← Chapters

ဆရာတစ်စုံတစ်ယောက်ကျွန်မကို အနိုင်ကျင့်နေတယ်

Vol. 27 Ch. 363

ဆရာတစ်စုံတစ်ယောက်ကျွန်မကို အနိုင်ကျင့်နေတယ်

Vol. 27 Ch. 363

တော်ဝင်ဆန်သည့်အဝတ်အစားဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက် အလျှင်အမြန်ပဲ သူမကို စိုးရိမ်စွာဖြင့် ပွေ့ဖက်လိုက်သည်။

ရမ်ချင်းစုက ပုံမှန်ဆို မာနကြီးသည့် တပည့်တစ်ယောက်ဖြစ်၏။

အသားအပိုင်းအစဆုံးရှုံးလျှင်တောင် မျက်မှောင်တစ်ချက်ကြုတ်မည်မဟုတ်ပေ။

သို့ပေမယ့်, ယခုတော့, သူမက ဤကဲ့သို့ ငိုနေခဲ့သည်။

ထိုအရာအရ သူမဘယ်လောက်ခံစားခဲ့ရလဲဆိုတာ သိသာ၏။

တော်ဝင်ဆန်သည့်အဝတ်စားနှင့်အမျိုးသမီး သူမခန္ဓာကိုယ်ကို ဂရုတစိုက်စစ်ဆေးကြည့်လိုက်တော့ ပါးစပ်ထောင့်ရှိသွေးစကို သတိထားမိလိုက်သည်။

သူမပခုံးရိုးက ထုတ်ချင်းဖောက်ခံထားရ၏။

ပိုဆိုးတာက ဝမ်းဗိုက်၌ ဓားဖြင့်ထိုးဖောက်ခံထားရသည့် သွေးအပေါက်တစ်ခုရှိနေခဲ့သည်။

အမျိုးသမီးမျက်နှာအကြီးအကျယ်ပြောင်းလဲသွားပြီး အလျှင်အမြန်ပဲ ထိပ်တန်းကုသဆေးတစ်ခုထုတ်ကာ ကျွေးလိုက်သည်။

ထိုအခါမှသာ....

ရမ်ချင်းစု၏ဖြော့တော့သည့်မျက်နှာ နောက်ဆုံးမှာ အရောင်အနည်းငယ်သမ်းလာ၏။

"အဲ့တာဘယ်သူလဲ၊ နင့်ကို ဒီလောက်ထိတောင် ရက်ရက်စက်စက် လုပ်ရဲတယ်...."

တော်ဝင်ဆန်သည့်အဝတ််အစားဝတ်အမျိုးသမီး အမူအရာ အေးစက်နေခဲ့သည်။

ရမ်ချင်းစု ပြောဖို့အခက်တွေ့သွား၏။

အဘယ်ကြောင့်ဆိုသော် သူမက ရုပ်ပိုင်းဆိုင်ရာဒဏ်ရာကြောင့် ထိခိုက်လာတာမဟုတ်ပေ။

ထိုးအစား မာနထိခိုက်လာခြင်းပင်။

ထို့ကြောင့် အနီရောင်နှုတ်ခမ်းလေးကိုကိုက်ပြီး ပြောရမှာရှက်လွန်း၍ ပြောလိုက်သည်။

"မေ့လိုက်ပါ, ဆရာရယ်...."

"ဒီကိစ္စမှာ တပည့်အရင်မှားတာပါ၊ သင်ခန်းစာတစ်ခုရတာပေါ့...."

သူမသာ တစ်ဖက်လူကိုသွားစပြီး အထင်မမှားစေခဲ့လျှင် ဘယ်လိုလုပ် ဤကဲ့သို့ကိစ္စမျိုးဖြစ်မည်နည်း။

"ပြောစမ်း...."

တော်ဝင်ဆန်သည့်ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသမီး သူမအသံကိုမြင့်ပြီး တင်းမာစွာ အမိန့်ပေးလိုက်သည်။

"ဖုံးကွယ်မထားနဲ့...."

