← Chapters

တိုက်ခိုက်တာရပ်တော့

Vol. 27 Ch. 361

တိုက်ခိုက်တာရပ်တော့

Vol. 27 Ch. 361

"မောက်မာလိုက်တာ..."

ဂျန်ဖန်း ဒေါသတကြီး ရယ်လိုက်၏။

သူ အရင်က ရဲတင်းသည့်လူတွေကိုတွေ့ဖူးပေမယ့် ဤလောက်မောက်မာသည့်လူကိုတော့ တစ်ခါမှမတွေ့ဖူးပေ။

သူခိုးလူမိတာတောင် အတော်ရဲတင်းနေဆဲဖြစ်သည်။

ဤအရာ ပထမဆုံးပင်။

"ဒါဆို ထွက်သွားဖို့စဥ်းတောင်မစဥ်းစားနဲ့...."

စကားတွေလေထဲ ရစ်ဝဲနေတုန်းမှာပဲ ဂျန်ဖန်း အံ့အားသင့်စရာအရှိန်ဖြင့် ရှေ့ကိုပြေးထွက်လာပြီးနေပြီဖြစ်သည်။

ရမ်ချင်စု စိုးရိမ်မသွားပေ။ တကယ်တော့ သူမက ပျော်ရွင်ပုံတောင်ပေါ်နေ၏။

သူမနှုတ်ခမ်းတွေ အနည်းငယ်တွန့်ကွေးသွားပြီး ပြောလိုက်သည်။

"စကားတွေချည်းနဲ့ပဲတော့ ငါကိုထိန်းမထားနိုင်ဘူး...."

တွေဝေမနေပဲ လှုပ်ရှားမှုနည်းလမ်းကိုသုံးကာ အဝေးကိုပြေးထွက်သွားခဲ့သည်။

သူမက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ ရတနာ မြေကမ္ဘာအဆင့်လှုပ်ရှားမှုနည်းစနစ်တစ်ခုဖြစ်သည့် "အရိပ်ရွေ့ပြောင်းခြင်း" သိုင်းကို ကျင့်ကြံတာဖြစ်သည်။

အမြင့်ဆုံးအဆင့်ထိလေ့ကျင့်ပြီးလျှင် "မြေပြင်ကိုတစ်လက်မထိကျုံ့"ပစ်နိုင်သည့် အကျိုးသက်ရောက်မှုကို ထုတ်လွတ်နိုင်၏။

သူမက ပထမအဆင့်သာကျင့်ကြံထားရသေးပြီး ထိုအရာနှင့်အလှမ်းဝေးကွာနေဆဲဖြစ်သည်။

ယခုတော့ တစ်လှမ်းကို ၈ ဇန်ထိသာ ရောက်နိုင်သေး၏။

ထို့ပြင်, နည်းစနစ်အသုံးပြုလိုက်သည်နှင့် ပုံရိပ်ယောင်တွေ အရပ်မျက်နှာအသီးသီးကို ပျံ့နှံ့သွားခဲ့သည်။

တစ်ခဏ ပုံရိပ်ယောင်တွေထဲမှ ပုံရိပ်အစစ်အမှန်ကို မရှာနိုင်ဖြစ်သွား၏။

သူမကို လိုက်ဖမ်းတာက ခက်ခဲသည့်အလုပ်တစ်ခုပင်။

ဂျန်ဖန်း တစ်ခဏတွေဝေသွားခဲ့သည်။

"ဒါက..."

ဤကဲ့သို့ နားလည်ရခက်သည့်လှုပ်ရှားမှုနည်းစနစ်ကိုမြင်ဖူးကာ သူ့အတွက် ဒါ ပထမဆုံးဖြစ်သည်။

ရန်သူကိုလှည့်စားဖို့ ပုံရိပ်ယောင်တွေထွက်လာသည့်အချက်က သူ့ကို အံ့အားသင့်သွားစေ၏။

လွတ်မြောက်ဖို့ပဲဖြစ်ဖြစ်၊ တိုက်ပွဲအတွက်ပဲဖြစ်ဖြစ် ဤအရာက သာမန်လှုပ်ရှားမှုနည်းလမ်းတွေကို ကျော်လွန်နေခဲ့သည်။

"ဒီသူခိုးမရဲ့ လှုပ်ရှားမှုနည်းလမ်းက တကယ်ကို နက်နဲတာပဲ..."

