အမြင်သစ်
Vol. 27 Ch. 358
ဂျန်ဖန်း မေးလိုက်သည်။
"သူတို့တိုက်ခိုက်နေတာ ပြင်းထန်လား..."
နဲ့ယွင်ရှီး ဂျန်ဖန်းကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"အတော်လေး ကြမ်းတယ်...."
"ရှုယင်းရင် မြေကမ္ဘာအဆင့်ဓားသိုင်းတစ်ခုသင်လာတယ်။ ပြီးတော့ အတော်လေး အစွမ်းထက်တယ်...."
"သူမရဲ့ကျင့်ကြံရေးကလည်း သိသိသာာသာတိုးတက်လာပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၆ ကိုရောက်နေပြီ...."
"ခရီးမထွက်ခင်ကနဲ့ယှဥ်ရင် မမှတ်မိနိုင်လောက်အောင်ပဲ...."
ဘာ?...
လီချင်ဖုန်း အံ့အားသင့်သွား၏။
"မင်းမြင်ခဲ့တာ သေချာလား...."
"မြေကမ္ဘာအဆင့်ဓားနည်းစနစ်... အဆင့် ၆ ကျင့်ကြံရေး...."
ဝမ်ဟုန်ယောင်နှင့် ကျောက်ဝူဂျိ မနေနိုင်ပဲ မျက်လုံးတွေကျဥ်းမြောင်းသွား၏။
"အကြီးအကဲလီ, နင့်တပည့်က ကံကောင်းမှုအချို့ကြုံခဲ့တယ်ထင်တယ်...."
ဝမ်ဟုန်ယောင် မကြည်မသာဖြင့် ပြောလိုက်သည်။
ကျောက်ဝူဂျိလည်း မနာလိုမှုအပြည့်ဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ သူမလည်း ချောင်ကျန့်လို ဂူထဲမှားဝင်မိတယ်နဲ့တူတယ်...."
လီချင်ဖုန်းမျက်နှာ ဂုဏ်ယူမှုဖြင့် တောက်ပနေခဲ့သည်။
ရှုယင်းရင်၏သိသိသာသာတိုးတက်မှုက ဆရာတစ်ယောက်အနေဖြင့် သူ့ကိုလည်း ဂုဏ်တက်စေ၏။
သို့ပေမယ့် ထို့နောက် သူ့အမူအရာပြောင်းလဲသွားသည်။
"ရှုရို့ရန်နဲ့ ချန်စီလင် အန္တရာယ်ရှိလား..."
ရှုယင်းရင်၏ခွန်အားခုန်တက်မှုနှင့် အခြားအမျိုးသမီး ၂ ယောက် ကိုင်တွယ်နိုင်တော့မည်မဟုတ်ပေ။
နဲ့ယွင်ရှီးမျက်နှာ တစ်မျိုးပြောင်းသွား၏။
"ဂျူနီယာညီမ ၂ ယောက်က တကယ်ပဲအရေးနိမ့်နေတယ်။ ဒါပေမယ့်, အန္တရာယ်ရှိနေလားပြောဖို့ကတော့ မသေချာဘူး...."
"သူတို့နှစ်ယောက်လုံးက ဂျူနီယာမောင်လေးဂျန်ရဲ့ ထူးဆန်းတဲ့ဓားသိုင်းကို လေ့ကျင့်ထားတယ်လေ...."
"ပြီးတော့ အတော်လေးလည်း ကျွမ်းကျင်လာကြတယ်...."
"သူတို့ကျင့်ကြံရေးက ရှုယင်းရင်ထက်နိမ့်ပေမယ့် ဓားသိုင်းနဲ့နှစ်ယောက်ပေါင်းပြီးခုခံနိုင်နေတယ်...."
အာ?....
ဤအရာက ဝမ်ဟုန်ယောင်နှင့် ကျောက်ဝူဂျီကို မလွယ်ကူသလိုဖြစ်သွားစေ၏။
ဝမ်ဟုန်ယောင် မှုန်ကုပ်သည့်မျက်နှာဖြင့် ပြောလိုက်သည်။
"အကြီးအကဲလီ, ဒါအတွက် နင်အရိုက်ခံရမှာမကြောက်ဘူးလား...."
