← Chapters

မဟူရာ‌ရွှေကြယ်နယ်မြေနှင့် ရှေးဟောင်း ကြယ်ပျက်သုဉ်းမြေ ... ။

Vol. 67 Ch. 804

မဟူရာ‌ရွှေကြယ်နယ်မြေနှင့် ရှေးဟောင်း ကြယ်ပျက်သုဉ်းမြေ ... ။

Vol. 67 Ch. 804

ငရဲနန်းတော်မှ ထွက်ခွာလာပြီးနောက် ချောက်ကမ်းပါးတစ်နေရာတွင် စုရီတစ်ယောက် ခဏရပ်နားလိုက်၏။ ငရဲဘုရင်က သူ့အနား ရောက်ရှိလာသည်။

“ ဒီတစ်ကြိမ်မှာ မင်းသာနာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ငါတို့တွေ ကောင်းကင်ဆန္ဒကြယ်နယ်မြေကို အတူတကွ ခရီးသွားနိုင်မယ်လို့ အာမခံပါတယ်။ ”

စုရီမှ သတိပေးပြောကြားလိုက်၏။

“ ဒီအခွင့်အရေးက မင်းအတွက် တစ်ကြိမ်ပဲရှိတယ် ဖမ်းဆုပ်နိုင်မလားဆိုတာ မင်းရဲ့ရွေးချယ်မှုအပေါ်မှာ မူတည်တယ်။ ”

ဤဝင်စားခြင်းမြေသည် တားမြစ်နယ်မြေတစ်ခုဖြစ်ပြီး အန္တရာယ်များ၏။ ယခုအချိန်၌ ခေါင်းတလားထမ်း သရဲအိုကြီး၊ ကြက်ဖကြီး၊ အနက်ရောင် တစ္ဆေသင်္ဘောနှင့် ကြယ်နန်းတော် ကာကွယ်သူတို့ ရှိနေသည်။

ထို့ကြောင့် ခရီးစဉ်သည် မမျှော်လင့်ထားသော ပြဿနာများ ကြုံတွေ့ရ မည်ကို မှန်းဆထားပြီးဖြစ်၏။ ဤအမျိုးသမီး သည်သာ သူ့ဘက်တွင်ရှိနေသော် အထောက်အကူရပေမည်။

ငရဲဘုရင်၏ လှပသောမျက်နှာတွင် အကူအညီမဲ့သည့် အရိပ်အယောင် ဖြတ်ပြေး သွားတော့၏။ အဆုံး၌ သက်ပြင်းချ လိုက်လေသည်။

“ ဒီကိုလာတဲ့လမ်းတလျှောက်မှာ တစ်ချို့အရာတွေကို ငါနားလည်သွားပြီ မင်း နားထောင်ချင်လား။ ”

-ဟု စကား စလာ၏။

စုရီမှ မျက်ခုံးပင့်လိုက်ပြီး၊

“ ပြောပါ။ ”

-ဟု တုန့်ပြန်သည်။

ငရဲဘုရင်မှ မျက်နှာအမူအရာ လေးနက်သွားပြီး ကြယ်ရောင်မျက်လုံးများနှင့် စုရီကို ပြန်စိုက်ကြည့်လာ၏။ သူမအသံသည် နူးညံ့ကာ ပြတ်သားနေသည်။

“ ငါနားလည်သွားပြီ အနာဂတ်မှာ ငါမင်းရဲ့ရန်သူဖြစ်လို့မရဘူး ... ဟုတ်ပါတယ် အဲဒါက ကောင်းကင်ကိုးပါးနန်းတော်အတွက် ကိုင်တွယ်ဖြေရှင်းဖို့ပဲ အကျုံးဝင်ပါတယ်။ ”

“ သွားကြစို့ ... ။ ”

ရုတ်တရက် စုရီက လေထဲလှမ်းတက်ကာ ထွက်ခွာလိုက်သည်။ အဆိုပါအပြုအမူကြောင့် ငရဲဘုရင်ခမျာ အံ့အားသင့်သွားပြီး၊

