← Chapters

ငါ့ရဲ့ သုံးဘဝပြန်ဝင်စားခြင်း ကျောက်တုံးကို လုယက်ဖို့ အော်ဟစ်နေတာ ဘယ်သူလဲ။  

Vol. 67 Ch. 795

ငါ့ရဲ့ သုံးဘဝပြန်ဝင်စားခြင်း ကျောက်တုံးကို လုယက်ဖို့ အော်ဟစ်နေတာ ဘယ်သူလဲ။  

Vol. 67 Ch. 795

( ဆရာနှင့်တပည့် တစ်ယောက်ကို တစ်ယောက် သတ်ရန် ကြိုးစားနေခြင်းလော။ မည်မျှရယ်စရာ ကောင်းလိုက်သနည်း။)

အထက်ပါဝါကျများကို ကြားလိုက်ရသောအခါ ယီလောင်တစ်ယောက် ဝမ်းနည်းကြေကွဲစွာဖြင့် ဖော်ပြ၍မရသော ဝေဒနာများ ခံစားလိုက်ရသည်။

ဆရာသခင်သည် တပည့်တစ်ဦး တစ်ယောက်ကိုမျှ ရက်စက်စွာ ဆက်ဆံခြင်း မပြုခဲ့ဖူးကြောင်း သူသတိရလာ၏။

သတ္တမမြောက်တပည့် ရွှမ်နင်သည် ဉာဏ်ရည်နည်းပါးပြီး ဂိုဏ်းသို့ဝင်ရောက်လာစဉ် အခြားတပည့်များထက် များစွာနောက်ကျ ကျန်ရစ်ခဲ့သည်။

သို့သော် ဆရာသည် ရွှမ်နင်၏ အားနည်းချက်ကို လုံ့လဝီရိယဖြင့် ဖြည့်ဆည်း နိုင်ကြောင်း၊ အနာဂါတ်တွင် ကြီးမားသော အောင်မြင်မှုများ ရရှိနိုင်ကြောင်း ပြောကြားခဲ့၏။

ရေစီးကြောင်းဟူသည် ပထမဖြစ်လာရန် မဟုတ်ဘဲ အဆုံးမဲ့စီးဆင်းရန်သာဖြစ်ကြောင်း ရှင်းပြပေးခဲ့သည်။

ပဉ္စမမြောက် တပည့်ဝမ်ချွယ်သည် သွေးထွက်သံယိုအမှုများစွာဖြင့် ဝမ်းနည်းဖွယ် အတိတ်တစ်ခုရှိ၏။

ထို့ကြောင့် သူ့ရန်သူများအကြောင်း လျှို့ဝှက်စွာ စုံစမ်းပေးပြီး လက်စားချေနိုင်ရန် ကူညီပေးသည်။

ဒုတိယတပည့် ကျင်းရှင်းအတွက်မူ နူးညံ့သိမ်မွေ့ပြီးနှိမ့်ချကာ သတ်ဖြတ်ခြင်းကို မနှစ်သက်ခဲ့ချေ။

ထို့ကြောင့် တစ်ခါက ခရီးသွားနေစဉ် နတ်ဆိုးဂိုဏ်းမှ မြေခွေးအိုကြီးများမှ တာအို ဆွေးနွေးပွဲဟူသော အကြောင်းပြချက်ဖြင့် အနိုင်ကျင့်ခဲ့ဖူးသည်။

သတင်းကြားသည့်နှင့် ချက်ချင်း ကျင့်ကြံရာမှထွက်လာကာ ထိုအဖိုးကြီးများကို ကလေးတစ်ယောက်လို ရိုက်နှက်ခဲ့၏။ ငိုယိုတောင်းပန်မှသာ ရပ်နားသွားသည်။

ဤဟော်ယောင်းအတွက်လည်း ငယ်စဉ်တည်းကဂိုဏ်းထံခေါ်ပြီး တလျှောက်လုံး ဘေးတွင်ထားရှိခဲ့၏။ အခုမူ ဟော်ယောင်းသည် မြေပြင်တွင် ဒူးထောက်ကာ ကြောက်ရွံ့စွာဖြင့် အသက်ရှင်ခွင့်ကို တောင်းခံနေသည်။

