အမှန်တရားထွက်ပေါ်ခြင်း
Vol. 27 Ch. 368
လေထု ရုတ်တရက် တိတ်ဆိတ်သွား၏။
လျိုဝူချန်းနှင့် အကြီးအကဲများစွာ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေပြီး မျက်လုံးတွေပြူးကျယ်နေခဲ့သည်။
သူတို့၏ထူးဆန်းသည့်အမူအရာကိုမြင်သည့်အခါ....
လင်ယုဟွမ် အံ့အားသင့်စွာဖြင့်မေးလိုက်သည်။
"အဲ့ဒီဝမ်ယွင်ကောရဲ့ခွန်အားက ဘယ်လိုလဲ...."
ဝမ်ဟုန်ယောင် သစ္ဆေသရဲတစ်ကောင်ကို မြင်နေရသကဲ့သိုဂျန်ဖန်းကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"အခြေခံတည်ဆောက်ခြင်းအဆင့် ၉..."
ဘာ?...
လင်ယုဟွမ် တုန်လှုပ်သွား၏။
"ဒီကလေးက အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရုပ်ခန္ဓာပဲရှိတယ်လို့ မပြောခဲ့ဖူးလား..."
"ဘယ်လိုလုပ် အဆင့် ၉ ကို အနိုင်ယူနိုင်ခဲ့တာလဲ...."
အချိန်အတော်ကြာပြီးနောက်...
လျိုဝူချန်း အသက်ပြင်းပြင်းရှူလိုက်ပြီး အံ့အားသင့်မှုအပြည့်မျက်နှာဖြင့် ပြောလိုက်သည်။
"ဂျန်ဖန်း, ဘာတွေဖြစ်နေတာလဲ...."
ဂျန်ဖန်း ပခုံးတွန့်ပြီး ပြောလိုက်သည်။
"ဝမ်ယွင်ကောက ထင်သလောက်မသန်မာပါဘူး..."
"အကွက်ရေအနည်းငယ်နဲရှုံးသွားတာ..."
ရှိနေသည့်တပည့်တွေ ပါးစပ်တွန့်လိမ်သွားကြ၏။
ဝမ်ယွင်ကောက အမှန်တကယ်ပင် မြင့်မြတ်ဂိုဏ်း၏ အစွမ်းအထကဆုံးတပည့်တွေထဲက တစ်ယောက်ဖြစ်၏။
သို့ပေမယ့်, သူက သိပ်မသန်မာဘူးဟု ဂျန်ဖန်းက ပြောနေခဲ့သည်။
လျိုဝူချန်း ပျော်ရွင်မှုကို မဖုံးကွယ်နိုင်ပဲ ဂျန်ဖန်း ပခုံးကိုဆုပ်ကိုင်ပြီး ပြောလိုက်သည်။
"မြင့်မြတ်ဂိုဏ်းသွားတဲ့လမ်းမှာ မင်းကျင့်ကြံရေး တိုးတက်ခဲ့တာလား...."
ထိုအရာက တစ်ခုတည်းသောဖြစ်နိုင်ခြေရှိ၏။
ဂျန်ဖန်းမတုံ့ပြန်နိုင်ခင်....
လီချင်ဖုန်း ထရယ်လိုက်၏။
"ဟ...ဟ..ဟ.. ဂျန်ဖန်, မင်းက တိမ်စိမ်းဂိုဏ်းဂုဏ်သိက္ခာကို အကြီးအကျယ်တိုးမြှင့်ပေးလိုက်တာပဲ...."
"ငါဝမ်ယွင်ကောဆရာနဲ့သိတယ်။ အဲ့ကောင်က ငါတို့တိမ်စိမ်းဂိုဏ်းကို အမြဲအထင်သေးနေတာ...."
"သူ့ဂုဏ်ယူရတဲ့တပည့်ကိုအနှိုင်ယူပြီး မင်းက သူ့မျက်နှာကို ကောင်းကောင်းဖြတ်ရိုက်ခဲ့တာပဲ...."
သူက ဝါးစိမ်းတောင်ထိပ်အကြီးအကဲကိုသိ၏။
ထိုလူအိုကြီး၏ တိမ်စိမ်းဂိုဏ်းအပေါ်အထင်သေးမှုက သိသာလှပြီး ဖုံးကွယ်မထားပေ။
ခဏရပ်လိုက်ပြီး လီချင်ဖုန်းထပ်ပေါင်းပြောလိုက်သည်။
"ကံမကောင်းစွာပဲ ပုန်းကွယ်ဓားတောင်ထိပ်သခင်ရဲ့တပည့်တွေက မင်းအနိုင်ယူဖို့ အားကောင်းလွန်းတယ်...."