ဂျန်ဖန်း သူမနည်းစနစ်ကို မနာလိုဖြစ်မိတာတော့ ဝန်ခံ၏။

သို့ပေမယ့် ဤပုံရိပ်ယောင်တွေက အခြားလူတွေကို လှည့်စားနိုင်ပေမယ့် သူ့အတွက်တော့ စိန်ခေါ်မှုမဟုတ်ပေ။

သူက လက်နှစ်ချောင်း၌ စိတ်ဝိညာဥ်စွမ်းအားတွေစုစည်းပြီး မျက်လုံးရှေ့မှာ ပွတ်ဆွဲလိုက်သည်။

မသေမျိုးဆေးစာအုပ်မှဆင်းသက်လာသည့် "ချီကြည့်ရှုခြင်းနည်းစနစ်" ကို ရုတ်တရက် အသက်သွင်းလိုက်တာပင်။

ဤနည်းစနစ်က မူလ၌ လူနာ၏ကိုယ်တွင်းအင်္ဂါနှင့် ပုန်းကွယ်နေသည့်ရောဂါတွေကို ရှာဖွေဖို့ ဒီဇိုင်းလုပ်ခဲ့တာဖြစ်သည်။

သို့ပေမယ့် တိုက်ပွဲအတွင်းမှာသုံးလျှင် နည်းဗျူဟာအားသာချက်အဖြစ်ပြောင်းနိုင်၏။

အဆုံးမှာတော့ ပုံရိပ်ယောင်တွေ၌ ကိုယ်တွင်းအင်္ဂါတွေ မရှိပေ။

ချီကြည့်ရှုခြင်းနည်းစနစ် အသက်သွင်းလိုက်သည်နှင့်.....

ဂျန်ဖန်းမြင်ကွင်း၌ ပုံရိပ်ယောင်အားလုံးထဲရှိ ဗလာကျင်းမှုတွေကို မြင်လိုက်ရသည်။

အရှေ့ဘက်ကို ပြေးနေသည့်လူတစ်ယောက်တည်းသာ ကိုယ်တွင်းအင်္ဂါတွေကို မြင်နိုင်၏။

"မင်းပြေးလို့မလွတ်ပါဘူး...."

တွေဝေမနေပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ နောက်ကလိုက်တော့၏။

ရမ်းချင်စု ဂျန်ဖန်း ပုံရိပ်ယောင်တွေနောက်ခေါင်းမပါသည့်ယင်ကောင်လို လိုက်သွားမည်ထင်ထားပြီး လှောင်ပြုံးပြုံးနေခဲ့သည်။

သို့ပေမယ့် ရုတ်တရက် အေးခဲသွားပြီး သူမအမူအရာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

ဂျန်ဖန်း ပုံရိပ်ယောင်အားလုံးကို လျစ်လျူရှုပြီး သူမဆီကို တည့်တည့်ကြီးပြေးလာနေခဲ့သည်။

"မဖြစ်နိုင်တာ, ဘယ်တစ်ခုက ငါ့ခန္ဓာအစစ်လဲဆိုတာ ရှာတွေ့သွားတာလား...."

ရမ်ချင်းစု ယုံကြည်ဖို့ခက်ခဲနေ၏။

သူမက နောက်တစ်ကြိမ် လှုပ်ရှားမှုနည်းလမ်းအသုံးပြုပြီး ပုံရိပ်ယောင်တွေကို အရပ်မျက်နှာအသီးသီး ပျံ့ကြဲသွားစေလိုက်၏။

သို့ပေမယ့် သူမကို တုန်လှုပ်စွာပဲ....