ကျောက်ဝူဂျီ စိုက်ကြည့်လိုက်သည်။
"ဒီလောက်များတဲ့ပါရမီရှင်တပည့်တွေ မင်းတစ်ယောက်တည်း သင်ရောသင်ကြားပေးနိုင်ရဲ့လား...."
"အမူပင်မဲ့တောင်ထိပ်က ကူညီမယ်ဆိုရင်ကော ဘယ်လိုလဲ...."
လီချင်ဖုန်း မျက်လုံးတွေ တောက်ပသွား၏။
ဂျန်ဖန်းကိုစနေဖို့အချိန်မရှိပဲ အလျှင်အမြန်ပဲ ပြောလိုက်သည်။
"သွားစို့, သွားစို့... သူတို့ကို မြန်မြန်သွားတားရအောင်...."
"တစ်ယောက်ယောက်ဒဏ်ရာရသွားရင်, ရှုံးဆုံးမှုကြီးသွားလိမ့်မယ်...."
လီချင်ဖုန်းမျက်လုံးထဲ၌ အမျိုးသမီးသုံးယောက်က အဖိုးတန်ကြွေထည်ပစ္စည်းလေးတွေဖြစ်ကြ၏။
သူတို့အား အလွယ်တကူထိခိုက်စေလို့မဖြစ်ပေ။
နဲ့ယွင်ရှီး ခါးသီးမှုတွေနှင့်ပြည့်နှက်သွား၏။
တစ်ခါက သူမက သူမတို့ဆရာ၏ဂုဏ်ယူရသူဖြစ်သည်။
ယခုတော့, ဂျူနီယာညီမသုံးယောက်က သူမကိုကျော်တက်ပြီး ဆရာ၏အချစ်ဆုံးတွေဖြစ်လာခဲ့သည်။
ဤအရာအားလုံးက အမျိုးသား ၂ ယောက်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
တစ်ယောက်က ထူးဆန့်သည့်နံပါတ် ၁ အရိပ်စောင့်ဖြစ်ပြီး ရှုယင်းရင်းဆီပြောင်းလဲမှုတွေ ယူဆောင်လာခဲ့သည်။
နောက်တစ်ယောက်က ဂျန်ဖန်းဖြစ်ပြီး အမျိုးသမီးနှစ်ယောက်ဆီ အခွင့်အရေးတွေယူလာပေးခဲ့တာဖြစ်သည်။
ဤအရာကိုတွေးပြီး သူမနေနိုင်ပဲ ဂျန်ဖန်းကိုကြည့်လိုက်ရာ စိတ်ထဲ၌ မလွယ်ကူမှုကိုခံစားလိုက်ရသည်။
"ဂျူနီယာမောင်လေးဂျန်, နင် သွားမကြည့်ဖူးလား..."
"နင့်ရဲ့ချစ်ဇနီးလေးနှစ်ယောက် အရေးနိမ့်နေတယ်..."
ရုတ်တရက် သူမသိချင်လာခဲ့သည်။
နံပါတ် ၁ အရိပ်စောင့်လေ့ကျင့်ပေးသည့် အမျိုးသမီးနှင့် ဂျန်ဖန်းကူညီသည့် နှစ်ယောက် ဘယ်သူပိုသန်မာလဲဆိုတာပင်။
ဂျန်ဖန်း မနေနိုင်ပဲ မချိပြုံးပြုံးလိုက်သည်။
အမျိုးသမီး ၃ ယောက်လုံး၏ခွန်အားကို သူကိုယ်တိုင်မြှင့်တင်ပေးခဲ့တာဖြစ်သည်။
မမျှော်လင့်စွာပဲ, သူမတို့က တွေ့သည်နှင့် သူသင်ပေးခဲ့သည့်နည်းစနစ်တွေသုံးကာ တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေခဲ့သည်။
နောက်ထပ်ကြန့်ကြာမနေတော့ပဲ, ဂျန်ဖန်း အလျှင်အမြန် ကောင်းကင်ဓားတောင်ထိပ်ကို သွားတော့သည်။
တောင်ထိပ်လွင်ပြင်၌....
