သစ္စာဖောက်ကိုလိုက်ခြင်း
Vol. 40 Ch. 553
ဖုန်း
အနက်ရောင် တိမ်စိုင်တိမ်လိပ်များသည် ပေါက်ကွဲသံနှင့်အတူ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ အားလုံး၏အကြည့်က ကောင်းကင်ထက်တွင်ရှိနေသော ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ဆီ ချက်ချင်း ရောက်သွားသည်။ တစ်ချက်ကြည့်ရုံဖြင့် သူတို့အားလုံး ထိတ်လန့်ကုန်၏။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က မသေသေးပေ။
ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က ယခုအခေါက်တွင် ပိုမိုစုတ်ပျက်နေပေ၏။ သူ၏ဝမ်းဗိုက် အောက်ပိုင်းက ပေါက်ကွဲသွားတာ သိသာပြီး ကလီစာများကလည်း မထင်မရှားဖြစ်နေပြီး မဲနက်ကုန်တော့သည်။ သူ့တစ်ကိုယ်လုံးက သွေးများဖြင့် လွှမ်းနေပြီး သူ၏အရှိန်အဝါကမူ သနားသဖွယ် ကောင်းလောက်အောင် အားနည်းနေပေ၏။ သူ၏ခန္ဓာကိုယ်ကြီးက ကျန်းရီ၏ တိုက်ကွက်ကြောင့် လွင့်ထွက်သွားပြီး ခန္ဓာကိုယ်ထဲမှ သွေးများစီးကျလာကာ သူ့ကို သွေးမြူအဖြစ် ပြောင်းလဲသွားစေပြီး လေထဲဖြတ်သန်းသွားတော့၏။
ဝေါင်း
သူကလေထဲ၌ တက်နေပြီး သူ့ခန္ဓာကိုယ်တစ်ဝိုက်ရှိ အရှိန်အဝါတို့က အားလျော့သွားတော့သည်။ ပြီးနောက် ပုံရိပ်ယောင်တစ်ခုအဖြစ် အသွင်ပြောင်းလဲပြီးနောက် အနောက်အရပ်ဆီသို့ ထွက်ပြေးသွားတော့သည်။ သို့သော် သူ၏အရှိန်က အင်မတန်နှေးနေရာ ချင်ယွီက အလွယ်တကူ လိုက်နိုင်ပေ၏။
“ထွက်ပြေးဖို့ ကြိုးစားတာလား”
ဖုန်းလန်က လှမ်းပစ်လိုက်သည်။ ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်က သေခါနီးပြီဖြစ်သည်။ သူမသည် သူ့ကို မည်ကဲ့သို့ ထွက်ပြေးခွင့် ပြုမည်နည်း။ သူမ၏အမှောင် တာအိုပုံစံက ထွက်ပြေးသွားသောရန်သူကို လုပ်ကြံသတ်ဖြတ်ရန်အတွက် အကောင်းဆုံးဖြစ်ရာ တစ်ဖက်လူကို အလွယ်တကူ သတ်ဖြတ်စေခွင့်ပေးသည်။
ဟူး ဟူး
ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်နှင့် ဖုန်းလန်တို့က အနက်ရောင် အစက်များအဖြစ် အသွင်ပြောင်းလဲသွားချိန်တွင် မြို့ထဲရှိလူတိုင်းက သက်ပြင်းချလိုက်၏။ သက်ပြင်းမချနိုင်သည့် လူကလည်း များပေသည်။ သူတို့က အအေးဒဏ်ကြောင့် သေဆုံးသွားကြသော ခဲကုန်သည့် အဆင့်နိမ့် စစ်သည်ရဲမက် တစ်သောင်းကျော်ရှိသည်။ လူတိုင်းက ပျက်စီးနေသော အဆောက်အဦးများဖြင့် ပြည့်နေသော မြို့ပျက်ကိုကြည့်ပြီး သူတို့က တိုက်ပွဲ၏ အကြွင်းအကျန်များ ဖြစ်နေကြောင်း သိလိုက်ရသည်။ နှမြောတသဖြစ်မှုကို ခံစားနေရ၏။
