုယ်၏ မည်သည့်နေရာထဲသို့ ရောက်သွားသနည်း။

'ခင်ဗျား ဒီအရာကို နေ့တိုင်း စားတယ်လို့ ပြောခဲ့တယ် မဟုတ်လား။ တစ်နပ်ထဲတောင် ဒီလောက် အများကြီး စားခဲ့တာပဲ။'

ရှမ့်လန်က ပေါင်ဝက်ခန့် စားပြီးနောက် ဗိုက်ပြည့်သွား၏။ ပြီးနောက် သူက ဖျော်ရည် တစ်မျိုးကို သောက်၏။ ထိုအရာက သန့်စင်ထားသည့် သစ်သီးဖျော်ရည် ဖြစ်ပြီး အရသာ ရှိသော်လည်း အလွန်ချို၏။ အမဲသား စား၊ ငါးစား၊ သစ်သီးဖျော်ရည်သောက်ပြီး ဘီယာကို အလွန်အကျွံ သောက်နေသောကြောင့် ဂေါက်ရောဂါ မဖြစ်လျှင်သာ ထူးဆန်းပေလိမ့်မည်။

ရှမ့်လန် စကားပြောနေစဉ်မှာပဲ မင်းသမီး ဒိုဟာက ဘီယာ နှစ်ခွက်ခန့် သောက်ပြီးသွားပြီ ဖြစ်၏။ ရုတ်တရက် ရှမ့်လန်၏အကြည့်က သူမ၏ လက်မောင်းပေါ်သို့ ကျရောက်သွား၏။ ထိုအရာပေါ်တွင် အနီရောင် စက်လေး တစ်ခု ရှိနေ၏။ ထိုအရာက အပျိုစင် အမှတ်အသားများလား။

“ကျွန်မ အခုထိ သားသမီး မယူရသေးပါဘူး။ အပျိုစင်ပါပဲ။”

မင်းသမီး ဒိုဟာက ရှင်းပြ၏။ “မျိုးဆက်ပွားမဲ့ နေ့ရောက်တဲ့ အချိန်ကျရင် ကျွန်မက ကမ္ဘာပေါ်မှာ အတော်ဆုံး အမျိုးသားကို ရွေးချယ်ပြီး မျိုးဆက်ယူမယ်။ အဲဒီအချိန်ကျမှပဲ ဒီအနီစက်ကို ဖျက်ပစ်နိုင်မှာပါ။”

ပြီးနောက် မင်းသမီး ဒိုဟာက ပြောသည်။ “ခွင့်ပြုပါအုံး။”

ရှမ့်လန်က ကြောင်အသွား၏။ သူမ အိမ်သာ သွားမလို့လား။ သွားသင့်တာပေါ့။ စောစောကတင် ဘီယာတွေ အများကြီး သောက်ထားတာကိုး။

သို့သော်ငြား နောက်ဆုံးမှာတော့ မင်းသမီး ဒိုဟာက သူမ၏ ဓားကြီးကို ကောက်ယူကာ ပင်လယ်ထဲသို့ ခုန်ချသွားသည်ကို မြင်ရ၏။ ပြီးနောက် ရှမ့်လန်က တကယ့်ကို ထူးခြားသည့် မြင်ကွင်းတစ်ခုကို မြင်ရ၏။

မင်းသမီး ဒိုဟာက ပင်လယ်ထဲတွင် သူမ၏ ဓားသိုင်း လေ့ကျင့်နေခြင်းပင်။ သူမက ရေမျက်နှာပြင်ပေါ်တွင် လေ့ကျင့်နေခြင်း မဟုတ်ဘဲ ပင်လယ်ကြမ်းပြင်အောက်တွင် အသက်အောင့်ကာ လေ့ကျင့်နေခြင်း ဖြစ်သည်။

ဤနေရာရှိ ပင်လယ်ရေက အလွန်ပင် ကြည်လင်နေပြီး နေရောင်အောက်တွင် ပင်လယ်ကြမ်းပြင်ကို အထင်းသား မြင်ရ၏။ ဤနေရာက ရေတိမ်သော်လည်း အနက် မီတာ ၂၀ ကျော် ရှိ၏။ ရေဖိအားက အလွန်ပြင်းထန်ပြီး သာမန်လူတစ်ဦးအဖို့ မတ်မတ်ရပ်နေရန်ပင် ခက်ခဲ၏။ ကြာရှည် သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ သို့သော်ငြား သူမက ဤကဲ့သို့ ကြမ်းတမ်းသည့် ဓားသိုင်းကို လေ့ကျင့်နေဆဲ ဖြစ်ပြီး ပေါင် ၄၀၀ ကျော် လေးသည့် ဓားကြီးကို ကိုင်ဆောင်ထားသေး၏။

ရှမ့်လန်က တကယ်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရသည်။

သင်္ဘောပေါ်ရှိ အမေဇုန် အမျိုးသမီး စစ်သည်တော်များကလည်း သူတို့၏ လက်နက်များကို ကိုင်ဆောင်ကာဖြင့် ပင်လယ်ကြမ်းပြင်ဆီသို့ ခုန်ချကာ ဓားသိုင်းများ လေ့ကျင့်ကြတော့၏။ ဤမြင်ကွင်းက ရှမ့်လန် ဘယ်တော့မှ မေ့နိုင်မည့် မြင်ကွင်းမျိုး မဟုတ်တော့ချေ။ တကယ့်ကို အံ့မခန်း လှပ၏။

