← Chapters

အခန်း (၁၅၅-၁၅၆)

Vol. 12 Ch. 155-156

အခန်း (၁၅၅-၁၅၆)

Vol. 12 Ch. 155-156

အခန်း (၁၅၅) - မြစိမ်းတော ဈေးတန်းအား မိစ္ဆာများ ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကပ်ဘေးဆိုက်ရောက်ခြင်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ဈေးတန်းတစ်ခုလုံးရှိ မိစ္ဆာနှင်အင်းများအားလုံး ပြောင်သလင်းခါအောင် ရောင်းထွက်သွားတော့သည်။

လေလွင့်ကျင့်ကြံသူ အများအပြားသည် ဝိညာဉ်ကျောက်တုံးများ ပိုင်ဆိုင်ထားသော်လည်း၊ ဝယ်ယူစရာ မိစ္ဆာနှင်အင်း မရှိတော့သည့် အဖြစ်ဆိုးနှင့် ကြုံတွေ့နေရ၏။

တစ်ချိန်တည်းမှာပင် မိစ္ဆာနှင အင်းများ၏ ဈေးနှုန်းသည် မယုံနိုင်လောက်အောင် မိုးထိုးသွားခဲ့သည်။

မိစ္ဆာနှင်အင်း အများအပြားကို သိုလှောင်ထားမိသော လေလွင့်ကျင့်ကြံသူ အချို့ကမူ ဈေးကွက်အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့သည် အမြင့်ဆုံးဈေးပေါက်သည့် အချိန်ရောက်မှသာ ထုတ်ရောင်းရန် ကြံစည်နေကြခြင်း ဖြစ်၏။

မြစိမ်းတော ဈေးတန်းတစ်ခုလုံးနှင့် ဆင်းရဲသား ရပ်ကွက်ရှိ ကျင့်ကြံသူများသည် စိုးရိမ်သောက မီးတောက်များဖြင့် ပူလောင်နေကြရရှာသည်။

သို့သော် သူတို့ တတ်နိုင်သော အရာဟူ၍ ဘာမှမရှိပေ။

သေချာပေါက် ဤသတင်းသည် ကျန်းဖန်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

ရှောင်လွှဲ၍ ရနိုင်မည့် ကိစ္စမဟုတ်ပါ။ ဤကိစ္စကို လူတိုင်း သိရှိနေကြပြီဖြစ်ရာ၊ သူတစ်ယောက်တည်း မကြားသိရပါက ထူးဆန်းနေပေလိမ့်မည်။

အိမ်နီးနားချင်းများ၏ ပြောပြချက်ကို နားထောင်ပြီးနောက်၊ ကျန်းဖန်သည် ဖြစ်ပျက်နေသော အခြေအနေ၏ အတိမ်အနက်ကို ကောင်းစွာ သဘောပေါက်သွားသည်။

"မိစ္ဆာတွေ သောင်းကျန်းနေတာလား..."

"မိစ္ဆာနှင်အင်း ဈေးတွေလည်း မိုးထိုးနေတယ်ပေါ့လေ..."

"ကြည့်ရတာ ဒါက ငါ ချမ်းသာဖို့ အခွင့်အရေးပဲ ဖြစ်မယ်ဟေ့..."

ကျန်းဖန်၏ မျက်လုံးများ ရုတ်တရက် အရောင်တောက်လာပြီး၊ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားသည်။

မူလက သူသည် ဝိညာဉ်ကျောက်တုံး အမြောက်အမြား ရရှိရန် မည်သည့်နည်းလမ်းကို အသုံးပြုရမည်နည်းဟု စဉ်းစားနေခဲ့သည်။

ယခုမူ မိစ္ဆာနှင်အင်းများကို သန့်စင်ရောင်းချခြင်းသည် ငွေရှာရန် အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။

"အခုလောလောဆယ် အလယ်အလတ်အဆင့် မိစ္ဆာနှင်အင်း တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၂၀ တောင် ပေါက်ဈေး ရှိတယ်..."

"အကယ်၍ အင်းချပ် ၁၀၀ လောက်သာ လုပ်နိုင်ရင်၊ ဝိညာဉ်ကျောက်တုံး ၂၀၀၀ တောင် ရမှာ မဟုတ်လား..."

"လေလွင့်ကျင့်ကြံသူ အများစုဆိုရင် တစ်သက်လုံး ကြိုးစားရုန်းကန်ရင်တောင်မှ ဒီလောက်များတဲ့ ပမာဏကို ရှာဖွေနိုင်ဖို့ဆိုတာ မလွယ်ဘူးလေ..."

ထို့ပြင် ဤအခြေအနေသည် အချိန်အခါနှင့်အညီ ပေါ်ပေါက်လာသော အခွင့်အရေး ဖြစ်သည်။

အကယ်၍ ဤအခွင့်အရေးကိုသာ လက်လွတ်ခံလိုက်ပါက၊ နောက်တစ်ကြိမ် မည်သည့်အချိန်မှ ဒီလိုအခွင့်အရေးမျိုး ထပ်ရမည်ကို မည်သူမျှ မသိနိုင်ပေ။

"ဝိညာဉ်ကျောက်တုံး ရှာဖို့ဆိုတာ ကိုယ့်အရည်အချင်းပေါ်ပဲ မူတည်တာ..."

"ဒါက အဓိက သော့ချက်ပဲ..."