“ စုရွှမ်ကြွယ် မင်းငါ့စကားကို အလေးအနက်ထားလား။ ”

-ဟု အော်ဟစ်မေးမြန်း၏။

သူမအမြင်တွင် တစ်ဖက်လူသည် ပေါ့ပေါ့တန်တန် သဘောထားလွန်းနေသည်။ သူမ၏ စိတ်ရင်းမှန်ကို ဖွင့်ပြလိုက်သော်လည်း ‘သွားကြစို့’-ဟုသာ ဖြစ်၏။

“ စကားတွေထက် အလုပ်နဲ့ပဲ ... သက်သေပြပါ မင်အရမ်းလှတာနဲ့ ... ငါ့အပေါ် စွဲဆောင်နိုင်လိမ့်မယ်လို့တော့ ထင်မနေနဲ့။ ”

“ ငါအရမ်းလှလား ... ။ ”

ငရဲဘုရင်က ရုတ်တရက် အံ့အားသင့်သွားတော့သည်။ ထိုစကားသည် မှော်ဆန်လွန်းနေပြီး နွေဦးရာသီတစ်ခုလို နွေးထွေစေသည်။ မကျေနပ်မှုများ ချက်ချင်း ပျောက်ကွယ်သွားတော့၏။

ထို့နောက်တွင် ပြုံးလျက်ဖြင့်၊

“ စုရွှမ်ကြွယ် ... ငါ့ကိုစောင့်ဦး။ ”

-ဟုဆိုကာ လေထဲ ပျံသန်းလိုက်ပါသွားလေသည်။ များမကြာခင် နှစ်ဦးသားပုံရိပ်များ ပျောက်ကွယ်သွား၏။

“ ဖျစ် ဖျစ် ဖျစ် ... ။ ”

နတ်ဘုရားသင်္ချိုင်းအပျက်အစီးမြေ၏ ဗဟိုဒေသတွင် သွေးတိမ်တိုက်များ စုရုံးလျက် လျှပ်စီးများလက်နေသည်။

စုရီက အင်မော်တယ်တူဖြင့် လမ်းရှင်းကာ ရှေ့မှဦးဆောင်နေ၏။ သူ့ဘေးရှိငရဲဘုရင်သည် အနီးကပ်လိုက်ပါနေရာမှ ဆံပင်များကို နားရွက် နောက်သို့ သပ်တင်လိုက်သည်။

“ ကြယ်ဆိတ်သုဉ်းခြင်း ဥပဒေနဲ့ ... မင်းရဲ့ကောင်းကင်ဆန္ဒဥပဒေမှာ ဘယ်သူက ပို အစွမ်းထက်လဲ။ ”

စုရီက စကားပြောရန် ကြိုးစားလိုက်သည်။

“ ငါတို့ရဲ့ တာအိုဥပဒေတွေက အခြားကမ္ဘာတွေအပေါ် သက်ရောက်မှု ရှိပေမယ့် ငါတို့အချင်းချင်းတွေမှာတော့ သာမန်ပါပဲ ... ။ ”

ဆိုလိုသည်မှာ သူမတို့အချင်းချင်း တိုက်ခိုက်ရသော် ထိုတာအိုဥပဒေများသည် အသုံးမဝင်ချေ။ ကျင့်ကြံမှု၊ ဝှက်ဖဲနှင့် နားလည်မှု သည်သာ အဓိကကျပေမည်။

ဤအချက်ကို နားလည်လိုက်သော စုရီတစ်ယောက်ခေါင်းညိတ်ပြီး၊

“ ငါခန့်မှန်းထားတဲ့အတိုင်းပဲ နောက်ဆုံးမှာတော့ ငါတို့ထိန်းချုပ်ထားနိုင်တဲ့ မဟာတာအိုအဆင့် ကွာခြားချက်ပါပဲ။ ”

