ဂျန်ဖန်း အပြစ်ရှိသလိုခံစားရခြင်း
Vol. 27 Ch. 365
တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေ ဆွံ့အသွားကြ၏။
ဝမ်ဟုန်ယောင် ရမ်ချင်းစုကို စမ်းသပ်ရမည့်လူနာတစ်ယောက်လိုကြည့်လိုက်သည်။
"ငါတို့ဂိုဏ်းမှာ အဲ့လိုပါရမီရှင်တပည့်တစ်ယောက်ရှိရင်, ငါ့အသက် ၂၀လောက်ဆုံးရှုံးရရင်တောင် ပျော်မိမှာ..."
ပုံမှန်ဂျန်ဖန်းကို ပစ်မှတ်ထားသည့် ဖုန်းဂုချန်းတောင် ထိုအရာကိုကြားသည့်အခါ ဘေးနား လက်ဖက်ရည်ထွေးထုတ်လိုက်၏။
"မမလေးရမ်, ငါတို့တိမ်စိမ်းဂိုဏ်းတပည့်ကို မြင့်မြင့်မှန်းပေးလို့ ကျေးဇူးတင်ပါတယ်...."
"ဒါပေမယ့်, မင်းပြောတဲ့တပည့်မျိုး ငါတို့ဂိုဏ်းမှာ မရှိဘူး...."
လင်ယုဟွမ်မျက်နှာ နီရဲသွား၏။
သူမက ရမ်ချင်းစုကို စိုက်ကြည့်ပြီး အော်ပြောလိုက်သည်။
"တိတ်စမ်း, အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...."
ဤကဲ့သို့တပည့်တစ်ယောက်ကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမတောင် ပျိုးထောင်မပေးနိုင်ပေ။
ဘယ်လိုလုပ် တိမ်စိမ်းဂိုဏ်း၌ ရှိနိုင်မည်နည်း။
ထို့ပြင် အသစ်ဝင်လာသည့်တပည့်တစ်ယောက်ဖြစ်နေခဲ့သည်။
ဤအခိုက်အတန့်၌ သူမက ရမ်ချင်းစု ဦးနှောက်ထိခိုက်လာသည်ဟု သံသယရှိလာ၏။
သူမစကားတွေက လုံးဝအဓိပ္ပာယ်မရှိပေ။
ရှက်သွားပြီး လျိုဝူချန်းနှင့် တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေကို ထပ်ခါထပ်ခါအရိုအသေပေးပြီး ပြောလိုက်သည်။
"ဒီအရှက်ရမှုအတွက် တောင်းပန်ပါတယ်...."
"ငါ့တပည့်က နည်းနည်းစိတ်မကြည်ဖြစ်နေလို့ စိတ်ထင်ရာလျှောက်ပြောနေတာပါ...."
"ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့၊ ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့...."
ပြစ်တင်ကြိမ်းမောင်းဖို့လာခဲ့တာ ယခုတော့ ပြန်တောင်းပန်ရတဲ့အဖြစ်ရောက်သွားခဲ့သည်။
သူမက အတော်လေး ရှက်နေခဲ့သည်။
ရမ်ချင်းစုမျက်လုံးတွေ ပြူးကျယ်သွား၏။
မဟုတ်ဘူးလေ...
တရားခံက သူမရှေ့မှာရောက်နေပြီဖြစ်သည်။
ဘယ်လိုလုပ် သူမစိတ်မကြည်တာဖြစ်ရမည်နည်း။
"ဆရာ, တကယ်သူပါ။ နင်မယုံရင် သူ့ကိုမေးကြည့်လို့ရတယ်...."
ရမ်ချင်းစု စိုးရိမ်သွားပြီး ခြေဆောင့်ကာ အော်ပြောလိုက်သည်။
ဂျန်ဖန်း ဆံထွေးမျိုချလိုက်ပြီး ချွေးအေးတွေ ပြန်လာခဲ့သည်။
သူက နောက်ဆုံးမှာ အခြေအနေကို နားလည်သွားခဲ့သည်။
မနေ့က သူဒဏ်ရာရအောင်လုပ်ခဲ့သည့် သူခိုးအမျိုးသမီးက လက်စသတ်တော့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ တပည့်တစ်ယောက်ဖြစ်နေခဲ့သည်။
သူမကို အတော်လေး ရင်းနှီးနေတာ မအံ့သြတော့ပေ။
ဤရမ်ချင်းစုက သူ သေလုနီးပါးရိုက်ခဲ့သည့်တစ်ယောက်ပင်။
မနေ့က သူမကို အညှာတာမဲ့ရိုက်ခဲ့သည့်မြင်ကွင်းကိုတွေးပြီး....
