← Chapters

အခန်း (၃၆၄)

Vol. 27 Ch. 364

အခန်း (၃၆၄)

Vol. 27 Ch. 364

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအထူးတာဝန်ခံမှာ တရားမျှတမှုတောင်းခံဖို့လာခဲ့တာဖြစ်သည်။

သူမကို ကောင်းကောင်းမဆက်ဆံသည့်အပြင် ဘယ်လိုလုပ် ရန်စရသနည်း။

သို့ပေမယ့် ဤကိစ္စက သူနှင့်ဘာမှမဆိုင်၍ ဘေးကရပ်ကြည့်ရုံသာဖြစ်သည်။

ထို့ကြောင့် စိတ်အေးလက်အေးမျက်နှာဖြင့် ဂိုဏ်းသခင်ခန်းမရင်ပြင်ကို ရောက်လာခဲ့သည်။

နေရာက လူတွေနှင့် ပြည့်နှက်နေခဲ့သည်။

ဂိုဏ်းသခင်တောင်ထိပ်မှလူတွေအပြင် တောင်ထိပ်အသီးသီးမှ အကြီးအကဲတွေ၊ပတည့်တွေလည်း ရှိ၏။

မြင်ရခဲသည့်ကြီးကြပ်ရေးမှူးတွေတောင်ရှိနေခဲ့သည်။

တပည့်အဆင့်သတ်မှတ်ပွဲအပြင် ဤအရာက ဂျန်ဖန်း တိမ်စိမ်းဂိုဏ်းမှာ ဤလောက်ထိလူများစွာစုဝေးနေတာ မြင်ဖူးတာ ပထမဆုံးဖြစ်သည်။

အခြေအနေ၏လေးနက်မှုကို တွေးကြည့်လို့ရတာပဲဖြစ်သည်။

သူက ခြေဖျားထောက်ပြီး ရင်ပြင်အလယ်ကို လှမ်းကြည့်လိုက်သည်။

ထိုအခါ နန်းတော်အဝတ်အစားဖြင့် အမျိုးသမီးတစ်ယောက် ကျက်သရေရှိစွာထိုင်နေတာ မြင်လိုက်ရ၏။

လျိုဝူချန်းနှင့်အကြီးအကဲများစွာ သူမဘေးမှာရှိနေပြီး မကြခဏဆိုသလို မျက်နှာချိုသွေး ပြုံးနေကြ၏။

တော်ဝင်ဆန်သည့်အဝတ်အစားနှင့်အမျိုးသမီးဘေး၌ အရပ်ရှည်ရှည်ရင်းနှီးသည့်ပုံရိပ်တစ်ခုရပ်နေပြီး သူမရှေ့၌ ကြီးကြပ်ရေးမှူးတွေ တန်းစီရပ်နေခဲ့သည်။

သူမက ပေါ့ပါးသည့် နက်ပြာရောင်ပိုးသားဝတ်စုံကိုဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်သေးသေးသွယ်သွယ်နှင့် ကျက်သရေရှိစွဲမက်ဖွယ်ကောင်း၏။

ကျောက်စိမ်းလိုမျက်နှာလေးကလည်း နှင်းကဲ့သို့ဖြူဖွေးနေကာ အသားအရေက နူးညံ့လှသည်။

နှာတံမြင့်မြင့်၊ စူးရှသည့်မျက်လုံးတစ်စုံနှင့်အတူ ဆယ်စုတစ်ခုကြာမှ တစ်ခါတွေ့ရတတ်သည့် မိန်းမလှလေးပင်။

ဤအခိုက်အတန့်၌ သူမက ကြီးကြပ်ရေးမှူးများစွာကို စေ့စေ့စပ်စပ်ကြည့်ရှူနေခဲ့သည်။

ဂရုတစိုက်ကြည့်ပြီးနောက် အနည်းငယ်ခေါင်းခါယမ်းလိုက်ပြီး နန်းတော်အဝတ်အစားဝတ်အမျိုးသမီးဘက်လှည့်ကာ ပြောလိုက်သည်။

"မရှိဘူး, ဆရာ..."

လင်ယုဟွမ် သိမ်မွေ့စွာလက်ဖက်ရည်စုပ်သောက်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။

"နောက်တစ်သုတ်ပြောင်းမယ်...."

လျိုဝူချန်း နားထင်ကိုပွတ်ပြီး ပြောလိုက်သည်။

"တာဝန်ခံလင်း, ဒါက နောက်ဆုံးတစ်သုတ် ကြီးကြပ်ရေးမှူးတွေပါ...."

