← Chapters

အခန်း (၁၆၁-၁၆၂)

Vol. 12 Ch. 161-162

အခန်း (၁၆၁-၁၆၂)

Vol. 12 Ch. 161-162

အခန်း (၁၆၁) - ညတွင်းချင်း သူဌေးဖြစ်ခြင်း၊ ဝိညာဉ်ကျောက်တုံး ၅၀၀၀ နှင့် ဝိညာဉ်ရည် ဝယ်ယူခြင်း။

နာရီအနည်းငယ် ကုန်လွန်ပြီးနောက်။

ညဉ့်ဦးယံသို့ ရောက်ရှိလာသည်နှင့်အမျှ မြောက်လေပြင်းများ တဝေါဝေါ တိုက်ခတ်လာတော့သည်။

ကျန်းဖန်သည် ရုပ်ဖျက်ထားသော ပုံစံဖြင့် သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာမှ ဆင်းရဲသား ရပ်ကွက်ဆီသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။

ညအချိန်ဖြစ်သဖြင့် မိစ္ဆာများ လှုပ်ရှားသွားလာနေသည့် အချိန် ဖြစ်သည်။

ထို့ကြောင့် ဆင်းရဲသား ရပ်ကွက်ရှိ လေလွင့်ကျင့်ကြံသူ အများစုသည် သူတို့၏ နေအိမ်များစီသို့ အပြေးအလွှား ပြန်လာနေကြသည်။

မည်သူမျှ အပြင်မထွက်ရဲကြပေ။

ယနေ့ မှောင်ခိုဈေးတွင် ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အင်းကွက်ဆရာကို ရှာဖွေလိုသူများပင်လျှင် ခေတ္တမျှ ပုန်းအောင်းနေရသည်။

ထိုအချက်ကြောင့်ပင် ကျန်းဖန်သည် အိမ်သို့ ဘေးကင်းစွာ ပြန်ရောက်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဝုန်း…

ထိုခဏ၌ပင် ကျန်းဖန်၏ အသိစိတ်အာရုံ နက်ရှိုင်းရာမှ သတင်းစကား တစ်ခု ပေါ်ထွက်လာတော့သည်။

"သင်သည် ဝေထန်နှင့် အခြား လေလွင့်ကျင့်ကြံသူ သုံးဦးကို သတ်ဖြတ်ခဲ့ပြီး၊ အခြေအနေဆိုးကို အနိုင်ယူကျော်ဖြတ်ကာ ကပ်ဘေးတစ်ခုမှ လွတ်မြောက်ခဲ့သဖြင့် ကံကောင်းခြင်းအမှတ် (၂၀၀၀) ရရှိပါသည်။"

ဘာ…

ထိုသတင်းစကားကို သိရှိလိုက်ရသည့်အခါ ကျန်းဖန်၏ မျက်လုံးများ အရောင်တောက်သွားသည်။

ထိုလေလွင့်ကျင့်ကြံသူ သုံးဦးကို ရှင်းလင်းလိုက်ရုံမျှဖြင့် ဤမျှများပြားသော ကံကောင်းခြင်း အမှတ်များ ရရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သေချာသည်မှာ ထိုသုံးဦး ပိုင်ဆိုင်ထားသော ကံတရားသည် သေးငယ်ပုံမရပေ။

သူတို့ကို သတ်ဖြတ်လိုက်ပြီးနောက်၊ သူတို့၏ ကံတရားများကို ကျန်းဖန်က ဝါးမြိုသိမ်းပိုက်လိုက်ခြင်း ဖြစ်၏။

ယခင်က စုဆောင်းထားသော အမှတ်များနှင့် ပေါင်းလိုက်ပါက၊ ယခုအခါ သူ့တွင် စုစုပေါင်း ကံကောင်းခြင်းအမှတ် (၄၅၆၀) အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ဤပမာဏသည် လုံးဝ မနည်းလှပေ။

"ဒီတစ်ခေါက် စွန့်စားလိုက်တာ တကယ် မှန်တယ်..."

