← Chapters

အားလုံးသေရမယ်

Vol. 40 Ch. 551

အားလုံးသေရမယ်

Vol. 40 Ch. 551

ချီ ချီ

ကောင်းကင်ကိုခွင်းသည့် အလင်းတန်းတစ်ခုက ပေါ်ထွက်လာပြီး အရံအတားကို ထိသွားတော့သည်။ နတ်အသူရာမြို့ တစ်ဝိုက်ရှိ အစွမ်းထက်သော အရံအတားက နောက်ဆုံးတွင် အမြုပ်များအဖြစ် ပြိုလဲသွားပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ထံမှ ပြင်းထန်သော တိုက်ကွက်ကို ခံလိုက်ရပြီးနောက် ပျောက်ကွယ်သွားတော့၏။ ထိုအလင်းစီးကြောင်း စွမ်းအင်များက အပြည့်အဝ အသုံးပြုခြင်း မခံရဘဲ ရှေ့သို့ ဆက်လက် တိုးဝင်သွားပြီး အမြင့်ဆုံး အဆောက်အဦထိပ်ကို ဖြတ်တိုက်သွားရာ အဆောက်အဦ အပေါ်ထိပ်တစ်ဝက်ကို ပြာဖြစ်သွားစေတော့၏။

“အမ်”

အရံအတား ပျက်စီးသွားသည်နှင့် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ကောင်းကင်စိတ်အာရုံကို သိမ်းလိုက်တော့၏။ သူ့အဖို့ ဇဝေဇဝါ ဖြစ်ရသည်က မြို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာများစွာ ရှိနေတာဖြစ်ပြီး ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်၏ တည်ရှိမှုကို ရှာမတွေ့တာပဲဖြစ်သည်။ ဖုန်းလန်က ဤနေရာတွင် ရှိမနေပေ။ သူ့သားကို သတ်ဖြတ်သွားသည့် လူငယ်ကိုလည်း ရှာမတွေ့ခဲ့ချေ။

“ဟမ့်”

သူက ရုမစိုက်ဘဲ လေပြည်အဖြစ် ပြောင်းလဲပြီးနောက် မြို့ထဲတွင် ပျံသန်းသွားတော့သည်။ နတ်ဆိုးဧကရာဇ်၏ ဖိအားက လူအများကို ဖိနှိပ်နေပြီး မြို့ရိုးပေါ်ရှိ ရဲမက်များကို လွှမ်းမိုးစိတ်တို့ ကြီးထွားလာကာ မြေပြင်ပေါ် လဲပြိုစေတော့၏။

“သေစမ်း အားလုံးသေရမယ်”

သူ၏တြိဂံမျက်လုံးက မှိန်ဖျော့ဖျော့အလင်းဖြင့် တောက်ပလာပြီး ကောင်းကင်ထဲရှိ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များနား ဖြတ်သွားတော့၏။ သူကအော်ဟစ်ပြီးနောက် မြို့တွင်းရှိ သိုင်းပညာရှင်များအားလုံးကို သုတ်သင်ရှင်းလင်းပစ်ရန်အတွက် အလင်းစီးကြောင်းကို ပစ်ထုတ်လိုက်သည်။

ဘီး

ထိုစဉ် တစ်မြို့လုံး လင်းထိန်လာ၏။ အမှောင်ယံကောင်းကင်ထဲတွင် မီးမြွေများ ထွန်းလင်းတောက်ပလာသည့်ပမာ ကောင်းကင်ထဲမှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ထံမှ ဖိအားကို ကြံကြံခံနေ၏။ သိုင်းပညာရှင်များ ထပ်မံနှုတ်နိုင်သွားပြီဖြစ်သည်။

ဝှစ်

ပုံရိပ်နှစ်ရိပ်က မြို့အပြင်ဘက်သို့ ပျံထွက်လာ၏။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦးဖြစ်သည်။ အမျိုးသားက သိုင်းအဖွဲ့အစည်း၏ ခန်းမသခင်ဆိုတာ သိသာနေပြီး အမျိုးသမီးကမူ အကြီးအကဲကုဖြစ်၏။ သူတို့နှစ်ဦးက လေထဲသို့ ပျံမတက်ခင် ဘုံကိုးဘုံရှိ ကြယ်နှစ်ပွင့်က သူတို့ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး လူနှစ်ယောက် ခန္ဓာကိုယ်အတွင်း၌ ပျောက်ကွယ်သွားတော့သည်။

