← Chapters

အခန်း (၈၁၉-၈၂၀)

Vol. 50 Ch. 819-820

အခန်း (၈၁၉-၈၂၀)

Vol. 50 Ch. 819-820

အပိုင်း (၈၁၉)

ကိုချီစင်ဆေးဝါးက ဂေါက်ရောဂါတွင် လက်ငင်းအာနိသင်ကို ထင်ရှားစေရုံသာမက ထိုအာနိသင်ကလည်း တကယ်ကို လျင်မြန်၏။ သို့ရာတွင် အဆိုပါဆေးကို မှီဝဲပြီးနောက် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်ပွားစေသည်။ အထူးသဖြင့် ခန္ဓာကိုယ်အားနည်းသူများတွင် ပိုဆိုး၏။ သို့သော်ငြား အမေဇုန်မျိုးနွယ်ဝင် အမျိုးသမီးစစ်သည်တော်များ၏ ခန္ဓာကိုယ်က တကယ်ကို ကြံ့ခိုင်သောကြောင့် ဝမ်းပျက်ခြင်းဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။

“ကျွန်မ... ကျွန်မ ဘာမှမနာတော့ဘူးလို့ ထင်တယ်။ သက်သာသွားပြီ ထင်တယ်။ အံ့အားသင့်စရာပဲ။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားရတယ်။ တကယ်ကို နေလို့ကောင်းသွားတာ။ ကျွန်မရောဂါ ပျောက်သွားတာလား။ ဒီမိန်းကလေးက တကယ်ကို အစွမ်းထက်တာပဲ။”

ဤသည်က ရှမ့်လန်၏ လက်ချက်ပင်။ ဆေးအာနိသင် ပိုမိုထက်မြက်စေရန် သူက အမည်မသိ ဆေးဝါး တချို့ကို ရောစပ်ခဲ့၏။ ထိုအရာက အထွေထွေသုံး ဆေးဝါးအဖြစ် အသုံးပြုခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် အအေးမိခြင်းမှသည် တခြားကြီးမားသည့် ဝေဒနာ သက်သာစေခြင်းအထိ အံ့ဖွယ် အာနိသင်မျိုး ရှိ၏။ ထိုအရာက စွဲလမ်းစေရုံသာ မဟုတ်ဘဲ ရှေးဦးတရုတ်ပြည်တွင်လည်း ဆေးဝါးအဖြစ် ကြာရှည်စွာ အသုံးပြုခဲ့ဖူးသည်။

ဂေါက်ရောဂါ၏ ဝေဒနာ နှိပ်စက်မှုကို ခံခဲ့ရသည့် စစ်သည်တော်လေးက ရုတ်ချည်း ခုန်ပေါက်ကာ သူမ၏ လက်ကို ဝှေ့ယမ်းပြီး ပျော်ရွှင်စွာ ကခုန်နေသည်။ “အံ့အားသင့်စရာပဲ။ ကျွန်မ တကယ်ကြီး ပျောက်ကင်းသွားခဲ့ပြီ။”

ဘေးပတ်ဝန်းကျင်ရှိ လူပေါင်းများစွာတို့က အံ့အားသင့်သလို ဖြစ်နေ၏။ ဤထူးဆန်းသည့် အလှ နတ်မိမယ်လေးက တကယ်ပင် ဤမျှထိ အစွမ်းထက်နေသည်လား။ အမေဇုန်ဘုရင်မပင် ကုသ၍ မရနိုင်သည့် ဤဝေဒနာအပေါ်တွင် လူတိုင်းက လက်လျှော့ခဲ့ရသော်လည်း သူမက အမှန်တကယ်ပင် ကုသနိုင်ရုံသာမက ဝေဒနာကလည်း ချက်ချင်း ပျောက်ကင်းသွားသည်။ ဤသို့ဆိုလျှင် တကယ့်ကို အံ့ဖွယ်နတ်သမီးပင် ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် အမေဇုန်စစ်သည်တော်လေးက အမှန်တကယ် ပျောက်ကင်းသွားခဲ့ပြီလား။ အမှန်စင်စစ်တော့ မဟုတ်ချေ။ ကိုချီစင်ဆေးဝါးကို အရေးပေါ်အချိန်တွင်သာ အသုံးပြုနိုင်ပြီး ဂေါက်ရောဂါကို အမြစ်ပြတ် ကုသနိုင်ရန် အသုံးမပြုနိုင်ပေ။

ဂေါက်ရောဂါကို ရေရှည်ထိန်းသိမ်းရန်နှင့် ပြန်လည်မဖြစ်ပွားစေရန် အခြေခံအကျဆုံးက ယူရစ်အက်စစ်ကို ထိန်းချုပ်ခြင်းနှင့် အစားအသောက်ကို ဆင်ခြင်ခြင်းသာ ဖြစ်သည်။ သူမအနေနှင့် အလိုပူရင်လော ကဲ့သို့သော ယူရစ်အက်စစ် လျှော့ချသည့် ဆေးများကို ရေရှည်မှီဝဲရမည်ဖြစ်ပြီး ရှမ့်လန်အနေနှင့် ထိုဆေးဝါးကို ဖော်စပ်နိုင်စွမ်း မရှိသေးချေ။

သို့သော်ငြား တခြားသောဆေးဝါးများ၊ အထူးသဖြင့် တရုတ်တိုင်းရင်းဆေးတချို့ကိုတော့ ရှမ့်လန်က ညွှန်းကြားနိုင်သေး၏။ အာနိသင်က ထိုမျှ မထက်မြက်သော်လည်း ယူရစ်အက်စစ်ကို ထိန်းချုပ် ပေးနိုင်စွမ်းတော့ ရှိ၏။ ယခုအချိန်တွင် သူပြသရမည့်အရာက နာကျင်မှုဝေဒနာကို သက်သာစေခြင်းနှင့် ရောင်ရမ်းမှုကို ထိန်းချုပ်ခြင်းသာဖြစ်၏။

ဂေါက်ရောဂါ၏ အဆိုးဝါးဆုံးဝေဒနာက ရောဂါကြွလာသည့်အချိန်တွင် ဖြစ်ပေါ်သော ပြင်းထန်သော ရောင်ရမ်းမှု တုံ့ပြန်ချက် ဖြစ်ပြီး ထိုအရာက ရှမ့်လန် အကျွမ်းကျင်ဆုံးသော ကဏ္ဍပင်။ ကိုချီစင်နှင့် ဘိန်းတို့က ရောဂါလက္ခဏာများကို ချက်ချင်း ထိန်းချုပ်နိုင်သည်။

အမေဇုန်ဘုရင်မက ဒုတိယမြောက် စစ်သည်တော်ကို ညွှန်ပြ၏။ “ဒါက စစ်သေနာပတိ ကွီစီပဲ။ သူက ကျွန်မတို့ အမေဇုန်မျိုးနွယ်ရဲ့ အစွမ်းထက်ဆုံး စစ်သည်တော်တွေထဲက တစ်ယောက်။ တစ်ချိန်တုန်းက ကျွန်မရဲ့ လက်ရုံးတစ်ယောက် ဖြစ်ခဲ့ပေမဲ့ အခု သူလည်း ကျိန်စာသင့်နေပြီ။”

ရှမ့်လန်က ကွီစီကို ကြည့်၏။ သူမ၏ ဂေါက်ရောဂါက တကယ်ပင် ပြင်းထန်နေပြီဖြစ်၍ သူမ၏ အဆစ်များက ပုံပျက်ပန်းပျက် ဖြစ်နေ၏။ ခန္ဓာကိုယ်အတွင်း၌ ဂေါက်ကျောက်များစွာလည်း ရှိနေ၏။ သူမ၏ ခြေထောက်များက လမ်းလျှောက်နိုင်စွမ်း ကင်းမဲ့နေသည်မှာ ကြာပြီဖြစ်ပြီး ပြင်းထန်သည့် ရောင်ရမ်းမှု ကြောင့် ခံစားနေရသည့် ဝေဒနာကလည်း မခံမရပ်နိုင်အောင်ပင်။

