ဆရာတစ်စုံတစ်ယောက်ကျွန်မကို အနိုင်ကျင့်နေတယ်
Vol. 27 Ch. 362
ရောင်စုံကြာပန်းတွေ လမ်းတစ်လျှောက်ပွင့်ဖူးလာပြီး ဂျန်ဖန်းဆီ ချက်ချင်း ရောက်သွားကြသည်။
ဂျန်ဖန်း အမူအရာ ပြောင်းလဲမသွားပေ။
သူက အသံနိမ့်နိမ့်ဖြင့် အော်လိုက်သည်။
"မိုးကြိုးနဂါး လျှပ်စီးခြေထောက်...."
ခြေထောက်နှစ်ဖက်ဖြင့် ရှေ့ကို နင်းချလိုက်သည်။
သူ့ခြေထောက်တွေ၌ မိုးကြိုးသံတွေထွက်ပေါ်လာပြီး အမွာနဂါးနှစ်ကောင်ကဲ့သို့ လာနေသည့်ရောင်စုံကြာပန်းပွင့်တွေကို အပိုင်းအစစခြေမွပစ်လိုက်သည်။
ထို့နောက် မိုးကြိုးနဂါးတွေရပ်တန့်မသွားပဲ တောက်ပသည့်အလင်းအကာအရံကို ကြမ်းတမ်းစွာထိမှန်သွားခဲ့သည်။
"ဘာ?...."
ရမ်ချင်းစု အံ့သြတုန်လှုပ်သွား၏။
သူမ၏ အားအကောင်းဆုံးတိုက်ကွက်က တစ်ဖက်လူ၏အသာအယာဖျက်ဆီးခြင်းကို ခံလိုက်ရပြီဖြစ်သည်။
ထို့ပြင် ထိုအရာက မိုးကြိုးနည်းစနစ်တစ်ခုဖြစ်၏။
စစ်မှန်မိုးကြိုးဂိုဏ်းကသာ မိုးကြိုးကျင့်စဥ်ကျင့်ကြံသည်မဟုတ်လား?
ဘာကြောင့် တိမ်စိမ်းဂိုဏ်းမှာ ပေါ်လာရသသနည်း။
မရေမတွက်နိုင်သည့်အတွေးတွေ သူမစိတ်ထဲ ခဏအတွင်းဖြတ်ပြေးသွားခဲ့သည်။
မိုးကြိုးအလင်းတန်းထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ဖက်လူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။
ထိုအရာက ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်ပြီး သူမ ချက်ချင်းကြောင်သွား၏။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
သူမအမြဲထင်ထားခဲ့တာ တိမ်စိမ်းဂိုဏ်း၏ နှစ်များစွာကျင့်ကြံထားသည့် တပည့်ဟောင်းနှင့်တိုက်ခိုက်နေသည်ဟူ၍ပင်။
မည်သူသိမည်နည်း။ လက်စသတ်တော့ ကောင်လေးတစ်ယောက်ဖြစ်နေခဲ့သည်။
သူမ စိတ် ဗရမ်းဗတာဖြစ်သွား၏။
ဤလူက ဘယ်သူနည်း။
ဘယ်အချိန်က တိမ်စိမ်းဂိုဏ်းမှာ ဤကဲ့သို့ အစွမ်းထက်မကောင်းဆိုးဝါးတစ်ကောင် ထွက်ပေါ်လာရသနည်း။
တပည့်ငယ်လေးတစ်ယောက်၏ အကြိမ်ကြိမ်အရိုက်ခံခဲ့ရတာကိုတွေးပြီး မနေနိုင်ပဲ ရှက်လည်းရှက် ဒေါသလည်းထွက်သွားခဲ့သည်။
"ကောင်လေး, တော်လောက်ပြီ...."
"အစွမ်းထက်နည်းစနစ်အချို့တတ်ထားရုံနဲ့ နင့်ကိုယ်နင် ဟုတ်လှပြီထင်မနေနဲ့...."
"ငါ့ခုခံရေးအကာအကွယ်ကြောင့်, ဒဏ်ရာပြန်ရနေအုန်းမယ်..."
သူမ နီးကပ်လာသည့်ခြေထောက်တွေကို ကြောက်ရွံ့မှုမရှိပဲ ကြည့်လိုက်သည်။
ဤအကာအကွယ်လွှာက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅၏ တိုက်ခိုက်မှုကို ခုခံနိုင်၏။
လူငယ်လေးတစ်ယောက်က နည်းစနစ်အချို့ပေါ်မှီခိုပြီး ဘယ်လိုလုပ် သူမကို ထိခိုက်အောင်လုပ်နိုင်မည်နည်း။
သို့ပေမယ့် နောက်တစ်ခဏ၌....