ကျန်းဖန် သူ၏လက်သီးကို တင်းတင်း ဆုပ်လိုက်မိသည်။

......

ကျွမ်းကျင်မှု နည်းပညာ မရှိပါက၊ သူတစ်ပါး ငွေရှာနေသည်ကို ထိုင်ကြည့်ပြီး မနာလိုဖြစ်ရုံမှတစ်ပါး အခြားမရှိပေ။

ယခု မိစ္ဆာနှင်အင်း ကိစ္စသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။

မြစိမ်းတော ဈေးတန်းတွင် အလယ်အလတ်အဆင့် အင်းကွက်ဆရာ အများအပြား ရှိနေသော်လည်း၊ မိစ္ဆာနှင်အင်း လိုအပ်ချက်မှာမူ ကြီးမားလွန်းလှသည်။

ထို့ကြောင့် ဈေးကွက်ဝေစုကို သူလည်း ဝင်ရောက် ရယူနိုင်သည်။

ရိုးရိုးသားသား ပြောရလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်လိုပါက၊ ဆေးဝါးများကို အားကိုးရမည် ဖြစ်သည်။

ဆေးဝါးများကို မှီဝဲခြင်းဖြင့် အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်များသည် သူတို့၏ ကျင့်ကြံခြင်းနှုန်းကို မြှင့်တင်နိုင်သည်။

မြေကမ္ဘာ ဝိညာဉ်အမြစ် ပိုင်ရှင်များအတွက်မူ ဆေးဝါးအာနိသင်သည် ပို၍ပင် ထိရောက်မှု ရှိပေသည်။

ထို့ကြောင့် သူ ပိုင်ဆိုင်သော ဝိညာဉ်ကျောက်တုံး ပမာဏသည် များနိုင်သမျှ များလေ ကောင်းလေပင်။

ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်တုံးသာ မရှိလျှင် ခြေတစ်လှမ်းတောင် ရွေ့နိုင်မည် မဟုတ်ပေ။

"ကောင်းပြီလေ... ဒီလိုဆိုမှတော့ မိစ္ဆာနှင်အင်း သန့်စင်ကြတာပေါ့..."

ကျန်းဖန်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး အင်းကွက်ရေးဆွဲသည့် အခန်းထဲသို့ ဝင်ရောက်သွားလိုက်သည်။

ထို့နောက် စကားတစ်ခွန်းမျှ မဆိုဘဲ ကံကောင်းခြင်းအမှတ် (၅၀၀) တိတိကို တုံ့ဆိုင်းမနေဘဲ သုံးစွဲပစ်လိုက်တော့သည်။

ဝုန်း…

ထိုခဏ၌ပင် မိစ္ဆာနှင်အင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များသည် ဒီရေအလား သူ၏ အသိစိတ်အာရုံ နက်ရှိုင်းရာသို့ စီးဝင်လာတော့သည်။

သူသည် အင်းကွက်ရေးဆွဲသည့် အခန်းထဲတွင် မိစ္ဆာနှင်အင်းများကို ထပ်ခါတလဲလဲ ရေးဆွဲနေသကဲ့သို့ ခံစားလိုက်ရသည်။

ဆယ်ကြိမ်၊ ရာကြိမ်၊ ထောင်ကြိမ်၊ သောင်းကြိမ်မက…

အင်းကွက်တစ်ကွက် ရေးဆွဲပြီးတိုင်း၊ သူ၏ နားလည်သဘောပေါက်မှုနှင့် ကျွမ်းကျင်မှုတို့သည် တရိပ်ရိပ် တိုးတက်လာသည်။

အစပြုသူ အဆင့်မှသည် ကျွမ်းကျင်အဆင့်၊ ထိုမှတစ်ဆင့် ဆရာတစ်ဆူ အဆင့်နှင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိသွားသည်။

သူသည် မိစ္ဆာနှင်အင်းများကို ဆယ်စုနှစ်များစွာကြာအောင် ရေးဆွဲခဲ့သည့် အတွေ့အကြုံရှိသူ တစ်ဦးကဲ့သို့ ခံစားလိုက်ရ၏။ သူ၏ ကျွမ်းကျင်မှုသည်လည်း မှန်းဆ၍မရနိုင်အောင် နက်ရှိုင်းသွားသည်။

ဒုန်း…

နောက်တစ်စက္ကန့် အကြာတွင် ကျန်းဖန်၏ မျက်လုံးများ အရောင်လက်သွားပြီး ၊သူသည် စားပွဲပေါ်ရှိ အင်းကွက်ရေးဆွဲသည့် စုတ်တံကို ကောက်ယူလိုက်သည်။

သူ၏ မူလဝိညာဉ်စွမ်းအားများသည် စုတ်တံထဲသို့ စီးဝင်သွား၏။

သူ၏ လက်ထဲရှိ စုတ်တံသည် နဂါးနှင့် မြွေတို့ လူးလာပျံသန်းနေသကဲ့သို့ လျင်မြန်သွက်လက်စွာ ရွေ့လျားသွားသည်။

အင်းကွက်မင်ရည်များသည် ရှုပ်ထွေးနက်နဲသော အင်းကွက်စာလုံးများအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး၊ ကောင်းကင်နှင့် မြေကြီးကြားရှိ နေမင်း အနှစ်သာရ ချီများကို ဆွဲယူစုစည်းလိုက်သည်။