အမျိုးသမီးစစ်သည်တော် ဒါဇင်ပေါင်းများစွာတို့က ပင်လယ်ကြမ်းပြင်အောက်၌ ဓားသိုင်းလေ့ကျင့် နေကြသည်။ ပတ်ဝန်းကျင်ရှိ ငါးနှင့် သက်ရှိ ပင်လယ်သတ္တဝါအားလုံးတို့က ကြောက်လန့်တကြား ထွက်ပြေးကုန် ကြ၏။ ရေအောက်ရှိ အရှင်သခင်များဖြစ်သည့် ငါးမန်းများပင်လျှင် ဝေးရာသို့ ထွက်ပြေး ကြရသည်။

အဓိကကမ္ဘာမြေပေါ်ရှိ ရေအောက်၌ အသက်အောင့်နိုင်သည့် စံချိန်က ၈ မိနစ်နှင့် ၅၈ စက္ကန့် ဖြစ်သော်လည်း ထိုအရာက ငြိမ်သက်စွာ အသက်အောင့်ထားခြင်း ဖြစ်၏။ ဤကဲ့သို့ ပြင်းထန်သည့် ဓားသိုင်းကို လေ့ကျင့်ရခြင်းက အောက်ဆီဂျင် များစွာကို လောင်ကျွမ်းစေပေလိမ့်မည်။

ထိုသို့ဆိုလျှင် အမေဇုန်အဖွဲ့က ပင်လယ်ပြင်အောက်တွင် မည်မျှကြာကြာ နေနိုင်မည်နည်း။ ၁၁ မိနစ် တိတိပင်။ အမျိုးသမီးစစ်သည်တော် တစ်ရာ၏ ဓားများက ပေါင် ရာကျော်လေးလံ၏။ သူတို့က ပင်လယ်အောက်တွင် ၁၁ မိနစ်ကြာ ဓားသိုင်းကို လေ့ကျင့်ခဲ့ပြီး ငါးများကဲ့သို့ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်၏။

သူတို့က သန်မာမှန်း သိသော်လည်း ဤမျှ သန်မာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ နိဗ္ဗာနတပ်တော်၏ လေ့ကျင့်ခန်းများက အလွန်ရက်စက်သော်လည်း ဤအမေဇုန်အဖွဲ့၏ လေ့ကျင့်ခန်းများက လူသားချင်း စာနာမှုပင် ကင်းမဲ့နေသည်။

မင်းသမီးဒိုဟာက ပိုမိုကာ လွန်ကဲ၏။ သူမက ၁၆ မိနစ်ပြည့်မှသာ ရေမျက်နှာပြင်ပေါ်သို့ ပြန်တက်၏။

ရှမ့်လန်က နားလည်သွားခဲ့ပြီ ဖြစ်၏။ သူမ အဘယ်ကြောင့် ဤမျှ စားသောက်ရသည်ကိုပင်။ သူမ အသုံးပြုလိုက်သည့် စွမ်းအင်ပမာဏက တကယ့်ကို တုန်လှုပ်ဖွယ်ရာ ကောင်းလွန်းလှသည်။

သင်္ဘောပေါ်သို့ ပြန်လည်တက်ရောက်ပြီးနောက် ၂ နာရီခန့် ဓားသိုင်းကို အရူးအမူး ဆက်လက်ကာ လေ့ကျင့်နေပြန်၏။ ကုန်းပတ်ပေါ်တွင် မဟုတ်ဘဲ ရွက်တိုင်ပေါ်တွင် ဖြစ်၏။ ကျဉ်းမြောင်းသည့် နေရာလေးတွင် သူမက ငှက်တစ်ကောင်ကဲ့သို့ ခုန်ပေါက်နေ၏။ အံ့မခန်းသည့် ခွန်အားနှင့် စွမ်းဆောင်ရည်မျိုးပင်။

အပိုင်း (၈၁၈)

ဤအချိန်မှာတော့ ရှမ့်လန်က ကောက်ချက်တစ်ခု ချနိုင်၏။ ဤအမေဇုန်အနွယ်ဝင်များက ရှေးဟောင်း လူသားများနှင့် တကယ့်ကို တူညီ၏။ သွေးသားရင်းမြစ်က အနည်းနှင့်အများ ကွာခြားနိုင်သော်လည်း အားလုံးက ရှေးဟောင်းလူသားများနှင့် နီးစပ်၏။ ဝန်မခံချင်သော်လည်း ဤမင်းသမီးဒိုဟာ၏ တိုက်ခိုက်နိုင်စွမ်းက မူလန်ထက် ပိုမိုကာ သာလွန်ပြီး အတော့်အတန်ပင် ကွာခြားနေ၏။

ရှမ့်လန်၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်သွားမိသည်။ ‘မဟုတ်သေးဘူး။ ငါ မူလန်ကို ပိုပြီးသန်မာအောင် လုပ်ပေးရမယ်။ ငါ သူ့ကို လောကမှာ အသန်မာဆုံးဖြစ်အောင် လုပ်ပေးမယ်လို့ ကတိပေးထားတာပဲ။’

