← Chapters

အထင်ကြီးလောက်သော

Vol. 27 Ch. 367

အထင်ကြီးလောက်သော

Vol. 27 Ch. 367

ဟမ်?....

လင်းယုဟွမ် အသံလာရာနောက်ကိုကြည့်လိုက်ရာ ဆေးတောင်ထိပ်သခင် ဝမ်ဟုန်ဟောင်ဆိုတာ တွေ့လိုက်၏။

သူမက မနေနိုင်ပဲ မေးလိုက်သည်။

"အကြီးအကဲဝမ်,ဘာလို့ ဒီလိုကိစ္စမျိုးပြောရတာလဲ...."

တစ်ယောက်က မြင့်မြတ်ဂိုဏ်း၏မဟာအကြီးအကဲဖြစ်ပြီး ကျန်တစ်ယောက်က တိမ်စိမ်းဂိုဏ်း၏ တပည့်သစ်တစ်ယောက်ဖြစ်၏။

နှစ်ယောက်က ဘယ်လိုနည်းနှင့်မှ ဆက်စပ်လို့မရပေ။

ဘယ်လိုလုပ် ညီအကိုတွေဖြစ်နိုင်မည်နည်း။

လျိုဝူချန်း တင်းမာစွာပြောလိုက်သည်။

"အကြီးအကဲဝမ်, မင်း ဂျန်ဖန်းကို ကာကွယ်ပေးချင်တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒီလိုကိစ္စမျိုးကို လက်လွတ်စပယ်ပြောလို့မရဘူး....."

အခြားအကြီးအကဲတွေလည်း အချင်းချင်း တီးတိုးပြောလာကြ၏။

ဝမ်ဟုဟောင် ဂျန်ဖန်းကို ဂရုစိုက်တာ လူတိုင်းသိတာပဲဖြစ်သည်။

ဂျန်ဖန်း ဂိုဏ်းကို စရောက်ချိန်က ဝမ်ဟုန်ယောင် ဂျန်ဖန်းအတွက် ကျောက်ဝူဂျိနှင့် ငြင်းခုန်ခဲ့၏။

သို့ပေမယ့် ဂျန်ဖန်းကို ကာကွယ်ဖို့ ဤကဲ့သို့ပြောတာကတော့ နည်းနည်းများ၏။

ဝမ်ဟုန်ယောင်ဂျန်ဖန်းကိုကြည့်လိုက်ပြီး သူမအကြည့်တွေက မနာလိုမှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

သို့ပေမယ့် ကွယ်ဝှက်မထားသည့်သဘောကျမှုတွေက ပိုလို့တောင်များ၏။

"ဒီကိစ္စကို အစက ငါ ထုတ်ပြောဖို့ ရည်ရွယ်ချက်မရှိဘူး...."

"ဂိုဏ်းချုပ်၊ အကြီးအကဲတွေကိုထိတ်လန့်စေပြီး ဂျန်ဖန်းနေ့စဥ်ဘဝကို နှောက်ယှက်တာတွေကနေ ရှောင်ရှားဖို့ပေါ့...."

"အခုတော့ ဂျန်ဖန်း ပြဿနာရင်ဆိုင်နေရတော့ ငါ့မှာ ထုတ်ပြောဖို့ကလွဲပြီး အခြားရွေးချယ်စရာမရှိတော့ဘူး...."

"ရှန်ဂွမ်းရှန် တကယ်ပဲ ဂျန်ဖန်းကို သူ့ဂျူနီယာအဖြစ် အသိအမှတ်ပြုခဲ့တာ..."

"အဲ့အချိန်က ငါလည်းရှိနေခဲ့တယ်..."

သူမ ခဏရပ်လိုက်သည်။

ထို့နောက် ပြောလိုက်သည်။

"အကြောင်းပြချက်အတွက်တော့, အမွေအနှစ်တွေနဲ့ပတ်သက်နေလို့ ရှန်ဂွမ်းရှန်ကိုပဲ တိုက်ရိုက်မေးသင့်တယ်..."

"ဂျန်ဖန်းကို ထပ်ပြီးဖိအားမပေးပါနဲ့တော့...."

"အဆုံးမှာတော့, ဒါက ငါတို့တိမ်စိမ်းဂိုဏ်းအတွက် အကျိုးရှိတယ်...."

သူမစကားတွေက ယုံကြည်မှုရှိနေတာမြင်သည့်အခါ.....

