← Chapters

နေရာတင်အဆင့်ချိုးဖျက်ခြင်း

Vol. 27 Ch. 359

နေရာတင်အဆင့်ချိုးဖျက်ခြင်း

Vol. 27 Ch. 359

ဂျန်ဖန်း ခြောက်ကပ်ကပ်ချောင်းဆိုးပြီး ပြောလိုက်သည်။

"သူ့မှာကူညီမဲ့ကျွမ်းကျင်သူရှိတယ်ဆိုပေမယ့် မင်းမှာကော ငါမရှိဘူးလား..."

သူက ချက်ချင်းပဲ နဂါးနွယ်စိတ်ဝိညာဥ်အရည်တစ်ပိုင်းထုတ်ယူလိုက်သည်။

"ဒီပစ္စည်းက အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့်တွေကို တိုက်ရိုက် အဆင့် ၁ ဆင့်တိုးတက်အောင် လုပ်ပေးနိုင်တယ်....."

ဘာ?....

ချန်းစီလင်မျက်လုံးတွေ အံ့အားသင့်မှုကြောင့် တောက်ပသွားပြီး ဂရုတစိုက်ယူလိုက်သည်။

သူမက ဂျန်ဖန်းကို အကြွင်းမဲ့ယုံကြည်၏။

သူက အလယ်အလတ်အဆင့်သမားတွေ တစ်ဆင့်ချိုးဖျတ်နိုင်တယ်ပြောကတည်းက သေချာပေါက် အလိိမ်အညာမဟုတ်ပေ။

သို့ပေမယ့် နာခံစွာပဲ ရှုရို့ရန်အားပေးလိုက်သည်။

"အမ, နင်သောက်လိုက်...."

မယားကြီးတောင်မစမ်းကြည့်ရသေးတာ သူမဘယ်လိုလုပ် အရင်ယူနိုင်မည်နည်း။

ရှုရို့ရန် မယူပဲ ဂျန်ဖန်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"နင် အရင်သောက်လိုက်ပါ..."

"ဖန်းက ငါ့ကို ဘယ်တော့မှ လျစ်လျူရှုမှာ မဟုတ်ပါဘူး...."

ဂျန်ဖန်း ရယ်ရမလို ငိုရမလိုဖြစ်သွားပြီး ပြောစရာစကားမရှိဖြစ်သွား၏။

ဘာကြောင့်သူ့ဘက်လှည့်လာရသနည်း။

ချက်ချင်းပဲ နောက်ထပ် နဂါးနွယ်စိတ်ဝိညာဥ်အရည်ထုတ်ကာ ပြောလိုက်သည်။

"ဒါက ရို့ရန်အတွက်..."

ရှုရို့ရန်လှပသည့်မျက်လုံးတွေ တွန့်ကွေးသွားပြီး အပြုံးတစ်ခုနှင့်လက်ခံကာ စစ်ဆေးလိုက်သည်။

"ဒါက တကယ်ပဲ အဲ့လောက်ထူးခြားတာလား...."

အခြေခံတည်ဆောက်ခြင်းအလယ်အလတ်အဆင့်ရောက်သည့်အခါ ချိုးဖျတ်ခြင်းက အစောပိုင်းကလို မလွယ်ကူတော့ပေ။

အချိန်ကြာတရားထိုင်ကျင့်ကြံတာပဲဖြစ်ဖြစ် ကောင်းကင်နှင့်မြေကြီးရတနာပဲဖြစ်ဖြစ် လိုအပ်၏။

"ဘာလို့ စမ်းမကြည့်တာလဲ..."

ဂျန်ဖန်း အပြုံးနှင့် ပြောလိုက်သည်။

သံသယဖြင့် ရှုရို့ရန်နှင့် ချန်းစီလင်တို့နေရာမှာပဲ ခြေချိတ်ထိုင်ကာ စိတ်ဝိညာဥ်အရည်ကို သောက်လိုက်သည်။

မကြာမီ, စိတ်ဝိညာဥ်အရည် အာနိသင်စပြလာ၏။

သူမတို့၏ အဆင့် ၄ အဆင့် ၅ နယ်ပယ်တွေက သိသာသည့်အရှိဖြင့် မြင့်တက်လာခဲ့သည်။

လက်ဖက်ရည်တစ်ခွက်စာလောက်အချိန်၌ နှစ်ယောက်လုံး အဆင့်ချိုးဖြတ်ပြီးသွားပြီဖြစ်သည်။

အသစ်ရောက်ရှိသွားသည့် အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ကိုခံစားပြီး ချန်းစီလင် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်, ယောက်ျား...."

အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ကျင့်ကြံသူက အထီးကျန်လှေမြို့မှာ အသန်မာဆုံးဖြစ်သည်။

သူမက တိမ်စိမ်းဂိုဏ်းမှာ လအနည်းငယ်သာနေခဲ့ပြီး ဤကဲ့သို့ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ဂျန်ဖန်းနောက်လိုက်တာဟာ တကယ်ပဲ သူမဘဝ၏ ကံကောင်းမှုပင်။

ရှုရို့ရန်မျက်လုံးတွေ တောက်ပနေပြီး အနည်းငယ်ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

"ဖန်း, ဒီစိတ်ဝိညာဥ်အရည်က အရမ်းတန်ဖိုးရှိတယ်မလား...."

သူမက အဆင့်ချိုးဖြတ်ဖို့ အမြဲတမ်းဂျန်ဖန်းအပေါ်မှီခိုခဲ့ပြီး ထိုအရာက သူမဂျန်ဖန်းကိုဆွဲချနေသည်ဟု ခံစားရစေ၏။

ဂျန်ဖန်း အမျိုးသမီးနှစ်ယောက်လက်ကိုကိုင်ကာ ပြောလိုက်သည်။

"မင်းတို့က ငါ့အမျိုးသမီးတွေပဲ၊ ဘာအားနာစရာရှိလို့လဲ....."

"ငါ့မှာမရှိရင်တော့ မရဘူးပေါ့။ ရှိရင်တော့ မင်းတို့ကိုလည်း ခွဲပေးမှာပဲ...."

နဲ့ယွင်ရှီးနှင့် အခြားအမျိုးသမီးများစွာ အသက်ရှုကျပ်ချင်သလို ဖြစ်သွားကြ၏။

စီနီယာတပည့်တွေအနေနဲ့, သူတို့က လက်ရှိအဆင့်ကိုရောက်ဖို့ နှစ်ပေါင်းများစွာကျင့်ကြံခဲ့ရသည်။

ရှုရို့ရန်နှင့် ချန်းစီလင်တို့ကတော့?...

ဂျန်ဖန်းဂရုစိုက်မှုအောက်၌ အလွယ်တကူပဲ စီနီယာတပည့်တွေကို ကျော်တက်သွားခဲ့သည်။

နဲ့ယွင်ရှီး ခါးသီးစွာပြောလိုက်သည်။

"ဒီလိုယောက်ျားမျိုးရှိတာ သူတို့ ၂ ယောက် တကယ်ကံကောင်းတာပဲ...."

သူမက မနေနိုင်ပဲ ရှုယင်းရင်ကို ကြည့်လိုက်သည်။

ဂျန်ဖန်း၏ ယခင်သတို့သမီးလောင်းအနေဖြင့်....

သူမခံစားမှုတွေက သံသယရှိစရာမလိုအောင် ရှုပ်ထွေးနေလောက်သည်။

ရှုရို့ရန်နှင့် ချန်းစီလင် အဆင့် ၅ အဆင့် ၆ ကို ချိုးဖျက်သွားတာမြင်တော့ ရှုယင်းရင် နောင်တမရလောက်ဘူးလား။

အမှန်တကယ်ပင်...

ဤအခိုက်အတန့်၌ ရှုယင်းရင်း ဂျန်ဖန်းကို မကျေနပ်သည့်အရိပ်အယောင်ဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမ နောက်ဆုံး၌ သိသိသာသာတိုးတက်လာပြီး ယခင်အရှက်ရမှုကို လက်စားခြေဖို့ စီစဥ်ထားခဲ့သည်။

သို့ပေမယ့် ဂျန်ဖန်းရုတ်တရက်ပြန်ရောက်လာပြီး သူမတို့ကို နေရာတင်ပဲ အဆင့်ချိုးဖျက်အောင် ကူညီပေးခဲ့သည်။

ထို့ကြောင့် နောက်တစ်ကြိမ်သာတိုက်ခိုက်လျှင် သူမရှုံးဖို့များ၏။

"ဂျန်ဖန်း, နင် နဲနဲနောက်ကျမှလာလို့မရဘူးလား...."

ရှုယင်းရင် ဂျန်ဖန်းကို အပြစ်တင်ချင်၏။

သူမစကားတွေ ပါးစပ်ဖျားရောက်သည့်အခါ ထက်ရှမှုတွေဆုံးရှုံးသွားပြီး သာမန်ပြောဆိုမှုနှင့်ပိုတူသွားခဲ့သည်။

ဂျန်ဖန်း နောက်ဆုံး၌ ရှုယင်းရင်ကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"မင်းရဲ့ကျင့်ကြံရေးမှာပဲ အချိန်ပိုသုံးပါ..."