"သူက ငါ့တပည့်ကို ဒီလိုဒဏ်ရာရအောင်လုပ်တာ ငါ,လင်းယုဟမ်ကို စော်ကားလိုက်တာပဲ...."

"ဒါကိစ္စက မင်းနဲ့ပဲ သက်ဆိုင်တာမဟုတ်တော့ဘူး...."

သူမစိတ်ထဲ၌ ရမ်ချင်းစု တိမ်စိမ်းဂိုဏ်း၌ တိုက်ခိုက်ခံရ၍ မည်သူဖြစ်နိုင်မည်နည်း။

တိမ်စိမ်းဂိုဏ်းက တစ်စုံတစ်ယောက်သာဖြစ်နိုင်၏။

ထို့ပြင် ရမ်ချင်းစုကို ဤလောက်ထိဒဏ်ရာရစေတာ တိမ်စိမ်းဂိုဏ်း၏ တိုက်ရိုက်တပည့်ဖြစ်နိုင်၏။

တိုက်ခိုက်သူ တောင်ထိပ်တစ်ခုမှ အကြီးအကဲတစ်ယောက် ဒါမှမဟုတ် အတွေ့ကြုံရှိတဲ့ ကြီးကြပ်ရေးမှူးတစ်ယောက်တောင်ဖြစ်နိုင်သည်။

သူမဆရာ၏ ဒေါသကို ခံစားမိသည့်အခါ ရမ်ချင်းစုခန္ဓာကိုယ် တုန်ယင်သွား၏။

နောက်ထပ်ဖုံးကွယ်လို့မရတော့ဘူးဆိုတာသိပြီး မျက်နှာနီရဲစွာဖြင့် ပြောလိုက်သည်။

"ဒါက... ဒါက လူငယ်လေးတစ်ယောက်ပါ...."

ဟမ်?....

လင်းယုဟွမ်းအမူအရာ အေးခဲသွားပြီး ပဟေဠိဖြစ်သွား၏။

"နင် အမြင်မမှားဘူးဆိုတာ သေချာလား..."

သူမဂရုတစိုက်သင်ကြားပေးထားသည့် တပည့်ကို ဤကဲ့သို့ဖြစ်အောင်ရိုက်နိုင်သည့် အစွမ်းထက်လူငယ် ဤနေရာမှာ ဘယ်လိုလုပ်ရှိနိုင်မည်နည်း။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် ဤကဲ့သို့အနည်းငယ်သာရှိ၏။

သို့ပေမယ့် တိမ်စိမ်းဂိုဏ်း၌ ရှိနေခဲ့သည်။

တိမ်စိမ်းဂိုဏ်းက ဂိုဏ်း ၉ ဂိုဏ်း၌ အဆင့် အနိမ့်ဆုံးဖြစ်သည်။

ရမ်ချင်းစု ခါးသီးစွာပြောလိုက်သည်။

"တပည့်မမှားပါဘူး။ တကယ်ကို လူငယ်လေးတစ်ယောက်ပါ..."

"တပည့် အခုလိုဒဏ်ရာရလာတာ ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ဆရာရဲ့နှစ်ပေါင်းများစွာသင်ကြားပေးမှုကို အရှက်ရစေပြီး လူငယ်လေးတစ်ယောက်ဆီမှာ အရှက်တကွဲဖြစ်ခဲ့ရတာတော့ အရမ်းခံပြင်းတယ်...."

လင်ယုဟွမ် ပိုလို့တောင်တုန်လှုပ်သွားပြီး ပြောလိုက်သည်။

"အစကနေအဆုံးထိ အကုန်ရှင်းပြစမ်း..."

ဤသို့ဖြင့် ရမ်ချင်းစု ရွေးချယ်စရာမရှိတော့ပဲ သူမ တစ်လျှောက်လုံး ဘယ်လိုအရှက်ကွဲခဲ့လဲဆိုတာ ရှင်းပြတော့သည်။

"မဖြစ်နိုင်တာ..."