ထိုအရာက အင်းကွက်စက္ကူပေါ်ရှိ စာလုံးများအား ရွှေရောင်အလင်းတန်းများ ဖြာထွက်စေပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အထွတ်အထိပ် ယန်ဓာတ် အနှစ်သာရ ချီများကို ကိန်းအောင်းသွားစေသည်။

ဝုန်း…

နောက်ဆုံး မျဉ်းကြောင်းကို ဆွဲသားပြီးသည်နှင့် တစ်ပြိုင်နက်၊ အင်းကွက်စက္ကူ တစ်ခုလုံး ရွှေရောင်အလင်းတန်းများ တောက်ပလာတော့သည်။ နေမင်း အနှစ်သာရ ချီများသည် အင်းကွက်မျဉ်းကြောင်းများ တစ်လျှောက် စီးဆင်းနေကြသည်။

မိစ္ဆာအငွေ့အသက်နှင့် ထိတွေ့လိုက်သည်နှင့် ချက်ချင်း မီးတောက်လောင်ကျွမ်းပြီး၊ မိစ္ဆာများကို ပြာကျသွားစေနိုင်ပေသည်။

အလယ်အလတ်အဆင့် မိစ္ဆာနှင် အင်း၊ အောင်မြင်စွာ ပြီးစီးသွားပြီ ဖြစ်သည်။

"ဒါက မိစ္ဆာနှင် အင်းရဲ့ လျှို့ဝှက်ချက်လား..."

"ဒါက အလယ်အလတ်အဆင့် အင်းကွက်တစ်ခုလား..."

ကျန်းဖန်သည် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ သူ၏ အင်းကွက်ဆရာ အဆင့်အတန်းသည် အဆင့်သစ်တစ်ခုသို့ တက်လှမ်းသွားပြီး၊ အလယ်အလတ်အဆင့် အင်းကွက်ဆရာ နယ်ပယ်သို့ ရောက်ရှိသွားကြောင်း သိရှိလိုက်ရသဖြင့် သူ အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။

သိထားရမည်မှာ အဆင့်နိမ့် အင်းကွက်နှင့် အလယ်အလတ်အဆင့် အင်းကွက်ကြား ကွာခြားချက်မှာ အလွန် ကြီးမားပေသည်။

ပါဝင်သော ဝိညာဉ်စွမ်းအားနှင့် ရှုပ်ထွေးနက်နဲမှုတို့မှာ နှိုင်းယှဉ်၍ပင် မရနိုင်ပါ။

သာမန် အဆင့်နိမ့် အင်းကွက်တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး တစ်တုံးဖြင့် ဝယ်ယူနိုင်သော်လည်း…

အလယ်အလတ်အဆင့် အင်းကွက်တစ်ချပ်ကို ဝယ်ယူရန်အတွက်မူ ဝိညာဉ်ကျောက်တုံး ၇ တုံး၊ ၈ တုံးမှသည် ၁၀ တုံးကျော်အထိ ပေးရနိုင်သည်။

သို့သော် ထုတ်လုပ်ရသည့် ကုန်ကျစရိတ်မှာမူ သိပ်ပြီး ကွာခြားမှု မရှိလှပေ။

ထို့ကြောင့် အလယ်အလတ်အဆင့် အင်းကွက်ဆရာများသည် အဆင့်နိမ့် အင်းကွက်ဆရာများထက် များစွာ ပိုမို ကြွယ်ဝချမ်းသာကြခြင်း ဖြစ်သည်။

နှိုင်းယှဉ်၍ပင် မရနိုင်ပါ။

ထိုသို့ တွေးတောမိသည်နှင့် သူသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး၊ သူ၏ မျက်စိရှေ့ရှိ အချက်အလက် မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

[ အမည် - ကျန်းဖန် ]

[ ကံဇာတာ - ကောင်းကင်နှင့်ယှဉ်သော ကံကောင်းခြင်း၊ ဂုဏ်သတ္တိ - ကြီးမားသော အန္တရာယ်မှ သေကွင်းသေကွက် မရှိခြင်း၊ ကောင်းကျိုးချမ်းသာများ ဆက်တိုက် ရောက်လာခြင်း ]

[ သက်တမ်း - ၁၂၀ နှစ် ]

[ ဝိညာဉ်အမြစ် - မြေကမ္ဘာ ဝိညာဉ်အမြစ် ]

[ ကံကောင်းခြင်းအမှတ် - ၁၀၆၀ ]

[ ကျင့်စဉ် - ပျံလွှားမြွေ ကျင့်စဉ် (မပြည့်စုံ)၊ သတ္တမအဆင့် (ထပ်မံ မြှင့်တင်၍ မရနိုင်) ]

[ ကျင့်စဉ် - အမြုတေပေါင်းစု အင်းကွက်ကျမ်းစာ၊ ပထမအဆင့် ]

[ ကျွမ်းကျင်မှုများ - ငါးဖမ်းခြင်း (ပြီးပြည့်စုံခြင်း)၊ ရုပ်ဖျက်အတတ် (ပြီးပြည့်စုံခြင်း)၊ ချောင်မျိုးနွယ် အဆိပ်ကျမ်း (ပြီးပြည့်စုံခြင်း)၊ ဓူဝံကြယ် ဓားသိုင်း (ပြီးပြည့်စုံခြင်း) ]