ထိုမြင်ကွင်းသည် ဆရာသခင်မဆိုနှင့် သူ့ကိုပင် ခံစားချက်များ ရောထွေးလာစေ၏။ တစ်ဖက်တွင် ဟော်ယောင်းသည် မျက်ရည်များ စီးကျလျက်၊

“ ဆရာ၊ ဒီတပည့်မှားပါတယ်၊ ဒီတပည့် နောက်တစ်ခါ ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး။ ”

-ဟု တောင်းပန်နေတော့သည်။ စုရီတစ်‌ယောက် ခဏမျှ တိတ်ဆိတ်သွား ပြီးနောက်၊

“ ဒီခရီးကိုထွက်လာတာ မင်းရဲ့ ကိုယ်ပိုင်ဆန္ဒလား ... ပင်းမိုရဲ့ အမိန့်လား။ ”

-ဟု မေးမြန်းလိုက်၏။ ဟောင်ယောင်းက တွန့်ဆုတ်သွားပြီး၊

“ အစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ပါ။ ”

-ဟု ပြန်ဖြေသည်။

“ ငါ ... ဒီကို လာလိမ့်မယ်လို့ ဘာလို့ဒီလောက်တောင် သေချာနေရတာလဲ။ ”

“ အစ်ကိုကြီးက အစကတော့ ငါတို့အားလုံးကို ပြန်လည်ဝင်စားခြင်းအတွက် စုံစမ်းဖို့လွှတ်လိုက်တာပါ ...

... ဒီရောက်တော့ မက်မွန်တောင်သခင်က ... မြေအောက်ကမ္ဘာသင်္ချိုင်းမှာ ဆရာသုံးနှစ်ကြာ ပိတ်မိနေခဲ့ဖူးကြောင်း ပြောခဲ့ပါတယ် ...

... ဒါကြောင့် သူနဲ့အတူ ငါတို့အားလုံး နာကျည်းခြင်းပင်လယ်ဆီ ရောက်လာပါတယ် အဲဒီမှာ တစ္ဆေမီးအိမ်ကျောက်ခေါင်းတလားရဲ့ အမွေဆက်ခံသူကိုဖမ်းမိပြီး သူ့ဝိညာဉ်ကနေ ဆရာ့အကြောင်း သဲလွန်စတချို့ရခဲ့ပါတယ် ...

... ဒါကြောင့်လည်း အချက်အလက်တွေ အားလုံးကို ကောက်ချက်ချလိုက်ရင် ဆရာသာ တကယ်လို့ ပြန်လည်ဝင်စားလာနိုင်ရင် ...

... နာကျည်းခြင်း ပင်လယ်ပြင်မှာ မြေအောက်ကမ္ဘာသင်္ချိုင်း ပြန်ပေါ်လာတာကို ကြားတာနဲ့ အရောက်လာလိမ့်မယ်လို့ ငါတို့ကောက်ချက်ချလိုက်တာပါ။”

“ မက်မွန်တောင် သခင်ဘယ်မှာလဲ ... ။ ”

ဟော်ယောင်း ခေါင်းငုံ့သွားပြီး၊

“ ဒီလူက ငါ့တို့ရဲ့နောက်ကွယ်က ရည်ရွယ်ချက်တွေအပေါ် သံသယဝင်လာပြီး မြေအောက်ကမ္ဘာသင်္ချိုင်းကို ရောက်တာနဲ့ ထွက်ပြေးသွားပါတယ် ဒီနေ့အထိ... သူ့ကို ပြန်မတွေ့ရတော့ပါဘူး။ ”

“ ဟမ့် ... ။ ”

စုရီတစ်ယောက် နှာမှုတ်လိုက်၏။

“ ဆရာ၊ ခင်ဗျားရဲ့တပည့်က အတိတ်ကလုပ်ရပ်တွေအတွက် နောင်တရပြီး စိတ်ရင်းမှန်နဲ့ တောင်းပန်နေတာပါ ... ဘာလို့ တပည့်ကို အခွင့်အရေးမပေးနိုင်ရတာလဲ။ ”