ပြောတာနားထောင်ပြီးသည့်အခါ လင်ယုဟွမ် လုံးဝမယုံနိုင်ဖြစ်သွား၏။

ရမ်ချင်းစု အိမ်မက်မက်နေသည်ဟုတောင် သံသယဖြစ်မိ၏။

"သူက အသက် ၁၈ နှစ်ပဲရှိသေးတယ်?...."

"ပြီးတော့, မြေကမ္ဘာအဆင့်လက်ဝါးနည်းစနစ်၊ လက်ချောင်းနည်းစနစ်၊ ခြေထောက်နည်းစနစ်၊ အသံလမ်းစဥ်နည်းစနစ် တွေလည်း ကျွမ်းကျင်သေးတယ်...."

"တိမ်စိမ်းဂိုဏ်းဝတ်စုံဝတ်ထားပေမယ့် စစ်မှန်မိုးကြိုးဂိုဏ်းနဲ့ ကောင်းကင်အသံဂိုဏ်းရဲ့ နည်းစနစ်တွေကို တတ်ထားတယ်...."

"ပြီးတော့ အခြေခံတည်ဆောက်ခြင်းအဆင့်နဲ့ ငါပေးလိုက်တဲ့ ကျောက်စိမ်းဆွဲသီးကို ချိုးဖြတ်နိုင်တယ်..."

"ဒါ့ပြင် ဓားထိန်းချုပ်ခြင်းနည်းစနစ်ကိုလည်း ထိန်းချုပ်နိုင်သေးတယ်, ဟုတ်လား..."

"နင်ပြောတာ နင်ကောယုံရဲ့လား...."

လူတစ်ယောက်၏စွမ်းအင်က အကန့်အသတ်ရှိ၏။

မြေကမ္ဘာအဆင့်နည်းစနစ်တစ်ခုကို ပမာဏတစ်ခုထိ လေ့ကျင့်နိုင်ရင်ကို ထူးခြားနေပြီဖြစ်သည်။

မြေကမ္ဘာအဆင့်နည်းစနစ်တွေကို ဆက်တိုက်လေ့ကျင့်တာက မယုံနိုင်စရာကောင်းလှ၏။

ထို့ပြင် ကျန်တာတွေက ပိုလို့တောင်ဆိုးမည်ဖြစ်သည်။

စစ်မှန်မိုးကြိုးဂိုဏ်းရဲ့နည်းစနစ်ကိုလေ့ကျင့်ထားသည့်အပြင် ကောင်းကင်အသံဂိုဏ်းရဲ့ နည်းစနစ်ကိုလည်း လေ့ကျင့်ထား၏။

ထိုအရာက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

ပိုဆိုးတာက အခြေခံတည်ဆောက်ခြင်းအဆင့်ဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ခုခံရေးကို ချိုးဖြတ်လိုက်ခြင်းပင်။

ထိုအရာက ယုတ္တိကိုမရှိပေ။

ကောင်းပြီလေ, ထိုအရာကို ခဏဘေးဖယ်ထားလိုက်အုန်း....

အဝေးမှဓားကိုထိန်းချုပ်ခြင်း ထိုအရာက ရှုချင်းယန်၏ဓားထိန်းချုပ်ခြင်းနည်းစနစ်မဟုတ်လား။

ဂိုဏ်း ၉ ဂိုဏ်း နယ်မြေတစ်လျှောက်၌ ရှုချင်းယန်အပြင်မည်သူမှမသိပေ။

ဘယ်လိုလုပ် ဤရုတ်တရက်ပေါ်လာသည့်လူငယ်လေးက ဓားထိန်းချုပ်ခြင်းနည်းစနစ်ကို ကျွမ်းကျင်နေရသနည်း။

"ဆရာ, ငါမလိမ်ပါဘူး။ ငါ ပြောတာတွေအားလုံးက အမှန်တွေကြီးပါ...."