ထို့ကြောင့် ကိုယ်ပူချိန် အလွန်မြင့်မားပြီး အရေပြားတချို့ကလည်း ပုပ်ပွနေ၏။ ဂေါက်ရောဂါ ဝေဒနာသည် အများစုက ကိုယ်ပူချိန် ပြင်းထန်လေ့ မရှိသော်လည်း ဤစစ်သေနာပတိ ကွီစီကတော့ အပြင်းဖျား နေသောကြောင့် ကုသ၍ မရနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။ သူမက သေချင်လောက်အောင် နာကျင်သော်လည်း မျက်ဝန်းထဲတွင် နာကျင်မှုတို့ကို မဖော်ပြပေ။ အမှန်စစ်စစ် သူမက မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်ကာ သေခြင်းတရားကို စောင့်မျှော်နေခြင်း ဖြစ်၏။

ရှမ့်လန်က သူမ၏ခန္ဓာကိုယ်ပေါ်၌ ကြိုးဖြင့် ချည်နှောင်ထားသည့် အမှတ်အသားများကို မြင်ရ၏။ သူမက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့သော်လည်း တားဆီးခြင်းကို ခံခဲ့ရသည်မှာ ထင်ရှားသည်။

“သူက ဘုရင်မကြီးရဲ့ လက်ရုံးတင် မကဘူး။ ကျွန်မရဲ့ ဆရာလည်း ဖြစ်တယ်။”

မင်းသမီး ဒိုဟာက တောင်းဆို၏။ “ဒါကြောင့်မို့ ကျေးဇူးပြုပြီး သူ့ကို ကယ်တင်ပေးပါ။”

ရှမ့်လန်က လက်ရုံးကွီစီကို သေချာ ကြည့်ရှု၏။ အကယ်၍ သူမအား အချိန်မီ မကုသနိုင်ခဲ့ပါက သူမအနေနှင့် ကိုယ့်ကိုယ်ကိုယ် အဆုံးမစီရင်လျှင်တောင် နောက်ဆက်တွဲ ဝေဒနာများဖြစ်သည့် နှလုံးသွေးကြောကျဉ်း ရောဂါ၊ သွေးကြောမာရောဂါနှင့် ဆီးချိုရောဂါတို့ကြောင့် သေဆုံးနိုင်သည်။ ဤအခြေအနေက ကုသရန် တကယ်ပင် ခက်ခဲသည်။

“အစွမ်းကုန် ကြိုးစားပေးပါ့မယ်။” ရှမ့်လန်က ပြောလိုက်၏။

ပြီးနောက် ရှမ့်လန်က ဆေးပမာဏကို ထိန်းညှိ၏။ ပထမဦးဆုံးအနေနှင့် ကိုချီစင်ကို တိုက်ကျွေး၏။ ပြီးနောက် ဘိန်းကို တိုက်ကျွေး၏။ နောက်ဆုံး အမျိုးမျိုးသော အရောင်ကျဆေးများကို တိုက်ကျွေး၏။ ဤကဲ့သို့သော အဆင့်မြင့် ရောင်ရမ်းခြင်းများအတွက် အထိရောက်ဆုံးဆေးက Aspirin (အက်စပရင်) ဖြစ်သော်လည်း ရှမ့်လန်အနေနှင့် ထိုဆေးကို ဖော်စပ်နိုင်ခြင်း မရှိချေ။

ပင်နီဆီလင်တော့ ရှိနေသေး၏။ ကံကောင်းထောက်မစွာဖြင့် အနောက်ကမ္ဘာတွင် ထူးခြားသည့် အပင်တစ်မျိုး ရှိနေသောကြောင့် ရှမ့်လန်က ပင်နီဆီလင်၏ မူလဓာတ်ကို လွယ်ကူစွာ ထုတ်ယူနိုင်ခဲ့၏။ ထိုအရာက အရောင်ကျခြင်းအတွက် အံ့ဖွယ်ဆေးတစ်လက် ကဲ့သို့ပင်။

အံ့ဖွယ်ဆေးတချို့ကို တိုက်ကျွေးပြီးနောက် ၄ နာရီကြာလျှင် သိသာထင်ရှားသည့် အကျိုးကျေးဇူးများ ပေါ်လာ၏။ ကုစား၍မရနိုင်ဟု ယူဆခဲ့ရသည့် လက်ရုံးကွီစီ၏ အခြေအနေက ချက်ချင်းပဲ တိုးတက်လာခဲ့၏။

ပထမဦးဆုံး သူမက နာကျင်ခြင်း မရှိတော့ဘဲ ကိုယအ်ပူချိန်လည်း ကျဆင်းလာ၏။ ထို့အပြင် သူမ၏ လက်နှင့်ခြေထောက်များက တစ်ဖန်ပြန်လည် လှုပ်ရှားနိုင်စွမ်း ရှိလာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း အံ့ဖွယ်သမားတော်ကြီး ဖြစ်၏။ အနားတွင် ရှိနေသည့် လူအနည်းငယ်တို့က ရှမ့်လန်ကို မယုံကြည်နိုင်လောက်အောင် ကြည့်နေ၏။ ဤသည်က သေမင်း၏ လက်အတွင်းမှ လူတစ်ယောက်ကို ဆွဲထုတ်လိုက်ခြင်းနှင့် တူနေသည်။

“ဒီလက်ရုံးကွီစီက ခွဲစိတ်မှု ခံယူဖို့ လိုအပ်နေသေးတယ်။”

ရှမ့်လန်က ပြော၏။ “သူရဲ့ ခန္ဓာကိုယ်ထဲက ဂေါက်ကျောက်တွေက သူ့ရဲ့အသက်ကို ခြိမ်းခြောက်နေလို့ပဲ။”

ပြီးနောက် ရှမ့်လန်က သူ၏ အံ့ဖွယ်လက်စုံဖြင့် ထိုနေရာ၌ ရှိနေသည့် ဂေါက်ရောဂါ ဝေဒနာရှင် ၁၀ ဦး ထက်မနည်းကို ကုသပေး၏။ ရောဂါအမြစ်ပြတ်သွားပြီဟု မဆိုနိုင်သော်လည်း အာနိသင်က သိသာ ထင်ရှား၏။ အနည်းဆုံး ထိုသူတို့က မခံမရပ်နိုင်အောင် နာကျင်သည့် ဝေဒနာမှ လွတ်မြောက် သွားခဲ့သည်။

အမေဇုန်ဘုရင်မ၏ အကူအညီဖြင့် သူက လက်ရုံးကွီစီကို ခွဲစိတ်ကုသပေးကာ ဂေါက်ကျောက်များကို တစ်ခုပြီး တစ်ခု ဖယ်ရှားပေး၏။

လူတိုင်း၏ မျက်စိရှေ့တွင် သူက အံ့ဖွယ်အမှုများကို တစ်ခုပြီးတစ်ခု ဖန်တီး ပြုလုပ်နိုင်သော မျက်လှည့်ဆရာ တစ်ဦးကဲ့သို့ပင်။

........

