လနတ်ဘုရားမ၏တုန်လှုပ်မှု
Vol. 27 Ch. 360
အဘယ်ကြောင့်ဆိုသော် ဂျန်ဖန်းထုတ်ယူလိုက်တာက အနီရောင်အောက်ခံအင်္ကျီတစ်ထည်ဖြစ်နေလို့ပင်။
ထို့ပြင်, အသစ်လည်းမဟုတ်ပေ။
ဝတ်ထားသည့်လက္ခဏာရှိတာ သိသာလှ၏။
ချန်းစီလင်ရှက်သွားရုံသာမက ရှုရို့ရန်လည်း သည်းမခံနိုင်တော့ပဲ ကြိမ်းမောင်းလိုက်သည်။
"နင် ဘယ်လိုတောင် စီလင်ကို အတွင်းခံအင်္ကျီလက်ဆောင်ပေးနိုင်ရတာလဲ...."
"ပြီးတော့ ဝတ်ပြီးသားကြီး...."
ထိုအရာက အတော်လေး မဖွယ်မရာဖြစ်လွန်း၏။
ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။
"ဒါက သာမန်အတွင်းခံအင်္ကျီမဟုတ်ပါဘူး..."
ရှုရို့ရန် နောက်ထပ်သည်းမခံနိုင်တော့ပဲ မေကျေမနပ်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ်, အခြားမိန်းမဝတ်ပြီးသားကြီး စီလင်ကိုပေးလို့မဖြစ်ဘူးလေ...."
"ဒါ စီလင်ကို စော်ကားနေတာမဟုတ်ဘူးလား..."
နှစ်ယောက်စကားများတော့မည်ကိုမြင်သည့်အခါ...
ချန်းစီလင် အလျှင်အမြန်ပဲ အတွင်းခံအင်္ကျီကို ဂျန်ဖန်းလက်ထဲမှ ဆွဲယူပြီး တောက်ပစွာ ပြုံးပြလိုက်သည်။
"ယောက်ျားပေးတာ ဘာာပဲဖြစ်ဖြစ်, သေချာပေါက်ရိုးရှင်းမှာ မဟုတ်ဘူး...."
"ပြီးတော့ အရွယ်အစားနဲ့ပုံစံကလည်း ငါနဲ့ကွက်တိပဲ..."
သူမက အတွင်းခံကို အင်္ကျီလက်ထဲထည့်လိုက်ပြီး ပါးပြင်တွေ အနည်းငယ်နီရဲသွား၏။
ရှုုရို့ရန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"စီလင်, နင့်ကိုယ်နင် တွန်းအားမပေးနဲ့..."
"ဒီအတွင်းခံအင်္ကျီပေးတာက ဘာမှမပေးတာထက်တောင် ပိုဆိုးသေးတယ်...."
ချန်းစီလင်ပြုံးလိုက်ပြီး သူမအတွက်လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
"အမ, စိတ်အေးအေးထားပါ၊ ယောက်ျားက ကျွန်မကို အများကြီးကူညီပေးပြီးပါပြီ...."
"ဘာမှမပေးရင်တောင်, အတော်လေးကျေးဇူးတင်နေမှာပါ...."
"ဘယ်လိုလုပ် အပြစ်တင်နိုင်မှာလဲ..."
"လာ, နှစ်ယောက်လုံး စိတ်ဝိညာဥ်အသီးစားကြအုန်း..."
သူမဦးဆောင်မှုဖြင့်, လေထုက နောက်တစ်ကြိမ် သာယာသွားခဲ့သည်။
ညနက်သည့်အခါ ဂျန်ဖန်းနှင့် ရှုရို့ရန်တို့ အသီးသီးနှုတ်ဆက််စကားပြောပြီး ထွက်ခွာသွားကြသည်။
ချန်းစီလင်တစ်ယောက်သာ စားပွဲရှင်းလင်းနေခဲ့သည်။
ဗလာဖြစ်နေသည့်ဂူအိမ်တော်ကိုကြည့်ပြီး ရုတ်တရက် ဆုံးရှုံးမှုကိုခံစားရပြီး ရေရွတ်လိုက်သည်။
"ဒီလိုမျိုး ရက်ပိုကြာကြာနေရရင် ဘယ်လောက်ကောင်းလိုက်မလဲ...."