ဟော်ယောင်းအသံတွင် ရူးသွပ်မှုများ ရောယှက်လာသည်။ စုရီက စကားတစ်လုံးမှ မပြောသေးဘဲ စိုက်ကြည့်လိုက်၏။

ထိုသို့ ဆရာသခင်၏ တည်ငြိမ်သော အမူအရာကြောင့် ဟောင်ယောင်းတစ်ယောက် မျှော်လင့်ချက်များပြိုလဲကာ ခံပြင်းသော အမူအရာမျိုးဖြင့်၊

“ ဟားဟားဟား ... ကောင်းပြီ၊ ဆရာ ... မင်းက မင်းရဲ့တပည့်ကိုသတ်ချင်နေရင် လုပ်ပါ အဲဒီအချိန်ကျရင် အရိုင်းမြေကိုးပါးက လူတိုင်း ငါတို့ဆရာဘယ်လောက်တောင် ရက်စက်ပြီး နှလုံးသားမဲ့ခဲ့လဲဆိုတာ သိရလိမ့်မယ်။ ”

-ဟု ပြောကြားလိုက်၏။

ထိုစကားများကြောင့် အဝေးတွင် ရပ်နေသော ယီလောင်မှ မျက်မှောင်ကြုတ်ပြီး၊

“ ဆရာ၊ ကျွန်တော်လုပ်ပေးမယ် ... ဒီဟောင်ယောင်းကို အခုသွားခွင့်ပြုလိုက်ပါ။ ”

-ဟု ဝင်ရောက်ပြောကြားလိုက်၏။

ဤဟော်ယောင်း၏ စကားများသည် ဆရာသခင်မဆိုနှင့် သူ့နှလုံးသား၌ပင် ဖော်ပြ မရသော ဒေါသများနှင့် ပြည့်နှက်လာစေသည်။

ဆရာကိုပြန်သတ်ရန် ကြံစည်နေသော ဤသစ္စာဖောက်တပည့်သည် ဆရာသခင်အပေါ် နှလုံးသားမဲ့သည်ဟူသော အသုံးအနှုန်းဖြင့် စွပ်စွဲဝံ့နေ၏။

မည်မျှမိုက်မဲကာ ယုတ်ညံ့သနည်း။ စုရီမှ အသက်ပြင်းပြင်းရှူလျက် စိတ်ပျက်မှုကို ချိုးနှိမ် ပစ်လိုက်၏။

ထို့နောက် တွန့်ဆုတ်မနေတော့ဘဲ တာအိုတံဆိပ်တစ်ခုပြုလုပ်ကာ ဟောင်ယောင်း ခေါင်းပေါ် ဖိကျလိုက်သည်။

“ ခရစ် ... ။ ”

ခဏအတွင်းမှာပင် ဖန်ခွက်တစ်လုံး ကွဲအက်ကဲ့သို့ အသံကြားရပြီး ဟောင်ယောင်း၏ ရွှန်ယုအဆင့်အုတ်မြစ်သည် ချက်ချင်းလျော့ကျ ပျောက်ကွယ်သွားတော့၏။

ကြည့်ကောင်းသော မျက်နှာသည် နှစ်ပေါင်းများစွာကုန်လွန်သကဲ့သို့ အိုမင်းကာ အသားအရေလျော့ရဲလာသည်။

“ အား ... ငါ့ကျင့်ကြံမှု ငါ့ကျင့်ကြံမှု။ ”

ဟောင်ယောင်းတစ်ယောက် ရှုပ်ပွသွားပြီး စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်၏။ မျက်ဝန်း၌ အမုန်းမီးလျှံများ တောက်လောင်လျက်၊

“ စုရွှမ်ကြွယ်၊ မင်း အရမ်းရက်စက်တယ် ငါနားလည်ပြီ မင်းရဲ့အမုန်းတရားကို ဒီလိုနည်းနဲ့ ထုတ်ဖော်နေတာ ... ငါ့ကိုတမင်တကာ နှိပ်စက်နေတာ ...