နောက်လာမည့် ရက်အနည်းငယ်အတွင်း ရှမ့်လန်က အသက်ကယ်သမားတော် လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေရ၏။ သူက အမေဇုန်ဘုရင်မနိုင်ငံတော်ရှိ လူဦးရေကို တွက်ချက်ကြည့်ခဲ့ပြီး ဖြစ်သည်။ စုစုပေါင်း လူဦးရေ ၃ သောင်းရှိပြီး အရွယ်ရောက်ပြီး အမျိုးသမီးစစ်သည်က ၁ သောင်းခွဲ ရှိ၏။ ဂေါက်ရောဂါ ဝေဒနာရှင် စုစုပေါင်းက ရှမ့်လန် ထင်မှတ်ထားသည်ထက် အနည်းငယ် လျော့နည်းနေပြီး လူတစ်ထောင်ခန့် သာ ရှိသည်။

အမှန်စစ်စစ် ဤသည်က ပုံမှန်ပင်။ မျိုးနွယ်စု တစ်ခုလုံး၏ ၃ ပုံ ၁ ပုံက ဂေါက်ရောဂါ ကူးစက်ခံနေရချေ ရှိသည်က အမှန်ပင်။ သို့သော်ငြား ဤမျိုးနွယ်ဝင်တို့က မာန်မာန အလွန် ကြီးမားကြသည်။ ဂေါက်ရောဂါ ပြင်းထန်လာခဲ့ပြီး တိုက်ပွဲဝင်နိုင်စွမ်း ကင်းမဲ့သွားပါက သူတို့က လူသူကင်းမဲ့သည့် ပင်လယ်ပြင်သို့ သွားကာဖြင့် တိတ်တဆိတ် သေကြောင်း ကြံစည် တတ်ကြ၏။ အကယ်၍ လေဖြတ်သည့် အဆင့်သို့ ရောက်ရှိသွားပါက သူတို့က ဧကန်မုချ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြမည်သာ။

သို့ဖြစ်၍ ရှမ့်လန် မရောက်ရှိလာမီက မရေမတွက်နိုင်သည့် လူပေါင်းများစွာသည် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် ခဲ့ကြပြီး ဖြစ်၏။ ရက်အနည်းငယ်ကြာပြီးနောက် ရှမ့်လန်က ဝေဒနာ အဆိုးဝါးဆုံး ခံစားနေရသူ ၁၀၀ ကျော်ကို ကိုယ်တိုင်ကိုယ်ကျ ကုသပေးခဲ့၏။ ယခုအချိန်မှာတော့ သူက သက်ရှိအပေါင်းကို ကယ်တင်နေသည့် ကောင်းကင်တမန်တစ်ပါး နှင့် အလားသဏ္ဍာန် တူနေ၏။

သူ ယူဆောင်လာခဲ့သည့် ဆေးဝါးအများစုက ကုန်ခါနီး ဖြစ်သောကြောင့် လိုက်လံရှာဖွေရသည်။ အမေဇုန်ကျွန်းပေါ်တွင် ဆေးဖက်ဝင်အပင်များက ပေါကြွယ်လာ၏။ အရေးကြီးဆုံးအချက်က ကိုချီစင် အပါအဝင် ထိုအပင်များ၏ အာနိသင်က ပြင်ပလောကရှိ အပင်များထက် ပိုမို၍ထက်မြက်ခြင်းပင်။

ရှမ့်လန်၏ လမ်းညွှန်မှုအောက်မှာ အမေဇုန်မျိုးနွယ်၏ အမျိုးသမီး ယစ်ပုရောဟိတ်များကလည်း ကိုချီစင် ဆေးကို မည်သို့ သန့်စင်ရမည်ဖြစ်ကြောင်း သင်ယူခဲ့ကြ၏။ ရှမ့်လန်က မည်သည့်အရာကိုမှ လျှို့ဝှက်မထားဘဲ သူ၏ဆေးနည်းများကို တိုက်ရိုက်ပြောပြခဲ့သည့်အပြင် လက်တွေ့တစ်ဆင့်ချင်းစီကိုလည်း သင်ကြား ပေးသည်။

ဤရက်အနည်းငယ်အတွင်း သူက အမေဇုန်မျိုးနွယ်တစ်ခုလုံးတွင် အမွန်မြတ်ဆုံးသော ပုဂ္ဂိုလ် ဖြစ်လာ ခဲ့သလို မင်းသမီးဒိုဟာ၏ အခင်မင်ဆုံးသော သူငယ်ချင်း ဖြစ်လာ၏။

သို့သော်ငြား မင်းသမီး ဒိုဟာက သူ၏ လမ်းမှားသို့ ပို့ဆောင်ခြင်းကို ခံရသည်။

ရှမ့်လန်၏ သင်ကြားမှုကြောင့် မင်းသမီး ဒိုဟာက မိတ်ကပ်လိမ်းခြယ်ခြင်း၊ အသားအရေ ထိန်းသိမ်းခြင်းနှင့် ဆံပင်ကောက်ခြင်းတို့ကိုပါ တတ်မြောက်သွားခဲ့၏။ သူမက အရက်သောက်ကာ ဆံပင်ကောက်တတ်နေပြီ ဖြစ်၏။ အကယ်၍ သူမသာ စီးကရက်ပါ သောက်တတ်သွားလျှင် မည်သို့ဖြစ်မည်နည်း။

မင်းသမီး ဒိုဟာက ဤမျှပျော်စရာကောင်းသည့် လူမျိုးကို တစ်ခါမှ မကြုံဖူးပေ။ လက်တွေ့ အရာရာကို တတ်မြောက်ပြီး သိမြင်နေသူပင်။ သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်က မင်းသမီး ဒိုဟာက ရေပူစမ်းသို့ ဖိတ်ခေါ်တိုင်း လုံနာနာက ငြင်းပယ်နေခြင်းပင်။ မည်သို့ပင်ဖြစ်စေ သိလိုစိတ် ပြင်းပြသောကြောင့် မင်းသမီး ဒိုဟာက ရေချိုးကန်ကြီးနှင့် ရေပူစမ်ဆီသို့ ခေါ်ဆောင်ခိုင်းခဲ့သေး၏။

......................

ရှမ့်လန်၏ အံ့ဖွယ်ဆေးသမားတော်အဖြစ် ကုသပေးမှုက ပြီးဆုံးလုနီးပါး ဖြစ်နေ၏။ ကျန်ရှိနေသည့် ကုသမှုများကို အမေဇုန်ဘုရင်မနိုင်ငံ၏ အမျိုးသမီး ယစ်ပုရောဟိတ်များထံ လွှဲပြောင်းပေး၏။ သူက အမေဇုန်၏ ကံကြမ္မာကို ကယ်တင်နိုင်ခဲ့ပြီလား။ တစ်ဝက်ခန့်ဟု ဆိုနိုင်သည်။

ဂေါက်ရောဂါ ကုသမှုအတွက် အရေးကြီးဆုံးက အစားအသောက်ကို ထိန်းချုပ်ရန် ဖြစ်ပြီး ရှမ့်လန်က သူတို့အတွက် အစားအစာသစ်များကို ပေးအပ်၏။ သို့သော်လည်း ဤကျွန်းပေါ်ရှိ အစားအစာများက တကယ့်ကို ရိုးရှင်း၏။ အဓိက အစားအစာက အမဲသားနှင့် ပင်လယ်စာများသာလျှင်။ ထို့အပြင် တိုက်ပွဲဝင်နိုင်စွမ်းကို ထိန်းသိမ်းရန် သူတို့က အမဲသားနှင့် ပင်လယ်စာများကို ဆက်လက် သုံးစွဲရဦးမည်။

မည်သို့ပင် ဆိုစေကာမူ ရှမ့်လန်က သူတို့၏ အသားဓာတ်နည်းသည့် အစားအစာ တချို့ကို ပေးအပ်ခဲ့၏။ အမေဇုန်ဘုရင်မ မျိုးနွယ်စုတစ်ခုလုံးက နေရာမရွှေ့ပြောင်းသရွေ့ ဂေါက်ရောဂါ၏ နှိပ်စက်မှုမှ လုံးဝ ကင်းဝေးရန် မဖြစ်နိုင်ချေ။

သို့သော်လည်း သူက သူ၏ ရည်မှန်းချက် တစ်ဝက်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီ ဖြစ်၏။ အနည်းဆုံး သူက အမေဇုန်ဘုရင်မနိုင်ငံ၏ ကျေးဇူးရှင် ဖြစ်လာခဲ့ပြီး ကြီးမားသည့်အံ့ဖွယ်ကိစ္စကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုသို့ဆိုလျှင် ရှမ့်လန် အောင်မြင်ပြီလား။ မဟုတ်သေးပေ။ သူက တစ်ဝက်သာ အောင်မြင်သေးသည်။ ယခုအချိန်တွင် အမေဇုန်ဘုရင်မက သူ၏ကျေးဇူးကို အကြီးအကျယ် ရရှိထား၏။ ဘုရင်မက သူ၏ တတ်နိုင်စွမ်းရှိသည့်အရာ ၊ ဘိုးဘေးတို့၏ လမ်းညွှန်ချက် ဘောင်အတွင်းရှိနေသည့် ရှမ့်လန်၏ မည်သည့် တောင်းဆိုမှုကိုမဆို လိုက်လျောရန် အသင့်ရှိကြောင်း ပြောကြားခဲ့ဖူး၏။