သေချာပေါက်ပင်။ သူက ပန်းပွင့်တွေထဲမှာ ရောယှက်နေသည့် လိပ်ပြာလေးတွေကဲ့သို့ ပုံရိပ် ၃ ခုကိုတွေ့လိုက်သည်။
မရပ်မနားထွက်ပေါ်နေသည့် ဓားချင်းတိုက်မိသံတွေလည်း ကြားနေရ၏။
ထိုအရာက အပြာရောင်ဝတ်စုံဝတ်ဆင်ထားသည့်ရှုယင်းရင် ဓားရှည်ကိုဝှေ့ယမ်းပြီး ရှုရို့ရန်နှင့် ချန်းစီလင်ကို တိုက်ခိုက်နေတာဖြစ်သည်။
သူမဓားဝှေ့ယမ်းလိုက်တိုင်း စက်ဝန်းပြတ်ပုံဓားလှိုင်းတွေထွက်ပေါ်လာပြီး ရန်သူကို ခုခံရခက်ခဲစေ၏။
ထိုအချိန်၌ ရှုရို့ရန် အဝါရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး သင့်ပျံ့သည့်ချွေးလေးတွေထွက်နေခဲ့သည်။
သူမက ရှုယင်းရင်၏ဓားသိုင်းကို ဓားနှလုံးသားဖြင့် မနည်းခုခံနေခဲ့သည်။
သူတို့ခွဲခွာသည့်တစ်လအတွင်း၌ သူမက အခြေခံတည််ဆောက်ခြင်းအဆင့် ၄ မှ အဆင့် ၅ ကို တိုးတက်ခဲ့၏။
ဂျန်ဖန်းကို ပိုအံ့အားသင့်စေတာက, ဓားနှလုံးသားထွင်းထုခြင်း ဒုတိယအဆင့် ပင်လယ်ထက်မှနေမင်းကို ရောက်ရှိနေတာဖြစ်သည်။
ဤအရာက မြေကမ္ဘာအဆင့်နည်းစနစ်ဖြစ်ပြီး သူမက တစ်လတည်းနှင့် ဤပမာဏထိ တိုးတက်လာခဲ့သည်။
တကယ်ကို အံ့အားသင့်စရာပင်။
သူမနှင့်တစ်ဖက်တည်းမှာတိုက်ခိုက်နေသူကတော့ ချန်းစီလင်ဖြစ်ပြီး ရင်သက်ရှုမောလောက်သည့် အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။
သူမက နူးညံ့သည့်ပန်းပွင့်လေးကဲ့သို့လှုပ်ရှားနေပြီး ရှုရို့ရန်နှင့်ပူပေါင်းကာ ရှုယင်းရင်ကိုခုခံနေခဲ့သည်။
ကျင့်ကြံရေးကလည်း အခြေခံတည်ဆောက်ခြင်းအဆင့် ၃ မှ အဆင့် ၄ သို့ တိုးတက်ခဲ့၏။
သူမလည်း ဓားနှလုံးသားထွင်းထုခြင်းအဆင့် ၂ ကို နားလည်ထားပြီး ရှုရို့ရန်ထက်တောင် ပိုကျွမ်းကျင်နေခဲ့သည်။
ဤအရာက ဂျန်ဖန်းကို မယုံနိုင်ဖြစ်သွားစေခဲ့သည်။
"စီလင်က ဓားကျင့်ကြံရေးမှာ ပါရမီရှိတာလား...."
သူ သူမတို့ကို ဓားသိုင်းသင်ပေးချိန်က ချန်စီလင်က ရှုရို့ရန်ထက် သိသိသာသာပိုတိုးတက်မှုရှိ၏။
သို့ပေမယ့်...