ဂျန်ဖန်း သူမနောက်သာဆက်လိုက်နေပြီး နှစ်ယောက်ကြားအကွာအဝေးက အလျှင်အမြန်နီးကပ်လာခဲ့သည်။

လိုက်မီခံရတော့မှာမြင်သည့်အခါ သူမပုံရိပ်ယောင်တွေက ဂျန်ဖန်းအပေါ်အလုပ်မဖြစ်တာ ရမ်ချင်းစု နောက်ဆုံးမှာ အတည်ပြုလိုက်၏။

သူမ အော်ဟစ်လိုက်သည်။

"နင် ငါ့ခန္ဓာအစစ်အမှန်ကို မြင်နိုင်တယ်?...."

ဂျန်ဖန်း အကြည့်အေးစက်သွား၏။

"မှန်းကြည့်လေ...."

ချက်ချင်းပဲ ဦးတည်ရာမဲ့နဂါးလက်ဝါးဖြင့် သူမပခုံးကို ရိုက်ချလိုက်သည်။

ရမ်ချင်းစု မျက်ခုံးတွေမြင့်တက်သွားပြီး ထိုအရာက သိမ်မွေ့အဆင့်မြင့်နည်းစနစ်ဆိုတာ မြင်လိုက်သည်။

သူမ လှောင်ပြောင်လိုက်၏။

"ဒီအဆင့်သိုင်းပညာက ငါ့ကိုဖမ်းဖို့ လုံလောက်တယ်လို့ နင်ထင်နေတာလား..."

"ရေကြာပန်း..."

သူမ၏ ကျောက်စိမ်းလိုလက်လေး အံ့အားသင့်စရာအရှိန်ဖြင့် ပြေးထွက်လာပြီး ဂျန်ဖန်းလက်ဝါးနှင့် တိုက်မိသွားခဲ့သည်။

မြေကမ္ဘာအဆင့်နည်းစနစ်ပေါက်ကွဲအားက သူမလက်ဝါးပေါ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

သို့ပေမယ့် မျှော်လင့်ထားသည့် ဂျန်ဖန်းနောက်လွင့်သွားမည့် မြင်ကွင်းက ဖြစ်မလာခဲ့ပေ။

ဆန့်ကျင်ဘက်အနေဖြင့်, မယှဥ်နိုင်လောက်အောင်သိပ်သည်းအားကောင်းသည့် လက်ဝါးအားက သူမအားနှင့် တန်းတူညီမျှနေခဲ့သည်။

ထိုအရာက သူမကို အကြီးအကျယ်အံံ့အားသင့်သွားစေ၏။

နှစ်ခုလုံးက လက်ဝါးနည်းစနစ်တွေဖြစ်ပေမယ့် မြေကမ္ဘာအဆင့်နည်းစနစ်က သိမ်မွေ့အဆင့်မြင့်ကို မဖိနှိပ်နိုင်ပေ?...

ထိပ်တကာ့ထိပ်ဆုံး သိမ်မွေ့အဆင့်မြင့်သိုင်းကျမ်းတွေသာ ဤကဲ့သို့ခွန်အားမျိုး ထုတ်နိုင်တယ်ဟု သူမတွေးလိုက်သည်။

ဂျန်ဖန်းလည်း အနည်းငယ်အံ့အားသင့်သွား၏။

"ဒီလောက်အဆင့်မြင့်တဲ့သိုင်းတွေတတ်ထားတဲ့လူက သူခိုးလုပ်နေတာလား...."

သူက ဦးတည်ရာမဲ့နဂါးလက်ဝါး၏နောက်ဆုံးအကွက် နဂါးဖျက်ဆီးခြင်းကို သုံးလိုက်တာဖြစ်ပြီး ၎င်း၏စွမ်းအားက မြေကမ္ဘာအဆင့်နည်းစနစ်နှင့်တောင်ယှဥ်နိုင်၏။

ဤအမျိုးသမီးက သူ့လက်ဝါးချက်ကို တားနိုင်ရာ မြေကမ္ဘာအဆင့်နည်းစနစ်တစ်ခု ကျွမ်းကျင်ထားရမည်ပင်။

သူ နားမလည်နိုင်ဖြစ်နေ၏။

ဤအဆင့်ရှိသိုင်းတွေတတ်ထားသူက ဂိုဏ်း ၉ ဂိုဏ်း နယ်မြေ၌ အဖိုးတန်ရတနာတွေလို ရှားပါးတာဖြစ်သည်။

သူတို့က မြင့်မားသည့်အဆင့်အတန်းတွေကို ပိုင်ဆိုင်သင့်၏။

ဘယ်လိုလုပ် သူခိုးတစ်ယောက်ဖြစ်နေရသနည်း။

ရမ်ချင်းစု နှာမှုတ်လိုက်သည်။

"ငါသာမခိုးရင်, ဒီလို အစွမ်းထက်နည်းစနစ်တွေ ဘယ်လိုလုပ် ရမှာလဲ...."

