← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ဖန်သားပြင်ကို ၃ကြိမ်ခန့် ကြည့်ရှုပြီးနောက် ယွမ်ကျိုးက အချက်အလက်တချို့ကို နားလည်သွားသည်။ မှောင်မဲနေသော ညဘက်ကောင်းကင်ယံကို ငေးကြည့်ပြီးနောက် သူ့ဖုန်းမှာရှိသော အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ည ၈နာရီ ၄၉မိနစ် အချိန်သို့ ရောက်ရှိနေပါပြီ။

ဤအချိန်က နောက်ကျနေသော်လည်း ယွမ်ကျိုး၏စိတ်မတည်ငြိမ်သောကြောင့် အိပ်မပျော်နိုင်ချေ။ ထို့ကြောင့် စနစ်က သူ့ကို ပေးအပ်ထားသော တာဝန်အကြောင်း စတင် တွေးတောမိသည်။

"ငါ့ကို ပေးထားတဲ့ တာဝန်က စားသောက်ဆိုင်တစ်ဆိုင် ပိုင်ရမယ်ဆိုတော့ အောက်ထပ်မှာရှိတဲ့ စားသောက်ဆိုင်ကို ငါ ပိုင်ဆိုင်ထားတုန်းပဲ။ ဥပဒေအရရော တကယ့်လက်တွေ့ဘဝမှာပါ ငါ ပိုင်ဆိုင်တယ်။ ဒါဆိုရင် ဘာလို့ တာဝန် မပြီးမြောက်သေးတဲ့ စာသားကြီးက ပေါ်နေတာလဲ"

"ဆိုင်းဘုတ်မထောင်ရသေးလို့လား ဒါမှမဟုတ် စီးပွားဖြစ်ဆိုင်မဖွင့်လို့လား"

စနစ်က တုံ့ပြန်မှု မရှိမှန်း သတိပြုမိသောအခါ ယွမ်ကျိုးက တိုက်ရိုက်မေးမြန်းလိုက်သည်။ "စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရမယ်ဆိုတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ဘယ်အချက်တွေ လိုအပ်တာလဲ"

စနစ်က စကားလုံးတချို့ကို ပြသသည်။ "လက်ခံသူက စီးပွားဖြစ်ဆိုင်ဖွင့်ဖို့ စားသောက်ဆိုင်တစ်ဆိုင် ပိုင်ဆိုင်ရပါမယ်"

ဤ‌ဖြေရှင်းချက်ကြောင့် တာဝန်ပြီးမြောက်အောင် လုပ်ဆောင်ရန် လိုအပ်ချက်ကို သဘောပေါက်သွားသည်။ ထို့ကြောင့် သူ့အဝတ်ဗီရိုကို လှန်လှောရှာဖွေသည်။ ထို့နောက် ဝတ်စုံတစ်စုံကို ထုတ်လိုက်သည်။ သန့်ရှင်းရေးလုပ်ဆောင်ရန် အသုံးပြုမည့်ဝတ်စုံဖြစ်သည်။

ယွမ်ကျိုးက သူ့လက်ထဲက ဝတ်စုံကို ငေးစိုက်ကြည့်ပြီး အတွေးနစ်မြောနေသည်။ ရှပ်အင်္ကျီက အပြာရင့်ရောင်ဖြစ်၍ အလွယ်တကူ မညစ်ပတ်နိုင်ပေ။ 100 ရာခိုင်နှုန်း ချည်သားဖြင့် ရက်လုပ်ထား၍ ဝတ်ဆင်ရ အဆင်ပြေပြီး လျှော်ဖွပ်ရ လွယ်ကူသည်။ တချက်ကြည့်လိုက်ရုံဖြင့် သာမန်ရှပ်အင်္ကျီဟု ထင်ရသော်လည်း ယွမ်ကျိုးစားသောက်ဆိုင်၏ တရုတ်အက္ခရာကို အရှေ့ဖက်မှာ ရိုက်နှိပ်ထားသည်။

သူ့မိဘများတွင်လည်း ရှပ်အင်္ကျီဆင်တူရှိပြီး ဈာပနပွဲတွင် ၎င်းအင်္ကျီများကို မီးရှို့လိုက်သည်။ ဤရှပ်အင်္ကျီက ၀တ်စုံ၃ထည်တွင် တစ်စုံတည်းကျန်ရှိသော အင်္ကျီဖြစ်သည်။ သူ့ဝတ်စုံကို အလျင်အမြန်ဝတ်ဆင်လိုက်သည်။ ခဏတွေးတောပြီးနောက် ရေချိုးခန်းထဲမှ သဘက်နှင့်ဦးထုပ်ကို ယူဆောင်ပြီး ဖိနပ်ပါးကိုစီးကာ အောက်ထပ်သို့ ဆင်းသည်။

