← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

ယနေ့က ကြာသပတေးနေ့ မနက်ခင်း ဖြစ်သည်။ လူအများစုက အလုပ်လုပ်ကိုင်နေ၍ ဤအချိန်တွင် စီးပွားရေးလုပ်ရန် အများကြီး မျှော်လင့် မရပေ။

ယွမ်ကျိုးက ကြယ်၃ ပွင့် အဆင့်ရှိသောဟိုတယ်၏ မီးဖိုချောင်တွင် ယခင်က အလုပ်လုပ်ခဲ့ဖူးသည်။ ကြယ်သုံးပွင့်အဆင့်ရှိသော ဟိုတယ်၏ မီးဖိုချောင် အလုပ် နှင့် သူ့စားသောက်ဆိုင်သေးသေးလေး၏ ထည်ဝါမှု အလွန်ခြားနားသော်လည်း အလုပ်ချိန် သတ်မှတ်ချက်က အနည်းနှင့် အများ အတူတူပင် ဖြစ်သည်။ ယခုလို မနက်ခင်းအချိန်ကာလတွင် ဧည့်သည် မလာမှန်း သူ သေချာပေါက် သိသည်။

ယွမ်ကျိုးက သူ့စားသောက်ဆိုင်ထဲ ပြန်ဝင်လိုက်သည်။ မီးဖိုချောင်ထဲ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီးနောက် ဖုံးကွယ်ထားသော အနေအထားရှိသော အနီရောင် ခလုတ်တစ်ခုကို တွေ့လိုက်ရသည်။

"စနစ်၊ ဒါ ကဘာလဲ" သူ့မီးဖိုချောင်ကို ပြုပြင်မွမ်းမံခြင်း မလုပ်ဆောင်မီက ဤကဲသို့သော အချင်းအရာများ မရှိခဲ့ကြောင်း ယွမ်ကျိုး ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။

စနစ်က ပြန်လည်ဖြေကြားသည်။

"ဒါကအနားယူဖို့ ထောက်ပံ့ပေးထားတဲ့ နေရာပါ"

“မင်းက တကယ့်ကို တည့်တိုး ပြောတတ်တာပဲ” ယွမ်ကျိုးက ထုံးစံအတိုင်း စနစ်ကို မကျေမနပ် ပြောဆိုသည်။

နားမခံသာသော လျှပ်စစ်အသံနှင့်အတူတူ ထိုင်ခုံတစ်ခု ပေါ်လာသည်။ ပုံမှန်အသုံးပြုလေ့ရှိသော လေးထောင့် သစ်သားထိုင်ခုံ ကဲ့သို့ ရိုးရှင်းပုံပေါက်သော်လည်း တစ်ခုတည်းသော ကွာခြားချက်မှာ ထိုင်ခုံခြေထောက်၏ အောက်ခြေကို သတ္တုများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ဤအချက်က သိပ္ပံနှင့် နည်းပညာ၏ ဖန်တီးမှုရသကို ပေးစွမ်းနိုင်စွမ်း ရှိသည်။

ယွမ်ကျိုးက စူးစမ်းလိုစိတ်ဖြင့် ထိုင်ခုံပေါ်မှာ ထိုင်လိုက်သော်လည်း ထူးခြားမှုကို မတွေ့ရပေ။ သာမာန်ထိုင်ခုံများထက် ပို ထိုင်ရ အဆင်ပြေသောခံစားချက်ကိုသာ ပေးစွမ်းသည်။ ထို့အပြင် ယွမ်ကျိုးက သူ့ခြေထောက်များကို ဆန့်တန့်လိုက်သောအခါ ထိုင်ခုံ ခြေချောင်းများကလည်း လိုက်ပါ ရွေ့လျားသည်။ သို့တိုင် ထိုင်ခုံ ရွေ့လျားသွားသော အသံကို မကြားရပေ။ ယွမ်ကျိုးက အရုပ်အသစ်ရသော ကလေးတစ်ယောက်ကဲ့သို့ အသစ်စက်စက် ထိုင်ခုံပေါ်မှာ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေသည်။

၁၁:၃၀ နီးပါး အချိန်သို့ ကျရောက်လာ၍ လမ်းအပြင်ဘက်တွင် လူအုပ်စုကြီး များပြားလာ၍ ယွမ်ကျိုး၏ ပျော်ရွှင်နေသော စိတ်အခြေအနေလေးက ကြာရှည်မခံခဲ့ပေ။