“ဒါက”

“ဘုံကိုးဘုံ ကြယ်ပွင့်ရဲ့စွမ်းအား”

“ဒီမဟာအစီအရင်က ဘာလဲ သူက ဘုံကိုးဘုံ ကြယ်ပွင့်စွမ်းအား တစ်စိတ်တစ်ဒေသတောင် ပါနိုင်သေးတယ်လား သိုင်းအဖွဲ့အစည်းက ဒီလိုအစီအရင်တောင် ရှိတယ်လား”

“ဧကရီက ငါတို့ကိုဒီနေရာထိ ဆုတ်လာခိုင်းတာ အံ့သြစရာ မရှိပါဘူးလေ သိုင်းအဖွဲ့အစည်းမှာ ဒီမဟာအစီအရင် ရှိပြီးသားဆိုတာ သိပြီးသားဖြစ်ရမယ် ဒါမှမဟုတ် ခြင်္သေ့ချီဧကရာဇ်ကို သတ်ဖြတ်ဖို့အတွက် သိုင်းအဖွဲ့အစည်းနဲ့ ပူးပေါင်းချင်နေတာများလား”

မဟူရာဖီးနစ်မြို့မှ နောက်ဆုတ်လာကြသော ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များ အားလုံးနှင့် စစ်သူကြီးများသည် သိုင်းအဖွဲ့အစည်း၏ ခန်းမသခင်နှင့် ကြောက်မက်ဖွယ် အရှိန်အဝါတို့ ရှိနေသော အကြီးအကဲကုကို မယုံနိုင်စွာ ကြည့်လိုက်၏။ သူတို့ကလည်း အသံတိုးတိုးဖြင့် ဆွေးနွေးနေကြသည်။ သူတို့နှစ်ဦး၏ အရှိန်က ယခုအချိန်တွင် ကောင်းကင်ဧကရာဇ် နယ်ပယ်တွင် ရှိနေပြီး ဖုန်းလန်အောက် မလျော့ပေ။

သိုင်းအဖွဲ့အစည်းနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်သည့် မျိုးနွယ်စု၏ မျိုးဆက်ကမလျော့ပေ။ သူတို့က ယခုအချိန်တွင် ပိုတောင်အံ့သြစွံ့အနေကြ၏။ သိုင်းအဖွဲ့အစည်းသည် အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့ရာ အားလုံးက မေ့လုနီးပါး ဖြစ်နေ၏။ ဤကဲ့သို့ အစွမ်းထက်သော ခွန်အားကို ပိုင်ဆိုင်သည်တဲ့လား။ လူများက ပိုမိုထိတ်လန့် လာကြတော့သည်။ ထိုကဲ့သို့ ဖြုံလောက်သည့် စွမ်းအားဖြင့် သိုင်းအဖွဲ့အစည်းသည် မျိုးနွယ်စုကြီး ၁၅စု၏ ဖိနှိပ်ခြင်းကို အဘယ့်ကြောင့် ခံချင်ရသနည်း။ သူတို့မည်သည်ကို အလိုရှိသနည်း။ သူတို့မည်သည်ကို အကွက်ချနေသနည်း။

“အာ”

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ထိတ်လန့်အံ့အားသင့်သွားပြီး သူ၏မျက်လုံးထဲ၌ သုန်မှုန်သည့် အရိပ်အယောင် ပေါ်လာတော့သည်။ ဒီလောကကို လူသားတွေက ဘာကြောင့် စိုးမိုးနေတာလဲ။ အကြောင်းမှာ သူတို့တွင် မှော်ရတနာများ မှော်ပညာများနှင့် အစီအရင်မျိုးစုံ ရှိနေသောကြောင့် ဖြစ်သည်။ နတ်ဆိုးမျိုးနွယ်စုက လူသားများနည်းတူ နတ်ဆိုးဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးနောက် တုပနိုင်သော်ငြား သူတို့က နတ်ဆိုးမျိုးနွယ်စုများ ဖြစ်နေသည်။ လူသားများကဲ့သို့ မှော်ပညာများ ကန့်သတ်ချက်များ ရတနာများစွာကို လက်ဆင့်ကမ်းဖို့ရာ မဖြစ်နိုင်ပေ။