သိုင်းအဖွဲ့အစည်းမှ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး ရုတ်တရက် မပေါ်ပေါက်ခဲ့လျှင် သို့မဟုတ် အကြီးအကဲကုက အသက်ကို စွန့်စားပြီး ခြင်္သေ့ချီကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့လျှင် ဖုန်းလန်၊ ကျန်းရီနှင့် ချင်ယွီတို့က သင့်တော်စွာ မတိုက်ခိုက်ခဲ့လျှင် ယနေ့တိုက်ပွဲ၏ ရလဒ်က သေချာပေါက် မမှန်းဆနိုင်စရာ ဖြစ်ပေလိမ့်မည်။
“နိုင်ပြီ ငါတို့နိုင်ပြီ ဧကရီ သက်တော်ရာကျော် ရှည်ပါစေ”
မည်သူက အော်လိုက်သည် မသိရပေ။ မြို့ထဲရှိ သိုင်းပညာရှင်များက ရယ်မောပြီး တစ်ပြိုင်နက်ထဲ အော်ဟစ်လိုက်ကြ၏။ သူတို့က ချင်းရှန် ကျန်းရီနှင့် ချင်ယွီတို့ကို ကြည့်မိသည့်အချိန်၌ ကိုးကွယ်ဖို့ အသိအမှတ်ပြုမှုတို့ဖြင့် ပြည့်နေလေသည်။
ခြင်္သေ့ချီက ရှုံးနိမ့်သွားခဲ့ပြီဖြစ်ကာ နယ်မြေသည် ဤကဲ့သည့် စမ်းသပ်ပွဲကို ဖြတ်ကျော်ပြီး ရှင်သန်နိုင်ခဲ့သည့် ကျန်းရီနှင့် ကျန်သည့်သူများက နယ်မြေ၏ သူရဲကောင်းများ ဖြစ်လာကြတော့သည်။
“အမ် တစ်ခုခု မှားနေတာလား”
ရုတ်တရက် ချင်းရှန်နှင့် ကျန်းရီတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုသည့် ဆန္ဒတို့ပြည့်နေသောကြောင့် တစ်စုံတစ်ခု လွဲချော်နေပြီဖြစ်မှန်း အားလုံးက သဘောပေါက်သွားကြသည်။
ဘီး
ကျန်းရီ၏မျက်လုံးက သွေးနီရောင် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော ဆန္ဒတို့ ပေါ်ထွက်လာ၏။ ချက်ချင်းပင် တောင်ပိုင်း မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားပြီး ချင်ယွီနှင့် ချင်းရှန်တို့ကိုပါ ကျော်လျက် ဆန့်တန်းသွား၏။ တစ်ချိန်ထဲတွင် ချင်းရှန်ဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားပြီးနောက် မီးနဂါးဓားကို ပိုင်းဖြတ်လျက် မီးနဂါးနှစ်ကောင်နှင့် တစ္ဆေမီးလျှံတို့ပါ ပါလာကာ လေထဲတွင်ရှိသော ချင်းရှန်ကို တိုက်ခိုက်လိုက်သည်။
“ကျန်းရီ နင်ဘာလုပ်နေတာလဲ လက်ကိုဖယ်ထားလိုက် မဟုတ်ရင် ဧကရီပြန်လာတာနဲ့ ဆိုးဝါးတဲ့ အဆုံးသတ်ကို သေချာပေါက် ရင်ဆိုင်ရမယ်”