-ဟု ရေရွတ်လိုက်၏။

ဤသည်မှာ မဟာတာအိုသုံးထောင်နှင့် မသက်ဆိုင်တော့ဘဲ ကမ္ဘာအသီးအသီးရှိ တာအို အဆင့်အပေါ် ရည်ညွှန်းခြင်းဖြစ်သည်။

ဆိုလိုသည်မှာ တာအိုများသည် ကမ္ဘာများကိုလိုက်ကာ အရည်အသွေးကွာခြား လေသည်။

ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကြီးအောက်တွင် ကမ္ဘာ့အသီးသီး၏ တာအိုများကို လွှမ်းခြုံထိန်းချုပ်ထားနိုင်သော တာအိုသည် ကောင်းကင်တာအိုသာရှိ၏။

ထိုအဆင့်အောက် မြင့်မားသော တာအိုကိုပိုင်ဆိုင်ထားသည့် ကြယ်နယ်မြေများ အားလုံးသည် မြင့်မားသောတည်ရှိမှုများဖြစ်၏။

“ ဒါဆို မင်းရဲ့အမြင်မှာ ... ငါတို့ရဲ့ အရိုင်းမြေကိုးပါးကြယ်နယ်မြေက မင်းတို့ရဲ့ ကောင်းကင်ဆန္ဒတာအိုလို ကောင်းကင်အဆင့် တာအိုမျိုး ပိုင်ဆိုင်ထားမယ်လို့ထင်လား။ ”

“ မဟုတ်ဘူး ... ။ ”

ငရဲဘုရင်မှ ခေါင်းခါလိုက်သည်။

“ ကြယ်နယ်မြေတစ်ခုက ဖွဲစည်းပုံ အပြည့်အစုံရှိမှသာ ကြယ်နယ်မြေအဖြစ်လို့ ခေါ်နိုင်ပါတယ် ငါလာခဲ့တဲ့ ကောင်းကင်ဆန္ဒ ကြယ်နယ်မြေက ပြီးပြည့်စုံတယ် ...

... မင်းရဲ့အရိုင်းမြေကိုးပါးကတော့ ပြီးပြည့်စုံမှုမရှိဘူး သူ့အစိတ်အပိုင်းတွေအားလုံး ကမ္ဘာငယ်တွေအဖြစ် အပိုင်းပိုင်းကွဲနေတယ် ဒါကြောင့် မင်းတို့မှာ ကောင်းကင်အဆင့် တာအိုဥပဒေမရှိဘူး ...

... တစ်နေ့မှာ ကြယ်တာရာတွေ ပြည့်နှက်နေတဲ့ကောင်းကင်ရဲ့ အနက်ရှိုင်းဆုံး နေရာကို မင်းစွန့်စားမယ်ဆိုရင် ...

... မရဏကမ္ဘာနဲ့ အရိုင်းမြေကိုးပါးဟာ ရှုပ်ထွေးပြီး ပျက်စီးနေတဲ့ ကြယ်စနစ်တစ်ခုသာ ဖြစ်နေတယ်ဆိုတာ မင်းသိလိမ့်မယ် ဒါကြောင့် သဘာဝအတိုင်း အစွမ်းထက်ဆုံး တာအိုတွေကို မင်းမတွေ့နိုင်တော့ဘူး။ ”

စုရီမျက်ခုံးများ အနည်းငယ်တွန့်သွား၏။ အရိုင်းမြေကိုးပါးတွင် ပို၍မြင့်မားသောလမ်းသို့ တက်ရောက်ရန် ခက်ခဲနေရသည့် ပြဿနာကို နားလည်သွားချေပြီ။

ဆိုလိုသည်မှာ သူနေထိုင်သော ကြယ်စနစ်သည် အပိုင်းပိုင်းပျက်စီးခြင်းကြောင့် တာအိုများ ပျောက်ကွယ်နေခြင်းပေပင်။

“ ငါမရဏကမ္ဘာကို ဆင်းလာတုန်းက ငါ့တို့ရဲ့လွတ်မြောက်သူက ဒီကြယ်နယ်မြေကို အမှောင်နဲ့ရွှေရောင်ကြယ်နယ်မြေလို့ ခေါ်တာ ကြားဖူးတယ် ...