လူတချို့က စားသောက်ဆိုင်ကို ခဏငေးကြည့်ကြသော်လည်း စားသောက်ဆိုင်ထဲ ဝင်ရောက်မည့် ရည်ရွယ်ချက် မရှိမှန်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။

နေ့လည် ၁၂:၂၀ အချိန်တွင် လမ်းမအပြင်ဘက်တွင် လူအုပ်စုကြီး ပိုများလာသည်။ သို့သော်လည်း စားသောက်ဆိုင်ထဲသို့ ဧည့်သည်များ မရောက်ရှိသေးသည့်တိုင် မည်သူကမှလည်း စျေးနှုန်းကို မမေးမြန်းကြပေ။

ဤသည်ကား ယွမ်ကျိုး၏စိုးရိမ်စိတ်ကို ပို၍ တိုးလာစေသည်။ ယွမ်ကျိုးက တံခါးအနားသို့ လမ်းလျှောက်သွားပြီး အပြင်ဘက်ကို ငေးကြည့်လိုက်သည်။ လမ်းဘေးမှာ အသစ်ဖွင့်ထားသော အမြန်စား စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ထားခြင်းကို မနက်စောစောပိုင်းက သတိမထားမိခဲ့ပေ။ သို့သော်လည်း ယနေ့တော့ ဤအစိမ်းရောင်ဆိုင်းဘုတ်က စိတ်အာရုံကို အတော်လေး ဖမ်းစားနိုင်ခဲ့သည်။

ထိုဆိုင်၏စီးပွားရေးလုပ်ငန်းက တော်တော်ကောင်းမွန်ပုံပေါက်သည်။ မှန်ပြတင်းပေါက်မှ ငေးကြည့်လိုက်စဥ် လစ်လပ်နေသော ထိုင်ခုံနေရာကို မမြင်ရပေ။ သို့တိုင် တိုးကျိတ် စောင့်ဆိုင်းနေသော လူအုပ်စုကြီး ရှိနေသေးသည်။

“Fast Food က ဘာများကောင်းနေလို့လဲ။ ငါ့ဆိုင်မှာ ရောင်းတဲ့ အစားအသောက်က သူ့ထက် ၁၀ဆမက ပိုကောင်းတယ်”

"ဒင်း ကလင် ကလင်၊ ဒင် ကလင်ကလင်......"

နားဆူသော ဖုန်းမြည်သံသည် စားသောက်ဆိုင်၏ တိတ်ဆိတ်ငြိမ်သက်မှုကို အနှောင့်အယှက်ဖြစ်သွားစေသည်။

ယွမ်ကျိုး တယ်လီဖုန်းကို ကိုင်လိုက်သောအခါ ဖုန်းခေါ်သူက စွန်းမင်း ဖြစ်နေမှန်း သိလိုက်သည်။

ယွမ်ကျိုး ဘွဲ့ရပြီး အလုပ်စလုပ်ခါစတွင် ပထမဆုံး ရင်းနှီးခဲ့သော မိတ်ဆွေက စွန်းမင် ဖြစ်သည်။ စွန်းမင်က သူငယ်ချင်းများအပေါ် သစ္စာရှိပြီး ချမ်းသာသော မိသားစုမှ သူဌေးသားလေး ဖြစ်သည်။ သူက စကားအများကြီး ပြောလေ့ မရှိသော ယွမ်ကျိုးနှင့် ရင်းနှီးသော ဆက်ဆံရေးကို ပိုင်ဆိုင်ထားသည်။

ယွမ်ကျိုးက “Hi” ဟု ပြောဖူးလိုက်ချိန် တစ်ဖက်က လျင်မြန်သောနှုန်းဖြင့် စကားလုံးများကို တရစပ် ပြောလာသည်။

"ယွမ်ကျိုး၊ မင်း အခုတလော ဘာတွေလုပ်နေလဲ။ မင်းက ငါ့ကို နှုတ်ဆက် ညစာ ကျွေးမယ်လို့ ပြောခဲ့တယ်နော်။ အခုအထိ နေ့စွဲနဲ့ အချိန်ကို မဆုံးဖြတ်ရသေးဘူးလား"