နံရံမှ မီးခလုတ်ကို နှိပ်လိုက်သောအခါ မီးအိမ်များ လင်းလက်လာသည်။ ပထမထပ်က ယခင်ကထက် ပို၍ ရှုပ်ပွညစ်ပတ်နေသည်။

သူ လမ်းလျှောက်ထားသော ခြေရာများကိုပင် မြင်နိုင်သည်။

ဤနေရာသည် ခန့်မှန်းခြေအားဖြင့် ၃၀ မီတာပတ်လည်ရှိပြီး မီးဖိုချောင် နှင့် အဓိက ခန်းမဆောင်ကို တစ်မီတာအကျယ်ရှိသော တံခါးကျယ်ဖြင့် ပိုင်းခြားထားသည်။ အနီရောင်စားပွဲကြီး ၆ခုကို ခန်းမဆောင်ထဲ ခင်းကျင်းထားသည်။ စားပွဲတစ်လုံးတွင် ထိုင်ခုံ ၄ခုံ တွဲဖက်ပါရှိသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်းတို့အားလုံးသည် အကောင်းပကတိအတိုင်း မရှိချေ။ သူ့မိဘများ သေဆုံးသည့် သတင်းကို ကြားကြားချင်း ယွမ်ကျိုးက မြင်မြင်သမျှ အားလုံးကို ရိုက်ချိုးပစ်ခဲ့သည်။ ယွမ်ကျိုးက စားပွဲခုံများ၏ အခြေအနေကို စစ်ဆေးကြည့်သောအခါ ယိုင်နဲ့နေသည်။

"စားပွဲတစ်ခုံမှ သုံးစားလို့မရပုံပဲ" ယွမ်ကျိုးက ခေါင်းခါလိုက်ပြီး ကုလားထိုင်များကို မျက်တောင်မခတ်ဘဲ ငေးစိုက်ကြည့်သည်။ သူ ထိုင်လေ့ရှိသော ထိုင်ခုံတစ်ခုံသာ အခြေအနေ ကောင်းသော်လည်း အသုံးပြုနိုင်သော အနေအထား မဟုတ်ချေ။ ခန်းမဆောင်ထဲရှိ ပစ္စည်းအားလုံးကို အစားထိုးရန် လိုအပ်သည်။

နံရံကပ်စက္ကူကလည်း အရောင်ဖျော့နေသည်။ မီးခိုချောင်ထဲမှာရှိသော ပစ္စည်းအားလုံးကို ယခင် ခေါက်ဆွဲဆိုင် စားဖိုမှူးက အသုံးပြုခဲ့သည်။ မီးဖို ၂ခုပါသော ဂက်စ်မီးဖိုကလည်း သံချေးတက်‌နေသည်။

အမှောင်ကျရောက်လာပြီး အပြင်ဘက်‌တွင် ကြယ်များ လင်းလက်လာသည်။ ယွမ်ကျိုးခေါက်ဆွဲဆိုင်က ည ၉နာရီအချိန်အထိ ဆူညံသံမျိုးစုံကို ကြားနေရသည်။ ဖြတ်သွားဖြတ်လာများက စားသောက်ဆိုင်ကို ထူးဆန်းသောအကြည့်ဖြင့် ငေးကြည့်နေကြသည်။ စားသောက်ဆိုင်အတွင်းမှလာသော ဆူညံသံများကြောင့် အံ့ဩနေသည်။

၃နာရီခွဲခန့်ကြာပြီးနောက် ယွမ်ကျိုး၏ခန္ဓာကိုယ် ခေါင်းအစ ‌ခြေအဆုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ သူ့တစ်ကိုယ်လုံးညစ်ပတ်ပြီး ပင်ပန်းသွားသော်လည်း သန့်ရှင်းရေးကုန်ကျစရိတ် သက်သာသွားသည်။

သန့်ရှင်းသပ်ရပ်နေသော ခန်းမဆောင်ကို အပြင်ဘက်မှ ငေးကြည့်ပြီး ဤနေရာက စားသောက်ဆိုင်နှင့် တူသွားသည်ဟု ယွမ်ကျိုးခံစားမိသည်။ သို့သော်လည်း တံခါးအပြင်ဘက်မှာ ပုံထားသော အမှိုက်ပုံကြီးက အမြင်ဆိုးရွားစေသည်။

အဖြူရောင်မှ အမည်းရောင်ပြောင်းလဲသွားသော သဘက်ကို အမှိုက်ပုံးထဲ ပစ်လိုက်သည်။

"အိုး...ခါးတွေနာလိုက်တာ" ယွမ်ကျိုးက ကျောဆန့်လိုက်ပြီး အပေါ်ထပ်သို့ တက်သွားသည်။ အပေါ်ထပ်ရောက်ရောက်ချင်း သူ့ပထမဦးဆုံးလုပ်သည့်အလုပ်က ရေချိုးခန်းထဲဝင်ပြီး သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်ခြင်းဖြစ်သည်။ ညစ်တီးညစ်ပတ်ပုံစံဖြင့် သူ့အခန်းထဲ မဝင်ရဲချေ။

နာရီဝက်ခန့်ကြာပြီးနောက် ...

