အခန်း (၁၄)
Vol. 1 Ch. 14
ဤမိန်းမချောလေးက တရုတ်ပြည်တောင်ပိုင်းသူ ဖြစ်သည်။ သူမ၏ နာမည်က ယင်ယာဖြစ်သည်။ သူမသည် စီချွမ် ပြည်နယ်စု၏ ချန်ဒူမြို့မှာ တက္ကသိုလ်ပညာကို ဆက်လက် သင်ကြားခဲ့ပြီး ဘွဲ့ရရှိသောအခါ ၎င်းမြို့တွင် ဆက်လက် အလုပ်လုပ်ကိုင်ခဲ့သည်။ သူမသည် ယွမ်ကျိုး၏ စားသောက်ဆိုင် အနောက်ဘက်တွင် ရှိသော စီးပွားရေးဌာန အဆောက်အဦတွင် စစ်ဆေးရေးမှူး၏ လက်ထောက် ရာထူးဖြင့် အလုပ်လုပ်ကိုင်သောကြောင့် တစ်လလျှင် လစာယွမ်သုံးသောင်ခန့် ရရှိသည်။
သို့သော်လည်း ယနေ့မနက်ခင်းတွင် ယင်ယာက တခြား စစ်ဆေးရေးမှူး၏ လက်ထောက်ကို သတင်းမှားယွင်းစွာ ပို့မိ၍ သူမ၏ အထက်လူကြီး သူမကို ပြင်းထန်စွာ အပြစ်ဆိုသည်။ သူမ၏ ညစ်ညူနေသော စိတ်အခြေအနေ ကောင်းမွန်အောင် အရသာရှိသည့် အစားအသောက် ဝယ်စားမည်ဟု ဆုံးဖြတ်ခဲ့သည်။ ဤသို့ဖြင့် ယင်ယာသည် ယွမ်ကျိုး၏ ရိုးရှင်းသော ကြက်ဥထမင်းကြော်ကို ၁၈၈ယွမ် ဖြင့် ဝယ်စားလိမ့်မည်။
ယင်ယာက အောက်ဘက်လမ်းတစ်လျှောက် စားသောက်ဆိုင်အားလုံးကို သွားဖူး၍ သူမ၏စိတ်ခံစားမှုကို ကောင်းမွန်စေသော အစားအသောက်အသစ်များကို မြည်းစမ်းရန် စားသောက်ဆိုင်အသစ်ကို ရှာဖွေနေသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်ကို အပြင်ဘက်မှ ကြည့်လိုက်သောအခါ မဆိုးဘူးဟု ခံစားရ၍ ဆိုင်ထဲ ဝင်ရောက်လိုက်စဥ် ရိုးရိုးကြက်ဥထမင်းကြော်ကို ၁၈၈ယွမ်ဖြင့် ရောင်းချ၍ သူမ အံ့အားသင့်သွားသည်။
ယင်ယာက ဈေးကြီးသော အစားအသောက်များကို မစားရန် ကြံရွယ်ထားသော်လည်း ဈေးနှုန်းက သူမ လက်ခံနိုင်သော အခြေအနေ ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ စိတ်ခံစားချက် ကောင်းမွန်ရန် အဓိက ဖြစ်၍ ဈေးနှုန်းက သူမအတွက် အရေးမပါချေ။
ယင်းယာသည် ဟင်းချက်ရန် အာရုံစိုက်နေသော သူဌေးကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ၁၈၈ယွမ် ပေးရသော ဈေးနှင့်မတန်လျှင် သူ့သူငယ်ချင်းများနှင့် Wechatတွင် အတင်းတုပ်ရန် အကြံရမိသည်။ ဤစားသောက်ဆိုင်က သူမတို့ အလုပ်နှင့် သိပ်မဝေးကွာချေ။
မတန်တဆ ဈေးတင်ရောင်းသော သူဌေးကို စီးပွားပျက်အောင် လုပ်ပြီး စားသောက်ဆိုင် ပိတ်သွားစေရမည်။
