← Chapters

ဆရာနှင့်တပည့် သတ်ရန်ကြိုးစားခြင်း ... ။

Vol. 67 Ch. 794

ဆရာနှင့်တပည့် သတ်ရန်ကြိုးစားခြင်း ... ။

Vol. 67 Ch. 794

“ ဟမ့် ... ။ ”

ယီလောင်က အဖိုးကြီးလေးယောက် အတူတကွလှုပ်ရှားလာသည့် မြင်ကွင်းကြောင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ မစွက်ဖက်နဲ့ ... ။ ”

သို့သော် သူ လှုပ်ရှားတော့မည့်အချိန်တွင် စုရီမှ တည်ငြိမ်သောအသံဖြင့် ဟန့်တားလာ၏။ စုရီသည် မြေအောက်ကမ္ဘာသင်္ချိုင်းသို့ဝင်ပြီး မကြာမီ မျက်မမြင်အဘိုးအိုကို ကယ်တင်ခဲ့သည်။

ထိုကြောင့် လမ်းစဉ်ခြောက်းပါးဂူ၌ အဆိုပါလူယုတ်မာကြီး လေးယောက်တို့သည် မျက်မမြင်အဖိုးကြီးကို ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးပြုလုပ်ထားကြောင်း မြင်နိုင်၏။

ယင်းက ဤလူများကို ကိုယ်တိုင် သတ်ပစ်ရန် ဆုံးဖြတ်ချက်များချမိစေသည်။ မည်သူ့ကိုမျှ ဝင်ရောက် စွက်ဖက်ရန် ခွင့်မပြုနိုင်ခြင်းဖြစ်၏။

“ ဟုတ်ကဲ့ ... ။ ”

ယီလောက တိတ်ဆိတ်စွာ နောက်ပြန်ဆုတ်သွားလေသည်။ ရွှမ်ယုအဆင့် အဖိုးကြီးလေးယောက်ခမျာ သက်ပြင်းချပြီး တိုက်ခိုက်မှုကို အဟုန်မြှင့်တင်လိုက်၏။

“ သတ် ... ။ ”

အနက်ရောင် ဝတ်ရုံဝတ်ဆင်ထားသော အဘိုးကြီးသည် နှင်းကဲ့သို့ဖြူဖွေးသောဓားကို ဝှေ့ယမ်းကာ ကြယ်ရောင်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ဦးစွာဝင်ရောက်လာ၏။

“ ရွှပ် ... ။ ”

သိုသော် စုရီမှ လှည့်ပင်မကြည့်ဘဲ သူ့အင်္ကျီလက်ကို လှုပ်ယမ်းလိုက်တော့သည်။ တောက်ပသော ဓားအလင်းထွက်ပေါ်လာပြီး ထိုကြယ်ရောင်ဝါကို အလွယ်တကူ ကွဲကြေသွားစေခဲ့၏။

“ ဝေါ့ ... ။ ”

ထိုဓားသည် ပြင်းထန်လွန်းကာ အနက်ဝတ်အဘိုးကြီးကို မြေပြင်ပေါ် ပြန်လည် ပြုတ်ကျသွေးအန်သွားစေ၏။

တစ်ပြိုင်နက်တည်းမှာပင် ရောင်စုံအဝတ်အစားများ ဝတ်ဆင်ထားသော အမျိုးသမီး၊ မြွေအရေခွံဝတ် အမျိုးသားနှင့် ဆံပင်ဖြူလူရွယ်တို့သည် အရပ်မျက်နှာ အသီးသီးမှ ဝင်ရောက်လာပြီဖြစ်သည်။

သူတို့အားလုံးသည် တိုက်ပွဲကြီးငယ် များစွာကို ကြုံတွေ့ထားသဖြင့် ဤတိုက်ပွဲသည် မည်မျှအန္တရာယ်များကြောင်း သဘာဝအတိုင်း သိရှိလေသည်။