ရမ်ချင်းစု ပါးစပ်ထဲမှာ ခါးသီးမှုတွေပြည့်နှက်သွား၏။

"ဒါက ယုံချင်းစရာမကောင်းပေမယ့် တပည့် တကယ်ပဲ အဲ့လိုပါရမီရှင်နဲ့တွေ့ခဲ့တာပါ...."

"မဟုတ်ရင် ဒီဒဏ်ရာတွေက ဘယ်ကရောက်လာမှာလဲ...."

လင်းယုဟွမ် ခေါင်းခါယမ်းလိုက်သည်။

သဘာဝအတိုင်း ရမ်ချင်းစု တစ်စုံတစ်ယောက်ကြောင့် ဒဏ်ရာရလာတာ ယုံ၏။

သို့ပေမယ့် သူမပြောသည့်အချက်က တရားလွန်ဖြစ်လွန်းပြီး ယုံချင်စရာကို မရှိပေ။

"အဲ့ဒီလူ နင့်ကို ဘယ်လိုပဲဒဏ်ရာရအောင်လုပ်ခဲ့လုပ်ခဲ့ ငါ နင့်အတွက် တရားမျှတမှုပြန်ရှာပေးရမယ်...."

"လာ, လျိုဝူချန်းဆီက ဖြေရှင်းချက်သွားတောင်းရအောင်....."

ထိုစဥ်, ဂျန်ဖန်း တိတ်တဆိတ်ကျင့်ကြံနေခဲ့သည်။

ဂူအိမ်တော်ကိုပြန်ရောက်ပြီးနောက် သူခိုးအမျိုးသမီးနှင့်တိုက်ပွဲကို ပြန်တွေးပြီး သူ့လုပ်ဆောင်ချက်နှင့်ပတ်သက်၍ အတော်လေး မကျေမနပ်ဖြစ်နေခဲ့သည်။

သူ၏နည်းစနစ်များစွာအသုံးပြုခဲ့သော်လည်း အမြုတေဖွဲစည်းခြင်းအဆင့် ၂ သိုင်းပညာရှင်တစ်ယောက်ကို ထိန်းမထားနိုင်ခဲ့ပေ။

"ငါ့ကျင့်ကြံရေးနည်းစနစ်တွေက မလုံလောက်သေးဘူး...."

များစွာတွေးတောပြီးနောက် ဂျန်ဖန်း ရှေးဟောင်းဗျတ်စောင်းကို ထုတ်ပြီး သူ့ဒူးပေါ်တင်လိုက်သည်။

ထိုအခါ "ကျားနဂါးဟိန်းဟောက်ခြင်းနည်းစနစ်"က သူ့ခေါင်းထဲပေါ်လာခဲ့သည်။

သူက စိတ်ဝိညာဥ်သားရဲဂိုဏ်း၌ ပထမအဆင့် "ကျားဟိန်းသံ"ကိုနားလည်ခဲ့ပြီးဖြစ်သည်။

ထိုစွမ်းအားကို ယခုလက်ရှိ၌ မည်သူမှ မခုခံနိင်ပေ။

သို့ပေမယ့် ယနေ့တိုက်ပွဲ၌ ထူးခြားသည့်လှုပ်ရှားမှုနည်းစနစ်ရှိသည့်လူနှင့်ရင်ဆိုင်ရာ၌ သတ်ဖြတ်ခြင်းစွမ်းအားက အကန့်အသတ်ဖြစ်လာခဲ့သည်။

သူက နောက်တစ်ဆင့်ကို နားလည်အောင်လုပ်ဖို့ ဆုံးဖြတ်လိုက်၏။

ထို့နောက် မျက်လုံးမိတ်ပြီး ဒုတိယအဆင့်ကို ဂရုတစိုက်နားလည်ဆင်ခြင်နေခဲ့သည်။

မနက်အာရုံတက်နေထွက်လာချိန်....