“ဒါက မင်းရဲ့ ကြက်ဥထမင်းကြော်။ သုံးဆောင်လို့ ရပါပြီ" ယွမ်ကျိုးက ပုံမှန်အတိုင်း ကြက်ဥထမင်းကြော်ကို အမြန်ကြော်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
ယင်းယာသည် တယ်လီဖုန်းကိုချကာ ယွမ်ကျိုးကို ယဉ်ကျေးသောအပြုံးဖြင့် မော့ကြည့်လိုက်သည်။ ထို့နောက် သူမသည် ထမင်းကြော်စားရန် ဇွန်းကို ကိုင်လိုက်သည်။
ရွှေရောင်ကြက်ဥထမင်းကြော် နှင့် အစာစားချင်စိတ် မဖြစ်ပေါ်သေးသော စိတ်အခြေအနေ
“မွှေးလိုက်တာ…”
ကြက်ဥထမင်းကြော်၏ ရနံ့က သူမနှာခေါင်းထဲသို့ ဝင်ရောက်သွားသော အခိုက်အတန့် သူ့ပါးစပ်မှ သွားရည်များ စီးကျလာသည်။ သူမ၏နှလုံးသားထဲမှာ ‘စားလိုက်တော့’ ဟူသော အတွေးတစ်ခုတည်းသာ ရှိသည်။
ဇွန်းက ပန်းကန်ကို ထိလိုက်သောအခါ ကြည်လင် ငြိမ့်ညောင်းသော အသံထွက်ပေါ်လာသည်။ ထမင်းကြော် နဲ့ကြက်ဥကို ကောင်းမွန်စွာ ရောကြော်ထားသော ကြက်ဥထမင်းကြော် ပထမတစ်ဇွန်းက သူ့ခံတွင်းထဲ ဝင်ရောက်သွားသောအခါ သူမ၏ခန္ဓာကိုယ်မှ ဒွါရပေါက် အားလုံး ပွင့်သွားပြီး ဂျင်းဆင်း စားရသကဲ့သို့ ခံစားချက် ဖြစ်ပေါ်လာသည်။
ပထမတစ်ဇွန်းစားပြီးနောက် မကောင်းသတင်း ဖြန့်ဝေမည့် အကြံအစည် အားလုံး ပြယ်လွင့်သွားသည်။
"အရမ်းကောင်းတယ်"ဟူသော စကားတစ်ခွန်းတည်းကိုသာ သူမ ပြောနိုင်သည်။
ယင်ယာ၏မိဘနှစ်ပါးစလုံးသည် ကျောင်းဆရာများဖြစ်ကြ၍ ယင်ယာသည် ငယ်စဥ်ဘဝတည်းက ကောင်းကောင်းမွန်မွန် ကြီးပြင်းခဲ့သည်။ ထို့အပြင် သူမ၏ လစာကောင်းသောကြောင့် ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်သည်။ သူမ၏ နေ့စဥ်လူနေမှုဘဝက အဆင်ပြေချောမွေ့လွန်းသည်။ တစ်ခါတစ်ရံ ယင်ယာသည် ထူးခြားသော စားကောင်းသောက်ဖွယ်များ စားသောက်ခြင်းဖြင့် သူမကိုယ်သူမ ဂုဏ်ပြုလေ့ရှိသည်။ ယွမ် ၂သောင်း၊ ၃သောင်းခန့် ကုန်မည်ဆိုလည်း သူမက နှမြောနေမည် မဟုတ်ချေ။
အမျိုးသားထုကြီး၏ ပိုးပန်မှုကို ခံယူထားသော မိန်းမချောလေး အနေဖြင့် လတ်ဆတ်လှပသော ပန်းစည်းများ နှင့် ဝိုင်ကောင်းကောင်းများကို မလွဲဧကန် လက်ဆောင်ရဖူးလိမ့်မည်။ သို့တိုင် ဤကြက်ဥထမင်းကြော်လောက် အရသာကောင်းသော ဟင်းလျာကို သူမ မမြည်းစမ်းဖူးပေ။
