← Chapters

နတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေနှင့် ငရဲလမ်းဆယ်ပါး။

Vol. 67 Ch. 797

နတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေနှင့် ငရဲလမ်းဆယ်ပါး။

Vol. 67 Ch. 797

ယီလောင်တစ်ယောက် အချိန်အတော်ကြာ တိတ်ဆိတ်သွား၏။ ထို့နောက် ခေါင်းမော့ကာ၊

“ ဆရာ ပြန်လည်ဝင်စားသွားတည်းက ပဉ္စမအစ်ကိုကို တစ်ခါမှ မတွေ့ရတော့ပါဘူး နတ်ဆိုးတစ်သောင်းတောင်မှာ သေဆုံးသွားတယ် ကြားပါတယ်။ ”

-ဟု ပြောကြားလိုက်သည်။

စုရီခမျာ ပျံသန်းနေရာမှ ချက်ချင်း ရပ်တန့်သွားပြီးနောက် မျက်ဝန်းများမှေးစင်း သွားတော့၏။ သူ့အမူအရာမှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ် ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။

“ ဝမ်ချွဲ ... ။ ”

ဤသည်မှာ ပဉ္စမမြောက်တပည့် အမည်ဖြစ်သည်။ သဘာဝအတိုင်း ဓားသမား တစ်ဦးဖြစ်ပြီး စိတ်သဘောထားကျယ်ပြန့်၏။

ပေါ့ပေါ့ပါးပါး နေထိုင်ကာ တစ်ချိန်လုံး စုရီနောက်လိုက်ခဲ့သည်။ အရိုင်းမြေကိုးပါး၏ ဗဟိုနယ်မြေဝမ်မျိုးနွယ်စုထံမှ တိုက်ရိုက် ဆင်းသက်လာသူပေပင်။

ဝမ်မျိုးနွယ်သမိုင်းတွင် သူတော်စင် ခန္ဓာကိုယ်ပိုင်ဆိုင်သည့် ခုနစ်ယောက်မြောက် ချီလင်သားတော်ဖြစ်၏။

ထိုစဉ်က အရိုင်းမြေကိုးပါးမြို့တော်ရှိ အင်အားစုများသည် ဝမ်ချွဲအပေါ်သိမ်းသွင်းရန် ရတနာများနှင့် ဆက်သွယ်ကမ်းလှမ်းခဲ့သည်။

သို့သော် အခြားသော အင်အားစုများ၏ အုတ်မြစ်နှင့် အဆက်အသွယ်သည် မည်မျှပင် အားကောင်းနေပါစေ စုရီကို မမီခဲ့ချေ။

အဆုံး၌ အသက်(၁၃)နှစ်အရွယ် ဝမ်ကွေးသည် ကောင်းကင်လှိုဏ်ဂူ တံခါးဝကို ရောက်ရှိလာပြီး အရက်စက်ဆုံးသော နှလုံးသား စမ်းသပ်မှု ဖြေဆိုရန် တောင်းဆိုလာသည်။

နှလုံးသားစမ်းသပ်မှုသည် သူကိုယ်တိုင် ချမှတ်ခဲ့သောစမ်းသပ်မှုဖြစ်သည်။ အဆင့်ပေါင်း ကိုးဆင့်ပါဝင်၏။ အောင်မြင်သူတိုင်းကို တပည့် အဖြစ် လက်ခံသည်။

ဒုတိယတပည့် ကျင်းရှင်းမှတပါး မည်သူမျှ ထိုနှလုံးသားစမ်းသပ်မှုကို မအောင်မြင်ခဲ့ဖူးချေ။ ယင်းကြောင့် ဤစမ်းသပ်မှုသည် တပည့်များကို ငြင်းဆန်လိုသော အကောင်းဆုံး အကြောင်းပြချက်အဖြစ် ရယ်မောခဲ့ကြသည်။

သို့သော် အဆုံး၌ ဝမ်ချွဲသည် ခုနစ်ရက်နှင့်ခုနစ်ညကြာ ပိတ်မိနေခဲ့ရာမှ ဖြတ်ကျော်လာနိုင်၏။

