← Chapters

ကျန်းရီက ထွက်ပြေးမှာလား

Vol. 40 Ch. 552

ကျန်းရီက ထွက်ပြေးမှာလား

Vol. 40 Ch. 552

“တိုက်ကြဟေ့”

တောင်ဘက်မြို့ရိုးပေါ်ရှိ အင်အားကြီးမားသော ဗာဂျရာနယ်ပယ် သိုင်းပညာများအားလုံး ယခုလှုပ်ရှားကုန်ပြီ ဖြစ်သည်။ အအေးဓာတ်ကြောင့် သူတို့၏ ခန္ဓာကိုယ်က တောင့်တင်းပြီး နှေးကွေးနေသော်ငြား ဤအချိန်ကို အမိဖမ်းပြီး မတိုက်ခိုက်လျှင် သူတို့က တုံးအသူများ ဖြစ်သွားပေလိမ့်မည်။

ချီး ချီး..

ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်အထက်ရှိ သိုင်းပညာရှင် တစ်ဒါဇင်ခန့်က တာအိုပုံစံတိုက်ကွက်မျိုးစုံ၊ အတွင်းအားတိုက်ကွက်များ၊ အထူးမှော်စွမ်းရည်များဖြင့် မြို့၏ တောင်ဘက် ကောင်းကင်ထဲတွင် ရှိသော ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ကြတော့၏။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ဒေါသတကြီး အော်လိုက်သည်။ သူ့နားတစ်ဝိုက်၌ အပြာရောင် အကာအရံတစ်ခု တောက်ပလာလေ၏။ ထိုဗာဂျရာနယ်ပယ် သိုင်းပညာရှင်များထံမှ တိုက်ကွက်များကို အပြည့်အဝ လျစ်လျူရှုထားပြီး သူက မှိန်ဖျော့ဖျော့ ပုံရိပ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားကာ လေထဲ၌ နေရာရွေ့ပြီးနောက် ချင်းရှန်ဆီမှ လေစွမ်းအားတိုက်ကွက်ကို ရှောင်တိမ်းလိုက်သည်။

နတ်ဆိုးဧကရာဇ်နှင့် ကောင်းကင်ဧကရာဇ်တို့ အစွမ်းထက်နေရသည့် အဓိကအကြောင်းအရင်းမှာ သူတို့သည် သူတို့၏အတွင်းအားမှ သို့မဟုတ် နတ်ဆိုးခွန်အားမှ အတွင်းအားနတ်ဘုရားဒိုင်းကို ပစ်ခဲနိုင်သောကြောင့် ဖြစ်သည်။ ဒိုင်းက မပြိုကွဲသရွေ့ သူတို့ အကောင်းပကတိ ရှိနေမှာပဲ ဖြစ်သည်။ နတ်ဘုရားဒိုင်းက အစွမ်းထက်လွန်းရာ သာမန်တိုက်ကွက်များက အက်ရာတောင် ထင်စေမှာ မဟုတ်ပေ။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များထံမှ တိုက်ကွက်များက ရက်စက်ကြမ်းကြုတ်ပုံပေါ်သော်ငြား အမှန်တကယ်တွင်မူ ခြင်္သေ့ချီ၏ မျက်လုံးထဲတွင် သူတို့က ဘာမှမဟုတ်ပေ။ သူက ကြယ်များ၏ စွမ်းအင်ကိုသာ ကြောက်ရွံ့သာ ဖြစ်သည်။ အစောပိုင်းက ကြယ်များ၏စွမ်းအင်ကို လျော့တွက်ခဲ့မိသောကြောင့် သူ ဒဏ်ရာ ရသွားခဲ့တာ ဖြစ်၏။ သူသည် ကြယ်များ၏စွမ်းအင်ဖြင့် အရိုက်ခံလိုက်ရသည့် အချိန်တွင် နက်နဲသိမ်မွေ့သော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရပြီး သူ၏နတ်ဆိုးခွန်အား()က ချက်ချင်း ပြိုကွဲသွားမလို ခံစားလိုက်ရသည်။

ဝှစ် ဝှစ်..