ထူးဆန်းသည့် အရာကမူ ချင်ယွီရုတ်တရက် အော်လိုက်သည့် အချိန်တွင် သူမက ကျန်းရီနှင့် ဝေးကွာနေတာပဲဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းဆန္ဒ ဖိနှိပ်ခြင်းက အမှန်တကယ် အသုံးမဝင်ခဲ့ပေ။ ထို့အပြင် ကျန်းရီလှုပ်ရှားသည့်အချိန်မှ အော်သံထွက်လာတာပဲ ဖြစ်သည်။
လူတိုင်း၏အကြည့်က ကျန်းရီဆီ ရောက်နေတော့သည်။ မရေမတွက်နိုင်သည့် ပုံရိပ်များကလည်း မြို့ထဲမှ ပေါ်ထွက်လာပြီး အော်ဟစ်လိုက်တော့၏။
“ကျန်းရီ မင်းငါတို့ ခန်းမသခင်ကို သတ်ရဲရင် ဒီနေ့ သေချာပေါက် သေရမယ်၊ ဧကရီက မင်းကို ဘယ်တော့မှ လွှတ်ပေးမှာမဟုတ်ဘူး”
ဖောင်း ဖောင်း ဖောင်း
သို့သော် သူတို့မြို့ရိုးပေါ်မှ ပြန်ထွက်လာသည့်အချိန်တွင် သတ်ဖြတ်ခြင်းဆန္ဒမှ ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှုက သူတို့အားလုံးကို နောက်သို့ လွင့်ထွက်သွားစေ၏။ သူတို့သတ်ဖြတ်ခြင်းဆန္ဒသည် ပိုမိုအစွမ်းထက်လေပြီ။ သိုင်းခန်းမမှ အကြီးအကဲများသည် ဗာဂျရာနယ်ပယ်၏ ခွန်အားသာ ပိုင်ဆိုင်ထားကြ၏။ သူတို့မည်ကဲ့သို့ ခုခံနိုင်မည်နည်း။
ဝှစ်
ချင်းရှန်က ထိုးဖောက်ခံလိုက်ရပြီး လျင်မြန်စွာ ပြိုလဲကျသွားတော့သည်။ သို့သော် ဝင်လာသည့် တစ္ဆေမီးလျှံများကို ရှောင်တိမ်းရန်အတွက် ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးသည်။ ကောင်းကင်ကံကြမ္မာ မဟာအစီအရင်၏ အားဖြည့်ပေးမှုအောက်တွင် သူက ဘုံကိုးဘုံး ကြယ်စွမ်းအင်အချို့ ရထားသောကြောင့် အချိန်အတိုင်းအတာ တစ်ခုအတွက် သူကကောင်းကင် ဧကရာဇ်အဆင့်သို့ ရောက်စေမှာပဲဖြစ်သည်။
ပြဿနာက သူသည် အစောပိုင်းက တိုက်ပွဲ၌ ကြယ်စွမ်းအင်များအားလုံးကို အသုံးပြုခဲ့တာဖြစ်သည်။ ထို့ကြောင့် သူ၏လက်ရှိခွန်အားသည် ကောင်းကင်ဧကရာဇ်နယ်ပယ် ရောက်ရုံမျှသာရှိပြီး သတ်ဖြတ်ခြင်းဆန္ဒကလည်း သူ့ကိုလွှမ်းမိုးထားလေ၏။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူပိုမို အားနည်းလာမှာပဲဖြစ်သည်။ ဆိုရလျှင် ကောင်းကင်ကံကြမ္မာ မဟာအစီအရင်က အချိန်တိုအတွင်းသာ အသုံးပြု၍ ရတာဖြစ်သည်။ သူက ကျန်းရီ ဆက်တိုက်တိုက်ခိုက်တာ ခံနေရလျှင် သူကမည်မျှ ကြာရှည်ခံမည်နည်း။
ချီ ချီ