"ခင်ဗျားတပည့်ကို ထိခိုက်အောင်လုပ်ခဲ့တာ တိမ်စိမ်းဂိုဏ်းကဆိုတာ သေကောသေချာရဲ့လား...."

လင်ယုဟွမ် သူမလက်ဖက်ရည်ခွက်ကို ချလိုက်သည်။

သူမ မျက်ခုံးတွေအနည်းငယ်မြင့်တက်သွားပြီး ပြောလိုက်သည်။

"ကြီးကြပ်ရေးမှူးတွေ တစ်ယောက်မှမကျန်တော့ဆိုတာ သေချာလား...."

အကြီးအကဲတွေကို ညကတည်းက ရမ်ချင်းစု စစ်ဆေးပြီးသွားပြီဖြစ်သည်။

ဤ ကြီးကြပ်ရေးမှူတွေသာ ကျန်တော့တာဖြစ်သည်။

လျိုဝူချန်းပြောလိုက်သည်။

"ဂိုဏ်းက ကြီးကြပ်ရေးမှူးတွေအားလုံး ဒီမှာရှိပါတယ်...."

"ဂိုဏ်းမှာမရှိတဲ့လူတွေကလည်း တာဝန်နဲ့အပြင််ရောက်နေကြတာ။ သူတို့ဖြစ်ဖို့ဆိုတာလည်း လုံးဝမဖြစ်နိုင်ဘူး...."

သူက အတော်လေး ပဟေဠိဖြစ်နေ၏။

ရမ်ချင်းစုကို ဤလောက်ထိဆိုးဆိုးဝါးဝါးဖြစ်အောင် အတိအကျမည်သူက လုပ်လိုက်သနည်း။

မနေ့ည ထိုဒဏ်ရာတွေကိုမြင်သည့်အခါ သူ့ပါးစပ် တွန့်လိမ်နေတာ မရပ်တန့်တော့ပေ။

ထိုလူက တကယ်ပဲ အညှာတာကင်းမဲ့လွန်း၏။

ရမ်ချင်းစု အလျှင်အမြန်ထွက်ပြေးမလာလျှင် သူမအသက်ဆုံးရှုံးမှာ သေချာပေါက်ပင်။

သို့ပေမယ့် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတပည့်ကို အနိုင်ကျင့်ရဲလောက်အောင် ရူးနေတာ ဘယ်သူနည်း။

ဖုန်းဂုချန်းတောင် လင်ယုဟွမ်၏တပည့်ကို ပြဿနာရှာရဲမည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ရှာတွေ့သွားလျှင် အကျိုးဆက်ကို ဖုန်းဂုချန်းမခံနိုင်ပေ။

လင်းယုဟွမ် အပြင်းအထန်မျက်မှောင်ကြုတ်ပြီး ရမ်ချင်းစုကို မေးလိုက်သည်။

"မင်း လူတိုင်းကို မှတ်မိတာကော သေချာလား..."

မနေ့ညသန်းခေါင်ကတည်းက စစ်ဆေးလာရ၍ ရမ်ချင်းစု အနည်းငယ်တောင် ခေါင်းမူးနေကာ အချိန်အတော်ကြာကတည်းက လက်လျော့ချင်နေပြီဖြစ်သည်။

ယခု, ကြီးကြပ်ရေးမှူးအားလုံးကိုစစ်ဆေးပြီးပြီဖြစ်၍ သူမ သက်သာယာရစွာသက်ပြင်းချလိုက်ကာ ခေါင်ခါယမ်းပြီး ပြောလိုက်သည်။

"မရှိဘူး..."

"အဲ့လူရဲ့ပုံစံက မှတ်မိရလွယ်တယ်...."

"သူသာရှိရင် ကျွန်မချက်ချင်းမှတ်မိတယ်...."

သူမက အလင်းရောင်အောက်မှာ မျက်နှာကို တစ်ခဏသာမြင်လိုက်ရသော်လည်း လုံးဝမေ့မည်မဟုတ်ပေ။

သူမစိတ်ထဲမှာ ထိုမျက်နှာက အရိပ်တစ်ခုလိုမှတ်မိနေခဲ့သည်။

လင်းယုဟွမ် အတော်လေးမကျေမနပ်ဖြစ်နေပြီး လျိုဝူချန်းကို မေးခွန်းထုတ်လိုက်သည်။

"ဂိုဏ်းချုပ်လျို, အကြီးအကဲတွေနဲ့ကြီးကြပ်ရေးမှူးတွေအပြင် နင့်ဂိုဏ်းမှာ အခြားကျွမ်းကျင်သူတွေရှိသေးလား...."