သူ့မျက်လုံးတွေဖြည်းညင်းစွာဖွင့်လိုက်ပြီး ပျော်ရွင်သည့်အရိပ်အယောင်တွေ ထွက်ပေါ်လာ၏။

"ကျားနဂါးဟိန်းသံနည်းစနစ်ကို ဖန်တီးခဲ့တဲ့သူက ကျားဟိန်းသံရဲ့ သတ်ဖြတ်ခြင်းအရှိန်က အလုံအလောက်မမြန်တဲ့အားနည်းချက်ကို သတိထားမိသွားပုံရတယ်...."

"ဒုတိယအဆင့် နဂါး ဟိန်းသံမှာ စွမ်းအားတိုးတက်လာရုံတင်မဟုတ်ပဲ အသံလှိုင်းထိုးဖောက်နိုင်စွမ်းကိုပါ ထပ်ဖြည့်ပေးထားတယ်...."

ထိုအတွေးနှင့်...

သူက စိတ်အားထက်သန်စွာ စိတ်ဝိညာဥ်စွမ်းအားလှည့်ပတ်လိုက်၏။

ထို့နောက် လက်ချောင်းတွေကို ဗျတ်စောင်းပေါ်မှာ ညင်သာစွာတီးခတ်လိုက်သည်။

စူးရှလျှင်မြန်သည့်အသံလှိုင်းတစ်ခုက ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

နေရောင်အောက်ရှိပင်လယ်လှိုင်းလုံးတွေကဲ့သို့ ကြမ်းကြုတ်သည့်နဂါးတစ်ကောင် ရုတ်တရက်ထွက်ပေါ်လာပြီး နားနားကပ်ဟိန်းဟောက်လိုက်သလိုပင်။

အသံက နက်ရှိုင်းစူးရှလွန်းပြီး နားစည်တွေ ပေါက်ကွဲသွားစေနိုင်ကာ ခန္ဓာကိုယ်တွင်းရှိ သွေးနှင့် စိတ်ဝိညာဥ်စွမ်းအင်တွေကို ဖရိုဖရဲဖြစ်သွားစေ၏။

တစ်ချိန်တည်းမှာပဲ.....

ကြောက်စရာအသံလှိုင်းတွေ အရပ်မျက်နှာအသီးသီးကို ပြေးထွက်သွားခဲ့သည်။

ဘန်း! ဘန်း! ဘန်း!

ပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ....

ထူးထဲသည့်အခန်းနံရံ အသံလှိုင်းကြောင့် ထိုးဖောက်ခံလိုက်ရ၏။

ထိုအပေါက်တွေတစ်လျှောက် အလင်းတန်းတွေ ကျဆင်းလာပြီး အခန်းထဲမီးခိုးတွေပြည့်နှက်သွားစေကာ အလင်းနှင့်အမှောင်ကြား တက်လိုက်ကျလိုက်ဖြစ်သွား၏။

ဂျန်ဖန်း အံ့အားသင့်စွာဖြင့် စုပ်သပ်လိုက်သည်။

တစ်ချက်တီးရုံဖြင့် အခန်းကို ဇကာပေါက်ဖြစ်သွားစေခဲ့သည်။

သူသာ သူခိုးအမျိုးသမီးနှင့် နောက်တစ်ကြိမ်တွေ့လျှင် သူမ ဒဏ်ရာရရုံလောက်နှင့်ပြီးသွားမည်မဟုတ်ပေ။

ပိုအရေးကြီးတာက...