ရှမ့်လန်က ဘာကို လိုချင်သနည်း။ သူက အမေဇုန်ဘုရင်မ၏ နိုင်ငံကို သိမ်းပိုက်ကာ ဤအစွမ်းထက်သည့် စစ်တပ်ကို ပိုင်ဆိုင်လိုခြင်းသာ ဖြစ်သည်။ အမေဇုန်ဘုရင်မနိုင်ငံ၏ ဘိုးဘေးတို့ လမ်းညွှန်ချက်အရ လူသားမျိုးဆက် ပြန့်ပွားရန် ကိစ္စမှလွဲ၍ မည်သူမှသည် နိုင်ငံတော်မှ ထွက်ခွာခွင့် မရှိချေ။ သူတို့က ပိရမစ်ကို အစဉ်ထာဝရ စောင့်ရှောက်ရမည်။

ထို့အပြင် ရှမ့်လန်က ဤပိရမစ်က အမေဇုန်အမျိုးသမီး စစ်သည်တော်တို့၏ အစွမ်းသတ္တိများ မြစ်ဖျားခံရာ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ သွေးသားများက ရှေးဦးလူသားများနှင့် ပိုမို နီးစပ်၏။ ဤပိရမစ် မြို့ပြနိုင်ငံနှင့် အမေဇုန်ဘုရင်မ နိုင်ငံတစ်ခုလုံးကပင်လျှင် ရှေးဟောင်း အမွေအနှစ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေပုံပင်။

သို့သော်လည်း ဤကျေးဇူးတရားက မလုံလောက်သေးချေ။ အမေဇုန်ဘုရင်မ နိုင်ငံတော် တစ်ခုလုံး၏ သစ္စာစောင့်သိမှုကို ရယူရန် နေနေသာသာ အမျိုးသမီး စစ်သည်တော် ၁၀၀ ခန့်ကို အကူအညီ ရယူရန်ပင် မလုံလောက်သေးချေ။ ထို့အပြင် ဂေါက်ရောဂါ ကုသခြင်းက ရှမ့်လန်၏ ပထမခြေလှမ်းများသာ ဖြစ်ပြီး ထိုအရာက အမေဇုန်ဘုရင်မ၏ မျက်နှာသာပေးမှုနှင့် ယုံကြည်မှုကို ရရှိရန် စဦးခြေလှမ်းတစ်ရပ်သာ ဖြစ်သည်။

......................

တစ်နေ့အချိန်မှာတော့ ရှမ့်လန်ကို ဘုရင်မကြီးက လျှို့ဝှက်ခေါ်တွေ့၏။ ယခုအချိန်မှာတော့ ရှမ့်လန်က ဘုရင်မကြီး၏ အမည်ကို သိခွင့်ရခဲ့၏။ “အေဒါ...”

“လုံနာနာ...ကျွန်မတို့ ရှင့်အပေါ်မှာ ကျေးဇူးတွေ အများကြီး တင်နေပြီ။ ဒါနဲ့ ကျွန်မတို့ ရှင့်အတွက် ဘာလုပ်ပေးရမလဲ။” အေဒါက မေးသည်။

ရှမ့်လန်က ပြော၏။ “ဘုရင်မ... သေခါနီးလူကို ကယ်တင်ပြီး ဒဏ်ရာရရှိသူကို ကယ်တင်တယ် ဆိုတာ ကျွန်မရဲ့ တာဝန်ပါပဲ။ အကယ်၍ ကျွန်မ တစ်ခုခု ပြန်တောင်းဆိုရမယ်ဆိုရင် ကျွန်မရဲ့ မူလစေတနာနဲ့ သွေဖယ် သွားပါလိမ့်မယ်။”

ဘုရင်မအေဒါက ရှမ့်လန်ကို ကြည့်၏။ သူမ၏ အကြည့်များက နူးညံ့နေသည်။ “ရှင်က တကယ်ကို မြင့်မြတ်တဲ့သူပဲ။”

ပြီးနောက် ဘုရင်မကြီးက ပြော၏။ “လုံနာနာ... ကျွန်မ ရှင့်ကို ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခု မေးစရာ ရှိတယ်။”

ရှမ့်လန်က ဦးညွတ်ကာ စကားထောက်ပေးသည်။ “ပြောပါ ဘုရင်မ။”

ဘုရင်မ အေဒါက ပြော၏။ “ကျွန်မ ဒီနှစ်ထဲမှာ အသက် ၃၇ နှစ် ရှိပြီ။”

ရှမ့်လန်က အံ့အားသင့်သွား၏။ လုံးဝ ထင်မထားခဲ့ချေ။ ဤဘုရင်မ အေဒါက အလွန်ဆုံးရှိမှ ၂၆ သို့မဟုတ် ၂၇ နှစ် ခန့်သာ ထင်ရ၏။ သူမက အရွယ်နှင့်မမျှအောင် ဆွဲဆောင်မှု ကြီးမားကြောင်း ထင်ရှား၏။ သို့သော်ငြား ဤအသက်အရွယ်ထိ သူမက မျိုးဆက် မပြန့်ပွားသေးဘူးလား။ ရှမ့်လန်က သူမ၏ လက်မောင်းပေါ်ရှိ အနီစက်ကို မြင်တွေ့နေရသောကြောင့်ပင်။

အမေဇုန်ဘုရင်မ နိုင်ငံက အစွမ်းထက်သူကို ရိုသေ၏။ ရာဇပလ္လင်ပေါ်တွင် ခိုင်ခိုင်မာမာ ထိုင်နိုင်ရန်ဆိုသည်မှာ အစွမ်းထက်ဆုံးသော ကိုယ်ခံပညာ ရှိရပေမည်။ ကိုယ်ခံပညာ၏ အဆင့်အတန်းကို အဆုံးအဖြတ်ပေးမည့် အဓိကသော့ချက်က သွေးသားပင်။ ဘုရင်မကြီး၏ သွေးသားက အရူးကြီးနှင့် ချောင်ယောင်းအာ တို့ကဲ့သို့ပင် ရွှေရောင်သွေးမျိုးဆက် ဖြစ်နေကြောင်း ပြောနေရန်ပင် မလိုအပ်တော့ချေ။

သို့သော်ငြား ကိုယ်ခံပညာ အဆင့်အတန်းတွင် သူမက အရူးကြီးနှင့် ချောင်ယောင်းအာ တို့ကို ကျော်လွန်ကာ ထိပ်တန်းအဆင့်၌ ရှိနေပေလိမ့်မည်။ သူမက အသက် ၃၇ နှစ် ရှိနေပြီ ဖြစ်၏။ အသက် ၃ နှစ် သို့မဟုတ် ၄ နှစ်သား အရွယ်တည်းက သိုင်းပညာကို စတင်လေ့ကျင့်ခဲ့သည်။ သူမက လောကသစ်တစ်ခုလုံး၏ အနည်းငယ်သော ထိပ်တန်းအထူးချွန်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်ပေမည်။

အခြားတစ်ဖက်မှာတော့ ချောင်ယောင်းအာက သူမ၏ အချိန်အများစုကို တော်ဝင်ရန်အင်ပါယာတွင် ကုန်ဆုံးခဲ့သော်လည်း အံ့ဖွယ်ရာ အစွမ်းထွက်နေသူပင်။

