အခန်း (၃၆၉)
Vol. 27 Ch. 369
ဂျန်ဖန်းဆီ၌ သနားစရာကောင်းစွာရှုံးနိမ့်ခဲ့၍ ဟွာရှန်ချန်း ဘယ်လိုမျက်နှာနှင့် သူ့ရှေ့ပေါ်လာရဲမည်နည်း။
အရှက်မကွဲဖို့ ဝေးဝေးမှရှောင်မည်ဖြစ်သည်။
အာ...
လင်းယုဟွမ်အနားမှာရှိနေ၍ ဂျန်ဖန်းရေရွတ်လိုက်တာကို ရှင်းရှင်းလင်းလင်းကြား၏။
သူမ မနေနိုင်ပဲ ကြောင်သွား၏။
"ဟွာရှန်းချန်းက မင်းကို ဘာလို့ရှောင်ရမှာလဲ...."
"သူ မင်းကို ပြဿနာမရှာရင်ကို ကောင်းနေပြီး။ ဘာလို့ မင်းကို ရှောင်ရမှာလဲ..."
ပြောနေရင်းဖြင့် လင်ယုဟွမ် ဆက်မပြောတော့ပေ။
အတော်လေးအဓိပ္ပာယ်မရှိသည့်အတွေးတစ်ခု သူမစိတ်ထဲမှာ ပေါ်လာခဲ့သည်။
"ကောင်လေး, မြင့်မြတ်ဂိုဏ်းတပည့်ပြိုင်ပွဲမှာ ဟွာရှန်းချန်ရှိနေခဲ့တာလား...."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်, သူရှိနေခဲ့တယ်...."
ဂလု...
လင်ယုဟွမ် ဆံထွေးမျိုချလိုက်၏။
"ဒါဆို, မင်း မြင့်မြတ်ဂိုဏ်းပါရမီရှင်တွေကို ဆက်တိုက်အနိုင်ယူတော့ သူစင်ပေါ်တက်မလာဘူးလား...."
ဂျန်ဖန်း ပြောလိုက်သည်။
"သူလုပ်ခဲ့တယ်..."
ဘန်း! ဘန်း!
လင်ယုဟွမ်နှလုံးသား ခုန်ပေါက်သွား၏။
"ဒါဆို မင်းတို့နှစ်ယောက် တိုက်ခိုက်ခဲ့လား...."
ဂျန်ဖန်း နောက်တစ်ကြိမ်ခေါင်းညိတ်လိုက်သည်။
"တိုက်ခိုက်ခဲ့ပါတယ်။ အဲ့တိုက်ပွဲက အတော်လေးပြင်းထန်ခဲ့တယ်...."
ဟစ်...
ဤတစ်ချိန်...
ရှိနေသည့်လူတိုင်း မျက်လုံးတွေပြူးကျယ်သွားကြသည်။
ဂျန်ဖန်းတကယ်ပဲ မြင့်မြတ်ဂိုဏ်းချုပ်၏ တပည့်ကြီး အမြုတေဖွဲ့စည်းခြင်းကျွမ်းကျင်သူ ဟွာရှန်ချန်နှင့် တိုက်ခိုက်ခဲ့သည်။
လျိုဝူချန်း ပင့်သက်ရှိုက်လိုက်သည်။
သူက ဂျန်ဖန်းကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေခဲ့သည်။
ဤအခိုက်အတန့်၌ လင်းယုဟွမ် ဂျန်ဖန်းကို အမြင်သစ်ဖြင့်ကြည့်နေတာကိုမပြောနှင့်....
ဆရာတစ်ယောက်အနေဖြင့် သူတောင်မှ အတော်လေးမရင်းနှီးသလိုဖြစ်သွား၏။
ဤအရာက တကယ်ပဲ သူ့တပည့်လား?
ဝမ်ဟုန်ယောင် သစ္ဆေသရဲတစ်ကောင်ကိုကြည့်နေသလို ကြည့်နေခဲ့သည်။
"ဘုရားရေ..."
"ဂျန်ဖန်း ဘယ်အချိန်က အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တိုက်ခိုက်နိုင်တဲ့အထိ ကြီးထွားလာတာလဲ...."
လီချင်ဖုန်း မျက်လုံးတွေ ဖောင်းကားလာခဲ့သည်။
"အမြုတေဖွဲ့စည်းခြင်းအဆင့်? ဒါ... ရှုံးရင်တောင် အံ့အားသင့်ဖို့ကောင်းနေပြီ..."
လင်ယုဟွမ် ဂျန်ဖန်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။
"ရလဒ်ကဘယ်လိုလဲ..."
အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်ကြားရှိကွာခြားချက်က ကောင်းကင်နှင့်မြေကြီးလိုပင်။
စိတ်ဝိညာဥ်စွမ်းအင်ကွာခြားမှုက အဆများစွာကွာခြား၏။
သူတို့နှစ်ယောက်ကြားရှိကျင့်ကြံရေးနည်းစနစ်တွေကွာခြားတာကိုမပြောလိုသေးပေ။ စိတ်ဝိညာဥ်စွမ်းအင်တစ်ခုတည်းနှင့်ပင် အမြုတေဖွဲ့စည်းခြင်းအဆင့်က အခြေခံတည်ဆောက်ခြင်းအဆင့်ကို အသာအယာခြေမွပစ်နိုင်၏။
အသာစီးရဖို့ကခက်ခဲလွန်းပြီး ဂျန်ဖန်းအနိုင်ရဖို့က မဖြစ်နိုင်ပေ။
ထို့ကြောင့် သူမ၌မျှော်လင့်ချက်အနည်းငယ်သာရှိပြီး အများကြီးမျှော်လင့်မထားပေ။
သို့ပေမယ့်....
ဂျန်ဖန်းစကားက နေသာသည့်နေ့မှာ မိုးကြိုးပစ်လိုက်သကဲ့သို့ သူမစိတ်ကို ဟာလာဟင်းလင်းဖြစ်သွားစေခဲ့သည်။
"ဒါပေါ့, ကျွန်တော်နိုင်သွားတယ်..."
ထိုစကားခြောက်လုံးက မိုးကြိုးပစ်လိုက်သကဲ့သို့ သူမမျက်လုံးတွေကို အာရုံမစိုက်နိုင်ဖြစ်သွားစေ၏။
ဂျန်ဖန်းက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို တိုက်ခိုက်နိုင်ရုံသာမက အနိုင်ပါရခဲ့သည်?
လျိုဝူချန်းလည်း သူ့ဦးနှောက်တွေပူထူလာသလိုခံစားရပြီး အထစ်ထစ်အငေါ့ငေါ့မေးလိုက်သည်။
"မင်း... မင်း မြင့်မြတ်ဂိုဏ်းတပည့်ကြီးကို အနိုင်ယူခဲ့တယ်..."
ဝမ်ဟုန်ယောင်လည်း မှိန်မောသည့်အမူအရာဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး, ဘယ်လိုလုပ် နင် အနိုင်ရနိုင်မှာလဲ...."
"သူက ဟွာရှန်ချန်လေ။ မြင့်မြတ်ဂိုဏ်းရဲ့ပါရမီရှင်တပည့်လေ...."
လီချင်ဖုန်းနှင့် အကြီးအကဲများစွာလည်း မယုံနိုင်ဖြစ်သွားကြ၏။
ဂျန်ဖန်း လီရှီချန်းကို အနိုင်ယူနိုင်တာကတင် မယုံနိုင်လောက်အောင် အံ့သြသင့်ဖို့ကောင်းနေပြီဖြစ်သည်။
သို့ပေမယ့် ဂျန်ဖန်း မြင့်မြတ်ဂိုဏ်းတပည့်ကြီးကို အနိုင်ယူခဲ့တယ်ပြောသည့်အခါ...
မည်သူမှ ထိုအရာကို လက်မခံနိုင်ဖြစ်သွားကြ၏။
လင်းယုဟွမ်းတောင် အသိပြန်ဝင်လာပြီးနောက် သံသယအမူအရာအပြည့်ပြသလာ၏။
"ဒါ ငါမင်းကို သံသယဝင်ချင်လို့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရလဒ်က နည်းနည်းတုန်လှုပ်ဖို့ကောင်းလွန်းတယ်...."
"ငါ မင်းရုပ်ခန္ဓာကို စမ်းသပ်လို့ရမလား..."
အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရုပ်ခန္ဓာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အနိုင်ရခဲ့သည်လား?
ဟွာရှန်းချန်ငြိမ်ပြီးရပ်နေလျှင်တောင် ဂျန်ဖန်း အနိုင်မရနိုင်ပေ။
ဂျန်ဖန်းပြောလိုက်သည်။
"ဒါက လိုအပ်လို့လား..."
ယခုချိန် သူ့ရုပ်ခန္ဓာက မြင့်မြတ်ဂိုဏ်းတုန်းကနှင့်ယှဥ်လျှင် အတော်လေး ပြောင်းလဲသွားပြီဖြစ်သည်။
၎င်းက အချိန်အတော်ကြာကတည်းက စမ်းသပ်လို့မရတော့ပေ။
သိုပေမယ့် လျိုဝူချန် အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည်။
"စမ်းသပ်တာပဲ, ဘာလို့မရရမှာလဲ...."