... ဟားဟားဟား ... မင်းငါ့ကို နင်းချေချင်နေတာ ငါ့ကိုသေချင်လောက်အောင် အရှက်ရစေချင်တာ ဟားဟားဟား။ ”

-ဟု အော်ဟစ်တော့သည်။

ထိုသို့ ရူးသွပ်နေသော အသွင်ကို စိုက်ကြည့်လျက် စုရီမှ မသက်မသာဖြစ်မှုများ ပျောက်ကွယ်သွား၏။

“ ကောင်းပြီ ... မင်းအတွက် ငါ့ဟာ မင်းရဲ့နှလုံးသားထဲက ဖျောက်ဖျက်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ဖြစ်လာနေပြီဆိုတော့ ငါတို့ရဲ့အတိတ်က အရာအားလုံးကို မေ့ပစ်လိုက်ရအောင်။”

စကားဆုံးသည်နှင့် ရူးသွပ်နေသော တပည့်ငယ်၏ နဖူးပေါ် လက်ညှိုးတင်လိုက်၏။ မန်ပိုနန်းတော်၏ ဝိညာဉ်ဖယ်ရှားခြင်း နည်းစနစ် အသက်ဝင်လာသည်။

နှလုံးသား အိပ်မက်ဆိုးကျမ်းသည် တစ်ဖက်လူ၏မှတ်ဉာဏ်များကို ဖျက်ပစ်နိုင်ပြီး စိတ်ဝိညာဉ်ကို ခြယ်လှယ်နိုင်၏။ များမကြာခင် စုရီက သူ့လက်ညှိုးကို ပြန်ရုပ်သိမ်းသည်။

အကျိုးဆက်အနေဖြင့် ဟောင်ယောင်းတစ်ယောက် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားပြီး မေ့မြောသွား၏။

“ ဆရာ၊ ဘာလို့ မသတ်တာလဲ။ ”

ယီလောင်မှ မမေးဘဲ မနေနိုင်ချေ။ စုရီက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေစေသော အသွင်အပြင်မျိုးဖြင့်၊

“ နောက်ဆုံးတော့ ငါတို့က ဆရာနဲ့ တပည့်တွေပဲမဟုတ်လား ... သူ့ကိုမွေးစားခဲ့တာ ငါကိုယ်တိုင်ပါ ... ဒါကြောင့် အရမ်းစိတ်ပျက် နေရင်တောင် သူ့ကိုသတ်ပစ်ဖို့အထိတော့ ငါ မပြတ်သားနိုင်သေးဘူး။ ”

-ဟု ပြန်လည်ပြောကြားလိုက်၏။

ယီလောင်တစ်ယောက် တိတ်ဆိတ် သွားလေသည်။ သစ္စာဖောက်တစ်ယောက်၏ လုပ်ရပ်များကြောင့် ဆရာသခင်ခမျာ နှလုံးသားကွဲကြေနေရချေပြီ။

“ သူ့ဝိညာဉ်ကနေ ငါ့အကြောင်း အမှတ်တရတွေအားလုံးကို ဖျက်ပစ်လိုက်ပြီ အခုချိန်ကစပြီး သူ့ဘာသာ ...

... ဒီလောကအတွင်းမှာ ရှင်သန်ပါစေ ... ငါမှာဒီတပည့် မရှိခဲ့ဘူးလို့ပဲ နေလိုက်ရအောင် မင်းပြန်ရင် သူ့ကိုနာကျည်းခြင်းပင်လယ်ကနေ ခေါ်သွားပေးပြီး ထားခဲ့လိုက်ပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့နောက် စုရီသည် သွေးနီရောင် ကောင်းကင်ဓားကို ပြန်လည်သိမ်းဆဲလိုက်ကာ ကူကျန်းမင်ထံ လှည့်ကြည့်လိုက်၏။

ဤပင်းမိုတပည့်သည် တိုက်ပွဲများထံ သက်သေပြုခွင့်ရပြီးနောက် ထိတ်လန့်စွာဖြင့် တည်ငြိမ်မှု လုံးဝပျောက်ဆုံးနေပြီဖြစ်၏။