"မဟုတ်ရင်, မင်း သူ့ကိုလည်း ဦးချိုးနိုင်မှာ...."
ပုန်းကွယ်ဓားတောင်ထိပ်သခင်အကြောင်းပြောတော့....
လျိူဝူချန်အမူအရာ စိတ်ဓာတ်ကျသွား၏။
"မင်းတို့ကောင်းကင်ဓားတောင်ထိပ်ကို အလယ်လာတဲ့တစ်ယောက်မလား။ မင်းက ကောင်းကောင်းဆက်ဆံပေမယ့် အထင်သေးခဲ့တဲ့တစ်ယောက်လေ...."
လီချင်ဖုန်းမျက်နှာ မဲမှောင်သွား၏။
"သူငါ့ကိုအထင်သေးတာ ငါစိတ်ထဲမထားပါဘူး..."
"ဒါပေမယ့်, ငါ့တပည့်တွေရဲ့ဓားပညာနှင့်အရည်အချင်းကို မှိုချိုးမျှစ်ချိုးပြောပြီး သိမ်ငယ်စေတာပဲ။ အများစုဆို ခုထိတောင် စိတ်ပျက်အားငယ်နေကြတုန်းပဲ...."
"အနှေးနဲ့အမြန် ငါ သူ့တပည့်တွေကိုပြန်ခံစားရအောင်လုပ်မှာ...."
ထို့နောက် တိတ်ဆိတ်သွားခဲ့သည်။
အဆုံးမှာတော့, မကျေနပ်ချက်တစ်ခုအတွက် မြင့်မြတ်ဂိုဏ်းကို လှုပ်ခတ်ဖို့ကတော့ လက်တွေ့မဆန်လောက်ပေ။
အခုလိုပြောနေတာက လက်တွေ့မဆန်ပဲ လေလုံးထွားနေတာပဲဖြစ်သည်။
သဘာဝအတိုင်းဆက်ပြောဖို့က ရှက်ဖို့ကောင်းလွန်း၏။
လေထုက အနည်းငယ်လေးလံသွားသည့်အခါ ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီးပြောလိုက်သည်။
"အကြီးအကဲလီ, ဆရာ, မင်းတို့ပြောတဲ့အမျိုးသမီးတပည့်က လီရှီချင်းလား...."
ထိုအရာကိုကြားသည့်အခါ...
လီချင်ဖုန်း ခေါင်းညိတ်တုန့်ပြန်လိုက်၏။
"သူမက သူသဘောကျရတဲ့တပည့်တစ်ယောက်ပဲ။ ခွန်အားက အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ...."
"မြင့်မြတ်ဂိုဏ်းမှာ ထိပ်ဆုံးသုံးယောက်အတွင်းဝင်တယ်..."
ပြောနေရင်း လီချင်ဖုန်းတစ်ခုခုကိုနားလည်သွားပြီး သံသယဖြင့်မေးလိုက်သည်။
"မင်းသူမနဲ့တွေ့ခဲ့တာလား...."
"အဲ့ကောင်မလေးက သူ့ဆရာလိုပဲ လျှာစောင်းထက်တယ်...."
"ကောင်းကင်ဓားတောင်ထိပ်အတူလိုက်လာတုန်းက သူမလည်းထေ့ငေါ့ပြောခဲ့တာ သူ့ဆရာထက်မနည်းဘူး..."
တကယ်ပင်။
ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။
"ကျွန်တော် သူနဲ့စင်မြင့်ပေါ်မှာတွေ့ခဲ့တယ်...."
ဘာ?...
လီချင်ဖုန်း အလျှင်အမြန် သူ့ကို အပေါ်အောက်စစ်ဆေးလိုက်၏။
"သူမ မင်းကိုဘာမှမလုပ်ခဲ့ဖူးမလား...."
"တိမ်စိမ်းဂိုဏ်းတပည့်တစ်ယောက်အနေနဲ့ မင်းက ဝမ်ယွင်ကောကိုအနိုင်ရတော့ ထင်ရှားကျော်ကြားသွားမှာပဲ...."
"သူမလိုလူတစ်ယောက်က သေချာပေါက် သည်းခံမှာမဟုတ်လောက်ဘူး...."
ဂျန်ဖန်း အမူအရာထူးဆန်းသွား၏။
"ကျွန်တော်အဆင်ပြေပါတယ်။ ဒါပေမယ့် သူကတော့ ဒဏ်ရာအတော်လေးရသွားတယ်...."