... တစ်ချိန်က မဟူရာရွှေကြယ် နယ်မြေဆိုတာ ... တာအိုအားလုံးရဲ့ဘိုးဘေးပဲ ဘုန်းအသရေကြီးမားပြီး ကောင်းကင်အဆင့် တာအိုတွေ ပြည့်နှက်နေတယ် ...

... မရေမတွက်နိုင်တဲ့ ကြယ်တွေကို လှုပ်ခါစေနိုင်တဲ့ ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေလည်း အများကြီးမွေးဖွားနိုင်တယ် ...

... ကံမကောင်းစွာနဲ့ပဲ ငါတို့ရဲ့ လွတ်မြောက်သူက ဒီအကြောင်းအများကြီး မပြောပြခဲ့ဘူး ... မဟူရာ‌‌ရွှေကြယ်ပျက်စီးမှုဟာ လျှို့ဝှက်ဆန်းကြယ်တဲ့ ...

... ကပ်ဘေးတစ်ခုကြောင့်လို့သာ ပြောပြခဲ့တယ် အဲဒီကပ်ဘေးကြီးအပြီးမှာတော့ မဟူရာရွှေကြယ်နယ်မြေမှာရှိတဲ့ ...

... နတ်ဘုရားတွေအားလုံး ဖျက်ဆီးခံလိုက်ရပြီး ကြယ်ဖွဲ့စည်းမှုစနစ်လည်း ပျက်စီးသွားရတော့တယ်။ ”

... အဲဒီအချိန်ကစပြီး ရွှမ်းဟွမ်ခေါ် မဟူရာ‌ရွှေကြယ်နယ်မြေကို ... ရှေးဟောင်း ကြယ်ပျက်သုဉ်းမြေလို့ ခေါ်ခဲ့ကြတယ်။ ”

တစ်ချိန်က အလွန်ကြီးကျယ်ခမ်းနားပြီး တာအိုများအားလုံး၏ ဘိုးဘေးနယ်မြေအဖြစ်သို့ ထင်ရှားခဲ့သော ကြယ်အဖွဲ့အစည်းတစ်ခုသည် ယနေ့တွင် ရှေးဟောင်းနယ်မြေဖြစ်လာ၏။

ထိုသတင်းသည် စုရီကို စိတ်လှုပ်ရှားစေတော့သည်။ အတိတ်ဘဝ၌ ဧကရာဇ်များဘုရင်ဖြစ်ကာ အရိုင်းမြေကိုးပါးကို အုပ်စိုးခဲ့၏။

ထို့ကြောင့် ကြယ်အပျက်အစီးများနှင့် ရှေးဟောင်းနယ်မြေဟူသော မှတ်တမ်းအချို့ကို ဖတ်ရှုဖူးသော်လည်း ဤမျှအထိ မပြည့်စုံချေ။ အပိုင်းအစများနှင့် နာမည်သာပါရှိသည်။

ယခုမူ ထိုပျက်စီးနေသော ကြယ်နယ်မြေများဟူသည် အရိုင်းမြေကိုးပါးကို ရည်ညွှန်းမှန်း နားလည်လိုက်ချေပြီ။

“ ရှေးဟောင်း ကြယ်ပျက်သုဉ်းမြေ။ ”

စုရီမှ ငရဲဘုရင်ကို ပြန်လှည့်ကြည့်ကာ၊

“ တထြားဘာတွေသိသေးလဲ။ ”

-ဟု မေးမြန်းလိုက်သည်။

“ အဲဒီကပ်ဘေးကြီးအပြီးမှာ ရှေးဟောင်းကြယ်ပျက်သုဉ်းမြေရဲ့ သန်မာသူ လုံးဝနီးပါး ပျောက်ကွယ်သွားခဲ့တယ် ...

... အချိန်တွေကုန်လွန်လာပြီးတဲ့နောက် အခြားကြယ်နယ်မြေတွေက ... ဒီရှေးဟောင်း ကြယ်ပျက်သုဉ်းမြေအကြောင်းကို မေ့လျော့နေကြပါပြီ ...

