← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

တခြားသော တာဝန်ကို မမြင်တွေ့ရခင် ယွမ်ကျိုးက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်ပြီး အခန်းကို ၂ပတ်ပတ်လိုက်သည်။

နောက်ဆုံးတွင်မူ သူ့အပြုအမူက ရူးမိုက်သည်ဟု ယူဆကာ ပြန်ထိုင်‌လိုက်သည်။ ထို့နောက် သူ့ဖုန်းကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်ကြိမ်လုပ်နေမိသည်။ အတွေးပေါင်းများစွာက သူ့စိတ်ထဲ ထပ်တလဲလဲ ဖြစ်ပေါ်နေသော်လည်း စာတစ်ကြောင်းတည်းကိုသာ အမှတ်ရနေမိသည်။ "ကျွမ်းကျင်စားဖိုမှူးစနစ်၊ အဲဒီစနစ်ရဲ့ အကူအညီနဲ့ ကမ္ဘာကျော်စေရမယ်"

ဤစားသောက်ဆိုင်လေးသည် သူ့မိဘများ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့၍ ပိုင်ဆိုင်ခဲ့သော စီးပွားရေးလုပ်ငန်းဖြစ်သည်။ စားသောက်ဆိုင်ဖွင့်ပြီး ၂နှစ်ပင်မကြာလိုက် ဟင်းချက်စရာများ သွားဝယ်စဉ် ကားတိုက်မှု ဖြစ်ပွားခဲ့သည်။ ထိုနှစ်က သူသည် တက္ကသိုလ် ဒုတိယနှစ်သာ ရောက်သေးသည်။ သူ့မိဘနှစ်ပါးစလုံး ရုတ်တရက် ဆုံးပါးသွား၍ သူလည်း မိဘမဲ့ဖြစ်သွားခဲ့သည်။ သောကဝေဒနာ ဖိစီးမှုကြောင့် စိတ်ဓာတ်ကျကာ ပညာဆက်လက် သင်ကြားနိုင်စွမ်းမရှိခဲ့ပေ။ ကျောင်းရပ်နားခဲ့ပြီး တစ်နှစ်ကျော်ကြာမှသာ ခက်ခက်ခဲခဲ ဘွဲ့ရရှိခဲ့သည်။

ဤလူဦးရေထူထပ်သော မြို့တော်တွင် ဘွဲ့တစ်ဘွဲ့တည်းဖြင့် သင့်တင့်လျောက်ပတ်သော အလုပ်တစ်ခုကို ရှာဖွေရန် မလွယ်ကူပေ။ နောက်ဆုံးတွင်မူ စားသောက်ဆိုင်ကြီးတစ်ဆိုင်၏ မီးဖိုချောင်အကူအလုပ်ကို ရရှိခဲ့သည်။ ဤအလုပ်ဖြင့် ဟင်းချက်စွမ်းရည် တိုးတက်လာပြီး သူ့အဖေ၏အိပ်မက်ကို အကောင်အထည်ဖော်နိုင်လိမ့်မည်ဟု စိတ်ကူးထားသည်။ သို့သော်လည်း ဟင်းချက်ပညာရပ်တွင် ပါရမီလိုအပ်လိမ့်မည်ဟု မတွေးခဲ့ဖူးပေ။

"ဒီစနစ်က မျှော်လင့်ချက်အသစ်တွေကို ယူဆောင်လာပေးတာလား"

ဤအတွေးကြောင့် ယွမ်ကျိုးက သူ့စိတ်ထဲ ဖော်ပြထားသော ကနဦးတာဝန်ကို နှိပ်လိုက်သည်။

[တာဝန်] စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရမည်။

[တာဝန်အညွှန်း : အနာဂတ်ကျွမ်းကျင်စာဖိုမှူးအနေနဲ့ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်သင့်တယ်မလား။ ကောင်လေး မင်းမှာ ဆိုင်တစ်ဆိုင်တောင် မရှိသေးဘူး။ ကြိုးစားသင့်တယ်]

"ဘယ်လိုအညွှန်းမျိုးလဲ။ ငါ့ကို ဘာ‌ပြောချင်တာလဲ။ ‌ေ-ာက်သုံးမကျတဲ့စနစ်ပဲ" ယွမ်ကျိုးက တာဝန်ခလုတ်ကို နှိပ်ပြီး မကျေမနပ်ပြောဆိုသည်။

"စားသောက်ဆိုင်တစ်ဆိုင် ပိုင်ရမယ်ဆိုတော့ ဒါက ဘုရားသခင်ရဲ့ဆန္ဒဖြစ်နိုင်တယ်" တာဝန်ကို ကြည့်ပြီး ယွမ်ကျိုး၏ စိတ်ထဲ ဒွိဟဖြစ်သော ခံစားချက်များဖြင့် သက်ပြင်းချလိုက်သည်။