ထိုအချိန်မှစကာ ဝမ်ချွဲသည် ပဉ္စမမြောက်တပည့် ဖြစ်လာသည်။ ဤနည်းဖြင့် ဝမ်ချွဲသည် အရိုင်းမြေကိုးပါးတွင် ပြိုင်ဘက်ကင်း ဓားသမားဘွဲ့ကိုရယူနိုင်ခဲ့၏။

“ ဒါက အမှန်ပဲလား။ ”

စုရီမှ လက်မခံနိုင်ဖြစ်နေသည်။ ယီလောင်ကခေါင်းညိတ်လျက်၊

“ ဒီသတင်းက ... ကျုံးကျိုး ဝမ်မျိုးနွယ်စုကနေလာတာပါ ထူးထူးခြားခြား တစ်စုံတစ်ရာအကြောင်းအရာ မရှိဘူးဆိုရင် ဒါအမှန်ပဲ ဖြစ်မှာပါ။ ”

“ ကျုံးကျိုးက ဝမ်မျိုးနွယ် ... ။ ”

ဤသည်မှာ ဝမ်ချွယ်၏ မျိုးနွယ်စုဖြစ်၏။ သဘာဝအတိုင်း သူတို့သည် ထိုသို့သောကိစ္စကို နောက်ပြောင်နေမည် မဟုတ်ချေ။ စုရီက အသက်ပြင်းပြင်းရှူကာ၊

“ ဘယ်သူ့လက်ချက်လဲ။ ”

-ဟု မေးမြန်းလိုက်၏။

“ တပည့်မသိပါဘူး ပင်းမိုလည်း ဒီသတင်းကြောင့် အခြေအနေကို စုံစမ်းကြည့်ဖို့ ကျုံးကျိုးဝမ်မျိုးနွယ်စုဆီ သွားခဲ့ပေမယ့် နတ်ဆိုး တစ်သောင်းတောင်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တယ်ဆိုတာပဲ သိခွင့်ရခဲ့ပါတယ် ...

... ဒီအတွက် ပင်းမိုက နတ်ဆိုးတစ်သောင်းတောင်အတွင်းကို စုံစမ်းဖို့ လူအချို့စေလွှတ်ခဲ့ပေမယ့် ဘာသတင်းမှ မကြားခဲ့ရပါဘူး။ ”

ထိုသတင်းကြောင့် စုရီမှ မျက်မှောင်ကြုတ် လိုက်မိ၏။

“ ဒါနဲ့ ကျုံးကျိုးဝမ်မျိုးနွယ်က မင်းရဲ့ ပဉ္စမအစ်ကိုသေသွားပြီလို့ ဘာလို့ ဒီလောက် သေချာနေရတာလဲ။ ”

“ ဝမ်မျိုးနွယ်မှာရှိနေတဲ့ နံပါတ်ငါး အစ်ကိုဝမ်ချွဲရဲ့ အသက်ဝိညာဉ်မီးအိမ် ငြိမ်းသေ သွားတယ်လို့ ပြောပါတယ်။ ”

“ အသက်မီးအိမ်တစ်ခုတည်းနဲ့ မင်းရဲ့ပဉ္စမအစ်ကို သေဆုံးသွားပြီလို့ ပြောလို့ မရသေးပါဘူး။ ”

စုရီမှ စိတ်လှုပ်ရှားစွာ တုန့်ပြန်လာသဖြင့် ယီလောင်ခမျာ အံ့အားသင့်သွားလေသည်။

“ ဆရာ ... နံပါတ်ငါးအစ်ကို အသက်ရှင်နေသေးတယ်လို့ ယုံကြည်နေ တာလား။ ”

“ သေချာပေါက် ဝမ်ချွဲသေဆုံးသွားတဲ့ သတင်းကို ငါမယုံသေးဘူး။ ”

