← Chapters

တပည့်ကိုးဦးနှင့် ကောင်းကင်လှိုဏ်ဂူ ... ။

Vol. 67 Ch. 796

တပည့်ကိုးဦးနှင့် ကောင်းကင်လှိုဏ်ဂူ ... ။

Vol. 67 Ch. 796

ကျိုးပဲ့နေသော ဝိညာဉ်တောင်ကြော။ နင်ရွှမ်း၊ ရှန်ကွမ်းကျဲနှင့် ချန်ထျန်းကွန်တို့သည် စိုးရိမ်တကြီး စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ထိုစဉ် ယီလောင်ပုံရိပ်သည် လေထဲတွင်ပေါ်လာ၏။

“ ဦးလေးဆရာ ... ။ ”

လူတိုင်းအံ့အားသင့်ကုန်သည်။ ယီလောင်ကသူတို့ကို စကားပြောခွင့်မပေးချေ။ အခန်းအတွင်းဝေ့ကြည့်လျက်၊

“ မင်းတို့နဲ့ပါလာတဲ့ တခြားသူတွေဘယ်မှာလဲ။ ”

“ သူတို့အားလုံး ဆုတ်ခွာသွားကြပါပြီ။ ”

နင်ရွှမ်းက တွန့်ဆုတ်ခြင်းမရှိဘဲ ပြန်ဖြေသည်။

“ သူတို့ တကယ်မြန်တယ်။ ”

ယီလောင်မှ အေးစက်စက် အပြုံးတစ်ပွင့်ဖြင့် မှတ်ချက်ပေး၏။ ထိုသူများသည် အရိုင်းမြေရှိ အဓိကတာအိုဂိုဏ်းကြီး ခြောက်ဂိုဏ်းမှ ဇာတ်ကောင်အချို့သာဖြစ်သည်။ လွတ်မြောက် သွားလျှင်ပင် ပြဿနာတစ်စုံတစ်ရာမရှိချေ။ ထို့ကြောင့် လျစ်လျူရှုလိုက်၏။

“ ဦးလေးဆရာ ... ငါတို့ကို စုရီလို့ခေါ်တဲ့လူတစ်ယောက်က သတ်ဖို့ ကြိုးစားနေပါတယ် ... ။ ”

“ ငါသိပြီးသားပါ မင်းပြောနေတဲ့ စုရီလို့ခေါ်တဲ့လူက ... တကယ်တော့ မင်းတို့ရဲ့ ဘိုးဘေးပဲ။ ”

“ မဖြစ်နိုင်တာ ... ။ ”

“ ဘယ်လိုလုပ် ဘိုးဘေးလဲ။ ”

လူတိုင်း မယုံကြည်နိုင်ဖြစ်ကုန်၏။ ထိုမြင်ကွင်းကြောင့် ယီလောင်တစ်ယောက် သက်ပြင်းချလိုက်သည်။ ဤကလေးများသည် သူတို့ဆရာသခင်ဖြစ်သော ပင်းမို၏ လက္ခဏာ အမှန်ကို မသိကြောင်း သေချာနေ၏။

“ ငါပြောမယ့် အကြောင်းအရာက မင်းတို့လက်ခံဖို့ခက်ခဲပေမယ့် ဒါအမှန်တရားမို့ သိဖို့တကယ်လိုအပ်ပါတယ်။ ”

ထို့နောက်ယီလောင်က လမ်းစဉ် ခြောက်ပါဂူထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အတိုချုံး ပြန်ပြောပြလိုက်သည်။

နင်ရွှမ်းနှင့် အဖွဲ့သည် ကြားသမျှ မယုံနိုင်လောက်အောင် ဖြစ်နေ၏။ ဦးလေးဆရာ ဟော်ယောင်းသည်သာမက သူ့တို့ဆရာသခင် သည်လည်း သစ္စာဖောက်ဖြစ်နေချေပြီ။

ဤအမှန်တရားသည် အရမ်းကို ကြောက်စရာ ကောင်းလွန်းနေသည်။ မည်သူမျှ အလွယ်တကူ လက်မခံနိုင်ချေ။

“ ငါ မင်းတို့ကို ဒီလိုပြောနေတာက ငါ့လိုအမှောင်ထဲမှာ မရှိစေချင်လို့ပဲ ရွေးချယ်ဖို့ လမ်းကတော့ မင်းတို့အပေါ်မှာပဲ မူတည်ပါတယ် ...