သိုင်းအဖွဲ့အစည်း၏ ခန်းမသခင်က ချင်းရှန်ဟုခေါ်သည်။ သူနှင့်အကြီးအကဲကုက ဘုံကိုးဘုံကြယ်ပွင့်၏ စွမ်းအားကို အသုံးပြုပြီး သူတို့ကိုယ်သူတို့ ကောင်းကင်ဧကရာဇ်အဆင့်သို့ ယာယီမြင့်တင်ပြီးနောက် သူတို့သည် ခြင်္သေ့ချီကို ဦးစွာတိုက်ခိုက်ရန်အတွက် အလျင်မလိုခဲ့ပေ။ သူတို့က ကောင်းကင်ထဲတွင် ဂုဏ်ယူဝင့်ကြွားစွာ ရပ်နေပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို စိုက်ကြည့်နေကြ၏။

ချင်းရှန်၏ အနည်းငယ် လုံးဝန်းသောမျက်နှာက အေးစက်သော အမူအရာတို့ဖြင့် ပြည့်နေလေသည်။ စူးရှသော မျက်ဝန်းက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ဆီ သိမ်းကြုံးဖြတ်တိုက်သွားလျှက် အော်ပြောလိုက်တော့သည်။”ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ် မင်းရဲ့ရန်သူက နတ်အသူရာမြို့ထဲမှာ မဟုတ်ဘူး သိုင်းအဖွဲ့အစည်းက မင်းရဲ့ရန်သူဖြစ်လာဖို့ ရည်ရွယ်ချက် မရှိဘူး အခုထွက်သွားလိုက် မဟုတ်ရင် နောက်ဆက်တွဲ ခံစားရဖို့ ပြင်ထားတော့”

ချင်းရှန်၏ စကားများက အလွန်သွယ်ဝိုက် ပြောဆိုနေတာပဲဖြစ်သည်။ သူကဖုန်းလန်နှင့် ကျန်းရီက မြို့ထဲတွင်မရှိကြောင်း သူတို့သည် ခြင်္သေ့ချီနှင့် တိုက်ခိုက်လိုစိတ် မရှိကြောင်း အရိပ်အမြွတ် ပေးခဲ့သည်။ ခြင်္သေ့ချီက တိုက်ခိုက်ခဲ့မည်ဆိုလျှင် နှစ်ဖက်လုံး အနိုင်ရမှာ မဟုတ်ပေ။

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က တွေဝေနေ၏။ မြို့ထဲရှိ ဤမဟာအစီအရင်က တမူထူးခြားနေပေ၏။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်နှစ်ဦးကို ကောင်းကင်ဧကရာဇ် အဆင့်ရောက်အောင် မြင့်တင်ပေးနိုင်သည်။ ထိုနှစ်ဦးကို မကြောက်သည့်တိုင် မြို့ထဲတွင် ကျန်သည့်ထူးခြားသော အစီအရင်များ ရှိနေလျှင် မည်သို့ဖြစ်မည်နည်း။

ယင်းက ဖုန်းလန်နှင့် ကျန်းရီ၏ ပရိယာယ်ဖြစ်ကြောင်း သူနားလည်ပေ၏။ ဖုန်းလန်နှင့် သူမအဖွဲ့က သူ့ကိုရုတ်တရက် ခြုံခိုတိုက်ခိုက်ခဲ့လျှင် နောက်ဆက်တွဲက မမှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။ သို့သော် မကြာမီ၌ သူကများများစားစား မတွေးနိုင်တော့ချေ။ မြို့ရိုးပေါ်ရှိ စစ်သည်ရဲမက်တစ်စုက စတင်ကျိန်ဆဲကြတော့၏။