ကျန်းရီက ချင်ယွီနှင့် သိုင်းအဖွဲ့အစည်းမှ သတိပေးသံများကို လျစ်လျူရှု့ထားပြီးနောက် သူ၏သိုင်းစွမ်းရည်များကို ထုတ်ဖော်လိုက်၏။ တစ္ဆေမီးလျှံ သမုဒ္ဒရာက ချင်းရှန်ကို အားအင်ကုန်ခမ်းစေကာ သူ့အဖို့ ထွက်ပြေးလွတ်မြောက်ရန် မဖြစ်နိုင်တော့ချေ။
“ကျန်းရီ ရာရာစစ နယ်မြေက ခန်းမသခင်ချင်းကို အကြွေးတင်နေတာ ဒါတောင် မင်းက သူ့ကိုသတ်ရဲတယ်ပေါ့ ဧကရီပြန်လာတာနဲ့ သူကမင်းကို သေချာပေါက် သတ်မှာပဲ”
“ကျန်းရီ ဧကရီက နင့်ကို ချစ်မြတ်နိုးတာကြောင့် နင်ကြိုက်သလို လုပ်လို့ရမယ်လို့ မထင်နဲ့၊ ရိုးရိုးသားသား ပြောရရင် နင်ကကစားစရာလေးပဲ ဧကရီက နင့်ကြောင့် ဂရုစိုက်မယ်လို့ ထင်နေလား ခန်းမသခင်ချင်းကို သတ်ရဲရင် နင့်ကိုဘယ်သူမှ ကယ်မှာမဟုတ်ဘူး”
“ကျန်းရီ ခန်းမသခင်ချင်းကြောင့်သာ မဟုတ်ရင် ငါတို့တွေ ခြင်္သေ့ချီကို ဘယ်တော့မှ သတ်နိုင်မှာမဟုတ်ဘူး ကျေးဇူးကန်းတဲ့ မျိုးမစစ်”
ချင်ယွီ၏ နုနယ်သောအသံက ဆက်လက်ပေါ်ထွက်နေ၏။ ထိုစဉ် ကျန်းရီကို လေးစားခဲ့ကြသော စစ်သည်ရဲမက်နှင့် ကျွမ်းကျင်သူများက သူ့ကိုဒေါသတကြီး ကြည့်နေကြသည်။ ကံဆိုးသည်မှာ ကျန်းရီအနား မီတာတစ်ရာတောင် မကပ်နိုင်ချေ။ သူ့ကို တိုက်ခိုက်ဖို့ဆိုရင် ပိုတောင် မဖြစ်နိုင်ချေ။ သူတို့က ခန်းမသခင်ချင်းကို ကျန်းရီဆက်လက် တိုက်ခိုက်တာကိုသာ ကြည့်နေရ၏။
“အား”
နောက်ဆုံးတွင် အချိန်ကုန်လာသည်နှင့်အမျှ ကောင်းကင်ကံကြမ္မာ မဟာအစီအရင်ထံမှ ခွန်အားတို့ ရရှိထားသည့် ချင်းရှန်သည် ဆက်လက်အားလျော့လာ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ အရှိန်အဝါတို့က ပိုမိုမှေးမှိန်လာကာ အရှိန်ကလည်း ပိုနှေးလာတော့သည်။ နောက်ဆုံးတွင်သူက ကျန်းရီထံမှ တိုက်ကွက်ကို မရှောင်နိုင်တော့ဘဲ တစ္ဆေမီးလျှံဖြင့် တိုက်ခိုက်ခံလိုက်ရပြီး သူ၏အဝတ်အစားနှင့် မုတ်ဆိတ်တို့ ချက်ချင်းမီးစွဲသွားကုန်၏။ ပြီးနောက် ကျန်းရီထုတ်လွှတ်လိုက်သည့် မီးနဂါး အကောင်ရေတစ်ထောင် ထိုးနှက်တာခံရပြီး သူပေါက်ကွဲသွားတော့သည်။
ဝှစ်
ကျန်းရီက မြေပြင်ပေါ် ပေါ့ပေါ့ပါးပါး ဆင်းသက်လိုက်ပြီးနောက် ပျံသန်းနေသော ငန်းတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားကာ မြို့အပြင်သို့ ထွက်သွားတော့သည်။ ကျန်းရီကို ဒေါသထွက်နေကြသည့် သိုင်းအဖွဲ့အစည်း၏ အကြီးအကဲများက မလှုပ်မရှားနိုင် ဖြစ်နေကြရာ စကားပြောဖို့ဆိုလျှင် ဝေလာဝေးပင်။