အနည်းငယ် ထိန်းထားမိသော် အသက်ရှင်ရန် အခွင့်အလမ်းမရှိဟု ယုံကြည် ချေပြီ။ ထို့ကြောင့် တိုက်ခိုက်မှုတိုင်းသည် သေစေနိုင်သော အရပ်ထံ ဦးတည်နေ၏။

“ ဟမ့် ... ။ ”

ဤအခွင့်အရေးကို အရယူကာ ဟော်ယောင်းသည်လည်း သူ့တိုက်ခိုက်မှုကို စတင်လာခဲ့သည်။

တစ်ဖက်တွင် စုရီ၏ အရှိန်အဝါသည် ပိုမိုပြင်းထန်လာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဓားအလင်းများ ဖြာထွက်နေချေပြီ။ နတ်ဘုရား တစ်ပါးမှ ရောင်ဝါထုတ်လွှတ်ထားသလိုပင်။

ပြိုင်ဘက်များအတွက် ကြောက်ရွံ့မှုကို တကယ်ခံစားရစေ၏။ စုရီကို တိုက်ခိုက်ခြင်းဖြင့် နတ်ဘုရားကို ဆန့်ကျင်နေခြင်းပေပင်။

လူတိုင်းနှလုံးသားထဲ အလွန်အမင်း စွမ်းအားမဲ့သော ခံစားချက်များ ရရှိလာစေ၏။ ထိုတိုက်ပွဲသည် လက်ဖျစ်ဆယ်တွတ် အချိန်မျှသာကြာခဲ့သည်။

“ ခရစ် ... ။ ”

“ အား ... ။ ”

များမကြာခင် ဆံပင်ဖြူလူရွယ်ထံမှ အော်သံထွက်ပေါ်လာပြီး လေးလံသောဓားသည် အပိုင်းပိုင်းကွဲကျေလျက် သူ့ရင်ဘတ်အတွင်းမှ သွေးများပန်းထွက်လာခဲ့၏။

“ ဘောင်း ... ။ ”

အဆုံး၌ ဓားအလင်းများ ထိုဒဏ်ရာမှစိမ့်ထွက်ပေါက်ကွဲကာ ပြာအဖြစ် ပြောင်းလဲသွားလေသည်။

ထိုလူရွယ်သည် ကြယ်ကိုးပွင့်ဓားတောင်၏ အတွင်းအဆင့် အကြီးအကဲတစ်ယောက်ပေပင်။ တာအိုသက်သေပြပြီးနောက် ဓားတာအိုအပေါ် ရွေးချယ်ကာ နှစ်ပေါင်းထောင်ချီဓားလမ်း၌ သူ့ကိုယ်သူနှစ်မြှုပ်ထားခဲ့သည်။

အဆုံးတွင် ဓားတာအိုကို အဆုံးမဲ့နားလည်မှုရရှိလာကာ ကြယ်ကိုးပွင့် ဓားတောင်၏ ဓားဧကရာဇ်ဖြစ်လာ၏။ သို့သော် ယင်းသည် စုရီရှေ့တွင် ဓားဧကရာဇ်ဘွဲ့ခံယူရန် မထိုက်တန်သေးချေ။

တစ်ဖက်တွင် ဆံပင်ဖြူလူရွယ် သေဆုံးမှုသည် တခြားသူများကို စိတ်လှုပ်ရှား စေတော့၏။ လူတိုင်း၏ မျက်နှာများ အမူအရာ သိသိသာသာ ပြောင်းလဲသွားကာ တိုက်ခိုက်မှု အပေါ် ပိုမိုအာရုံစိုက်လိုက်ကြသည်။

အထူးသဖြင့် အနက်ရောင် ဝတ်ရုံဝတ်ထားသော အဘိုးကြီးက အခြေအနေ ဆိုးရွားနေသည်ကိုမြင်ကာ တားမြစ်နည်းစနစ် အသုံးပြုလိုက်၏။

“ ထွက်လာခဲ့ ... ။ ”

သွေးနှင့်ချီများ လောင်မြိုက်ကာ ပေတစ်ရာခန့် မြင့်မားလွန်းသော ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်ပါရှိနေသည့် နတ်ဆိုးကြီး ပုံရိပ်ထွက်ပေါ်လာသည်။