“ဟား ဟား ခြင်္သေ့ချီ ခင်ဗျားအခု ကြောက်နေပြီလား မျိုးမစစ် နတ်ဆိုးမျိုးနွယ် ရာရာစစ ငါတို့လူသားတွေ နယ်မြေကို ကျူးကျော်ရဲတယ်ပေါ့ မင်းရဲ့ခေါင်းကို သေချာပေါက်ဖြတ်ပြီး ဒီနေ့သေးပန်းပစ်မယ်”

“ဒါကိုစည်းရိုးအဖြစ် ဘာကြောင့် အသုံးမပြုတာလဲ ပြီးတော့ အပိုင်းတစ်သောင်းအဖြစ် ပိုင်းဖြတ်ပြီး ချက်ပြုတ်စားသောက်ကြရအောင် နတ်ဆိုးဧကရာဇ်ရဲ့အသားက လူ့သတ်တမ်းကို အနှစ်တစ်ရာ ရှိစေတယ်လို့ ပြောကြတယ် ဒီနတ်ဆိုးဧကရာဇ်ကို ပြီးမှချက်စားရအောင်ဟေ့”

“ဒီနတ်ဆိုးဧကရာဇ်ကို သတ်ကြ မိန်းကလေးတွေ တိုက်ခိုက်ကြ သူ့ကိုဖြတ်ပစ်”

“မင်းရဲ့သားကို သတ်လိုက်တဲ့လူက ငါပဲ၊ မင်းကို ဆက်ခံသူမရှိဘဲ သေစေမှာကငါပဲ ဘာတွေကြည့်နေတာလဲ လာ လာလေ သတ်လိုက်လေ ငါဒီမှာရှိနေပြီ၊ မင်းကိုသတ်ခွင့်ပေးတယ် ဒါပေမဲ့ မင်းမလုပ်နိုင်ပါဘူးကွာ ဟား ဟား”

“...“

အမျိုးသမီးရဲမက် တစ်ရာကျော်ကို လက်သီးလက်မောင်းတန်းပြီး ခြင်္သေ့ချီကို စော်ကားပြောဆိုနေကြသည်။ ထိုမြင်ကွင်းက မည်မျှခမ်းနားပါသနည်း။

ဖီးနစ်အော်သံ နယ်မြေပေါ်၌ အမျိုးသမီးများကို ပိုလေးစားကြ၏။ ထိုအမျိုးသမီးများသည် အမြဲတမ်း နိုင်လိုမင်းထက် ပြုမူပြီး အမျိုးသားများကို ပြက်ရယ်ပြုနေကျဖြစ်သည်။ ယခုသူတို့က ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို သူတို့၏ အိမ်မွေးကောင်လေးသဖွယ် သဘောထားပြီး စော်ကားပြောဆိုနေကြ၏။

“အား အား အား”

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲ၌ ဂုဏ်သတင်းကြီးသူ ဖြစ်သည်။ သူကဤကဲ့သို့ မမျှမတ ဆက်ဆံမှုမျိုးကို မည်ကဲ့သို့ ခံနိုင်ရည်ရှိမည်နည်း။ သူ၏မျက်လုံးများက ရဲတောက်သွားကာ ချက်ချင်းပင် စိတ်လွတ်သွားသည်။ လက်ကတောက်ပလာပြီးနောက် အလင်းစီးကြောင်းများဖြင့် မြို့ဆီသို့ ပစ်ထုတ်လိုက်၏။

“သတ်”

ချင်းရှန်နှင့် အကြီးအကဲကုက စွံ့အသွားပြီး အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့ရွေးချယ်စရာမရှိဘဲ ယခုတိုက်ခိုက်ရတော့မှာ ဖြစ်သည်။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ရူးသွပ်သွား၏။ သူတို့နှစ်ဦး ဘာမှမလုပ်ခဲ့လျှင် နတ်အသူရာ မြို့တစ်မြို့လုံးက မြေပြင်ပေါ် ပြားပြားဝပ်သွားနိုင်၏။ ကောင်းကင်ကံကြမ္မာ မဟာအစီအရင်မရှိဘဲ သူတို့လည်းသေမှာကို စောင့်ဆိုင်းနေရမှာဖြစ်သည်။

