ကြယ်နန်းတော်ကာကွယ်သူနှင့် ကြက်ဖကြီးသတင်း။
Vol. 67 Ch. 803
အပြာရောင်ဝတ်ရုံဝတ်လူခမျာ မထိမဲ့မြင်အမူအရာနေရာ၌ ညိုမည်းညစ်နေပြီး ရိုက်နှက်ခံထားရသဖြင့် အသားအရေများ စုတ်ပြဲလျက် သနားစရာကောင်းနေ၏။
မိနစ်အနည်းငယ်အတွင်း ဆန့်ကျင်ဘက် မြင်ကွင်းအဖြစ်ပြောင်းလဲသွားသည်မှာ အရမ်း မယုံနိုင်စရာပေပင်။
“ သူ့ကို အရမ်းမောက်မာတယ်လို့ ငါထင်ခဲ့တာ ဟန်ဆောင်နေတာပဲ ... ။ ”
အနက်ဝတ်အဖိုးအိုမှ သက်ပြင်းချ မှတ်ချက်ပေးသည်။ ယီလောင်က ခေါင်းခါလျက် သူ့စကားကိုပြင်ပေး၏။
“ မဟုတ်ဘူး ... သူက ငါ့ဆရာနဲ့ တွေ့ခဲ့လို့ပါပဲ အဲဒါကြောင့် သူ့ရဲ့ မောက်မာမှုက အတုအယောင်လို အရမ်းသနားစရာ ...
... ကောင်းသွားတာ ... ငါ့ဆရာနေရာမှာ ငါတို့ဆိုရင် အခြားဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်သွားနိုင်တယ်။ ”
အနက်ဝတ် အဖိုးအိုမှ ခဏမျှ စဉ်းစားပြီး လေးလေးနက်နက် သဘောတူလိုက်လေသည်။ ကနဦးရွှမ်ယုဧကရာဇ်အဆင့် ကျင့်ကြံမှုဟူသည် ထူးထူးခြားခြားမဟုတ်ချေ။
သို့သော် သူကိုင်ဆွဲသော တာအိုဥပဒေစွမ်းအားသည် အတိုင်းအဆမရှိ ကြောက်စရာကောင်းနေချေ၏။
“ ကောင်းကင်ကိုးပါးနန်းတော်ရဲ့ ကောင်းကင်ဆန္ဒဥပဒေကို ဖိနှိပ်ထားရုံသာမက ကြယ်မြစ်ဂိုဏ်းရဲ့ ကြယ်ဆိတ်သုဉ်းမှုဥပဒေကိုပါ ဖိနှိပ်ထားနိုင်တယ် ...
... ဂိုဏ်းချုပ်က ဒီနှစ်တွေတစ်လျှောက် ဒီလိုစွမ်းအားမျိုးကို ရှာဖွေနေတာ အံ့သြစရာ မရှိပါဘူး၊ တကယ်ကို မယုံနိုင်စရာပါပဲ ... ။ ”
ငရဲဘုရင်မှ တုန်လှုပ်နေသည်။ ဤတွေ့ရှိမှုသည် ထိတ်လန့်စရာကောင်းလှပြီး သူမကို တည်ငြိမ်အောင် မနေနိုင်စေ။
“ ငါ ... ငါက ဒီမှာ အမိန့်နာခံသူ တစ်ယောက်ပါ ငါ့ကိုသတ်လိုက်တာက မင်းကို ဘာမှအထောက်အကူမပြုပါဘူး။ ”
အပြာဝတ်လူက ဒူးထောက်လျက် အသံတိုးတိုးဖြင့်ပြောသည်။
“ ဆန့်ကျင်ဘက်အနေနဲ့ ငါသေသွားရင် ငါ့ရဲ့အကြီးအကဲတွေက ချက်ချင်းသိလိမ့်မယ်၊ အကျိုးဆက်က မခန့်မှန်းနိုင်ဘူး။ ”
“ မင်းခြိမ်းခြောက်နေတာလား။ ”
စုရီမေးခွန်းကို အပြာဝတ်လူက ခါးသီးစွာသက်ပြင်းချလျက်၊