ဤသည်မှာ ကျားနဂါးတောင်၏ တားမြစ်နည်းစနစ် - နတ်ဘုရားနဲ့ နတ်ဆိုးများ အမျက်ဒေါသ ဖြစ်၏။

ထိုနည်းစနစ်ကို အသုံးပြုသူများသည် သွေးနှင့်ချီများလောင်ကျွမ်းရသည်။ ယင်းသည် အသက်ရှင်နိုင်ခဲ့လျှင်ပင် တာအိုအုတ်မြစ်မှာ ပျက်စီးသွားနိုင်၏။

ဤနည်းဖြင့် တာအိုအုတ်မြစ်ကို အသစ်တဖန် ပြန်လည်တည်ဆောက်ရပေမည်။ သေရှင်တိုက်ပွဲများ မဟုတ်သော် မည်သူမဆို ဤနည်းစနစ်ကို အသုံးပြုမည်မဟုတ်ချေ။

“ သွား ... ။ ”

ပေတစ်ရာအမြင့်ရှိသော နတ်ဆိုးပုံရိပ်က စုရီအပေါ် ပြေးဝင်တိုက်ခိုက်၏။ ရောင်ဝါသည် ကြောက်စရာကောင်းပြီး လွှမ်းမိုးနေသည်။

ပုံမှန်အတိုင်းသာဆိုသော် ဤသို့ တားမြစ်နည်းစနစ်များဖြင့် ရင်ဆိုင်နေရပါက ရှောင်တိမ်းရန်မှတပါး ရွေးချယ်စရာမရှိချေ။

“ ဖိနှိပ် ... ။”

စုရီက ရုတ်တရက် ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ချောင်းငါးချောင်းဖြင့် တံဆိပ်ခတ်ကာ လေထဲရိုက်ချပစ်သည်။

လေဟာနယ်ထဲတွင် အပြာရောင် ကြယ်ပန်း(၃၆)ပွင့်ပေါ်လာကာ ထူးဆန်းသော ကြယ်ရေဝဲအဖြစ် လေထဲလည်ပတ်လာ၏။

“ ဒါ ... ။ ”

အဝေးမှကြည့်သော် ကြယ်ပွင့်များ ပြည့်နှက်နေသော ကောင်းကင်ကြီးနှင့်တူသည်။ ယခင်သူ့ကျင့်ကြံမှုကြောင့် ဤနည်းစနစ်ကို အသုံးပြုဖို့ရန် အင်အားမရှိခဲ့ချေ။

နက်နဲတာအိုနယ်ပယ် ရောက်ရှိပြီးနောက် သန့်စင်သောမူလချီသည် ၎င်းနည်းစနစ်အတွက် လုံလောက်သော စွမ်းအင်များပေးနိုင်၏။

ဤနည်းစနစ်သည် ကျားနဂါးတောင်၏ လျှို့ဝှက်တားမြစ်အမွေဖြစ်သည့် နတ်ဘုရားနှင့် နတ်ဆိုးများအမျက်ဒေါသကို တု့န့်ပြန်ရန် ရည်ရွယ်လေသည်။

“ ဝူး ... ။ ”

ကြယ်တာရာ ကောင်းကင်သန့်စင်ခြင်းဟု အမည်ရ၏။ ကြယ်ပန်းများသည် စကြဝဠာထဲမှ တွင်းနက်ကြီးများအလား လည်ပတ်သွားပြီး လေဟာနယ်ကို ပြိုကျသွားစေမည်။

စုရီထံ ဝင်ရောက်လာသော နတ်ဘုရားနှင့် နတ်ဆိုးပုံရိပ်များသည် ထိုတွင်းနက်ကြီးအတွင်း မတရားကြိတ်ခွဲခြင်း ခံလာရတော့သည်။

“ ဝေါ့ .. ။ ”

အလင်းမိုးများ ရွာသွန်းလျက် အနက်ရောင်ဝတ်ရုံဝတ်ထားသော အဘိုးကြီးမှ သွေးအန်ပြီး မျက်နှာဖြူဖျော့လာ၏။