“ကျန်းရီရပ်လိုက်”
ချင်ယွီက ဒေါသကြောင့် ရူးသွပ်သွားပုံရပြီး သူမအော်ပြောလိုက်သည်။ သို့သော် ကျန်းရီက မီးနဂါးဓားကို ဆက်လက်ကြမ်းတမ်းစွာ ဝှေ့ယမ်းနေ၏။ သူ၏ဓားက သိုင်းအဖွဲ့အစည်း၏ အကြီးအကဲများနှင့် စစ်သည်တော် ရဲမက်များ၏ လည်ပင်းဆီသို့ ဖြတ်သွားကာ လူ့ခေါင်းများကို တစ်ခေါင်းပြီးတစ်ခေါင်း လွင့်ထွက်သွားစေတော့သည်။
“သစ္စာဖောက်တဲ့ခွေး မရပ်သေးဘူးလား”
ထိုစဉ် အနောက်ဘက် ကောင်းကင်မှ အော်သံတစ်သံ ပေါ်ထွက်လာတော့၏။ ယင်းက သိုင်းအဖွဲ့အစည်း အကြီးအကဲနှစ်ဦးကို စိတ်လှုပ်ရှားသွားစေပြီး ကျန်းရီက မျက်နှာထား ပြောင်းလဲသွားသည်။ ထိုအကြီးအကဲနှစ်ဦးကို သူသတ်ဖြတ်၍ မရတော့မှန်း သိလိုက်၏။ ထို့ကြောင့် အဖြူရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီးနောက် ချက်ချင်း နေရာရွှေ့ပြောင်းတော့သည်။
ဟူး ဟူး
သိုင်းအဖွဲ့အစည်းမှ အကြီးအကဲနှစ်ဦးသည် အသက်ရှုထုတ်လိုက်ပြီးနောက် သူတို့မျက်နှာပေါ်ရှိ ချွေးစေးများကို သုတ်လိုက်သည်။ ဖုန်းလန်ရောက်လာသည့် အချိန်တွင် သူတို့နှစ်ဦးက ချက်ချင်းပင် ဒူးထောက်ပြီးနောက် မခံမရပ်နိုင်ဖြစ်သည့် အမူအရာဖြင့် ဒေါသတကြီး အော်ဟစ်ပြောဆိုကြတော့သည်။
“ဧကရီ ခန်းမသခင်နဲ့ ကျွန်တော်တို့ အကြီးအကဲတွေက အဲဒီသစ္စာဖောက်သတ်တာ ခံလိုက်ရပါတယ် ကျွန်တော်တို့အတွက် လက်စားချေပေးဖို့ တောင်းဆိုပါရစေ”
“ဟမ့်”
ဖုန်းလန်၏ မျက်နှာထက်တွင် အေးစက်မှုများ ပြည့်နေလျက် သတ်ဖြတ်ခြင်းဆန္ဒတို့ ပေါ်ထွက်လာပြီး သူကအားလုံးကို ကြည့်ပြီးနောက် ပြန်ပြောလိုက်၏။
“သိုင်းအဖွဲ့အစည်း အကြီးအကဲတွေ စိတ်အေးအေးထား ခြင်္သေ့ချီက ခေါင်းဖြတ်ခံလိုက်ရပြီးပြီ ဒီတစ်ခေါက် သိုင်းအဖွဲ့အစည်းက အကျိုးဆောင်ခဲ့တယ် ခန်းမသခင်ချင်းက သူရဲကောင်းတစ်ယောက်ပဲ သူက အာဇာနည်ဗိမ္မာန်ထဲဝင်ပြီး လူပေါင်းထောင်ချီရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံသင့်တယ် ဒီအဖြစ်အပျက် ပြီးသွားတာနဲ့ သူ့ရဲ့အကျိုးဆောင်မှုအတွက် ဆုချီးမြင့်ခံရမယ် ချင်ယွီ အဲ့ဒီသစ္စာဖောက် ကျန်းရီနောက်ကိုလိုက်ဖို့ ငါ့နောက်ကလိုက်ခဲ့ သူ့ခေါင်းကို ပြန်ယူလာပြီး ခန်းမသခင်ချင်းကို ပေးကြမယ်”
