ငရဲဘုရင်လမ်းကြောင်းအတွက် ကောင်းကင်းဒုက္ခကျဆင်းခြင်း ... ။
Vol. 67 Ch. 798
ယီလောင်ပင် သူ့ရှေ့က အနက်ရောင်ဝတ်စုံဝတ်ထားသည့် အမျိုးသမီး အလွန်လှပကြောင်း ဝန်ခံရပေမည်။
အနက်ရောင်ဝတ်စုံသည် သူမ၏ ကျက်သရေနှင့် ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်ကို ပေါ်လွင်စေရုံသာမက ဖြူဖြူဖွေးဖွေး အသားအရေကို ပေါ်လွင်စေ၏။
ရှည်လျားသော နက်ပြာရောင်ဆံပင်ကို ချည်ထားကာ သွယ်လျလျလည်တိုင်က နူးညံ့ပြီး ဆွဲဆောင်မှုများ ပိုတိုးစေသည်။ ဤသည်မှာ အံ့မခန်းအလှတရားတစ်ပါးပေပင်။
ထိုအချိန်တွင် စုရီသည် အလှအပကို စိတ်မဝင်စားချေ။ ငရဲဘုရင်၏ ပြုံးရွှင်နေသော မျက်ဝန်းများထံ တစ်ချက်မျှလှည့်ကြည့်ကာ လျှောက်လှမ်းသွားတော့၏။
ယီလောင်က နောက်ပါးမှ ကပ်လိုက်သွားသည်။ ငရဲဘုရင်တစ်ယောက် ဆွံ့အသွား၏။ တစ်ဖက်လူသည် သူမကို လျစ်လျူရှုနေချေပြီ။
“ တာအိုမိတ်ဆွေ မင်းနာမည် ဘယ်လိုခေါ်လဲ။ ”
ထို့ကြောင့် ချက်ချင်း လိုက်ပါလာကာ ယီလောင်နှင့်စကားပြောရန် ကြိုးစားတော့၏။ ယီလောင်မှ ပြန်မဖြေချေ။ သူ့ဆရာကဲ့သို့ လျစ်လျူရှုပြန်၏။
ဆရာသခင်ပင် ဂရုမစိုက်သည့်နောက် သူသည်လည်း ဂရုစိုက်စရာမလိုဟု ယူဆချေ၏။ ထိုတုန့်ပြန်မှုက ငရဲဘုရင်ကို တုန်ယင်သွား စေတော့သည်။
( တကယ်ပဲ မကြိုဆိုဘူးလား။ )
အဆုံး၌ အံကြိတ်လျက် စုရီအနားတိုးကပ်သွား၏။
“ တာအိုစု ငါအများကြီး စဉ်းစားပြီး နောက်ဆုံးတော့ တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီ မင်းသိချင်လား။ ”
“ မသိချင်ဘူး။ ”
“ ဟမ့် ... ။ ”
ငရဲဘုရင်မှ စိတ်အနှောင့်အယှက် ဖြစ်နေပုံရသော စုရီကို သတိထားမိသွာကာ မျက်မှောင်ကြုတ်လိုက်သည်။
( ဒီအဖိုးကြီး ပုံမှန်မဟုတ်ဘူး ဘာဖြစ်လာတာလဲ။ )
ဤမြင်ကွင်းက ယီလောင်ကို ငရဲဘုရင်အတွက် အနည်းငယ်စိတ်မကောင်း ဖြစ်စေသည်။ သည်မိန်းမသည် ဆရာသခင်ကို ဆွဲဆောင်ရန်ကြိုးစားနေသည်မှာ သေချာ၏။
မဟုတ်သော် ထွက်သွားရန် ရွေးချယ်ပေမည်။ သူမ မသိသည်မှာ အရိုင်းမြေ ကိုးပါးတွင် အမျိုးသမီးမည်မျှ ဆရာ့အတွက် ဆန္ဒရှိနေသည်ကိုပေပင်။