အသံလှိုင်းက လူတစ်ယောက်၏သွေးနှင့် စိတ်ဝိညာဥ်စွမ်းအင်ကို နှောက်ယှက်နိုင်၏။ တခြားနည်းဖြင့်ပြောရလျှင် ထိုအရာက တစ်ခဏ ထုံကျဥ်သွားစေနိုင်၏။

လှုပ်ရှားမှုမြန်သည့်ရန်သူတွေအား လုံးဝကို ကန့်သတ်ထားခြင်းဖြစ်သည်။

လှုပ်ရှားမှုနည်းလမ်းသုံးပြီး အသံလှိုင်းနယ်ပယ်အတွင်းမှ လွတ်မြောက်ဖို့ဆိုတာ အလွန်အမင်းကို ခက်ခဲလှ၏။

"ဟမ့်, အဲ့အမျိုးသမီးနဲ့ နောက်တစ်ကြိမ်တွေ့ချင်သေးတယ်။ သူမကို ငါ့စွမ်းရည်လေကျင့်ဖို့ သုံးရမယ်..."

ဂျန်ဖန်း ရေရွတ်လိုက်သည်။

ဒုန်း! ဒုန်း! ဒုန်း!

တံခါးခေါက်သံ ကျောက်တံခါးအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ထိုအရာက တောက်ကျန်းဂျွန်ပင်။

"ဂျူနီယာညီလေးဂျန်, ဆရာက မင်းကို ခေါ်ခိုင်းလိုက်တယ်...."

ဂျန်ဖန်း တံခါးဖွင့်လိုက်ပြီး တစ်ခါက သူနှင့်အငြင်းပွားမှုအနည်းငယ်ရှိခဲ့သည့် စီနီယာအကိုကိုကြည့်ပြီး မေးလိုက်သည်။

"ဆရာက တစ်ခုခုပြောလိုက်သေးလား...."

တောက်ကျန်းဂျွန် ပြောလိုက်သည်။

"ဒါ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက တာဝန်ခံကြောင့်ပါ။ ဒါကြောင့် ဆရာက တိမ်စိမ်းဂိုဏ်းတပည့်တွေကို အရေတကြီးဆင့်ခေါ်လိုက်တာ...."

"မင်းနဲ့ပတ်သက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဂျူနီယာညီ မစိုးရိမ်ပါနဲ့...."

မနေ့က သူကချောင်ကျန့်လက်ထဲမှာ အရှက်တကွဲရှုံးနိမ့်ခဲ့၏။

ဂျန်ဖန်းက ချောင်ကျန့်ကိုအလွယ်တကူအနိုင်ယူပြီး သူ့အတွက်လက်စားချေပေးခဲ့သည်။

ထို့ကြောင့် သူဘက်ကအရင် ငြိမ်းညမ်းရေးယူပြီး အတိတ်ကမကျေနပ်ချက်တွေကို ဖြေရှင်းဖို့ မျှော်လင့်လိုက်၏။

ဂျန်ဖန်း သဘာဝအတိုင်း ထိုအရာကို ကြိုဆို၏။

သူက ပြောလိုက်သည်။

"ပြောပြလို့ ကျေးဇူးတင်ပါတယ်, စီနီယာအကိုတောက်....."

"ဒါပေမယ့်, ဘာအရေးကြီးကိစ္စမို့လို့ တာဝန်ခံက တိမ်စိမ်းဂိုဏ်းတစ်ဂိုဏ်းလုံး ဆင့်ခေါ်ခိုင်းရတာလဲ...."

တောက်ကျန်းဂျွန် ခေါင်းခါယမ်းလိုက်သည်။

"ငါလည်းမသိဘူး...."

"ဒါပေမယ့် ငါကြားတာတော့ မနေ့ညက အကြီးအကဲတွေနဲ့ တာဝန်ရှိသူအားလုံး စစ်ဆေးခံခဲ့ရတယ်တဲ့။ တစ်ယောက်မှမအိပ်ရဘူးဆိုပဲ...."

"ကြည့်ရတာ တစ်စုံတစ်ယောက်က တာဝန်ခံကို ရန်စမိပြီး ဒေါသထွက်သွားစေတယ်နဲ့တူတယ်...."

ဂျန်ဖန်း ပဟေဠိဖြစ်သွား၏။

တာဝန်ခံကိုရန်စရအောင် ဘယ်သူက ဤလောက်ထိမိုက်ရူးရဲဆန်ရသနည်း။

All Chapters