“ ဘယ်လောက်တောင် ကြီးကျယ်ခမ်းနားလိုက်တဲ့ ကြယ်တာရာ ကောင်းကင်သန့်စင်ခြင်း နည်းစနစ်လဲ။ ”

အဆုံးတွင် သူ့ခန္ဓာကိုယ်သည် အသွေးအသားများ ခမ်းခြောက်လာနေသော သစ်ခြောက်ပင်ကြီးလို ကွဲအက်လာနေသည်ကို ပြန်ငုံ့ကြည့်ကာ သက်ပြင်းချလိုက်တော့၏။

ဤကပ်ဘေးမှ မလွတ်မြောက်နိုင်တော့ချေ။ သူ့ကျင့်ကြံမှုလမ်းသည် ယနေ့တွင် နိဠိတံသွားပြီ ဖြစ်၏။ အတွေးမဆုံးခင် သူ့မူလဝိညာဉ်သည် ဓားရောင်ဝါအောက်၌ အလင်းမိုးရွာသလို ပျက်ပြယ်သွားလေသည်။

ဤအဖိုးကြီးအမည်မှာ ရှုယုံဖြစ်သည်။ ကျားနဂါးတောင်၏ တောင်ထိပ်သခင်တစ်ပါး ဖြစ်ချေ၏။ သူတို့ကျားနဂါးတောင်အတွက် အမုန်းဆုံးသောနည်းစနစ်သည် ကြယ်တာရာ ကောင်းကင်သန့်စင်ခြင်း နည်းစနစ်ပေပင်။

ထိုစွမ်းအား၏ နှိမ်နင်းမှုအောက်တွင် ကျားနဂါးကျားတောင်၏ အစွမ်းထက်ဆုံးသော နတ်ဘုရားနှင့် နတ်ဆိုးများ အမျက်ဒေါသသည် ကူကယ်ရာမဲ့နေတတ်၏။ အသုံးမဝင်ချေ။

“ ခရစ် ... ။ ”

“ အား ... ။ ”

“ ဘောင်း ... ။ ”

ထိုစဉ်မြွေပွေးအရေခွံ ဝတ်ထားသော အမျိုးသားလက်ထဲရှိ အနက်ရောင်လှံရှည်သည် ကျိုးပဲ့သွားပြီး ဓားရောင်ဝါများက သူ့ကိုသွေးမြူ အဖြစ် ပြောင်းလဲပစ်တော့၏။

သုံးယောက်မြောက်ရွှမ်ယု ဧကရာဇ် သေဆုံးခြင်းပေပင်။ ထိုအရာအားလုံးသည် အရမ်း မြန်ဆန်နေ၏။

“ ဟမ့် ... ။ ”

ထို့ကြောင့် အရောင်အသွေးစုံလင်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးမှ ကြောက်လန့် တကြား ဂူဝင်ပေါက်ဆီလှည့်ပြေးလေသည်။

“ ဝှစ် ... ။ ”

ဤသည်မှာ မိုယွမ်နတ်ဆိုးဂိုဏ်း၏ အမွေဖြစ်၏။ ချက်ချင်း အမျိုးသမီးပုံရိပ်ပေါင်း များစွာသည် ကိုယ်ပွားများကဲ့သို့ ဝင်ပေါက်ဆီသို့ ပြေးထွက်သွားတော့သည်။ ခန့်မှန်းရခက်ပြီး ရပ်တန့်ဖို့ရန် မလွယ်တော့ချေ။

ထိုစဉ် စုရီ၏မျက်ဝန်းများအတွင်း၌ လမင်းတစ်စင်းလင်းလာပြီး ထိုပုံရိပ်များထံသို့ လှည့်ကြည့်လာ၏။ တစ်ဆက်တည်းမှာပင် သူ့လက်ချောင်းများထိပ်မှ ဓားအလင်းတစ်လက် ပြေးထွက်သွားတော့၏။