[ ပင်ကိုအင်းကွက် - မီးလုံးအင်း (ကျွမ်းကျင်)၊ ကိုယ်ပေါ့အင်း (ကျွမ်းကျင်)၊ အသက်ရှူသံထိန်း အင်း (ကျွမ်းကျင်)၊ ကိုယ်ကာယ ကာကွယ်ရေးအင်း (အစပြုသူ) ]

[ အဆင့်နိမ့် အင်းကွက်များ - မီးလုံးအင်း (ပြီးပြည့်စုံခြင်း)၊ ကိုယ်ပေါ့အင်း (ပြီးပြည့်စုံခြင်း)၊ အသံတိတ်အင်း (ပြီးပြည့်စုံခြင်း)၊ အသက်ရှူသံထိန်း အင်း (ပြီးပြည့်စုံခြင်း)၊ ခြေရာခံအင်း (ပြီးပြည့်စုံခြင်း)၊ ကိုယ်ပျောက်အင်း (ပြီးပြည့်စုံခြင်း)၊ လေဓားသွားအင်း (ပြီးပြည့်စုံခြင်း)၊ ပြန်လည်နုပျိုခြင်းအင်း (ပြီးပြည့်စုံခြင်း)၊ သန့်စင်ရေးအင်း (ပြီးပြည့်စုံခြင်း) ]

[ အလယ်အလတ်အဆင့် အင်းကွက်များ - မိစ္ဆာနှင် အင်း ]

[ ကျင့်ကြံခြင်းအဆင့် - ချီကျင့်ကြံခြင်းအဆင့် (၄) (၁၀%) ]

[ အသက်မွေးဝမ်းကျောင်း - အလယ်အလတ်အဆင့် အင်းကွက်ဆရာ (၃၀%) ]

ကံကောင်းခြင်းအမှတ် (၅၀၀) တိတိကို သုံးစွဲလိုက်ပြီးနောက်၊ သူ့တွင် (၁၀၆၀) မှတ်သာ ကျန်ရှိတော့သည်။

သို့သော် ဤရင်းနှီးမြှုပ်နှံမှုသည် အလွန် တန်ဖိုးရှိလှသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာနှင် အင်းကို လေ့လာပြီးနောက်၊ သူ၏ အင်းကွက်ဆရာ အဆင့်အတန်းသည် အလယ်အလတ်အဆင့်သို့ အလိုအလျောက် တိုးတက်သွားသောကြောင့် ဖြစ်သည်။

မရေမတွက်နိုင်သော အဆင့်နိမ့် အင်းကွက်ဆရာများသည် ဤအဆင့်မှာပင် ရပ်တန့်နေပြီး၊ ရှေ့ဆက် မတိုးတက်နိုင် ဖြစ်နေကြရသည်။

သို့သော် ယခုအခါ သူသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် အလယ်အလတ်အဆင့် အင်းကွက်ဆရာ တစ်ဦး ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။

......

အခန်း (၁၅၆) - မြစိမ်းတော ဈေးတန်းအား မိစ္ဆာများ ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကပ်ဘေးဆိုက်ရောက်ခြင်း (၂)

အကယ်၍ အခြားသော အင်းကွက်ဆရာများသာ ဤအကြောင်းကို သိရှိသွားပါက၊ သေချာပေါက် ရူးသွပ်သွားကြပေလိမ့်မည်။

"အခုပေါက်ဈေးနဲ့ဆိုရင် မိစ္ဆာနှင် အင်းတစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၂၀ ကနေ ၃၀ အထိ ရောင်းလို့ရတယ်..."

"အချပ် ၁၀၀ ရောင်းရင် ဝိညာဉ်ကျောက်တုံး ၃၀၀၀ တောင် ရမှာ မဟုတ်လား..."

"ဒါက တကယ် များပြားတဲ့ စည်းစိမ်ပဲ..."

"ဒါပေမဲ့ သူများတွေ သိသွားရင်တော့ ကပ်ဘေးဆိုက်ရောက်လာနိုင်တယ်..."

"ချီကျင့်ကြံခြင်းအဆင့် (၄) သာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ ဒီလောက်များပြားတဲ့ ဝိညာဉ်ကျောက်တုံး ပမာဏကို ကာကွယ်နိုင်မှာ မဟုတ်ဘူး..."

"ဒါကြောင့် မိစ္ဆာနှင် အင်း ရောင်းချတဲ့ ကိစ္စကို သေချာ အစီအစဉ်ဆွဲဖို့ လိုလိမ့်မယ်..."

"အခြား ကျင့်ကြံသူတွေကို ပေးသိလို့ မဖြစ်ဘူး..."