သူမတို့ဓားသိုင်းက ရှုယင်းရင်ထက်သာသော်လည်း ကျင့်ကြံရေးကွာဟမှုက ကျော်လွားလို့မရပေ။
ရလဒ်အနေဖြင့် အနည်းငယ် အောက်စီးရောက်နေပြီး မနည်းခုခံနေရ၏။
လီချင်ဖုန်း ရပ်ဖို့လှမ်းအော်နေသော်လည်း အမျိုးသမီး ၂ ယောက် ရပ်တန့်မည့်ရည်ရွယ်ချက်မရှိပဲ ရှုယင်းရင်းနှင့် ဆက်လက်တိုက်ခိုက်နေခဲ့သည်။
ရှုယင်းရင်လည်း တိုက်ခိုက်ဖို့ စိတ်အားထက်သန်နေပြီး ရပ်တန့်မည့်အရိပ်အယောင်မရှိပေ။
ဆန့်ကျင်ဘက်အနေဖြင့် အနိုင်ရတော့မည့်လူတစ်ယောက်ကဲ့သို့ သူမတိုက်ခိုက်မှုတွေက ပိုလို့တောင် ကြမ်းတမ်းလာခဲ့သည်။
ဂျန်ဖန်း မပြောလိုက်ခင်ထိပင်။
"ရပ်လိုက်..."
အမျိုးသမီးသုံးယောက်လုံး အလိုလိုတုန်ယင်သွားပြီး ချက်ချင်း ရပ်တန့်လိုက်ကြသည်။
ဂျန်ဖန််််််််််််််််််််းအသံကိုကြားသည့်အခါ ရှုယင်းရင် ရှင်းပြလို့မရသည့် ပျာယာခတ်မှုကိုခံစားလိုက်ရသည်။
သူမက အလျှင်အမြန်ပဲ ဓားကိုဓားအိတ်ထဲထည့်ပြီး ရှုပ်ပွနေသည့်ဆံပင်တွေကိုသပ်ရပ်အောင်လုပ်ကာ ဂျန်ဖန်းအား တောက်ပသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။
ချီးကျူးမှုကိုစောင့်ဆိုင်းနေသည့် ကလေးတစ်ယောက်လိုပင်။
စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုတို့ရှိနေခဲ့သည်။
"ဂျန်...."
သူမ သူ့ကိုနှုတ်ဆက်တော့မည့်အချိန်မှာပဲ ရှုရို့ရန်နှင့် ချန်းစီလင် ပျော်ရွင်စွာအော်ဟစ်လိုက်ပြီး ဂျန်ဖန်းလက်မောင်းထဲပြေးဝင်သွားကြသည်။
"ဖန်း, နင်လည်းပြန်ရောက်နေတာလား..."
ရှုရို့ရန်၏လှပသည့်မျက်လုံးတွေ သိသာသည့်ပျော်ရွင်မှုတွေဖြင့် တောက်ပနေပြီး နူးညံသည့်မျက်နှာလေးက ပျော်ရွင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။
ချန်းစီလင် ဂျန်ဖန်းကို ရှက်ရွံ့စွာမော့ကြည့်ပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ယောက်ျား, ဒီရက်တွေမှာ အန္တရာယ်နဲ့တွေ့ခဲ့သေးလား...."
ဂျန်ဖန်း သူမတို့၏ပခုံးတွေကိုပုတ်ပေးပြီး ပြောလိုက်သည်။
"ငါ အဆင်ပြေပါတယ်....."
"ဒါပေမယ့်, မင်းတို့နှစ်ယောက်ရဲ့တိုးတက်မှုကတော့ အံ့အားသင့်စရာပဲ...."
သူမတို့ကျင့်ကြံရေးကို မပြောလိုသေးပေ။ ဓားသိုင်းတိုးတက်မှုကကို ဂျန်ဖန်းမျှော်လင့်ထားတာထက် ကျော်လွန်နေခဲ့သည်။
ရှုရို့ရန် ချန်းစီလင်ကို ကျေးဇူးတင်စွာကြည့်ပြီး ပြောလိုက်သည်။
"ဒါစီလင်ကြောင့်လေ။ သူမက ကောင်းကင်နဲ့မြေကြီးရတနာတွေရှိတဲ့နေရာတစ်ခု ရှာတွေ့ခဲ့လို့ ငါတို့ အဆင့်တက်နိုင်ခဲ့တာ...."
"ပြီးတော့ ဓားသိုင်းကလည်း သူပဲ ငါ့ကိုသင်ပေးတာ..."
အို?....
ဂျန်ဖန်း ချန်းစီလင်ကို အံံအားသင့်စွာ ကြည့်လိုက်သည်။
"ဓားသိုင်းမှာ မင်းရဲ့နားလည်နိုင်စွမ်းက ဒီလောက်တောင်မြင့်တာလား..."