ဤသို့သာ တစ်စုံတစ်ယောက်ကို အနားကပ်ခံလိုက်ပါက အမျိုးသမားထုကြား သတ်ပွဲပြီးဖြစ်လာပေမည်။
ဆိုလိုသည်မှာ စုရွှမ်ကြွယ်သည် ဤသို့မောက်မာစွာ တစ်ယောက်တည်းနေ ခြင်းသည် ကောင်း၏။ အမျိုးသမီး တစ်ယောက် ယောက်ကိုသာ အခွင့်အရေးပေးသော် ကမ္ဘာကြီး မီးလောင်သွားနိုင်မည်။
“ ဂျိန်း ... ။ ”
“ ဟမ့် ... ။ ”
ရုတ်တရက် ကောင်းကင်မှ မိုးကြိုးတိမ်တိုက်များစုဝေးလာကာ မြေပြင်ပေါ် ပြိုကျလာသည်။ ဦးတည်ရာသည် စုရီထံ ဖြစ်၏။ စုရီမှ အင်မော်တယ်တူကို ထုတ်ယူကာ ပြန်လည်ရိုက်နှက်လိုက်သည်။
အင်မော်တယ်တူမှ မြေအောက်ကမ္ဘာ စည်းမျဉ်းဥပဒေထွက်ပေါ်လာပြီး လျှပ်စီးများကို ဖြိုခွင်းလိုက်၏။
တစ်ဆက်တည်းမှာပင် မိုးကြိုးတိမ်တိုက်များအတွင်း ကြောက်စရာ ကောင်းလှသော ပုံရိပ်တစ်ခု တွန့်လိမ့်နေ သည်ကို မြင်လိုက်ရသည်။
“ ဆရာ၊ ဒါက ဘယ်လိုနတ်ဆိုးမျိုးလဲ။ ”
ယီလောင်မှ အံ့အားသင့်သွား၏။
“ ငရဲလမ်းဆယ်ပါးမှာ ငရဲဘုရင်တွေ နှိမ်နင်းခဲ့ရတဲ့ အငြိုးအတေးကြီးတဲ့ဝိညာဉ်တွေ ရှိတယ် ... သူတို့တွေအားလုံးက ကြီးမားတဲ့ စွမ်းအားတွေ ပိုင်ဆိုင်တယ် ...
... သေဆုံးပြီးချိန်နောက်မှာတောင် သူတို့ရဲ့မကျေနပ်ချက်တွေက ဒီနယ်မြေအတွင်း ပေါင်းစည်းသွားပြီး အခုလိုကိုင်တွယ်ရခက်ခဲတဲ့ ဝိညာဉ်ဆိုးတွေဖြစ်စေကုန်တယ်။ ”
လမ်းတလျှောက် ထိုသို့သော ဝိညာဉ်များသည် ကောင်းကင်မှနေပြီး စုရီထံ မကြာမကြာတိုက်ခိုက်လာသည်။ သို့သော် အင်မော်တယ် တူသည် ဒုက္ခများကို သက်သာစေခဲ့၏။
“ ဂျိန်း ... ။ ”
နာရီဝက်အကြာတွင် အဝေးတစ်နေရာမှ ကျယ်လောင်သော မိုးကြိုးပစ်သံကြီး ထွက်ပေါ် လာခဲ့သည်။ တောင်နှင့်မြစ်များ တုန်ခါလျက် အပျက်အစီးများ ပြိုကျလာပြန်၏။
“ ဒါက အဲဒီအငြိုးအတေး ဝိညာဉ်တွေကြားမှာ အုပ်စိုးရှင်တစ်ကောင် ရှိနေတာများလား ... ။ ”
ငရဲဘုရင်မှ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူမတို့ကြုံတွေ့ခဲ့ရသမျှထက် များစွာပို၍ ပြင်းထန်သောမိုးကြိုးပေပင်။
“ မဟုတ်ဘူး ဒါကကောင်းကင်ဒုက္ခပါ။ ”
စုရီမှ အဝေးကိုမော့ကြည့်နေရာမှ ငရဲဘုရင်ထံ စိတ်ပျက်စွာပြောကြားလိုက်သည်။ ငရဲဘုရင်မျက်နှာသည် ရှက်ရွံ့မှုကြောင့် ချက်ချင်းရဲတွတ်သွား၏။