လျိုဝူချန်း ခါးသီးစွာပြောလိုက်သည်။

"ကျွန်တော်တို့ဂိုဏ်းမှာ မြင့်မြတ်အကြီးအကဲ၊ ဂိုဏ်းချုပ်၊ အကြီးအကဲ၊ ကြီးကြပ်ရေးမှူးတွေနဲ့ တပည့်တွေပဲရှိပါတယ်...."

"တာဝန်ခံလင်း, အဲ့လူက မြင့်မြတ်အကြီးအကဲ ဒါမှမဟုတ် တပည့်တွေထဲကတစ်ယောက်လို့ထင်နေတာလား...."

လင်ယုဟွမ်အမူအရာ အေးခဲသွား၏။

သူမက တိမ်စိမ်းဂိုဏ်း၏ မြင့်မြတ်အကြီးအကဲတွေနှင့် တွေ့ပြီးပြီဖြစ်သည်။

သူတို့က ရမ်ချင်းစုဖော်ပြချက်နှင့် လုံးဝ မကိုက်ညီပေ။

တပည့်တွေအတွက်တော့.....

သူမတပည့်က ကောင်းကင်ဘုံစက်ယန္ဒယားခန်မ၏အရင်းအမြစ်တွေဖြင့် သေချာလေ့ကျင့်ပေးထားတာဖြစ်သည်။

တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်ကြောင့်သာ ဤလောက်ထိအရိုက်ခံရလျှင် သူမ ရှက်လွန်း၍ နေရာတင်ပဲ သတ်သေလိုက်မည်ဖြစ်သည်။

ထိုအရာက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမပြန်ရောက်လို့ လှောင်ပြောင်ခံရ၍ အရှက်ရတာထက် ပိုကောင်းသေး၏။

သို့ပေမယ့် တိမ်စိမ်းဂိုဏ်း၌ပိုက်စိပ်တိုက်ရှာချင်းမှလွဲ၍ ထိုလူကို အခြားဘယ်နေရာက သွားရမည်နည်း။

လင်ယုဟွမ်တောင် သံသယရှိလာပြီး ပြောလိုက်သည်။

"ချင်းစု, အဲ့လူက တိမ်စိမ်းဂိုဏ်းကဆိုတာ သေချာလား..."

သူမက လျိုဝူချန်းခန့်မှန်းမှုကို အနည်းငယ်ယုံစပြုလာပြီဖြစ်သည်။

ဤအရာက အပြင်လူတစ်ယောက် ပြဿတနာဖန်တီးပြီး တိမ်စိမ်းဂိုဏ်းကို လုပ်ကြံဖို့ကြိုးစားနေတာ ဖြစ်နိုင်၏။

"ဒါက...."

ရမ်ချင်းစုလည်း တွေဝေနေ၏။

သူမက လျှပ်တပြတ်အလင်းရောင်အောက်၌ ဝတ်စုံကိုမြင်လိုက်ရတာဖြစ်ပြီး တိမ်စိမ်းဂိုဏ်းမှဆိုတာ သေချာ၏။

သို့ပေမယ့် တစ်ဖက်လူက တိမ်စိမ်းဂိုဏ်းကဆိုလျှင် ဘာကြောင့် ရှာမတွေ့ရသနည်း။

ကိစ္စတွေလည်းဤအခြေအနေထိရောက်လာပြီး သူမလည်းပင်ပန်းနေပြီဖြစ်သည်။

ဤအတိုင်းထားလိုက်တာက ပိုကောင်း၏။

တိတ်တဆိတ်ခံစားလိုက်ရသည်ဟုသာ သဘောထားလိုက်တော့မည်ပင်။

အဆုံးမှာတော့ ဤကိစ္စ၌ သူမကိုယ်တိုင်လဲမှားခဲ့ရာ အရိုက်ခံရတာလဲ လုံးဝမတိုက်တန်တော့မဟုတ်ပေ။

"တပည့် ဝတ်စုံမှားသွားတာလည်း ဖြစ်နိုင်ပါတယ်...."

သူမက ပြောလိုက်သည်။

ရမ်ချင်းစု သက်ပြင်းချပြီ လျိုဝူချန်း၊ အကြီးအကဲများစွာနှင့် ကြီးကြပ်ရေးမှူးများစွာဆီ လက်ချင်းယှက်၍ ပြောလိုက်သည်။

"အကြီးအကဲတွေနဲ့ စီနီယာတို့ကို အနှောက်အယှက်ပေးမိလို့ ကျွန်မ အလေးအနက် တောင်းပန်ပါတယ်..."