ချင်းရှန်က ဆက်လက်တိုက်ခိုက်နေသည်။ ခြင်္သေ့ချီက ပစ်မှတ်ကြီးတစ်ခု ဖြစ်ကာ သူ၏လှုပ်ရှားမှုက အလွန်မြန်ဆန်၏။ ချင်းရှန်က သူ့ပုံရိပ်ကိုသာ ထိသွားပြီး ခန္ဓာကိုယ်အစစ်ကို မထိသွားပေ။ ကြယ်စွမ်းအင်များအားလုံးက သူ၏ခန္ဓာကိုယ်ထဲမှ လှည့်ပတ်နေပြီး ချင်းရှန်က ဖုန်းလန်နှင့် ကျန်းရီကို သူ့ရင်ထဲမှ အကြိမ်ပေါင်းသန်းချီ တိတ်တဆိတ် ကြိမ်ဆဲ စောဒဂတက်ရုံသာ တတ်နိုင်ပေ၏။

ဝှစ်..

ထိုစဉ် ကောင်းကင်ကို အနီရောင်ပုံရိပ်တစ်ခုက ခွင်းပြီး မြောက်ဘက်အရပ်ဆီမှ ပျံထွက်လာတော့သည်။ ဖုန်းလန် နောက်ဆုံးတော့ ရောက်လာချေပြီ။

သူမနှင့်အတူ အင်မတန်ကြမ်းတမ်းသော မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာ၏။ သူမနောက်ရှိ ကောင်းကင်က အနက်ရောင်တိမ်ဆိုင်တိမ်မည်းတို့ အုပ်မိုးနေလေ၏။ အမှောင်ထုထဲတွင် ကိုယ့်လက်ချောင်းကိုယ်တောင် မြင်နိုင်ခြင်း မရှိပေ။ ယင်းက အပြည့်အဝ ယုံကြည်စိတ်ချရမှု ကင်းမဲ့စေခြင်း ဖြစ်သည်။

“ခြင်္သေ့ချီ ရာရာစစ လူသားနယ်မြေကို ကျူးကျော်ရဲတယ်ပေါ့ မင်း ဒီနေ့ ရက်ရက်စက်စက် သေရမယ်”

ဖုန်းလန်က ရောင်စုံဝတ်ရုံကို ဝတ်ထား၏။ သူမနောက်တွင် ကောင်းကင်ကို လွှမ်းမိုးထားသော အနက်ရောင်တိမ်ဆိုင်တိမ်မည်းများက ဖိအားပေးနေလေသည်။ သူမသည် ဘုံကိုးဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးနှင့် တူနေပေ၏။ သူမက လျှပ်စီးပမာတစ်ဟုန်ထိုး တက်လာြပီး သူမ၏လက်များကို ဝှေ့ယမ်းလျက် အမှောင်ထု တာအိုပုံစံများကို ထုတ်ဖော်လိုက်ပြီး မြို့၏တောင်ဘက် ကောင်းကင်ကို ပိန်းပိတ်အောင် နက်မှောင်သည့် အမှောင်ထုအဖြစ် ပြောင်းလဲလိုက်တော့သည်။

“စိတ်ညှို့ခြင်းအတတ်”

အရှေ့ဘက်ရှိ မြို့ရိုးပေါ်မှ အော်သံတစ်သံ ပေါ်ထွက်လာ၏။ ချင်ယွီက ပေါ်ထွက်လာပြီး သူမ၏ မျက်ခုံးအလယ်တွင် ရွှေရောင်အလင်းက တလက်လက် တောက်ပနေပြီး မွေလိမ်မွေကောက် တစ်ကောင်သဖွယ် ဝှီးခနဲ သွားလာနေ၏။ ချက်ချင်းပင် အမှောင်ထုဖြင့် လွှမ်းနေသော ခြင်္သေ့ချီနတ်ဆိုးက ပျောက်ကွယ်သွားတော့သည်။

“အခု မတိုက်ခိုက်သေးဘူးလား ကြယ်စွမ်းအားတွေကို အရှေ့ကို ထုတ်ဖော်လိုက်”