ယင်းသည် နတ်ဘုရားများကို သတ်နိုင်သည့် အဖျက်စွမ်းအားများပေပင်။ ကြယ်မြစ်ကြီးကဲ့သို့ ရွေ့လျားပြိုကျသွား၏။

“ မလုပ်နဲ့ ... ။ ”

အမျိုးသမီး ပုံရိပ်များစွာတို့သည် ကြယ်မြစ်ကြီးကို မြင်ချိန်၌ ထိတ်လန့်စွာဖြင့် အော်ဟစ်လိုက်ကြ၏။

သို့သော် လှိုင်းထန်နေသော မြစ်ရေပြင်ထဲနစ်မြုပ်သွားသည့် တစ်စုံတစ်ရာ အလား ပဲ့ကြွေပျောက်ကွယ်သွားချေပြီ။

“ ရှဲ့ကျစ်မျိုးနွယ်ရဲ့ လဝိညာဉ်မျက်လုံး ... ။ ”

ထိုမြင်ကွင်းကို ကြည့်ကာ ယီလောင်မှ မျက်လုံးပြူးသွားသည်။ တာအိုတစ်သောင်းကို ကျွမ်းကျင်ပြီး ကောင်းကင်ဘုံဥပဒေများအားလုံး နားလည်နိုင်သော နတ်ဓားရှင်ဟူသည့်ဘွဲ့သည် အမှန်တကယ်ပင် ထိုက်တန်နေချေပြီ။

သူ့အမြင်၌ ပြင်းထန်သော တိုက်ပွဲ မဟုတ်ခဲ့ချေ။ အရိုင်းမြေကိုးပါး၏ ထိပ်တန်း ဘီလူးအိုကြီးများသည် သိုးသငယ်များအလား အသတ်ခံရမည့်အရေးကို ရုန်းကန်နေရသည့် အမဲလိုက်ပွဲကြီးပေပင်။

အဆိုပါမြင်ကွင်းကို ကမ္ဘာပေါ်ရှိ မည်သည့် ဧကရာဇ်မဆို မြင်တွေ့နိုင်သော် အလွန်အမင်း အံ့အားသင့်ကြမည်မှာ သေချာချေ၏။

ယခင်နှင့် နှိုင်းယှဉ်သော် ဟော်ယောင်း၏ လက်ရှိအသွင်အပြင်သည် အလွန်သနားစရာ ကောင်းနေတော့သည်။

သူ့ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး ခန္ဓာကိုယ်အနှံ့သွေးများ စွန်းထင်းခြောက်သွေ့ လာကာ မျက်နှာဖြူဖျော့နေ၏။

“ ဒူးထောက် ... ။ ”

“ မဟုတ်ဘူး ... ။ ”

“ ဒုန်း ... ။ ”

စုရီက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။ ကျယ်လောင်သော မြည်သံနှင့်အတူ မျက်နှာပြင် ရှုံ့မဲ့လျက် ဒူးထောက်ကျသွား၏။ နာကျည်းမှု၊ မလိုလားမှု၊ ရှက်ရွံ့မှုများ ထင်ဟပ်လာသည်။

အဆုံး၌ အံကြိတ်လျက် ခေါင်းပြန်မော့ကြည့်ကာ၊

“ ဆရာ၊ အဲဒီမွေးရာပါ မီးတောက် အရင်းအမြစ်ကနေ ဒီတပည့်ကို ခေါ်လာခဲ့တာ ဆရာကိုယ်တိုင်ပဲ မဟုတ်လား ... ဒါဆို မင်း တကယ်ပဲ သတ်တော့မှာလား။ ”

-ဟု မေးမြန်းလိုက်၏။

သူ့ခေါင်းပေါ်တွင် လေးလံသော ဖိအားများကြောင့် ဒူးထောက်နေလျက်ဖြင့် တဆတ်ဆတ်တုန်ခါနေ၏။ စုရီမှ လေထဲ ရပ်တန့်ကာ ပြန်မဖြေချေ။