သူမက ကြီးကြပ်ရေးမှူတွေ ဘယ်သူလဲဆိုတာ မမှတ်မိတော့၍ လှည့်ပတ်ပြီးလက်ချင်းယှက်ကာ ပြောလိုက်သည်။

သို့ပေမယ့်...

သူမ ထောင့်တစ်နေရာကိုရောက်သည့်အခါ မျက်လုံးထောင့်မှ စပ်စုသည့်အမူအရာဖြင့် ချောင်းကြည့်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်သည်။

သူမတစ်ကိုယ်လုံး မိုးကြိုးပစ်ခံရသကဲ့သို့ တုန်ယင်သွား၏။

အလျှင်အမြန်ပဲ ထိုမျက်နှာကို သေချာကြည့်လိုက်သည့်အခါ အိမ်မက်ဆိုးတစ်ခုလိုမျက်နှာက သူမရှေ့မှာ ပေါ်လာခဲ့သည်။

မနေ့ညက မနည်းထွက်ပြေးခဲ့ရသည့်မှတ်ဉာဏ်တွေ သူမစိတ်ထဲ ဖြတ်ပြေးသွားပြီး အေးစက်မှုက ခြေဖျားမှ ဦးခေါင်းထိ ဆောင့်တက်သွားခဲ့သည်။

"ဆရာ, အဲ့တာသူပဲ...."

သူမဒေါသတွေမျိုချပြီး တရားခံဖမ်းတာလက်လျော့ဖို့ပြင်နေသည့် လင်ယုဟွမ် ရုတ်တရက် တက်ကြွသွားပြီး ပြောလိုက်သည်။

"သူက တကယ် တိမ်စိမ်းဂိုဏ်းကပဲ...."

"ဘယ်တစ်ယောက်လဲ...."

သို့ပေမယ့်....

ရမ်ချင်းစုလက်ညိုးထိုးရာနောက်ကြည့်လိုက်သည့်အခါ အနည်းငယ်စိတ်ရှုပ်သွားခဲ့သည်။

"နင်လက်ညိုးထိုးထားတဲ့လူဆိုတာ သေချာရဲ့လား...."

သူမလက်ညိုးထိုးထားသည့်လူက ငယ်ရွယ်ပြီး ၁၈ နှစ်လောက်သာဖြစ်၏။

ဤအသက်အရွယ်နှင့် တိမ်စိမ်းဂိုဏ်း၏တပည့်သစ်တစ်ယောက်သာဖြစ်နိုင်သည်မဟုတ်လား။

လျိုဝူချန်း ထိတ်လန့်သွား၏။

တကယ်ပဲ သူ့ဂိုဏ်းက တစ်စုံတစ်ယောက်လုပ်ခဲ့သည်လား?

သို့ပေမယ့် သူမညွှန်ပြနေတာ ဂျန်ဖန်းဆိုတာ မြင်သည့်အခါ သူက ရမ်ချင်းစုကို ပဟေဠိဖြစ်စွာဖြင့် ကြည့်လိုက်သည်။

သူမအမူအရာက အတော်လေး ပုံမှန်ဖြစ်နေခဲ့သည်။

ဘယ်လိုဖြစ်ဖြစ်...

သူမက ဂျန်ဖန်းဟုပြောမှတော့ သူက ခေါ်ပေးရမည်ဖြစ်သည်။

"ဒီကို ခဏလာအုန်း...."

ဘာမှနားမလည်ဆဲဖြစ်သည့်ဂျန်ဖန်း ရုတ်တရက်ခေါ်သံကြားသည့်အခါ တစ်ခဏတွေဝေသွား၏။

သူက စိတ်ရှုပ်စွာဖြင့် လူအုပ်ကိုထိုးခွဲပြီး လျိုဝူချန်းဘေးလာလိုက်သည်။

"ဆရာ, မင်းငါ့ကိုခေါ်တာလား...."

လျိုဝူချန်း ဂျန်ဖန်းကိုညွှန်ပြပြီး မိတ်ဆက်ပေးလိုက်သည်။

"တာဝန်ခံလင်း...."

"ဒါ ကျွန်တော့်တပည့်လေ..."

"သူက လွန်ခဲ့တဲ့လကမှဂိုဏ်းကိုဝင်ခဲ့တာ။ စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် လုံ့လရှိရှိကြိုးစားသင်ယူလို့ ကျွန်တော်သူ့ကို အတော်တန်ဖိုးထားတယ်...."

"သူ မင်းတပည့်ကို ရန်စမိရင်, သူ့ဆရာအနေနဲ့ ကျွန်တော်ကပဲ သူ့ကိုယ်စားတောင်းပန်ပါတယ်...."