တိိတ်ဆိတ်!
လေထုနောက်တစ်ကြိမ်တိတ်ဆိတ်သွားခဲ့သည်။
မျက်လုံးတွေပြူးကျယ်နေပြီး ဂျန်ဖန်းကိုစိုက်ကြည့်နေခဲ့သည်။
လျိုဝူချန်း တုန်လှုပ်စွာဖြင့် ဂျန်ဖန်းကို မေးလိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ...."
"မင် သူမကိုအနိုင်ယူခဲ့တယ်လို့တော့ ဆရာ့ကိုမပြောနဲ့နော်...."
ဂျန်ဖန်း မချိပြုံးပြုံးလိုက်သည်။
"ကျွန်တော်က ဘာလို့မနိုင်ရမှာလဲ...."
ဘာ?...
လူတိုင်း အံ့အားသင့်သွားကြ၏။
ဂျန်ဖန်း.... နောက်တစ်ကြိမ်အနိုင်ရခဲ့၏။
ထို့ပြင် သူ့ပြိုင်ဘက်က မြင့်မြတ်ဂိုဏ်း၏ အစွမ်းထက်ဆုံးသုံးယောက်ထဲက တစ်ယောက်ဖြစ်၏။
လင်ယုဟွမ် တိတ်တဆိတ် အသက်ရှူသွင်းလိုက်သည်။
သူမ ဂျန်ဖန်းကို အမြင်သစ်ဖြင့် ဘယ်နှစ်ကြိမ်လောက်ကြည့်ခဲ့လဲဆိုတာ ရေတောင်မရေတွက်နိုင်တော့ပေ။
သူမက သူ၏အကန့်အသတ်ကိုဘယ်တော့မှ မမြင်ရသကဲ့သို့ပင်။
နှိမ့်ချသည့်ဂျူနီယာတစ်ယောက်မှ အဆင့် ၉ ပြီးပြည့်စုံခြင်းကျွမ်းကျင်သူကို အနိုင်ယူနိုင်သည်ထိ....
ကွာခြားချက်က သိသာစွာပဲ ကြီးမားလှ၏။
သူမက ရယ်ပြီးပြောလိုက်သည်။
"အခု မြင့်မြတ်ဂိုဏ်းချုပ် မင်းကိုဘာလို့တိုင်ရလဲ နားလည်သွားပြီ...."
"မင်းက အတော်လေးမွေလိုက်တာကိုး..."
"သူတိုင်တန်းတာ မအံ့သြတော့ပါဘူး...."
အဆင့် ၉ ပြီးပြည့်စုံခြင်းကို အနိုင်ရတာက ဂျန်ဖန်း၏ကြီးမားသည့်ခွန်အားကို ပြသနေတာပဲဖြစ်သည်။
ဤကဲ့သို့ခွန်အားနှင့် အဆင့် ၁ တာဝန်အတွက် အရည်အချင်းပြည့်မှီတာပဲဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်းက အဆင့် ၃ တာဝန်သာ လက်ခံခဲ့ရ၏။
မြင့်မြတ်ဂိုဏ်းချုပ် လျိုဝူချန်းက ဂျန်ဖန်းကိုကာကွယ်ပေးပြီး တိုက်ပွဲမှာတက်တက်ကြွကြွမရှိဘူးဟု တိုင်တန်းခဲ့တာ မဆန်းတော့ပေ။
လျိုဝူချန်းနှင့်အကြီးအကဲတွေလည်း ဉာဏ်အလင်းပွင့်သွားကြ၏။
သို့ပေမယ့် သူတို့ ဒေါသမထွက်ကြပေ။
ထိုအစား, အတော်လေးပျော်ရွင်နေကြသည်။
လျိုဝူချန်း အတော်လေးတက်ကြွနေပြီး မျက်နှာက တောက်ပနေခဲ့သည်။
"ဟ...ဟ...ဟ.... တော်တယ်, ငါ့တပည့်..."
"မင်းက လုံးဝကို မြင့်မြတ်ဂိုဏ်းကို အရှက်ရစေခဲ့တာပဲ...."
"တော်တယ်, တကယ်တော်တယ်....."
လီချင်ဖုန်းမျက်နှာလည်း ကျေနပ်မှုတွေအပြည့်ပင်။
"အဲ့ဒီပုန်းကွယ်တောင်ထိပ်ရဲ့အဖိုးကြီး, ဝဋ်လည်တဲ့အရသာကိုခံစားရမဲ့အချိန်ရောက်ပြီ..."
