← Chapters

ဂျန်ဖန်းခွန်အားထုတ်ပြခြင်း

Vol. 27 Ch. 366

ဂျန်ဖန်းခွန်အားထုတ်ပြခြင်း

Vol. 27 Ch. 366

အာ...

လင်ယုဟွမ်ဘေးရှိဂျန်ဖန်းကိုကြည့်ပြီး အတော်လေး အံ့အားသင့်သွား၏။

"မင်းက ဂျန်ဖန်းလား..."

ရမ်ချင်းစုလည်း အံ့အားသင့်သွားခဲ့သည်။

တစ်ခဏကြာပြီးနောက် သူမ တိတ်တဆိတ်အံကြိတ်လိုက်သည်။

"ဂျန်ဖန်း? နင်, ခွေးကောင်၊ ငါနင့်နာမည်မှတ်ထားမယ်..."

ဂျန်ဖန်း အလေးအနက်ပြောလိုက်သည်။

"တာဝန်ခံလင်း, အကြီးအကဲမေးချင်တာကို လွပ်လွပ်လပ်လပ်မေးပါ...."

"တပည့်တစ်ယောက်အနေနဲ့ ကျွန်တော်အမှန်တိုင်းဖြေမှာဖြစ်သလို စစ်ဆေးမေးမြန်းတာမှာလည်းအကောင်းဆုံးပူပေါင်းပေးပါ့မယ်..."

ဂျန်ဖန်း၏ စိတ်ချုပ်တည်းထားသည့်အမူအရာကိုမြင်တော့....

လင်ယုဟွမ် သူမ သူ့ကိုအနည်းငယ်လန့်သွားစေသည်ဟု ခံစားလိုက်ရ၏။

ထို့ကြောင့် အသံ အလျှင်အမြန်ပဲ ပျော့ပျောင်းသွားပြီး နွေးထွေးစွာပြောလိုက်သည်။

"မကြောက်ပါနဲ့, ဒါက ပုံမှန်လုပ်ရိုးလုပ်စဥ်ကိစ္စလေးတစ်ခုပါပဲ...."

"ငါ မင်းကို ရိုးရှင်းတဲ့မေးခွန်းလေးအချို့ပဲမေးမှာပါ...."

လျိုဝူချန်းနှင့် အကြီးအကဲများစွာအကြည့်ချင်းဖလှယ်လိုက်ပြီး အညန်းငယ်သက်သာယာရသွားကြသည်။

ဂျန်ဖန်း လင်ယုဟွမ်သဘောကျမှုကို ရသွားပြီပင်။

သူမကြည့်ရတာ သူ့အတွက် စဥ်းစားပေးနေပုံရ၏။

ဖြစ်နိုင်တာ စစ်ဆေးမေးမြန်းချိန် အရမ်းကြီးတင်းကြပ်မည်မဟုတ်ပေ။

ဂျန်ဖန်း ပြုံးပြီး ပြောလိုက်သည်။

"စီနီယာလင်း, ကျေးဇူးပြုပြီးမေးပါ..."

သူက မြင့်မြတ်ဂိုဏ်း၌ရှိစဥ် ဂုဏ်သိက္ခာရှိစွာပြုမူခဲ့၏။

တစ်ခုခုမှားယွင်ခဲ့တာ မယုံပေ။

လင်ယုဟွမ် အနည်းငယ်ခေါင်းညိတ်ပြီး မြင့်မြတ်ဂိုဏ်းချုပ်ရေးထားသည့် တိုင်တန်းစာကို ထုတ်လိုက်သည်။

"မကြာသေးခင်က မြင့်မြတ်ဂိုဏ်းချုပ် ဒီစာကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းဆီ ပို့လာတယ်...."

"ပါဝင်တဲ့အကြောင်းအရာကတော့, တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်က သူ့မိသားစုကိုကာကွယ်ပြီး တက်ကြွာစွာတိုက်ပွဲဝင်ဖို့ ပျက်ကွယ်နေတယ်....."

?

??

???