"ဘာလို့ စီလင်ကို ဆက်တိုက်နှောက်ယှက်နေတာလဲ...."

ပြောစရာမလိုပေ။ အမျိုးသမီးသုံးယောက်ဘာကြောင့်တိုက်ခိုက်လဲဆိုတာ သူသိ၏။

ဖြစ်နိုင်ချေအရှိဆုံးက သူမ ချန်းစီလင်ဆီလာပြီး တိုက်ခိုက်တာဖြစ်ရမည်ပင်။

ထို့နောက် ရှုရို့ရန်က ချန်စီလင်အရေးနိမ့်နေတာမြင်ပြီး ဝင်ကူညီခဲ့တာဖြစ်သည်။

အချို့အကြောင်းပြချက်တွေကြောင့် ရှုယင်းရင် ချန်းစီလင်ကို တကယ်သည်းမခံနိုင်ပေ။

သူတို့နှစ်ယောက်ကြား၌ ဤလောက်ထိကြီးသည့်ရန်ငြိုးတွေရှိသည်လား။

လုံးဝကို နားမလည်နိုင်တော့ပေ။

ရှုယင်းရင်၏အနီရောင်နှုတ်ခမ်းလေးတွေ တုန်ယင်နေပြီး ပြောဖို့တွေဝေနေခဲ့သည်။

တစ်ချို့ကိစ္စတွေက သူမအတွက် ပြောဖို့ ခက်ခဲ၏။

သို့ပေမယ့် ရှုရို့ရန်ကတော့ သူမညီမ၏စိတ်အခြေအနေကို နားလည်၏။

သူမ၏ အဓိကဇနီးနေရာကိုဆုံးရှုံးရ၍ သဘာဝအတိုင်း ခါးသီးမှုကို ခံစားရမည်ပင်။

နောက်ပိုင်း၌ သူမကိုယ်သူမ ချန်းစီလင်ထက်တောင် နိမ့်ကျသည်ဟုခံစားလာရသည်။

"ဖန်း..."

"ယင်းရင်က အပြင်ကတစ်စုံတစ်ယောက်ဆီက လမ်းညွှန်မှုရလာတယ်။ အဲ့လူမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေမှာ ငါစိုးရိမ်တယ်...."

"အကြောင်းပြချက်မရှိပဲ ဘယ်သူက ဒီလောက်ထိကူညီမှာလဲ...."

"သူမှာ လိုချင်တာတစ်ခုခုရှိလို့ပဲဖြစ်မယ်...."

ရှုယင်းရင်၏လှပသည့်ပုံရိပ်လေးကိုကြည့်ပြီး ရှုရို့ရန် မနေနိုင်ပဲ စိုးရိမ်သွားခဲ့သည်။

"နဂါးနွယ်စိတ်ဝိညာဥ်အရည်ရှိသေးလား။ ရှိရင် သူမကို တစ်ပိုင်းပေးလိုက်ပါ..."

"အနာဂတ်မှာလည်း နင့်ရဲ့အရင်းအမြစ်တွေထဲကနေ သူမအတွက် ဝေစုတစ်ခုခွဲပေးလိုက်ပါ။ မဟုတ်ရင်လည်း ငါ့ထဲက တစ်ဝက်ခွဲပေးလိုက်ပါ...."

"သူမ သူများလှည့်စားခံရပြီး ဒုက္ခရောက်သွားမှာစိုးလို့ပါ...."

ထိုအရာကိုကြားသည့်အခါ....

ရှုယင်းရင်း တွန့်ဆုတ်စွာရေရွတ်လိုက်သည်။

"ငါမလိုချင်ပါဘူး...."

သို့ပေမယ့် သူမ၏အနည်းငယ်ပွင့်ဟသွားသည့်နှုတ်ခမ်းနှင့် စိတ်မအေးဖြစ်နေသည့်လက်လေးတွေကတော့ အခြားအရာကိုပြသနေခဲ့သည်။

သူမအမနှင့် ချန်းစီလင်တို့လို ဂျန်ဖန်းဂရုစိုက်မှုရတာကို သူမ တစ်ခါမက စိတ်ကူးယဥ်ကြည့်ဖူး၏။

သို့ပေမယ့် သူမစိတ်ဓာတ်အရ ဘယ်တော့မှ ထုတ်ပြောမည်မဟုတ်ပေ။

ရှုရို့ရန်၏အကြံပြုချက်က သူမကို အသက်ရှုမှားသွားစေ၏။

နှလုံးခုန်သံတွေ သခင်မလေးတစ်ကောင်လို ခုန်ပေါက်လာခဲ့သည်။

သူမနားတွေထောင်မတ်နေပြီး ဂျန်ဖန်းတုံ့ပြန်တာကြားဖို့ စိုးရိမ်တကြီး နားစွင့်နေခဲ့သည်။

ဂျန်ဖန်း နားထင်ကြောတွေ ထောင်ထသွား၏။

ငါက ရှုယင်းရင်းကို ဘာကြံစည်ရမှာလဲ....