ချန်းစီလင်မျက်လုံးတွေ တဖျတ်ဖျတ်ဖြစ်သွား၏။
သူမက တကယ်ပဲ ဤလောက်နားလည်နိုင်စွမ်းမြင်သည်လား?....
ထိုအရာအားလုံးက သူမကိုယ်ထဲရှိ လနတ်ဘုရားမကို ကျေးဇူးတင်ရမှာဖြစ်သည်။
သူမတို့ကျင့်ကြံရေးတိုက်တက်တာကလည်း လနတ်ဘုရားမ ကောင်းကင်နှင့်မြေကြီးရတနာတွေရှိသည့်ဂူကိုလမ်းညွှန်ပေးခဲ့လို့ဖြစ်သည်။
"နင်က ငါ့ကိုမြှောက်နေတာပဲ, ယောက်ျား...."
ချန်းစီလင် ပုံမှန်မဟုတ်စွာ ပြောလိုက်သည်။
သူမက သူမကိုယ်ထဲရှိ မွေးရာပါသန္ဓေသားက ပြန်လည်မွေးဖွားလာသည့်လနတ်ဘုရားမဆိုတာ ဂျန်ဖန်းအား ဖုံးကွယ်မထားချင်ပေ။
သို့ပေမယ့် လနတ်ဘုရားမက ခြိမ်းခြောက်ထား၏။ သူမသာထုတ်ပြောလျှင် ဂျန်ဖန်းကိုသတ်မည်ဟူ၍ပင်။
ဤအရာက သူမကို အခက်တွေ့စေ၏။
"စီလင်, မင်းအဆင်ပြေရဲ့လား...."
ဂျန်ဖန်း သံသယဖြင့် မေးလိုက်သည်။
ချန်းစီလင်ထူးဆန်းနေသည်ဟု သူအမြဲခံစားနေရ၏။ သူမက တစ်ခုခုကိုဖုံးကွယ်ထားပြီး သူ့ရှာတွေ့သွားမှာ ကြောက်နေသလိုပင်။
ချန်းစီလင် နှလုံးသား ခုန်ပေါက်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။
"ပြေပါတယ်, ဘာမှမဖြစ်ပါဘူး..."
"ပြဿနာရှိနေတာက ရှုယင်းရင်ပဲ...."
ဂျန်ဖန်းအာရုံကိုပြောင်းဖို့ သူမက ခေါင်းစဥ်ပြောင်းလိုက်သည်။
သူမက မျက်မှောင်ကြုတ်ပြီး ရှုယင်းရင်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
"အချိန်တိုလေးအတွင်း သူက အဆင့် ၃ ကနေ အဆင့် ၆ ကို ခုန်တက်သွားတာ...."
"ပြီးတော့ ထူးဆန်းတဲ့ဓားသိုင်းတစ်မျိုးလည်း တတ်လာသေးတယ်...."
"သူပြောတာတော့ မိတ်ဆွေဟောင်းတစ်ယောက်ဆီက လက်ဆောင်ရတာတဲ့...."
"ဘယ်လို မိတ််ဆွေမျိုးကများ သူ့ကိုဒီလောက်အားကောင်းအောင်လုပ်ပေးလိုက်လဲ ငါသိချင်တယ်...."
သူမပြောလေလေ မခံမရပ်နိုင်ဖြစ်လာလေလေဖြစ်သည်။
နောက်ဆုံးအကြိမ် ရှုယင်းရင်ထွက်မသွားခင်က ရှုရို့ရန် သူမကို အလွယ်တကူဖိနှိပ်နိုင်ခဲ့၏။
သို့ပေမယ့် ယခုတော့,အချိန်တိုအတွင်းမှာတင် ရှုရို့ရန်နှင့် သူမနှစ်ယောက်ပေါင်းတိုက်ခိုက်တာတောင် သူမ၏ဖိနှိပ်မှုကို ခံနေရခဲ့သည်။
လနတ်ဘုရားမအကူအညီရှိသည့် သူမတောင် ဤလောက်မြန်မြန်မတိုးတက်ပေ။
ထိုအရာက တကယ်ကို ဝေခွဲမရဖြစ်စေ၏။