သူမမျက်နှာ အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
ဂျန်ဖန်း ခြေထောက်တွေ အကာကွယ်လွှာပေါ် ကျသွား၏။
ခပ်မှိိိိန်မှိန်အလင်းတန်းက ချက်ချင်းပဲ တန်ပြန်အားတစ်ခုထုတ်လွတ်ကာ ခြေထောက်စွမ်းအားကို တန်ပြန်ဖို့ ကြိုးစားလိုက်၏။
သို့ပေမယ့်...
ဂျန်ဖန်းခြေထောက်ရှိမိုးကြိုးတွေက ဒေါသထွက်နေသည့်နဂါးတွေကဲ့သို့ဟိန်းဟောက်ပြီး အကာကွယ်လွှာကို ခြေမွပစ်လိုက်သည်။
ဖျက်စီးမရနိုင်သည့်အပြာရောင်အလင်းတန်း မိုးကြိုးစွမ်းအားကြောင့် ချက်ချင်း ပျက်စီးသွားခဲ့သည်။
ဖောင်း...
ဘောလုံးတစ်ခုပေါက်ကွဲသွားသကဲ့သို့ ချက်ချင်းပဲ အကာကွယ်လွှာ ပေါက်ကွဲထွက်သွားခဲ့သည်။
ဂျန်ဖန်းခြေထောက် အညှာတာကင်းမဲ့စွာပဲ ရမ်ချင်စုရင်ဘတ်ကို နင်းချလိုက်သည်။
ရမ်ချင်းစုတုံ့ပြန်သည့်အချိန်၌ သူမရင်ဘတ်ရှေ့လက်ကာလိုက်ဖို့သာ အချိန်မှီတော့၏။
ဘန်း...
ကျယ်လောင်သည့်အသံတစ်ခုနှင့် ရမ်ချင်းစု နောက်ကိုလွင့်ပျံသွားပြီး ချိုမြမြအရသာတစ်ခု သူမလည်ချောင်းထဲတက်လာခဲ့သည်။
"နင်..."
ဇန်ပေါင်းများစွာနောက်လွင့်သွားပြီး ရမ်ချင်းစု သူမကိုယ်သူမထိန်းနိုင်လိုက်၏။
အခြေအနေက ဖရိုဖရဲဖြစ်နေပြီး ရှက်လည်းရှက် ဒေါသလည်းထွက်သွားခဲ့သည်။
"နင်ဘာလို့ ဒီလောက်တောင် လက်ဆပြင်းရတာလဲ...."
ဂျန်ဖန်း မြေပေါ်ဆင်းသက်လိုက်ပြီး လက်နှောက်ပစ်ထားကာ အေးစက်စက်ပြောလိုက်သည်။
"ငါ့စွမ်းရည်မြင်ချင်တယ်လို့ နင်ပဲပြောခဲ့တာမဟုတ်ဘူးလား..."
"ငါအလေးအနက်လုပ်မှတော့, သနားညှာတာမှုပြဖို့ မျှော်လင့်မနေနဲ့တော့...."
ဝှစ်!
သူက အရိပ်တစ်ခုအဖြစ်ပြောင်းကာ အလျှင်အမြန်ပဲ ပြေးထွက်လာ၏။
ရမ်ချင်းစုမျက်ခွံတွေကျုံ့သွားပြီး ဦရေပြား ထုံကျဥ်သွား၏။
"ရပ်လိုက်, ငါနာမည်ရမ်ချင်းစု၊ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ တပည့်တစ်ယောက်ပဲ...."
"စောနက ဟာသလုပ်နေရုံပဲ...."
ပြောပြီးနောက်...
သူမ၏ဆွဲမက်ဖွယ်မျက်နှာလေး နီရဲသွား၏။
ဘုရားရေ...
သူမ တကယ်ပဲ တိမ်စိမ်းဂိုဏ်းက တပည့်ငယ်တစ်ယောက်ကို သနားညှာတာဖို့ တောင်းပန်နေရ၏။
ဤကိစ္စသာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမဆီပျံ့သွားလျှင် ရှက်လွန်းလွန်းလို့ မျက်နှာပြရဲတော့မည်မဟုတ်ပေ။
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"မင်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ ဂျူနီယာညီမဆိုမှတော့,...."
ရမ်ချင်းစု ဤအရာကအဆုံးသတ်သွားပြီဟု တွေးလိုက်စဥ်မှာပဲ...