သူမက ရှုရို့ရန်ညီမဖြစ်တာနှင့် လီချင်ဖုန်းမှားကြားမှုကြောင့်သာ သူက တစ်ခါတစ်လေ ဂရုစိုက်ပေးတာဖြစ်သည်။

တစ်ခဏစဥ်းစားချင့်ချိန်ပြီးနောက် အနည်းငယ်ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

"ငါ့မှာ နဂါးစိတ်ဝိညာဥ်အရည် ၂ ပိုင်းပဲရှိတာ...."

"ဒါပေမယ့်, အဲ့တာက အခြေခံတည်ဆောက်ခြင်း အလယ်အလတ်အဆင့်တွေအတွက်ပဲ အကျိုးရှိတာ...."

"ရှုယင်းရင်က အဆင့် ၆ ကိုရောက်နေပြီ။ သောက်ရင်လည်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး...."

"အနာဂတ်အရင်းအမြစ်အတွက်တော့, နောက်မှပြောကြတာပေါ့...."

သူက သူတို့သုံးယောက်အတွက် အမြဲတမ်း အရင်းအမြစ်အလုံအလောက်ရပါ့မလားတောင် အာမမခံနိုင်ပေ။

ရှုရို့ရန်နှင့်ချန်းစီလင်တို့ကို တစ်ပြိုင်နက် တာဝန်ယူရတာကကို အတော်လေးစိန်ခေါ်မှုဖြစ်နေပြီဖြစ်သည်။

ထိုအရာက ကျိုးကြောင်းဆီလျှော်သည့် အကြောင်းပြချက်ဖြစ်သော်လည်း...

ရှုယင်းရင်အတွက်တော့....

ကောင်းကင်ဓားတောင်ထိပ်တပည့်များစွာရှေ့မှာ အငြင်းခံလိုက်ရတာဟာ...

အရှက်ရစရာပဲဖြစ်သည်။

သူမ၏မျှော်လင့်နေသည့်မျက်လုံးတွေ အလျှင်အမြန်ပဲ မြူအလွာတစ်ခုပြည့်နှက်သွား၏။

သူမက မျက်ရည်ဝဲနေသည့်မျက်လုံးတွေဖြင့် ဂျန်ဖန်းကိုစိုက်ကြည့်ပြီး နှုတ်ခမ်းကိုက်ကာပြောလိုက်သည်။

"ငါ နင့်ရဲ့အရင်းအမြစ်တွေကို ဂရုစိုက်မနေဘူး...."

"နင့်မိန်းမ ၂ ယောက်ကိုပဲ ဂရုစိုက်လိုက်...."

"ငါကိစ္စ ငါ့ဘာသာပဲဖြေရှင်းမယ်..."

"နင်စိုးရိမ်ဖို့မလိုဘူး...."

ပြောပြီးနောက် တစ်ဖက်လှည့်ကာ လက်ထဲကဓားနှင့်အတူ ပြေးထွက်သွားခဲ့သည်။

ရှုရို့ရန် သက်ပြင်းချပြီး ဂျန်ဖန်းကို မျက်စောင်းထိုးလိုက်သည်။

"နင် ပိုကောင်းတဲ့စကားလေးပြောလို့မရဘူးလား...."

"ဘာလို့ ဒီလောက် အရှက်ရအောင်လုပ်ရတာလဲ...."

ချန်းစီလင် ခါးသီးစွာပြုံးလိုက်ပြီး တပည့်များစွာကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"ဒီနေရာက စကားပြောလို့ကောင်းတဲ့နေရာမဟုတ်ဘူး..."

"ငါ့အိမ်သွားရအောင်။ ငါ ကောင်းကင်နဲ့မြေကြီးရတနာတွေယူလာတယ်။ စားရင်းသောက်ရင်း စကားပြောကြတာပေါ့..."