ချင်းရှန်၏ အာရုံစိုက်မှုက ဖုန်းလန်၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် ဆွဲဆောင်ခံလိုက်ရပြီး အလိုလို ရပ်တန့်မိသွားသည်။ ကံကောင်းသည်မှာ သူက ဖုန်းလန်ပြောတာကို ချက်ချင်းကြားပြီး သူက အံကြိတ်လိုက်ကာ ကျန်ရှိသည့် ကြယ်စွမ်းအားများကို ထုတ်ဖော်လိုက်သည်။ ယခုအချိန်တွင် သူက အနက်ရောင်တာအိုပုံစံများဖြင့် အဝိုင်းခံထားရပြီး ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သို့သော် သူက သိပ်ဂရုမစိုက်နိုင်တော့ဘဲ ဖုန်းလန် ညွှန်ကြားသည့်အတိုင်း လုပ်လိုက်တော့သည်။

ဝှစ်..

အနောက်ဘက်မြို့ရိုးအောက်တွင် ကျန်းရီက မြေခွေးတစ်ကောင်သဖွယ် လှည့်ပတ်လာတော့သည်။ သို့သော် သူက ခြင်္သေ့ချီအောက် မရောက်ခင် သူ့အမြင်အာရုံက နက်မှောင်သွားသည်။ သူ၏ ကောင်းကင်စိတ်အာရုံဖြင့် ခြင်္သေ့ချီ၏ ခန္ဓာကိုယ် အစစ်အမှန်ကို မရှာနိုင် ဖြစ်နေလေသည်။

“သခင်လေး ခြင်္သေ့ချီက သခင်လေးရဲ့ ဘယ်ဘက် ၃၃ကီလိုမီတာ အကွာက ကောင်းကင်ထဲမှာ ရှိနေတယ် မြန်မြန် အခု တိုက်ခိုက်တော့”

ဖုန်းလန်၏ အသံက အချိန်ကိုက် ရောက်လာသည်။ ကျန်းရီက မျက်လုံးမှိတ်ထားပြီး ထပ်မကြည့်တော့ပေ။ သူက မျက်လုံးမှိတ်လျက် ဘယ်ဘက်ခြမ်းသို့ တစ်ဟုန်ထိုးတက်သွားပြီး သူ့ရင်ထဲရှိ လားရာအတိုင်း လိုက်သွားတော့သည်။ မျက်တောင်ခတ်စာအနည်းငယ်အတွင်း သူက ၃၃ကီလိုမီတာအကွာကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ပြီးနောက် သူက အထက်သို့ ရုတ်တရက် တက်သွားလျက် မီးနဂါးဓားနှင့် တမလွန်လောက တစ္ဆေမီးလျှံများက သူ့ညာဘက်လက်တွင် ပေါ်လာသည်။ မီးနဂါးတစ်ကောင်က တမလွန်လောက တစ္ဆေမီးလျှံများကို သယ်ဆောင်လျက် ပေါ်ထွက်လာတော့သည်။

ဝေါင်း ဝေါင်း..

ဟိန်းဟောက်သံတစ်သံ ပေါ်ထွက်လာပြီး ပတ်ဝန်းကျင် အမှောင်ထုက မှိန်ဖျော့သွားသည်။ ကျန်းရီနှင့် ကျန်သည့်သူများသည် လေထဲတွင် ရှိသေ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို ကောင်းကင်စိတ်အာရုံဖြင့် ရှာဖွေကြည့်လိုက်သော်ငြား သူတို့ အင်မတန် ကြောက်လန့်သွားရသည်။

ဖုန်းလန်၊ ချင်းရှန်၊ ကျန်းရီ၊ ချင်းယွီနှင့် ကျန်သည့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ဆယ်ယောက်ကျော်က သူတို့ ခွန်အားကုန် သုံးပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်နေသည့်တိုင် ယင်းက အသက်ရှင်သေးသည်။ အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲတွင် ဖြစ်သော အဆင့်ငါးဖြစ်သည့် ခြင်္သေ့ချီနတ်ဆိုးက မည်မျှ ကြံ့ခိုင်ပါသနည်း။