ဤဆိုင်မှ ထွက်သွားခွင့်မပြုခြင်းက သူ့မိဘနှစ်ပါး၏ ဆန္ဒဖြစ်နိုင်သည်။ ရှုပ်ထွေးနေသောသူ့စိတ်က ဆုံးဖြတ်ချက်တစ်ခုကို လေးလေးနက်နက် ချမှတ်လိုက်သည်။ ထို့နောက် ယွမ်ကျိုးက စားပွဲခုံပေါ်မှ မိုဘိုင်းဖုန်းကို ယူလိုက်ပြီး လီလီ၏ဖုန်းနံပါတ်ကို ရှာသည်။ ခဏတုံ့ဆိုင်းပြီးနောက် ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းသုံးကြိမ်မြည်ပြီးနောက် ဖုန်းဝင်သွားသည်။

"ဟယ်လို လီလီပါ" ဖုန်း၏ တခြားတစ်ဖက်မှ ချိုသာသော မိန်းကလေး၏အသံ ထွက်ပေါ်လာသည်။

"ဟိုင်း ဟိုင်း ဟယ်လို။ ကျွန်တော်က ထောင်ရှီးလမ်း တိုက်နံပါတ်(၁၄)ရဲ့ စားသောက်ဆိုင်ပိုင်ရှင် ယွမ်ကျိုးပါ"

ယွမ်ကျိုးက သူ့စားသောက်ဆိုင်ကို လာရောက်ငှားရမ်းသော မိန်းကလေးကို တစ်ခါတွေ့ဖူးသည်။ ထိုစဉ် ကောင်မလေးက စကားဖြတ်ပြောသည်။

"အိုး ရှင်ပဲ။ စားသောက်ဆိုင်ငှားရမ်းဖို့ သဘောတူစာချုပ်ချုပ်မလို့လား။ ခဏလေးစောင့်ဦးနော်။ ကျွန်မမှာ အရေးတကြီးကိစ္စရှိသေးလို့ ကျွန်မရဲ့အစ်ကိုကြီးနဲ့ စကားပြောလိုက်ပါ။ နောက်ပိုင်း သူပဲ စားသောက်ဆိုင်ကို ဆက်ဦးစီးမှာလေ"

"မနက်ဖြန် နေ့လည်၁နာရီမှာ သဘောတူစာချုပ် ချုပ်ကြမယ်"

ဖုန်း၏တခြားတစ်ဖက်မှ မောက်မာသော အမျိုးသားအသံထွက်ပေါ်လာသည်။

"တကယ်အားနာပါတယ်။ မင်းတို့ကို စားသောက်ဆိုင် မငှားနိုင်တော့တဲ့အကြောင်း ပြောမလို့ ဖုန်းဆက်လိုက်တာပါ"

တစ်ဖက်လူ၏ ရိုင်းပျသော အပြုအမူကြောင့် နည်းနည်း စိတ်အနှောင့်အယှက်ဖြစ်မိသည်။ သို့သော်လည်း ခိုင်မာသော ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။

"ဒါက ဘာသဘောလဲ။ ခင်ဗျားက ငှားရမ်းခကို တိုး‌တောင်းချင်တာလား" ဖုန်း၏ တခြားတစ်ဖက်မှ အမျိုးသားက မကျေမနပ်လေသံဖြင့် ပြောဆိုသော်လည်း ယွမ်ကျိုးက စားသောက်ဆိုင်ငှားရမ်းရန် ငြင်းဆန်ခြင်းကို မယုံကြည်နိုင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူက စားသောက်ဆိုင်နှင့် ပတ်သက်သော အချက်အလက်တချို့ကို သိထားသည်။ စားသောက်ဆိုင်ကို လွန်ခဲ့သော၂နှစ် ကျော်တည်းက ပိတ်ထားပြီး မည်သူ့ကိုမှ မငှားရမ်းဖူးပေ။

စားသောက်ဆိုင်ကို ဝယ်ယူရန် စီစဉ်ခဲ့ခြင်းကို ငြင်းပယ်ခံရသော်လည်း အရင်ဆုံး ငှားရမ်းပြီးမှ နောက်ပိုင်းဝယ်ယူခြင်းက အကျိုးအမြတ်ပိုများနိုင်သည်။ ထို့အပြင် ယွမ်ကျိုး၏ဘဝအခြေအနေကိုလည်း သိထား၍ သူလွှမ်းမိုးချုပ်ကိုင်နိုင်သည်။

"မဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ပါ။ ဘာပဲဖြစ်ဖြစ် ငါတို့က သဘောတူစာချုပ်မှာ လက်မှတ်မထိုးထားသလို၊ မင်းစီကနေ စရံငွေ မယူထားဘူး။ သဘောတူစာချုပ်မှာ လက်မှတ်ထိုးမယ့်ကိစ္စကို မေ့လိုက်ပါ"