ထိုအခိုက်အတန့်၌....
သမ်းဝေသည့်အသံတစ်ခု သူမစိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။
"အာ?, နင့်ကျင့်ကြံရေးက ဘယ်လိုလုပ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ကို ရောက်သွားတာလဲ..."
ထိုအရာက သူမကိုယ်တွင်းရှိ ပြန်လည်မွေးဖွားလာသည့် ဝိညာဥ်, လနတ်ဘုရားမပင်ဖြစ်သည်။
ချန်းစီလင် တိမ်စိမ်းဂိုဏ်းသို့ လုံလုံခြုံခြုံပြန်ရောက်သည့်အခါ သူမ စိတ်အေးသွားပြီး အိပ်နေခဲ့တာဖြစ်သည်။
သို့ပေမယ့်, ထိုအရာက သိပ်မကြာသေးပေ။
ချန်းစီလင်၏အဆင့်က မမျှော်လင့်စွာပဲ နောက်တစ်ဆင့်တိုးတက်သွားခဲ့သည်။
"ဒါ ငါ့ယောက်ျားပေးတဲ့ စိတ်ဝိညာဥ်အရည်ကြောင့်လေ...."
ချန်းစီလင် ကြွားဝါလိုက်၏။
"သူက ငါနဲ့မထိုက်တန်ဘူးလို့ နင်အမြဲပြောတယ်။ ဒါပေမယ့် ကြည့်စမ်း, သူ ငါ့အပေါ်မကောင်းဘူးလား...."
"စီနီယာအမတွေအများကြီး ဒါကြောင့် မနာလိုဖြစ်ပြီး မျက်လုံးတွေ နီရဲကုန်တယ်လေ..."
လနတ်ဘုရားမ နှုတ်ခမ်းစူလိုက်သည်။
"နယ်ပယ်သေးသေးလေးတိုးတက်သွားတာက နင့်ကို ဒီလောက်ထိပျော်စေတယ်ပေါ့...."
"နင်သာ ငါ့စကားနားထောင်ပြီး ပြင်ပနယ်မြေကိုသွားရင်, ဒီထက်အများကြီး ပိုရမှာ..."
ထိုသို့ပြောနေသော်လည်း....
သူမနှလုံးသားထဲမှာ အံ့အားသင့်မှုအချို့ရှိနေဆဲဖြစ်သည်။
သူမ၏ကိုယ်တိုင်ကြီးကြပ်ပေးမှုအောက်မှာတောင် ချန်းစီလင် အခြေခံတည်ဆောက်ခြင်း အဆင့် ၄ မှအဆင့် ၅ ထိသာ တိုးတက်ခဲ့၏။
ဂျန်ဖန်းကတော့ အပြင်ထွက်ပြီးပြန်လာတာနှင့် တစ်ဆင့်တက်အောင်လုပ်ပေးလိုက်သည်။
ထိုကောင်ကံက အတော်ကိုကောင်း၏။
အရေးကြီးဆုံးအချက်က ချန်းစီလင်နှင့်ပတ်သက်ပြီး မတွန့်တိုတာဖြစ်သည်။
"ဟမ့်, နင့်ကအပြောတစ်မျိုး တွေးနေတာက တစ်မျိုးကိုများ..."
ချန်းစီလင် လနတ်ဘုရားမ၏သဘာဝနှင့် အတော်လေးရင်းနှီးနေပြီဖြစ်သည်။
သူမစကားတွေက တစ်ခါတစ်ရံ ဆန့်ကျင်ဘက်ကို ဆိုလို၏။
"ငါ့ယောက်ျားက ငါတို့ကိုအများကြီးပေးခဲ့တာ။ သူက အမကိုဆို နတ်ဆိုးမျိုးနွယ်က လေးတစ်ခုတောင်ပေးခဲ့တာ...."