ဘုရင်မအေဒါ ကဲ့သို့သော သွေးမျိုးဆက်များအတွက် ငယ်ရွယ်စဉ်တည်းက မျိုးဆက်ပြန်ပွားရန် ဆိုသည်က ပို၍ ဖြစ်နိုင်ခြေ ရှိ၏။ အမေဇုန်မျိုးနွယ်၏ ဓလေ့ထုံးစံ အရဆိုလျှင် သူမ၏ သမီးဖြစ်သူပင်လျှင် အသက် ၁၅ နှစ်ခန့် ရှိသင့်နေ၏။

“ဘာကြောင့် ကျွန်မ မျိုးဆက် မပြန်ပွားသေးတာလဲဆိုပြီး စဉ်းစားနေမိမှာပေါ့။”

ဘုရင်မအေဒါက ပြောသည်။ “ပြီးတော့ ဒိုဟာကို ဘာလို့ ဒုတိယနန်းလျာအဖြစ် သတ်မှတ်ထားတာလဲ ဆိုတာပေါ့။”

ရှမ့်လန်က ခေါင်းညိတ်ပြ၏။ မင်းသမီး ဒိုဟာက အစွမ်းထက်သော်လည်း ရာဇပလ္လင်ကို ဆက်ခံရန် မလုံလောက်သေးချေ။

အပိုင်း (၈၂၀)

ဘုရင်မ အေဒါက ပြော၏။ “ရိုင်းမိသားစုက အမေဇုန်ရာဇပလ္လင်ကို ဆက်ခံလာခဲ့တာ နှစ်ပေါင်း ၃၀၀ ကျော်ပြီ။ အကယ်၍ ကျွန်မမှာ အမွေခံ မရှိရင် ဒီရာဇပလ္လင်က ကျွန်မလက်ထက်မှာပဲ ပျောက်ကွယ် သွားနိုင်တယ်။ ဒိုဟာက ကျွန်မထက် ၁၀ နှစ်လောက် ငယ်တာမို့ သူ့အနေနဲ့ ရာဇပလ္လင်ကို ဆက်ခံဖို့ ခက်ခဲလိမ့်မယ်။

ကျွန်မက မျိုးနွယ်စု တစ်ခုလုံးရဲ့ အထူးချွန်ဆုံးသော သွေးသားရှိတဲ့ မိန်းကလေး တစ်ယောက်ကို ရှာပြီး အမွေခံအဖြစ် သတ်မှတ်ရလိမ့်မယ်။ ဒါက ပြဿနာ မဟုတ်ပေမယ့် ကျွန်မလို သွေးသားမျိုးရှိတဲ့ မိန်းကလေး တစ်ယောက်ကို ရှာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ အနည်းဆုံးတော့ အခုထိလည်း ရှာမတွေ့သေးဘူး။”

အစွမ်းထက်သည့် သွေးသားအများစုက မျိုးရိုးလိုက်ခြင်းမှ လာခြင်းဖြစ်ပြီး ဗီဇပြောင်းလဲခြင်းမှ လာသူက တကယ်ကို နည်းပါး၏။ ထို့ကြောင့် အမေဇုန်ဘုရင်မနိုင်ငံတွင် တခြားသော ရွှေရောင်သွေးမျိုးဆက် ရှိသူတစ်ဦး ထပ်မံမွေးဖွားလိုပါက ဘုရင်မ အေဒါ ကိုယ်တိုင်သာ ဆောင်ရွက်ရပေမည်။

“ဒါပေမဲ့ ကျွန်မ ကလေးမမွေးနိုင်ဘူး။” ဘုရင်မ အေဒါက ပြော၏။

ရှမ့်လန်က အံ့အားသင့်စွာဖြင့် မေးသည်။ “ဘုရင်မ... ဘုရင်မ ကြိုးစားကြည့်ပြီးပြီလား။”

ဘုရင်မ အေဒါက ပြော၏။ “ရှင် ဆိုလိုတာ ထူးချွန်တဲ့ အမျိုးသားတစ်ယောက်ကို ရှာပြီး မျိုးဆက် ပြန့်ပွားဖို့ ကြိုးစားတာမျိုးလား။ မဟုတ်ဘူး။ ကျွန်မ မကြိုးစားဖူးဘူး။ ရှင်က နာမည်ကျော် သမားတော်တစ်ယောက်ပဲ။ အမျိုးသမီးတစ်ယောက် ကလေးမွေးဖွားဖို့ အရေးကြီးဆုံးက မျိုးဥကြွေဖို့ ဆိုတာကို ရှင်သိမှာပေါ့။

အမေဇုန်မျိုးနွယ်က အမျိုးသမီးတွေက တစ်လတာ အချိန်ကို ရွေးချယ်ပြီး အသက် ၂၂ နှစ်အရွယ် မိန်းကလေးအားလုံး မျိုးစေ့ကျွန်းကို သွားကြတယ်။ အဲဒီမှာ သူတို့ သဘောကျတဲ့ အမျိုးသားကို ရွေးချယ်ပြီး မျိုးဆက် ပြန့်ပွားအောင် ကြိုးစားကြတယ်။ မိန်းကလေးတိုင်းက အချိန်ကို တွက်ချက်ပြီး ကျွန်းပေါ်မှာ ၁၀ ရက်ကြာ နေထိုင်ရတယ်။”

ပြီးနောက် ရှမ့်လန်က နားလည်သွားခဲ့၏။ ထိုအရာက မျိုးဥကြွေမည့် အချိန်ကို တွက်ချက်ကာ အမျိုးသား သုက်ပိုးကို ရှာဖွေခြင်း ဖြစ်သည်။ ဂရိဒဏ္ဍာရီတွင် အမေဇုန်အမျိုးသမီး စစ်သည်တော်များက မျိုးဆက် ပြန်ပွားရန် နေရာတစ်ခုဆီ သွားရောက်လေ့ ရှိသည်။

အေဒါက ဆက်လက်ကာ ပြော၏။ “ကျွန်မတို့ မိန်းကလေးတိုင်းရဲ့ ဓမ္မတာစက်ဝန်းကို ဆုံးဖြတ်ပေးနိုင်တဲ့ ထူးချွန်တဲ့ ယစ်ပုရောဟိတ်မတွေ ရှိတယ်။ သူတို့က ကြွေမယ့် မျိုးဥတိုင်းကို စောင့်ကြည့်ပေးတာ။ ဒါပေမဲ့ အခုထိ ကျွန်မဆီက မျိုးဥ တစ်လုံးမှ အောင်အောင်မြင်မြင် မကြွေခဲ့သေးဘူး။”

ဤအရာက မြုံနေသည့် ဘုရင်မပါလား။ အမျိုးသမီးတစ်ယောက်အတွက် ဤသည်က လွန်စွာ ရက်စက်သလို အမေဇုန်ဘုရင်မ နိုင်ငံတော်အတွက်လည်း ကြီးမားသည့် ဆုံးရှုံးမှုတစ်ခုပင်။ သူတို့က သူတို့၏ နောက်ထပ် ဘုရင်မကို ဆုံးရှုံးရနိုင်သောကြောင့်ပင်။

ဤနိုင်ငံတော်ကို အစွမ်းထက်ဆုံးသော ဘုရင်မကသာ အုပ်ချုပ်ရမည် ဖြစ်သည်။ မဟုတ်ပါက နိုင်ငံတော် ဆုတ်ယုတ်သွားနိုင်၏။ သို့ဖြစ်၍ ဤသည်က ကြီးမားသည့် ပြဿနာတစ်ရပ်ဖြစ်ပြီး အမေဇုန်နိုင်ငံ၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်နေသည်။

“ဒီကိစ္စမှာ လုံနာနာ ကျွမ်းကျင်လား။” ဘုရင်မ အေဒါက မေး၏။

ရှမ့်လန်က သားသမီး မထွန်းကားခြင်းကို ကုသရာတွင် ကျွမ်းကျင်နိုင်ရဲ့လား။ ကံကောင်းစွာပင် ဟုတ်၏။ သားသမီးမထွန်းကားခြင်းကို ကုသရန်က တကယ်ကို ခက်ခဲ၏။ တစ်ခါတစ်ရံ မည်သို့မှ လုပ်ဆောင်၍ မရနိုင်ချေ။