သို့သော် ခြင်္သေ့ချီနတ်ဆိုး ပေါ်ပေါက်လာမှုက ယခု အလွန်စုတ်ပြတ်နေပြီ ဖြစ်သည်။ သူ၏ဧရာမခန္ဓာကိုယ်ကြီးက အပေါက်များစွာဖြင့် ထိုးဖောက်ခံထားရပြီး သူ၏ဝမ်းဗိုက်အောက်ပိုင်း၌ အပေါက်ငယ်လေးများစွာ ရှိသည်။ သူ၏အူကလည်း အပြင်းအထန် လောင်ကျွမ်းနေပြီး သွေးများက တလဟောကျနေသည်။

ထင်သည့်အတိုင်းပင် သူ၏ နတ်ဆိုးခွန်အား နတ်ဒိုင်းက ကြယ်စွမ်းအားတိုက်ကွက်ကို ခံနိုင်ရည် မရှိပေ။ သူက အစွမ်းထက်သော်ငြား အမှောင်ထုတာအို ပုံစံထဲ အချိန်ကိုက် ကျရောက်သွားခဲ့သည်။ သူ့နားတစ်ဝိုက်ကို အာရုံခံနိုင်ခြင်း မရှိပေ။ ပြီးနောက် သူ၏အကဲဖြတ်မှုက ချင်ယွီ၏ စိတ်လှည့်စားခြင်း အတတ်ကြောင့် နှောင့်ယှက်ခံလိုက်ရသည်။ မျက်တောင်တစ်ခတ်အတွင်း သတိတရားတို့ ပြန်ရလာသော်ငြား ချင်းရှန်၊ ကျန်းရီနှင့် ဖုန်းလန်ထံမှ တိုက်ကွက်က ရောက်လာခဲ့ပြီ ဖြစ်ကာ ဗာဂျရာနယ်ပယ်အဆင့်ငါး သိုင်းပညာရှင်များထံမှ တိုက်ကွက်များက လိုက်ပါလာတော့သည်။

ဝေါင်း ဝေါင်း..

သူက ဒေါသတကြီး အော်ညည်းလိုက်၏။ သူ၏ ဧရာမမျက်လုံးတစ်စုံတွင် အမျက်ဒေါသတို့ ပြည့်နေလေ၏။ ခန္ဓာကိုယ်က ဖျတ်ခနဲ လှုပ်ရှားသွားသော်ငြား ထွက်ပြေးရမည့်အစား သူ့အောက်ရှိ ကျန်းရီဆီသို့ အမြန်ပြေးသွားလိုက်သည်။ ကျန်းရီ၏ အရှိန်အဝါက သူနှင့် အလွန်ရင်းနှီးနေ၏။ သူ ဒဏ်ရာပြင်းပြင်းထန်ထန် ရနေလျှင်တောင် ကျန်းရီကို ချက်ချင်း သတ်မှာပဲ ဖြစ်သည်။

“လူသား အမျိုးယုတ် မင်း ငါ့သားကို သတ်ပြီး ငါ့လူတွေကို သတ်ဖြတ်ခဲ့တယ် ငါသေရမယ် ဆိုရင်တောင် မင်းကို ငါ သတ်ပစ်မယ်”

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူသည် ခေါင်းမာနေလျှင် ယနေ့ ကျန်းရီ၏အသက်ကို အဆုံးသတ်ပြီး ဤနေရာမှ ထွက်ခွာမသွားတော့ဘဲ နေရာမှာတင် သေနိုင်ကြောင်း ရှင်းရှင်းလင်းလင်း သတိပြုထားမိပြီး ဖြစ်သည်။ ဖုန်းလန်သည် အမှောင်ထု တာအိုပုံစံကို ထပ်မံထုတ်ဖော်သည့် အချိန်၌ သူ သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ကျန်းရီ၏ ပေါက်ပေါက်လာမှုက သူ့ရင်ထဲရှိ အမျက်ဒေါသများကို အဆုံးစွန်အထိ မြင့်တက်သွားစေပြီး သူ့ဝမ်းဗိုက်အောက်ပိုင်းတွင် အတွင်းအင်္ဂါများအားလုံးက ကျန်းရီ၏ မီးလျှံများကြောင့် လောင်ကျွမ်းသွားသည်။ ယခုအချိန်တွင် စိတ်ဆန္ဒရှိသလို မည်သို့ ထွက်ပြေးနိုင်မည်နည်း။

ချီး ချီး..