သူလည်း သူ့တပည့်ရုပ်ခန္ဓာဘယ်လောက်သန်မာနေပြီလဲဆိုတာ သိချင်၏။
ဂျန်ဖန်း မျက်မှောင်ကြုတ်လိုက်သည်။
သူ၏တွန့်ဆုတ်သည့်အမူအရာကိုမြင်တော့ လင်ယုဟွမ် ပြောလိုက်သည်။
"စိတ်မလှုပ်ရှားပါနဲ့...."
"ငါ ချင်းစုကို စမ်းသပ်ခိုင်းမှာပါ...."
"သူမ အလွန်နူးညံ့သိမ်မွေ့တဲ့ မိန်းခလေးတစ်ယောက်ပါ...."
"မင်းစိုးရိမ်နေသေးရင် သူမကိုရပ်နေခိုင်ပြီး မင်းကို တိုက်ခိုက်ခိုင်းမယ်လေ..."
ဟမ်?...
ရမ်ချင်းစု ထိတ်လန့်သွား၏။
"ဆရာ, နင်တပည့်ပြောင်းချင်နေတယ်ဆိုရင် ပြောသာပြောလိုက်ပါ..."
ဂျန်ဖန်းဆီမှ တိုက်ခိုက်မှုခံယူရမည်?...
ဘယ်လိုဟာသကြီးနည်း။
သူမ၏ ဂျန်ဖန်းနှင့်တိုက်ပွဲ၌ ဂျန်ဖန်း၏အမျိုးမျိုးသောနည်းလမ်းတွေက အတော်လေးအံ့အားသင့်စေပြီးပြီဖြစ်သည်။
သူ့ရုပ်ခန္ဓာခွန်အားက ဘယ်လိုလုပ်အားနည်းနိုင်မည်နည်း။
သေချာပေါက် အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ လောက်ရိုးရှင်းမည်မဟုတ်ပေ။
တိုက်ရိုက်ပြိုင်ပွဲ၌ သူမက ဤမကောင်းဆိုးဝါးလေး၏ လက်သီးတစ်ချက်ဖြင့် သေသွားနိုင်၏။
ငြိမ်ပြီးရပ်နေတာဆိုရင်တော့ ပြောစရာကိုမလိုတော့ပေ။
ဤအရာက သူမကို သေခိုင်းနေတာပဲ မဟုတ်ဘူးလား?
တပည့်အာခံခြင်း၊ ဤအဆင့်တပည့်အာခံခြင်းက ဘယ်တုန်းကမှအမြင်ဖူးပေ။
လင်ယုဟွမ် ဒေါသတကြီးပြောလိုက်သည်။
"ဒီကိုလာခဲ့..."
ရမ်ချင်းစုမလာရုံမက နောက်ပါဆုတ်သွားခဲ့သည်။
"မလာဘူး, မလာဘူး၊ တပည့် သူနဲ့မတိုက်ဘူး...."
"တပည့်ကိုသတ်ရင်တောင် မလာဘူး...."
သူမဆရာကိုဒေါသထွက်စေခြင်းနှင့် သေတဲ့အထိရိုက်နှက်ခံရခြင်း။
သူမ ရှေ့တစ်ခုကိုပဲ မတွေဝေပဲ ရွေးမည်ဖြစ်သည်။
လင်းယုဟွမ် ဒေါသထွက်လွန်း၍ မျက်နှာအစိမ်းရောင်ပြောင်းသွားခဲ့သည်။
သူမ၏အဖိုးတန်တပည့်က တကယ်ပဲ ဂျန်ဖန်းနှင့် မယှဥ်ပြိုင်ရဲဘူးတဲ့လား?
သူမမျက်နှာပျက်ခံနိုင်ပေမယ့် ဆရာတစ်ယောက်အနေဖြင့် သူမ မျက်နှာရဖို့လို၏။
"နင်.... နင်အသုံးမကျတဲ့တပည့်...."
လင်ယုဟွမ် လုံးဝကို ရစရာမျက်နှာမရှိတော့ပေ။
"ပြန်ပြီး နင့်အမှားကို တစ်နှစ်ဆင်ခြင်သုံးသပ်နေ..."
"မဟုတ်ဘူး, သုံးနှစ် ဆင်ခြင်သုံးသပ်နေ..."