ကျန်းဖန် ကျေနပ်အားရစွာ တွေးလိုက်မိသည်။

မှောင်ခိုဈေးသို့ သွားရောက်ပြီး မိစ္ဆာနှင် အင်းများ ရောင်းချခြင်းသည် ကြီးမားသော စွန့်စားမှုတစ်ခု ဖြစ်ကြောင်း သူ သိရှိထားသည်။

သို့သော် ရရှိလာသော အကျိုးအမြတ်သည် ထိုက်တန်လွန်းလှသည်။

ကံကောင်းခြင်းအမှတ် (၂၀၀၀) ရရှိရုံသာမက၊ ဝိညာဉ်ကျောက်တုံး (၄၅၀၀) ကိုလည်း သူ ရရှိခဲ့သည် မဟုတ်ပါလော။

ဤအချက်က သူ၏ ကြွယ်ဝမှုကို အဆမတန် တိုးပွားသွားစေသည်။

ဤမျှ များပြားသော ဝိညာဉ်ကျောက်တုံးများနှင့် ဆိုလျှင် ဆေးဝါး ဘယ်လောက်များများ ဝယ်ယူနိုင်မည်ကို တွေးကြည့်၍ပင် မရနိုင်ပါ။

သူ့အနေဖြင့် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်သို့ ရောက်သည်အထိ ကျင့်ကြံရန် လုံလောက်သည်ထက်ပင် ပိုနေသေးသည်။

ထို့ပြင် ဝိညာဉ်ကျောက်တုံး အလုံအလောက် ရရှိပြီဖြစ်သဖြင့်၊ သူသည် အန္တရာယ်များသော မိစ္ဆာနှင် အင်း ရောင်းချခြင်းကို ဆက်လက် လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

မည်သို့ဆိုစေ အန္တရာယ်များသော ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်ကျောက်တုံး အလွန်အမင်း များပြားနေခြင်းနှင့် ကြီးမားသော စည်းစိမ်ကို ပိုင်ဆိုင်ထားခြင်းသည် ကောင်းသောကိစ္စ မဟုတ်ပါ။ ကပ်ဘေးကို ဖိတ်ခေါ်သလိုပင် ဖြစ်သွားနိုင်သည်။

ကိုယ့်ခွန်အားနှင့် မျှတသော ဝိညာဉ်ကျောက်တုံး ပမာဏကိုသာ ပိုင်ဆိုင်ထားခြင်းက အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်သည်။

"ဒါနဲ့... ဟိုသုံးယောက်ရဲ့ သိုလှောင်အိတ်ထဲမှာ ဘာတွေပါမလဲ..."

ကျန်းဖန် စိတ်ဝင်တစား ဖြစ်သွားသည်။

သူသည် စိတ်အာရုံကို လှုပ်ရှားလိုက်ပြီး ဝေထန်နှင့် အပေါင်းအပါများ၏ သိုလှောင်အိတ်များကို ဖွင့်ကာ၊ အသိစိတ်အာရုံဖြင့် စစ်ဆေးကြည့်လိုက်သည်။

အထဲတွင် စုစုပေါင်း အဆင့်နိမ့် မှော်လက်နက် (၃) ခု ပါဝင်သည်။

အဆင့်နိမ့် ဝိညာဉ်စုစည်း ဆေးလုံး ၅ ပုလင်း။

အဆီအနှစ် ဖြည့်စွက်ဆေး ၃ ပုလင်း၊ အဆိပ်ဖြေဆေး ၁ ပုလင်း။

ထို့ပြင် ဝိညာဉ်ကျောက်တုံး ၅၀၀ နှင့် အခြား ပစ္စည်းအချို့။

ဝိညာဉ်ဆန်၊ မိစ္ဆာသားရဲ အသားများနှင့် အခြားသော သာမန် ပစ္စည်းအချို့လည်း ပါဝင်သည်။

ထိုအရာများမှလွဲ၍ အခြား ထူးခြားသော ရတနာများတော့ မပါဝင်ပေ။

"ဟမ်း... သူတောင်းစားအုပ်စုပါလား..."