ဤအမေဇုန်အဖွဲ့က တိုက်ခိုက်ရန် မွေးဖွားလာသူများဟု ဆိုရမည်။ ရှမ့်လန်ကဲ့သို့သော ဧည့်သည်တော်တစ်ဦး ရှိနေသည့်တိုင်အောင် သူတို့က နေ့စဉ် လေ့ကျင့်ခန်းများကို လုံးဝ အထိအခိုက် မခံချေ။ တစ်နေ့လျှင် ၂၄ နာရီ ရှိသည့်အနက် ၁၇ နာရီခန့်ကို လေ့ကျင့်နေကြခြင်းပင်။ သူတို့က တကယ့်ကို အရူးများ ဖြစ်၏။

မင်းသမီးဒိုဟာနှင့် စကားပြောခွင့်ရသည့်အချိန်က တကယ့်ကို တိုတောင်းပြီး အစာစားချိန်တွင်သာ စကားအနည်းငယ် ပြောနိုင်၏။ ထို့အပြင် အမေဇုန်အမျိုးသမီး စစ်သည်တိုင်းက အလွန်ရိုးသားပုံပေါ်ပြီး ဟန်ဆောင်းခြင်း အလျဉ်းမရှိသည်ကို တွေ့ရသည်။

သူတို့က ပွင့်လင်းပြီး စကားပြောဆိုခြင်း၌လည်း မကျွမ်းကျင်ကြချေ။ စကားဆယ်ခွန်း ပြောပြီးလျှင် ပြောစရာ စကား မရှိသလို ဖြစ်၏။ သူတို့အတွက် ပါးစပ်ဟရန်က အစာစားရန်အတွက်သာ ဖြစ်ပြီး စကားပြောရန် သို့မဟုတ် နမ်းရန်အတွက် မဟုတ်ချေ။ သူတို့၏ ဘဝသက်တမ်းတွင် တစ်ခါမှ နမ်းဖူးကြလိမ့်မည်လည်း မဟုတ်ချေ။

သူတို့တွင် ပြင်းထန်သည့် ဟော်မုန်းဓာတ်များတော့ ရှိနေလိမ့်မည်ဟု ရှမ့်လန်က သံသယဝင်မိ၏။ ဆိုလိုသည်က သူတို့တွင် အမျိုးသားနှင့် အမျိုးသမီးဟူသော စိတ်ခံစားမှုများ ရှိနေလိမ့်မည်။ သို့သော်လည်း ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသည့် အလွန်ပြင်းထန်သော လေ့ကျင့်ခန်းများကြောင့် ထိုအရာအားလုံး က ကျွမ်းလောင်ပြီး ပျောက်ကွယ်သွားပုံရ၏။ ပြင်းထန်သော လေ့ကျင့်ခန်းများကပင် သူတို့ကို ပျော်ရွှင်သည့် ခံစားချက်များကို ပေးစွမ်းနိုင်နေခြင်း ဖြစ်ပေမည်။

သို့သော်လည်း သူတို့က အနှိုင်းမဲ့ သန်မာကြသည်ကတော့ အမှန်ပင်။ ထိုအရာက လူတိုင်း အိပ်မက်ထဲတွင် လိုချင်တောင့်တနေသည့် တပ်တော်မျိုး ဖြစ်၏။ အကယ်၍ သူသာ ဤတပ်တော်၏ သစ္စာစောင့်သိမှုကို ရရှိမည်ဆိုပါက နယ်စားကြီးဒီဘိုရာ၏ စစ်သည်တော် ၁ သိန်းကို အနိုင်ယူရန်က ရှမ့်လန်အတွက် တကယ် လွယ်ကူသွားပေလိမ့်မည်။

ထိုမျှမကသေးချေ။ သူ၌ကပ်ငြိနေသည့် ကလဲ့စားချေမှုနှင့် အာဏာ ပြန်လည်သိမ်းယူမှုများကိုလည်း အရှိန်ဟုန်ပြင်းစွာ ရှေ့ဆက်နိုင်ပေမည်။

ရာစုနှစ်ပေါင်းများစွာတိုင်အောင် ရှီလွန်မင်းဆက်က သန်မာသည့် အမျိုးသမီး စစ်သည်တော်များကို အောင်နိုင်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ မအောင်မြင်ခဲ့ချေ။ အမှန်စစ်စစ် အမေဇုန်နိုင်ငံသို့ အမျိုးသားဖြစ် အယောင်ဆောင်ကာ ခိုးဝင်ရန် ကြိုးစားခဲ့ဖူးသည့် အမျိုးသမီးများ မရှိသည်တော့ မဟုတ်ချေ။ သို့သော်ငြား နောက်ဆုံးရလဒ်ကတော့ တကယ့်ကို တုန်လှုပ်စရာကောင်း၏။ ပထမဦးဆုံး သင်းကွပ်ခံရ၏၊ ပြီးနောက် အရေခွံခွာခြင်း ခံရ၏။

ဤအမေဇုန် အမျိုးသမီးစစ်သည်တော်များကို ကြည့်လေလေ ရှမ့်လန်၏ လောဘစိတ်က ပိုမိုကာ တက်လာလေပင်။ ဤမျိုးနွယ်စုကိုသာ သူ အောင်နိုင်ခဲ့သည်ဆိုပါက သူသည် အလွန်ကြွယ်ဝချမ်းသာပြီး ဤတိုက်သစ်ကြီး၏ အရှင်သခင် ဖြစ်လာပေမည်။

..........

