← Chapters

ကျွန်းစုလေး

Vol. 40 Ch. 554

ကျွန်းစုလေး

Vol. 40 Ch. 554

သွေးညအကြောက်တရား ပင်လယ်ထက်၌ ဧရာမသားရဲတစ်ကောင်သည် ကောင်းကင်ကိုခွင်းလျက် ပျံသန်းနေ၏။ ၎င်း၏ခန္ဓာကိုယ်က နီဝါရောင်ရှိပြီး အရေပြားကမူ ချော်ရည်များ စီးဆင်နေသည်နှင့် တူပေ၏။ သားရဲ၏ဦးချိုနှင့် အမြှီးက မီးလျံများ အလိုအလျှောက် အစုအစည်းလိုက် ပေါ်ပေါက်နေသည့်ပမာ ဆင်တူနေပြီး အလွန်ထူးဆန်းနေတော့သည်။

ထိုဧရာမသားရဲသည် ကြောက်မက်ဖွယ်ကောင်းသည့် ရောင်ဝါတည်ရှိပြီး အမြင့်ဆုံးအဆင့် နတ်ဆိုးဘုရင်ဆိုတာ သိသာပေ၏။ ရေနတ်ဆိုးသားရဲများ အားလုံးက ထိုနတ်ဆိုးဘုရင်ကို မြင်တွေ့သည့်အချိန်တွင် ဝေးဝေးသို့ ရှောင်သွားကြပြီဖြစ်သည်။ ထိုကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဘုရင်၏ ကျယ်ဝန်းသော နောက်ကျောပေါ်၌ လူသုံးဦးရှိ၏။ ဖီးနစ်အော်သံနယ်မြေမှ ပညာရှင်များသာ သူတို့ကို မြင်တွေ့ခဲ့လျှင် သေချာပေါက် အံ့အားသင့်သွားပေလိမ့်မည်။ ထိုသုံးဦးက ကျန်းရီ၊ ဖုန်းလန်၊ ချင်ယွီတို့ ဖြစ်ကြပေ၏။

ကျန်းရီသည် ယာ့ဇီသားရဲ၏ နောက်ကျောပေါ်၌ အေးအေးလူလူမှီပြီး မျက်လုံးမှိတ်ထားကာ အနားယူနေလေသည်။ ဖုန်းလန်နှင့် ချင်ယွီက ဘေးတွင်ဒူးထောက်လျက် သူ၏နောက်ကျောနှင့် ခြေထောက်ကို ညင်သာစွာ နှိပ်နှယ်ပေးနေသည်။ သူတို့နှစ်ဦး၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်၌ မကျေမချမ်းဖြစ်မှုများ ပေါ်မနေဘဲ ထိုအစား လေးစားမှုများသာ ပြည့်နေတော့၏။

တစ်နာရီခန့် ကြာပြီးနောက် ကောင်းကင်က ဖြေးဖြေးချင်း မှောင်လာပြီး ကျန်းရီက မျက်လုံးဖွင့်လာတော့၏။ သူကလက်ဆန့်ထုတ်ပြီးနောက် နတ်ဆိုးသားရဲ၏ခေါင်းကို ခေါက်လိုက်သည်။ ပြီးနောက် ပျင်းရိစွာ ပြောလိုက်တော့၏။

“ယာ့ဇီသားရဲ ညအချိန် ရောက်တော့မယ် ညကုန်ဆုံးဖို့အတွက် ကျွန်းစုလေးတစ်စုရှာအုံး”

ယာ့ဇီသားရဲသည် မျက်လုံးလှန်ကြည့်လိုက်သော်ငြား တစ်ခွန်းမှ မပြောခဲ့ပေ။ အနီးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ပြီး တစ်နေရာသို့ ပျံသန်းသွားပြီးနောက် ကျွန်းငယ်လေးတစ်ကျွန်းကို ရှာတွေ့ကာ အလင်းစီးကြောင်းသဖွယ် သက်ဆင်းလိုက်တော့သည်။