ကျန်းဖန် ပြောစရာ စကားမဲ့သွားသည်။ မူလက သူတို့၏ သိုလှောင်အိတ်ထဲတွင် သူ့အတွက် သင့်တော်မည့် ဆေးဝါးများ ပါဝင်လာမည်ဟု မျှော်လင့်ခဲ့သည်။ သို့သော်လည်း၊ ယခုတော့ သူ အတွေးလွန်ခဲ့ပုံ ရသည်။

အကယ်၍ ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် အတွက် သင့်တော်သော ဆေးဝါးများသာ ပါဝင်ခဲ့လျှင်၊ သူတို့ စောစီးစွာကပင် သုံးစွဲလိုက်ကြမည် ဖြစ်သည်။ တစ်ညတာပင် ခံမည် မဟုတ်ပေ။

ထို့ပြင် ပါလာသော အဆင့်နိမ့် ဝိညာဉ်စုစည်း ဆေးလုံး ၅ ပုလင်းသည်လည်း သူ့အတွက် အသုံးမဝင်သလောက်ပင်။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုဆေးများကို အလွန်အကျွံ သုံးစွဲခဲ့ဖူးသဖြင့် ဆေးယဉ်ပါးနေပြီ ဖြစ်သည်။

သို့သော် ကိစ္စမရှိပါ၊ သူ မသုံးလျှင် စုဝေဝေကို ပေးလိုက်၍ ရသည်။

ဤဆေးဝါးများဖြင့် ဆိုလျှင် စုဝေဝေ၏ ကျင့်ကြံခြင်းအဆင့်သည် ချီကျင့်ကြံခြင်းအဆင့် (၂)၊ သို့မဟုတ် အဆင့် (၃) သို့ လျင်မြန်စွာ ရောက်ရှိလာနိုင်ပြီး၊ သူမ၏ ကျင့်ကြံခြင်းနှုန်းကို မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

တစ်ခုတည်းသော တန်ဖိုးရှိသည့်အရာမှာ အဆင့်နိမ့် မှော်လက်နက် (၃) ခုသာ ဖြစ်သည်။

အဆင့်နိမ့် မှော်လက်နက် တစ်ခုစီသည် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀၀ မှ ၃၀၀ အထိ တန်ဖိုးရှိသည်။

ရောင်းချလိုက်ပါက အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၉၀၀ ခန့် ရရှိနိုင်သည်။ သို့သော် ဤလက်နက်များသည် ခိုးရာပါပစ္စည်းများ ဖြစ်သဖြင့် ရောင်းချရာတွင် ထင်သလောက် မလွယ်ကူပါ။ ဈေးနှိမ်ခံရနိုင်သည်။

မည်သို့ပင်ဆိုစေ အဆင့်နိမ့် မှော်လက်နက် ၃ ခုသည် အတော်လေး တန်ဖိုးရှိသည်။

ယခင်က ရရှိထားသော ဝိညာဉ်ကျောက်တုံးများနှင့် ပေါင်းလိုက်ပါက၊ ယခုအခါ သူ၏ ကြွယ်ဝမှုသည် ဝိညာဉ်ကျောက်တုံး (၅၅၀၀) အထိ ရောက်ရှိသွားပြီ ဖြစ်သည်။

ဤပမာဏသည် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်သော ပမာဏ ဖြစ်သည်။

"ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်များမှတော့၊ ဈေးတန်းထဲသွားပြီး ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့အတွက် ဆေးဝါးတွေ သွားဝယ်လို့ ရပြီ..."

"မနက်ဖြန် မြစိမ်းတော ဈေးတန်းကို သွားမယ်..."

ကျန်းဖန်သည် သူ ရှေ့ဆက်လုပ်မည့် ကျင့်ကြံခြင်း အစီအစဉ်ကို ချမှတ်လိုက်သည်။

"ယောကျ်ား... လာစားတော့လေ..."

ထိုအချိန်တွင် စုဝေဝေက ကျန်းဖန်ကို လှမ်းခေါ်လိုက်သည်။ သူမသည် ပူပူနွေးနွေး ထမင်းဟင်းများကို ပြင်ဆင်ထားပြီး ဖြစ်သည်။

စားပွဲပေါ်တွင် အရသာရှိသော ဟင်းလျာများဖြင့် ပြည့်နှက်နေပြီး၊ မွှေးပျံ့သော အနံ့များက သရေယိုစေသည်။

သေချာသည်မှာ စုဝေဝေ၏ ဟင်းချက်လက်ရာသည် ဤကာလအတွင်း သိသိသာသာ တိုးတက်လာခဲ့သည်။

"အင်း... လာပြီ..."