ဂျန်ဖန်း မကန့်ကွက်ပေ။

ခွဲခွာမှုက နှလုံးသားထဲမှာ သံယောဇဥ်တွေပိုတိုးလာစေ၏။

သူတို့သုံးယောက်က ဂူအိမ်တော်မှာ ပျော်ရွင်စွာစကားစမြည်ပြောနေပြီး အတွေ့အကြုံတွေမျှဝေနေကြသည်။

ချန်းစီလင် မူလ၌ သူမနှင့် ရှုရို့ရန်၏အတွေ့အကြုံက လုံလောက်အောင်အံ့သြဖို့ကောင်းတယ်ဟု ထင်ခဲ့၏။

သို့ပေမယ့် ဂျန်ဖန်းစွန့်စားခန်းကိုကြားသည့်အခါ သူမနှင့် ရှုရို့ရန် အံ့အားသင့်သွားကြသည်။

သူက နတ်ဆိုးအင်ပါယာသမီးတော်ကိုတောင် ရန်စခဲ့ပြီး အမျိုးနှစ်ယောက်ကြက်သီးထသွားစေ၏။

"ဒါက ပို့ဆောင်ရေးတာဝန်ဆိုတာ ဘယ်သူကယုံမှာလဲ။ ရှေ့တန်းထက်တောင်ပိုအန္တရာယ်များနေသေးတယ်...."

ချန်းစီလင်မနေနိုင်ပဲ ဂျန်ဖန်းအတွက်စိုးရိမ်သွား၏။

ဂျန်ဖန်း ပြုံးလိုက်သည်။

"နတ်ဆိုးမလေးက ဂိုဏ်း ၉ ဂိုဏ်းကို ခဏတော့ ခြေချရဲအုန်းမှာမဟုတ်ဘူး...."

ထိုအခိုက်အတန့်၌....

သူက ကောင်းကင်ခွဲလေးကိုထုတ်ယူပြီး ချန်းစီလင်အားပေးလိုက်သည်။

"ဒါက ထိပ်တန်းမှော်အဆင့်လက်နက်ပဲ, အတော်စွမ်းအားကြီးတယ်။ ဒါကိုမင်းရဲ့ဝှက်ဖဲအနေနဲ့ထား, အလွယ်တကူထုတ်မပြနဲ့....."

ရှုရို့ရန်တုန်လှုပ်သွား၏။

"ထိပ်တန်းမှော်အဆင့်လက်နက်? ငါ ဒါကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ....."

"ဖန်း, နင် အန္တရာယ်တွေကိုပိုရင်ဆိုင်ရတော့ နင်ပဲသိမ်ထားသင့်တယ်..."

ဂျန်ဖန်း ရှုရို့ရန်လက်ထဲထည့်ပေးပြီး ပြောလိုက်သည်။

"ငါ့မှာ မှော်လက်နက်တွေ အများကြီးရှိပါတယ်။ ဒီတစ်ခုက အပိုပါပဲ..."

"မင်းက ကျင့်ကြံရေးအားနည်းသေးတော့ ဒါက မင်းအတွက် အကောင်းဆုံးပဲ...."

"မြားပစ်စွမ်းရည်ကို မကြာခဏလေ့ကျင့်ထားပါ...."

ရှုရို့ရန်လှပသည့်မျက်လုံးတွေ အလင်းရောင်တောက်ပလာပြီး သူမလက်မောင်းထဲရှိအလေးချိန်ကိုခံစားကာ ညင်သာစွာသက်ပြင်းချလိုက်သည်။

"ဖန်းက တကယ် ငါ့အပေါ်ကောင်းတာပဲ..."

ချန်းစီလင် မနာလိုစွာဖြင့် ကြည့်နေခဲ့သည်။

ဤအရာက ထိပ်တန်းမှော်လက်နက်ဖြစ်ပြီး ဂိုဏ်း ၉ ဂိုဏ်းနယ်မြေ၌ အကောင်းဆုံးဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်းက ရှုရို့ရန်ကို ဤအတိုင်းပေးပစ်လိုက်သည်။

"စီလင်, မင်းအတွက်လည်း တစ်ခုရှိတယ်...."

ဂျန်ဖန်း သူ့အိတ်ထဲလက်နှိုက်ပြီး လှန်လှောရှာဖွေလိုက်သည်။

ချန်းစီလင်၏တောက်ပသည့်မျက်လုံးတွေ စိတ်လှုပ်ရှားမှုကြောင့် ပြူးကျယ်သွားခဲ့သည်။

သူမမှာလည်း ဝေစုရှိသည်?

ထိုအရာကလည်း ထိပ်တန်းမှော်အဆင့်လက်နက်ဖြစ်နိုင်သည်လား....

သို့ပေမယ့် ဂျန်ဖန်း ပစ္စည်းကိုထုတ်ယူလိုက်သည့်အခါ သူမအမူအရာ အေးခဲသွားခဲ့သည်။

All Chapters