သူ၏ ဧရာမခန္ဓာကိုယ်က တောင်တန်းများသဖွယ် ဝှီးခနဲ ဆင်းသက်လာ၏။ အသက်ရှုရန်ပင် ခက်ခဲနေပြီး ခြေလက်များ၌ အရှိန်အဝါတို့တောင် ချို့တဲ့နေခြေပြီ။ သူက ဖုန်းလန်နှင့် အဖွဲ့ မတုံ့ပြန်နိုင်သေးခင် ပါးစပ်ဟပြီးနောက် ရေအေးစီးကြောင်းတို့ကို ကျန်းရီဆီသို့ တိုက်ရိုက်ထွေးထုတ်လိုက်၏။

“သခင်လေး သတိထား”

“သခင်လေး ပြေး”

အသံနှစ်သံက ကျန်းရီ၏ နားထဲ ဝင်လာတော့သည်။ ဖုန်းလန်နှင့် ချင်းယွီ နှစ်ဦးလုံးက ဖြူလျော်နေပြီး သူတို့၏ သေးသွယ်သော ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တုန်ယင်နေကြသည်။ ကျန်းရီ သေသွားခဲ့လျှင် သူတို့နှစ်ယောက် သေရမည် ဖြစ်သည်။ ထို့အပြင် ကုန်လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူတို့က ကျန်းရီအနားတွင် ရှိနေတာ အသားကျနေတာ ဖြစ်ပုံပေါ်ပြီး သူ၏ လုံခြုံမှုကို ယခုအချိန်တွင် အလိုလို စိုးရိမ်ပူပန်နေကြတော့၏။

ကျန်းရီက ထွက်‌ပြေးမှာလား။ မပြေးပေ။ သူက တိတိကျကျ ပြောရလျှင် သူက မပြေးနိုင်တာ ဖြစ်သည်။ နေရာရွေ့ပြောင်းရန်အတွက် အချိန်လိုအပ်သည်။ အအေးစီးကြောင်းက သူ့ဆီရောက်မလာခင် တစ်ကိုယ်လုံး အေးခဲမှုကို ခံစားရ၏။ နေရာမရွေ့ပြောင်းနိုင်ခင် အေးခဲပြီး သေသွားလောက်ပေသည်။

အမှန်တကယ်တွင် သူက ပြေးရန်အတွက် တစ်ခါမှ မတွေးခဲ့ဖူးပေ။ တမလွန်လောက တစ္ဆေမီးလျှံများက သူ့လက်ထဲရှိ မီးနဂါးဓားပေါ် မီးဝိညာဉ်ပုလဲထဲမှ ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်း ဝန်းရံသွားတော့သည်။

အအေးစီးကြောင်းလား။ သူ မကြောက်ပေ။ သူ၏ တမလွန်လောက တစ္ဆေမီးလျှံ၏ အပူချိန် မည်မျှ မြင့်မားသနည်း။ ထိုအအေးစီးကြောင်းက ဖုန်းလန်ကို ခဲပြီး သေစေနိုင်သော်ငြား သူ့ကို မသေစေနိုင်ပေ။

ထင်တဲ့အတိုင်းပဲ။

တစ္ဆေမီးလျှံများ ပေါ်ထွက်လာသည်နှင့် သူ့ခန္ဓာကိုယ်ရှိ အအေးဓာတ်တို့က ယုတ်လျော့သွားသည်။ မီးနဂါးဓားကို ရုတ်တရက် လွဲယမ်းလျက် တမလွန်လောကတစ္ဆေမီးလျှံလုံးများက ခြင်္သေ့ချီဆီသို့ တိုးဝင်သွားသည်။

“အမ်း..”