သူ့နဖူး၌ ချွေးတွေစတင်စီးကျလာခဲ့သည်။
"ဂျန်ဖန်း, မင်းတစ်ကိုယ်လုံး ဘာလို့ ချွေးတွေစိုဆွဲနေတာလဲ...."
အနီးနားရှိ လျိုဝူချန်း ဂျန်ဖန်း၏ပုံမှန်မဟုတ်မှုကို အရင်ဆုံးသတိထားမိလိုက်သည်။
ဂျန်ဖန်း စိုးရိမ်စွာပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး, ဘာမှမဖြစ်ပါဘူး...."
သူက စကားတောင်ကောင်းကောင်းတောင်မပြောနိုင်တော့ပေ။
လျိုဝူချန်းချက်ချင်းပဲ အကြောင်းအရာကိုတွေးမိပြီး လင်ယုဟွမ်ကို ဒေါသတကြီးစိုက်ကြည့်ပြီး အော်ပြောလိုက်သည်။
"တာတန်ခံလင်း, မင်းတပည့်ကို ထိန်းထားပါ..."
"သူမ ငါ့တပည့်ကို ဘာလုပ်လိုက်လဲကြည့်စမ်း...."
"သူမကြောင့်သာ သူ့တာအိုနှလုံးသားပျက်စီးသွားရင်, ငါတို့ဂိုဏ်းက ဒီကိစ္စကို ဒီအတိုင်းထားမှာမဟုတ်ဘူး...."
ဂျန်ဖန်း ယခုချိန်မှာ သူ၏ရတနာတစ်ပါးပင်။
ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက် ခြိမ်းခြောက်နေတာကို ခွင့်ပြုပေးနိုင်မည်နည်း။
လင်းယုဟွမ် အလျှင်အမြန် ခေါင်းလှည့်ပြီး ရမ်ချင်းစုကို ဒေါသတကြီး သတိပေးလိုက်သည်။
"နင်, ပုန်ကန်တဲ့တပည့်..."
"ခုချင်းချင်း တောင်ပန်းစမ်း...."
သူမ ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါးပင်။
ပုံမှန်ဆို ရမ်ချင်းစု ကျိုးကြောင်းဆီလျော်၏။
ယနေ့ ဆေးမှားသောက်လာသည်လား။
အများရှေ့မှာ အမှားတွေ ထပ်ခါထပ်ခါ လုပ်နေခဲ့သည်။
ရမ်ချင်းစုမျက်လုံးတွေ မကျေနပ်သည့်မျက်ရည်တွေနှင့် ပြည့်နှက်သွား၏။
သူမကိုအနိုင်ကျင့်သည့်လူက ရှေ့မှာရှိနေပေမယ့် သူမဆရာက သူမကို တောင်းပန်ဖို့ အတင်းဖိအားပေးနေခဲ့သည်။
သူမငြင်းခုံချင်ပေမယ့် လင်ယုဟွမ်၏ဒေါသတကြီးမျက်လုံးတွေကို ကြောက်၏။
သူမ၏မကျေနပ်ချက်တွေကို ဖိနှိပ်ကာ ဆန္ဒမရှိစွာပဲ ဂျန်ဖန်းရှေ့သွားလိုက်သည်။
ထို့နောက် သူ့ကိုစိုက်ကြည့်ပြီး သွားကြားထဲမှထွက်သည့်အသံဖြင့် ပြောလိုက်သည်။
"ငါ.. တောင်းပန်တယ်..."
ဖတ်!
လင်ယုဟွမ် နောက်ထိပ်ထိန်းမထားနိုင်တော့ပဲ သူမလက်မောင်းကို ရိုက်လိုက်သည်။
"နင် ကျေးဇူးမသိတဲ့တပည့်, ငါ့ကိုစိတ်ကုန်အောင်လုပ်နေတာလား...."