ယွမ်ကျိုး၏ ဆံပင်မှ ရေများ တစ်စက်စက် ကျဆင်းနေသည်။ သူက ကုလားထိုင်မှာ ထိုင်လိုက်ပြီး မနက်ဖြန်လုပ်ရမည့် အလုပ်များကို စာရွက်ပေါ်မှာ ချရေးသည်။ ညစ်ပတ်နေသေးသော ဆံပင်များကို လျစ်လျူရှုပြီး ယွမ်ကျိုးက နောက်တစ်နေ့ လုပ်ဆောင်ရမည့် အလုပ်အချိန်ဇယားကို အပြီးသတ် ဆောင်ရွက်ပြီးနောက် အိပ်ရာဝင်လိုက်သည်။

ဧပြီလရာသီဥတုသည် အရမ်းမပူ၊အရမ်းမအေးသောကြောင့် အိပ်စက်ရန် အကောင်းဆုံးအနေအထားဖြစ်သည်။

လူတိုင်း အိပ်ရာနိုးနိုးချင်း ပထမဆုံးလုပ်သော အလုပ်က မျက်လုံး ဖွင့်ခြင်းဖြစ်သည်။ သို့သော်လည်း ဤသည်ကား ယွမ်ကျိုးနှင့် သက်ဆိုင်ခြင်းမရှိပေ။

ယွမ်ကျိုးက မျက်လုံးပိတ်ပြီး စမ်းတဝါးဝါးဖြင့် ရေချိုးခန်းထဲ သွားသည်။ အပေါ့သွားပြီးနောက် အိပ်ရာပေါ်မှာ ပြန်လှဲကာ အိပ်မက်ဆက်မက်သည်။ ဤဖြစ်စဉ် အတောအတွင်း သူ့မျက်လုံးကို လုံးဝ မဖွင့်ခဲ့ချေ။

တစ်မိနစ်ခန့် လှဲလျောင်းပြီးနောက် သူ့မျက်လုံးကို ချက်ချင်းဖွင့်ကာ အိပ်ရာမှ ထသည်။

"စနစ်" ယွမ်ကျိုး ထအော်သည်။

စနစ်မှ တုံ့ပြန်သံ မကြားရချေ။ သူ့စိတ်ထဲမှ မြင်တွေ့ရသော တာဝန်မပြီးမြောက်သေးသည့် စာတန်းကြောင့် အိပ်မက်မဟုတ်မှန်း အတည်ပြုနိုင်သည်။ မနေ့ညက တစ်ညလုံး သန့်ရှင်းရေးလုပ်ခဲ့သော်လည်း အချည်းနှီးဖြစ်သွားခဲ့သည်။ သူက တံခါးပေါက်မှာ မတ်တပ်ရပ်ပြီး သက်ပြင်းချကာ လေးကန်သော ခြေလှမ်းများဖြင့် တံခါးကို ဆောင့်ကန်လိုက်သည်။

ဤအသံက သူ့စားသောက်ဆိုင်ဘေးနားက ဒိုဘီဆိုင်သူဌေးထုံကို အံ့အားသင့်စေသည်။ ဒိုဘီဆိုင်သူဌေးထုံသည် လမ်းတစ်လမ်းလုံးတွင် စီးပွားရေးအကောင်းဆုံးဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းတွင် ဈေးကြီးသော အဝတ်အစားတချို့ ရှိကြသည်။ ၎င်းအဝတ်အစားများကို ကိုယ်တိုင်မလျှော်ဖွပ်နိုင်သောအခါ အခြောက်လျှော်သောဒိုဘီဆိုင်သို့ ပို့ကြသည်။

"ဟိုင်း ယွမ်ကျိုး။ မင်း အပြင်သွားမလို့လား" ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်နေ၍ သူဌေးထုံ အံ့ဩသွားချင်ဖြစ်သည်။ စားသောက်ဆိုင်ကို ပိတ်ထားသည်မှာ ၃နှစ်ကျော်ကြာပြီဖြစ်ပြီး ဆိုင်တံခါးဖွင့်ခြင်းကို ပထမဦးဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်သည်။