“ ဘိုး ... ဘိုးဘေး ... ဒီမြေးတပည့်ရဲ့အသက်ကို ချမ်းသာပေးပါ။ ”

စုရီမှ သူ့ထံကြည့်လာသည်ကို သတိပြုမိသောအခါတွင် မြေပြင်ပေါ် ချက်ချင်း ဒူးထောက်လျက် ထစ်ထစ်ငေါ့ငေါ့ တောင်းပန်တော့သည်။

“ မင်း ... ငါဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်ပြီးသား မဟုတ်လား။ ”

“ ဒါ ... ဒါက ထင်ကြေးလောက်ပဲရှိတာပါ။ ”

စုရီမေးခွန်းကို ကူကျန်းမင်မှ တုန်ရီနေသောအသံဖြင့် ပြန်ဖြေ၏။ စုရီက မျက်မှောင်ကြုတ်လျက်၊

“ တခြားသူတွေရော ဘာလို့ မသိရတာလဲ။ ”

-ဟု ထပ်မေးသည်။ ကူကျန်းမင်မှ ချက်ချင်းပြန်မဖြေနိုင်ဘဲ တွန့်ဆုတ်သွား၏။ ယီလောင်က ရပ်ကြည့်မနေနိုင်တော့ဘဲ၊

“ ဆရာ၊ အဲဒီနှစ်တွေတစ်လျှောက်လုံးမှာ ငါတို့ရဲ့အစ်ကိုကြီးတည်ထောင်ခဲ့တဲ့ ရွှမ်ကြွယ် မဟာမိတ်အဖွဲ့ဟာ ဆရာ့အမည်အောက်မှာ အမြဲလှုပ်ရှားနေခဲ့ပါတယ် ...

... အဲဒီရွှမ်ကြွယ်မဟာမိတ် အဖွဲ့ဝင်တွေ မပြောနဲ့ အစ်ကိုကြီးရဲ့ တပည့်တွေကတောင် သူတို့ကိုယ်သူတို့ ဆရာ့ရဲ့ဆက်ခံသူအဖြစ် ယူဆကြပါတယ် ...

... လူတိုင်းက ဆရာ့အပေါ် လေးစားကြပြီး ဒီလိုအခြေအနေမျိုးမှာ ဒီနေ့သူတို့ရင်ဆိုင်ရမယ့် ရန်သူက ဆရာဆိုတာသာသိကုန်ရင် အားလုံး ရှုပ်ထွေးသွားရပါလိမ့်မယ်။ ”

ထို့နောက် ယီလောင်က သူ့ကိုယ်သူ လှောင်ပြောင်မှုများနှင့် ပြည့်နှက်နေသော အပြုံးမျိုးဖြင့်၊

“ ဒီတစ်ကြိမ်မှာ မြေအောက်ကမ္ဘာ သင်္ချိူင်းကို ရောက်လာတာ ဆရာ့ကိုကိုင်တွယ်ဖို့ ဆိုတာ တပည့်တောင် မသိခဲ့ရပါဘူး။ ”

“ နားလည်ပြီ ... ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ဝင်တွေထဲက လူအနည်းငယ်လောက်ကိုပဲ သူသစ္စာဖောက်ခဲ့တာကို ပင်းမိုက အသိပေးပုံရတယ်။ ”

“ ဒီလိုဖြစ်သင့်ပါတယ် တပည့်ကိုတောင် အစ်ကိုကြီးက လျှို့ဝှက်ထားပြီး အငယ်ဆုံးညီမ သစ္စာဖောက်ခဲ့တာမို့ ကောင်းကင်လှိုဏ်ဂူကို ပြန်သိမ်းရမယ်လို့ ပြောဖူးပါတယ် ...