လျိုဝူချန်းမျက်ခွံ့တွေအပြင်းအထန်တုန်ယင်သွားပြီး ဂျန်ဖန်းကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

သူ့တပည့်က တကယ်ပဲ ဂိုဏ်း ၉ ဂိုဏ်း နတ်ဆေးဆရာ၏ ဂျူနီယာညီလား....

သူက ပါးစပ်ဟလိုက်ပြီး နောက်ထပ် အတည်ပြုချင်သေး၏။

သို့ပေမယ့် ဝမ်ဟုန်ယောင်စကားတွေပြန်ကြားပြီး သူ့ကိုယ့်သူ ထိန်းထားလိုက်သည်။

ရှန်ဂွမ်းရှန် ဂျန်ဖန်းကို ဂျူနီယာညီအဖြစ် အသိအမှတ်ပြုသည့်ကိစ္စက အလွန်အရေးပါ၏။

လူအများရှေ့မှာမေးတာက ဂျန်ဖန်းအတွက် မကောင်းနိုင်ပေ။

တစ်ခဏတွေးပြီးနောက် သူက အလေးအနက်ပြောလိုက်သည်။

"ဒီနေ့ကိစ္စကို ဒီမှာရှိနေတဲ့လူတွေပဲ သိပါစေ...."

"အကြောင်းပြချက်ကို သိစရာမလိုဘူး...."

သိချင်စိတ်က လူ့သဘာဝပင်။

အထူးသဖြင့် ဤကဲ့သို့ ဆန်းကြယ်သည့်ကိစ္စမျိုးပင်။

သို့ပေမယ့် လျိုဝူချန်းစကားတစ်ခွန်းက အကြီးအကဲများစွာကို သိချင်စိတ်တွေ တဖွားဖွားဖြစ်လာစေပြီး အတော်လေးအားမလိုအားမရဖြစ်သွားကြ၏။

ရမ်ချင်းစု၏လှပသည့်မျက်လုံးတွေ မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေခဲ့သည်။

"ဒါ တကယ်အမှန်ပေါ့..."

"ဒီကောင်, မြင့်မြတ်ဂိုဏ်းကတပည့်တွေနဲ့ ဆေးပညာဗဟုသုတဖလှယ်တယ်လို့ပြောရဲတာ အံ့သြစရာမရှိတော့ပါဘူး...."

"လက်စသတ်တော့ သူက တကယ် ဆေးဆရာတစ်ယောက်ဖြစ်နေတာကိုး..."

မနေ့ညက သူ၏ကြမ်းတမ်း၏အပြုအမူကို ပြန်တွေးမိတော့ သူမ မနေနိုင်ပဲ ဆံထွေးထွေးလိုက်သည်။

"ဒီလိုဆိုလည်း သူက အသက်နှုတ်တဲ့ဆေးဆရာပဲဖြစ်မှာ...."

လင်ယုဟွမ် လုံးဝကြောင်အနေခဲ့သည်။

သူမက ဂျန်ဖန်းကို အကဲခတ်သည့်မျက်လုံးတွေဖြင့်ကြည့်နေပြီး "ငါမင်းကို လျော့တွက်မိခဲ့တယ်" ဟု ပြောလိုက်သည်။

ပထမ၌ သူမက ဂျန်ဖန်းကို သာမန်တပည့်သစ်တစ်ယောက်ဟု ထင်ခဲ့၏။

သူက ရှန်ဂွမ်းရှန်၏ဂျူနီယာညီဟူသည့် ခေါင်းစဥ်ကို ရထားမည်ဟု မည်သူထင်ထားမည်နည်း။

"သဘောတရားအရတော့, ယန်ယုချင်းကို ဂျူနီယာတူမလို့ခေါ်တာ ကျိုးကြောင်းဆီလျော်ပါတယ်...."

"ဒါနဲ့ပတ်သက်ပြီး ဘာမှမသင့်တော်တာမရှိဘူး...."

လင်းယုဟွမ် ချက်ချင်းပဲ မျက်မှောင်ကြုတ်လိုက်သည်။

အကယ်၍ ထိုအရာက စကားမှားတာမဟုတ်လျှင် ဂျန်ဖန်း ဘယ်လိုလုပ် မြင့်မြတ်ဂိုဏ်းချုပ်ကို ရန်စမိသနည်း။

ရုတ်တရက် သူမက ဂျန်ဖန်းပြောသည့် ယန်ယုချင်းကို အနိုင်ကျင့်သည့်တစ်စုံတစ်ယောက်ကို သင်ခန်းစာပေးခဲ့သည်ဟူသည့် စကားကို အမှတ်ရသွားခဲ့သည်။

သူမက မေးလိုက်သည်။

"မင်းသင်ခန်းစာပေးလိုက်တဲဲ့လူက ဘယ်သူလဲ...."