ဤသည်မှာ လက်မခံလိုခြင်းပင်လော။ သေချာသည်မှာ သူ့ဆရာသည် စိတ်ခံစားချက် မကောင်းတော့ကြောင်း သူ သိနိုင်၏။

“ ပိုင်ရီရော ... ။ ”

စုရီက ထပ်မေးလိုက်သည်။ ဤသည်မှာ အဠမမြောက်တပည့်ဖြစ်၏။ စည်းမကမ်းမရှိ၊ ထိန်းမနိုင်သိမ်းမရ ရဲရင့်ပြီး ရူးသွပ်သူပေပင်။

သူ့တပည့်များထဲတွင် ပိုင်ရီ၏ တိုက်ပွဲဝင်ဆန္ဒများသည် အပြင်းထန်ဆုံးနှင့် ဆာလောင်မှု အရှိဆုံးသော တပည့်ဖြစ်၏။

အခြားတပည့်တိုင်းနီးပါးက သူ့ကို ရိုက်နှက်ခဲ့ကြသည့်တိုင်ဂရုမစိုက်ချေ။ ကျင်းရှင်း ကဲ့သို့ ဒေါသအနည်းဆုံး စာပေသမားတစ်ဦး သည်ပင် ပြင်းထန်စွာ ရိုက်နှက်ခဲ့ဖူးသည်။

ဖြစ်စဉ်မှာ ရိုးရှင်း၏။ ကျင်းရှင်းကို သူနှင့်တိုက်ခိုက်ရန် အတင်းအကျပ် တောင်းဆို ခဲ့ဖူးသည်။ ကျင်းရှင်းသည် တိုက်ပွဲများအပေါ် မကြိုက်သောကြောင့် ငြင်းဆန်၏။

ဤနည်းဖြင့် ပိုင်ရီသည် ကျင်းရှင်း၏ ရှားပါးစာပေကျမ်းဂန်များကို မီးရှို့ခဲ့သည်ဟု သတင်းလွှင့်သည်။

ထိုလှည့်ကွက်သည် အလုပ်ဖြစ်ကာ ကျင်းရှင်း၏မေ့မြောသွားအောင် ရိုက်ခဲ့ခြင်းမျိုး ခံလိုက်ရပြီး လဝက်ကြာအောင် အိပ်ယာထဲ သတိလစ်နေခဲ့ရ၏။

သို့တိုင် ဂရုမစိုက်ဘဲ ပြန်ကောင်းလာ ပြီးနောက် ကျင်းရှင်းကို ထပ်မံယှဉ်ပြိုင်ဖို့ရန် ကြိုးစားပြန်၏။ ပိုင်ရီအမြင်တွင် ဘဝဟူသည် အဆုံးမရှိတိုက်ပွဲဖြစ်သည်။

“ ဂျူနီယာပိုင်ရီ ဘယ်ရောက်နေလဲ ဘယ်သူမှမသိပါဘူး ဆရာ့သတင်းကြားချိန်မှာ ပိုင်ရီက ချင်းတျန်ကို စိန်ခေါ်ခဲ့ပါတယ် ...

... တိုက်ပွဲမှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပြီးနှင်ထုတ်ခံခဲ့ရပါတယ် ဒါပေမယ့် ပိုင်ရီက လက်မလျော့ဘဲ ပင်းမိုကိုထပ်စိန်ခေါ်ပြီး ရိုက်နှက်ခံရတယ်ကြားပါတယ် ...

... ဒီသတင်းကြားတော့ ကျွန်တော် ပြန်ရောက်ရောက်ချင်း ပင်းမိုကို မေးမြန်းဖို့ သွားခဲ့ပါသေးတယ် ... ပင်းမိုက ပိုင်ရီဟာ ရူးသွားပြီလို့ ပြောလာပါတယ်။ ”

ထိုစကားကိုကြားချိန်တွင် စုရီတစ်ယောက် ရင်ကွဲသွား၏။ ပိုင်ရီသည် တိုက်ပွဲကြိုက်သည့် စစ်သူကြီးတစ်ယောက်လိုပေပင်။ နှလုံးသားမှာ စက္ကူဖြူတစ်ရွက်လို ဖြူစင်ရိုးရှင်းချေ၏။