ဝှစ်

သူတို့နှစ်ယောက်က အနက်ရောင် အရိပ်အဖြစ် ပြောင်းလဲသွားပြီး ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်သည် နဂါးတစ်ကောင်သဖွယ် ပျံသန်းလာတော့၏။ သူတို့လက်များက ရောင်စုံအလင်းဖြင့် တောက်ပနေပြီး ကြယ်၏စွမ်းအားကိုသုံးကာ စတင်တိုက်ခိုက်တော့၏။

ဘီး

ကြယ်၏စွမ်းအား ပေါ်ထွက်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးက တုန်လှုပ်သွားသည်။ လူသားသိုင်းပညာရှင် များစွာက ပြင်းထန်သော ဖိအားအောက်တွင် လှုပ်တောင် မလှုပ်နိုင်ကြတော့ပေ။ သူတို့က ကြယ်ကြွေတစ်စင်းပမာ မြေကြီးပေါ် ဖိချေခံနေရ၏။ ထိုသေစေနိုင်သော ဖိအားက သူတို့၏ စိတ်ဝိညာဉ်ကို ပြိုကွဲစေလုနီးပါး ဖြစ်သွားခဲ့သည်။

“သေ အားလုံးသေရမယ်”

ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က အော်ညဉ်းလိုက်သည်။ ရွှေရောင်အလင်း တောက်ပလာပြီး သူကရုတ်တရက် မူလသွင်ပြင်အဖြစ် ပြောင်းလဲသွားကာ မီတာတစ်ရာကျော်ခန့် မြင့်မားသော သားရဲကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွား၏။ သူ၏ပါးစပ်ကျယ်ကြီးကိုဟကာ အေးစက်သည့် အအေးစီးကြောင်းကို ချင်းရှန်နှင့် အကြီးအကဲကုဆီ ထွေးထုတ်လိုက်၏။

“...”

အအေးစီးကြောင်းနှစ်ခု မှုတ်ထုတ်လိုက်သည်နှင့် တစ်လောကလုံး တိတ်ဆိတ်သွားသည်။ စစ်သည်ရဲမက်တစ်သိန်းနှင့် သိုင်းအဖွဲ့အစည်းမှ လူတစ်သိန်းက ခဲကုန်၏။ သူတို့ပါးစပ် ဟနေသော်ငြား အသံမထွက်နိုင်တော့ချေ။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင် အချို့မှအပ ကျန်သည့်သူများအားလုံး ရေခဲရုပ်ထုများအဖြစ် ခဲသွားခဲ့ပြီဖြစ်သည်။

“ဒီနတ်ဆိုးဧကရာဇ်ရဲ့ နတ်ဆိုးသိုင်းပညာက တုန်လှုပ်ခြောက်ခြားစေတာပဲ”

မြို့၏မြောက်ဘက်ရှိ တောအုပ်ထဲတွင် ကျန်းရီ ဖုန်းလန်နှင့် ချင်ယွီတို့က ကြောက်မက်ဖွယ် အေးစက်မှုကိုလည်း ခံစားမိသည်။ ဖုန်းလန်က အမူအရာ ပြောင်းသွားကာ ကျန်းရီကို ကြည့်လိုက်၏။”သခင်လေး အခုတိုက်ခိုက်ကြရအောင် မဟုတ်ရင် မြို့ထဲကလူအားလုံး ခဲပြီးသေကုန်လိမ့်မယ်”

“လောနေဖို့မလိုဘူး”

ကျန်းရီက ခေါင်းခါပြီးနောက် လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။

“ကောင်းကင်ကံကြမ္မာ အစီအရင်ရဲ့ ဖိအားနဲ့ အအေးဓာတ်ကို ခုခံထားရင် မြို့ထဲကလူတွေက အချိန်တိုအတွင်း သေမှာမဟုတ်ဘူး စောင့်ကြရအောင်”