... ဘာပဲဖြစ်ဖြစ် ပင်းမိုက မင်းတို့ဆရာပါ သူ့ဆီအမှုထမ်းနေမယ်ဆိုရင် မင်းတို့ဘိုးဘေးရဲ့ ရန်သူဖြစ်လာလိမ့်မယ်။ ”

ထို့နောက်တွင် ယီလောင်သည် လေထုအလယ် ပျောက်ကွယ်သွားတော့၏။ အချိန်အတော်ကြာပြီးနောက်မှသာ လူတိုင်း အိပ်မက်ကနေ နိုးထလာသည်။

သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး မျက်နှာများဖြူဖျော့လျက် မသက်မသာ ခံစားချက်များ ပြည့်နှက်လာ၏။

ဤမတိုင်မီ သူတို့သည် ဆရာပင်းမို တပည့်များအဖြစ် ကောင်းကင်လှိုဏ်ဂူကြီး၏ ဆက်ခံသူများသဖွယ် ဂုဏ်ယူဝံ့ကြွားခဲ့သည်။

သူတို့ဘိုးဘေးသည် တစ်ချိန်က အရိုင်းမြေကိုးပါးအထွတ်အထိပ်ကို စိုးစံခဲ့သော ဧကရာဇ်များ၏ဘုရင်ပေပင်။

ယခုမူ သစ္စာဖောက်တစ်ယောက်၏ ဆက်ခံသူများ ဖြစ်နေတော့၏။ ဤအချင်းအရာ အပေါ် လက်ခံနိုင်ခြင်းမရှိချေ။

“ ဒါဘယ်လိုဖြစ်နိုင်မှာလဲ ... မမှန်မဖြစ်နိုင်ပါဘူး ... ဦးလေးယီလောင်က ငါတို့ကိုလိမ်နေတာဖြစ်ရမယ်။ ”

ရှန်ကွမ်းကျဲက တုန်လှုပ်စွာဖြင့် ညည်းတွားလိုက်သည်။

“ ဒါပေမယ့် ဦးလေးယီလောင်က ဘာလို့ငါတို့ကို လိမ်နေရမှာလဲ။ ”

“ မမေ့ပါနဲ့၊ အစ်ကိုကြီးကူကျန်းမင် ဒီရောက်ထဲက ငါတို့အပေါ်အရာအများကြီးကို ဖုံးကွယ်ထားခဲ့တယ်ဆိုတာ။ ”

“ ဘာလို့ ဒီလောက်တွေးနေတာလဲ ပြန်ရောက်တဲ့အခါ ဆရာ့ကိုမေးလိုက်မယ်ဆိုရင် ရှင်းသွားမှာပါ။ ”

ချန်ထျန်းကွန်းက အကြံပြုသည်။

“ လုံးဝ မလုပ်နဲ့ ... ။ ”

ရှန်ကွမ်းကျဲနှင့် နင်ရွှမ်းတို့က တစ်ပြိုင်နက်တည်း အကြည့်ချင်းဖလှယ်ကာ ဟန့်တားလိုက်တော့သည်။ ချန်ထျန်းကွန်းမှ အံ့အားသင့်သွား၏။

“ ဘာလို့လဲ ... ။ ”

“ ဆရာက တကယ်ပဲ သစ္စာဖောက် တစ်ယောက်ဆိုရင် ငါတို့စိတ်ကူးတွေထက် ကျော်လွန်တဲ့အရာတွေကို သူ မလုပ်ဘူးလို့ မင်းအာမခံနိုင်လား။ ”

နင်ရွှမ်းမှ သုံးသပ်ပြလေသည်။ တစ်ဆက်တည်းမှာပင် သူမမျက်နှာအမူအရာ ရှုပ်ထွေးသွားတော့၏။

“ ဘာပဲဖြစ်ဖြစ် ... ရွှမ်ကြွယ်မဟာမိတ် အဖွဲ့ကို ဘိုးဘေးရဲ့အမည်အောက်မှာ ဆရာက တည်ထောင်ခဲ့တာပါ တခြားသူတွေအနေနဲ့ ...

... ငါတို့ဆရာသာ သစ္စာဖောက် တစ်ယောက်ဆိုတာသိသွားရင် ဘယ်သူက ဆရာ့အပေါ် လေးစားကြမှာလဲ။ ”

ရှန်ကွမ်းကျဲသည်လည်း ခါးသီးစွာဖြင့် ဝင်ရောက်ပြောကြားလာ၏။

“ ဟမ့် ... ဆရာက ဒီအမှန်တရားကို ပေါက်ကြားခွင့်မပြုဘူးဆိုတာ ခန့်မှန်းလို့ ရပါတယ်။ ”