“ မဟုတ်ဘူး၊ ဒါက ကရုဏာအတွက် တောင်းပန်မှုတစ်ခုပါ။ ”
-ဟု ပြန်ဖြေသည်။ ထိုအချိန်၌ သူ့မျက်ဝန်းများတွင် မာနလုံးဝကင်းစင်နေပြီး အလွန်သနားစရာကောင်းနေ၏။ ဒဏ်ရာများ ပြင်းထန်ကာ ခန္ဓာကိုယ်ပြိုကွဲလုမတတ် ဖြစ်နေတော့သည်။
“ အရင်ဆုံး ငါ့ကိုပြောပြပါ ... ကြက်ဖကြီးဘယ်မှာလဲ။ ”
“ ငါတို့ခေါင်းဆောင် ခေါ်သွားပါတယ်။ ”
စုရီမှ မျက်မှောင်ကြုတ်လိုက်၏။
“ ဘယ်ကိုခေါ်သွားတာလဲ။ ”
အပြာဝတ်လူမှ တိတ်ဆိတ်သွား၏။
“ ဆရာ သူ့ကို ဝိညာဉ်ရှာဖွေသင့်တယ်။ ”
ယီလောင်က ဝင်ရောက်အကြံပြုသည်။ အပြာဝတ်လူက တစ်စုံတစ်ခုကို သတိရလာကာ အသက်ပြင်းပြင်းရှူလျက်၊
“ ငါ့ဂိုဏ်းက လူတိုင်းရဲ့ဝိညာဉ်တွေမှာ တံဆိပ်တစ်ခုချန်ထားတယ် တစ်စုံတစ်ယောက် ကျူးကျော်လာရင် ပေါက်ကွဲသွားလိမ့်မယ် မင်း အောင်မြင်မှာမဟုတ်ဘူး။ ”
စုရီမှ မျက်မှောင်ကြုတ်လိုက်၏။ ကြယ်မြစ်ဂိုဏ်း၏နည်းလမ်းသည် ကောင်းကင် ကိုးပါးနန်းတော်နှင့် အတော်ပင်ဆင်တူသည်။
သူတို့၏တပည့်များအပေါ် ထိန်းချုပ်ရန် အတွက် တာအိုသစ္စာဆိုစေခြင်း ဝိညာဉ်အတွင်း တံဆိပ်များ ချန်ထားခြင်းတို့ပြုလုပ်ထား၏။
“ မင်းသိချင်တာ ဖြေပါ ... ငါမင်းရဲ့ အသက်ကို ချမ်းသာပေးမယ် ငြင်းရင် ငါမင်းကို ချက်ချင်းသတ်မယ်။ ”
အပြာဝတ်လူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက်၊
“ ဂိုဏ်းရဲ့လျှို့ဝှက်ချက်တွေနဲ့ ထူးခြားတဲ့အမွေတွေဆိုရင် ငါမဖြေနိုင်ဘူး။ ”
-ဟု တုန့်ပြန်၏။
“ ကောင်းပြီ ... ။ ”
ထို့နောက်တွင် အပြာဝတ်လူမှ အကြောင်းအရာအချို့ကို ပြောပြလာခဲ့သည်။ သူ့အမည်မှာ ယွမ်ချီဖြစ်၏။
ငရဲဘုရင်ပြောခဲ့သကဲ့သို့ သူသည် ကြယ်မြစ်ဂိုဏ်း၏ မိုးတိမ်ဌာနခွဲမှ ကာကွယ်သူ တစ်ဦးပေပင်။ သူနှင့် အခြားသောကာကွယ်သူ သုံးဦးသည် ကြယ်နန်းတော်ကာကွယ်သူနှင့် ဤအရပ်သို့လိုက်ပါလာခြင်းဖြစ်၏။
ရည်ရွယ်ချက်ကိုမူ ယွမ်ချီမသိချေ။ သူနှင့်အခြားသူများက အမိန့်ကိုလိုက်နာရုံသာ ဖြစ်သည်။ ကြယ်နန်းတော်မှ ကာကွယ်သူသာ အကြောင်းအရင်းကို သိနိုင်မည်။