“အမ် ဒီကျွန်းက အတော်ကောင်းတာပဲ ဒီမှာတစ်ညနေရအောင်”

ကျန်းရီသည် ယာ့ဇီသားရဲပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ဖုန်းလန်နှင့် ချင်ယွီတို့ကလည်း ဆင်းလာပြီး ယာ့ဇီသားရဲကမူ စားစရာ ရှာဖွေရန်အတွက် ပင်လယ်ထဲသို့ ရေငုပ်သွားတော့သည်။

ချင်ယွီသည် သူမ၏ အဖြူရောင် လက်စွပ်ထဲမှ တဲသုံးလုံးကိုထုတ်ပြီး အစိမ်းရောင် မြက်ခင်းပေါ်၌ အဖြူရောင် အဝတ်စကို ခင်းလိုက်တော့၏။ ပြီးနောက်သူမက စားပွဲတစ်လုံးကိုတောင် ထုတ်ပြီး သေရည်နှင့် အချိုပွဲအချို့ ပြင်လိုက်တော့သည်။ သူမသည် အင်မတန် အလုပ်များနေသည့် အစေခံမိန်းကလေး တစ်ဦးပမာ ကျန်းရီနှင့် ဖုန်းလန်တို့ကို အပြုံးတစ်ခုဖြင့် ခစားနေလေ၏။ မကျေမချမ်းဖြစ်သည့် အရိပ်အယောင် မရှိပေ။ သူမသည် ဖီးနစ်အော်သံနယ်မြေ၏ ထပ်သီးသိုင်းပညာရှင်များထဲမှ တစ်ဦးဖြစ်သည့်တိုင် မကျေမချမ်းဖြစ်သည့် အရိပ်အယောင် မရှိချေ။

“အမ် ချင်ယွီလေးက အခု ပိုတွေးတတ်လာပြီ”

ကျန်းရီသည် အရှင်သခင် တစ်ပါးသဖွယ် ထိုင်ချပြီးနောက် ဖုန်းလန်ကမူ သေရည်အချို့ ငှဲ့လိုက်သည်။ သူကတစ်ငုံသောက်ပြီးနောက် အနီရောင်အလင်းတို့ဖြင့် ဖြာကျနေသော နေဝင်နေသည့် အချိန်ကို ကြည့်လိုက်သည်။ ပင်လယ်လေပြေလေညှင်းက သူ့ဆီတိုက်ခတ်လာပြီး အမှန်တကယ် စိတ်ကျေနပ်စရာကောင်းသော အတွေ့အကြုံ ဖြစ်ပေ၏။

ဖီးနစ်အော်သံနယ်မြေရှိ အဖြစ်အပျက်များက ပြီးပြည့်စုံသည့် အဆုံးသတ်တစ်ခု ဖြစ်ရပေမည်။

ရေသူနတ်ဆိုးဧကရာဇ် သေဆုံးပြီး ရေသူမျိုးနွယ်စုက တကွဲတပြားဖြစ်ပြီး ဖီးနစ်အော်သံနယ်မြေကို ပြဿနာရှိနေသည့် ဘေးအန္တရာယ်က ယာယီပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သိုင်းအဖွဲ့အစည်းမှ ပညာရှင်များ အားလုံးနီးပါးက အသတ်ခံခဲ့ရပြီး နောက်သို့လိုက်ရန် စွမ်းအင်ကင်းမဲ့နေချေပြီး ဖုန်းလန်နှင့် ချင်ယွီတို့က ကျန်းရီနောက်သို့လိုက်ပြီး နောက်ဆုံး အပြုအမူကလည်း ဉာဏ်ထက်စွာ ပြုမူခဲ့တာပဲဖြစ်သည်။ သိုင်းခန်းမဆောင်က ဤနေရာသို့ ကောင်းကင်ဧကရာဇ် သံတမန်များ ပို့ဆောင်ခဲ့လျှင် သူတို့က ဖီးနစ်အော်သံနယ်မြေပေါ် ဒေါသများ ပုံချရဲတော့မှာ မဟုတ်ပေ။ ကျန်းရီနောက်သို့သာ လိုက်ရန် နည်းလမ်းရှာမှာဖြစ်၏။