ဥပမာအားဖြင့် ရှမ့်လန်က မူလန်ကို ကုသရန် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အကြောင်းရင်းကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးမှာတော့ ကောင်းကင်ပင်လယ်နန်းဆောင်က ဘာလုပ်ခဲ့သနည်း မသိပေ။ ကောင်းသွားခဲ့သည်။

သို့သော်ငြား သူက သားသမီး မထွန်းကားခြင်း တချို့ကိုတော့ ကုသပေးနိုင်သေး၏။ သားသမီး မထွန်းကားခြင်း ဖြစ်ရပ်၏ သုံးပုံတစ်ပုံခန့်က သားအိမ်ပြွန် ပိတ်ဆို့နေခြင်းကြောင့် ဖြစ်တတ်၏။ အကယ်၍ ထိုသို့ ဖြစ်နေပါက ရှမ့်လန်က ကုသပေးနိုင်သော်လည်း တခြားအကြောင်းရင်းများ ဖြစ်နေပါက သူလည်း မတတ်နိုင်ချေ။ သို့ဖြစ်၍ ဘုရင်မအေဒါ၏ ပြဿနာသည် ဤကဏ္ဍတွင် ရှိပါစေဟု မျှော်လင့်ရ၏။

“ဘုရင်မ... ကျွန်မ ကြိုးစားကြည့်ပါမယ်။”

ရှမ့်လန်က ပြောလိုက်သည်။ “ကျေးဇူးပြုပြီး အသာလှဲပေးပါအုံး။”

အေဒါက မေးလိုက်၏။ “အင်္ကျီနဲ့ ချပ်ဝတ်တွေ ချွတ်ဖို့ လိုသေးလား။”

ရှမ့်လန်၏ နှလုံးခုန်သံများက မြန်ဆန်သွား၏။ သူက ခေါင်းခါပြလိုက်သည်။ “လောလောဆယ်တော့ မလိုသေးပါဘူး။”

အမေဇုန် အမျိုးသမီးစစ်သည်တော်များက ဝတ်စုံဆင်တူ ဝတ်ဆင်ကြ၏။ ဘုရင်မကြီးကလည်း ရင်ချပ်ဝတ်၊ တင်ပါးချပ်ဝတ်၊ ဒူးစွပ်ချပ်ဝတ်၊ လက်မောင်းချပ်ဝတ်နှင့် ဖိနပ်ရှည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ပေါင်တံ၊ ခါး လည်ပင်းတို့က ပေါ်လွင်နေသော်လည်း တခြားသော စစ်သည်တော်များနှင့် မတူသည့် အချက်က သူမက သရဖူကို ဆောင်းထားပြီး ချပ်ဝတ်က ရွှေရောင်တောက်နေခြင်းပင်။

ဘုရင်မအေဒါက လှဲလျောင်းလိုက်၏။ ရှမ့်လန်က X-Ray အမြင်ဖြင့် သူမ၏ ဝမ်းဗိုက်ပိုင်းကို စတင်ကာ စစ်ဆေး၏။ သားအိမ်ပြွန်ကို စစ်ဆေးရန် အကောင်းဆုံးနည်းလမ်းက သားအိမ်ပြွန် အာထရာဆောင်း ရိုက်ခြင်းပင်။ ကံကောင်းစွာဖြင့် ရှမ့်လန်၏ X-Ray အမြင်က AI နှင့် ပေါင်းစပ်ပြီးနောက် ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စွမ်း ရှိသည်။

အိုင်ဒိုဒင်းဆေးရည် မရှိသော်လည်း သူက အကြမ်းဖျင်းအားဖြင့် ရှင်းလင်းစွာ မြင်တွေ့နိုင်၏။ သေချာစွာဖြင့် နှစ်ကြိမ်တိုင်တိုင် စစ်ဆေးပြီးနောက် ဘုရင်မအေဒါ၏ သားအိမ်ပြွန်များက ပိတ်ဆို့နေကြောင်း ရှမ့်လန် အတည်ပြုနိုင်၏။

ဤကုသမှုက တကယ်ကို ရိုးရှင်း၏။ နန်းကြိုးများကို အသုံးပြုကာဖြင့် တိုက်ရိုက်ပွင့်အောင် လုပ်ဆောင်နိုင်၏။ ဝမ်းဗိုက်ကို ခွဲစိတ်ရန် မလိုဘဲ သားအိမ်ပြွန်မှဆင့် တိုက်ရိုက် လုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။

“ကုလို့ ရနိုင်မလား။”

ဘုရင်မ အေဒါက မေး၏။ “ကျွန်မ မျိုးဆက်ပြန့်ပွားနိုင်ပါ့မလား။”

ရှမ့်လန်က ပြောသည်။ “ရပါတယ်။ ဒါပေမဲ့ ပိတ်ဆို့နေတာကို ဖယ်ရှားဖို့အတွက် သင့်တော်တဲ့ ပစ္စည်းတစ်ခုကို လမ်းညွှန်ကြိုးအဖြစ် ရှာရမယ်။ ပြီးတော့ ဒီကုသမှု လုပ်ငန်းစဉ်က မတင့်တယ်တာမို့ ဘုရင်မရဲ့ စင်ကြယ်မှုကို ထိခိုက်စေနိုင်ပါတယ်။”

“ရပါတယ်။”

ဘုရင်မ အေဒါက ပြော၏။ “ကျွန်မက အတွေ့အကြုံ မရှိသေးပေမဲ့ ဒီလိုအရာတွေကို ဂရုမစိုက်ပါဘူး။”

ရှမ့်လန်က ပြောသည်။ “ကောင်းပြီ။ ဒါဆိုရင် ကူညီပေးဖို့ လူနှစ်ယောက် လိုပါလိမ့်မယ်။ ကျေးဇူးပြုပြီး ပြင်ဆင် ထားပေးပါ။ ကျွန်မ လိုအပ်တဲ့ ပစ္စည်းတွေကို ပြင်ဆင်ပြီးတာနဲ့ ကုသမှုကို စတင်ပါ့မယ်။”

ဘုရင်မအေဒါက ရှမ့်လန်ကို ကြည့်၏။ “အကယ်၍ ရှင် ကျွန်မကို တကယ် ကုသပေးနိုင်မယ်ဆိုရင် ဒါက အမေဇုန် နိုင်ငံတော်ကြီး တစ်ခုလုံးအတွက် ကြီးမားတဲ့ ကျေးဇူးတရား ဖြစ်လာလိမ့်မယ်။”

...............

နောက်ထပ် နှစ်ရက်ကြာချိန်မှာတော့ ရှမ့်လန်က လမ်းညွှန်ကြိုးကို အသုံးပြုပြီး ဘုရင်မ အေဒါ၏ သားအိမ်ပြွန် ပိတ်ဆို့နေမှုကို ဖယ်ရှားပေးခဲ့၏။ ဤကဲ့သို့သော ခွဲစိတ်မှုမျိုးက သားအိမ်ကြည့်မှန်ပြောင်း မပါလျှင် မဖြစ်နိုင်သော်လည်း ရှမ့်လန်တွင် X-Ray မျက်လုံးနှင့် AI ရှိနေသဖြင့် ကုသမှုကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။

ခွဲစိတ်မှုတစ်ခုလုံးက မတင့်တယ်သဖြင့် အသေးစိတ် မပြောပြတော့ပေ။ အတိုချုပ် ပြောရမည်ဆိုလျှင် ရှမ့်လန်က ချွေးများ တဒီးဒီးကျနေပြီး ကြီးမားသည့် ဒုက္ခကို ခံစားနေရသကဲ့သို့ပင် ဖြစ်၏။ ဘုရင်မ အေဒါက မင်းသမီးဒိုဟာထက် ပိုမိုလှပသူ ဖြစ်ပြီး သူမ၏ အလှပဆုံးနှင့် အရင့်ကျက်ဆုံးသော အရွယ်သို့ ရောက်ရှိနေသူပင်။

မြင့်မြတ်သည့် ဂုဏ်ဒြပ်၊ ထိပ်တန်း သိုင်းပညာ၊ စင်ကြယ်သည့် သန့်ရှင်းမှု၊ ထိုအရာများက မည်သည့် အမျိုးသားမဆို သေလောက်အောင် ဆွဲဆောင်မှု ရှိသည့် အရာများပင်။ ရှမ့်လန်က ကုငမှု တစ်ခုလုံးကို ချောမွေ့စွာ ပြီးမြောက်နိုင်စေရန် စိတ်အာရုံ ထွေပြားမှုမရှိစေရန် ကြိုးစားရသည်။ အလွန်အမင်း ကြိုးစားရသည်။ မျက်စိရှေ့၌ အတိုင်းသား မြင်နေရသည်ကို မမြင်ရသလို အတင်း ကြိုးစားနေရခြင်းပင်။ ကုသမှုက လုံးဝအောင်မြင်ခဲ့သည်။

.................