တစ်ဖက်လူက ငှားရမ်းခကို တိုးတောင်းချင်သည်ဟု ယုံကြည်နေ၍ ယွမ်ကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

"ငါက ငွေမက်တဲ့ပုံပေါက်နေလား" သို့သော်လည်း သူက တိကျသေချာသော ဖြေရှင်းချက်ပေးခဲ့သည်။

"ဒါက ဘာသဘောလဲ။ ကတိက ကတိပဲလေ။ ခင်ဗျား ကတိမတည်တာလား။ ခင်ဗျားရဲ့ဆိုင်က အရမ်းကို တန်ကြေးမြင့်တယ်လို့ ထင်နေတာလား။ ဒီလိုဆိုရင်လည်း လတိုင်း လတိုင်း ယွမ်၁၀၀ တိုးပေးမယ်။ ငါ့ကို စားသောက်ဆိုင်ငှား" ဖုန်းတစ်ဖက်မှ အမျိုးသားက မကျေမနပ် အော်ဟစ်ပြီး ရိုင်းပျသော အမူအရာဖြင့် ငှားရမ်းနှုန်းကို တိုးပေးရန် ကြိုးစားသည်။

"တကယ် မငှားချင်တော့လို့ပါ။ ငါ့ဘာသာငါ စားသောက်ဆိုင် ပြန်ဖွင့်မလို့ပါ"

"ဟေ့ မင်း..."

တစ်ဖက်လူ စကားပြောခြင်း အဆုံးမသတ်ခင် ယွမ်ကျိုး ဖုန်းချလိုက်သည်။ "ပေါက်ပန်းလေးဆယ် ဆက်ပြောနေမယ်ဆိုရင် ဖုန်းပြောတာ ၁မိနစ်ကျော်သွားမယ်။ ဒါဆိုရင် ငါ တယ်လီဖုန်းဘေလ် အများကြီး ကုန်တော့မယ်"

အထက်မှာ ပြောခဲ့သည့်အတိုင်း ယွမ်ကျိုးက ငွေမက်သူ မဟုတ်ပေ။

"ဒေါက် ဒေါက် ဒေါက်"

သစ်သားကြမ်းပြင်ပေါ်မှာ ခပ်ပြတ်ပြတ် ဒေါက်ဖိနပ်သံမြည်လာသည်။ ဧည့်သည်ပြန်ပို့ပြီးနောက် လီလီ အိမ်ပြန်ရောက်လာပြီး သူ့အစ်ကိုကြီး မျက်မှောင်ကြုတ်နေခြင်းကို မြင်တွေ့ရသည်။

"ဘယ်လိုဖြစ်တာလဲ စောနက ဖုန်းပြောတဲ့သူနဲ့ ရန်ဖြစ်နေတာလား" သူမ ပြောသည်။

"အဲဒီလူက ငါတို့ကို စားသောက်ဆိုင်မငှားနိုင်တော့ဘူးလို့ ပြောတယ်"

"တကယ်လား ဘာလို့လဲ" ညီမလီလီက မျက်ခုံးပင့်လိုက်ပြီး တအံ့တဩ မေးမြန်းသည်။

"အဲဒီလူက သူကိုယ်တိုင် စားသောက်ဆိုင် ဖွင့်မယ်လို့ ပြောတယ်။ ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အဲဒီနားပတ်ဝန်းကျင်မှာ ဆိုင်၅ဆိုင်ကိုတောင် ဝယ်ပြီးသွားပြီလေ"

သူ့အစ်ကို၏ မျက်နှာက ခက်ထန်သော အမူအရာသို့ ပြောင်းလဲသွားသည်။

"ကောင်းပြီလေ။ ဘာလုပ်ဖို့ ပြင်ဆင်ထားလဲ"

...

တခြားတစ်ဖက်တွင် ယွမ်ကျိုးက တည်ငြိမ်သော မျက်နှာ အမူအရာဖြင့် သူ့စိတ်ကို ကြည်လင်အောင် လုပ်ဆောင်ပြီး သူ့လက်ထဲမှာရှိသော ဖုန်းကို နှိပ်ချင်ရာ လျှောက်နှိပ်လိုက်သည်။

"အိမ်ကို ငါ့ဘာသာငါ ရှင်းရင်ကောင်းမလား။ လူငှားပြီး ရှင်းရင် ကောင်းမလား"

"ငါ မေ့တော့မလို့။ တာဝန်တိုင်းမှာ ဆုလာဘ်ရှိတယ်။ ဒါဆို ငါ့ဆုလာဘ်က ဘယ်မှာလဲ"