သင်္ဘောကြီးက တစ်ရက်နှင့် တစ်ညလုံးလုံး ခရီးနှင်လာခဲ့သော်လည်း အမေဇုန်ဘုရင်မနိုင်ငံသို့ မရောက်ရှိသေးပေ။ လမ်းတစ်လျှောက်တွင် ကျွန်းပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရပြီး မည်သည့်ကျွန်းကမှ သာမန်ကျွန်းနှင့် မတူချေ။ ကျွန်းတိုင်းတွင် ရုပ်တုအမျိုးမျိုး ရှိပြီး ကျွန်းတိုင်းတွင်လည်း ကင်းစခန်းများ ရှိ၏။ အမေဇုန် အမျိုးသမီးစစ်သည်တော် အများအပြားက ကင်းစောင့်နေ၏။

သင်္ဘောကြီး ခရီးနှင်လာစဉ်မှာပဲ ကောင်းကင်ယံ၌ လင်းယုန်ငှက်များ ပျံသန်းနေ၏။ မင်းသမီးဒိုဟာ၌ ဆီးနှင်းကဲ့သို့ ဖြူဖွေးသည့် လင်းယုန်ငှက်တစ်ကောင် ရှိ၏။ ထိုငှက်က အလွန်လှပသလို မာနလည်း ကြီး၏။ မင်းသမီးဒိုဟာ တစ်ဦးတည်းကိုသာ ကိုင်ခွင့်ပေးသည်။

ထိုစဉ်မှာပဲ ရှမ့်လန်က ထူးဆန်းပြီး ထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို မြင်တွေ့ရ၏။ ဤအရာက မိစ္ဆာပင်လယ်လား။

အကြောင်းအရင်းက နေရာအနှံ့တွင် ကြောက်မက်ဖွယ်ရာကောင်းသည့် ကျောက်ဆောင်များ ရှိနေသောကြောင့်ပင်။ ထိုကျောက်ဆောင်များက မီတာ ဒါဇင်ပေါင်းများစွာ မြင့်မားပြီး နေရာအနှံ့တွင် သိပ်သည်းစွာ တည်ရှိနေ၏။

ဤကျောက်ဆောင်များက သဘာဝက ပေးထားသည့် ကင်းစောင့်များကဲ့သို့ပင် ရန်သူသင်္ဘောအားလုံးကို တားဆီးထား၏။ ထို့အပြင် ကျောက်ဆောင်အများစုက သဘာဝကျောက်ဆောင်များ မဟုတ်ဘဲ ဧရာမ ရုပ်တုကြီးများ ဖြစ်၏။ ထိုအရာက တကယ့်ကို အံ့အားသင့်စရာ ကောင်းသည်။

ဧရာမရုပ်တုကြီးများက အမေဇုန်ဘုရင်မ နိုင်ငံတော်၏ ပတ်ဝန်းကျင် ပင်လယ်ပြင်ကို ဝန်းရံထားပြီး ရန်သူများ ကျူးကျော်မဝင်ရောက်အောင် ကာကွယ်ပေးထား၏။ ပြင်ပလူများ လုံးဝ မဝင်နိုင်သည်က အံ့အားသင့်စရာ မဟုတ်တော့ပေ။ ထို့အပြင် ဤကျောက်ဆောင်များရှိရာဒေသက အမြဲတမ်း ထူထပ်သည့် မြူခိုးများနှင့် ဖုံးလွှမ်းနေသောကြောင့် မြင်ကွင်းအားလုံးကို ပိတ်ဆို့ထား၏။ မည်သည့်သင်္ဘောမှ မဝင်နိုင်သလို ရှေ့မှ မြင်ကွင်းများကိုလည်း မမြင်နိုင်ချေ။

ဤသင်္ဘောကို မင်းသမီးဒိုဟာ ကိုယ်တိုင် မောင်းနှင်၏။ အမျိုးသမီး တပ်မှူးတစ်ဦးက ခရာသင်းကို မှုတ်၏။ ထိုအခါမှသာ အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာပြီး ပင်လယ်ပြင်ပေါ်တွင် ဧရာမ ကျောက်ရုပ်တုကြီး များက စတင်လှုပ်ရှားလာခဲ့ပြီး လမ်းကြောင်းတစ်ခုကို စတင်ကာ ဖော်ပေး၏။ ထိုအရာက ပင်လယ်ပြင် ပေါ်တွင် မြို့တံခါးကြီးတစ်ခု ပွင့်လာသကဲ့သို့ပင်။

မင်းသမီးဒိုဟာက ထိုလမ်းကြောင်းအတိုင်း လိုက်ပါကာ ဖြည်းညှင်းစွာဝင်၏။ ထူထဲသည့် မြူများကြားထဲတွင် မိုင်ဒါဇင်ပေါင်းများစွာ ခရီးနှင်ပြီးနောက် ရှေ့မှ မြင်ကွင်းက ရုတ်တရက် ကြည်လင်သွား၏။ ရှမ့်လန်က လုံးဝ မှင်သက်သွားခဲ့မိ၏။

ဤအရာက အမေဇုန်နိုင်ငံတော်လား။ သူ့စိတ်ကူးထားသည်နှင့် လုံးဝ ကွဲပြားနေ၏။ ထိုအရာက ရှေးဆန်စွာ နေထိုင်သည့် နေရာမျိုး မဟုတ်ချေ။ ရှမ့်လန်၏ မြင်ကွင်းထဲတွင် မြင်ရသလောက် တကယ့်ကို ကြီးမားသည့် ကျွန်းကြီးတစ်ကျွန်းပင်။ ကျွန်းတစ်ခုလုံး၌ သစ်တောများ၊ ချောင်းများနှင့် စိမ်းလန်းသည့် မြက်ခင်းပြင်များ ဖုံးလွှမ်းနေသည်။