သူမက ဒေါသထွက်လွန်း၍ ခေါင်းမှအငွေ့တွေထွက်လုနီးပါးပင်။
ထို့နောက် ဂျန်ဖန်းကို ရှက်ရွံ့သည့်မျက်နှာဖြင့်ကြည့်ပြီး ပြောလိုက်သည်။
"ငါကိုယ်တိုင် စမ်းသပ်ပေးရုံပဲတတ်နိုင်တော့တယ်...."
"ငါရပ်နေမှာပါ။ မင်းက ခွန်အားကုန်သုံးပြီး တိုက်ခိုက်...."
"အဲ့လိုဆို ငါ မင်းခွန်အားဘယ်လောက်ရှိလဲ မြင်နိုင်လိမ့်မယ်..."
ဂျန်ဖန်းပါးစပ်တွန့်လိမ်သွား၏။
ဤမြင်ကွင်းက တကယ်ကိုရင်းနှီး၏။
စိတ်ဝိညာဥ်သားရဲဂိုဏ်းချုပ်နှင့် ရမ္မက်ဂိုဏ်းချုပ်တို့ တူညီသည့်အရာမျိုးပြောခဲ့ကြ၏။
သူ မငြင်းနိုင်တော့တာမြင်တော့.....
အကူအညီမဲ့စွာပဲ ပြောလိုက်သည်။
"ကောင်းပါပြီ, စီနီယာလင်း, ဂရုစိုက်ပါ..."
လင်ယုဟွမ် ရယ်လိုက်သည်။
သူ့၌ တကယ်ပဲ အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ ရုပ်ခန္ဓာရှိလျှင်တောင် ကောင်းကင်ဘုံစက်ယန္ဒယားခန်းမမှ သူမလိုသန်မာသူတစ်ယောက်ကို ထိခိုက်အောင်လုပ်နိုင်မည်လား။
"ခွန်အားကုန်သုံးဖို့ သတိရပါ..."
ဂျန်ဖန်း ခေါင်းညိတ်လိုက်သည်။
သူက ချက်ချင်းပဲ ဆင်နဂါးတိုက်ပွဲခန္ဓာကိုအသက်သွင်းပြီး တစ်ဆက်တည်းဆိုသလိုပဲ ခန္ဓာကိုယ်နည်းစနစ်၏ နောက်ဆုံးကွက်ကို ထုတ်သုံးလိုက်သည်။
"ကောင်းကင်ဖွင့်လှစ်ခြင်း...."
စွမ်းအားတွေနှင့်ပြည့်နှက်နေသည့်လက်သီးတစ်လုံး လင်ယုဟွမ်ပခုံးကို တိုက်ရိုက်ပဲ ထိမှန်သွားခဲ့သည်။
ဒုန်း!
သတ္တုချင်းရိုက်သံတစ်ခု မိန်ဖျော့စွာထွက်ပေါ်လာ၏။
လင်ယုဟွမ်ခန္ဓာကိုယ် အနည်းငယ်ယိမ်းခါသွားပေမယ့် အမူအရာကတော့ ထူးမခြားနားရှိနေဆဲဖြစ်သည်။
သူမမျက်လုံးတွေ၌ လက်ခံသည့်အမူအရာတွေပြသလာ၏။
"မဆိုးပါဘူး, မဆိုးပါဘူး, တကယ်ကို အမြုတေဖွဲ့စည်းခြင်းအဆင့် ၁ ပဲ..."
"မင်း ဟွာရှန်ချန်ကို အနိုင်ရခဲ့တာ မအံ့သြတော့ပါဘူး...."
"ငါ မင်းကို ယုံတယ်..."
ထို့နောက် သူမက လျိုဝူချန်းဆီ နောက်တစ်ကြိမ်လက်ချင်းယှက်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်, နင့်တပည့်ရဲ့ခန္ဓာသန့်စင်ပါရမီက တကယ် မနာလိုစရာပဲ...."
"တစ်နေ့နေ့တစ်ချိန်ချိန် သူကောင်းကင်ဘုံစက်ယန္ဒယားခန်းမကကိုလာရင် ငါ သူ့ကို ခန္ဓာသန့်စင်အကြီးအကဲအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါ့မယ်..."
"အခုတော့, ကိစ္စတွေလည်းပြီးသွားပြီဆိုတော့ နင်တို့ကို နောက်ထပ်မနှောက်ယှက်တော့ပါဘူး...."
"ချင်းစု, သွားစို့...."
ပြောပြီးနောက် သူမက လက်နောက်ပစ်ပြီး တောင်အောက်ဆင်းသွားခဲ့သည်။
လျိုဝူချန်း သူမထွက်သွားတာကို ထူးခြားသည့်အမူအရာဖြင့် ကြည့်နေပြီး ရေရွတ်လိုက်သည်။
"သူမ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ...."