"မင်္ဂလာနံနက်ခင်းပါ အန်တီထုံ" ယွမ်ကျိုး၏အတွေးကို သူဌေးထုံက နှောင့်ယှက်သွားသည်။

"စားသောက်ဆိုင်ဖွင့်လှစ်ဖို့ ဆိုင်ကို ရှင်းလင်းနေတာလား။ ဒီလိုဆိုရင်တော့ မင်းရဲ့ဟင်းချက်လက်ရာကို မြည်းစမ်းရတော့မှာပေါ့"

"ဒါပေါ့ အန်တီထုံ။ ဒါနဲ့ အမှိုက်ကောက်တဲ့သူက နေ့တိုင်းလာတာလား" ယွမ်ကျိုး မေးမြန်းသည်။ သူ စွန့်ပစ်ထားသော သံထည်ပစ္စည်းများကို ရောင်းချနိုင်သလောဟု တွေးနေခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စီးပွားရေးလုပ်ငန်းအသစ်ကို လုပ်ကိုင်ရန် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန် ငွေလိုအပ်သည်။ သူ မသုံးရသေးသော ယွမ်၅သောင်းမှ လွဲ၍ ယွမ်ကျိုးမှာ တခြားဝင်ငွေမရှိပေ။

သို့သော်လည်း သူစွန့်ပစ်ထားသော သံထည်တချို့က အဖိုးထိုက်တန်ပြီး ငွေရနိုင်သည်။

"ဟုတ်တယ်..ဟုတ်တယ်...သူက နေ့တိုင်း လာတယ်။ ဒါတွေ အားလုံးကို မင်းရောင်းမှာလား။ ခဏနေရင် သူလာတော့မယ်။ သူရောက်လာရင် မင်းကို လာပြောမယ်"

"ဟုတ်ကဲ့ပါ စိတ်အနှောင့်အယှက်ပေးမိလို့ အားနာပါတယ်။ ကူညီပေးလို့လည်း ကျေးဇူးပါ။ နံရံကပ်စက္ကူကပ်ဖို့ နဲ့ မီးဖိုချောင်ပြင်ဆင်ဖို့ လူရှာပေးပါလား" ယွမ်ကျိုးက ကျေးဇူးတင်ဟန် အပြုံးဖြင့် စကားပြောသည်။ ထို့နောက် အခန်းတံခါးကိုပိတ်ကာ ထွက်လာခဲ့သည်။

...

"ဟေ့ သူဌေး ဒီဝတ်စုံရဲ့ဈေးက ဘယ်လောက်လဲ"

သူဌေးထုံက သက်ပြင်းချနေစဉ် ဖောက်သည်တစ်ဦးက သူ့နာမည်ကို လှမ်းခေါ်သည်။ သူက ဝတ်စုံ၏ တန်ကြေးကို ပြောပြီး သူ့ဆိုင်သို့ ပြန်သွားသည်။ ယွမ်ကျိုးက သူ့အိမ်အနီးနား ပတ်ဝန်းကျင်ကို လျှောက်မကြည့်သည်မှာ ကြာပြီဖြစ်သည်။ ပတ်ဝန်းကျင်ကို လည့်ပတ်ကြည့်ရှုပြီး ဆိုင်အများစုကပြောင်းလဲသွားသည်။ တချို့ဆိုင်များက ပြန်လည်ပြုပြင်ထားပြီး သူဌေးလည်း ပြောင်းလဲသွားသည်။ ဆိုင် ၄ ဆိုင်တည်းသာ မပြောင်းလဲသွားပေ။ ၎င်းဆိုင်များမှာ ယွမ်ကျိုး၏စားသောက်ဆိုင်၊ အန်တီထုံ၏အခြောက်လျှော်ဒိုဘီဆိုင်၊ ကုန်မာဆိုင်၊ ကာတွန်းအခွေဆိုင်တို့ ဖြစ်သည်။

"ဟုတ်သားပဲ ဒါက ကုန်မာဆိုင်ပဲ" ယွမ်ကျိုးက တစ်စုံတစ်ရာတွေးပြီးနောက် ကုန်မာဆိုင်ထဲ ဝင်သွားသည်။

"သူဌေးကျောက် ရှိလား" ယွမ်ကျိုး မေးမြန်းသည်။

ကုန်မာဆိုင်သည် ယခင်အတိုင်း မပြောင်းလဲဘဲ တည်ရှိနေသည်။ ဆိုင်တွင် တည်ခင်းထားသော ပစ္စည်းများကို ဘယ်သောအခါမှ မရွေ့ပြောင်းထားသကဲ့သို့ နေရာအတည်တကျရှိနေသည်။

အပိုင်း(၃)

ပြီးပါပြီ။

All Chapters