ရှမ့်လန်၏ ခန့်မှန်းချက်အရ ဤကျွန်းကြီးက စတုရန်းကီလိုမီတာ ၁ သောင်းကျော် ကျယ်ဝန်းပေမည်။ နေရာအနှံ့တွင် စစ်မြင်းများ ပြေးလွှားနေ၏။ အမေဇုန် အမျိုးသမီးစစ်သည်တော်တိုင်းက အတော်ဆုံး လှံသမား၊ ဓားသမားနှင့် မြင်းစီးသမားများ ဖြစ်ကြသည်။ သူတို့က ဘက်စုံတော်သော စစ်သည်တော်များပင်။

ထို့အပြင် ဤကျွန်းပေါ်ရှိ စစ်မြင်းများက အပြင်လောကမှ မြင်းများနှင့် မတူညီကြပေ။ ပို၍ အရပ်မြင့်မား၏။ မြင်းများသာမက နွားများကလည်း ကွဲပြား၏။ အရပ်ပိုမြင့်ရုံသာမက နွားတစ်ကောင်လျှင် ပေါင် ၂၀၀၀၊ ၃၀၀၀ ခန့် အလေးချိန် ရှိ၏။ ကျွန်းပေါ်ရှိ အမေဇုန်စစ်သည် အမျိုးသမီးများစွာက လေ့ကျင့်လျက် ရှိနေ၏။

သို့သော်ငြား ရှမ့်လန်ကို အံ့အားအသင့်ဆုံးအရာက ထိုအရာများ မဟုတ်ဘဲ မြို့ပြနိုင်ငံ အခြေအနေမျိုး ဖြစ်နေခြင်းပင်။ မြို့တစ်ခုလုံးက ပိရမစ်ပုံစံတစ်ခု ဖြစ်ပြီး စုစုပေါင်း ၉ ထပ်ရှိသည့် ဧရာမ ပိရမစ်ကြီးပင်။ ပိရမစ်၏ အနိမ့်ဆုံးအထပ်တွင် မြင့်မားပြီး ခိုင်ခံ့သည့် တံတိုင်းများ ရှိနေသည်။

ရှမ့်လန်၏ တွက်ချက်မှုအရ ဤပိရမစ်က အမြင့် ၂၀၉ မီတာခန့်ရှိပြီး အောက်ခြေက မီတာ ၃၀၀၀ ကျော် ရှည်လျားသည်။ အရွယ်အစားက လောကတွင် ရှိနှင့်ပြီးသား ပိရမစ်အားလုံးထက်ပင် ပိုမိုကာ ကြီးမား၏။ အမေဇုန်အမျိုးသမီးစစ်သည်တော် အများစုက ဤပိရမစ် မြို့ပြနိုင်ငံတော်ကြီးအတွင်း နေထိုင်ကြရ၏။ ထိုအရာက တကယ်ပင် အံ့ဖွယ် ဗိသုကာလက်ရာ ဖြစ်၏။

သို့သော် ရှမ့်လန်၏ ခန့်မှန်းချက်အရ ဤပိရမစ်ကြီးများကို အမေဇုန်မျိုးနွယ်စုများက တည်ဆောက်ခဲ့ခြင်း မဟုတ်နိုင်ပေ။ ထိုအရာက အလွန်ရှည်လျားသည့် သမိုင်းကြောင်း ရှိပေလိမ့်မည်။ ထို့အပြင် ပိရမစ်ကြီးများ ဆီမှ ရှမ့်လန်က ရင်းနှီးနေသည့် အနံ့တစ်ခုကို ရရှိ၏။ ထိုအရာက ရှေးဟောင်းအမွေအနှစ် တည်နေရာ၏ အနံ့ပင်။

.................

တစ်နာရီခန့်အကြာမှာတော့ ရှမ့်လန်က ဤပိရမစ်မြို့ပြနိုင်ငံတော်၏ တံခါးဝတွင် ရပ်နေ၏။ အနီးကပ် ကြည့်လိုက်ချိန်မှာတော့ ထိုအရာက ပိုမိုကာ ခန့်ညားထည်ဝါပြီး တုန်လှုပ်စရာ ကောင်း၏။ တကယ့်ကို မြင့်မားသည့် တောင်ကြီးတစ်လုံးကဲ့သို့ပင်။ ရှမ့်လန်အနေနှင့် ဤမြို့ကို မည်သို့ သိမ်းပိုက်ရမည် ဆိုသည်ကို စိတ်ကူးမယဉ်နိုင်တော့ပေ။

သမိုင်းတစ်လျှောက် ရှီလွန်မင်းဆက်က ဤတိုက်ကြီးပေါ်ရှိ နိုင်ငံများနှင့် မြို့ပြနိုင်ငံအားလုံးကို အောင်နိုင်ခဲ့သော်လည်း အမေဇုန်ဘုရင်မနိုင်ငံကို တစ်ခါမှ မအောင်နိုင်ခဲ့ခြင်းက အံ့အားသင့်စရာ မရှိတော့ပေ။