"ပြီးတော့ အရမ်းအလျှင်လိုလွန်းတယ်...."
သူက သူမကို စားသောက်ပွဲကြီးဖြင့် ဧည့်ခံချင်သေး၏။
သို့ပေမယ့် ယခုချိန်မှာအရေးကြီးဆုံးကိစ္စက ဂျန်ဖန်းဖြစ်၏။
သူက စိတ်လှုပ်ရှားမှုတွေဖြင့် ပြည့်နှက်နေ၏။
"မင်းတကယ် ဟွာရှန်ချန်ကို အနိုင်ရခဲ့တာလား...."
"မအံ့သြတော့ပါဘူး, မအံ့သြတော့ပါဘူး...."
"ဒါက မြင့်မြတ်ဂိုဏ်းချုပ်တိုင်တန်းရတဲ့ တကယ့်အကြောင်းပြချက်ကိုး...."
"မင်း သူ့ကို အတော်လေးမျက်နှာပျက်အောင်လုပ်ခဲ့တာပဲ...."
"ဟ...ဟ..ဟ.."
ဝမ်ဟုန်ယောင် မနေနိုင်ပဲ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။
"မြင့်မြတ်ဂိုဏ်းချုပ်က ကြင်နာလွန်းတယ်ပြောရမယ်...."
"ငါသာဆို ဂိုဏ်းတစ်ခုလုံးကပါရမီရှင်တွေကို ပြင်ပဂိုဏ်းတပည့်တစ်ယောက်ကအနိုင်ယူသွားရင် မြင့်မြတ်ဂိုဏ်းကနေ ထွက်သွားခွင့်ပြုမှာမဟုတ်ဘူး...."
လီချင်ဖုန်း ရယ်ရမလို ငိုရမလိုဖြစ်သွား၏။
"ငါတို့မြင့်မြတ်ဂိုဏ်းချုပ်ကို အထင်မှားခဲ့ကြတာပဲ...."
"အစကထင်ခဲ့တာ ဘာမဟုတ်တဲ့ကိစ္စလေးကို ဇာချဲ့နေတယ်ပေါ့။ မမျှော်လင့်ပဲ သူ အတော်လေးခံစားခဲ့ရတာပဲ...."
"ငါသာဆိုရင် တိုင်တန်းစာတစ်စောင်ရေးရုံနဲ့ရမှာမဟုတ်ဘူး။ အနည်းဆုံး အစောင် ၁၀၀ လောက်ရေးပစ်မှာ...."
သူတို့၏ ပျော်ရွင်မှုနေသည့်လေထုကိုခံစားမိသည့်အခါ....
ဂျန်ဖန်း မနေနိုင်ပဲ ပြုံးမိသွား၏။
သားရဲလှိုင်းသာ ဂိုဏ်း ၉ ဂိုဏ်းကိုရောက်လာလျှင် ယခုကဲ့သို့ပျော်နိုင်အုန်းမည်လား သိချင်မိ၏။
ထိုအရာကိုတွေးပြီး....
သူက ခွန်အားတိုးမြင့်ဖို့ ပိုလို့တောင် စိတ်အားထက်သန်လာခဲ့သည်။
သူက လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"ဆရာ, တပည့် အကျိုးပြုမှတ်ရဖို့ ဧရာမဂိုဏ်း ရှေ့တန်းကိုသွားချင်ပါတယ်...."
"အကျိုးပြုမှတ်တွေရမှ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက အရင်းအမြစ်တွေနဲ့ လဲလှယ်နိုင်မှာ..."
လျိုဝူချန်း အပြုံးတွေ ပျောက်ကွယ်သွား၏။
သူက ဂျန်ဖန်း၏သွားချင်စိတ်ကိုခံစားမိ၏။
တွန့်ဆုတ်နေသော်လည်း ဂျန်ဖန်းကို ဂိုဏ်းမှာထားတာက သူ့ကိုဆွဲထားရုံသာဖြစ်မည်ဖြစ်သည်။
"ငါ မင်းအတွက် ဧရာမဂိုဏ်း အဆင့် ၁ တာဝန် စီစဥ်ပေးမယ်..."
"မထွက်ခွာခင်, မင်းလိုအပ်တာတစ်ခုခုရှိသေးလား...."
"ငါတတ်နိုင်သလောက် ပြင်ဆင်ပေးမယ်...."
သူလိုအပ်သည့်အရာရှိခဲ့လျှင်...
သဘာဝအတိုင်း ထိုအရာက အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့ပင်။