ကျန်းဖန်သည် အကျိုးအမြတ် အများဆုံးရရှိပြီး ပြဿနာကင်းကင်းဖြင့် မိစ္ဆာနှင် အင်းများအား တိတ်တဆိတ် မည်သို့ ရောင်းချရမည်ကို စဉ်းစားတွေးတောနေ၏။ ထိုစဉ် သူ၏ မျက်လုံးများ အရောင်လက်သွားသည်။

သို့သော် အင်းကွက်များကို မရောင်းချမီ၊ သူသည် တတ်နိုင်သမျှ များများစားစား သန့်စင်ထားရန် လိုအပ်ပေသည်။

အဘယ်ကြောင့်ဆိုသော် မိစ္ဆာနှင် အင်းများသည် ဝိညာဉ်ကျောက်တုံးများနှင့် လဲလှယ်ရန်အတွက် သက်သက်သာ မဟုတ်သောကြောင့်ပင်။

၎င်းတို့သည် မိမိကိုယ်ကို ကာကွယ်ရန်အတွက်လည်း အသုံးဝင်ပေသည်။

လက်ရှိအချိန်တွင် မိစ္ဆာကောင်များသည် ဆူပူသောင်းကျန်းနေပြီး၊ မြစိမ်းတော ဈေးတန်းကို ဝင်ရောက်ကျူးကျော်နေကြသည်။

ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်ရသဖြင့်၊ သူသည် မိစ္ဆာများ၏ အလွယ်တကူ တိုက်ခိုက်ခြင်းကို ခံရနိုင်ချေ ရှိသည်။

ထို့ကြောင့် မိစ္ဆာနှင် အင်းများကို ကြိုတင်၍ အမြောက်အမြား စုဆောင်းထားခြင်းသည် သူ့အား ဘေးကင်းလုံခြုံစေနိုင်သည်။

အနည်းဆုံးတော့ မိစ္ဆာများ၏ တိုက်ခိုက်မှုကို ခံရသည့်အခါ လက်ပိုက်ကြည့်နေစရာ မလိုတော့ပေ။

......

ညအချိန်သို့ ရောက်ရှိလာ၏။ မြောက်လေသည် ပြင်းထန်စွာ တိုက်ခတ်နေသည်။

ညရောက်သည်နှင့် အပူချိန်သည် ရုတ်တရက် ကျဆင်းသွားပြီး လေပြင်းများက တဝေါဝေါ တိုက်ခတ်လာတော့သည်။

သစ်တောနက်ကြီးထဲတွင် သရဲတစ္ဆေ အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီး၊ မိစ္ဆာကောင်များ ပုန်းအောင်းနေသည့် လက္ခဏာများလည်း ထင်ရှားလာသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မိစ္ဆာကောင်များ ရောက်ရှိလာကြသည်။

၎င်းတို့သည် ရံဖန်ရံခါတွင် မြစိမ်းတော ဈေးတန်း၏ ကာကွယ်ရေး အစီအရင်ကြီးကို ဝင်ရောက်တိုက်ခိုက်ကြ၏။ သို့သော်လည်း၊ အစီအရင်၏ ဟန့်တားမှုကို ခံလိုက်ရသဖြင့် စူးရှကြောက်မက်ဖွယ်ကောင်းသော အော်သံများကိုသာ ထုတ်လွှတ်နိုင်ကြသည်။

"ယောကျ်ား..."

"မိစ္ဆာတွေ ရောက်လာပြီ ထင်တယ်..."

သစ်သားအိမ်လေးထဲတွင် ပုန်းအောင်းနေသော စုဝေဝေသည် အပြင်ဘက်မှ လှုပ်ရှားမှုများကို အာရုံခံမိပြီး မနေနိုင်ဘဲ တုန်လှုပ်သွားသည်။ ထို့နောက် ကျန်းဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ပုန်းနေလိုက်သည်။

သူမသည် အပြင်ဘက်မှ အန္တရာယ်အငွေ့အသက်ကို ခံစားမိနေ၏။

၎င်းသည် တကယ့်ကို သရဲတစ္ဆေပေါင်း တစ်ရာ ညဘက် လှည့်လည်သွားလာနေသကဲ့သို့ပင်။

ဝုန်း…

ထိုခဏ၌ပင် အရိုးခိုက်မတတ် အေးစက်သော မြောက်လေတစ်ချက် တိုက်ခတ်လာသည်။

နောက်တစ်စက္ကန့်တွင် အေးစက်သော အဖြူရောင် အငွေ့အသက် ခုနစ်ခု၊ ရှစ်ခုခန့်သည် သစ်သားအိမ်ကို ထိုးဖောက်ဝင်ရောက်လာပြီး ကျန်းဖန်နှင့် စုဝေဝေအား တိုက်ခိုက်လာတော့သည်။

ထိုအရာကြောင့် အခန်းတွင်း အပူချိန်သည် ရုတ်တရက် (၁၀) ဒီဂရီခန့် ကျဆင်းသွားသကဲ့သို့ ဖြစ်သွားပြီး၊ သူတို့နှစ်ဦးစလုံး တုန်တက်သွားကြသည်။

"သေချင်နေတာပဲ..."

ကျန်းဖန်၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး၊ သူ၏ ကိုယ်ပေါ်ရှိ မိစ္ဆာနှင် အင်းသည် ချက်ချင်း အသက်ဝင် လှုပ်ရှားသွားသည်။

ဝုန်း…

ရွှေရောင်မီးတောက်များ ပေါက်ကွဲထွက်လာပြီး၊ နေမင်းကြီး ပေါ်ထွက်လာသကဲ့သို့ အဆုံးမရှိသော အမှောင်ထုကို ဖယ်ရှားပစ်လိုက်သည်။

"အား..."