လျိုဝူချန်းမှ တပည့်တွေထိ လူတိုင်းနဖူး၌ မေးခွန်းကြီးတစ်ခုရှိနေခဲ့သည်။

သူတို့က မြင့်မြတ်ဂိုဏ်းချုပ်တိုင်တန်းသည့်ကိစ္စကို တစ်ချိန်လုံး မှန်းဆနေခဲ့ကြသည်။

ဖြစ်နိုင်ချေပေါင်း ၁ ရာ၊ ၁ ထောင် တောင် စိတ်ကူးကြည့်ဖူး၏။

သို့ပေမယ့် မိသားစုကိုကာကွယ်ပြီး တိုက်ခိုက်ဖို့ပျက်ကွက်တယ်ဆိုတာတော့ တစ်ခါမှမစဥ်းစားမိကြပေ။

ဤအရာက ဘယ်လိုဖြစ်ရသနည်း။

လျိုဝူချန်း တွေဝေစွာဖြင့် မေးလိုက်သည်။

"တာဝန်ခံလင်း, ဒီအချက်အပြင် အခြားအကြောင်းအရာများ စာထဲမှာရှိသေးလား..."

လင်ယုဟွမ် အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။

"ဒါပဲရှိတယ်...."

လျိုဝူချန်း မနေနိုင်ပဲ လှောင်ပြောင်လိုက်သည်။

"ငါ ငါ့သမီးကိုတောင် ဧရာမဂိုဏ်းရှေ့တန်းပို့ပြီး အန္တရာယ်အရှိဆုံးတာဝန်ပေးခဲ့တာ...."

"ဘယ်နေရာမှာ မိသားစုကိုကာကွယ်နေလို့လဲ...."

"ဟာသပဲ...."

အကြီးအကဲများစွာလည်း ဤအခြေအနေက ရယ်စရာကောင်းတာကို ရှာတွေ့လိုက်၏။

ဤအခိုက်အတန့်၌ လျိုချင်းရှန်တောင် လူသားကလန်ရှေ့တန်းမှာ နတ်ဆိုးသားရဲတွေနှင့် တိုက်ခိုက်နေတာဖြစ်သည်။

ဘယ်လိုလုပ် ဤအရာကို တိုက်ခိုက်ဖို့ပျက်ကွက်သည်ဟု အဓိပ္ပာယ်ကောက်နိုင်မည်နည်း။

ထို့ပြင် လျိုဝူချန်း သူ့မိသားစုကိုမစွန့်စားစေချင်ဘူးဆိုလျှင်တောင် ဤကဲ့သို့တိုင်တန်းစာမျိုး တကယ်ပဲ တင်ပြဖို့လိုအပ်သည်လား။

လင်ယုဟွမ် မျက်မှောင်ကြုတ်သွားပြီး စာပါအချက်အလက်တွေကိုဆက်ဖတ်ပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, ဂျန်ဖန်းက နင့်မိသားစုဝင်တစ်ယောက်လား...."

"စာထဲမှာ ဂျန်ဖန်းက နင့်သားမက်လို့ အခိုင်အမာပြောထားတယ်...."

အာ...

လျိုဝူချန်း အနည်းငယ်ကြောင်သွားပြီး ခေါင်းညိတ်ပြလိုက်၏။

"ဒါအမှန်ပါ။ ဂျန်ဖန်းက ကျွန်တော့်သားမက်ဆိုတာ ကျွန်တော်တရားဝင်ကြေညာထားတာပါ..."

"ဒါကြောင့် သူက ကျွန်တော့်မိသားစုဝင်လို့ပြောလို့ရပါတယ်...."

"ဒါပေမယ့်, ကျွန်တော်သူ့ကိုလည်းတာဝန်ပေးခဲ့ပါတယ်။ ခုလေးမှပြန်ရောက်တာပါ...."

"စာထဲကလို ကာကွယ်ပေးတယ်ဆိုတာမျိုး မရှိပါဘူး...."

ဒါက...

လင်ယုဟွမ်လည်း ဝေခွဲမရဖြစ်သွား၏။

သူမ အစကထင်ခဲ့တာ ဂျန်ဖန်းက ထိပ်တန်းအဆင့်တပည့်တစ်ယောက်ဟူ၍ပင်။

သို့ပေမယ့် ယခု သူက တပည့်သစ်တစ်ယောက်ဆိုတာ သိပြီးနောက်...

အများဆုံးမှ အခြေခံတည်ဆောက်ခြင်း အဆင့် ၆ ဒါမှမဟုတ် အဆင့် ၇ လောက်သာရှိမည်ဖြစ်သည်။

သူ့လိုလူတစ်ယောက်ကို တာဝန်ပေးတာကကို အံ့သြလောက်သည့်ခွဲခြားမဆက်ဆံမှုကို ပြနေတာဖြစ်သည်။

ဤစာထဲရှိ ကာကွယ်ပေးသည်ဆိုတာက အခြေအမြစ်မရှိလှပေ။

မြင့်မြတ်ဂိုဏ်းချုပ် ဘာတွေတွေးနေသနည်း။

ထိုစဥ်, ရမ်ချင်းစု၏လှပသည့်မျက်လုံးတွေ အနည်းငယ်ကျဥ်းမြောင်းသွားပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, ကျွန်မတစ်ခုလောက်မေးလို့ရမလား...."