ဖုန်း

မြို့၏မြောက်ဘက်အရပ်တွင် ပေါက်ကွဲမှုတစ်ခု ပေါ်လာပြီး ကျန်းရီနှင့် ဖုန်းလန်က ပေါက်ကွဲသည့် အခြေအနေကို တိတ်တဆိတ် စစ်ဆေးရန်အတွက် သူတို့ကောင်းကင်စိတ်အာရုံကို အမြန်လွှတ်ထုတ်လိုက်သည်။ တစ်ချိန်ထဲနီးပါး မျက်လုံးနှစ်စုံက လက်သွား၏။ သူတို့၏ကောင်းကင် စိတ်အာရုံက ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်၏ ဧရာမခန္ဓာကိုယ်သည် ကြယ်စွမ်းအားကြောင့် လွင့်ထွက်သွားတာကို တွေ့လိုက်ရ၏။ ခန္ဓာကိုယ်၏ ဘယ်ဘက်ခြမ်း၌ သိသာထင်ရှားသော လက်ဝါးရာကြီးတစ်ခုလည်း ရှိနေသည်။ ပါးစပ်မှသွေးများ စီးကျလာ၏။ သူဒဏ်ရာရသွားတာ ရှင်းနေပေသည်။

တစ်ဖက်တွင်မူ ချင်းရှန်နှင့် အကြီးအကဲကုက ပိုတောင်စုတ်ပြတ်နေပေ၏။ အကြီးအကဲကု၏ တစ်ကိုယ်လုံးက ရေခဲချောင်းဖြစ်သွားပြီး မြေပြင်နှင့် တိုက်မိသွားတော့၏။ သူမအသက်ရှင်လျှက် ရှိနေသေးလားဆိုတာ မသေချာပေ။ ချင်းရှန်က အနည်းငယ် ပိုကောင်းသော်ငြား သူ့တစ်ကိုယ်လုံး ခဲသွားသည်။ အအေးဒဏ်ကြောင့် ဆက်လက်တုန်ယင်နေတော့၏။

“အကြီးအကဲကု”

ချင်းရှန်သည် သူ၏ကောင်းကင်စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သူမ၏ အတွင်းအင်္ဂါများအားလုံး ထိခိုက်ဒဏ်ရာ ရနေပြီမှန်း သိလိုက်ရသည်။ သူမအသက်ရှင် နေခဲ့လျှင်တောင် ဒုက္ခိတတစ်ဦး ဖြစ်သွားပေလိမ့်မည်။ သူကရုတ်တရက် ကျိန်ဆဲလိုက်တော့၏။ အကြီးအကဲကုက အစောပိုင်းတွင် တိုက်ခိုက်ရန်အတွက် သူမအသက်ကို မစွန့်စားခဲ့လျှင် ယခုအချိန်တွင် သေသည့်သူက သူဖြစ်လောက်သည်။

သူကနာကျင်စွာ အော်ညဉ်းပြီး လျှပ်စီးအဖြစ် အသွင်ပြောင်းလဲသွားကာ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ဆီသို့ တစ်ဟုန်ထိုး တက်သွားတော့၏။ သူ၏လက်က ရောင်စုံအလင်းတို့ဖြင့် တောက်ပလာပြီး ကြယ်စွမ်းအားတို့ကို ဆက်လက်လောင်းထည့်နေသည်။

“သတ်”

မြို့၏မြောက်ဘက်တွင်ရှိသော ကျန်းရီက နောက်ဆုံးတွင် လှုပ်ရှားတော့၏။ သူကထအော်ပြီး မြေခွေးတစ်ကောင်သဖွယ် ရှေ့သို့တိုးလာတော့သည်။ သတ်ဖြတ်လိုသည့် အကြည့်များက ဖုန်းလန်နှင့် ချင်ယွီတို့ မျက်လုံးထဲတွင် ထင်ဟပ်လာတော့၏။ သူတို့က မှိန်ဖျော့ဖျော့ ပုံရိပ်များအဖြစ် ပြောင်းလဲပြီး လိုက်ပါသွားတော့သည်။

***

All Chapters