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဖန်၏ ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်။

ကံကောင်းစွာဖြင့် ဤမျှ ရှုပ်ထွေးပွေလီသော လောကကြီးထဲတွင် သူ့ဘေးနား၌ ဇနီးသည် ရှိနေသေးသည်။

မည်သို့ပင်ဖြစ်စေ သူသည် ကိုယ့်ကိုယ်ကိုယ်နှင့် စုဝေဝေကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်။

မည်သူမဆို သူတို့၏ ဘဝကို လာရောက်နှောင့်ယှက်ပါက သေလမ်းသာ ရှိပေမည်။

......

နောက်တစ်နေ့ မနက်ခင်း။

ထင်ရှားသည်မှာ မနေ့က ဆင်းရဲသား ရပ်ကွက် မှောင်ခိုဈေးတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသည် အိမ်နီးချင်းများကြားတွင် စတင် ပျံ့နှံ့သွားတော့သည်။

လျှို့ဝှက်ဆန်းကြယ်သော အင်းကွက်ဆရာ တစ်ဦး ရုတ်တရက် ပေါ်လာပြီး၊ မိစ္ဆာနှင် အင်း အမြောက်အမြားကို ရောင်းချသွားကြောင်း လူအများ သိရှိသွားကြသည်။

တစ်ချိန်တည်းမှာပင် သူသည် ဝေထန်နှင့် အပေါင်းအပါများကို သတ်ဖြတ်ခဲ့ပြီး၊ မကောင်းမှု ဒုစရိုက်သမားများကို ခြိမ်းခြောက်နိုင်ခဲ့သည်။

"ဘာ... မနေ့က မှောင်ခိုဈေးမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာ ပေါ်လာတယ် ဟုတ်လား... ပြီးတော့ မိစ္ဆာနှင် အင်း တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၃၀ နဲ့ ရောင်းသွားတယ်ပေါ့..."

"တောက်... ငါ မနေ့က ဘာလို့ ပြည့်တန်ဆာအိမ် သွားမိပါလိမ့်... ငါသာ သူ့နဲ့ တွေ့ခဲ့ရင် ကြီးပွားပြီပေါ့..."

ထိုသတင်းကို ကြားလိုက်ရသည့်အခါ အဆင့်နိမ့် အင်းကွက်ဆရာ ယောက်လုရှန်သည် အကြီးအကျယ် နောင်တရနေမိသည်။

လက်ရှိအချိန်တွင် မိစ္ဆာနှင် အင်း မည်မျှ ရောင်းကောင်းနေကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ထုတ်လိုက်သည်နှင့် ချက်ချင်း ရောင်းထွက်သွားမည် ဖြစ်သည်။

တစ်ခါ အရောင်းအဝယ် လုပ်လိုက်ရုံဖြင့်၊ မိစ္ဆာနှင် အင်း တစ်ချပ်လျှင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀ ခန့် အမြတ်ကျန်နိုင်သည်။

ယင်းသည် အမှန်တကယ် မိုးပေါ်မှ ရွှေကျလာခြင်းပင်။

ထိုမျှ များပြားသော ဝိညာဉ်ကျောက်တုံး ပမာဏ ရရှိရန်အတွက် အဆင့်နိမ့် အင်းကွက်ပေါင်း မည်မျှ ရေးဆွဲရမည်ကို သူ မတွက်ချက်နိုင်တော့ပေ။

"ဟားဟား... မင်းကတော့ကွာ... ကံမှမပါတာ သူဌေးဖြစ်ဖို့ စိတ်ကူးယဉ်မနေနဲ့တော့..."

"ဒီလို လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာမျိုးက နှစ်ပေါင်းဘယ်လောက်ကြာမှ တစ်ခါပေါ်လာတတ်တာလဲ... မင်းလိုကောင်က ဘယ်လိုလုပ် တွေ့နိုင်မှာလဲ…”

…..