“တကယ် စိတ်မကောင်းပါဘူးကွာ။ ငါ အိမ်မပြောင်းဖြစ်တော့တာ မင်းကိုပြောမလို့ပဲ။ ငါ အရမ်းအလုပ်ရှုပ်နေတာနဲ့ ပြောဖို့မေ့သွားတာ။ ငါ့ဆိုင်ကို ပြန်ပြင်ဆင်ပြီး စားသောက်ဆိုင်ဖွင့်နေတယ်”

ယွမ်ကျိုးက သူ အိမ်မပြောင်းခင် စွန်းမင်ကို နှုတ်ဆက်ညစာ ကျွေးမည်ဟု ကတိပေးထားဖူးခြင်းကို သတိရသွားသည်။

ယွမ်ကျိုးက သူ့ကို တောင်းပန်စကားပြော၍ စွန်းမင်းက ယွမ်ကျိုး၏ ပေါ့လျောမှုကို ခွင့်လွှတ်ခဲ့သည်။

"မင်းရဲ့ ဆိုင်အသစ်ဖွင့်တာကို ဘာလို့များ ငါ့ကို မပြောတာလဲ။ ငါ က မင်းရဲ့ ပထမဆုံး ဧည့်သည် ဖြစ်လာနိုင်တယ်လေ" စွန်းမင်က မကျေမနပ်သော လေသံဖြင့် ပြောဆိုသည်။

“ငါလည်း မင်းကို အကြောင်းကြားမလို့ပါပဲ။ စားသောက်ဆိုင်ဖွင့်တဲ့ ပထမဆုံးနေ့ဆိုတော့ စိတ်လောနေတာနဲ့ ဟိုမေ့သည်မေ့နဲ့ပါကွာ”

"နားလည်ပြီ။ ခဏစောင့်နေ။ ငါ မင်းကို အခုပဲ ပန်းခြင်း နှစ်ခု ပို့ပေးမယ်။ ဒါနဲ့ မင်းက ဘာစီးပွားရေးလုပ်တာလဲ"

"အစားအသောက်......"

စွန်းမင်က ယွမ်ကျိုး၏စကား အဆုံးမသတ်ခင် စကားဖြတ်ပြောလိုက်သည်။

"ညစာစားဖို့ မင်းရဲ့စားသောက်ဆိုင်ကို ငါလာခဲ့မယ်။ မင်းရဲ့ဖောက်သည် အရေအတွက် တိုးလာအောင်လည်း ငါ ကူညီရမှာပေါ့"

“စိတ်ချပါ။ အစားအသောက်တွေက စျေးနည်းနည်းကြီးပေမယ့် တော်တော် စားကောင်းပါတယ်…”

“ညီအစ်ကိုတွေပဲဟာ ဒီလောက်ကတော့ မပြောပလောက်ပါဘူး။ စားသောက်ဆိုင်သေးသေးလေးက ဘယ်လောက်ဈေးကြီးမှာမို့လို့လဲ။ ဒီည ငါ့ရောက်လာတာကို သာ စောင့်နေစမ်းပါကွာ"

ထို့နောက် စွန်းမင်က တယ်လီဖုန်း ချလိုက်သည်။

"ဒါကလည်း ငါ့အလုပ်ကို အဆင်ပြေနိုင်တာပဲလေ"

စွန်းမင်နှင့် ဖုန်းပြောပြီးနောက် ယွမ်ကျိုး၏စိတ်ထဲ အကြံတစ်ခု ပေါ်လာသည်။

မီးဖိုချောင်ထဲသွားပြီးနောက် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ကို ထပ်ကြော်သည်။ ဒုတိယအကြိမ်ဖြစ်သောကြောင့် လိုအပ်သောအဆင့်များနှင့် ရင်းနှီးနေပြီသားဖြစ်သည်။ အချိန်တိုအတွင်း ကြက်ဥထမင်းကြော်က အဆင်သင့် ဖြစ်သွားသည်။

"ပထမတစ်ခေါက် ချက်တုန်းကလိုပဲ သွားရည်ယိုစရာကောင်းတဲ့အထိ အနံ့မွှေးကြိုင်နေတာပဲ”

ထိုစဥ် စနစ်က ရုတ်တရက် ပေါ်လာသည်။

“ဧည့်သည်တစ်ဦးစီက အစားအသောက်တစ်မျိုးလျှင် တစ်ပွဲစီသာ မှာယူနိုင်ပါတယ်”