"ဒါ ဘယ်လိုလုပ် တောင်းပန်တာဖြစ်မှာလဲ...."
"သေချာတောင်းပန်လိုက်...."
နာကျင်မှုကြောင့် ရမ်ချင်းစုမျက်ရည်တွေ မျက်နှာပေါ်သို့ လိမ့်ဆင်းလာ၏။
သူမ လင်းယုဟွမ်တပည့်ဖြစ်သည့်အချိန်ကတည်းက ဘယ်တုန်းကမှ အရိုက်မခံခဲ့ရဘူးပေ။
သို့ပေမယ့်, ယခုတော့ သူမက အတော်လေး မတရားခံနေခဲ့ရသည်။
ဂျန်ဖန်း အပြစ်ရှိသလိုခံစားလိုက်ရပြီး အနည်းငယ်ချောင်းဟန့်ကာ ပြောလိုက်သည်။
"စီနီယာလင်း, စီနီယာအမရမ်က ဒဏ်ရာရထားတော့ စိတ်အခြေအနေမကောင်းတာ နားလည်ပေးလို့ရပါတယ်။ ကျေးဇူးပြုပြီး သူမကို ကြမ်းကြမ်းမဆက်ဆံပါနဲ့..."
"ကျွန်တော်တောင်းပန်မှုကို လက်ခံပါတယ်။ ဒီကိစ္စကို ဒီနေရာမှာပဲ အဆုံးသတ်လိုက်တာပေါ့...."
လင်ယုဟွမ်နားထောင်နေခဲ့သည်။
သူမက မနေနိုင်ပဲ ဂျန်ဖန်းကို မျက်လုံးအသစ်ဖြင့် ကြည့်လိုက်သည်။
သူမ၏ခေါင်းမာသည့်တပည့်ကြောင့် အကြိမ်ကြိမ်နစ်နာခဲ့ပေမယ့်.....
ပေါ့ပေါ့ပါးပါးပဲ ခွင့်လွတ်ပေးလိုက်သည်။
သူက ငယ်ရွယ်ပေမယ့် သည်းခံစိတ်ကတော့ အပြည့်ပင်။
အပြစ်ရှိသလိုခံစားရပြီး မနေနိုင်ပဲ သဘောကျမှုတွေလည်း တိုးလာခဲ့သည်။
ယှဥ်ကြည့်လျှင် သူမ၏ပုန်ကန်သည့်တပည့်က ခုချိန်ထိနစ်နာတယ်ခံစားနေရရာ သူမကို ပိုလို့တောင် ဒေါသထွက်စေ၏။
"ငို, ငို, နင်လုပ်တတ်တာအားလုံးက ငိုဖို့ပဲ...."
"သူ့ကိုကြည့်စမ်း, နင့်ထက်ငယ်ပေမယ့် အများကြီး ပိုသည်းခံနိုင်တယ်...."
"သူ နင့်အတွက်တောင်းပန်ပေးလို့မဟုတ်ရင် ငါ ဒီနေ့ နင့်ကို အပြင်းအထန်အပြစ်ပေးမှာ...."
ထိုအရာကိုကြားသည့်အခါ...
ရမ်ချင်းစု သွားကြိုးမတတ် အံ့ကြိတ်လိုက်သည်။
ဤစက်ဆုပ်စရာကောင်းသည့်ကောင်က မနေ့ညကကြ ကြမ်းတမ်းစွာပြုမူနေခဲ့ပြီး ယခုကြတော့ လူကောင်းတစ်ယောက်လိုဟန်ဆောင်နေခဲ့သည်။
အား...
ငါ ဒီကိစ္စနဲ့ပတ်သက်ပြီး နင့်ကို အလွတ်မပေးဘူး....
ဂျန်ဖန်း သူမစိုက်ကြည့်မှုအောက်၌ နေရခက်သွားပြီး အကြည့်လွဲကာ အရိုအသေပေးလိုက်သည်။
"စီနီယာလင်း, မင်း ငါ့ကို ချီးကျူးလွန်းနေပါပြီ..."
"ဆရာနဲ့အကြီးအကဲတွေက ကျွန်တော်တို့တပည့်တွေကို နှိမ့်ကျပြီးသည်းခံဖို့ အမြဲလိုလို သင်ကြားပေးတယ်..."