"သူ့မျက်နှာ အစိမ်းရောင်ပြောင်းနေလောက်တယ်...."
ဝမ်ဟုန်ယောင်လည်း တစ်ခဏကြာတော့ အားရပါးရရယ်လိုက်၏။
"မြင့်မြတ်ဂိုဏ်းချုပ်ရဲ့တိုင်တန်းစာက ဒီလောက်ထိမရှင်းမလင်းဖြစ်နေပြီး အကြောင်းအရင်းကို ပြောမထားတာ မအံ့သြတော့ပါဘူး...."
"လက်စသတ်တော့, သူက ပြောရမှာ အတော်ရှက်နေတာကိုး..."
"ဟ...ဟ...ဟ...."
အခြားအကြီးအကဲတွေနှင့်တပည့်တွေလည်း....
ထိုပျော်ရွင်စရာသတင်းကိုကြားသည့်အခါ ဂုဏ်ယူမှုနှင့် ပီတိဖြစ်မှုကို ခံစားလိုက်ကြရသည်။
ထိပ်ဆုံးသုံးဂိုဏ်းထဲက တစ်ခုဖြစ်သည့်မြင့်မြတ်ဂိုဏ်းကို မရိုက်နိုင်ဘူးဟု မည်သူပြောသနည်း။
သူတို့ကို တိမ်စိမ်းဂိုဏ်းတပည့်အသစ်က ရိုက်ခဲ့သည်ပဲမဟုတ်လား။
လျိုဝူချန်း ရယ်နေတာကို မထိန်းနိုင်တော့ပေ။
"မြင့်မြတ်ဂိုဏ်းက မိတ်ဖြစ်ဆွေဖြစ်ပြိုင်ပွဲတွေ လုပ်ရတာကြိုက်တယ်လေ..."
"သူတို့တွေ နောက်တစ်နှစ်ကျင်းပရဲအုန်းမလားကြည့်ချင်သေးတယ်...."
သူက ဂျန်ဖန်းပခုံးကိုပုတ်ပြီး ပျော်ရွင်မှုတွေပြည့်နှက်နေခဲ့သည်။
သူ့နှလုံးသားထဲ၌ ဂျန်ဖန်းကို အစမှာလျစ်လျူရှူမိခဲ့သည့်အတွက် နောင်တရနေခဲ့သည်။
ဂျန်ဖန်းသာ ဤကဲ့သို့အဖိုးတန်ရတနာမှန်းသိခဲ့လျှင် အစကတည်းက တန်ဖိုးထားခဲ့မည်ဖြစ်သည်။
သို့ပေမယ့် ယခုက အရမ်းကြီးတော့နောက်မကျသေးပေ။
"မင်းကောင်းကောင်းလုပ်ခဲ့တာပဲ။ တကယ်တော်တယ်...."
လျိုဝူချန်း ပြတ်ပြတ်သားသားထောက်ခံလိုက်သည်။
"ဒီတစ်ကြိမ် ငါတို့တိမ်စိမ်းဂိုဏ်း ဘယ်လိုအပြစ်မျိုးခံရခံရ ပျော်တယ်...."
"မင်း အပြစ်ရှိသလိုခံစားနေဖို့မလိုဘူး..."
အခြားအကြီးအကဲတွေနှင့် တပည့်တွေလည်း ပြုံးလိုက်ကြသည်။
သူတို့က အမှားလုပ်လို့အပြစ်ပေးခံရတာမဟုတ်ပဲ တိမ်စိမ်းဂိုဏ်းက အောင်ပွဲကြီးခံခဲ့လို့ အပြစ်ပေးခံရတာဖြစ်သည်။
ဤအရာကို အပြစ်ပေးသည်ဟု မည်သို့ခေါ်ဆိုနိုင်မည်နည်း။
ထိုအရာက ဂုဏ်ထူးဆောင်တံဆိပ်ဆိုတာ သိသာလှ၏။
လင်ယုဟွမ် အနည်းငယ်ချောင်းဟန့်လိုက်သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမအထူးတာဝန်ခံအနေဖြင့် သူမရှိနေဆဲဖြစ်သည်။
အပြစ်ပေးခံရတာကို ဤလောက်ထိအောင်ပွဲခံနေတာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို လျစ်လျူရှုရာကျလွန်း၏။
သူတို့က သူမထွက်သွားမှ အောင်ပွဲခံလို့မရဘူးလား။
လျိုဝူချန်းနှင့် အခြားအကြီးအကဲတွေ ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး ပျော်ရွင်မှုတွေကိုအလျှင်အမြန်ပဲ ထိန်းလိုက်သည်။
ကောင်းကင်ဘုံစက်ယန္ဒယားခန်းမကို သင့်တင့်လျောက်ပတ်သည့်လေးစားမှု ပေးသင့်၏။
ဤသို့ဖြင့် ကိစ္စကအဆုံးသတ်သွားခဲ့သည်။
လင်းယုဟွမ် အသက်ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။
"အခု ကိစ္စတွေရှင်းသွားပြီ..."