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က လျင်မြန်စွာ ဆင်းသက်လာ၏။ သူက ကျန်းရီ၏ ခန္ဓာကိုယ်သည် ရေခဲရုပ်ထုအဖြစ် ခဲသွားပြီးနောက် သူ့ခန္ဓာကိုယ်ကို အပိုင်းအစတစ်သန်းအဖြစ် စုတ်ဖြဲပစ်ရန် စီစဉ်ထားခဲ့တာ ဖြစ်သည်။ သို့မှသာ သူ၏ ဒေါသတို့ ပြေငြိမ်းနိုင်မှာ ဖြစ်၏။

သို့သော် ကျန်းရီတွင် ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ ရှိတာကို သူ မေ့သွားခဲ့သည်။ သူ လှုပ်ရှားတာ မြန်ဆန်လွန်းသောကြောင့် ယခုအချိန်တွင် မရှောင်လျှင် တစ္ဆေမီးလျှံများဖြင့် တိုက်မိသွားနိုင်၏။ မီးလျှံများ၏ ကြောက်မက်ဖွယ်စွမ်းအားကို သူ သတိပြုမိသည်။ မသေလျှင်တောင် ဝေဒနာပြင်းထန်မှုကို သေချာပေါက် ခံစားရမှာပဲ ဖြစ်သည်။

သူ နောက်ဆုတ်သင့်လား။ ဒါမှမဟုတ် သူ ကျန်းရီကို သတ်ဖို့ စွန့်စားသင့်လား။

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က မတင်မကျ ဖြစ်လာတော့သည်။ သို့သော် ကျန်းရီ၏ ဘယ်ဘက်လက်၌ ရောင်စုံရောင်ခြည်တန်းတို့ လင်းလာသည်နှင့် ဆုံးဖြတ်ချက်ချရတော့သည်။ ရောင်စုံစွမ်းအင်တို့က လက်ထဲမှ ပေါ်ထွက်လာလျက် တိုက်ကွက်တစ်ကွက်အဖြစ် သိပ်သည်းတော့မှာပဲ ဖြစ်သည်။

“ကြယ်စွမ်းအား”

သူသည် မည်သည့်လူသား ကောင်းကင်ဧကရာဇ်နယ်ပယ် သိုင်းပညာရှင်များနှင့် တစ်ခါမှ တိုက်ခိုက်ခဲ့ဖူးခြင်း မရှိဘဲ ကြယ်စွမ်းအင် အကြောင်း များများစားစား မသိပေ။ သို့သော် ချင်းရှန်က ထိုကြယ်စွမ်းအား၏ နိုင်လိုမင်းထက် ကရုဏာမဲ့ပုံကို ပြသခဲ့ပြီး ဖြစ်သောကြောင့် ယခုအချိန်တွင် သူ အသက်မစွန့်စားရဲတော့ချေ။ သူ အသက်စွန့်စားခဲ့လျှင်တောင် ကျန်းရီကို သတ်နိုင်ရန် မသေချာသေးပေ။ သို့သော် သူက ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး ကျန်းရီ၏ ကြယ်စွမ်းအားနှင့် တစ္ဆေမီးလျှံများကြောင့် သေချာပေါက် သေမှာ ဖြစ်သည်။

သို့သော် သူ ဘေးသို့ ရွေ့လိုက်သည်နှင့် အမှောင်ထုကို ခံစားမိ၏။ ရွှေရောင်မြွေတစ်ကောင်က ဖြတ်သန်းသွားပြီး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားကာ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။ ဖုန်းလန်နှင့် ချင်းယွီက ယခုအချိန်တွင် တုံးအစွာ မပြုမူကြဘဲ အချိန်မီ တိုက်ခိုက်ကြသည်။

“သေပေတော့”

ကျန်းရီက ပြုံးလိုက်၏။ သူ့လက်ထဲရှိ ဖွဲ့တည်ထားသော ကြယ်စွမ်းအင်က ချွန်ထက်သော ဓားတစ်စင်းအသွင်ပြောင်းလဲသွားပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်၏ ဝမ်းဗိုက်အောက်ပိုင်းဆီသို့ ထိုးစိုက်သွားတော့သည်။ မီးနဂါးဓားက လျှပ်စီးတဖွယ် ဆင်းသက်နေပြီး ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ဆီသို့ တမလွန်လောက တစ္ဆေမီးလျှံများကို ဆောင်ယူသွားတော့သည်။

***

All Chapters