“နားလည်ပါပြီ”
ချင်ယွီက ပြောပြီး ဖုန်းလန် နောက်လိုက်သွားကာ သူတို့က လျှပ်ပြက်သည့်အရှိန်ဖြင့် အရှေ့အရပ်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ ဖုန်းလန်က မလှမ်းမကမ်းသို့ ရောက်သည့်အချိန်၌သူက စာပို့လိုက်၏။ မြို့ထဲက ရန်သူတပ်ဖွဲ့တွေကိုရှင်းပြီး ကျန်တဲ့ရေသူမျိုးနွယ်စုကို ရှင်းထားလိုက်။
စစ်ပွဲက ပြီးဆုံးသွားပြီဖြစ်ကာ ဖီးနစ်အော်သံနယ်မြေက အပြည့်အဝ အောင်ပွဲကို ဖမ်းဆုပ်နိုင်ခဲ့ပြီဖြစ်သည်။
သတင်းစကား ပေးပို့ပြီးနောက် နယ်မြေတစ်ခုလုံး စိတ်လှုပ်ရှားသွားတော့သည်။ အိမ်တိုင်းအိမ်တိုင်းက မီးအိမ်များဖြင့် အလှဆင်လျက် မရေမတွက်နိုင်သည့် မြို့ပေါင်းများစွာက သူတို့အောင်ပွဲကို ကျင်းပရန်အတွက် စားသောက်ပွဲများ ကျင်းပကြတော့သည်။ အနောက်ဘက် မြို့များရှိ ရှင်းလင်းသည့် လုပ်ဆောင်ချက်က အဟန့်အတားလည်း မရှိပေ။ ယခုအခေါက်တွင် ရေသူမျိုးနွယ်စု တစ်ဝက်ကျော်က နယ်မြေကို တိုက်ခိုက်ခဲ့တာပဲဖြစ်သည်။ ရေသူမျိုးနွယ်စုသည် အနည်းဆုံး နှစ်တစ်သောင်းကြာသည်အထိ သူတို့ကို ထပ်မံတိုက်ခိုက်လာရန် အရင်းအမြစ် မရှိတော့ဟု တွက်ချက်ရသည်။ နှစ်ပေါင်းတစ်သောင်းကျော်ကြာ နယ်မြေကို ခြိန်းခြောက်နေသည့် အန္တရာယ်သည် နောက်ဆုံးတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူလူအများ မသက်မသာ ခံစားရသည့် တစ်ခုတည်းသော အရာက သူတို့၏ဧကရီသည် သစ္စာဖောက်ကျန်းရီနောက် လဝက်ခန့် လိုက်ပြီးသည့်တိုင် သူ့ကိုမသတ်ဖြတ်နိုင်သေးတာပဲဖြစ်သည်။ နောက်ဆုံးတွင် ကျန်းရီက သွေးညအကြောက်တရား ပင်လယ်၏ အရှေ့ဘက်ခြမ်းဆီသို့ ထွက်ပြေးနိုင်ခဲ့သည်။
ဧကရာဇ်ဖုန်းလန်က ဒေါသထွက်ပြီး အရှေ့ပိုင်းမြို့များဆီသို့ ပျံသန်းသွားကာ ယင်းကသူမအတွက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်ဟု ခံစားမိသည်။ သူမကနောက်တွင် နေရစ်ပြီး ဖုန်းမျိုးနွယ်စုမှ ပညာရှင်များကို နယ်မြေအား ယာယီဦးဆောင်ပေးရန် အမိန့်ပေးထားခဲ့၏။ သူကဒေသသခင်မချင်ယွီကို ခေါ်လျက် သွေးညအကြောက်တရား ပင်လယ်ဆီသို့ သွားလိုက်တော့သည်။ ကျန်းရီကို မသတ်ရသေးသ၍ သူမဘယ်တော့မှ ပြန်ဆုတ်လာမှာ မဟုတ်ဟူ၍လည်း ကြေညာခဲ့သည်။
***