သူမ၏ လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူ ထိပ်တန်း အဆင့် ဝင်သော စားသောက်ဆိုင်တွင် သွားစားဖူးသည်။ ညစာစားသုံးရန် လဝက်ခန့်ကြိုတင်ပြီး ဘိုကင်တင်ရသည့်အပြင် ယွမ် ၃သောင်းကျော် ကုန်ကျခဲ့သည်။ သို့သော်လည်း ထိပ်တန်းစားဖိုမှူး၏ လက်ရာက ကြက်ဥထမင်းကြော်ကို ယှဉ်နိုင်စွမ်း မရှိပေ။
"သူဌေးက ဟင်းချက်တာ တကယ်ကျွမ်းကျင်တာပဲ"
ကြက်ဥထမင်းကြော်၏ မှော်ဆန်မှုကြောင့် ကျက်သရေရှိသောမိန်းမချောလေး ယင်ယာက ပန်းကန်ပြားကို ပထမဆုံးအကြိမ် လျှာဖြင့်လျက်ချင်သော ဆန္ဒဖြစ်ပေါ်လာသည်။ မိဘများ၏ တင်းကျပ်သော စည်းကမ်းကြောင့် ယခုလို အပြုအမူမျိုး မလုပ်ဆောင်သင့်ကြောင်း သူမကိုယ်သူမ သတိပေးမိသည်။ သို့သော်လည်း သူမက ခေါင်းမော့က လှိုက်လှိုက်လှဲလှဲ ပြုံးပြသည်။
"နောက်တစ်ပွဲ ထပ်ပေးပါဦး"
ထိုစကားကို ပြောပြီးနောက် ယင်းယာသည် အနည်းငယ် ရှက်သွားသည်။ စားသောက်ဆိုင်မှာ အစားအသောက်များများ မှာယူစားသောက်ခြင်းက မိန်းမလှလေးများအတွက် ရှက်စရာကောင်းသည်။ မိန်းမလှလေးများသည် သွယ်လှသော ခန္ဓာကိုယ်သွင်ပြင်ကို ထိန်းသိမ်းရန် အရေးကြီးဆုံးဖြစ်သည်။
"အားနာမိပါတယ်။ ကျွန်တော်တို့ ဆိုင်က ဧည့်သည်တစ်ယောက်ကို အစားအသောက်တစ်မျိုးပဲ မှာခွင့်ပေးပါတယ်”
ယွမ်ကျိုးက မိန်းမချောလေးကို စိတ်ရှည်သည်းခံစွာဖြင့် ရှင်းပြသည်။
"ရပါတယ်။ ညနေ ဘယ်နှနာရီ ဆိုင်ပိတ်တာလဲ"
ဆိုင်ရှင်၏ ငြင်းဆန်မှုကြောင့် ယင်ယာ နည်းနည်း အံ့ဩသွားသည်။ ထို့ကြောင့် သူမက စကားလမ်းကြောင်းလွှဲလိုက်သည်။
မိန်းမချောလေးက ထပ်မံမမေးမြန်းသောကြောင့် ယွမ်ကျိုး ဝမ်းသာသော ခံစားချက်နှင့် ဝမ်းနည်းသော ခံစားချက် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်သွားသည်။ မိန်းမချောလေးက ဆက်လက်မေးမြန်းလျှင် မိန်းမချောလေးနှင့် ရင်းနှီးခွင့်ရမည်။ သို့သော်လည်း သူမ၏အပြုအမူကို အကဲဖြတ်ကြည့်ရုံဖြင့် မိန်းမချောလေး၏စိတ်နှလုံးကို သူ့ဟင်းချက်စွမ်းရည်ဖြင့် သိမ်းပိုက်နိုင်ကြောင်း သိနိုင်သည်။
“ည ၉နာရီ ဆိုင်ပိတ်ပါတယ်”
"အိုကေ။ ဒီမှာ ကျသင့်ငွေပါ"
ယင်ယာ က ငွေရှင်းလိုက်သည်။ သူဌေး၏ငြင်းဆန်မှုကြောင့် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူမ နည်းနည်းလေးမျှ စိတ်မဆိုးပေ။ အရသာရှိတဲ့ ကြက်ဥထမင်းကြော်ကို ရောင်းချသော စားသောက်ဆိုင်မဆိုထားဘိ နေရာတိုင်းမှာ သူ့စည်းကမ်းနှင့်သူရှိမှန်း သူမ နားလည်သည်။