ထို့ကြောင့် ဖုန်းလန်နှင့် ချင်ယွီတို့က ကျန်းရီကို အလွန်ကျေးဇူးတင်နေသည်။ သူ့ကြောင့်သာ မဟုတ်လျှင် သူတို့သည် ရေသူနတ်ဆိုး ဧကရာဇ်နှင့် ခြင်္သေ့ချီ နတ်ဆိုးဧကရာဇ်ကို မည်ကဲ့သို့ သတ်ဖြတ်နိုင်မည်နည်း။ နယ်မြေပေါ်ရှိ ခြိန်းခြောက်မှု ပပျောက်သွားသည်နှင့် သူတို့နှစ်ဦးက စိုးရိမ်စရာမရှိတော့ဘဲ ကျန်းရီနောက်လိုက်ကာ အရှေ့ပိုင်း တော်ဝင်နယ်မြေဆီသို့ စိတ်အေးလက်အေးဖြင့် လိုက်ပါနိုင်မှာပဲဖြစ်သည်။

ချင်ယွီသည် ကျန်းရီပြသခဲ့သော ခွန်အားကို အမှန်တကယ် လက်ခံယုံကြည်နေပြီဖြစ်ကာ ဖုန်းလန်က ကျန်းရီ၏ ဝိညာဉ်ကျွန် ဖြစ်လာရခြင်းအတွက် အတိုက်အခံ မလုပ်တော့ပေ။ ကျန်းရီ၌ ထူးဆန်းသော အရည်အချင်းမျိုးစုံရှိပြီး သေစေနိုင်လောက်သော မီးလျံများ သူ၏စိတ်ဝိညာဉ်ထဲရှိ စကားလုံးများ ကြယ်စွမ်းအား စသည်တို့က သူမကို ထိတ်လန့်စေခဲ့သည်။

ကျန်းရီသည် သူတို့ကို သူနှင့်အတူ အတင်းအဓမ္မ ခေါ်ဆောင်သွားနိုင်သော်ငြား သူသည်နေရန် ရွေးချယ်ခဲ့ပြီး ရေသူမျိုးနွယ်ကို ခုခံရန် အခွင့်အရေးတောင် ပေးခဲ့၏။ ပြီးနောက် ရေသူနတ်ဆိုး ဧကရာဇ်နှင့် ခြင်္သေ့ချီ ဧကရာဇ်ကို သတ်ဖြတ်ရန်အတွက် သူကိုယ်တိုင် ကူညီပေးခဲ့သည်။ သူတို့ကသူ့ကို အမှန်တကယ် လေးစားလာကြပြီး အမျိုးသားများအပေါ် ပြောင်းလဲမှုကြီးလည်း ဖြစ်လာတော့၏။ သူတို့သည် ကျန်းရီကို အပြည့်အဝ လက်မခံသေးတာ ဖြစ်နိုင်သော်ငြား အနည်းဆုံးတော့ သူ့ကိုမနှစ်မြို့တာ မရှိတော့ပေ။ သူတို့က ဝိညာဉ်ကျွန်များ ဖြစ်နေပြီဆိုသော အချက်ကို လက်ခံပြီးနေပြီဖြစ်၏။

ဖောက်

ချင်ယွီသည် စီမံခန့်ခွဲမှုများအားလုံး ပြုလုပ်ပြီးနောက် ရေသူမလေးသဖွယ် ပင်လယ်ထဲသို့ ရေငုပ်သွားပြီးနောက် မြန်မြန်ဆန်ဆန်ပင် ပင်လယ်ရေ မျက်နှာပြင်ပေါ်၌ ထပ်မံပေါ်ထွက်လာတော့သည်။ သူမ၏လက်ထဲ၌ ငါးသုံးကောင်ကို ဖမ်းလာသည်။ ယင်းက ညစာအတွက် ကင်ရန်ဆိုတာ သိသာနေပေ၏။