ဤတစ်ကြိမ်၌ ချန်ထျန်းကွန်းသည်ပင် တုန်လှုပ်သွားပြီး၊

“ ဒါဆို ... ငါတို့ ဘာလုပ်သင့်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ ဘာလုပ်ရမလဲ ... ငါတို့ဘေးကနေ စောင့်ကြည့်ပြီး မပတ်သက်ဘဲ နေကြရအောင်။ ”

“ မှန်တယ် ... ဦးလေးယီလောင်ရဲ့ စကားတွေအရ ဘိုးဘေးဟာ မကြာခင်မှာပဲ အိမ်ပြန်လာလိမ့်မယ် အဲဒီအချိန်မှာ ဆရာ သစ္စာဖောက်ခဲ့လား ... မဖောက်ဘူးလားဆိုတာ သိခွင့်ရလာမှာပါ။ ”

ရှန်ကွမ်းကျဲနှင့် ချန်ထျန်းကွန်တို့ နှစ်ယောက်စလုံး နင်ရွှမ်စကားကို ခေါင်းညိတ် သဘောတူလိုက်ကြသည်။ ဤသည်မှာ အကောင်းဆုံး အကြံပေပင်။

“ ဒါပေမယ့် ဆရာက တကယ် သစ္စာဖောက်တစ်ယောက် ဖြစ်နေရင်ကော … ။ ”

ထိုမေးခွန်းက ပြန်ရောက်လာသဖြင့် ရှုပ်ထွေးသွားပြန်သည်။ ရှန်ကွမ်းကျဲမှ၊

“ ငါတို့တပည့်တိုင်း ဆရာရဲ့ သွန်သင်ချက်တွေနဲ့ လမ်းညွှန်ချက်တွေကို ခံယူခဲ့ကြတယ် ... ဆရာက ငါတို့အပေါ် ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ဘူး။ ”

-ဟု ထောက်ပြ၏။

နီရွှမ်နှင့် ချန်ထျန်းကွန်းတို့ နှစ်ယောက်ခမျာ တိတ်ဆိတ်သွားပြီး စိတ်ကမောက်ကမဖြစ်ကာ တည်ငြိမ်မှု လုံးဝပျက်ပြားသွားကြ၏။

သူတို့သည် ဆရာသခင်အပေါ် ရိုသေလေးစားကြပြီး ကောင်းကင်လှိုင်ဂူကြီး၏ ဆက်ခံသူအဖြစ် ယူဆမိခဲ့သည်။ သို့သော် သူတို့ ဆရာသည် ဂိုဏ်းအပေါ် သစ္စာဖောက်ဖြစ်ရန် ရာခိုင်နှုန်းများနေ၏။

ထိုအမှန်တရားသည် ရက်စက်လွန်းကာ သူတို့ကိုအကူအညီမဲ့စေသည်။ အသိဉာဏ်ဖြင့် ဆုံးဖြတ်ချက်ချရန်ပင် ခက်ခဲနေချေပြီ။

***

ကောင်းကင်အောက်တွင် စုရီသည်ဝတ်ရုံစများ တဖျပ်ဖျပ်လွင့်မျောလျက် ဖြည်းညှင်းစွာ လျှောက်လှမ်းနေ၏။

“ ပင်းမိုသာ ဒီနေ့ဖြစ်ပျက်ခဲ့တာကို သိသွားခဲ့ရင် ... သူ ဂနာမငြိမ်ဖြစ်ပြီး မစားနိုင်၊ မအိပ်နိုင် ဖြစ်နေလိမ့်မယ်။ ”

ယီလောင်မှ တိုးတိုးလေးပြောသည်။ သူသည်ပင်းမိုကို အစ်ကိုကြီးဟု မခေါ်တော့ချေ။ စုရီက လျှောက်လှမ်းနေလျက်မှ၊

“ သေချာတာကတော့ ... ငါ အသက်ရှင်နေသေးတယ်ဆိုတာကို လုံးဝကို လက်ခံမှာမဟုတ်ဘူး ငါပေါ်လာရင်တောင် မမှတ်မိသလိုနေလိမ့်မယ်။ ”

-ဟု တုန့်ပြန်ပြောကြားလိုက်သည်။ ထို့နောက် ဆရာနှင့်တပည့် နှစ်ယောက်သား တိတ်ဆိတ်သွား၏။

“ ဒါပေမယ့် ဆရာပြန်ရောက်ရင် သူ ဝန်မခံလဲ အချည်းနှီးပဲမဟုတ်လား။ ”

စုရီက ခေါင်းခါပြီး၊

“ မင်းရဲ့အစ်ကိုကြီးကို လျှော့မတွက်နဲ့ သူကတည်ငြိမ်တယ် လေးနက်တယ် ဒီနေ့မှာ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ သူသိခဲ့ရင် ကြိုတင်ကာကွယ်မှုတွေ လုပ်လာလိမ့်မယ်။ ”