"အဆင့်ဘယ်လောက်ရှိလဲခန်းမှန်းကြည့်စမ်း။ ထိပ်တန်းမှော်အဆင့်လေ....."
အို?...
လနတ်ဘုရားမ အံ့အားသင့်သည့်အမူအရာ ပြသလာ၏။
"ငါသိသလောက်တော့ ဒီနယ်မြေမှာ အမြင့်ဆုံးက ထိပ်တန်းမှော်အဆင့်မလား..."
"ပြီးတော့ သူက အဲ့လိုတန်ဖိုးကြီးပစ္စည်းမျိုး ရှုရို့ရန်ကို ပေးလိုက်တယ်ပေါ့..."
"ငါ တကယ် သူ့ကို လျှော့တွက်မိပြီပဲ...."
သူမက အမြဲတမ်း ဂျန်ဖန်းကို အထင်သေးခဲ့ပေမယ့်...
ဤအခိုက်အတန့်၌ ထိုကောင်လေးက သူ့အမျိုးသမီးတွေအပေါ် အတော်လေးကောင်းတာတော့ ဝန်ခံရမည်ဖြစ်သည်။
သို့ပေမယ့် ချန်းစီလင်၏ ဘဝင်ခိုက်နေသည့်အပြုံးကိုမြင်သည့်အခါ သူမ အနည်းငယ် ဆန္ဒမရှိဖြစ်သွား၏။
"သူက ဇနီးကြီးကိုပဲပေးခဲ့တာလား...."
"ကိုယ်လုပ်တော်ဖြစ်တဲ့နင့်အတွက်ကော ဘာမှယူမလာဘူးလား...."
ဤအရာက ချန်းစီလင်အမူအရာကို အနည်းငယ်တောင့်တင်းသွားစေပြီး မလုံမလဲဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေါ့, ယူလာတာပေါ့...."
"ဂျန်ဖန်းက ငါ့ကိုလည်း ကောင်းကောင်းဆက်ဆံပါတယ်..."
သူမ၏ မလုံမလဲအသံကိုကြားသည့်အခါ လနတ်ဘုရားမ စနောက်လိုက်သည်။
"တကယ်လား...."
"ဒါဆို ငါ့ကိုပြစမ်း, နင်အထင်ကြီးနေတဲ့အဲ့ဒီယောက်ျားက သူ့ကိုယ်လုပ်တော်ဖြစ်တဲ့နင့်ကို ဘယ်လောက်အဖိုးတန်တဲ့ပစ္စည်းများပေးလိုက်လဲလို့...."
ချန်းစီလင် တစ်ခဏ တွေဝေသွား၏။
သူမမဖုံးကွယ်နိုင်တာကိုသိပြီး နောက်ဆုံးမှာ တွန့်ဆုတ်စွာဖြင့် သက်ပြင်းချလိုက်သည်။
"ဂျန်ဖန်း ငါ့ကိုလက်ဆောင်တစ်ခုပေးခဲ့တယ်...."
"ဒါပေမယ့်, ငါ ဘာပြောရမှန်းကို မသိတော့ဘူး..."
သူမက တွန့်ဆုတ်စွာပဲ အင်္ကျီလက်ထဲမှ အနီရောင်အတွင်းခံအင်္ကျီတစ်ခုထုတ်ပြီး ရေရွတ်လိုက်သည်။
"အောက်ခံအင်္ကျီအသစ်ဆိုရင်တောင် ငါပိုသဘောကျအုန်းမယ်..."
"အဲ့တာက သာမန်ပစ္စည်းလေးတစ်ခုဆိုရင်တောင် ငါ ပျော်ပျော်ရွင်ရွင်နဲ့ဝတ်ဆင်မှာ...."