အခန်း (၁၆၂) - ညတွင်းချင်း သူဌေးဖြစ်ခြင်း၊ ဝိညာဉ်ကျောက်တုံး ၅၀၀၀ နှင့် ဝိညာဉ်ရည် ဝယ်ယူခြင်း (၂)

"ကြားတာတော့ လေလွင့်ကျင့်ကြံသူတစ်ယောက်က မိစ္ဆာနှင် အင်း ၅ ချပ် ဝယ်လိုက်ပြီးတော့ တခြားတစ်နေရာမှာ တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၅၀ နဲ့ ပြန်ရောင်းလိုက်တာ၊ ချက်ချင်းဘဲ ဝိညာဉ်ကျောက်တုံး ၁၀၀ အမြတ်ရသွားတယ်တဲ့ဗျာ..."

"တကယ် အားကျစရာပဲဗျ..."

အဆင့်နိမ့် ဆေးဖော်စပ်သူ လျန်ပင်သည်လည်း မနာလိုဝန်တိုစိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုကဲ့သို့သော ကံကောင်းခြင်းမျိုး သူ့ဆီ ရောက်လာစေချင်နေသည်။

လတ်တလော သတင်းများအရ မှောင်ခိုဈေးတွင် လေလွင့်ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

အချို့ဆိုလျှင် မှောင်ခိုဈေး အဝင်ဝမှာပင် စောင့်ဆိုင်းနေကြသည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အင်းကွက်ဆရာ ပြန်ပေါ်လာမည့် အချိန်ကို မျှော်လင့်စောင့်စားနေကြခြင်း ဖြစ်၏။

ကံဆိုးစွာဖြင့် ယနေ့အချိန်ထိ ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

"ဘာ... ဝိညာဉ်ကျောက်တုံး ၁၀၀ တောင် အမြတ်ရတယ် ဟုတ်လား... ရူးချင်စရာပဲ..."

"မဖြစ်ဘူး... ဒီနေ့တော့ ပြည့်တန်ဆာအိမ် မသွားတော့ဘူး၊ မှောင်ခိုဈေးမှာပဲ သွားစောင့်တော့မယ်..."

"တကယ်လို့ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာ ပေါ်လာရင်၊ ငါ့ဘဝ နာလန်ထူပြီ..."

အဆင့်နိမ့် အင်းကွက်ဆရာ ယောက်လုရှန်သည် ဆုံးဖြတ်ချက်ခိုင်မာစွာဖြင့် အံကြိတ်လိုက်သည်။

ပြည့်တန်ဆာအိမ်က မိစ္ဆာမလေးတွေသည် မေ့နိုင်စရာ မရှိလောက်အောင် ဆွဲဆောင်မှု ရှိသော်လည်း၊ သူတို့၏ အာရုံစိုက်မှုကို ရရှိရန် ငွေလိုသည် မဟုတ်ပါလော။ ငွေမရှိလျှင် သူတောင်းစားတစ်ယောက်သာ ဖြစ်ပြီး၊ သူတို့က လှည့်ကြည့်မည်ပင် မဟုတ်ပေ။

"ဟဲဟဲ... မှောင်ခိုဈေးမှာ စောင့်နေတဲ့သူတွေက မရေမတွက်နိုင်အောင် များနေပြီကွ၊ မင်းအတွက် အခွင့်အရေး မရှိတော့ပါဘူးကွာ။ အဲ့ဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်းကွက်ဆရာက ထပ်ပေါ်လာတော့မှာ မဟုတ်ဘူး..."

"အေးလေ... မြစိမ်းတော ဈေးတန်းကြီးထဲမှာ မရောင်းဘဲ၊ မှောင်ခိုဈေးကို ရွေးပြီး ရောင်းတယ်ဆိုကတည်းက၊ သူက လူသိခံလို့မဖြစ်တဲ့သူ ဖြစ်မှာပေါ့။ နေမင်းကြီး ဓားဂိုဏ်းက အလိုရှိနေတဲ့ မကောင်းမှု ဒုစရိုက်သမား တစ်ယောက်တောင် ဖြစ်နိုင်သေးတယ်..."

"မင်းပြောတာ ဟုတ်တယ်... အဲ့ဒီလူရဲ့ သတိကြီးပုံအရဆိုရင်၊ အခုလို မျက်လုံးတွေ အများကြီး ဝိုင်းကြည့်နေတဲ့အချိန် မှောင်ခိုဈေးကို ဘယ်ပြန်လာတော့မလဲ..."