"ရှင် ဂျန်ဖန်းကို ဘယ်လိုတာဝန်မျိုးပေးခဲ့တာလဲ...."

လျိုဝူချန်း သူမကိုတစ်ချက်ကြည့်ပြီး ယုံကြည်မှုရှိရှိပြန်ဖြေလိုက်သည်။

"အဆင့် ၃ တာဝန်, ဆေးဝါးပို့ဆောင်တဲ့တာဝန်ပဲ..."

"ဒါနဲ့ ပတ်သတ်ပြီး ဘာမှားတာရှိလို့လဲ..."

လင်ယုဟွမ် အနည်းငယ်ခေါင်းညိတ်လိုက်သည်။

ထိုအရာက လုံးဝကို ပြဿနာမရှိပေ။

ဂျန်ဖန်းခွန်အားအရ အဆင့်သုံးတာဝန်ပေးတာ လက်ခံပေးနိုင်တာထက်တောင်ပိုနေ၏။

မြင့်မြတ်ဂိုဏ်းချုပ် ဤကဲ့သို့ကိစ္စမျိုးတိုင်တန်းတာ သူမ တကယ်ကို နားမလည်နိုင်တော့ပေ။

သို့ပေမယ့် ရမ်ချင်းစု ပါးစပ်အဟောင်းသားဖြစ်သွားပြီး အာမေဠိတ်သံပြုလိုက်သည်။

"ဘာ?..."

"ရှင်က သူ့ကို အဆင့် ၃ တာဝန်ပေးလိုက်တယ်..."

"မြင့်မြတ်ဂိုဏ်းချုပ် တိုင်တန်းစာရေးတာ မအံ့သြတော့ပါဘူး...."

'ဂျန်ဖန်း၏ ကြောက်စရာခွန်အားနဲ့ဆို ရှေ့တန်းသွားပြီး သားရဲဘုရင်အုပ်ကို အလွယ်လေးတိုက်ခိုက်နိုင်တယ်...'

'ဒါပေမယ့် ရှင်က အဆင့်သုံး ပို့ဆောင်ရေးတာဝန်လေးပဲပေးလိုက်တယ်...'

'မြင့်မြတ်ဂိုဏ်ချုပ်မပြောနဲ့....'

'ကျွန်မတောင် ခုချင်းချင်း တိုင်တန်းစာရေးလိုက်ချင်တယ်.....'

'ဒီလိုကာကွယ်ပေးမှုမျိုးက တကယ်ကိုလွန်လွန်းတယ်...'

"တိတ်စမ်း... နင့်ကို ဘယ်သူက ဝင်ပြောခိုင်းလို့လဲ...."

လင်ယုဟွမ် သူမကို သတိပေးလိုက်သည်။

သူမတပည့်ကြောင့် အရှက်ရရတာ မလုံလောက်သေးဘူးလား။

ထို့နောက် အကြည့်ကို ဂျန်ဖန်းဘက်လှည့်လိုက်ပြီး စိတ်ရှုပ်သွား၏။

"ဒီအတိုင်းဆို မင်းတာဝန်နဲ့ပတ်သက်ပြီး ဘာပြဿနာမှမရှိပုံပဲ..."

"မင်း မြင့်မြတ်ဂိုဏ်းမှာ မြင့်မြတ်ဂိုဏ်းချုပ်ကို ရန်စမိမယ့် ကိစ္စတစ်ခုခုများလုပ်ခဲ့သေးလား..."

"ငါ့မေးတာကို မှန်မှန်ဖြေ။ မြင့်မြတ်ဂိုဏ်းချုပ်သာ မင်းကို မတရားစွပ်စွဲတာဆိုရင် ငါမင်းဘက်က ရပ်တည်ပေးမယ်...."

ဂျန်ဖန်းလည်း ထပ်တူ ပဟေဠိဖြစ်နေ၏။

သူက လက်ချင်းယှက်ပြီး ပြန်ပြောလိုက်သည်။

"ရိုးရိုးသားသားပြောရရင် မြင့်မြတ်ဂိုဏ်းချုပ်ကို ဘယ်လိုရန်စမိလဲ ကျွန်တော်လဲ တကယ်မသိဘူး..."

"ကျွန်တော်လုပ်ခဲ့တာအားလုံးက သူတို့တပည့်တွေနဲ့ ဆေးပညာဗဟုသုတဆွေးနွေးပြီး သိုင်းပညာဖလှယ်ရုံပဲ..."