ဂျန်ဖန်း "နောင်တရနေသောနဂါး"ဖြင့် ရုတ်တရက် တိုက်ခိုက်လိုက်၏။
အားကောင်းသည့်အရောင်စုံအလင်းတန်းက ချက်ချင်းပဲ သူမပခုံးရှိချပ်ဝတ်ကိုထိုးဖောက်သွားပြီး သွေးတွေပန်းထွက်သွားစေ၏။
"အ..."
ရမ်ချင်းစု သတိလက်လွတ်ဖြစ်သွားပြိး နာကျင်စွာ အော်ဟစ်လိုက်သည်။
"နင်ဘာလုပ်တာလဲ...."
ဂျန်ဖန်းမျက်နှာ၌ အေးစက်မှုတွေ အပြည့်ပင်။
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့အဖွဲ့ဝင်တစ်ယောက်က သူ့ကိုယ်သူ သူခိုးလို့ ခေါ်မှာလား...."
"ငါ့ကို သုံးနှစ်ကလေးများ ထင်နေလား..."
ပြောပြီးနောက် နောက်ထပ် လက်ဝါးချက်တစ်ခု ထုတ်ဖော်လိုက်သည်။
ရမ်ချင်းစု နာကျင်မှုကို လက်ဝါးချက်တစ်ခုဖြင့် ခုခံနိုင်ရုံခုခံနိုင်လိုက်ကာ နောက်လွင့်သွားပြီး မြေပြင်ပေါ် အပြင်းအထန်ပြုတ်ကျသွားခဲ့သည်။
ထပ်ခါထပ်ခါဒဏ်ရာရနေ၍ သူမနောက်ထပ်ထိန်းမထားနိုင်တော့ပဲ ပါးစပ်အပြည့်သွေးအန်လိုက်ရသည်။
ဂျန်ဖန်း နောက်တစ်ကြိမ်ချည်းကပ်လာတာမြင်သည့်အခါ အလျှင်အမြန်ပဲ ပြောလိုက်သည်။
"ငါ တကယ် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့တပည့်ပါ...."
ဂျန်ဖန်း အေးစက်စွာပြောလိုက်သည်။
"ဒါဆို အရှုံးပေးလိုက်။ ငါ မင်းကို အရေးယူဖို့ ဂိုဏ်းချုပ်ဆီခေါ်သွားမယ်...."
ရမ်ချင်းစု အံ့ကြိတ်ပြီး ပြောလိုက်သည်။
"နင် ဆုတောင်းလေ...."
ဟာသပင်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ နာမည်ကျော်တပည့်က သူခိုးတစ်ယောက်အဖြစ်အဖမ်းခံရပြီး တိိမ်စိမ်းဂိုဏ်း ဂိုဏ်းခချုပ်ဆီမှာ စစ်မေးခံရမည်။
ထိုကိစ္စသာ သတင်းပျံ့သွားလျှင် သူမဂုဏ်သတင်း လုံးဝပျက်စီးသွားပြီဖြစ်သည်။
အသေခံလိုက်တာက ပိုကောင်း၏?
ဂျန်ဖန်း လှောင်ပြောင်လိုက်၏။
"မင်းက သူခိုးဆိုတာ ငါသိတယ်..."
"ကောင်းကင်ဘုံစက်ယန္ဒယားခန်းမရဲ့ တပည့်လို့တောင် အယောင်ဆောင်ရဲတယ်...."
"ငါ မင်းကို လွတ်မပေးဘူး...."
သူက ချက်ချင်းပဲ လက်ဝါးချက်ထုတ်ဖော်လိုက်၏။
ရမ်ချင်းစု ရှက်လည်းရှက် ဒေါသလည်းထွက်နေပြီး သံဘောလုံးများစွာကို ဂျန်ဖန်းဆီပစ်လွတ်လိုက်သည်။
ဂျန်ဖန်း အမူအရာ ပြောင်းလဲသွား၏။
သူက အလျှင်အမြန်ပဲ လက်ချောင်းအလင်းတန်းများစွာထုတ်ကာ သံဘောလုံးတွေကို တိုက်ခိုက်လိုက်၏။
ဘန်း! ဘန်း! ဘန်း!
သံဘောလုံးတွေ ချက်ချင်းပဲ အပြင်းအထန်ပေါက်ကွဲထွက်သွားခဲ့သည်။
ဂျန်ဖန်းဟန့်တားခံရစဥ် အခွင့်ကောင်းယူပြီး ရမ်ချင်းစု တဖက်လှည့်ကာ ထွက်ပြေးတော့၏။
သူမက ပြေးနေရင်းဖြင့် အော်ပြောလိုက်သည်။
"နင် ခွေးကောင်, ဒီကိစ္စမပြီးသေးဘူးမှတ်...."