... ဆရာချန်ထားခဲ့တဲ့ ရတနာတွေကိုလည်း သူမပဲသိမ်းသွားတယ်လို့ ပြောပါတယ် ဒါပေမယ့် အခုတော့ ဘယ်သူထင်မှာလဲ ... ။ ”

ယီလောင်မှ သက်ပြင်းချပြီး ဆက်မပြောနိုင်တော့ချေ။ ဟော်ယောင်းသည် ဆရာသခင်၏ ရတနာမြောက်များစွာတို့ကို ပိုင်ဆိုင်ထားကြောင်း မြင်ခဲ့ရ၏။

“ ဒါဆို မင်းရဲ့အငယ်ဆုံးညီမက သစ္စာဖောက်လို့ရော မင်းတကယ်ထင်လား။ ”

ဤတစ်ကြိမ်တွင် ယီလောင်မှ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့ ပြီးနောက် အဆုံး၌ခေါင်းခါရမ်းကာ၊

“ ဒီနေ့ဖြစ်ရပ်တွေအပြီးမှာတော့ ဟောင်ယောင်းနဲ့ ပင်းမိုရဲ့အစစ်အမှန်မျက်နှာကို မြင်ခွင့်ရခဲ့ပါတယ် ဒီတပည့်က ပေါ့ပေါ့တန်တန် မပြောဝံ့တော့ပါဘူး။ ”

-ဟု တုန့်ပြန်လိုက်၏။

ယနေ့ဖြစ်ပျက်သမျှသည် သူ့အပေါ် ကြီးမားသော သက်ရောက်မှုရှိသည်ကို သံသယ ဖြစ်စရာမလိုချေ။ စုရီက ကူကျန်းမင်ထံ ပြန်လှည့်ကြည့်ကာ၊

“ မင်းက ငါဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်တာတောင် ငါ့ကိုတိုက်ခိုက်ရဲတယ် တကယ့်ကို သတ္တိရှိတာပဲ။ ”

-ဟု မှတ်ချက်ပေးလိုက်၏။ ကူကျန်းမင်တစ်ယောက် တစ်ခုခုမှားနေသည်ကို သဘောပေါက်သွားကာ ကြောက်လန့်တကြား ဦးညွှတ်လျက်၊

“ ဘိုးဘေး ... အသက်ကို ချမ်းသာပေးပါ ... ဒီမြေးတပည့်က ဒီညလုပ်ခဲ့တာတွေအားလုံးက ဦးလေးဆရာရဲ့ အမိန့်အရပါ၊ သူ ... ။ ”

“ ဟမ့် ... ဆင်ခြေအမျိုးမျိုးပေးဖို့ ... တကယ်ဝံ့သလား မင်းကသေထိုက်တယ်။ ”

“ ဝှစ် ... ။ ”

“ စွပ် ... ။ ”

ဘေးမှ ရပ်ကြည့်နေသော ယီလောင်မှ ခံစားချက်မကောင်းတော့သဖြင့် ဓားအလင်းကို လက်လှိုင်းဖြင့်ထုတ်လွှတ်ပြီး ကူကျန်းမင်၏ လည်ပင်းထံ ထိုးဖောက်သတ်ပစ်လိုက်၏။

စုရီမှ သူ့အပြုအမူများအပေါ် စကားမဆိုခဲ့ချေ။ အဝေးရှိ ကြေးဝါနန်းတော်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် အဆုံး၌အကြည့်လွှဲလိုက်ကာ၊

“ ပစ္စည်းတွေ သိမ်းလိုက် ငါတို့သွားရအောင်။ ”

-ဟု အမိန့်ပေးလိုက်၏။

“ ဟုတ်ကဲ့ ... ။ ”

များမကြာခင် တားမြစ်စွမ်းအင်များ ပြည့်နှက်နေသော လမ်းစဉ်ခြောက်ပါးဂူသည် ပြန်လည်တိတ်ဆိတ်သွားပြီး သတိလစ်နေသော ဟော်ယောင်းသာလျှင် ကျန်ရစ်ခဲ့သည်။

တောက်ပသောလမင်းသည် ကောင်းကင်တွင် မြင့်မားစွာ ချိတ်ဆွဲထားပြီး လေထုအလယ် မြူများပြည့်နှက်နေ၏။