"ကျွန်တော်က သူတို့သင်ကြားမှုကို လိုက်နာရုံပါ...."
ကြည့်စမ်း...
ချီးကျူးခံရတော့ သူက သူ့ဆရာကိုဂုဏ်ပြုဖို့မမေ့ဘူး...
လင်းယုဟွမ် သူမ၌သာဤကဲ့သို့တပည့်မျိုးရှိလျှင် ဘယ်လောက်သက်တောင်သက်တောင့်သက်သာရှိမလဲဆိုတာ စိတ်ကူမကြည့်နိုင်ပေ။
သူမက ဂျန်ဖန်း ပိုပြီးသဘောကျစွာဖြင့် ကြည့်လိုက်သည်။
"မင်း အတော်လေး တွေးတောပေးတတ်တဲ့ကလေးပဲ..."
လင်းယုဟွမ် သူမအင်္ကျီလက်ထဲမှ သံဘောလုံးနှစ်လုံး ထုတ်ယူလိုက်သည်။
"ဒီ တိမ်ပေါက်ကွဲခြင်းသံဘောလုံးနှစ်လုံးက မင်းအတွက်ပဲ..."
"မင်းကိုနှောက်ယှက်မိလို့ လျော်ကြေးသေးသေးလေးတစ်ခုပါ..."
ဂျန်ဖန်းမျက်လုံးတွေ ထက်ရှသွား၏။
ထိုအရာတွေဟာ မနေ့က ရမ်ချင်းစု သူ့အားပစ်ပေါက်ခဲ့သည့် လက်နက်ပုန်းတွေဆိုတာ ချက်ချင်းမှတ်မိလိုက်၏။
ကောင်းကောင်းအသုံးချလျှင် အာနိသင်က မနေ့ကထက်တောင် ပိုကောင်းမည်ဖြစ်သည်။
သူက တိတ်တဆိတ်ပျော်သွားပေမယ့် ချက်ချင်းလက်မခံရဲပေ။ ထိုအစား လျိုဝူချန်းကို ကြည့်လိုက်သည်။
ဤအခိုက်အတန့်၌ လျိုဝူချန်း ဂျန်ဖန်းစကားကြောင့် ဂုဏ်ယူမှုတွေနှင့်ပြည့်နှက်နေပြီး မျက်နှာနီရဲနေခဲ့သည်။
ဂျန်ဖန်း ဤလောက်ထိစကားတတ်တာ အရင်က သူဘာလို့သတိမထားမိရသနည်း။
ဂျန်ဖန်း၏မေးခွန်းထုတ်သည့်အကြည့်ကိုမြင်သည့်အခါ တွေဝေမနေပဲ ခေါင်းညိတ်လိုက်သည်။
"မင်း အကြီးအကဲရဲ့လက်ဆောင်ကို လက်ခံသင့်တယ်, ယူလိုက်ပါ...."
ထိုအခါမှသာ ဂျန်ဖန်း လက်နှစ်ဖက်ဖြင့် လက်ခံလိုက်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်, စီနီယာလင်း...."
လင်ယုဟွမ် ပိုလို့တောင် သဘာကျလာ၏။
လက်ဆောင်လက်ခံဖို့တောင် ဆရာဖြစ်သူထံ ခွင့်တောင်းနေခဲ့သည်။
ဤအရာအရ သူ့ဆရာကို တစ်ချိန်လုံးစိတ်ထဲမှာထည့်ထားတာကို ပြသနေတာပဲဖြစ်သည်။
သူမ၏ခေါင်းမာသည့်တပည့်လို ငြင်းခုန်ဖို့ပဲ တတ်သည့်လူမဟုတ်ပေ။
ဂျန်ဖန်းနှင့် စကားပြောပြီးနောက်....
ဤကိစ္စက ပြီးသွားပြီဟု ယူဆနိုင်၏။
အစီအစဥ်အရ မြင့်မြတ်ဂိုဏ်းတိုင်းကြားသည့်ကိစ္စကို တံခါးပိတ်ပြီးရက်အနည်းငယ်ကြာမှ ကိုင်တွယ်ဖို့စီစဥ်ထားခဲ့သည်။
သို့ပေမယ့် သူက စောပြီးထွက်လာခဲ့သည်။
ထို့ပြင် တိမ်စိမ်းဂိုဏ်း အကြီးအကဲတွေနှင့်တပည့်တွေအားလုံးလည်း ဤနေရာမှာရှိနေရာ....