“လာရောက်အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်တစ်ခေါက် လာအားပေးပါဦး”
ယွမ်ကျိုးက အရိုးသားဆုံး ပြောလိုက်သည်။
မွန်းတည့်ချိန်က အလျင်အမြန် ကုန်ဆုံးသွားသည်။ သာမန်စားသောက်ဆိုင်ဆိုလျှင် ယွမ်ကျိုးက ညနေ့ဘက်တွင် ရောင်းချမည့် အစားအသောက်များကို ကြိုတင်ပြင်ဆင်ထားရမည့်အပြင် နေ့လည်ဘက်တွင် အသုံးပြုမည့် ပစ္စည်းများ လိုအပ်လာလျှင်လည်း ဖြည့်စွက်ရမည်။
ယခုတော့ စနစ်အားကိုးဖြင့် ယွမ်ကျိုးက လုပ်စရာ အလုပ်မရှိသောကြောင့် အပေါ်ထပ်သို့တက်ကာ တရေးအိပ်လိုက်သည်။
စနစ်က လိုအပ်သော ပစ္စည်းများကို အံဆွဲထဲ ထည့်ထားပေးသည်။ အသုံးပြုခဲ့သည့်တိုင် အရေအတွက်နှင့် ပမာဏက မပြောင်းလဲသွားချေ။
ထို့ကြောင့် ယွမ်ကျိုး၏အလုပ်က ဖောက်သည်ကို ထမင်းကြော်ပေးရန်သာ ဖြစ်သည်။
ထို့ကြောင့် အလုပ်လုပ်စရာ မရှိသော ယွမ်ကျိုးက အနားယူရန် အိပ်စက်ရမည်။
ယွမ်ကျိုး ကျေနပ်စွာ တရေးတမော အိပ်စက်နေစဥ် ကြက်ဥထမင်းကြော် စားခဲ့သော အဖွဲ့က Wechat Gpတွင် ကြက်ဥထမင်းကြော် ကောင်းကြောင်းကို တခမ်းတနား ပြောဆိုနေကြသည်။ အထူးသဖြင့် စွန်းမင်၊ မျောက်ကြီး နှင့် အလီတို့ အဖွဲ့ဖြစ်သည်။
သစ်ပင်ပေါ်ကမျောက်ကြီး(account): "စွန်း အကြံပြုထားတဲ့ ကြက်ဥထမင်းကြော်က အရမ်းအရသာရှိတယ်ကွာ။ ပြီးတော့ သူဌေးမှာလည်း သူ့ကိုယ်ပင်အရည်အသွေးရှိတယ်။ ငါတို့တွေ ဒီနေ့ည သွားစားကြမလား”
နားလည်လွယ်သူ(acc) "စကားပြောရင်နာမည်တပ်ပြောလို့ မင်းကိုဘယ်နှခါပြောရမလဲ။ မင်းဟာက ဘယ်သူ့ကိုပြောမှန်းမသိဘူး။ ဒါနဲ့ မျောက်ကြီး၊ ငါလည်း လိုက်ခဲ့မယ်”
ငါက အစားမက်သူ တစ်ယောက်ပါ(acc) "မင်း ဒီမနက် မသွားခဲ့ဘူးလား။ ဒီည ထပ်သွားဦးမလို့လား"
အလီ: "ငါ မင်းနဲ့ အတူလိုက်ခဲ့မယ်"
ဆန်ပုံးလူကြီးမင်း:"အလီ၊ မင်း ဖျားနေတာမဟုတ်ဘူးလား"
အလီ: “ဟုတ်တယ်၊ ဒါပေမယ့် ငါ့ရဲ့ အစာစားချင်စိတ်ကို မထိခိုက်ဘူး။ ထမင်းကြော်က အဆီလုံးဝမပါဘူးလေ"
ငါက အစားမက်သူ တစ်ယောက်ပါ: "အဲဒါ ကအရမ်းအရသာရှိနေလို့လား။ အဆီများတဲ့ အစားအစာကို လုံးဝမကြိုက်တဲ့ မင်းလိုနေမကောင်းတဲ့သူတောင်မှ စားတယ်ဆိုတော့”