ဂူအတွင်းမှ ထွက်လာပြီးနောက် စုရီက ဝမ်းနည်းမှုကိုဖယ်ရှားရန် ကြိုးစားနေသကဲ့သို့ အသက်ပြင်းပြင်းရှူကာ ဝိုင်အိုးတစ်လုံးကို ထုတ်သောက်လိုက်သည်။

“ ဆရာ၊ ဟော်ယောင်းလို သစ္စာဖောက် တစ်ယောက်အတွက် ဝမ်းနည်းပူဆွေးနေစရာ မလိုပါဘူး ... တပည့်သာဆိုရင် ဓားတစ်ချက် တည်းနဲ့ သတ်ပြီးသားဖြစ်လိမ့်မယ်။ ”

ယီလောင်မှ စိတ်မကောင်းစွာဖြင့် နှစ်သိမ့်လိုက်လေသည်။ စုရီက မလှုပ်မယှက် အဝေးသို့ငေးကြည့်၏။

“ ပြီးတော့ ဒီအချိန်က တပည့်တို့တွေ ပြန်လည်ဆုံစည်းရတဲ့အချိန်ပဲ ပျော်ရွှင်စရာ အခါသမယတစ်ခုပါ ... အဲဒီတုန်းက ဆရာ့သတင်းကြားချိန်မှာ ...

... တပည့်မှာ ဘယ်လောက်တောင် ဝမ်းနည်းကြေကွဲခဲ့ရလဲ ... ပုန်းအောင်းပြီး အကြိမ်ကြိမ် ငိုကြွေးခဲ့ရတယ် ...

... အခု ဆရာ့ကိုမြင်တော့မှသာ အရင်ကထက်ပိုပြီး သန်မာနေတာမို့ အရမ်း ဝမ်းသာရပါတယ်။ ”

ဟော်ယောင်းမှ ပြုံးလျက် နှစ်သိမ့်လိုက်ပြန်၏။ သို့သော် စုရီမှထူဆန်းစွာ သူ့ကိုပြန်ကြည့်လိုက်ပြီး၊

“ ဒါပေမယ့် မကြာသေးခင်က တစ်ယောက်ယောက် ငါ့သုံးဘဝပြန်ဝင်စားခြင်း ကျောက်တုံးတွေကိုလုယူဖို့ အော်ဟစ်နေတာကို ငါမှတ်မိနေသေးတယ်။ ”

-ဟု ပြောကြားလိုက်သည်။

“ ဒါက ... ။ ”

ယီလောင်ခမျာ ချက်ချင်း ရှက်ရွံ့ပြီး အလွန်ကသိကအောက် ဖြစ်ဟန်ဖြင့် ခေါင်းငုံ့ သွားတော့သည်။

အမှန်ပင် ထိုအချိန်ကို ပြန်သတိရကာ သူ့ကိုယ်သူအရူးတစ်ယောက်ကဲ့သို့ အကြိမ်ကြိမ် ပါးရိုက်ချင်လာ၏။

“ သွားကြစို့ ... ငါနဲ့အတူ လိုက်ခဲ့ပါ။ ”

အဆိုပါအမူအရာက စုရီကို စိတ်ပြေလျော့သွားစေသည်။ သူ့လက်များကို ကျောတွင်ပို့ထားလိုက်ပြီး ခြေလှမ်းကျဲကျဲဖြင့် လှမ်းထွက်လိုက်တော့၏။

ကြက်ဖအိုကြီးသည် မြေအောက် ကမ္ဘာသင်္ချိုင်းသို့ရောက်ရှိပြီးနောက် နတ်ဘုရား သင်္ချိုင်းမြေသို့ ထွက်ပြေးသွားကြောင်း ကြားသိထားသည်။

ထိုအရပ်တွင် ယခင်ဘဝသူ့ခွန်အား အထွတ်အထိပ်ဖြင့်ပင် သုံးနှစ်ခန့်ပိတ်မိခဲ့ဖူး၏။ ယင်းကြောင့် ကြက်ဖကြီးကို စိတ်ပူမိသည်မှာ သဘာဝပေပင်။

***

All Chapters