သူမလက်ဝါးမှ ရုတ်တရက် အားတွေလိမ့်တက်လာပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ စွမ်းအားတွေပေါက်ကွဲထွက်လာကာ ဂျန်ဖန်းကို နောက်တွန်းထုတ်လိုက်၏။

မျှခြေကိုပြန်ထိန်းပြီးနောက် ဂျန်ဖန်းမျက်လုံးတွေ ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။

"အခု အရှုံးပေးလိုက်။ ငါမင်းကို အသစ်ပြန်စဖို့ အခွင့်အရေးပေးမယ်...."

"မဟုတ်ရင်, ရက်စက်လို့ ငါ့ကို အပြစ်မတင်နဲ့...."

ရမ်ချင်းစု ဟာသတစ်ခုကြားလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

"နင့်ရဲ့အခြေခံတည်ဆောက်ခြင်းကျင့်ကြံရေးနဲ့ ငါ့အပေါ် ရက်စက်မယ်ပေါ့..."

"လာစမ်းပါ, နင်ဘယ်လောက်ရက်စက်နိုင်မလဲ မြင်စမ်းပါရစေ..."

သူမက လက်ယှက်ခေါ်လိုက်ပြီး မျက်နှာမှာ လှောင်ပြုံးတစ်ခုရှိနေခဲ့သည်။

ဂျန်ဖန်း နောက်ထပ်မပြောတော့ပေ။

စိတ်ဝိညာဥ်စွမ်းအင်တွေဆင့်ခေါ်ကာ လက်ချောင်းဖြင့် ပြတ်ပြတ်သားသားပဲတိုက်ခိုက်လိုက်၏။

"နောင်တရသောနဂါး...."

ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်း၏ နောက်ဆုံးအကွက်ပင်။

စွမ်းအားက မြေကမ္ဘာအလယ်အလတ်အဆင့် နည်းစနစ်၏ပထမအကွက်ထက်မနိမ့်ပေ။

မျက်စိကျိန်းလောက်သည့် အရောင်စုံအလင်းတန်းတစ်ခု သူ့လက်ချောင်းထိပ်မှ ထွက်ပေါ်လာခဲ့သည်။

အလင်းတန်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ့လက်ချောင်းထိပ်ပတ်လည်ရှိလေဟာနယ် အက်ကွဲသံတွေထွက်ပေါ်လာပြီး အပြင်းအထန်တုန်ခါနေခဲ့သည်။

ထို့နောက် အန္တရာယ်ရှိအလင်းတန်းက ရှေ့ကို ပြေးထွက်သွားခဲ့သည်။

ရမ်ချင်းစုမျက်နှာရှိအပြုံး ပျောက်ကွယ်သွားပြီး အမူအရာတုန်လှုပ်သွားခဲ့သည်။

"မြေ..မြေကမ္ဘာအဆင့်လက်ချောင်းသိုင်း..."

ဂျန်ဖန်း အလေးအနက်လုပ်နေတာ သူမနားလည်လိုက်၏။

ဖြစ်နိုင်တာ ကျီစယ်တာ များသွားပြီပင်။

သို့ပေမယ့် သူမလို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တစ်ယောက်က တိမ်စိမ်းဂိုဏ်းမှတစ်စုံတစ်ယောက်ဆီမှာ ခေါင်းငုံ့အမှားဝန်ခံဖို့က မေးခွန်းထုတ်စရာဖြစ်သည်။

"ဘယ်သူက နင့်ကို ကြောက်နေလို့လဲ...."