ယွမ်ကျိုးက သူ့ဘာသာသူ တွေးကြံလိုက်ပြီး သူ့စိတ်ထဲရှိ ခလုတ်မှတစ်ဆင့် ဆုလာဘ်ကို စတင် ရှာဖွေသည်။

[ဆုလာဘ်] ကြက်ဥထမင်းကြော် အမြင့်ဆုံးကျွမ်းကျင်မှုအဆင့်

"စနစ်၊ ဒီဆုလာဘ်က ငါ့ကို ပေးထားတဲ့တာဝန်နဲ့ ကိုက်ညီမှု ရှိရဲ့လား"

ယွမ်ကျိုးက သူ့စိတ်ထဲက ဆုလာဘ်ကို မြင်မြင်ချင်း မခံမရပ်နိုင် ဒေါသထွက်သွားသည်။

စနစ်က စာကြောင်းတစ်ကြောင်းထဲကိုသာ ပြသသည်။

"ကမ္ဘာပေါ်မှာ အရသာအရှိဆုံး ကြက်ဥထမင်းကြော်"

"အရသာအရှိဆုံးဖြစ်နိုင်ပါ့မလား"

ယွမ်ကျိုးက လေးနက်စွာ မေးမြန်းသည်။

"လက်ခံသူ တာဝန်ကို အရင်‌ဆုံး ပြီးမြောက်အောင် လုပ်‌ဆောင်ပေးပါ"

"ဟုတ်နေပြီ ဟုတ်နေပြီ။ ဘာမှမပြောဘဲနဲ့ ရှင်းပြပြန်ပြီ။ ယွမ်ကျိုးက သူ့ဘာသာသူ ကြားနိုင်လောက်သော အသံဖြင့် ရေရွတ်ပြီး သူ့စိတ်ထဲမှ ခလုတ်ကို ဆက်ကြည့်သည်။

"ဘာလို့များ ဟင်းချက်တဲ့စွမ်းရည်ကို ခန့်မှန်းလို့မရတာလဲ"

ယွမ်ကျိုးက သူ့ဟင်းချက်စွမ်းရည် အရမ်းမမြင့်မားမှန်း သိသော်လည်း ခန့်မှန်းမရသည့်သဘော မဟုတ်ချေ။

"ဒီစနစ်က လူတစ်ယောက်ရဲ့စွမ်းရည်ကို စမ်းသပ်ဖို့ အရည်အချင်းမရှိဘူး။ ပြီးတော့ လူတစ်ယောက်ရဲ့ စွမ်းရည်တွေက တစ်သတ်မတ်တည်း မရှိဘူး။ ပြောင်းလဲနိုင်တယ်"

ပုံမှန်စာသား ဖြေရှင်းချက်ပေါ်လာသည်။

"ခင်ဗျားတို့က လူတစ်ယောက်ရဲ့စွမ်းရည်ကို မစစ်ဆေးနိုင်ရင် အဲဒီအချက်ကို ဘာလို့ ပြနေသေးလဲ"

ယွမ်ကျိုး တကယ် နားမလည်နိုင်ပေ။

"ဒါ ပိုမကောင်းဘူးလား။ စနစ်က တုံ့ပြန်သော စာသားကို မဖော်ပြခင် ယွမ်ကျိုး၏ စူးစမ်းစိတ်ကို လှုံ့ဆော်ရန် ခေတ္တခဏ ရပ်တန့်လိုက်သည်။

ယွမ်ကျိုးက ဤမေးခွန်းကို လျစ်လျူရှုလိုက်ပြီး ဖန်သားပြင်ကို ဆက်ဖတ်သည်။

"ဟင်းချက်ခြင်းဗျူဟာ (၅) မျိုး"

စနစ်က ပြသသည်။

"အရောင်အဆင်း၊ အနံ့၊ အရသာ၊ ပုံစံ၊ ပြင်ဆင်ပုံ"

သို့သော်လည်း 'လူသစ်' ဟူသော စကားလုံးကို ကြည့်ပြီး ယွမ်ကျိုးက သူ၏ အမှန်အကန် ဟင်းချက်စွမ်းရည်အဆင့်ကို သဘောပေါက်သွားသည်။ သူ နည်းနည်း စိတ်ရှုပ်သွားသည်။ သို့သော်လည်း သူ့စိတ်ထဲ စနစ် ပိုင်ဆိုင်ထားကြောင်း

တွေးမိ၍ ချက်ချင်း ယုံကြည်မှု ပြန်ရသွားသည်။

ထို့ကြောင့် ယခုအချိန်မှာ သူ့လုပ်ဆောင်ရမည့်တာဝန်က စနစ်မှ ပေးအပ်ထားသော တာဝန်ကို အစပြုရန် ဖြစ်သည်။

အပိုင်း(၂)

ပြီးပါပြီ။

All Chapters