သုံးရက်ကြာချိန်မှာတော့ ပုရောဟိတ်မတစ်ဦးက ဘုရင်မအေဒါထံသို့ စိတ်လှုပ်ရှားစွာဖြင့် သတင်းပို့၏။ “ဘုရင်မ... အခုဆိုရင် ဘုရင်မက မိခင်တစ်ယောက် ဖြစ်နိုင်ပါပြီ။ အခု ဘုရင်မ အနေနဲ့ နောက်လာမယ့် မျိုးဆက် ပြန့်ပွားခြင်း အခမ်းအနားကို တက်ရောက်နိုင်ပါပြီ။”

ထိုစကားကို ကြားချိန်မှာတော့ ဘုရင်မအေဒါက အတိုင်းထက်အလွန် ဝမ်းမြောက်၏။ မြောက်ဘက်အရပ်သို့ ချက်ချင်းပင် ဒူးထောက်၏။ “နတ်ဘုရားတွေကို ကျေးဇူးတင်ပါတယ်။ ဘိုးဘေးတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မဆီကို အံ့ဖွယ် သမားတော်တစ်ယောက် စေလွှတ်ပေးခဲ့လို့ပါ။”

အမေဇုန် နိုင်ငံတော်အတွက် ကြီးမားသည့် အကျိုးကျေးဇူးပင်။ ဘုရင်မ၏ ရွှေရောင် သွေးမျိုးဆက်က ပြတ်တောက် သွားမည် မဟုတ်သောကြောင့် နောက်ထပ် ဘုရင်မကလည်း အစွမ်းထက်နေဦးမည်ဟု အဓိပ္ပာယ် သက်ရောက်သောကြောင့်ပင်။

နောက်ထပ် မျိုးဆက် ပြန့်ပွားခြင်း အခမ်းအနားက တစ်လခွဲမျှသာ လိုတော့သဖြင့် ဘုရင်မက ကလေး မွေးဖွားရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်များက များသောအားဖြင့် အသက် ၂၂ အရွယ်တွင် ကလေးမွေးဖွားလေ့ ရှိသော်လည်း ဘုရင်မအတွက် အခုအချိန်က နောက်ကျလွန်းသည်ဟု မဆိုသာပေ။

သူမ ကိုယ်ခန္ဓာတွင် ဂေါက်ရောဂါ မရှိသလို မင်းသမီးဒိုဟာတွင်လည်း မရှိချေ။ သူတို့က ဆယ်စုနှစ်ပေါင်း များစွာ ကျန်းမာစွာ နေထိုင်နိုင်မည် ဖြစ်ပြီး အစွမ်းထက်သည့် ဘုရင်မ မျိုးဆက်သစ်ကို ပျိုးထောင်ရန် အချိန် လုံလောက်ပေမည်။

“ကျွန်မရဲ့ဆရာ... ဒီ လုံနာနာလေးက ကျွန်မတို့ မျိုးနွယ်စုရဲ့ စစ်သည်တော် အများကြီးကို ကယ်တင်ပေးရုံတင် မကဘူး။ ကျွန်မကိုလည်း မျိုးဆက်ပြန့်ပွားခွင့် ပေးခဲ့ပြီ။ ဒါကြောင့် အမေဇုန် တော်ဝင်မျိုးနွယ်ရဲ့ ရွှေရောင် သွေးမျိုးဆက်က ဆက်လက် တည်တံ့နေတော့မှာ။ ဒီလို ကြီးမားတဲ့ ကျေးဇူးတရားကို ဘယ်လို ပြန်ဆပ်ရမလဲ။” ဘုရင်မ အေဒါက ခေါင်းခဲနေ၏။

ကျေးဇူးတရားကို ပြန်ဆပ်ရမည် ဟူသည်က အမေဇုန် မျိုးနွယ်၏ ဘိုးဘေးတို့ လမ်းညွှန်ချက်ပင်။ ထို့အတူ သူတို့က တကယ့်ကို အစွမ်းထက်လှသောကြောင့် မည်သည့် ကျေးဇူးတရားကိုမှ ခံယူလေ့ မရှိကြချေ။ အကယ်၍ ကျေးဇူးရှိလျက်နှင့် ပြန်မဆပ်နိုင်ပါက မျိုးနွယ်စုကို မြင့်မြတ်သူများဟု မခေါ်ဆိုနိုင်တော့ပေ။ သူမက ရှမ့်လန်အား ဘာလိုချင်သလဲဟု အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း ရှမ့်လန်က မည်သည့်အရာကိုမှ မတောင်းဆိုခဲ့ချေ။

“သူ ဘာလိုချင်တယ်လို့ ပြောလဲ။” ပုရောဟိတ်မက မေးသည်။

ဘုရင်မအေဒါက ခေါင်းကို ခါယမ်းပြ၏။ “ဘာမှ မလိုချင်ဘူးလို့ပဲ ပြောတယ်။”

ပုရောဟိတ်မက ပြောသည်။ “ဘုရင်မ... ဒီလောကမှာ ဘာမှမလိုချင်ဘူးလို့ ပြောတဲ့လူ နှစ်မျိုးရှိတယ်။ ပထမ တစ်ခုကတော့ တကယ့်ကို မြင့်မြတ်တဲ့သူတွေ။ သူတို့က တကယ်ပဲ ဘာမှမလိုချင်တာ။ ဒုတိယ တစ်မျိုးကတော့ သူတို့လိုချင်တာတွေ အများကြီး ဖြစ်နေလို့၊ အရမ်းကို များလွန်းလို့ မတောင်းဆိုရဲတာ ဖြစ်တယ်။”

ဘုရင်မအေဒါက မေး၏။ “ဒါဆိုရင် လုံနာနာက ပထမတစ်မျိုးလား။”

ပုရောဟိတ်မက ပြန်မေးသည်။ “အရှင်... အရှင်ကကော ဘယ်လို ထင်လဲ။”

ဘုရင်မအေဒါက ဝန်ခံလိုက်၏။ “ဆရာ... ကျွန်မက ဘုရင်မ တစ်ပါး ဖြစ်ပေမဲ့ တစ်ဖက်ခြမ်းမှာတော့ စစ်သည်တော် ပါပဲ။ လူတွေရဲ့ စိတ်ကို ခန့်မှန်းရတဲ့နေရာမှာ ကျွန်မ မကျွမ်းကျင်ဘူး။”

ပုရောဟိတ်မက ပြောသည်။ “အရှင်မ... အရှင်က နောက်ထပ် ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ ရနိုင်တယ်။”

ဘုရင်မအေဒါက မေး၏။ “ဘာများလဲ။”

ပုရောဟိတ်မက ပြောလိုက်သည်။ “ဒီ လုံနာနာ ဆိုတဲ့လူက ယောက်ျားတစ်ယောက် ဖြစ်နိုင်ပါတယ်။”

ထိုစကားကိုကြားချိန်မှာတော့ ဘုရင်မအေဒါ၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။

ဘေးတစ်ဖက်ရှိ မင်းသမီးဒိုဟာကလည်း ထအော်လုမတတ် ဖြစ်သွား၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤလောကကြီး ထဲတွင် အမျိုးသမီး တစ်ယောက်ထက် ပိုမိုကာ လှပချောမောသည့် အမျိုးသားတစ်ယောက် ရှိနိုင်သည်လား။