"ဘောင်ကျော်တယ်ယူဆရတဲ့ ဘယ်လိုကိစ္စမျိုးမှ စဥ်းစားလို့မရဘူး..."

ဆေးပညာနှင့် သိုင်းပညာ အတွေ့အကြုံဖလှယ်တယ်?...

ဤအရာက သာမန်ကိစ္စသာဖြစ်သည်။

ဘယ်လိုစိတ်မျိုးနှင့် မြင့်မြတ်ဂိုဏ်းချုပ် ဂျန်ဖန်းကို ကာကွယ်ပေးသည်ဟု လူသိရှင်ကြားစွပ်စွဲရသနည်း။

လျိုဝူချန်းနှင့် အကြီးအကဲတွေလည်း အဖြေရှာမရဖြစ်သွားကြ၏။

ဤစွပ်စွဲမှုက တကယ်ကို ဝေခွဲမရဖြစ်စေ၏။

သို့ပေမယ့် ရမ်ချင်းစု တစ်စုံတစ်ခုကိုနားလည်လိုက်ပြီး ပြောလိုက်သည်။

"ဆရာ,သူ့ကို သိုင်းပညာဘယ်လို ဖလှယ်ခဲ့လဲ မေးကြည့်ပါလား...."

လင်ယုဟွမ် တစ်ခဏ အတွေးနက်သွား၏။

သိုင်းပညာဖလှယ်ပွဲ၌သာ ဂျန်ဖန်း အမှုမဲ့အမှတ်မဲ့ တစ်စုံတစ်ယောက်ကို ရန်စမိပြီး မြင့်မြတ်ဂိုဏ်းချုပ်ကို မကျေမနပ်ဖြစ်စေနိုင်၏။

သို့ပေမယ့် ဂျန်ဖန်းခွန်အားနှင့် ဘယ်သူ့ကို ထိခိုက်အောင်လုပ်နိုင်မည်နည်း။

မြင့်မြတ်ဂိုဏ်းတပည့်တွေက တိမ်စိမ်းဂိုဏ်းတပည့်တွေထက် များစွာပိုသန်မာကြတာပဲဖြစ်သည်။

ဂျန်ဖန်း ဘာမှမဖြစ်လျှင်ကို အတော်ကံကောင်းသည်ဟု ယူဆနိုင်တာပဲဖြစ်သည်။

အခြားလူကို ထိခိုက်စေဖို့တော့ ပြောစရာကိုမလိုတော့ပေ။

သို့ပေမယ့် သဲလွန်စရထားသဖြင့် လုပ်ထုံးလုပ်နည်းအရ မေးမြန်းခြင်းက မမှားနိုင်ပေ။

"မင်း မြင့်မြတ်ဂိုဏ်းတပည့်တွေနဲ့ အတိအကျ ဘယ်လို သိုင်းပညာဖလှယ်ခဲ့တာလဲ...."

ဂျန်ဖန်း သူ့မှတ်ဉာဏ်တွေကို ဂရုတစိုက်ပြန်စဥ်းစားပြီး တည်ငြိမ်စွာပြောလိုက်သည်။

"ပထမဦးဆုံး ကျွန်တော့်ရဲ့ ဂျူနီယာတူမ ယန်ယုချင်းကို အနိုင်ကျင့်တဲ့ လူကို သင်ခန်းစာပေးခဲ့ပါတယ်....."

ဟမ်?...

ဂျူနီယာတူမ, ယန်ယုချင်း?

အနိုင်ကျင့်တဲ့တစ်စုံတစ်ယောက်ကို သင်ခန်းစာပေးတယ်?...

တိုတောင်းသည့်စားတစ်ကြောင်းက သတင်းအချက်အလက်များစွာယူလာပြီး လူတိုင်းကို နိုးနိုးကြားကြားဖြစ်သွားစေ၏။

လင်ယုဟွမ် စိတ်ရှုပ်စွာဖြင့် မျက်တောင်ခတ်လိုက်ည်။

"ယန်ယုချင်းက ဘယ်သူ့တပည့်လဲ၊ မင်းက ဘာလို့ သူ့ကို ဂျူနီယာတူမလို့ခေါ်နိုင်တာလဲ...."

ကောင်းကင်ဘုံစက်ယန္ဒယားခန်းအဖွဲ့ဝင်တစ်ယောက်အနေဖြင့် သူမက သဘာဝအတိုင်း ဂိုဏ်း ၉ ဂိုဏ်း တပည့်တွေနှင့် မရင်းနှီးပေ။

သို့ပေမယ့် တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေ မသိတာတော့မဖြစ်နိုင်ပေ။

လျိုဝူချန်း မျက်ခုံးမြင့်တက်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"ဂျန်ဖန်း, အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...."