ဘီး

ကျန်းရီ၏မျက်လုံးက လက်သွားပြီး ချင်ယွီ၏ ထူးကဲနုနယ်သော ခန္ဓာကိုယ်ကို စိုက်ကြည့်လိုက်သည်။ ချင်ယွီက အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး လက်ရှိတွင် သူမတစ်ကိုယ်လုံးက စိုရွှဲနေပြီဖြစ်ရာ သူမ၏အဝတ်အစားများကို ဖောက်ထွင်းမြင်နေစေပြီး သူမခန္ဓာကိုယ်နှင့် ကပ်နေစေတော့၏။ ကျန်းရီ၏ စိတ်ကူးများက အရိုင်းဆန်ကုန်တော့သည်။

ချီ ချီ

ချင်ယွီသည် လေထဲသို့ ရောက်သည့်အချိန်တွင် အတွင်းအားကို လှည့်ပတ်ပြီးနောက် သူမ၏အဝတ်အစားကို ခြောက်စေရန် အတွင်းအားကို လှည့်ပတ်လိုက်သည်။ ကျန်းရီ၏ ပြင်းပြတက်မက်သော အကြည့်များကို သတိပြုမိသည့်အချိန်တွင် သူမ၏ ဆွဲဆောင်မှုရှိသော ပါးပြင်က အနီရောင် တိမ်ဆိုင်နှစ်ခုပမာ ရဲသွားပြီးနောက် သူမခေါင်းငုံ့လိုက်ပြီး ကျန်းရီကို မကြည့်ရဲတော့ချေ။

ဘေးတွင်ရပ်နေသော ဖုန်းလန်က ရုတ်တရက် စကားပြောလိုက်ရာ ကျန်းရီ၏ အာရုံစိုက်မှုကို ရသွားတော့သည်။

“သခင်လေး ကျွန်မတို့တွေ ပင်လယ်ထဲ ထွက်လာတာ ငါးရက်လောက် ရှိနေပါပြီ အရှေ့ပိုင်း တော်ဝင်နယ်မြေ သွားဖို့လမ်းကြောင်းကို တွေ့ပြီးပြီလား”

“အွန်း”

ကျန်းရီက သေရည်ကို တစ်ငုံသောက်ပြီးနောက် ရေရွတ်ပြောလိုက်သည်။

သူတို့သည် ပင်လယ်ထဲသို့ ထွက်လာတာ ငါးရက်ရှိပြီဖြစ်သော်ငြား သူလမ်းကြောင်းတစ်ခု မစဉ်းစားရသေးပေ။ သူပိုင်ဆိုင်ထားသည့် မြေပုံက ဖုန်းမျိုးနွယ်စု၏ ဘိုးဘေးများ အကြိမ်ပေါင်းများစွာ အသုံးပြုထားသည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး အလုံခြုံဆုံး လမ်းကြောင်းဆိုတာ မသိသောကြောင့် မဟုတ်ပေ။ ပြဿနာက ထိုလမ်းကြောင်းကို သူအသုံးမပြုရဲတာဘဲဖြစ်သည်။

ဖီးနစ်အော်သံနယ်မြေ၏ အရှေ့ဘက်ခြမ်းက သွေးညအကြောက်တရား ပင်လယ်ဖြစ်ပြီး ထိုအန္တရာယ်များသော ပင်လယ်ဒေသက ကောင်းကင်ကြယ်တာရာ နယ်နိမိတ်တစ်လျှောက် ကျော်ကြားပေ၏။ သူတို့သည် အကြောက်တရား ပင်လယ်ထဲသို့ ခပ်နန့်နန့် သွားမေးလျှင် အစွမ်းထက်သည့် ကောင်းကင်ဧကရာဇ်များတောင် ပျောက်ကွယ်သွားမှာပဲဖြစ်သည်။