ရုတ်တရက် မိစ္ဆာကောင် ခုနစ်ကောင်၊ ရှစ်ကောင်ခန့်သည် သနားစဖွယ် အော်ဟစ်လိုက်ကြသည်။

အကောင်အထည်မရှိသော သူတို့၏ ခန္ဓာကိုယ်များသည် အင်းကွက်၏ စွမ်းအားကို မခံနိုင်ဘဲ နှင်းပွင့်များ အရည်ပျော်ကျသကဲ့သို့ ဖြစ်သွားရသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် မိစ္ဆာကောင်များသည် အဖြူရောင် မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး၊ ဤလောကထဲမှ ပျောက်ကွယ်သွားကြတော့သည်။

ဤနေရာသို့ တစ်ခါမှ မရောက်ဖူးခဲ့သကဲ့သို့ပင်။

"မိစ္ဆာနှင် အင်းက အရမ်း စွမ်းအားကြီးတာပဲ..."

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုဝေဝေသည် အံ့အားသင့်ကာ မျက်လုံးများ ပြူးကျယ်သွားသည်။

ယခင်က ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ခဲ့သော မိစ္ဆာကောင်များသည် အင်းကွက်၏ စွမ်းအားအောက်တွင် ပြာကျသွားခဲ့ရ၏။

ထိုအခါမှ မိစ္ဆာကောင်များသည် ဒဏ္ဍာရီတွေထဲမှာ ပြောသလောက် ကြောက်မက်ဖွယ် မကောင်းမှန်း သူမ သိလိုက်ရသည်။

"တကယ် စွမ်းအားကြီးတာပဲ..."

"ပြီးတော့ အခြား အဆင့်တူ အင်းကွက်တွေထက်လည်း စွမ်းအားနှစ်ဆလောက် ပိုများတယ်..."

ကျန်းဖန်ကိုယ်တိုင်လည်း မနေနိုင်ဘဲ ခေါင်းညိတ်လိုက်မိသည်။

သေချာသည်မှာ သူ၏ ပြီးပြည့်စုံခြင်း အဆင့် အင်းကွက်ပညာရပ်ကြောင့်၊ သူ သန့်စင်လိုက်သော မိစ္ဆာနှင် အင်းများသည် အလယ်အလတ်အဆင့် အင်းကွက်များ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ နေမင်း အနှစ်သာရ စွမ်းအားများကိုလည်း အပြည့်အဝ ဖော်ဆောင်နိုင်ခြင်း ဖြစ်သည်။

ရလဒ်အနေဖြင့် အလယ်အလတ်အဆင့် မိစ္ဆာနှင် အင်း၏ စွမ်းအားသည် ယုံနိုင်စရာမရှိလောက်အောင် ကြောက်မက်ဖွယ် ကောင်းလာခဲ့သည်။

စတင် အသုံးပြုလိုက်သည်နှင့် တောက်ပသော နေမင်းကြီးက မိစ္ဆာများကို ပူလောင်စေသကဲ့သို့ ဖြစ်သွားစေသည်။

သူ၏ အင်းကွက်တစ်ချပ်သည် အခြားသော အင်းကွက် ဒါဇင်ပေါင်းများစွာနှင့် ညီမျှပေသည်။

"ယောကျ်ား... တခြားနေရာတွေမှာလည်း မိစ္ဆာတွေ ဝင်တိုက်နေပုံရတယ်..."

ဆင်းရဲသား ရပ်ကွက်၏ အခြားနေရာများမှ ပြင်းထန်သော တိုက်ခိုက်သံများနှင့် အော်ဟစ်သံများကို စုဝေဝေ ကြားနေရသည်။

ထိုနေရာရှိ လေလွင့်ကျင့်ကြံသူများ အသက်ရှင်သေးရဲ့လား၊ သေကုန်ကြပြီလား ဆိုသည်ကို သူမ မသိနိုင်ပါ။

"အဲ့ဒီကိစ္စကို စိတ်ပူမနေနဲ့..."

ကျန်းဖန် အလေးအနက် ပြောလိုက်သည်။

လေလွင့်ကျင့်ကြံသူများ၏ ကိစ္စရပ်များတွင် ဝင်ရောက်ပတ်သက်ရန် သူ့၌ အစီအစဉ် မရှိပါ။

သူတစ်ယောက်တည်း အသက်ရှင်ရပ်တည်ရန်တောင် ခက်ခဲနေချိန်တွင်၊ သူတစ်ပါးကို ကူညီရန်ဆိုသည်မှာ ဝေးစွ။

အကယ်၍ သူ့တွင် မိစ္ဆာနှင် အင်း အမြောက်အမြား ရှိနေကြောင်း ပေါက်ကြားသွားပါက၊ လေလွင့်ကျင့်ကြံသူများထံမှ စေတနာ မေတ္တာကို ရရှိမည် မဟုတ်ဘဲ၊ မလိုမုန်းထားမှုများကိုသာ ရရှိပေလိမ့်မည်။

သူ့အား သတ်ဖြတ်လုယက်၍ရသော သိုးတစ်ကောင်အဖြစ်ပင် သတ်မှတ်လာကြနိုင်သည်။

ကျင့်ကြံသူ အနည်းငယ်လောက်တော့ ကျေးဇူးတင်ကောင်း တင်ကြပေလိမ့်မည်။

သို့သော် လေလွင့်ကျင့်ကြံသူ အများစုသည် ကျေးဇူးကန်းသော ဝံပုလွေများကဲ့သို့ ဖြစ်သည်။

သူတို့ကို ကူညီလိုက်ခြင်းသည် မည်သည့် အကျိုးကျေးဇူးမှ ရရှိမည် မဟုတ်ဘဲ၊ ပြဿနာများကိုသာ ဖိတ်ခေါ်မိလိုက်သလို ဖြစ်နေလိမ့်မည်။