"ယန်ယုချင်းက နတ်ဆေးဆရာရှန်ဂွမ်းရဲ့ ပထမဆုံးတပည့်ပဲ။ မင်း ဘယ်လိုလုပ် သူမကို ဂျူနီယာတူမလို့ ခေါ်နိုင်မှာလဲ...."

"ဒီစကားတွေသူ့နားထဲရောက်သွားလို့ မင်းကို အပြစ်ရှာမယ်ဆိုရင် အသေးအဖွဲကိစ္စမဟုတ်ဘူး....."

စီနီယာကျမှုနှင့် ခေါင်းစဥ်တွေက ရွတ်နောက်နောက်လုပ်လို့ရသည့်အရာတွေ မဟုတ်ပေ။

အထူးသဖြင့် ဂိုဏ်း ၉ ဂိုဏ်း၏ နာမည်ကျော် နတ်ဆေးဆရာရှန်ဂွမ်ရှန်လို လူမျိုးပင်။

ထိုကဲ့သို့ ဆက်ဆံရေးမျိုးနှင့်ပတ်သက်၍ ပေါ့ဆစွာပြော၍မရသလို အလွယ်တကူလည်း ခွင့်လွတ်ပေးမည်မဟုတ်ပေ။

ဒီတော့ ယန်ယုချင်းက ရှန်ဂွမ်ရှန်ရဲ့ တပည့်ပေါ့...

လင်ယုဟွမ် အနည်းငယ်ထိတ်လန့်သွားပြီး သတိပေးသည့်အသံဖြင့် ပြောလိုက်သည်။

"ဂျန်ဖန်း, နင် ဒီလိုကိစ္စမျိုး မဆင်မခြင်ပြောလို့မရဘူး...."

"နတ်ဆေးဆရာရှန်ဂွမ်းက ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် သြဇာကြီးတယ်..."

"နင် သူ့ကို စော်ကားတာသာလူတွေသိသွားရင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အဖွဲ့ဝင်တွေတောင် မင်းကိုအရေးယူဖို့ လိုက်ရှာကြလိမ့်မယ်...."

ရမ်ချင်းစု လှောင်ပြောင်လိုက်သည်။

"နင်က အတော်သတ္တိရှိတာပဲ..."

"နတ်ဆေးဆရာရှန်ဂွမ်းကိုတောင် လက်လွတ်စပယ်ပြောရဲတယ်...."

"တစ်ယောက်ယောက်နင့်ကိုလာရှာမှာ မကြောက်ဖူးလား...."

တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေလည်း အမူအရာအနည်းငယ်ပြောင်းလဲသွားကြ၏။

မြင့်မြတ်ဂိုဏ်း၏မဟာအကြီးအကဲ၊ ဂိုဏ်း ၉ ဂိုဏ်း၏ နတ်ဆေးဆရာ....

သူ့အဆင့်အတန်းက တစ်စုံတစ်ယောက် ရန်စလို့ရသည့်အရာမဟုတ်ပေ။

ဤအခိုက်အတန့်၌....

အများစု အမှန်တရားကို နားလည်စပြုလာခဲ့သည်။

ဂျန်ဖန်း မြင့်မြတ်ဂိုဏ်း၌ နတ်ဆေးဆရာရှန်ဂွမ်းကို ရန်စမိ၍ တိုင်တန်းစာရေးခံရသည်ဟူ၍ပင်။

ဖြစ်နိုင်ချေရှိ၏။

လင်ယုဟွမ် ပြောစရာစကားမရှိလုနီးပါးဖြစ်သွား။

အဆုံးမှာတော့ တကယ့်ပြဿနာက မဆင်မခြင်စကားပြောခြင်းမှ ဇာတ်လမ်းစတာဖြစ်သည်။

သူမ ဂျန်ဖန်းကို အနည်းငယ်ဆူပူဖို့ပြင်လိုက်ချိန်....

သို့ပေမယ့် ရုတ်တရက် တိမ်စိမ်းဂိုဏ်းအကြီးအကဲတွေထဲကတစ်ယောက် စကားပြောလိုက်သည်။

"ဂျန်ဖန်းက တကယ်ပဲ နတ်ဆေးဆရာရှန်ဂွမ်းရဲ့ ဂျူနီယာညီလေးပဲ...."

All Chapters