သို့သော် ထူးဆန်းသည်မှာ ကြယ်နန်းတော်၏ ထိုကာကွယ်သူအကြောင်းကို သူ မသိချေ။ ထိုကာကွယ်သူသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်သည်။
သူတို့အဖွဲ့သည် နတ်ဘုရားသင်္ချိုင်း အပျက်အစီးများအတွင်း ဝင်ရောက်ပြီးနောက် ထိုသူသည် တားမြစ်မြေ၏အလယ်ဗဟိုသို့ ဦးတည်သွား၏။
ယွမ်ချီနှင့် အခြားအုပ်ထိန်းသူသုံးဦးကို အပြင်ဘက်တွင်စောင့်ကြပ်ရန် အမိန့်ပေးခဲ့ပြီး မည်သူမျှ ထိုလျှို့ဝှက်နယ်မြေအလယ်သို့ မချဉ်းကပ်နိုင်စေရန် သတိပေးထားသည်။
ဥပမာအားဖြင့် ယွမ်ချီသည် ငရဲတစ်သောင်းတောင်တွင် စောင့်ကြပ်ရပြီး ကျန်သုံးဦးသည် အခြားသော တောင်များ၌ နေရာယူရ၏။
ဤအချက်ကို ကြားသောအခါ စုရီမှ မျက်မှောင်ကြုတ်လိုက်ပြီး မသေချာမရေရာ ဖြစ်လာတော့သည်။
နတ်ဘုရားသင်္ချိုင်း အပျက်အစီးမြေ၏ အလယ်ဗဟိုဒေသသည် ဝင်စားခြင်းနယ်မြေဟု ခေါ်သောဒေသဖြစ်သည်။
ခေါင်းတလားထမ်း သရဲအိုကြီးမှလွဲ၍ ထိုနေရာ မည်မျှလျှို့ဝှက်ဆန်းကြယ်နေသည်ကို စုရီတစ်ဦးတည်းသာ နားလည်ထားသည်။
ယခင်ဘဝတွင် ပြန်လည်ဝင်စားခြင်း လျှို့ဝှက်ချက်များကို ထိုအရပ်၌ပင် တွေ့ရှိခြင်း ဖြစ်ချေ၏။
ဤသတင်းသည်သာ ပျံ့နှံ့သွားပါက ကောင်းကင်နှင့်မြေကြီး တုန်လှုပ်ပြီး ချက်ချင်း ဝရုန်းသုန်းကားဖြစ်မည်မှာ သေချာသည်။
နာကျည်းခြင်း ပင်လယ်ခရီးစဉ်သည် တာအိုသက်သေပြရန်နှင့် ခေါင်းတလားထမ်း အဖိုးအိုကို ရှာဖွေရန်ဖြစ်၏။
သူ့ကောက်ချက်များအရ ခေါင်းတလားထမ်း အဖိုးအိုသည်သာပိတ်မိနေသော် ပြန်ဝင်စားခြင်း မြေ၌သာ ရှိနေရပေမည်။
အဘယ့်ကြောင့်ဆိုသော် ထိုလျှို့ဝှက်ဆန်းကြယ်သော တားမြစ်မြေသာ ခေါင်းတလားထမ်းအဖိုးအိုကို ချုပ်နှောင်ထားနိုင်၏။
ယခုမူ ကြယ်မြစ်ဂိုဏ်း၏ ကြယ်နန်းတော်ကာကွယ်သူ တစ်ယောက်သည် ထိုပြန်လည်ဝင်စားခြင်းမြေသို့ ရောက်ရှိနေ သည်မှာ အံ့သြစရာပေပင်။
“ ငါမင်းကို ပြောလို့ရသမျှ ငါအကုန်ပြောပြပြီးပြီ ငါ့ရဲ့ကြယ်မြစ်ဂိုဏ်းက မင်းတို့မရဏကမ္ဘာက ဘယ်ဂိုဏ်းထက်မဆို သာလွန်ပါတယ် ...
... မကြာသေးမီကမှ မင်းသူငယ်ချင်း ကြက်ဖရောက်လာတာနဲ့ ... ကြယ်နန်းတော်ရဲ့ ကာကွယ်သူဆီ ဆက်သွယ်ပြီး ပေးပို့လိုက်ရတယ် ...