မြို့တံခါးကြီး ဖြည်းညှင်းစွာ ပွင့်လာပြီး ရှမ့်လန်က ပိရမစ်မြို့ပြနိုင်ငံအတွင်းသို့ ဝင်ရောက်၏။ ဤနေရာတွင် လမ်းမများ၊ ဈေးဆိုင်များ မရှိသကဲ့သို့ ငွေကြေးသုံးစွဲမှုလည်း မရှိပေ။

အကြောင်းရင်းက အမေဇုန်ဘုရင်မနိုင်ငံရှိ လူအားလုံးတို့က ညီတူညီမျှ ခွဲဝေရရှိသောကြောင့်ပင်။ လိုအပ်ချက်အရ ခွဲဝေသုံးစွဲကြ၏။ လူတိုင်း ဝတ်ဆင်ထားသည့် အဝတ်အစားများကလည်း အတူတူပင်။ ဤနေရာရှိ လူတိုင်းက အမျိုးသမီးစစ်သည်တော်များ ဖြစ်၏။ လယ်ယာစိုက်ပျိုးသူ၊ အရက်ချက်သူ၊ မြင်းမွေးသူများပင်လျှင် အမျိုးသမီးစစ်သည်တော်များ ဖြစ်၏။ အမျိုးသားတစ်ဦးကိုမှ မမြင်တွေ့ရချေ။

အကြောင်းရင်းက အမေဇုန်အမျိုးသမီးစစ်သည်တိုင်း၏ မျိုးဆက်တိုင်းတွင် အမျိုးသမီးများကိုသာ မွေးဖွားကြသောကြောင့်ပင်။ ထိုအရာက တကယ့်ကို ထူးဆန်း၏။ အဘယ်ကြောင့် သားယောက်ျားလေး မမွေးရသနည်း ဆိုသည်ကို သူ စဉ်းစား၍မရပေ။

ဤအချိန်မှာတော့ ရှမ့်လန်က အလွန်လှပသည့် ဝတ်စုံကို ဝတ်ဆင်ထား၏။ ဤနေရာတွင်တော့ ထူးဆန်းသည့် ဝတ်စုံတစ်ခုဟုပင် မှတ်ယူနိုင်၏။ အမျိုးသမီးစစ်သည်တော်များက တင်းကျပ်သည့် ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ သူတို့က သတ္တုနှင့် သရေ ချပ်ဝတ်တန်ဆာများကို ဝတ်ဆင် ထားကြခြင်းပင်။ လက်မောင်းနှင့် ခြေထောက်များက ပေါ်လွင်နေသော်လည်း ခေါင်းဆောင်းများကို ဆောင်းထား၏။

မင်းသမီးဒိုဟာက ရှမ့်လန်ကို ပိရမစ်ပေါ်သို့ ခေါ်ဆောင်သွား၏။ အမေဇုန်ဘုရင်မ နိုင်ငံတော်တွင် အဆင့်အတန်း ခွဲခြားမှု ရှိ၏။ တိုက်ခိုက်နိုင်စွမ်း ပို၍မြင့်မားလေ၊ ပို၍မြင့်သောနေရာတွင် နေထိုင်ရလေပင်။ တိုက်ခိုက်နိုင်စွမ်း အနိမ့်ဆုံးလူများကို တိုက်ရိုက် နယ်နှင်ဒဏ် ပေး၏။ ထို့ကြောင့်လည်း အမေဇုန်နိုင်ငံ၏ လူဦးရေက နှစ်ပေါင်းထောင်ချီသည့်တိုင်အောင် သိပ်ပြီး မပြောင်းလဲခြင်း ဖြစ်ပေလိမ့်မည်။ သူတို့က အရေအတွက်ထက် အရည်အချင်းကိုသာ ဦးစားပေးသည်။

သူတို့က ပိရမစ်မြို့ပြနိုင်ငံတော်၏ အဋ္ဌမထပ်ဆီသို့ ရောက်ရှိ၏။ ထိုအရာက နန်းတော် ဖြစ်သည်လား။ တကယ့်ကို ရိုးရှင်း၏။ ရွှေရောင်များ မရှိဘဲ ကျောက်တုံးများ၊ သရေနှင့် သစ်သား အနည်းငယ်သာ ရှိ၏။ နန်းတော်တစ်ခုလုံးက ကျယ်ဝန်း၏။ ဤနေရာရှိ ပရိဘောဂအားလုံးက သဘာဝပင်။ ခွက်များကို သစ်သားဖြင့် ပြုလုပ်ထားခဲ့ပြီး ပန်းကန်များကို ကျောက်တုံးဖြင့် ပြုလုပ်၏။ ငွေထည်ပစ္စည်းများက ရှားပါး၏။ ရွှေနှင့် ကျောက်မျက်ရတနာ အကြောင်းက ပြောနေစရာပင် မလိုချေ။

“အရှင်မင်းကြီး... ဒါက မိန်းကလေး လုံနာနာ ပါ။ သူက အမေဇုန်ဘုရင်မနိုင်ငံတော်ရဲ့ ကျိန်စာသင့်ရောဂါကို ကုသပေး နိုင်ပါတယ်။” မင်းသမီးဒိုဟာက ဒူးတစ်ဖက်ထောက်ကာ အရိုအသေ ပြု၏။