မိုးကြိုးမကောင်းဆိုးရွား ဝိညာဉ်များနှင့် ကောင်းကင်ဒုက္ခမိုးကြိုးများကိုပင် ခွဲခြားနိုင်ခြင်း မရှိဖြစ်သွား၏။
အမှန်တွင် ကောင်းကင်ဒုက္ခတွင် အဖျက်စွမ်းအားနှင့် အသက်ဓာတ်များပါရှိသည်။ သတိထားသော် မြင်နိုင်ချေ၏။ ယီလောင်မှ ပြုံးလိုက်သည်။
ဤအမျိုးသမီးသည် ဘုရင်တစ်ပါးကဲ့သို့ မောက်မာသော်လည်း ဆရာသခင်ရှေ့ထံပါးတွင် သူမဒေါသကို မပြဝံ့ချေ။ မျိုသိပ်ကာ သည်းခံနေရ၏။ မည်မျှ ကြီးဆိုးသနည်း။
“ ထူးဆန်းတယ်၊ ဒီနေရာက အရမ်းကြောက်စရာကောင်းပြီး ဧကရာဇ်အဆင့် ဘီလူးအိုကြီးတွေတောင် အလွယ်တကူ ဝင်ရောက်ရဲတာ မဟုတ်ဘူး ...
... ဒါဆို တစ်ယောက်ယောက်က ဘယ်လိုလုပ် ... ဒီမှာ ဒုက္ခခံယူဝံ့နေရတာလဲ ရဲရင့်တဲ့ ရှေးဟောင်းဝိညာဉ်တစ်ခုဟာ ဒီနေရာရဲ့ စည်းမျဉ်းတွေကိုအသုံးပြုပြီး နယ်ပယ်ကို ချိုးဖောက်ဖို့ ကြိုးစားနေတာများလား။ ”
ယီလောင်မှ စုရီကိုမေး၏။ စုရီက ခေါင်းခါပြလိုက်သည်။
“ မဟုတ်ဘူး ... ဒါက တာအိုကို သက်သေပြပြီး ဧကရာဇ်အဖြစ်ဆက်လှမ်းနေတဲ့ ဒုက္ခတစ်ခုပဲ။ ”
-ဟု ပြန်ဖြေသည်။
ယီလောင်မှ အံ့အားသင့်သွားတော့၏။ ငရဲဘုရင်တစ်ယောက် ပြုံးရယ်လိုက်လေသည်။ မည်သူမှန်မည်ကို ကြည့်ရပေမည်။ သူမအတွက် ပြုံးရယ်ရမည့်အချိန် ရောက်လာနိုင်၏။
“ သွားကြည့်ရအောင်။ ”
စုရီမျက်လုံးများ တောက်ပသွားပြီး ခန့်မှန်းချက်အချို့ ရှိလာချေပြီ။ ချက်ချင်းပင် ခြေလှမ်းတစ်လှမ်းဖြင့် အဝေးရောက်သွား၏။
များမကြာခင် မိုးကြိုးနှင့် မီးတောက်များ တဟုန်ထိုးတက်လာနေသော ဒုက္ခအလင်းများ မြင်လာရသည်။ စုရီနှင့် အဖွဲ့အတွက် မကြုံစဖူး ကပ်ဘေးကြီးတစ်ခုပေပင်။
“ ဂျိန်း ... ။ ”
အနက်ရောင် မိုးတိမ်များက ပင်လယ်တစ်စင်းအလား ကောင်းကင်တခွင်ကို ဖုံးလွှမ်းလျက် မိုးကြိုးများအဆက်မပြတ် ပစ်ချနေသည်။
ထိုရောင်ဝါသည် ကမ္ဘာကြီးကို ဖျက်ဆီးခြင်းအရှိန်အဝါများ ဖုံးလွှမ်းစေခဲ့ပြီး ကျောရိုးတစ်လျှောက် တုန်ခါစေ၏။ အဖြူဝတ် လူငယ်တစ်ယောက်သည် အလယ်ဗဟိုတွင် တည်ငြိမ်စွာ ဒုက္ခခံယူနေသည်။
သူ့ဆံပင်များ ဖရိုဖရဲဖြစ်နေပြီး အဝတ်အစားများစုတ်ပြဲလျက် သူ့ခန္ဓာကိုယ်တွင် မီးလောင်ကျွမ်းရာများ ပြည့်နှက်နေ၏။