"ဒါပေမယ့် အခြားတစ်ယောက်ဝတ်ပြီးသားကြီးကတော့, ငါ ဘယ်လိုလုပ် သုံးရမှာလဲ..."
"သူ ဘာတွေးနေတာလဲ တကယ်ကိုမသိတော့ဘူး...."
"ဟူး...."
သူမက အနီရောင်အောက်ခံအင်္ကျီကိုကြည့်ပြီး ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့သည်။
လွင့်ပစ်ရမည်လား?
ဤအရာက ဂျန်ဖန်းဆီမှလက်ဆောင်ဖြစ်၏။
ဒါဆိုဝတ်ဆင်ရမည်လား?...
အခြားမိန်းမတစ်ယောက်ဝတ်ပြီးသားတစ်စုံတစ်ခုကို ဝတ်ဆင်ဖို့ သူမစိတ်က လုံးဝလက်မခံနိုင်ပေ။
ထို့ပြင်, လနတ်ဘုရားမ သေချာပေါက် သူမ၏ ကိုယ်လုပ်တော်ဆိုသည့်အဆင့်အတန်းကိုလှောင်ပြောင်မည်ဖြစ်သည်။
သို့ပေမယ့် အချိန်ခဏကြာသည်ထိ လနတ်ဘုရားမဆီမှအသံထွက်ပေါ်မလာခဲ့ပေ။
သူမ မနေနိုင်ပဲ သိချင်သွား၏။
"နင် အိပ်ပျော်သွားတာလား...."
လနတ်ဘုရားမနောက်ဆုံးမှာ အသံထွက်လာပြီး သူမအသံက ရှုပ်ထွေးနေခဲ့သည်။
"ဂျန်ဖန်း တကယ် နင့်အပေါ်ကောင်းတာပဲ....."
"ဒီလိုရတနာကိုတောင် ပေးတယ်...."
"ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့, နင်က တကယ် ပိုကောင်းကောင်းဆက်ဆံခံရတာပဲ...."
ဟမ်?...
ချန်းစီလင် မျက်တောင်ခတ်လိုက်ပြီး အတွင်းခံအင်္ကျီအဟောင်းကို နောက်တစ်ကြိမ်ကြည့်လိုက်သည်။
"နင်ဆိုလိုတာ ဒါက ရတနာတစ်ခုပေါ့...."
သူမက ဘက်ပေါင်းစုံမှကြည့်ပေမယ့် မည်သည့်ထူးခြားမှုမှ မတွေ့ပေ။
လနတ်ဘုရားမ အနည်းငယ်ခေါင်းညိတ်လိုက်သည်။
"ဒီအတွင်းခံအင်္ကျီက ရှေးဟောင်းလကြည့်ပိုးကောင်ရဲ့ ပိုးမျှင်ကနေလုပ်ထားတာ..."
"နတ်အသွင်ပြောင်းခြင်းအဆင့်အောက်မှာ အကောင်းဆုံး ခုခံရေးမှော်ရတနာပဲ..."
"ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှာ နင် နောက်တစ်ခုရှာမတွေ့နိုင်တော့ဘူး...."
"ဒီပစ္စည်းရဲ့တန်ဖိုးက ကောင်းကင်ခွဲလေးထက်အများကြီးပိုမြင့်တယ်...."
ဘာ?....
ချန်းစီလင်မျက်လုံးတွေ ပြူးကျယ်သွား၏။
"ဒီအတွင်းခံက ဒီလောက်ကြီးတဲ့နောက်ခံရှိတယ်ပေါ့...."
သူမ အနည်းငယ် မိန်မောသွား၏။
ဤမထင်မရှားအောက်ခံအင်္ကျီက လက်စသတ်တော့ ဤလောက်ထိအစွမ်းထက်ခုခံရေးရတနာဖြစ်နေခဲ့သည်။
ချက်ချင်းပဲ သူမမျက်နှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပသွားပြီး ပြောလိုက်သည်။
"ငါသိသားပဲ, ယောက်ျားက ငါ့ကို သူများဝတ်ပြီးသားကြီးပေးမှာမဟုတ်ပါဘူးလို့...."