ရမ်ချင်းစုရေရွတ်လိုက်ပြီး သူမ၏ကျောက်စိမ်းလက်လေးကိုမြောက်ကာ ကိုယ်ပိုင်မြေကမ္ဘာအဆင့်လက်ချောင်းသိုင်းကို ထုတ်ဖော်လိုက်၏။

သူမတိုက်ခိုက်သည့်အခါမှာပဲ, တောက်ပသည့် အဖြူရောင်ကြာပန်းချပ်တွေက ဂျန်ဖန်းဆီ ပြေးဝင်သွားခဲ့သည်။

သို့ပေမယ့် သူမလက်ချောင်းနည်းစနစ်က ပထမအဆင့်သာရှိ၏။

ထိုအရာက တတိယအဆင့်ထိလေ့ကျင့်ထားသည့် ဂျန်ဖန်း၏နည်းစနစ်ကို မယှဥ်နိုင်ပေ။

ဂျန်ဖန်း လက်ချောင်း ရှေ့ကို ထိုးထွက်သွား၏။

ထိုအခါ အရောင်စုံအလင်းတန်းက ချက်ချင်းပဲ သက်တန့်ရောင်အလင်းတန်းအဖြစ်ပြောင်းလဲသွားပြီး အလင်းလှံတစ်ခုကဲ့သို့ လေထုကို ထိုးဖောက်သွားခဲ့သည်။

ထို့နောက် မျက်စိတ်တစ်မိတ်အတွင်းမှာပဲ ကြာပန်းပွင့်ချပ်အားလုံးကို ခြေမွကာ ရမ်ချင်းစုဆီိသို့ တိုးဝင်သွား၏။

ရမ်ချင်းစုအမူအရာ အကြီးအကျယ်ပြောင်းလဲသွား၏။

နှစ်ခုလုံးက မြေကမ္ဘာအဆင့်နည်းစနစ်ဖြစ်သော်လည်း သူမဟာက လုံးဝဖိနှိပ်ခံလိုက်ရသည်။

ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး ရင်ဘတ်ကို ထိလိုက်သည်။

ထိုအခါ လည်ပင်းရှိကျောက်စိမ်းဆွဲသီးတစ်ခု ကွဲကြေသွားပြီး ကြည်လင်သည့်အလင်းလွာက သူမကို ဖုံးလွမ်းသွားခဲ့သည်။

အမှန်တကယ်တော့ ထိုအရာက ကာကွယ်ရေးရတနာတစ်ခုပင်။

ဘန်း!

သက်တန့်ရောင်အလင်းတန်း အလင်းလွာကိုထိမှန်သွားပြီး ဂွမ်းပုံထဲကျသွားသလိုပင်။

ထိုအရာက ရမ်ချင်းစုမျက်နှာနှင့် ၁ ထွာအကွာမှာရပ်တန့်သွားပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။

စိတ်ဝိညာဥ်စွမ်းအင်တွေလည်းဆုံးရှုံးသွားပြီး အလင်းတန်းတစ်ခုလုံး ပျောက်ကွယ်သွားခဲ့သည်။

ရမ်ချင်းစု ချွေးအေးတွေ စီးကျလာ၏။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ကာကွယ်ရေးရတနာကြောင့်သာမဟုတ်လျှင်....

သူမ ဒဏ်ရာအပြင်းအထန်ရနေလောက်ပြီဖြစ်သည်။

ထိုအရာကိုတွေးမိသည့်အခါ ဒေါသတွေ ထွက်လာပြီး ဂျန်ဖန်းကို စိတ်ပျက်စွာဖြင့် စိုက်ကြည့်လိုက်သည်။

"နင်က ငါ့ကာကွယ်ရေးရတနာတစ်ခုကို ဖြုန်းတီးရအောင်လုပ်တာပဲ...."

"နောက်တစ်ကြိမ်ကျရင်, နင်နဲ့မကစားတော့ဘူး...."

ပြောပြီးနောက် တစ်ဖက်လှည့်ပြီး လှုပ်ရှားမှုနည်းစနစ်နှင့် ထွက်သွားဖို့ပြင်လိုက်သည်။

သို့ပေမယ့် သူမကို အံံ့အားသင့်စွာပဲ...