သွေးညအကြောက်တရား ပင်လယ် အမည်အတိုင်းပင် ထိုပင်လယ်ဒေသက ညအချိန်တွင် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။

အမှန်တကယ်တွင် ညအချိန်၌ နားနေရန်အတွက် ယာ့ဇီသားရဲကို ကျွန်းတစ်ကျွန်း ရှာခိုင်းလိုက်ရသည့် အကြောင်းအရင်း တစ်ရပ်လည်းဖြစ်သည်။ သွေးညအကြောက်တရား ပင်လယ်က အထီးကျန် အရှေ့ပိုင်းပင်လယ်နှင့် မတူညီပေ။ ညအချိန်တွင် လျှပ်စီးများ မိုးကြိုးမုန်တိုင်းများ ရှိနေပြီး ပင်လယ်ဒေသ တစ်ခုလုံးကို မိုးကြိုးဧရိယာအဖြစ် ပြောင်းနိုင်၏။

ဤနေရာရှိ မိုးကြိုးနှင့် လျှပ်စီးများက အရှေ့ပိုင်းပင်လယ်ထက် အဆတစ်ရာ ပိုကြောက်မက်ဖွယ်ကောင်း၏။ သူတို့က ကောင်းကင်အလယ်တွင် ရပ်တန့်ရဲခဲ့လျှင် သူတို့က အပိုင်းပိုင်းအစစ ဖြစ်သွားမှာ သေချာသည်။ သူတို့က ပင်လယ်ထဲသို့ ရေငုပ်ခဲ့လျှင် ပင်လယ်ထဲရှိ ဧရာမပင်လယ်နတ်ဆိုးများကို မျှားခေါ်မိလိမ့်မည်။ အကြောက်တရား ပင်လယ်ထဲ၌ နတ်ဆိုးဧကရာဇ် ငါးဆယ်ကျော် ရှိသည်ဟုဆိုထားသည်။ အရှေ့ပိုင်း တော်ဝင်နယ်မြေ၏ ဧကရာဇ်ကိုးပါးနှင့် ယှဉ်နိုင်စွမ်းရှိသော နတ်ဆိုးအရည်အချင်း အချို့ကိုလည်း ပိုင်ဆိုင်ထားသူများရှိသည်။

ထို့ကြောင့် သွေးညအကြောက်တရား ပင်လယ်ထဲသို့ ဖြတ်သန်းသွားရန် မဖြစ်နိုင်ပေ။ အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ရောက်ရန် တစ်ခုတည်းသော နည်းလမ်းက အကြောက်တရား ပင်လယ်ကို ပင်လယ်တစ်ဝိုက် ကွေ့ဝိုက်သွားရမှာပဲဖြစ်သည်။ အတိတ်တုန်းက ဖီးနစ်အော်သံနယ်မြေမှ ပညာရှင်များသည် အကြောက်တရားပင်လယ်၏ မြောက်အရပ်ရှိ လမ်းကြောင်းကို သွားနေကျဖြစ်ပြီး နယ်မြေဆီသို့ အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားလာခဲ့ဖူး၏။ သူတို့က နယ်မြေကို မဝင်ခဲ့ဘဲ ပင်လယ်တိမ်တိမ်လေး တောက်လျှောက် ခရီးသွားနေခဲ့လျှင် အလွန်လုံခြုံမှာဖြစ်သည်။