"လက်စသတ်တော့ ဒီလိုအစွမ်းထက်ခုခံရေးရတနာဖြစ်နေတာကိုး...."
"ငါက ကိုယ်လုပ်တော်တစ်ယောက်ဆိုပေမယ့်, ယောက်ျားက ဘယ်တော့မှ ကိုယ်လုပ်တော်တစ်ယောက်လို မဆက်ဆံခဲ့ဘူး...."
စိတ်ခံစားချက်အရိပ်အယောင်တွေ သူမမျက်လုံးထဲမှာ စီးဆင်းသွားခဲ့သည်။
လနတ်ဘုရားမ သူမနဖူးကိုရိုက်လိုက်သည်။
"ဟူး, ငါ နင့်ကို မပြောလိုက်သင့်ဘူး...."
"နင့်ကိုကြည့်စမ်း, လုံးဝကိုပြုစားခံလိုက်ရပြီ။ အခု ပိုလို့တောင် သူ့ကိုထားခဲ့ချင်မှာ မဟုတ်တော့ဘူး...."
ချန်းစီလင် ပျော်ရွင်စွာဖြင့် အောက်ခံအင်္ကျီအရွယ်အစားကို သူမရင်ဘတ်နှင့်တိုင်းနေကာ ပျော်ရွင်စွာဖြင့် ပြောလိုက်သည်။
"ဟမ့်, ငါ ငါ့ယောက်ျားကိုထားခဲ့မှာမဟုတ်ဘူး...."
"ဘယ်တော့မှပဲ...."
ဂျန်ဖန်းအကြောင်းပြောရလျှင်....
ရှုရို့ရန်ကို သူမဂူအိမ်တော်ပြန်လိုက်ပို့ပြီးနောက် ကောင်းကင်ဓားတောင်ထိပ်မှ တစ်ယောက်တည်းဆင်းလာခဲ့လိုက်သည်။
သူက လရောင်အောက်၌ လမ်းလျှောက်ပြီး ဂိုဏ်းသခင်တောင်ထိပ်ကို ပြန်လာနေလိုက်သည်။
ရင်ပြင်ကိုဖြတ်ကျော်စဥ်...
သူ့မျက်လုံးထောင့်မှ အရိပ်တစ်ခု ရုတ်တရက် ဖျတ်ခနဲပေါ်လာ၏။
ကြည့်လိုက်သည့်အခါ အနက်ရောင်ပုံရိပ်တစ်ခု ဆေးဥယျာဥ်ရှိရာဘက်မှ အလျှင်အမြန်ပြေးထွက်လာခဲ့သည်။
ပုံရိပ်က မြေပြင်ရောက်သည့်အခါ ခြေထောက်နှင့်အသာထိပြီး ၈ဇန် ၉ ဇန်ကို ခုန်ထွက်သွား၏။
သိသာစွာပင် ထိုအရာ လှုပ်ရှားမှုနည်းစနစ်တစ်ခုပင်။
ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။
တိမ်စိမ်းဂိုဏ်း၌ ဤလောက်အဆင့်မြင့်သည့်လှုပ်ရှားမှုနည်းလမ်းနှင့် မည်သူမှမရှိပေ။
ထို့ပြင် ဤလူက အရေးကြီးဆေးဥယျာဥ်ထဲမှထွက်လာခြင်းဖြစ်သည်။
ဆေးဥယျာဥ်ထဲမှ ကောင်းကင်နှင့်မြေကြီးရတနာတွေ ခိုးသည့် အပြင်လူတစ်ယောက်ဖြစ်နိုင်၏။
ဂျန်ဖန်း ချက်ချင်းပဲ နိုးနိုးကြားကြားဖြစ်သွားပြီး အော်ပြောလိုက်သည်။
"မင်းဘယ်သူလဲ, တိမ်စိမ်းဂိုဏ်းမှာ ဘာလုပ်နေတာလဲ...."