ပိုင်ရီအတွက် ကောင်းက်ငလှိုဏ်ဂူသည် နေအိမ်ဖြစ်သည်။ ထိုသိုင်းမောင်နှစ်မများသည် သူ့မိသားစုဖြစ်၏။ ချင်းတျန်မှ မောင်းထုတ်ပစ်ခဲ့ သော်လည်း ပင်းမိုကိုထပ်မံတိုက်ခိုက်သည်။

“ ဒါတွေအားလုံး ငါ့အမှားလည်း ပါနေပါတယ် ငါသာအဲဒီတုန်းက ပြန်ဝင်စားဖို့ အလျင်စလိုမလုပ်ဘဲ ကိစ္စတွေကို ကောင်းကောင်း စီစဉ်ထားသင့်တယ်။ ”

စုရီအမူအရာသည် ကူကယ်ရာမဲ့နေပြီး အရာအားလုံးအပေါ် ကြေကွဲနေတော့သည်။ ထို့နောက် ကြိမ်ကုလားထိုင် ထုတ်ယူကာ ချက်ချင်းထိုင်ချလိုက်၏။

“ ငါခဏလောက် နားပါရစေ။ ”

ဝိုင်အိုးကို ထုတ်ယူလျက် အထိမ်းအကွပ်မဲ့စွာဖြင့် မော့သောက်ချ လိုက်လေသည်။ ထိုမြင်ကွင်းက ယီလောင်ကို သက်ပြင်းချမိစေ၏။

လူသားများသည် သစ်ပင်များမဟုတ်ချေ။ ခံစားချက်ရှိသည်။ တာအိုနှလုံးသားများသည် သိမ်မွေ့မှုကို ခံစားနိုင်၏။ မဟုတ်သော် လူမဟုတ်တော့ချေ။

ယနေ့ ကြားရသမျှသည် ဆရာသခင်ကို အကြီးအကျယ် သက်ရောက်မှု ရှိစေခဲ့ပုံရသည်။ ပင်းမိုသည် အဘယ့်ကြောင့် သစ္စာဖောက် သနည်း။

ဟော်ယောင်းသည် အဘယ့်ကြောင့် ဤမျှမုန်းတီးနေသနည်း။ ထိုကောင်မလေး ချင်းတျန်သည် အရာအားလုံးကို သိမ်းယူရန် ကြိုးစားနေသနည်း။

ယီလောင်တစ်ယောက် အဖြေမရှိသော မေးခွန်းပေါင်းများစွာနှင့် သူ့ဆရာစုရီအနားတွင် တိတ်ဆိတ်စွာရပ်နေတော့သည်။

***

လပြည့်ဝန်းသည် တစ်ကိုယ်တည်း ထွန်းလင်းနေပြီး မျက်စိတစ်ဆုံး မြင်နိုင်သမျှ အပျက်အစီးများ ပြည့်နေ၏။

ပြိုကျနေသော ရှေးဟောင်း အဆောက်အအုံများ၊ ထူးဆန်းပြီးနီရဲနေသော မိုးကြိုးတိမ်တိုက်များ စသဖြင့် ဖုံးလွှမ်းကာ ကြောက်မက်ဖွယ် မိုးကြိုးကမ္ဘာကြီးလို မြင်ကွင်းမျိုးပေါ်လာသည်။

နတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေ။ မြေအောက်ကမ္ဘာသင်္ချိုင်းရှိ အန္တရာယ်အရှိဆုံး တားမြစ်နယ်မြေဖြစ်၏။ စုရီမှ ရုတ်တရက် ရပ်လိုက်ပြီး ငွေမီးတောက်ချပ်ဝတ်ထုတ်ကာ ယီလောင်ထံ ပေးလိုက်သည်။

“ ဒါကိုဝတ်ပါ ... ငါနဲ့ သုံးပေအကွာကနေလိုက်ခဲ့။ ”