ကျန်းရီကမူ ထိုးလမ်းကြောင်းကို မယူရဲချေ။

အကြောင်းပြချက်က ရိုးရှင်းပေ၏။ သူသည် သိုင်းခန်းမကို သူ့နောက် အရှေ့ပိုင်း တော်ဝင်နယ်မြေသို့ သွားသည့်ခရီးစဉ်တွင် သူ့နောက်အလွယ်တကူ လိုက်ခွင့်မပေးနိုင်ပေ။ သူသည် ဖီးနစ်အော်သံနယ်မြေသို့ ရောက်ခါစဖြစ်၏။ သိုင်းခန်းမခွဲက သူ၏တည်ရှိမှုကို သိနေပြီဖြစ်လျှင် ဆိုလိုသည်က ကျန်သည့်နယ်မြေရှိ ခန်းမခွဲများကလည်း ပင်မခန်းမဆောင်ဆီမှ သတင်းစကား ရပြီးဖြစ်သည်။ သူတို့က လမ်းတောက်လျှောက်သူ့ကို နှောက်ယှက်ကြမှာသေချာသည်။ ပင်မခန်းမက ကောင်းကင်ဧကရာဇ် ပညာရှင်များကိုတောင် လွှတ်လောက်သည်။

ဖုန်းလန်၏ အရည်အချင်းက မဆိုးပေ။ ချင်ယွီ၏ စိတ်ဝိညာဉ်က ယှဉ်ပြိုင်နိုင်စွမ်း လုံလောက်၏။ ကျန်းရီ၏ တစ္ဆေမီးလျှံများနှင့် ကြယ်စွမ်းအားတို့ ထပ်ပေါင်းလိုက်လျှင် သူတို့ကသာမာန် ကောင်းကင်ဧကရာဇ်များကို သတ်ဖြတ်နိုင်စွမ်း ရှိလောက်သည်။ ဖီးနစ်အော်သံနယ်မြေထဲ၌ သူ၏လုပ်ဆောင်ချက်များက ပင်မခန်းမဆောင်ဆီသို့ ရောက်ရှိခဲ့မှာသေချာသည်။ သိုင်းခန်းမသည် အနည်းဆုံး သူ့နောက်သို့ လိုက်ရန်အတွက် အနည်းဆုံး ကောင်းကင်ဧကရာဇ်နှစ်ဦး လွှတ်လောက်သည်။ သူတို့သာ ထိုကောင်းကင်ဧကရာဇ် ပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင် သေချာပေါက် သေနိုင်၏။

ထို့အပြင် သူ၏တစ္ဆေမီးလျှံများနှင့် ကြယ်စွမ်းအင်များက အသုံးပြုပြီးချိန်၌ လျော့သွားမှာဖြစ်၏။ သူတို့ပြေးရသည်နှင့် ကျန်းရီက သူ့ကိုသတ်ရန်အတွက် သူတို့ရပ်နေလျှင်တောင် ထိုကောင်းကင်ဧကရာဇ်များကို သတ်ရန်အတွက် ထွက်ပြေးရအုံးမှာပဲဖြစ်သည်။

သူကပုံမှန်လမ်းကြောင်းကို အသုံးပြုနိုင်ခဲ့လျှင် သူ့အတွက် ရွေးချယ်စရာ နှစ်ခုရှိ၏။ ပထမတစ်ချက်က သွေးညအကြောက်တရား ပင်လယ်၏ တောင်ဘက်မှ သွားရန်ဖြစ်သည်။ သို့သော် အလွန်ကြီးမားသည့် လမ်းကြောင်းဖြစ်သောကြောင့် နှစ်နှစ်ခန့် အချိန်ယူရနိုင်သည်။

နောက်တစ်နည်းက မြောက်ဘက်ရှိ နယ်မြေများဆီမှ တိတ်တဆိတ် ဖြတ်သန်းသွားရန်ဖြစ်သည်။ ထိုလမ်းကြောင်းသည် နယ်မြေပေါ်ရှိ ပဋိပက္ခများကို အလွယ်တကူ ဖိတ်ခေါ်မိနိုင်၏။ ထိုနယ်မြေများပေါ်၌ သူတို့မသိသည့် ကောင်းကင်ဧကရာဇ် ပညာရှင်များ သို့မဟုတ် အထွတ်အထိပ် ပညာရှင်များတောင် ရှိနေခဲ့လျှင် ပြဿနာကြီးတစ်ခု ဖြစ်ပေလိမ့်မည်။