“ ဆရာ၊ တပည့်မှားတယ်ဆိုတာ နားလည်ပါပြီ ... တပည့်ကိုဘယ်လိုအပြစ်မျိုးပဲ ပေးပေး ... ကျေကျေနပ်နပ်ခံယူပါ့မယ် ... ကျေးဇူးပြုပြီး မသတ်ပါနဲ့ ... ။ ”

နှုတ်ခမ်းများတုန်ခါလျက် သွေးစွန်းနေသောမျက်နှာဖြင့် မော့ကြည့်ကာ မျက်ရည်များဝဲလာခဲ့၏။

ဤသည်မှာ နောင်တရခြင်းသည်လော။ ကြောက်ရွံ့ခြင်းသည်လော ခွဲခြား၍မရနိုင်ခဲ့ချေ။ သေချာသည်မှာ မောက်မာလွန်းသောမာနသည် နုတ်ယူလိုက်သလို ပျောက်ကွယ်သွား၏။

“ ဆရာ ... ။ ”

ယင်းသည် အကျဉ်းသားတစ်ဦးကဲ့သို့ နှိမ့်ချစွာငိုကြွေးလျက်ဖြင့် အသက်ရှင်သန်ဖို့ရန် အခွင့်အရေးတောင်းနေခြင်းပေပင်။

စုရီမှလျစ်လျူရှုထားပြီး မြေပြင်တွင် ဒူးထောက်နေသော သူ့တပည့်ကို ငုံ့ကြည့်ကာ၊

“ ငါဘာလို့ ပြန်လည်ဝင်စားပြီး ဘဝအသစ်ပြန်စခဲ့တာလဲ မင်းသိလား။ ”

-ဟု မေးမြန်းလိုက်၏။ ဟောင်ယောင်း မဖြေနိုင်ခင်မှာပင် စုရီက သူ့စကားကိုဆက်ပြော လိုက်သည်။

“ ငါ့ရဲ့အရင်ဘဝမှာ အားနည်းချက်တွေ အများကြီးရှိတယ် ဒါကြောင့် ... ဘုန်းအသရေနဲ့ အောင်မြင်မှုတွေအားလုံးကို စွန့်လွှတ်ပြီး ပြန်စဖို့အတွက် ရွေးချယ်ခဲ့တာပဲ ...

... အဲဒီတုန်းက မင်းရဲ့ကျင့်ကြံမှုကို ငါဖိနှိပ်ခဲ့တာလည်း ငါ့လိုအမှားမျိုးတွေ မင်းမှာ မမြင်ချင်လို့ ...

... မဟုတ်လို့ မင်းနှလုံးသားထဲက ကြမ်းကြုတ်မှုကို မဖယ်ရှားနိုင်ရင် ရွှမ်ဟဲအဆင့် ဝင်ရောက်ဖို့ ကြိုးစားတဲ့အခါ မင်းအတွက် အရာအားလုံး ဆုံးရှုံးသွားလိမ့်မယ် ... ။ ”

ဤနေရာအရောက်တွင် ဟော်ယောင်းမှ အနည်းငယ်တုန်ယင်လာ၏။ စုရီက သူ့ကိုယ်သူ လှောင်ပြုံးများဖြင့် ဆက်ပြောလိုက်သည်။

“ ဒါပေမယ့် အခုတော့ ငါမင်းကို လုပ်ဆောင်ပေးခဲ့သမျှ ထိခိုက်သွားစေပုံရတယ် ဒါက မင်းရဲ့အတွင်းနတ်ဆိုးကိုဖယ်ရှားဖို့ ...

... မကူညီနိုင်ရုံသာမက ငါ့ကိုတောင် အရိုးထိအောင် မုန်းတီးစေခဲ့မိတယ် ကြည့်ပါဦး အကျိုးဆက်က ဒီနေ့မှာ ဘယ်လောက်တောင် ရယ်စရာ ကောင်းလိုက်လဲ ...

... ဆရာနဲ့တပည့် တစ်ယောက်ကို တစ်ယောက် အချင်းချင်းပြန်သတ်သတ်ဖို့ ကြိုးစားနေလိုက်ကြတာ။ ”

***

All Chapters