ပင်းမိုသည် သူ့အတွက် အစိုးရိမ်ဆုံး တပည့်လည်းဖြစ်၏။ တစ်ချိန်လုံး သူ့အနားတွင် တိတ်ဆိတ်စွာနေခဲ့ပြီး အရည်အချင်းများကို မပြသခဲ့ချေ။ သို့သော် ကိစ္စတိုင်းကို အပြစ် အနာအဆာမရှိ ကိုင်တွယ်နိုင်၏။

ထို့ကြောင့် သူ့ယုံကြည်မှုရရှိကာ ခရီးထွက်သည့်အချိန်တိုင်း တပည့်ငယ်များနှင့် ဂိုဏ်းကိစ္စကို စီမံခန့်ခွဲရန် အပ်နှံခဲ့ရသည်။

ထိုသို့သော တပည့်တစ်ယောက်သည် သူ့အပေါ်သစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်မှာ စုရီအတွက် လက်ခံရခက်နေတော့၏။

လက်ရှိအခြေအနေအရ ပင်းမိုသည် သူ့ကိုသစ္စာဖောက်ရန် ရွေးချယ်ခဲ့သည်ဖြစ်စေ တခြားသောဖုံးကွယ်ထားသည့် ရည်ရွယ်ချက် ရှိနေသည်ဖြစ်စေ သူအသက်ရှင်နေသည်ကို သိသွားသရွေ့ ကာကွယ်ရန် အစွမ်းကုန် ကြိုးစားပေလိမ့်မည်။

ယီလောင်တစ်ယောက် ခဏမျှ တိတ်ဆိတ်သွား၏။ သူ့ဆရာပြောသည်မှာ မှန်သည်။

ဂိုဏ်းထဲဝင်ပြီးကတည်းက သူနှင့် အကောင်းဆုံးဆက်ဆံရေးရှိသည်မှာ အစ်ကိုကြီး ပင်းမိုပေပင်။ ထို့ကြောင့် ပင်းမိုကိုသစ္စာဖောက် အဖြစ် တွေးမိရုံနှင့် သူ့ ရင်ဘတ်ထဲ တင်းကျပ် သွားစေ၏။ အတော်ကြာပြီးနောက်၊

“ ဆရာ၊ ကျွန်တော် ... ပင်းမိုကို ကာကွယ်နေတာ မဟုတ်ပါဘူး ... ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ သူ ကျွန်တော်တို့ကို သစ္စာဖောက်ဖို့ရွေးချယ်မှာ မဟုတ်ဘူး ... ဒီထက်ပိုပြီး ဖြစ်နိုင်ခြေတွေရှိနိုင်တယ်။ ”

-ဟု မှန်းဆချက်ပေးလာသည်။ စုယီမှ ခေါင်းညိတ်ပြီး၊

“ ဒီကမ္ဘာပေါ်က အရာအားလုံးမှာ အကြောင်းရင်းနဲ့ အကျိုးဆက်တွေရှိပါတယ် နောင်မှာ သူ့ကိုရှင်းပြဖို့ အခွင့်အရေးပေးမယ်။ ”

“ ဒါဆို ဆရာအမှန်တရားကို သိပြီးရင် ခွင့်လွှတ်မှာလား။ ”

“ ခွင့်လွှတ်ဖို့လား ... ဒီအတွက် စဉ်းစားနေစရာမလိုပါဘူး ဘာကြောင့်ပဲဖြစ်ဖြစ် သစ္စာဖောက်မှုအတွက်ကတော့ ... သူ ပြန်ပြီး ပေးဆပ်ရမှာပါပဲ။ ”

ယီလောင်ခမျာ နှလုံးသားခုန်သွားပြီး ခေါင်းညိတ်ပြလိုက်၏။ ဆရာနှင့် တပည့်သည် လမ်းတလျှောက် စကားများစွာပြောဖြစ်သည်။

နာကျည်းခြင်းပင်လယ်ရှိ ဆူပူအုံကြွမှု အကြောင်းသိရှိပြီးနောက် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များရှာဖွေရန် ပင်းမိုမှစီစဉ်ခဲ့၏။

ဤနည်းဖြင့် ဟော်ယောင်းသည် အဖွဲ့ကိုဦးဆောင်ကာ ယီလောင်ကို အကူအဖြစ် လိုက်ပါစေခဲ့သည်။

ယီလောင်၏အဆိုအရ ကျင်းရှင်းသည် လွန်ခဲ့သော နှစ်ငါးရာလောက်တည်းက လောကီ ရေးရာများနှင့် ကင်းကွာနေခဲ့၏။