တစ်နည်းဆိုရလျှင် မည်သည့်လမ်းကြောင်းကမှ မလွယ်ကူချေ။

ဖုန်း ဖုန်း ဖုန်း

ကောင်းကင်ထဲတွင် တိမ်စိုင်တိမ်မည်းတို့က ကျဆင်းလာပြီး လျှပ်စီးများ ပါလာ၏။ ညအချိန် ရောက်နေပြီဖြစ်ကာ သွေးညအကြောက်တရား ပင်လယ်ထဲက ၎င်း၏ရက်စက်ကြမ်းကြုတ်မှုကို စတင်ဖော်ထုတ်လာတော့သည်။

ချင်ယွီက ထိုငါးများကို ကင်ပေးနေပြီးနောက် တဲထဲသို့ ငါးများကို ယူလာတော့သည်။ သူမကပြုံးပြီး ပြောလိုက်တော့၏။

“သခင်လေး ညရောက်နေပါပြီ တဲထဲမှာ ညစာစားသင့်တယ်”

“ကောင်းပြီ”

ကျန်းရီက သူ၏နားထင်ကိုပွတ်ပြီး တွေးနေတာကို ယာယီရပ်တန့်လိုက်ကာ အရသာရှိသော ညစာကို စားရန်အတွက် တဲထဲသို့ လျှောက်သွားလိုက်၏။

ချင်ယွီသည် ဒေသသခင်မ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်သူမ၏ ချက်ပြုတ်သည့် အရည်အချင်းက မဆိုးရွားပေ။ ထို့ကြောင့်သူသည် ချင်ယွီကို ဧကရီနန်းတော်ထဲသို့ မထည့်ရသည့် အကြောင်းအရင်းများထဲမှ တစ်ရပ်လည်းဖြစ်သည်။ လှပသော အစေခံမလေးတစ်ဦးက ရှိနေပြီး သူနှင့်အတူ ခရီးကို လိုက်ပါခြင်းက စိတ်ဝင်စားဖွယ် ကောင်းပေ၏။ ထို့အပြင် ချင်ယွီ၏ခွန်အားက ယှဉ်ပြိုင်နိုင်စွမ်းရှိကာ သေရေးရှင်ရေး အခြေအနေ၌ သူမကကူညီပေးနိုင်မှာပဲဖြစ်သည်။

သူကငါးကင်ကိုစားပြီး သေရည်ကို သောက်နေစဉ် ကျန်းရီက သူတို့နှစ်ဦး သူနှင့်အတူ မစားတာကို သတိပြုမိလိုက်၏။ ထူးဆန်းသလို ခံစားရကာ သူ၏ကောင်းကင် စိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ သွေးဆူစေသော မြင်ကွင်းကို ရှာတွေ့သွားသည်။

အကြွင်းမဲ့ အလှလေးနှစ်ဦးက ပင်လယ်ပြင်၌ ရေချိုးနေကြ၏။

သူတို့သည် ကောင်းကင်ထဲရှိ မိုးကြိုးမုန်တိုင်းများကို စိတ်အနှောင့်အယှက် ဖြစ်မနေကြဘဲ နှစ်ယောက်လုံးက အဝတ်ဗလာဖြင့် ရေတိမ်တိမ်၌ ကူးခတ်နေကြသည်။ သူတို့က တစ်ယောက်ကိုယ်ကို တစ်ယောက် နူးညံ့စွာ သုတ်ပေးပြီး အပြန်အလှတ် ချစ်ခြင်းတရားကြောင့် အလွန် စိတ်ပြင်းပြနေတော့သည်။ သူတို့၏ မျက်ဝန်းလှလှလေးများထဲတွင် ခံစားချက်များ ပြည့်နေသည်မှာ ကြောင်ပေါက်လေးများသဖွယ် တစ်လက်လက် တောက်ပနေလေ၏။

“ဒါ ဒါက”

ကျန်းရီက တံထွေးမျိုချလိုက်ပြီး တွေဝေနေပုံရ၏။

***

All Chapters