နောက်မှ ပြဿနာများ လိုက်လာပါက သူသည် ဆင်းရဲသား ရပ်ကွက်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဆိုစေ လေလွင့်ကျင့်ကြံသူများသည် သာမန်လူသားများ မဟုတ်ကြဘဲ၊ တိုက်ခိုက်ရေး ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူတို့၏ စိတ်ထဲတွင် အမှန်တကယ်တမ်း ဘာတွေးနေသည်ကို မည်သူမျှ မသိနိုင်ပါ။

သူသည် ထိုကဲ့သို့ စွန့်စားရမည့် အလုပ်ကို လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခရောက်အောင် လုပ်မည် မဟုတ်ပေ။

"အင်း..."

စုဝေဝေ ခေါင်းညိတ်လိုက်သည်။

သူမသည်လည်း စာနာစိတ်များ လျှံပယ်နေသူ မဟုတ်ပါ။

သူမ စိုးရိမ်သည်မှာ ထိုလေလွင့်ကျင့်ကြံသူများက မိစ္ဆာများကို တားဆီးနိုင်စွမ်း မရှိပါက၊ သူမတို့ဆီပါ ဂယက်ရိုက်ခတ်လာမည်ကိုသာ ဖြစ်သည်။

သို့သော် စုဝေဝေနှင့် ကျန်းဖန်တို့ အလွန်အကျွံ တွေးတောမိခြင်းသာ ဖြစ်ကြောင်း ရှင်းလင်းသွားသည်။

မိစ္ဆာနှင် အင်း၏ စွမ်းအားသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားပြီး အနီးနားရှိ မိစ္ဆာများကို ဟန့်တားလိုက်သကဲ့သို့ ဖြစ်သွား၏။

ထို့ကြောင့် မိစ္ဆာများသည် သူတို့အိမ်နားသို့ ချဉ်းကပ်မလာရဲကြတော့ဘဲ၊ ဆင်းရဲသား ရပ်ကွက်ရှိ အခြားနေရာများကိုသာ ပြောင်းလဲ တိုက်ခိုက်ကြတော့သည်။

ညအချိန် ယွန်းသွားခဲ့ပြီ ဖြစ်သည်။

နေမင်းကြီး ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးကို အလင်းရောင်များ လွှမ်းခြုံသွားစေ၏။

မိစ္ဆာကောင် အများအပြားသည် မကျေမနပ်ဖြင့် ဆုတ်ခွာသွားကြရသည်။

နေ့အချိန် ရောက်ပြီဖြစ်သဖြင့် သူတို့ ကျက်စားရမည့်အချိန် မဟုတ်တော့ပေ။ ဆက်နေပါက သေလမ်းသာ ရှိတော့သည်။

ထို့ကြောင့် ဆင်းရဲသား ရပ်ကွက်ရှိ လေလွင့်ကျင့်ကြံသူများသည် သက်ပြင်းချနိုင်ခဲ့ကြပြီး၊ ဤကပ်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။

"သောက်ကျိုးနည်း... မနေ့ညက ဘာလို့ မိစ္ဆာတွေ ဒီလောက်တောင် များနေရတာလဲ..."

"ဒါက သေချာပေါက် ဒုတိယအဆင့် မျက်နှာစိမ်းမိစ္ဆာက ဒီဘက်ကို မောင်းထုတ်လိုက်လို့ ဖြစ်မယ်..."

"ဒုတိယအဆင့် ရောက်နေပြီဆိုတော့ အဲ့ဒီမိစ္ဆာက ဉာဏ်ရည်ရှိပြီး အငြိုးအတေး အရမ်းကြီးတယ်ကွ..."

"ဟုတ်တယ်... ကမ္ဗလာမီးလျှံ သံသတ္တုသိုက် တိုက်ပွဲပြီးတော့၊ နေမင်းကြီး ဓားဂိုဏ်းက အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေ အကြီးအကျယ် ဒဏ်ရာရသွားကြတယ်လေ။ ဒါပေမဲ့ ဒုတိယအဆင့် မျက်နှာစိမ်းမိစ္ဆာလည်း သက်သာမှာ မဟုတ်ဘူး။ ဒါကြောင့် သူကိုယ်တိုင် မလာရဲဘဲ တခြားမိစ္ဆာတွေကို ဒီဘက် မောင်းထုတ်လိုက်တာ နေမှာ..."

"ပထမအဆင့် မိစ္ဆာတွေက သိပ်မသန်ပေမဲ့၊ အရေအတွက်က အရမ်းများတော့ အဆုံးမရှိသလို ဖြစ်နေတယ်..."

"အေးကွာ... မနေ့ညကဆို မိစ္ဆာတွေကို တိုက်ခိုက်ရင်း ငါ့မှာပါတဲ့ အင်းကွက်တွေ အကုန်ကုန်လုနီးပါး ဖြစ်သွားပြီ။ ကံကောင်းလို့ မိုးလင်းသွားပြီး သူတို့ ဆုတ်သွားကြလို့သာပေါ့၊ မဟုတ်ရင် ငါ သေပြီ..."