မိုးကြိုးများ ကျရောက်ချိန်တိုင်းတွင် အဖြူရောင်ဝတ်လူငယ်ကိုထိမှန်ကာ ယိုင်ထိုးပြီး မည်သည့်အချိန်တွင်မဆို လဲကျတော့မည့်ပုံ ပေါက်သွားစေ၏။
သူ့အနားတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်။ အနက်ဝတ် အဖိုးအိုတစ်ဦးကို ဝိုင်းရံတိုက်ခိုက်နေခြင်းဖြစ်၏။
အနက်ဝတ်အဖိုးအိုသည် ဒဏ်ရာများ ပြင်းထန်စွာရရှိထားပြီး အကျပ်အတည်းဖြင့် ကြုံတွေ့နေရသော်လည်း ကြောက်ရွံ့မှု ကင်းနေဆဲဖြစ်သည်။
သို့သော် ထိုအဖိုးအိုသည် ကြာကြာမခံနိုင်တော့ကြောင်း မြင်နိုင်သည်။ သူ့ပြိုင်ဘက်ရှစ်ဦးလုံးသည် ရွှမ်ယုအဆင့်တွင် ဖြစ်ချေ၏။
အလယ်အလတ် ရွှမ်ယု ဧကရာဇ်များပင် ပါရှိနေသည်။ ထိုကဲ့သို့သော တိုက်ပွဲကြီးသည် သံသယဖြစ်စရာမလိုအောင် ရက်စက်ချေ၏။
“ ဟမ့် ... အဲဒီမြေခွေးအိုကြီးတွေက အဖြူရောင်ဝတ်ရုံဝတ်လူငယ်ကို သူ့ရဲ့ဒုက္ခမှာ ကျရှုံးစေချင်နေပုံရတယ်။ ”
ငရဲဘုရင်မှ အပျော်သဘောဖြင့် ပြုံးကာကြည့်ရန် ပြင်လိုက်သည်။ ယီလောင်က မျက်ခုံးပင့်လျက်၊
“ ဘယ်လိုနောင် နက်ရှိုင်းလိုက်တဲ့ အမုန်းတရားမျိုးလဲ ရွှမ်ယုအဆင့်ဧကရာဇ်တွေ လှုပ်ရှားလာရအောင် ဆွဲဆောင်နိုင်တာလား။ ”
-ဟု ညည်းတွားလိုက်၏။
ဝိညာဉ်တာအိုနယ်ပယ် လူငယ်မှ တာအိုကိုသက်သေပြရာတွင် ဧကရာဇ်ရှစ်ပါးက ဟန့်တားရန်လိုသည်လော။ မယုံနိုင်စရာပေပင်။
“ ဒါ ... ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှုမျိုး မဟုတ်ဘူး ... အဲဒီအဖြူရောင်ဝတ်လူငယ်သာ နက်နဲတာအိုနယ်ပယ်ကို ဝင်လာနိုင်ရင် ... သူတို့ အားလုံးအတွက် အဓိကခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာမို့ပဲ အနာဂတ်မှာ သူတို့မျိုးရိုးကို ပျက်သုဉ်းစေနိုင်တယ်။ ”
စုရီက လက်နှစ်ဖက် နောက်ပို့လျက် တိုက်ပွဲထံငေးကြည့်ကာ ပြောကြားလိုက်သည်။ အနက်ဝတ်အဖိုးအိုနှင့် အဖြူဝတ်လူငယ်သည် ငရဲဘုရင်လမ်းကြောင်းကို လိုက်နေခဲ့သော ထိုဆရာနှင့်တပည့်ဖြစ်၏။
ကောင်းကင်ဘုံအပေါင်ဆိုင်တွင် ငရဲဘုရင်ဆယ်ပါးအမွေကို လဲလှယ်ရန်အတွက် စုရီမှ ကူညီပေးဖူးသည်။ မမျှော်လင့်ဘဲ ယနေ့ နတ်ဘုရားသင်္ချိုင်း အပျက်အစီးနယ်မြေတွင် ပြန်လည်ကြုံဆုံရ၏။