"နှမြောစရာပဲကွာ... ဒီလောက် အမြတ်ရမယ့် အခွင့်အရေးကို တစ်ခါပဲ ရလိုက်တယ်..."

အိမ်နီးနားချင်း အများအပြားသည် အချင်းချင်း ဆွေးနွေးပြောဆိုနေကြပြီး၊ ငွေရှာမည့် အခွင့်အရေး လွတ်သွားသည့်အတွက် ညည်းတွားနေကြသည်။

ကံမကောင်းစွာဖြင့်ပင် ဤကဲ့သို့သော အခွင့်အရေးမျိုးသည် လွတ်သွားပြီဆိုသည်နှင့် နောက်တစ်ကြိမ် ပြန်မရနိုင်တော့ပေ။

သူတို့ ကံမပါခဲ့ဟုသာ ဆိုရပေမည်။

"ဒီလောက်တောင် ဖြစ်သွားတာလား..."

ကျန်းဖန်သည်လည်း တိတ်တဆိတ် စုံစမ်းထောက်လှမ်းနေခဲ့ပြီး၊ ဤသတင်းများကို ကြားလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်မိသည်။

မိစ္ဆာနှင် အင်း အနည်းငယ် ထုတ်ရောင်းလိုက်ရုံဖြင့် ဤမျှ ဂယက်ရိုက်သွားလိမ့်မည်ဟု သူ မထင်မှတ်ခဲ့မိပါ။

လေလွင့်ကျင့်ကြံသူများအတွက်မူ ဝိညာဉ်ကျောက်တုံး (၄၅၀၀) ဆိုသည်မှာ မှန်းဆ၍မရနိုင်သော နက္ခတ်ပမာဏ ဂဏန်းတစ်ခု ဖြစ်နေပေလိမ့်မည်။

သေချာသည်မှာ အချို့သော မိသားစုကြီးများနှင့် ဂိုဏ်းသားများအတွက်မူ ဤပမာဏသည် ပြောပလောက်စရာ မရှိပေ။

"ကြည့်ရတာတော့... မှောင်ခိုဈေးဘက်ကို အတော်ကြာကြာ သွားလို့မဖြစ်တော့ဘူးဘဲ..."

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

သူသာ မှောင်ခိုဈေးသို့ ပြန်သွားခဲ့ပါက၊ အချို့လူများသည် သူ့ကို သေချာပေါက် မျက်ခြေမပြတ်တမ်း စောင့်ကြည့်ကြတော့မည် ဖြစ်သည်။

ထိုအချိန်ကျမှ နောက်ယောင်ခံ လိုက်သူများကို ခါထုတ်ရန် လွယ်ကူတော့မည် မဟုတ်ပေ။

ဤကဲ့သို့သော အရောင်းအဝယ်မျိုးသည် တစ်ကြိမ်သာ လုပ်၍ရသည်၊ ဒုတိယအကြိမ် ထပ်လုပ်၍ မရနိုင်ပါ။

ဤသည်မှာ အားနည်းသူများ၏ ကူရာမဲ့သော အခြေအနေပင်။

ကျင့်ကြံခြင်းလောကတွင် အားနည်းသူများ အနေဖြင့် ဝိညာဉ်ကျောက်တုံး အလွန်အမင်း ရှာဖွေမိပါက၊ သေလမ်းရှာသလို ဖြစ်သွားနိုင်သည်။

အကယ်၍ သူသာ ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် သို့မဟုတ် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ ရောက်ရှိသွားပါက၊ ဤမျှလောက် ဝိညာဉ်ကျောက်တုံး ပမာဏကို ဂရုစိုက်နေစရာ မလိုတော့ပေ။

အခြား ကျင့်ကြံသူများ၏ မက်မောမှုကို စိုးရိမ်စရာ မလိုတော့သည့် အခြေအနေ ဖြစ်သည်။

"အင်း... ဒါက မြစိမ်းတော ဈေးတန်းထဲ ဝင်ဖို့ အခွင့်အရေးပဲ..."