ဂျန်ဖန်း အမူအရာ တင်းမာသွား၏။

"မင်းထွက်သွားလို့ရပြီလို့ ငါပြောခဲ့လို့လား..."

သူ့ခြေထောက်မြေပြင်ကိုအသာထိမှုနှင့်အတူ အံ့အားသင့်စရာအရှိန်ဖြင့် နောက်ကလိုက်သွားခဲ့သည်။

ဂျန်ဖန်း လွတ်ပေးဖို့ ဆန္ဒမရှိတာမြင်တော့ ရမ်ချင်းစု ဒေါသကော တုန်လှုပ်မှုကော ခံစားလိုက်ရသည်။

"နင်က ဘာထပ်လိုချင်သေးတာလဲ...."

"ငါနောက်ဆုတ်ပေးပြီးနေပြီလေ...."

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်တစ်ယောက်အနေဖြင့် ဦးစွာအလျော့ပေးတာဟာ မျက်နှာပျက်စရာဟု မှတ်ယူလို့ရတာပဲဖြစ်သည်။

သို့ပေမယ့် တိမ်စိမ်းဂိုဏ်းက လူက ဇွတ်အတင်းလိုက်နေခဲ့သည်။

"ငါမင်းကို အဆုံးပေးဖို့ အခွင့်ရေးပေးပြီးပြီ...."

ဂျန်ဖန်း ခြေထောက်တွေ မိုးကြိုးလျှပ်စီးတွေ ထွက်ပေါ်လာပြီး သန့်စင်မိုးကြိုးအရိပ်သုံးခုကို အသက်သွင်းလိုက်သည်။

ဤခြေထောက်နည်းစနစ်က ကာကွယ်မှုတွေကို ချိုးဖြတ်ဖို့ အထူးတီထွင်ထားတာဖြစ်သည်။

ရှေ့ရှိအကာအကွယ်အလင်းတန်းက သေချာပေါက် ခုခံနိုင်မည်မဟုတ်ပေ။

ရမ်ချင်းစု ဒေါသထွက်လာ၏။

"နင် တော်တောလူပါးဝတာပဲ။ ကြည့်ရတာ ငါ နင့်အပေါ် သက်ညှာမိပြီထင်တယ်...."

"တိမ်ခွဲလက်ချောင်း...."

သူမက စောနကထက်ပိုသန်မာသည့် လက်ချောင်းတိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်လိုက်သည်။

အဖြူရောင်ကြာပန်းတွေ ရောင်စုံပန်းပွင့်တွေအဖြစ်ပြောင်းသွားပြီး စွမ်းအားကလည်း အဆပေါင်းများစွာ တိုးလာခဲ့သည်။

ဤအရာက မြေကမ္ဘာအဆင့်လက်ချောင်းနည်းစနစ်၏ ဒုတိယအဆင့်ဖြစ်ပြီး သူမကိုယ်တိုင်ဂုဏ်ယူရသည့် ဝှက်ဖဲတစ်ခုပင်။

သူမအရွယ်တစ်စုံတစ်ယောက် မြေကမ္ဘာအဆင့်လက်ချောင်းနည်းစနစ်ကို ဒုတိယအဆင့်ထိလေ့ကျင့်နိုင်တာ အတော်ရှားပါးရုံတင်မကပဲ ထူးခြားလွန်း၏။

ဤအဆင့်ရှိစွမ်းအားကို ခုခံနိုင်သူက လက်ချိုးရေလို့ရတာပဲဖြစ်သည်။

အစ၌ သူမက ဤတိုက်ကွက်ကို ဝှက်ဖဲအဖြစ်သိမ်းထားပြီး ကောင်းကင်ဘုံစက်ယန္ဒယားခန်းမစီနီယာတွေကို ပေးမည့် အံ့အားသင့်မှုတစ်ခုအဖြစ်ရည်ရွယ်ထားခဲ့သည်။

သို့ပေမယ့် မမျှော်လင့်ပဲ အရေးမပါသည့်တိမ်စိမ်းဂိုဏ်းလေးမှာ အသုံးပြုဖို့ ဖိအားပေးခံနေရ၏။

All Chapters