အကွာအဝေး ဝေးကွာသွားတာမြင်တော့ ဂျန်ဖန်းမျက်လုံးတွေ အေးစက်သွားခဲ့သည်။
ပြတ်ပြတ်သားသားပဲ နောက်ကျောရှိ သေတ္တာရှည်ကိုယူကာ ထိပ်တန်းအဆင့် ရှေးဟောင်းဗျတ်ဇောင်းကို ထုတ်ယူလိုက်၏။
ထို့နောက် ချက်ချင်းပဲ လက်ငါးချောင်းဖြင့် ဗျတ်ဇောင်းကို တီးခတ်လိုက်သည်။
ကြောက်စရာအသံလှိုင်းတစ်ခု လွမ်းမိုးနိုင်စွမ်းရှိသည့်အားဖြင့် ရှေ့ကိုပြေးထွက်သွားခဲ့သည်။
ဗြိ!
ချင်ချင်းဆိုသလိုပဲ, ထွက်ပြေးနေသည့် ရမ်ချင်းစုအဝတ်တွေ အသံလှိုင်းကြောင့် စုတ်ပြဲသွားပြီး အတွင်းသားတွေတော်တော်များများပေါ်သွား၏။
ကျောပြင်မှာလည်း အသားတွေဟက်တက်ကွဲသွားပြီး နက်ရှိုင်းသည့်ဒဏ်ရာတွေ ရသွား၏။
"အ..."
ရမ်ချင်းစု အော်ဟစ်လိုက်ရပြီး မြေပြင်ပေါ်လဲကျသွားခဲ့သည်။
"နင် ဘယ်လိုလုပ် အသံလမ်းစဥ်နည်းစနစ်ကို သိနေရတာလဲ...."
"ဒါက ကောင်းကင်သံစဥ်ဂိုဏ်းရဲ့ လျို့ဝှက်နည်းစနစ်မဟုတ်ဘူးလား..."
သူမတွေ့နေတာ ဘယ်လိုမကောင်းဆိုးဝါးနည်း။
နိုင်အောင်လည်းမတိုက်ခိုက်နိုင်သလို ထွက်လည်း မပြေးနိုင်ပေ။
ဂျန်ဖန်း ဗျတ်ဇောင်းကိုသိမ်းပြီး လျှောက်လှမ်းလာရင်း အေးစက်စက် ပြောလိုက်သည်။
"မင်းသာ အစောပိုင်းက လက်နက်ချလိုက်ရင် ဒီလောက်ထိခံစားရမှာမဟုတ်ဘူး..."
ရမ်ချင်းစု အံ့ကြိတ်လိုက်သည်။
"နင် အိမ်မက်မက်နေလိုက်လေ...."
ဂျန်ဖန်း ချည်းကပ်လာတာမြင်တော့....
သူမက နာကျင်စွာပဲ လက်သီးအရွယ် အဖြူရောင်လုံးတစ်ခုထုတ်ယူပြီး မြေပြင်ပေါ် ပစ်ခွဲလိုက်၏။
ဘန်း!
ဘောလုံးအက်ကွဲသွားပြီး ထူထဲသည့်အဖြူရောင်မီးခိုးတွေထွက်လာကာ နေရာတစ်ခုလုံးကို ဖုံးလွမ်းသွားခဲ့သည်။
ဂျန်ဖန်း ကြည့်လိုက်သည့်အခါ ၃ ဇန်ထက်ကျော်ပြီး မမြင်ရပေ။
သူ့မျက်လုံးတွေ မှေးကျဥ်းသွား၏။
တိတ်တဆိတ် နားရွက်တွေထောင်လာပြီး ဂရုတစိုက်နားထောင်လိုက်သည်။
တစ်ခဏကြာပြီးနောက်...
သစ်ကိုင်းခြောက်နင်းသံ သူ့နားထဲဝင်ရောက်လာပြီး ပြတ်ပြတ်သားသားပဲ ဓားဆွဲထုတ်လိုက်သည်။
ထို့နောက် လက်တွေကို အတူတကွပွတ်လိုက်ရာ လွမ်းဆွတ်ခြင်းဆီးနှင်းဓား လက်ဝါးကြားမှာ အလျှင်အမြန်ပဲ လည်ပတ်လာ၏။
တစ်ချိန်တည်းမှာပဲ စိတ်ဝိညာဥ်စွမ်းအင်တွေ ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းလာပြီး ထက်ရှသည့်ဓားတစ်ချောင်းလိုဖြစ်နေခဲ့သည်။
ဓားနှလုံးသားအသက်သွင်းလိုက်တာပင်။
"သွား..."