ဤနေ့ထက်ပိုကောင်းသည့်နေ့ ရှိတော့မည်မဟုတ်ပေ။
ထိုကိစ္စကိုကိုင်တွယ်ပြီး သတင်းပို့ဖို့ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို ပြန်တာ ပိုကောင်း၏။
"ဂိုဏ်းချုပ်လျို, ဂျန်ဖန်းနာမည်နဲ့တပည့် ပြန်ရောက်ပြီလား..."
လင်ယုဟွမ် သူမအပြုံးကိုဖိနှိပ်လိုက်ပြီး အာဏာရှိသည့်အသံဖြင့် အလေးအနက်မေးလိုက်သည်။
ထိုအရာကိုကြားသည့်အခါ....
လျိုဝူချန်းအမူအရာ ချက်ချင်း အလေးအနက်ဖြစ်သွား၏။
"သူပြန်ရောက်ပါပြီ..."
သူ့နှလုံးသားတင်းကြပ်သွားခဲ့သည်။
ရှောင်လွဲလို့မရသည့်ကိစ္စက ရောက်လာပြီပင်။
အကြီးအကဲတွေ မျက်နှာလည်း လေးနက်လာကြပြီး စီရင်ချက်ကိုစောင့်နေသလို တောင့်တင်းနေကြ၏။
ထိုအကြောင်းသိသည့်တပည့်တွေလည်း လေးနက်လာကြ၏။
ကောင်းကောင်းသာမကိုင်တွယ်နိုင်လျှင် တိမ်စိမ်းဂိုဏ်း ကောင်းကင်ဘုံစက်ယန္ဒယားခန်း၏အပြစ်ပေးမှုကို ခံရမည်ဖြစ်သည်။
ထိုအချိန်၌ တပည့်တွေဘဝတွေလည်း သက်ရောက်ခံရမည်ဖြစ်သည်။
နှုတ်ခမ်းတွေမရှိရင် သွားအအေးပတ်တတ်သလို မည်သူမှ လွတ်ငြိမ်းခွင့်ရမည်မဟုတ်ပေ။
ဂျန်ဖန်းပြန်ရောက်လာတာသိတော့...
လင်ယုဟွမ်ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီး သူမ၏သြဇာရှိသည့်အကြည့်က ရှိနေသည့်တပည့်တွေအပေါ် ဖြတ်ပြေးသွား၏။
"ဂျန်ဖန်းဘယ်မှာလဲ...."
"ရှေ့ထွက်ခဲ့...."
သူမအသံက မိုးခြိမ်းသံတစ်ခုကဲ့သို့ထွက်ပေါ်လာပြီး လူတိုင်းနှလုံးသားကို တုန်လှုပ်သွားစေခဲ့သည်။
နာမည်အခေါ်ခံရတာမဟုတ်သည့် တပည့်တွေတောင် မနေနိုင်ပဲ တုန်ယင်သွားကြ၏။
အဓိကတရားခံဖြစ်သည့်ဂျန်ဖန်းဆို ဘယ်လောက် ဖိအားဒဏ်ခံရမလဲ စိတ်ကူးကြည့်နိုင်တာပဲဖြစ်သည်။
ဤအရာကို လင်ယုဟွမ် ရည်ရွယ်ချက်ရှိရှိလုပ်တာဖြစ်သည်။
အရင်ခြောက်ပြီး နောက်မှ မေးခွန်းမေးရမည်ဖြစ်သည်။
မမျှော်လင့်စွာပဲ....
လက်တစ်ကမ်းအကွာမှ နှိမ့်လည်းမနှိမ့်ကျသလို မောက်လည်းမမောက်မာသည့် အသံတစ်ခု သူမနားထဲမှာ ထွက်ပေါ်လာခဲ့သည်။
"တပည့်ဂျန်ဖန်း, တာဝန်ခံလင်းကို နှုတ်ဆက်ပါတယ်...."