... ငါတောင် ဂိုဏ်းချုပ်ပြောတာကို နည်းနည်းလောက် ကြားခဲ့ဖူးတာပဲရှိပါတယ် မရှင်းလင်းခဲ့ဘူး အဲဒီမတိုင်ခင်က ဒီလိုအရိုင်းမြေ တစ်ခုရှိနေတာ သိတောင်မသိခဲ့ဘူး။ ”

ထိုစကားများကြောင့် စုရီသည် မျက်မှောင်ကြုတ်လိုက်၏။ အချိန်ယန္တရားသည် ရက်စက်ကြမ်းကြုတ်လွန်းပြီး အရာရာအပေါ် ပြန့်ကျဲပျောက်ကွယ်သွားစေသည်။ မဟာ တာအိုများပင် မကျန်ချေ။

တစ်ဖက်တွင် မဟူရာ‌ရွှေကြယ်ရှိ နတ်ဘုရားများကို ဖျက်ဆီးပြီး ကြယ်တစ်ခုလုံး အစိတ်အစိတ်အမွှာမွှာဖြစ်စေသော ကပ်ဘေး အကြောင်း စိတ်ဝင်စားလာပြန်သည်။

ထိုအချင်းအရာများသည် သူ မသိသောအရာများဖြစ်၏။ အတိတ်ဘဝတွင် ဤအရာများအပေါ် လုံးဝမကြားဖူးချေ။

“ ငါ့ရဲ့အရင်ဘဝတုန်းက တာအိုကို နှစ်ပေါင်း(၁၀၈၀၀၀)ကြာ လေ့ကျင့်ခဲ့ပေမယ့် ဒီလိုလျှို့ဝှက်ချက်တွေကို မသိခဲ့ရဘူး ... ဒါက ရွှမ်းဟွမ်ကြယ်တာရာနယ်မြေ ခံစားခဲ့ရတဲ့ အဲဒီကပ်ဘေးကြီးဟာ ...

... ဘယ်လောက်ကြောက်စရာ ကောင်းလဲဆိုတာပြနေတယ် ဒီဖျက်ဆီးနိုင်စွမ်း အောက်မှာ မဟာတာအိုတည်ရှိမှုတွေအားလုံး ...

... လုံးဝပျောက်ကွယ်ကုန်ကြတယ် ... မဟုတ်ရင် အဲဒီရှေးဟောင်းမှတ်တမ်းတွေထဲမှာ ကျန်ရှိနေဦးမှာပါ။ ”

စုရီက တစ်ကိုယ်တည်း ညည်းတွား ရေရွတ်လိုက်လေသည်။ လက်ရှိမရဏကမ္ဘာ၏ အဖြစ်အပျက်များအရ မဟူရာ‌ရွှေကြယ်သည် အတော်ပျက်စီးသွားကြောင်း အတည်ပြုနိုင်၏။ ငရဲဘုရင်မှ သက်ပြင်းချသည်။

“ ဒါပေမယ့် ပြန်လည်ဝင်စားခြင်းလို ဥပဒေစွမ်းအားကို ငါတို့ကြယ်တွေစုံလင်နေတဲ့ ကောင်းကင်ကြီးအလယ်မှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး ... ဒါက မဟူရာ‌‌‌ရွှေကြယ်ကြီးရဲ့ ဥပဒေစွမ်းအားဖြစ်နိုင်ပါတယ် ...