“ထမင်းကြော်တစ်ပွဲရဲ့ ပမာဏက နည်းနည်းလေးလေ။ ဧည့်သည်ကဗိုက်မပြည့်သေးရင် နောက်တစ်ပွဲထပ်မှာမှာပေါ့။ ဒါလည်း လက်မခံပြန်ဘူးလား”

စနစ်က သူ့ကို ထောင့်ပေါင်းစုံမှ ပြဿနာလိုက်ရှာနေသည်ဟု ပင် ယွမ်ကျိုး ခံစားလာရသည်။

စနစ်က “အနာဂတ် ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနဲ့ စိတ်နေစိတ်ထားနဲ့ စည်းကမ်းအချို့ကို လိုက်နာဖို့ လိုအပ်ပါတယ်”

ယွမ်ကျိုး က "မင်းပြောတာ မှန်တယ်။ ငါ့မှာ ပြန်ပြောစရာ မရှိဘူး”

ယွမ်ကျိုး နှင့် စနစ်က ညရောက်သည့်အထိ တစ်ယောက်နှင့်တစ်ယောက် အချေအတင် ပြောဆိုရင်း အချိန်ကုန်ဆုံးခဲ့သည်။

"ယွမ်ကျိုး မင်းက တကယ်ကို အလျင်လိုနေတာပဲ။ ဆိုင်မှာ ဆိုင်းဘုတ်တောင် မရှိသေးဘဲ ဆိုင်ဖွင့်လိုက်ရလား”

စွန်းမင် သည် သူ့ကားကို ကားပါကင်ထိုးလိုက်ပြီး ပန်းတောင်းများကို တံခါးဝတွင် ထားခဲ့ကာ ယွမ်ကျိုး ကို နောက်ပြောင်လိုက်သည်။

“မင်းတစ်ယောက်တည်းလား။ တခြားသူတွေ မပါလာဘူးလား”

ယွမ်ကျိုးက စွန်းမင်ကို ထိုင်ခုံစီ ခေါ်သွားသည်။ စွန်းမင်းနှင့်အတူတူ တခြားဧည့်သည်များ မပါလာ၍ သူ အနည်းငယ် စိတ်ပျက်သွားသည်။

“အလျင်လိုနေတော့ ဒီနေ့ တစ်ယောက်တည်း လာခဲ့လိုက်တာလေ။ နောက်တစ်ခေါက်လာရင် သူငယ်ချင်းတွေကို ခေါ်လာခဲ့ပေးမယ်"

စွန်းမင်က စားသောက်ဆိုင်ကို လည့်ပတ် ကြည့်လိုက်ပြီး “ဒီနေရာက တကယ်မဆိုးဘူးပဲ။ ထိုင်ခုံက နည်းနည်းပဲရှိတာလား။ ဘာပဲဖြစ်ဖြစ်ကွာ အခုပဲ မင်းရဲ့အကောင်းဆုံး ဟင်းလျာတွေ ချပေး"

“အရင်ဆုံး အရသာမြည်းစမ်းကြည့်မယ်။ မင်းရဲ့သူငယ်ချင်းအတွက် အကောင်းဆုံး ဟင်းလျာတွေ ချပေးကွာ။ ငါတို့က သူငယ်ချင်းဖြစ်ပေမဲ့ အခုအချိန်မှာ ငါက မင်းရဲ့ဧည့်သည်ပဲ။ စျေးအကြီးဆုံးဟင်းကို ချက်ကွာ။ ငါကျသင့်ငွေပေးပါ့မယ်။ စိတ်မပူနဲ့"

စွန်းမင်သည် ဒေသခံ သူဌေးတစ်ယောက်၏ အသွင်အပြင်ဖြင့် ရက်ရက်ရောရော ပြောဆိုခဲ့သည်။

"အိုကေ။ ဒါပေမယ့် အခုက ကြက်ဥထမင်းကြော်ပဲ ရောင်းသေးတယ်။ ငါ မင်းကို ကြက်ဥထမင်းကြော်တစ်ပွဲ ကြော်ပေးမယ်။ ဒီတစ်ခေါက်တော့ …”

စွန်းမင်က ရက်ရောသော စကားမျိုးကို ပြောလာ၍ သူက ပြုံးပြီး ပြန်ဖြေသည်။

"အလကားကျွေးမယ်" ဟု သူ့ပါးစပ်မှ ထွက်မလာခင် စနစ်က သူ့ကို ကြားဖြတ်ဝင်ပြောသည်။

"စားသောက်ဆိုင်ထဲမှာရှိတဲ့ လူအားလုံးက ဧည့်သည်တွေပါ။ ဒါကြောင့်မို့ စျေးနှုန်းအတိုင်း တန်းတူညီမျှ ကောက်ခံပေးပါ"