ရှမ့်လန်က မော့ကြည့်၏။ ဤအရာက အမေဇုန်၏ ဘုရင်မလား။ သူမ၏ ဆံနွယ်များက နေရောင်ခြည်ကဲ့သို့ တောက်ပ၏။ စစ်မှန်သည့် ရွှေရောင်ဆံနွယ်ပိုင်ရှင် နတ်သမီးတစ်ယောက် ကဲ့သို့ပင်။ သူမက မင်းသမီးဒိုဟာနှင့် အနည်းငယ် တူသည်။

မင်းသမီးဒိုဟာက အံ့မခန်းလှပသူ ဖြစ်သော်လည်း ဤဘုရင်မ၏ အလှက ပိုမို၍ သာလွန်၏။ သူမ၌ ပြင်းထန်သည့် အလှတရား၊ ရင့်ကျက်သည့် အလှတရား၊ အစုံပင် လွှမ်းခြုံနေ၏။ မင်းသမီးဒိုဟာက နုနယ်ပြီး လှပသော်လည်း ဤအမေဇုန်ဘုရင်မကတော့ အေးစက်ပြီး အာဏာစက် ပြင်းထန်သည့်ပုံပင်။ သူမ၏ အငွေ့အသက်က ဘုရင်မ မီဒူဆာနှင့် ဆင်တူ၏။ သူမက ကြီးမားသည့် ဟိတ်ဟန်မျိုးကို ပိုင်ဆိုင်၏။ ဤနှစ်ဦးက ညီအစ်မများ ဖြစ်နိုင်၏။

အမေဇုန်ဘုရင်မ နိုင်ငံတွင် အသန်မာဆုံး စစ်သည်တော်သာလျှင် ဘုရင်မ ဖြစ်နိုင်သည် မဟုတ်လား။ ရှမ့်လန်က သူမ၏ X-Ray အမြင်ဖြင့် စစ်ဆေးကြည့်လိုက်တော့ အလင်းရောင်ကြောင့် မျက်စိပင် ကျိန်းသွား၏။ ထိုအရာက ရွှေရောင်သွေးမျိုးဆက်ပင်။ သူမ၏ ရွှေရောင်သွေးမျိုးဆက်က အရူးကြီးနှင့် ချောင်ယောင်းအာတို့၏ အဆင့်အတန်းနှင့် တစ်တန်းတည်း ရှိနေသည်။

“မိန်းကလေး... ရှင် ကျွန်မတို့ အမေဇုန်ဘုရင်မရဲ့ ကျိန်စာသင့်ရောဂါကို ကုသပေးနိုင်တယ် ဆိုတာ တကယ်လား။” ဘုရင်မက မေး၏။ ဤအသံက တကယ့်ကို စူးရှ၏။ အမျိုးသမီးအသံ ဖြစ်သော်လည်း သတ္တုသံကဲ့သို့ပင် ခပ်မာမာပင်။

“ဟုတ်ပါတယ်။” ရှမ့်လန်က ပြန်ဖြေ၏။

ဘုရင်မက ပြောသည်။ “ရှင် သိထားသင့်တာက အမေဇုန်ဘုရင်မ နိုင်ငံတော်ရဲ့ ရောဂါက ကျွန်မရဲ့ စစ်သည်တော် သုံးပုံတစ်ပုံကို သေချင်စိတ်ပေါက်အောင် နာကျင်စေတာပဲ။ သူတို့ထဲက တချို့ဆိုရင် အသက် ၄၀ မပြည့်ခင်မှာပဲ လေဖြတ်ကုန်ကြတယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ပြီး ဒီလောကကြီးကနေ နှုတ်ဆက် ထွက်ခွာသွားတယ်။

အကယ်၍ ရှင်သာ ကုသပေးနိုင်မယ်ဆိုရင် အမေဇုန်ဘုရင်မ နိုင်ငံတော်က ရှင့်အပေါ် ကြီးမားတဲ့ ကျေးဇူးကြွေး ရှိသွားပြီ။ ကျွန်မတို့က ရှင့်ကို ကျေးဇူးပြန်ဆပ်မယ်။ ဘိုးဘေး ညွှန်ကြားချက်တွေကို မချိုးဖောက်တဲ့ ရှင်ရဲ့ တောင်းဆိုမှု မှန်သမျှကို ကျွန်မတို့ သဘောတူတယ်။ ဒါပေမဲ့ ....”

အမေဇုန်ဘုရင်မက ဆက်ပြော၏။ “အကယ်၍ ရှင်သာ ကုသပေးနိုင်ခြင်း မရှိဘူးဆိုရင် လိမ်ညာတာပဲ။ အမေဇုန်ဘုရင်မ ကို လိမ်ညာဝံ့တဲ့လူ ဆိုရင်တော့ ကျွန်မတို့က လျှာကို ဆွဲဖြတ်ပြီး အပြင်က ပင်လယ်ပြင်ထဲ ကို ပစ်ချမယ်။ ပြီးတော့ ကိုယ့်ကြမ္မာကိုယ် ဆက်ပြီး ရင်ဆိုင်ရလိမ့်မယ်။”

ရှမ့်လန်က ပြောသည်။ “ပြဿနာ မရှိပါဘူး။ လူနာ ဘယ်မှာလဲလို့ မေးပါရစေ။”