ဂျန်ဖန်း ပြန်စဥ်းစားလိုက်သည်။

"အဲ့တာက ဂျန်ချင်းလို့ခေါ်တဲ့ အမျိုးသမီးတပည့်တစ်ယောက်ပဲ။ အပြောကတော့ အတော်အဆိပ်ပြင်းတယ်...."

"ရှန်ဂွမ်ရှန်ရဲ့ တပည့်တွေကိစ္စမှာဝင်မပါတဲ့အချက်ကို အခွင့်ကောင်းယူပြီး သူမက ယန်ယုချင်းကို မကြာခဏအနိုင်ကျင့်နေခဲ့တာ..."

"ဒါကြောင့်ပဲ ကျွန်တော်ကြားဝင်ပြီး အနည်းငယ်သင်ခန်းစာပေးလိုက်တာ..."

လင်းယုဟွမ် နောက်တစ်ကြိမ်မေးလိုက်သည်။

"သူမကျင့်ကြံရေးအဆင့်က သိပ်မမြင့်ဘူးမလား...."

ဂျူနီယာတပည့်တစ်ယောက် သင်ခန်းစာပေးနိုင်သည့်လူက ကျင့်ကြံရေးအဆင့် မမြင့်နိုင်ပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ၃ အဆင့် ၄ သာဖြစ်နိုင်၏။

မြင့်မြတ်ဂိုဏ်းက ထိုကဲ့သို့လူတစ်ယောက်အတွက် တကယ်ပဲ စိတ်အနှောက်အယှက်ဖြစ်ခံသည်လား?

ထိုအရာက အသေးအဖွဲ့ကိစ္စတစ်ခုသာဖြစ်၏။

ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်, အရမ်းကြီးမြင့်တယ်လို့တော့ ပြောလို့မရပါဘူး..."

"အခြေခံတည်ဆောက်ခြင်းအဆင့် ၈ နဲ့တူတယ်...."

ဟမ်?..

လင်းယုဟွမ် မျက်ခုံးတွေ မြင့်တက်သွား၏။

"ဘာ? အခြေခံတည်ဆောက်ခြင်းအဆင့် ၈?..."

"နင်က သူ့ကို သင်ခန်းစာပေးလိုက်တယ်..."

သူမ အတော်လေး ဝေခွဲမရဖြစ်သွား၏။

သို့ပေမယ့် ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ တိမ်စိမ်းဂိုဏ်းအဖွဲ့တွေတည်ငြိမ်နေပြီး မည်သည့်တုန်လှုပ်မှုမှ မပြပေ။

လျိုဝူချန်း ဂုဏ်ယူစွာဖြင့် ရယ်လိုက်၏။

"တာဝန်ခံလင်း, သူ့ကို လျော့မတွက်နဲ့...."

"တပည့်သစ်ဖြစ်ပြီး စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် ခန္ဓာသန့်စင်ခြင်းအောင်မြင်မှုကတော့ အံ့မခန်းပဲ..."

"တပည့်အဆင့်သတ်မှတ်ပွဲတုန်းက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ တပည့်ကို အနိုင်ယူနိုင်ခဲ့တာ..."

အာ?...

လင်ယုဟွမ် အံ့အားသင့်သွားပြီး ဂျန်ဖန်းကို ထပ်ခါထပ်ခါ ကြည့်လိုက်သည်။

"ကောင်းတယ် ကောင်လေး, နင်က ကောင်းကောင်းဖုံးကွယ်ထားတာပဲ...."

"ငါ ထင်ခဲ့တာ နင်က ဂိုဏ်းဝင်စတပည့်သစ်လေး၊ ဘာထူးခြားတဲ့စွမ်းရည်မှမရှိဘူးပေါ့...."

"လက်စသတ်တော့ ထူးချွန်တဲ့ရုပ်ခန္ဓာသန့်စင်သူဖြစ်နေတာကိုး..."

သူမက ထိုအရာအတွက် ရယ်ရမလား စိတ်ပျက်ရမလား မသိတော့ပေ။

ဂျူနီယာတစ်ယောက်ဖြစ်သော်လည်း ဂျန်ဖန်းက သူမထင်မြင်ချက်တွေကို ဆက်တိုက်မှားယွင်အောင်လုပ်နေခဲ့သည်။

ဘေးမှာရပ်နေသည့် ရမ်ချင်းစု သူမမျက်လုံးတွေ တုန်လှုပ်မှုကြောင့် မျက်လုံးတွေ ပြူးကျယ်နေခဲ့သည်။

"နင်က ခန္ဓာကိုယ်နည်းစနစ်လည်း လေ့ကျင့်တာပဲလား...."