ဆန်ပုံးလူကြီးမင်း “မင်းတို့ သုံးယောက်ပြောတာ ကြားတော့ ငါ နည်းနည်း စိတ်ဝင်စားသွားပြီ။ အခုတလော အစားစားရတာ ခံတွင်းသိပ်မတွေ့ဘူး။ အစားမက်သူ၊ ငါတို့အတူတူသွားကြမလား"
မျောက်ကြီးသည် အဖွဲ့ထဲမှာ စိတ်ဝင်စားသူ နှစ်ယောက် ရှိလာ၍ လျင်မြန်စွာ စာရိုက်သည်။
“အစားမက်သူ၊ မင်းလည်း အတူတူလာခဲ့လေ။ ညနေ ၆နာရီ မြို့လယ်ခေါင်မှာ ဆုံကြရအောင်လား။ အတူတူသွားချင်တဲ့သူတိုင်း တွေ့ဆုံဖို့ အဲဒီစုရပ်ကိုပဲ လာခဲ့ကြပါ”
ငါက အစားမက်သူ တစ်ယောက်ပါ: "မျောက်ကြီး။ မင်းက ပါတီပွဲရှိတိုင်း ထိပ်ဆုံးက အမြဲပါတယ်။ ဒါဆိုရင် အဲဒီစုရပ်မှာပဲ ဆုံတာပေါ့။ ဒါပေမဲ့ ကြက်ဥထမင်းကြော်က ငါ့ကို စိတ်မကျေနပ် ဖြစ်စေရင် အဘိုးလီဆိုင်က ဘဲကင်ကို မင်းက ဝယ်ကျွေးရမယ်”
သစ်ပင်ပေါ်ကမျောက်: “ကိစ္စမရှိဘူး။ အရသာမရှိဘူးလို့ ပြောတဲ့သူတိုင်း ငါ့ဆီသာ တန်းလာခဲ့”
“ငါ့ကောင်ရေ မင်းက အရမ်းယုံကြည်လွန်းနေတာပဲ ။ ငါလည်း အဲဒီဆိုင်ကို သွားဖို့လိုအပ်ပုံနေပြီ” အစားကြီးသူ ပြောတယ်။
သစ်ပင်ပေါ်က မျောက်: “အဖွဲ့ခေါင်းဆောင် ရောက်လာပြီပဲ။ စိတ်မပူနဲ့ ခေါင်းဆောင်။ ဒါက ကြယ်၁၀ပွင့်အဆင့် အကြုံပြုချက်ပဲ။ လုံး၀အာမခံတယ်”
စွန်းမင် (နားလည်လွယ်သူ)သည် အဖွဲ့ခေါင်းဆောင်လိုင်းတက်သည်ကိုတွေ့ရှိသောအခါ သူ့ညီအစ်ကိုကိုကူညီရန် အွန်လိုင်းပေါ်တွင် စာတင်လိုက်သည်။
နားလည်လွယ်သူ:“အဲဒီစားသောက်ဆိုင်က ငါ့ညီအစ်ကိုလို ခင်ရတဲ့ သူငယ်ချင်းပိုင်တာ။ အရသာမရှိရင် မင်းတို့တစ်ယောက်ချင်းစီအတွက် အဘိုးလီဆိုင်က ဘဲကင်တစ်ကောင်စီ ငါဝယ်ကျွေးမယ်"
အဖွဲ့ခေါင်းဆောင်က ဦးဆောင်ပြီး စကားပြောခြင်း နှင့် အဘိုးလီ ဘဲကင်၏ သွေးဆောင်မှုနှင့်အတူ ရှားရှားပါးပါး စကားပြောဆိုသူများ ပိုများလာသည်။
ကြည့်ရှုသူများ 1234: “အဘိုးလီရဲ့ဘဲကင်က တွေးရုံနဲ့ငါ့ကိုသွားရည်ယိုစေတယ်။ ကြွပ်ဆတ်တဲ့အရေ
ခွံ၊ နူးညံ့ပြီး အရည်ရွှမ်းတဲ့အသားပြီးတော့ အချည်ရည်လေးနဲ့...။ ငါ့ကိုလည်း ထည့်တွက်လိုက်နော်။ စားမကောင်းလို့ မကောင်းဘူးလို့ ပြောရင် ငါ့ကို အပြစ်မတင်နဲ့နော်"
ဤသို့ဖြင့် စွန်းမင် နှင့် မျောက်ကြီးတို့သည် ကြက်ဥထမင်းကြော်ကို ပုံစံအမျိုးမျိုးဖြင့် ချီးကျူးခန်း စတင်သည်။
အပိုင်း(၁၄)
ပြီးပါပြီ။