"ဒါပေမဲ့ ဆင်းရဲသား ရပ်ကွက်ထဲက ကျင့်ကြံသူမိတ်ဆွေ အများကြီး သေကုန်ကြပြီ..."

"ငါတို့တော့ သွားပါပြီကွာ... တစ်ညတည်းတောင် ဒီလောက် ခက်ခဲနေတာ၊ ဒုတိယည၊ တတိယညကျရင် ဘယ်လိုလုပ်ကြမလဲ။ ငါတို့ ဘယ်လို တောင့်ခံပြီး အသက်ရှင်ရမလဲ..."

လေလွင့်ကျင့်ကြံသူ အများအပြားသည် ဆွေးနွေးငြင်းခုံနေကြသည်။ သူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်မဲ့နေသော အရိပ်အယောင်များက ဖုံးလွှမ်းနေ၏။

သေချာသည်မှာ မိစ္ဆာများ ဝင်ရောက်စီးနင်းမှုကြောင့် ဆင်းရဲသား ရပ်ကွက်တွင် ထိခိုက်သေဆုံးမှု များပြားခဲ့သည်။

လေလွင့်ကျင့်ကြံသူများသည် မိစ္ဆာများကို ကာကွယ်ရန် လျှို့ဝှက်လက်နက် အချို့ ရှိကောင်းရှိနိုင်သော်လည်း…

ပြဿနာမှာ မိစ္ဆာကောင် အရေအတွက် များပြားလွန်းခြင်းနှင့် မိစ္ဆာကောင်များက သေရမည်ကို မကြောက်ကြခြင်းပင်။

သူတို့၏ အရေအတွက် တစ်ခုတည်းဖြင့်ပင် ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားကို ကုန်ခမ်းသွားစေနိုင်သည်။

ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည်နှင့် သူတို့သည် စဉ်းတီတုံးပေါ်က ငါးများကဲ့သို့ ဖြစ်သွားကြတော့သည်။

"တောက်... မြစိမ်းတော ဈေးတန်းထဲက နေမင်းကြီး ဓားဂိုဏ်းသားတွေကတော့ ကောင်းလိုက်တာ... အစီအရင်ကြီးရဲ့ ကာကွယ်မှုအောက်မှာ ဘေးကင်းနေကြပြီး၊ ငါတို့လို လေလွင့်ကျင့်ကြံသူတွေကိုတော့ အပြင်ဘက်မှာ အသေခံခိုင်းထားတယ်..."

လေလွင့်ကျင့်ကြံသူ တစ်ဦးက အံကြိတ်ရင်း နာကျည်းစွာ ပြောလိုက်သည်။

အကယ်၍ ရွေးချယ်ခွင့်သာ ရှိလျှင် သူလည်း ဈေးတန်းထဲတွင် ပုန်းအောင်းနေချင်သည် မဟုတ်ပါလော။

အစီအရင်ကြီး၏ ကာကွယ်မှုအောက်တွင် သူ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပေမည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ သူသည် ဈေးတန်းထဲသို့ ဝင်ရောက် နေထိုင်ခွင့် မရှိခြင်းပင်။

"ဟဲဟဲ... ဈေးတန်းထဲမှာ နေရတာက ဘေးကင်းတယ်လို့ မထင်လိုက်နဲ့နော်..."

"အစီအရင်ကြီးက မိစ္ဆာအများစုကို တားဆီးပေးနိုင်တာတော့ မှန်ပါတယ်..."

"ဒါပေမဲ့ တချို့မိစ္ဆာတွေက ကွယ်ဝှက်နေတဲ့ ထောင့်တွေကို ရှာတွေ့ပြီး ဈေးတန်းထဲ ဝင်သွားကြတယ်တဲ့..."

"ကြားတာတော့ နေမင်းကြီး ဓားဂိုဏ်းက ကျင့်ကြံသူတချို့ သတိလွတ်နေတုန်း မိစ္ဆာပူးတာ ခံလိုက်ရပြီး အကြီးအကျယ် သောင်းကျန်းကုန်ကြသတဲ့..."

"မနေ့ညက ဈေးတန်းထဲမှာလည်း လူတွေအများကြီး သေတယ်၊ ဘယ်နေရာမှ လုံးဝ မလုံခြုံဘူး..."

"တကယ်လား... ဈေးတန်းက အစီအရင်ကြီးတောင် မတားနိုင်ဘူးလား။ ဒါဆို ငါတို့ ဒီကနေ ထွက်သွားကြမလား..."

"ဘယ်လို ထွက်ပြေးမလဲ... နေမင်းကြီး ဓားဂိုဏ်းရဲ့ ပျံသန်းရေး သင်္ဘောမပါဘဲနဲ့၊ ငါတို့အားလုံး ထွက်သွားလို့ မရဘူးလေ။ ကီလိုမီတာ သောင်းချီတဲ့ ခရီးကို လမ်းလျှောက်ပြန်ကြမလို့လား။ မဖြစ်နိုင်တာ..."

"ဟုတ်တယ်... ထွက်သွားမယ်ဆိုရင် ဂိုဏ်းရဲ့ ခွင့်ပြုချက် လိုတယ်၊ ငါတို့တော့ ပိတ်မိနေပြီကွာ..."

လေလွင့်ကျင့်ကြံသူ အများအပြား ကူရာမဲ့စွာ ညည်းတွားနေကြရှာသည်။

All Chapters