"မနေ့ညက ငါနင့်လက်ထဲမှာမသေခဲ့တာ ငါ့ဘိုးဘေးတွေစောင့်ကြည့်နေလို့ပဲ...."

သူမ မူလကထင်ခဲ့တာ မနေ့ည၌ ဂျန်ဖန်း သူ့ဝှက်ဖဲအားလုံးထုတ်သုံးခဲ့သည်ဟူ၍ပင်။

ယခုမှသာ သူက ခန္ဓာကိုယ်နည်းစနစ်လည်းကျင့်ကြံထားမှန်း သိလိုက်ရတာဖြစ်သည်။

လင်းယုဟွမ် ခဏစဥ်းစားပြီး ပြောလိုက်သည်။

"အခြေခံတည်ဆောက်ခြင်းအဆင့် ၈ အမျိုးသမီးတပည့်တစ်ယောက်က မြင့်မြတ်ဂိုဏ်းချုပ်ကို ဒေါသထွက်စေမယ် မထင်ဘူး..."

"အဲ့နောက် မင်းဘာဆက်လုပ်သေးလဲ..."

လူတိုင်း သူတို့မျက်လုံးတွေကို ဂျန်ဖန်းဆီကြည့်လိုက်ကြသည်။

ရိုးရှင်းစွာပင် ရှန်းဂွမ်းရှန်တပည့်ကိုကူညီပြီး သင်ခန်းစာပေးခဲ့တာက ဘာမှသိသာသည့်ကိစ္စမဟုတ်ပေ။

မြင့်မြတ်ဂိုဏ်းချုပ်ကို ဤလောက်ထိဒေါသထွက်သွားစေတာ သေချာပေါက် အခြားကိစ္စတစ်ခုရှိရအုန်းမည်ပင်။

ဂျန်ဖန်း တစ်ခဏတွေးပြီး ပြောလိုက်သည်။

"အဲ့နောက်, ယန်ယုချင်းနောက်လိုက်ပြီး တိုက်တိုက်ဆိုင်ဆိုင်ပဲ မြင့်မြတ်ဂိုဏ်းတပည့်ပြိုင်ပွဲကို ရောက်သွားခဲ့တယ်...."

"အဲ့မှာ မထင်မှတ်ပဲ မြင့်မြတ်ဂိုဏ်းတပည့်များစွာနဲ့ လက်ရည်ဖလှယ်ခဲ့ရတယ်..."

"ပြိုင်ပွဲတွေက မိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲဖြစ်ပြီးတော့ ဘယ်လို ဒဏ်ရာ၊ သေဆုံးမှုတွေမှ မရှိခဲ့ပါဘူး...."

"အဲ့နောက်တော့ စိတ်ဝိညာဥ်ဆေးတွေယူပြီး မြင့်မြတ်ဂိုဏ်းက ထွက်လာခဲ့လိုက်တယ်..."

"အဲ့တာပဲ..."

တောက်ကျန်းဂျွန် ရေရွတ်လိုက်သည်။

"ဂျူနီယာညီလေးဂျန်က မြင့်မြတ်ဂိုဏ်းတပည့်ပြိုင်ပွဲကို ပျက်စီးစေခဲ့လို့ မြင့်မြတ်ဂိုဏ်းချုပ် မကျေမနပ်ဖြစ်သွားတာများလား...."

လျိုဝူချန်း အနည်းငယ်ခေါင်းခါယမ်းလိုက်သည်။

"မြင့်မြတ်ဂိုဏ်းတပည့်ပြိုင်ပွဲက ပုံမှန်ဆို မိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲအတွက် ပြင်ပဂိုဏ်းကတပည့်တွေကို ဖိတ်ခေါ်လေ့ရှိတယ်...."

"ဒါက သူတို့ရဲ့ကာလရှည်ကြာနေပြီဖြစ်တဲ့ ရိုးရာတစ်ခုပဲ...."

"ဂျန်ဖန်း ဝင်ပြိုင်တာက ပြဿနာမဟုတ်ဘူး။ လက်ရည်ဖလှယ်တာကလည်း လက်ခံပေးလို့ရတယ်...."

အကြီးအကဲများစွာလည်း ထိုအရာနှင့်ပတ်သက်ပြီး အဓိပ္ပာယ်မရှိဟု မထင်ကြပေ။

အားလုံးက သာမန်ပင်။

သူတို့က ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းချုပ်ကို ဘယ်လိုဒေါသထွက်စေခဲ့လဲဆိုတာ အဖြေရှာမရဖြစ်နေခဲ့သည်။

လင်ယုဟွမ် သူမနားထင်ကိုပွတ်လိုက်သည်။

"ဒီလောက်ထိမေးမြန်ပြီးတာတောင် ဘာမှမသိရသေးဘူး...."