"ဒါပေမယ့်, သူမကို ဒီလောက်ထိဒဏ်ရာရအောင်လုပ်ဖို့ကတော့ သူလုံးဝမဖြစ်နိုင်ပါဘူး..."

"ကျေးဇူးပြုပြီး နားလည်မှုမလွဲပါနဲ့..."

တကယ်ပဲ တပည့်သစ်တစ်ယောက်ဟုသိသွာည့်အခါ လင်ယုဟွမ် ချက်ချင်းပဲ သံသယမဝင်တော့ပေ။

ဘယ်လိုလုပ် တပည့်သစ်တစ်ယောက်က ဤလောက်ထိအားကောင်းနိုင်မည်နည်း။

ထို့ပြင် လျိုဝူချန်း၏အနည်းငယ်စိတ်ပျက်သည့်မှတ်ချက်က စွပ်စွဲမိသည့်လင်ယုဟွမ်ကို အတော်လေးရှက်သွားစေခဲ့သည်။

သူမက တောင်းပန်သည့်အမူအရာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, မင်းအထင်မှားနေပြီ။ ငါ့တပည့်က မင်းတပည့်ကိုစွပ်စွဲဖို့ရည်ရွယ်ချက်မရှိပါဘူး...."

"သူမ လူမှားသွားတာပဲနေမှာပါ..."

ပြောပြီးနောက် ရမ်ချင်းစုကို ဒေါသတကြီးကြည့်ပြီး ပြောလိုက်သည်။

"နင် ဒီဂျူနီယာမောင်လေးကို မတောင်းပန်သေးဘူးလား..."

"ဘယ်လိုတောင် ဒီလိုအမှားမျိုးလုပ်နိုင်ရတာလဲ။ နင်ဘာတွေတွေးနေတာလဲ...."

ဝါရင့်တပည့်ကို မှားယွင်စွပ်စွဲမိတယ်ဆိုရင် တော်သေး၏။

သို့ပေမယ့် လအနည်းငယ်ကမှဂိုဏ်းဝင်သည့်တပည့်သစ်တစ်ယောက်ကို မှားယွင်းစွပ်စွဲတာ တမင်သက်သက်လုပ်ကြံတာမဟုတ်ဘူးလို့ မည်သူက ယုံမည်နည်း။

ဆရာတစ်ယောက်အနေဖြင့် သူမအတော်လေး ရှက်သွားခဲ့သည်။

သူ့ကိုတောင်းပန်ရမယ်?...

ရမ်ချင်းစု ချက်ချင်းပဲ ပြောလိုက်သည်။

"ဆရာ, အဲ့တာသူပဲ, တပည့်မမှားဘူး...."

လျိုဝူချန်း အတော်လေးစိတ်ပျက်နေပြီးဖြစ်ရာ ယခု အနည်းငယ်ဒေါသထွက်လာ၏။

သူ ဂျန်ဖန်းကို သဘောကျတာ မကျတာ မေ့လိုက်အုန်း။ သူ့တပည့်ကို သွားပုပ်လွေလွင့်စွပ်စွဲနေသည့် မည်သူမဆို သူ သည်းမခံနိုင်ပေ။

"မမလေးရမ်, မင်းစကားကို မင်းတာဝန်ယူဖို့လိုတယ်နော်..."

"မင်းဆိုလိုတာ တိမ်စိမ်းဂိုဏ်းတပည့်အသစ်တစ်ယောက်က ကောင်းကင်ဘုံစက်ယန္ဒယားခန်းရဲ့ ပါရမီရှင်တပည့်တစ်ယောက်ကို အပြင်းအထန်ဒဏ်ရာရစေခဲ့တယ်ပေါ့..."

"မင်းပြောပုံအရဆို, ငါ့တပည့်က မြေကမ္ဘာအဆင့်နည်းစနစ်တွေ၊ စစ်မှန်မိုးကြိုးဂိုဏ်းရဲ့နည်စနစ်နဲ့ ကောင်းကင်သံစဥ်ဂိုဏ်းရဲ့နည်းစနစ်တွေ ကျွမ်းကျင်တယ်ပေါ့...."

"ပိုအံ့သြဖို့ကောင်းတာက ရှုချင်းယန်ရဲ့ ဓားထိန်းချုပ်ခြင်းနည်းစနစ်ကိုတောင် တတ်ထားတယ်ပေါ့လေ...."

"ဟ, ငါ့တပည့်ဒီလောက်ပါရမီရှိတာ သူ့ဆရာဖြစ်တဲ့ငါက မသိရပါလား...."

All Chapters