"ဂျန်ဖန်းခွန်အားက အဆင့် ၁ တာဝန်ယူဖို့ အရည်အချင်းပြည့်မှီပေမယ့် အဆင့် ၃ တာဝန်ပဲယူခဲ့တယ်...."
"တကယ်ပဲ တိုက်ပွဲမှာတက်ကြွမှုမရှိဘူးလို့ ပြောလို့ရတယ်...."
"ဒါပေမယ့် ဒီတာဝန်ခံအတည်ပြုပြီးတဲ့နောက် ဂျန်ဖန်းခွန်အားက နောက်ပိုင်းမှတိုးတက်လာခဲ့တာဖြစ်လို့ ယခင်တာဝန်ခွဲပေးတာက လက်ခံပေးလို့ရတယ်...."
"ဒါကြောင့်, မြင့်မြတ်ဂိုဏ်းချုပ်ရဲ့တိုင်တန်းစာကို ပယ်ဖျက်လိုက်တယ်...."
အခြားစကားဖြင့်ပြောလျှင် တိမ်စိမ်းဂိုဏ်းက အပြစ်ပေးမခံရတော့ပေ။
လူတိုင်းလန်းဆန်းသွားကြပြီး စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတွေတောက်ပသွားကြသည်။
လျိုယုဟွမ်လည်း ပြုံးပြီးပြောလိုက်သည်။
"ဆရာလျို, ဒီလိုတပည့်ကောင်းမျိုးရှိလို့ ဂုဏ်ယူပါတယ်...."
"ဒီလိုပါရမီမျိုးက ငါတို့ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှာတောင် ထူးချွန်တယ်ပြောလို့ရတယ်...."
"နင်သူ့ကို ကောင်းကောင်ပျိုးထောင်ပေးသင့်တယ်။ သူ့အလားအလာတွေကို ဖြုန်းတီးမပစ်နဲ့...."
လျိုဝူချန်း ဂျန်ဖန်းပခုံးကိုပျော်ရွင်စွာပွေ့ဖက်လိုက်သည်။
"မင်း စိတ်ချလက်ချနေလို့နေရလို့ရပါတယ်, တာဝန်ခံလင်း...."
"ဒီလိုတပည့်မျိုးကို ငါတို့ဂိုဏ်းက အစွမ်းကုန်မြေတောင်မြောက်ပေးမှာပါ....."
လင်ယုဟွမ် ခေါင်းညိတ်လိုက်၏။
သူမ၏ ဝမ်းသာနေသည့်မျက်လုံးတွေ ဂျန်ဖန်းဆီရွေ့လိုက်ပြီး စနောက်လိုက်သည်။
"မင်းက လူတွေကို ဘယ်လိုအံ့သြအောင်လုပ်ရမလဲ တကယ်သိတာပဲ...."
"ဒါပေမယ့် အရမ်းကြီးကိုယ့်ကိုယ်ကို အထင်ကြီးမသွားနဲ့...."
"မြင့်မြတ်ဂိုဏ်းရဲ့ပါရမီရှင်နှစ်ယောက်ကို အနိုင်ယူခဲ့တော့ သူတို့ရဲ့စီနီယာအကိုကြီးဟွာရှန်ချန်က မင်းကို လွယ်လွယ်နဲ့အလွတ်ပေးမှာမဟုတ်ဘူး...."
"မင်း သူနဲ့တစ်နေ့မှာတွေ့ရင် တတ်နိုင်သမျှဝေးဝေးရှောင်, ကြားလား...."
"ကိုယ့်ကိုယ် ဒုက္ခမဖြစ်စေနဲ့....."
"ငါသိသလောက်တော့ သူက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်သွားပြီ...."
ဂျန်ဖန်း သူ့နှာခေါင်းကိုထိပြီး ရေရွတ်လိုက်သည်။
"ကျွန်တော် တကယ် သူနဲ့တွေ့ခဲ့ရင် ရှောင်ရမဲ့သူက သူပဲဖြစ်လိမ့်မယ်..."