"မြင့်မြတ်ဂိုဏ်းချုပ်တိုင်တန်းချက်က မရေမရာနဲ့ သေချာလည်း ရှင်းပြမထားဘူး...."

"တကယ်စိတ်ပျက်စရာကောင်းတယ်...."

ဘေးမှာငြိမ်ပြီးရပ်နေသည့် ရမ်ချင်းစု ဂျန်ဖန်းကိုကြည့်ပြီး တစ်ခုခုတွေးမိကာ ပြောလိုက်သည်။

"ဆရာ, နင် သူ့ကို ဘယ်သူနဲ့ယှဥ်ပြိုင်ခဲ့တယ်၊ ရလဒ်ဘယ်လိုရှိတယ်ဆိုတာပါ မေးသင့်တယ်...."

လင်ယုဟွမ် သူမကို ဘေးတိုက်တစ်ချက်ကြည့်လိုက်သည်။

သာမန်သိုင်ပညာဖလှယ်တာ... ထိုအရာနှင့်ပတ်သက်ပြီး ဘာမှားနိုင်မည်နည်း။

ထို့ပြင် ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရုပ်ခန္ဓာသာရှိ၏။

သူက မြင့်မြတ်ဂိုဏ်းတပည့်တွေကို အပြတ်အသတ်အနိုင်ယူပြီး မြင့်မြတ်ဂိုဏ်းကို မျက်နှာပျက်စေနိုင်မည်တဲ့လား။

ထိုအတွေးက သူမကို နေရတင်ပဲ အေးခဲသွားစေခဲ့သည်။

သူမမျက်လုံးတွေ ဂျန်ဖန်းအပေါ်မှာစွဲမြဲစွာရှိနေပြီး သံသယဖြင့် မေးလိုက်သည်။

"မင်း မြင့်မြတ်ဂိုဏ်းမှာ အတိအကျဘယ်သူနဲ့ယှဥ်ပြိုင်ခဲ့တာလဲ...."

ဂျန်ဖန်းပြောလိုက်သည်။

"ပထမဦးဆုံးတစ်ယောက်ကတော့ အမျိုးသမီးတပည့်တစ်ယောက်ပဲ။ နာမည်ကတော့ လော်ထျန်းဂျောင်တဲ့...."

"သူမက အခြေခံတည်ဆောက်ခြင်းအဆင့် ၇ ပဲ။ ကျွန်တော် သူမကို အနိုင်ရခဲ့တယ်...."

လျိုဝူချန်း ဂုဏ်ယူသည့်အမူအရာပြသလာ၏။

"လော်ထျန်းဂျောင်က မြင့်မြတ်ဂိုဏ်းဝါးစိမ်းတောင်ထိပ်ရဲ့ တပည့်သစ်ပဲ။ ဆယ်စုနှစ်အတွင်း ပါရမီအရှိဆုံးဆိုလည်း ဟုတ်တယ်...."

"ငါ့တပည့် သူမကို အပြတ်အသတ်အနိုင်ခဲ့မယ်လို့ မမျှော်လင့်ထားဘူး...."

ဝမ်ဟုန်ယောင်လည်း ပြုံးလိုက်သည်။

"ကောင်လေး, မင်းက ငါတို့တိမ်စိမ်းဂိုဏ်းကို ဂုဏ်ကျက်သရေယူဆောင်လာပေးတာပဲ...."

"ဒါပေမယ့် မင်း ဝါးစိမ်းတောင်ထိပ်ရဲ့တပည့်ကြီး ဝမ်ယွင်ကောနဲ့ မတွေ့ခဲ့တာတော့ ကံကောင်းတယ်ပြောရမယ်...."

"အဲ့တစ်ယောက်က လွယ်ကူတဲ့ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူး...."

"မင်းသာ သူနဲ့တွေ့ရင် သေချာပေါက် အရိုက်ခံရမှာ...."

မမျှော်လင့်စွာပဲ....

ဂျန်ဖန်း တစ်ခဏတွေးလိုက်သည်။

"ဝမ်ယွင်ကော? ကျွန််တော်သူနဲ့လည်း တိုက်ခိုက်ခဲ့တယ်...."

"သူလည်း ကျွန်တော့်ဆီရှုံးခဲ့တာပဲ...."

All Chapters