ယွမ်ကျိုး က သူ့စိတ်ထဲမှာပင် စနစ်ကို လက်ခလယ်ထောင်ပြလိုက်သည်။ စနစ်ကလည်း ငွေကို အလွန်ချစ်မြတ်နိုးသည်။

"အိုကေ။ ကြက်ဥထမင်းကြော်ပေါ့။ မြန်မြန်လုပ်စမ်းပါ။ ငါဗိုက်ဆာနေပြီ"

စွန်းမင်ကတော့ က တခြားဂရုမစိုက်နိုင်ပေ။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် ယွမ်ကျိုးကို ကြက်ဥထမင်းကြော် ကြော်ရန် တိုက်တွန်းသည်။ ထို့နောက် စားသောက်ဆိုင်၏ ပတ်ဝန်းကျင်ကို သေသေချာချာ ကြည့်လိုက်သည်။

ရိုးရှင်းစွာ အလှဆင်ထားသော ၃၀စတုရန်းမီတာသာရှိသည့် အခန်းဖြစ်သည်။ မီနူးကိုကြည့်လိုက်စဥ် စျေးနှုန်းစာရင်းကို တွေ့လိုက်သည်။ သစ်သားဘုတ်ပေါ်မှာ ကြက်ဥထမင်းကြော်ဟူ၍ ဟင်းလျာတစ်မျိုးတည်း ရှိသည်။ သို့တိုင် သစ်သားဘုတ်ပေါ်မှာ ပြထားတဲ့ ဈေးနှုန်းက စွန်းမင်အား ဤစားသောက်ဆိုင်ထဲ မဝင်ခဲ့သင့်ဟု ခံစားရစေသည်။

သူက ပတ်ဝန်းကျင်ကို မသိမသာ လှမ်းကြည့်ပြီး စျေးနှုန်းကို ပြန်ကြည့်လိုက်သည်။ သို့သော် ပုံသည် ယခင်အတိုင်းပင် မပြောင်းလဲချေ။ ကြက်ဥထမင်းကြော်၏ ဈေးနှုန်းက ၁၈၈ ယွမ် ဖြစ်နေသည်။

ခဏကြာစဉ်းစားပြီးနောက် စွန်းမင်က ဖြစ်ပျက်သမျှ အခြေအနေကို နားလည်သွားသည်။

“ဟားဟား။ ယွမ်ကျိုးရေ၊ မင်းစျေးနှုန်းက မှားနေတယ်ကွ" စွန်းမင်က မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေသော ယွမ်ကျိုးကို ပြုံးပြီး ပြောလိုက်သည်။

ထိုစဥ် ယွမ်ကျိုးက ကြက်ဥထမင်းကြော်ကို ကြော်ပြီသွားသည်။

သူက ဆွန်းမင်၏ အရှေ့မှာ အစားအသောက်ကို အရင်တင်လိုက်ပြီး စျေးနှုန်းကိုကြည့်သည်။

“မှန်ပါတယ်ကွ။ ဈေးနှုန်းက တကယ်ကို ဒီလောက်ဈေးနှုန်းပါပဲ”

စွန်းမင် က အတော်လေး စိတ်မပျော်မရွှင် ဖြစ်သွားသည်။ ရင်းနှီးသော မိတ်ဆွေ အနေဖြင့် သူ့သူငယ်ချင်း၏ဆိုင်ကို အားပေးရန် ရောက်လာသော်လည်း သူငယ်ချင်းက သူ့ကို အရူးဟု သတ်မှတ်ကာ ဈေးမတန်တရား တောင်းသည်။

ထို့ကြောင့် လူတစ်ယောက်ကို အပေါ်ယံကြည့်၍ မဆုံးဖြတ်သင့်ကြောင်း စွန်းမင် နားလည်သွားသည်။ သူ့ဘက်က ကျသင့်ငွေကို ပေးမည်ဟု ကတိပေးထား၍ ထွက်သွားရန်လည်း မသင့်လျော်သောကြောင့် မှာထားသော အစားအသောက်ကို စားသောက်ဆိုင်မှာ ထိုင်စားရမည်။

အပိုင်း(၉)

ပြီး၏။

All Chapters