ထိုသို့ တွေးလိုက်မိသည်နှင့် ကျန်းဖန် သဘောပေါက်သွားသည်။ လူအများစု၏ အာရုံသည် မှောင်ခိုဈေးဘက်သို့ ရောက်နေချိန်တွင်၊ သူသည် မြစိမ်းတော ဈေးတန်းကြီးထဲသို့ ဝင်ရောက်ပြီး ကျင့်ကြံခြင်းအဆင့် မြှင့်တင်နိုင်မည့် ဆေးဝါးများနှင့် ဝိညာဉ်ပစ္စည်းများကို သွားရောက် ဝယ်ယူနိုင်သည်။

ဤနည်းအားဖြင့် သူကြုံတွေ့ရမည့် အန္တရာယ်သည် များစွာ လျော့နည်းသွားမည် ဖြစ်၏။

တုံ့ဆိုင်းမနေဘဲ သူသည် အငွေ့အသက်ကို ဖုံးကွယ်ကာ၊ ရုပ်ရည်ကို ပြောင်းလဲလိုက်ပြီး မြစိမ်းတော ဈေးတန်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

ထို့ပြင် သူသည် ဆင်းရဲသား ရပ်ကွက်တွင် နေထိုင်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။

မြစိမ်းတော ဈေးတန်းအကြောင်းကိုလည်း ကောင်းစွာ နားလည်ထားသည်။

ထို့ကြောင့် သူသည် 'ဆေးလုံးပေါင်းတစ်ရာ'ဆိုင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။

ဤနေရာတွင် ဆေးဝါးမျိုးစုံ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်ပစ္စည်းများကို ရောင်းချသည်။

မရေမတွက်နိုင်သော လေလွင့်ကျင့်ကြံသူများသည် ဤနေရာတွင် ငွေသုံးဖြုန်းရန် ဆန္ဒရှိကြသည်။

ကံဆိုးသည်မှာ ဆိုင်ထဲရှိ ဆေးဝါးများ၏ ဈေးနှုန်းသည် အလွန်အမင်း ကြီးမြင့်လွန်းလှခြင်းပင်။

သာမန် လေလွင့်ကျင့်ကြံသူများ တတ်နိုင်သော နေရာမျိုး မဟုတ်ပါ။

ပြည့်တန်ဆာအိမ်ထက်ပင် ဈေးကြီးသေးသည်။

"ကျင့်ကြံသူမိတ်ဆွေ... ဘာများ ရှာနေတာလဲ..."

ဆိုင်ရှင် ခုံချန်သည် ကျန်းဖန် ဝင်လာသည်ကို မြင်လိုက်ရသောအခါ မျက်နှာဝင်းပသွားပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်သည်။

လတ်တလောတွင် 'ဆေးလုံးပေါင်းတစ်ရာ' ဆိုင်၏ အရောင်းအဝယ်သည် ကျဆင်းနေခဲ့သည်။

မိစ္ဆာများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် လေလွင့်ကျင့်ကြံသူ အများအပြား အကြီးအကျယ် ထိခိုက်ဆုံးရှုံးခဲ့ကြရသည်။

ကျင့်ကြံသူ အများအပြားသည် ကာကွယ်ရေးအတွက် မှော်လက်နက်များ၊ အင်းကွက်များနှင့် ရတနာပစ္စည်းများကိုသာ အဓိကထား ဝယ်ယူနေကြသည်။

ဆေးဝါး လိုအပ်ချက်မှာမူ သဘာဝကျကျပင် သိသိသာသာ လျော့ကျသွားသည်။

ဆေးဝါးများသည် ကျင့်ကြံခြင်းကို အထောက်အကူ ပြုသည် ဆိုသော်လည်း၊ လေလွင့်ကျင့်ကြံသူများသည် အသက်ကယ်မည့် ရတနာများကိုသာ ပိုမို ဦးစားပေး ဝယ်ယူလိုကြသည်။ မိစ္ဆာသတ်၍ သေသွားပါက အားလုံး ပြီးသွားပြီ မဟုတ်ပါလော။

ထိုအခါ ဆေးဝါးများသည် အသုံးမဝင်တော့ပေ။

"ချီကျင့်ကြံခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတွေအတွက် သင့်တော်မယ့် ဆေးဝါး ဒါမှမဟုတ် ဝိညာဉ်ပစ္စည်းများ ရှိမလား..."