သူမ၏ နှာတံ၊ မျက်ဝန်း၊ မျက်တောင်များက မည်မျှ လှပသနည်း။ သူမက အမေဇုန်မျိုးနွယ်ရှိ အမျိုးသမီး အများစုထက်ပင် ပို၍ မိန်းမဆန်နေသေး၏။ သို့သော်ငြား မင်းသမီးဒိုဟာက ပြန်လည် သတိရမိ၏။ လုံနာနာနှင့် ဆော့ကစားသည့်အတိုင်း သူမက အမြဲလို အံကြိတ်နေတတ်သည်။ အဘယ်ကြောင့်နည်း။ ဘာကို သည်းခံနေရသနည်း။

ထို့အပြင် သူမက ရေပူစမ်းသို့ ဖိတ်ခေါ်တိုင်းလည်း ငြင်းပယ်လေ့ ရှိ၏။ သူမက အိမ်တွင် တစ်ယောက်တည်း နေထိုင်ပြီး အမြဲတမ်း တစ်ယောက်တည်းသာ ရေချိုး၏။ အမေဇုန် ဘုရင်မ နိုင်ငံတော် တစ်ခုလုံးတွင် အမျိုးသမီးများနှင့်သာ ပြည့်နှက်နေပြီး ပူပြင်းသည့် ရာသီဥတု ဖြစ်သောကြောင့် နေ့စဉ်နေ့တိုင်း အမျိုးသမီး စစ်သည်တော် အများစုက ထိုရေချိုးကန်ကြီးထဲတွင် အတူတကွ ရေချိုးလေ့ ရှိ၏။ သူတို့အားလုံးက တစ်ဦးနှင့် တစ်ဦး ရိုးသားပွင့်လင်းမှု ရှိ၏။ လှပသူ သို့မဟုတ် ရုပ်ဆိုးသူများ ရှိကောင်း ရှိနိုင်၏။ အမေဇုန် အမျိုးသမီး စစ်သည်တော်တိုင်း၏ ကိုယ်လုံးကိုယ်ပေါက်က လှပသူများ ဖြစ်ကြ၏။ သူတို့က စူပါမော်တယ် အဆင့်များ ဖြစ်ပြီး မည်သူမှ တစ်ဦးနှင့် တစ်ဦး ဂရုမစိုက်ကြချေ။ ပွင့်ပွင့်လင်းလင်း ချွတ်ချိုးကြသူများပင်။

သို့သော်ငြား ဤ လုံနာနာက ရေချိုးကန်များတွင် မည်သည့်အခါမှ ရေမချိုးခဲ့ချေ။ သူမက ၁၅ မိနစ်ခန့်သာ လာရောက်လည်ပတ်ခဲ့ဖူး၏။ ထိုအချိန်တွင် သူမ၏ မျက်နှာက တစ်မျိုးဖြစ်နေ၏။ မင်းသမီးဒိုဟာက ထိုအရာကို သိပ်ဂရုမစိုက်မိခဲ့ချေ။ ရှီလွန်မင်းဆက်မှ အမျိုးသမီး မှူးမတ်တို့ကလည်း ထိုကဲ့သို့ပင်။ ကိုယ်ရေး ကိုယ်တာ သီးသန့်နေထိုင်မှုကို အလွန် တန်ဖိုးထားတတ်သောကြောင့် ထိုကဲ့သို့သော အမြင်မျိုးကို မရင်းနှီးဟု ထင်မှတ်မိ၏။

ဘုရင်မအေဒါ၏ လှပသည့် မျက်နှာပြင်တွင် နှင်းခဲများ ဖုံးလွှမ်းသွားသကဲ့သို့ အေးစက်သွားခဲ့၏။ သူမက မေးသည်။ “ဆရာ... ဆရာ့မှာ သက်သေရှိလား။”

“မရှိပါဘူး။”

ပုရောဟိတ်မက ပြော၏။ “ဒါပေမဲ့ ၈၀ ရာခိုင်နှုန်းလောက် သေချာတယ်။ အရှင်မနဲ့ မင်းသမီးဒိုဟာတို့က ယောက်ျားကို တစ်ခါမှ မမြင်ဖူးပေမဲ့ ကျွန်မကတော့ မြင်ခဲ့ဖူးတယ်။”

သူမ၏ဆရာက ဘယ်သောအခါမှ မုသားမဆိုချေ။ ၈၀ ရာခိုင်နှုန်း သေချာသည်ဟု ဆိုလျှင် ထိုအရာက ၁၀၀ ရာခိုင်နှုန်းပင်။ ဘုရင်မအေဒါက သူမ၏ ကျောက်စိမ်းကဲ့သို့ လှပသည့် လက်အစုံနှင့် စားပွဲကို ထုချသည်။

“ဘုန်း”

ချက်ချင်းပဲ သူမ၏ ရှေ့ရှိ ကျောက်စားပွဲက ကွဲအက်သွား၏။ ဤခွန်အားက ကြောက်မက်ဖွယ်ရာ ကောင်း၏။ ထိုအရာက မင်းသမီးဒိုဟာထက် အဆပေါင်းများစွာ သာလွန်၏။

ပုရောဟိတ်မက ပြောသည်။ “ဘုရင်မ... ဘိုးဘေးတွေရဲ့ လမ်းညွှန်ချက်အရ အမေဇုန်ကျွန်းပေါ်ကို ခြေချတဲ့ ဘယ်လို အမျိုးသားကိုမဆို ခေါင်းဖြတ်သတ်ရမယ်။ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါ ဖြတ်တောက်ပြီး ပြာဖြစ်အောင် မီးရှို့ရမယ်လို့ ဆိုထားတယ်။ အခု ဘုရင်မ ဘာလုပ်ဖို့ စိတ်ကူးထားလဲ။”

ဘုရင်မအေဒါက စကားမဆိုနိုင်အောင် ရှိနေ၏။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀ ၏ သမိုင်းကြောင်းတွင် အမေဇုန် ဘုရင်မ နိုင်ငံတော်သို့ အမျိုးသမီးအဖြစ် ဟန်ဆောင်ကာ ဝင်ရောက်ရန် ကြိုးစားခဲ့သည့် အလွန် ချောမောသော အမျိုးသားတချို့ ရှိခဲ့ဖူး၏။ အားလုံးက သင်းကွပ်ခြင်းကို ခံရကာ အရေခွံခွာပြီး နောက်ဆုံး ပြာဖြစ်အောင် မီးရှို့ခြင်း ခံရ၏။

သို့သော်ငြား ဤ လုံနာနာက အမျိုးသားတစ်ယောက် ဖြစ်နေခဲ့လျှင် မည်သို့ ဖြစ်မည်နည်း။ သူမ မည်သို့ ကိုင်တွယ်ရမည်နည်း။ သတ်ပစ်ရမည်လား။ သို့သော်ငြား သူက အမေဇုန် ဘုရင်မ နိုင်ငံတော် တစ်ခုလုံး၏ ကျေးဇူးရှင် မဟုတ်ပါလား။

ယခင်က မည်သည့် ဘုရင်မကမှ ဤမျှ ကြီးမားသည့် ကျေးဇူးတရားကို မခံယူခဲ့ရဖူးချေ။ မသတ်ဘဲ ထားရမည်လား။

ထိုသို့ဆိုလျှင် ဘိုးဘေးတို့၏ လမ်းညွှန်ချက်ကို လုံးဝ ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။ ဘိုးဘေးတို့၏ လမ်းညွှန်ချက်ကို ဆန့်ကျင်သော ဘုရင်မတစ်ပါးက ဘုရင်မ ဖြစ်ထိုက်သူ မဟုတ်ပေ။

ခဏကြာပြီးနောက် ဘုရင်မအေဒါက အမိန့်ပေးသည်။ “ဒိုဟာ... လုံနာနာကို ခေါ်ခဲ့။”

...................

All Chapters