“ ခရီးသွားမိတ်ဆွေတို့ သတိထားပါ၊ ဓားတွေမှာမျက်လုံးမရှိဘူး မင်းတို့အတွက် ဒဏ်ရာရနိုင်တယ်။ ”
ရွှမ်ယုအဆင့် ဧကရာဇ်တစ်ပါးသည် ယီလောင်နှင့်ငရဲဘုရင်ထံကြည့်ကာ ပြောကြား လိုက်သည်။ ဤသည်မှာ ခြိမ်းခြောက်ခြင်း မည်ချေပြီ။
“ ဆရာ ... ငါတို့ လမ်းလွှဲကသွားသင့်လား။ ”
ယီလောင်မှ တိုးတိုးလေးမေးသည်။ သူ့ဆရာသည် ဒုက္ခများကို မကြိုက်ကြောင်း သူ သိထား၏။ ရုတ်တရက် အခြားသော ပုံရိပ်များ အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာသည်။
၎င်းတို့အားလုံးသည် ရွှမ်ကျောက် ပြီးပြည့်စုံခြင်းအဆင့်၌ရှိနေကြပြီး တိုက်ပွဲတွင် မကူညီနိုင်သော်လည်း နယ်မြေကို ပိတ်ဆို့ရန် လုံလောက်နေသေး၏။
“ဘာလို့ လမ်းလွှဲကသွားမှာလဲ ... ဒီကောင်လေးက တာအိုကို သက်သေမပြနိုင်ရင် ငါသူ့ကိုပေးခဲ့တဲ့ ငရဲဘုရင်ဆယ်ပါး အမွေက အလဟဿ ဖြစ်သွားမှာတင်မကဘူး သူ့အပေါ် ထားတဲ့ ငါ့ရဲ့မျှော်လင့်ချက်တွေ အားလုံးလည်း ဟာသဖြစ်သွားလိမ့်မယ်။ ”
ရုတ်တရက် စုရီ စကားကြောင့် ယီလောင်တစ်ယောက် အံ့အားသင့်သွား၏။ သခင်သည် တစ်ဖက်လူငယ်ကို သိနေပုံရသည်။ ငရဲဘုရင်သည် နားရွက်နောက်သို့ သူမ ဆံပင်များကို သပ်တင်ကာ၊
“ သူက မင်းရဲ့မိတ်ဆွေတစ်ယောက် ဖြစ်နေတဲ့အတွက် သူသေတာကို ငါရပ်ကြည့်ပြီး မနေနိုင်ဘူး။ ”
-ဟု ပြောကြားလိုက်၏။
ဤအခွင့်အရေးကို အရယူရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။ စကားဆုံးသည်နှင့် ငရဲဘုရင်မှပြုံးပြီး သူ့ညာလက်ဖြင့် လေထုထဲ ကုပ်ဆွဲလိုက်တော့၏။
“ ခရစ် ... ။ ”
“ ဘောင်း ... ။”
ပေတစ်ရာအကွာရှိ ရွှမ်ကျောက် အထွတ်အထိပ်ဧကရာဇ်သည် တုန့်ပြန်ရန် အချိန်မရှိတော့ဘဲ ခန္ဓာကိုယ်ကြီး ပေါက်ကွဲ သေဆုံးသွားတော့၏။
သွေးများရေတံခွန်လို ပက်ဖြန်းသွားသည်။ ပေါ့ပေါ့ပါးပါး သူမ၏ လက်သည်းကုပ်ချက်သည် ဧကရာဇ်တစ်ပါးကို သတ်ပစ်လိုက်ချေပြီ။
ရုတ်တရက် ထိုသို့သွေးထွက်သံယို မြင်ကွင်းကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ချက်ချင်းတိတ်ဆိတ်သွားစေတော့၏။
***