... အခုဆို ငါတို့ဂိုဏ်က ဘယ်လောက် အစွမ်းထက်လဲဆိုတာ မင်းနားလည်သင့်နေပြီ မင်းရဲ့ကတိကိုလိုက်နာမယ်လို့ ငါ မျှော်လင့်ပါတယ် ... မဟုတ်ရင် ... ။ ”
သို့သော် သူ့စကားမဆုံးခင်မှာပင် လက်ဖဝါးတစ်ဖက်ကျဆင်းလာပြီး ကျင့်ကြံမှုကို ဖျက်ဆီးခြင်းခံလိုက်ရတော့၏။
“ မင်း ... ။ ”
“ ခရစ် ... ။ ”
“ မလုပ်နဲ့ ... ။ ”
“ အား ... ။ ”
ယွမ်ချီက လက်မခံနိုင်သောအသံဖြင့်၊
“ မင်းငါ့အသက်ကို ချမ်းသာပေးမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ”
-ဟု မေးမြန်းလိုက်၏။
သူ့စကားထဲတွင် တုန်လှုပ်မှု၊ ဒေါသနှင့် ရူးသွပ်မှုများပြည့်နှက်နေကာ စကားသံတုန်ခါ နေချေပြီ။
“ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ငါပြောခဲ့ပေမယ့် မင်းရဲ့ကျင့်ကြံမှုကို မထိခိုက် စေဘူးလို့ ငါမပြောခဲ့ဘူး။ ”
စုရီက ခေါင်းခါလိုက်သည်။ ထို့နောက် ကြမ်းပြင်ပေါ်လဲကျသွားသော ယွမ်ချီအပေါ် လျစ်လျူရှုလျက်၊
“ မင်းတို့ ဒီမှာနေခဲ့ ... ။ ”
-ဟု ဆိုကာ ထွက်သွားရန်ပြင်လိုက်၏။
အနက်ဝတ်အဖိုးအိုသည် ပြင်းထန်သော ဒဏ်ရာရရှိထားကာ သူ့တပည့်ဝမ်ထျန်းသည် ဧကရာဇ်ဖြစ်လာသော်လည်း နက်နဲတာအိုကို စုစည်းရန်လိုနေသေးသည်။
“ တာအိုအိုမိတ်တွေ ငါမင်းနဲ့အတူ လိုက်ခဲ့မယ်။ ”
ယီလောင်မှ ခေါင်းညိတ်သော်လည်း ငရဲဘုရင်က ချက်ချင်း လှမ်းထွက်လာ၏။ စုရီမှ ပြန်မော့ကြည့်သည်။
“ ဘာလို့လဲ ငါက ကိုယ်ပွားတစ်ယောက်ပဲ သေမှာ မကြောက်ပါဘူး။ ”
စုရီက ငြင်းဆိုခြင်း မပြုတော့ဘဲ နဂါးကိုးကောင်မီးအိမ်၊ သွေးရောင်ကောင်းကင် ဓားနှင့် အခြားသောနတ်ဘုရားရတနာအချို့ ထုတ်ယူကာ ယီလောင်ထံပေးအပ်၏။
“ ကြယ်မြစ်ဂိုဏ်းဝင်တွေ ရောက်လာလို့ အသက်အန္တရာယ်ရှိလာရင် ဒီတံဆိပ်ကိုအသက် သွင်းလိုက်ပါ သေချာပေါက်အောင်မြင်လိမ့်မယ် ဒါပေမယ့် ...
... မင်းတို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်ဆိုတာကို မှတ်ထားပါ ပေါ့ပေါ့တန်တန် မသုံးပါနဲ့။ ”
ဤသည်မှာ ငရဲဘုံကိုးပါးဓား ရောင်ဝါပါရှိသည်။ ထိုရောင်ဝါကြိုးမျှင်များသည် ကောင်းကင်ဆန္ဒဥပဒေနှင့် ကြယ်ဆိတ်သုဉ်းမှု ဥပဒေကို ဖျက်ဆီးနိုင်ကြောင်း အတည်ပြု ထားပြီးဖြစ်၏။
ကြယ်ဆိတ်သုဉ်းမှု ဥပဒေ၏ ခြိမ်းခြောက်မှုမရှိသရွေ့ ယီလောင်သည် ယွမ်ချီ ကဲ့သို့ ကာကွယ်သူများကို အလွယ်တကူ အနိုင်ယူနိုင်ပေမည်။
***