ထန်!
ထက်ရှသည့်အသံတစ်ခု လေထုကိုထိုးဖောက်သွားပြီး ကောင်းကင်မှာပဲ့တင်ထပ်နေခဲ့သည်။
နောက်တစ်ခဏ၌ ထိတ်လန့်နေသည့်အော်ဟစ်သံတစ်ခု မြူထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။
"အား..."
"နင်... နင် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကိုတောင် သိတယ်?...."
"နင်ဘယ်သူလဲ...."
ဂျန်ဖန်းမျက်လုံးတွေ တောက်ပသွားပြီး အသံလာရာဆီကိုပြေးသွားလိုက်သည်။
သို့ပေမယ့်မြေပြင်ပေါ်ရှိသွေးအိုင်တစ်ခုသာ မြင်လိုက်ပြီး လူကတော့ ထွက်သွားပြီဖြစ်သည်။
မြူတွေရှင်းလင်းသွားသည့်အခါ...
သူခိုးအမျိုးသမီး၏အရိပ်အယောင်ကို မတွေ့ရတော့ပေ။
ဂျန်ဖန်း လွမ်းဆွတ်ခြင်းဆီးနှင်းဓားကိုကောက်ယူပြီး အနည်းငယ်ဆွံ့အသွား၏။
"သူမ လွတ်သွားသေးတာပဲလား...."
"အာလုံး အလကားဖြစ်ကုန်ပြီ...."
သို့ပေမယ့် ဓားထိန်းချုပ်ခြင်းနည်းစနစ်က သူမကိုမသတ်နိုင်သော်လည်း အပြင်းအထန်တော့ဒဏ်ရာရသွားစေ၏။
မဟုတ်လျှင် ဤလောက်ထိများသည့်သွေးတွေ ရှိနေမည်မဟုတ်ပေ။
သူမ သေချာပေါက် တိမ်စိမ်းဂိုဏ်းကို နောက်တစ်ကြိမ်ပစ္စည်းလာခိုးရဲတော့မည်မဟုတ်ပေ။
ထိုအရာကိုတွေးပြီး ဓားပြန်သိမ်းကာ ဘာမှမဖြစ်သကဲ့သို့ ဂူအိမ်တော်ကို ပြန်လာလိုက်သည်။
သူမသိတာက...
တိမ်စိမ်းဂိုဏ်းအနောက်ဘက်တောင်၌...
ရမ်ချင်းစု သူမ၏သွေးထွက်နေသည့်ဝမ်းဗိုက်ကိုလက်ဖြင့်ဆုပ်ကိုင်ထားပြီး ယာယီဆောက်ထားသည့်ဂူအိမ်တော်ရှေ့မှာ တယိမ်တယိုင်ဖြင်လဲကျသွားခဲ့သည်။
သူမက အားနည်းစွာဖြင့် ကျောက်တံခါးကိုခေါက်ပြီး ပြောလိုက်သည်။
"ဆရာ..."
တစ်ခဏကြာတော့...
ကျောက်တံခါး တုန်ခါပြီး ဖွင့်လာခဲ့သည်။
ထိုအခါ အသက် ၄၀ အရွယ်လောက်ရှိသည့် အမျိုးသမီးတစ်ယောက် မကျေမနပ်အမူအရာဖြင့်ထွက်လာခဲ့သည်။
သူမက အသားအရေကိုကောင်းကောင်းထိန်းသိမ်းထားပြီး မျက်နှာက အလွန်အမင်းအေးစက်နေခဲ့သည်။
"အရေးကြီးကိစ္စမဟုတ်ရင် ငါ့ကို မနှောက်ယှက်ဖို့ ပြောမထားဘူးလား..."
သို့ပေမယ့် သူမစကားတစ်ဝက်မှာပဲ ရမ်ချင်းစုဒဏ်ရာတွေကိုမြင်ပြီ တုန်လှုပ်သွား၏။
"နင် ဘယ်လိုလုပ် ဒီလောက်ထိ ဒဏ်ရာတွေရလာတာလဲ....."
ရမ်ချင်းစု၏ မကျေနပ်ချက်တွေပေါက်ကွဲထွက်လာပြီး အထိန်းကွပ်မဲ့စွာငိုတော့၏။
"ဝါး.... ဆရာ, လူတစ်ယောက် ငါ့ကို အနိုင်ကျင့်တယ်....."
"ဝါး...."