ယီလောင်မှ ခေါင်းညိတ်လိုက်၏။

“ ဆရာ၊ ရှေးယခင်က ဒီနေရာဟာ နတ်ဘုရားတွေလို တန်ခိုးကြီးတဲ့ သတ္တဝါတွေ နေထိုင်ခဲ့တဲ့ မြင့်မြတ်မြေမဟုတ်လား။ ”

“ ဘယ်လိုလုပ် မြင့်မြတ်မြေလဲ ... ဒါကကောလာဟလတွေပဲ ရှေးခေတ်တုန်းက ဒီနေရာကို ငရဲဘုရင်ဆယ်ပါးက အုပ်ချုပ်ပြီး ငရဲလမ်းဆယ်ခုအဖြစ် ...

... နာကျည်းခြင်း ပင်လယ်ထဲက အရက်စက်ဆုံးနဲ့ အငြိုးအတေးအများဆုံးသော မကောင်းဆိုးဝါးဝိညာဉ်တွေကို အကျဉ်းချထားတဲ့နေရာပဲ။ ”

စုရီက အဝေးသို့ငေးကာ၊

“ ဒါပေမယ့် ... ငါမသိနိုင်တဲ့ အပြောင်းအလဲတစ်ခုတော့ ဒီမှာတကယ်ပဲ ဖြစ်ပွားခဲ့ပါတယ် အဲဒီအဖြစ်အပျက်ကြီး ...

... ပြီးဆုံးချိန်မှာ ငရဲဘုရင်ဆယ်ပါးလုံး ပျောက်ကွယ်ကုန်တယ် ငရဲလမ်းဆယ်လမ်းက အခုမြင်နေရတဲ့ ပျက်စီးယိုယွင်းမှုအဖြစ်ကို ပြောင်းလဲသွားတယ်။ ”

ယီလောင်က ထိုစကားကြားချိန်၌ သူ့ကျောရိုးတစ်လျှောက် အေးစက်မှုများကို ခံစားလိုက်ရလေသည်။ ထို့နောက် စုရီမှ လှမ်းဝင်ရန် ပြင်လိုက်၏။

“ တာအိုမိတ်ဆွေ၊ ခဏစောင့်ပါဦး။ ”

ရုတ်တရက် နူးညံ့ပြီး ဆွဲဆောင်မှုရှိသော အသံနှင့်အတူ အနက်ဝတ်အမျိုးသမီးတစ်ဦး ပျံသန်းရောက်ရှိလာ၏။ ယီလောင်မှ အံ့အားသင့်သွားသည်။

ဤသည်မှာ နာကျည်းခြင်းပင်လယ်တွင် ဟုန်ယင်ကို သတ်ခဲ့သော အမျိုးသမီးဖြစ်ချေ၏။ ငရဲဘုရင်ဟုလည်း သိရှိကြသည်။ သူမသည် အလွန် ကြောက်မက်ဖွယ် ဇာတ်ကောင်တစ်ဦး ဖြစ်ကြောင်း ခံစားနိုင်၏။

သူမ၏ ကြယ်ရောင်မျက်လုံးများ တောက်ပလာပြီး ပန်းနုရောင်နှုတ်ခမ်းလွှာများမှ အပြုံးတစ်ပွင့်ပေါ်လာသည်။

“ ငါမင်းကိုလိုက်မီရင် ခေါ်သွားမယ်လို့ ပြောခဲ့တဲ့စကား အခုထိ တည်နေသေးလားလို့ ငါတွေးမိတယ်။ ”

စုရီမှ ပြန်မဖြေချေ။ ဘေးမှ ရပ်နားထောင်နေသော ယီလောင်သာလျှင် အနည်းငယ် မျက်ခုံးပင့်လျက် ပြန်ကြည့်၏။ ဤအမျိုးသမီးသည် ဆရာသခင်နောက်သို့ တစ်ချိန်လုံးလိုက်နေခဲ့ပုံရလေသည်။

***

All Chapters