ထို့ကြောင့် ပင်းမိုသည် ပြင်ပအင်အားစုနှင့် ပူးပေါင်းပြီး ဂိုဏ်းကိုကျူးကျော်လာသောအခါ ကျင်းရှင်းမသိခဲ့ချေ။

သို့မဟုတ် ဤသစ္စာဖောက်မှု၌ ကျင်းရှင်းတစ်ယောက် ပါဝင်ပတ်သတ်ခြင်း ရှိ၊မရှိ မသိနိုင်ဖြစ်သည်။

ဤနှစ်များအတွင်း ချင်းတန်သည် သစ္စာဖောက်များကို အပြစ်ပေးခြင်းဟူသော အမည်အောက်၌ ရန်သူအများအပြားအပေါ် အဆက်မပြတ် သတ်ဖြတ်မှုများပြုခဲ့၏။

ပင်းမိုသည်လည်း ချင်းတန်ကို သစ္စာဖောက်တစ်ဦးအဖြစ် ရှုမြင်ပြီး ကောင်းကင် လှိုဏ်ဂူ ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် နှစ်ဦးနှစ်ဖက် ကမ္ဘာမကျေ တိုက်ပွဲကြီး ဖြစ်ပွားနေ၏။

“ ချင်းတန်နဲ့ ဘယ်သူမှ မပူးပေါင်းဖူးလား။ ”

ကျင်းရှင်းအကြောင်း ကြားပြီးနောက် စုရီမှသတိရသွားကာမေးမြန်းသည်။ ယီလောင်မှ ခေါင်းခါပြ၏။

“ အဲဒီတုန်းက ဒုတိယအစ်ကိုကျင်းရှင်းက ပင်းမိုနဲ့ချင်းတျန်တို့ကြားရန်ငြိုးကို ဖြေရှင်းပေးဖို့ ကြိုးစားခဲ့ဖူးတယ် ချင်းတျန်ရဲ့ မောင်းထုတ်ခြင်း ခံခဲ့ရပါတယ် ...

... ဒါနဲ့ ဒုတိယအစ်ကိုက စိတ်မကောင်းဖြစ်ပြီး အဝေးကိုထွက်သွားတယ် အဲဒီတည်းက သူ ပေါ်မလာတော့ဘူး ဘယ်သွားမှန်းလည်း မသိပါဘူး။ ”

ထိုအချင်းအရာကို ကြားသောအခါ စုရီမှသက်ပြင်းချလျက်၊

“ မင်းရဲ့ ဒုတိယအစ်ကိုသာ ဒီလိုလုပ်ဖို့ မိုက်မဲနေလိမ့်မယ်။ ”

-ဟု မှတ်ချက်ပေးလိုက်သည်။

ကျင်းရှင်းသည် သဘာဝအတိုင်း ကြင်နာတတ်ပြီး သတ်ဖြတ်ခြင်းကို ရွံ့မုန်းသည်။ စာဂျပိုးတစ်ကောင်ကဲ့သို့ ကျိုးကြောင်းဆင်ခြင် တတ်ပြီး ပြိုင်ဘက်အပေါ် သိမ်းသွင်းရန်သာ နှစ်သက်လေသည်။

ဤသည်မှာ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော နှလုံးသား ဖြစ်ချေ၏။ စုရီအတွက် အလွန်လေးစားရသော အကျင့်စရိုက်လည်းဖြစ်သည်။

“ မင်းရဲ့ ပဉ္စမအစ်ကို ဝမ်ချွဲနဲ့ အဋ္ဌမမြောက်ညီပိုင်ရီရော ဘယ်မှာလဲ။”

သူ့တပည့်ကြီး ကိုးဦးမှာ ပင်းမို၊ ကျင်းရှင်း၊ ဟော်ယောင်း၊ ဂျင်ကွီ၊ ဝမ်ချွဲ၊ ယီလောင်၊ ရွှမ်နင်၊ ပိုင်ရီနှင့် ချင်းတျန်တို့ဖြစ်သည်။

သို့သော် သတ္တမတပည့် ရွှမ်နင်ဖြစ်စေ၊ တတိယတပည့် ဟော်ယောင်းပင်ဖြစ်စေ သူတို့ နှစ်ယောက်စလုံးသည် ဝမ်ချွဲနှင့် ပိုင်ရီ အကြောင်း မပြောခဲ့ကြချေ။ ထို့ကြောင့် သိချင်စိတ်များ ဝင်ရောက်တော့၏။

***

All Chapters