ဘုရင်မက လက်ခုပ်တီး၏။ ချက်ချင်းပဲ အမေဇုန်အမျိုးသမီးစစ်သည်တော် ၁၀ ဦးကို ထမ်းစင်ဖြင့် သယ်ဆောင်လာ၏။ အားလုံးက ဂေါက်ရောဂါ ခံစားနေရသူများပင်။ ရောဂါလက္ခဏာက အပျော့စားမှ အပြင်းစားထိ ရှိ၏။ အပြင်းထန်ဆုံးသူက လုံးဝလေဖြတ်လုနီးပါး ဖြစ်နေ၏။ သူမ၏ အဆစ်အမြစ်များက ပုံပျက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် ယူရစ်အက်စစ်များ ခဲကာ ဖုံးလွှမ်းနေ၏။

ရောဂါလက္ခဏာ အပျော့စားရှိသူကပင် အလွန် နာကျင်၏။ လူတိုင်းက ဂေါက်ရောဂါဝေဒနာ တက်နေကြ ခြင်းပင်။ ရှမ့်လန်က ရောဂါလက္ခဏာ အပျော့စားရှိသော်လည်း အလွန်ပင် နာကျင်ခံစား နေရသောကြောင့် သေချင်စိတ်ပေါက်နေသည့် အမျိုးသမီးစစ်သည်တော် တစ်ဦးထံသို့ လျှောက်သွားလိုက်သည်။

ဂေါက်ရောဂါ၏ အစောပိုင်း လက္ခဏာများကို ကုသနိုင်သည့် အံ့ဖွယ်ဆေးက မည်သည့်အရာ ဖြစ်မည်နည်း။ ကိုချီစင် - ဆောင်းဦးပန်းမှထုတ်လုပ်သည့် ပုံဆောင်ခဲ ဖြစ်သည်။ ထိုအရာက တကယ့်ပင် အဆိပ်ပြင်း သော်လည်း ဂေါက်ရောဂါ၏ အစောပိုင်းအဆင့်များကို ကုသရာ၌ အံ့မခန်း အာနိသင် ရှိ၏။ ထိုအရာက ရောဂါကို အမြစ်ဖြတ် ကုသနိုင်လုနီးပါး ဖြစ်သော်လည်း ဤလောကကြီးထဲတွင် လုံးဝ ရှာမတွေ့နိုင်သည့် အရာတစ်ခုပင်။

ရှမ့်လန်က ဆေးပုလင်းတစ်ခုကို ထုတ်ယူ၏။ ထိုအရာက ကိုချီစင်သာမက အခြားသော ဆေးဝါးများလည်း ပါဝင်ပြီး ဆေးပမာဏကိုလည်း သူက စနစ်တကျ ထိန်းညှိထား၏။

“ဒါကို သောက်လိုက်ပါ။”

အမေဇုန်ဘုရင်မက အလွန်ပင် ပြတ်သား၏။ သူမက အဆိပ် ရှိမရှိကိုပင် စမ်းသပ်ခိုင်းခြင်း မရှိချေ။

အလွန် နာကျင်နေသောကြောင့် သေချင်စိတ်ပေါက်နေသည့် အမျိုးသမီးစစ်သည်တော်က ရှမ့်လန်ပေးသည့် ဆေးကို ယူကာဖြင့် တစ်ငုံတည်း သောက်ချ၏။ မည်သို့ပင်ဆိုစေကာမူ ဂေါက်ရောဂါ ရလာသည်နှင့် ကုသရန် ဆိုသည်က မဖြစ်နိုင်သလောက်ပင်။ လေဖြတ်သွားသည်အထိ ဆိုးလာပေမည်။

ဘာပဲပြောပြော ဂေါက်ရောဂါ ဖြစ်သည် ဆိုသည်နှင့် ကုသဖို့ မဖြစ်နိုင်ချေ။ အိပ်ယာထဲမှာ လှဲလျောင်းရင်း တဖြည်းဖြည်း အခြေအနေဆိုးလာရုံသာ ရှိ၏။ အဆိပ်ဖြစ်သည်ဆိုလျှင်တောင်မှ သူမ သောက်ရမည်။

အားလုံးက ငြိမ်သက်စွာဖြင့် စောင့်ဆိုင်းနေ၏။ ဤဂေါက်ရောဂါက အမေဇုန်ဘုရင်မနိုင်ငံတော်၏ ကုသ၍ မရနိုင်သော ကျိန်စာဆိုးတစ်ခု ကဲ့သို့ပင် နာမည်ကြီးမား၏။

ရေတွက်၍ မရအောင် များပြားသည့် ရှီလွန်နိုင်ငံမှ သမားတော်အားလုံးက နှစ်ပေါင်း တစ်ထောင်ကျော်အတွင်း အကူအညီ မဲ့ခဲ့ရ၏။

ဤလူစိမ်းက ကုသနိုင်မည်လား။ ကုသနိုင်လျှင် ကံကြမ္မာ အလှည့်အပြောင်း ဖြစ်ပေလိမ့်မည်။ အမေဇုန် ဘုရင်မနိုင်ငံရှိ လူပေါင်းများစွာတို့၏ အသက်ကို ဤမိန်းကလေးက ကယ်တင်နိုင်မည်လား။

သို့ပေမည့် တစ်နာရီ မကြာခင်မှာပဲ မယုံနိုင်လောက်အောင် အလှည့်အပြောင်းတစ်ခုက ဖြစ်ပေါ်လာခဲ့သည်။

All Chapters