... ပြီးတော့ ကောင်းကင်လှည့်စားခြင်း မြက်ပင်က ငါကောင်းကင်ဘုံကိုးပါးနန်းတော်ရဲ့ မဟာတာအိုကျိန်ဆိုချက်ကို ဖျက်ပေးနိုင်မယ်လို့ လုံဝမမျှော်လင့်ထားဘူး ... ဒီလိုသဘာဝရတနာ တစ်ခုရဲ့အစွမ်းက ငါ့စိတ်ကူးထက် ကျော်လွန်နေပါပြီ ... ။ ”

သူမစကားပြောနေစဉ် ကြယ်ရောင်မျက်လုံးများသည် ထူးဆန်းစွာ ပြောင်းလဲသွားကာ စုရီထံ ပြန်ကြည့်ပြီး၊

“ ဟုတ်ပါတယ် ... ငါ့ကို ဒီထက်ပိုပြီး .. အံ့အားသင့်စေတဲ့အရာကတော့ မင်းမှာရှိနေတဲ့ စွမ်းအားပဲ ... ဒါက ထူးဆန်းနေတယ် မဟူရာ ရွှေကြယ်ပိုင်ဆိုင်တဲ့ တာအိုဥပဒေမဟုတ်ဘူး။ ”

-ဟု ပြောကြားလိုက်သည်။

ကောင်းကင်ဆန္ဒ ဥပဒေနှင့် ကြယ်ဆိတ်သုဉ်းဥပဒေကို ပယ်ဖျက်နိုင်သည့် စွမ်းအားတစ်ခု အရိုင်းမြေတစ်ခု၌ ရှိနေသည်မှာ ယုံနိုင်စရာမရှိချေ။

ယင်းကြောင့်ပင် ဤရှေးဟောင်း ကြယ်ပျက်သုဉ်းမြေသည် တစ်ချိန်က လျှို့ဝှက် ဆန်းကြယ်ပြီး တောက်ပခဲ့ကြောင်း လက်ခံလိုက်ရသည်။

“ တစ်ချိန်က ကြွယ်ဝခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ ခက်ခဲကြမ်းတမ်းလွန်းတဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေရတာက ...

... အုတ်မြစ်ပျက်စီးသွားတဲ့ ရှေးဟောင်းမျိုးနွယ်စုတစ်ခုနဲ့ ဘာတွေများ ကွာခြားနိုင်ဦးမှာလဲ။ ”

စုရီက ညည်းတွားလိုက်သည်။ ဤလျှို့ဝှက်ချက်များကို သိရှိနားလည်ခြင်းသည် သူ့အပေါ် သက်ရောက်မှုများ ဖြစ်စေ၏။

တစ်ချိန်တည်းမှာပင် တစ်ဖက်လူသည် သူ့အပေါ် အမှန်ပင်ရိုးသားလာကြောင်းကိုလည်း နားလည်လိုက်သည်။

အတိတ်ကာလတွင် ဤအမျိုးသမီးသည် နှုတ်ဆိတ်နေပြီး လျှို့ဝှက်ချက်များကိုထုတ်ဖော် ပြောဆိုလိုခြင်းမရှိကြောင်း သိရှိထား၏။

“ တာအိုမိတ်ဆွေ ... အဲဒီမှာ မင်းပြောခဲ့တဲ့ လျှို့ဝှက်နယ်မြေဝင်ပေါက်လား။ ”

ရုတ်တရက် အဝေးတွင် လွင့်မျောနေသော အာကာသစုံမှတ်တစ်ခုကို မြင်လိုက်ရသဖြင့် ငရဲ ဘုရင်မှ မေးမြန်းလိုက်သည်။

စုရီက အတွေးများကိုစုစည်းပြီး မော့ကြည့်လျက် ခေါင်းညိတ်လိုက်တော့၏။ လေထုအလယ် သွေးတစ်စက်အလား မြူအချို့လွင့်မျောနေသည်။

၎င်းထံမှ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ အာကာသအတက်အကျများ ပြန့်ကားလည်ပတ် နေတော့၏။ ပတ်ဝန်းကျင်ရှုခင်းများသည် ထိုတုန်ခါမှုလှိုင်းကြောင့် မှုန်ဝါးနေချေပြီ။

ဤနေရာရှိ ကောင်းကင်နှင့် မြေကြီးကို ဖုံးအုပ်ထားသော ကြက်သွေးရောင်မြူများသည် ပါးလွှာပြီး ပျောက်ကွယ်လုနီပါးပေပင်။

***

All Chapters