ရမ်ချင်းစု အနည်းငယ်မျက်မှောင်ကြုတ်သွား၏။
သူမက သူမဆရာနှင့်အတူ မြင့်မြတ်ဂိုဏ်းချုပ် တိုင်တန်းစာကိုကိုင်တွယ်ဖို့ တိမ်စိမ်းဂိုဏ်းကို ရောက်နေခြင်းဖြစ်သည်။
ယခု သူမဆရာတံခါးပိတ်နေ၍ လုပ်စရာမရှိဖြစ်နေရာ ညဖက် လှုပ်ရှားမှုနည်းလမ်းလေ့ကျင့်နေတာဖြစ်သည်။
ရုတ်တရက် ကြိမ်းမောင်းသံက သူမကို မကျေမနပ်ဖြစ်သွားစေ၏။
"နင့်ကိစ္စနင်ပဲ အာရုံစိုက်စမ်းပါ...."
သူမက ညဖက်လှုပ်ရှားမှုနည်းလမ်းလေ့ကျင့်နေတာ ရက်ပေါင်းများစွာရှိနေပြီဖြစ်၍ တိမ်စိမ်းဂိုဏ်းရှိ လူတိုင်းသိသင့်၏။
ဤတိမ်စိမ်းဂိုဏ်းက လူက ဘယ်ကရောက်လာသနည်း။
အတော်လေးရိုင်း၏။
ဂျန်ဖန်း မျက်နှာ မဲမှောင်သွား၏။
တိမ်စိမ်းဂိုဏ်းမှာ ခိုးကြောင်ခိုးဝှက်လုပ်နေပြီး သူ့အား လာကြိမ်းမောင်းနေခဲ့သည်။
"မင်းရှင်းမပြရင်, ဘယ်မှသွားလို့မရဘူး...."
ဝှစ်!
သူက မြေပြင်ကိုအသာအယာထိပြီး ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ အလျှင်အမြန်လိုက်ဖမ်းလိုက်၏။
ရမ်ချင်စု ရုတ်တရက် ထိတ်လန့်သွားပြီး အာမေဋိတ်သံပြုလိုက်သည်။
"အတော်အံ့အားသင့်စရာကောင်းတဲ့ လှုပ်ရှားမှုနည်းလမ်းပါလား။ ငါ့ထက်တောင် ပိုအားကောင်းနေသေးတယ်..."
သူမက သူမအထောက်အထားထုတ်ပြောဖို့ပြင်လိုက်ပေမယ့် အတွေးတစ်ခုရသွား၏။
သူမ၏လှုပ်ရှားမှုနည်းလမ်းက အဆင့်မချိုးဖြတ်နိုင်တာ အချိန်အတော်ကြာနေပြီဖြစ်သည်။
တစ်ယောက်ယောက်သာ သူမနှင့်အတူ လေ့ကျင့်ပေးလျှင် ပိုမြန်မြန် တိုးတက်မည်ပဲဖြစ်သည်။
ဤအတွေးနှင့်, အထောက်အထားထုတ်မပြဖို့ဆုံးဖြတ်လိုက်ပြီး မောက်မာစွာကြွားဝါလိုက်သည်။
"ဘာကိုရှင်းပြရမှာလဲ။ ငါဒီရောက်နေတာ သေချာပေါက် နင်တို့ဂိုဏ်းက ပစ္စည်းတွေ ခိုးဖို့လေ..."
"နင်လိုက်နိုင်ရင် ငါ့ကိုလိုက်ဖမ်းလေ..."
သူမက အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ဖြစ်၏။
သူမရှေ့ရှိလူ လိုက်မှီလျှင်တောင် ဘာလုပ်နိုင်မည်နည်း။
သို့ပေမယ့် သူမမသိတာက...
သူမက သူမတစ်ခါမှမတွေ့ဖူးသည့်လူမျိုးနှင့် တွေ့နေသည်ဆိုတာပင်။