"ဂျင်ဆင်းဖြူ ဆေးလုံးတော့ မလိုချင်ဘူး၊ အဲ့ဒီ အလယ်အလတ်အဆင့် ဆေးလုံးက ကျွန်တော် သုံးတာများသွားလို့ ဆေးယဉ်နေပြီ..."

ကျန်းဖန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ ဆိုင်ရှင် ခုံချန် အလွန် စိတ်လှုပ်ရှားသွားသည်။ ဖောက်သည်ကြီး၊ သေချာပေါက် ဒါ ဖောက်သည်ကြီး တစ်ယောက်ပဲ။

ဂျင်ဆင်းဖြူ ဆေးလုံးကို ဆေးယဉ်သည်အထိ သုံးဖူးတယ် ဟုတ်လား…

ချမ်းသာသော ကျင့်ကြံသူ မဟုတ်ပါက ဆေးယဉ်သည်အထိ သုံးစွဲနိုင်ရန် မဖြစ်နိုင်ပေ။

သူသည် ကျန်းဖန်ကို သိုးတစ်ကောင်ကို ကြည့်သကဲ့သို့ ကြည့်လိုက်သည်။

"အဲ့လိုဆိုရင်တော့... 'ဝိညာဉ်ရည်' ကို ဝယ်ဖို့ အကြံပေးချင်ပါတယ်..."

"ဝိညာဉ်ရည် ဆိုတာက ကောင်းကင်နဲ့ မြေကြီးရဲ့ အံ့ဖွယ်ရတနာတွေထဲက တစ်ခုပဲ၊ ကြီးမားတဲ့ သက်စောင့်စွမ်းအား အဆီအနှစ်တွေ ပါတယ်..."

"ခင်ဗျား ဘယ်လောက်ပဲ သုံးသုံး၊ ဆေးယဉ်ပါးတာမျိုး မရှိဘူး..."

"ဂိုဏ်းကြီးတချို့က အတွင်းစည်းတပည့်တွေနဲ့ ပင်မတပည့်တွေတောင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် မြှင့်တင်ဖို့ ဝိညာဉ်ရည်ကို သုံးကြတာဗျ..."

ဆိုင်ရှင် ခုံချန်က ပြုံးရွှင်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ဝိညာဉ်ရည် ဟုတ်လား... ဈေးဘယ်လောက်လဲ..."

ကျန်းဖန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"သိပ်မကြီးပါဘူး..."

"ဝိညာဉ်ရည် တစ်စက်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ ပါ..."

ဆိုင်ရှင် ခုံချန်က တည့်တိုးပင် ပြောလိုက်သည်။

ဘာ…

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဖန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်သွားသည်။

ဤကောက်ကျစ်သော ဆိုင်ရှင်၏ အမူအရာကို ကြည့်ပြီး ဝိညာဉ်ရည်သည် တကယ် ဈေးကြီးကြောင်း နားလည်လိုက်သည်။

သို့သော် တစ်စက်ကို ဝိညာဉ်ကျောက်တုံး ၃၀၀ အထိ ကျသင့်လိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

ထိုဈေးနှုန်းသည် အမှန်တကယ် မြင့်လွန်းလှသည်။

အလယ်အလတ်အဆင့် ဆေးတစ်ပုလင်းလုံးတောင်မှ ယခုလောက်ထိ ဈေးမကြီးပေ။

ချမ်းသာသော ကျင့်ကြံသူများသာ တတ်နိုင်ပေလိမ့်မည်။

"ကျင့်ကြံသူမိတ်ဆွေ... ဝိညာဉ်ရည်က ဈေးကြီးတယ် ထင်လို့လား..."

"ဈေးကြီးပေမဲ့၊ ရှားပါးပြီး တန်ဖိုးရှိလို့လေ..."

"ဆေးဝါးတွေနဲ့ ယှဉ်ရင်၊ ဝိညာဉ်ရည်က ဆေးယဉ်ပါးတာမျိုး မရှိဘူး..."

"ခင်ဗျား စိတ်ကြိုက် သုံးစွဲပြီး ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ မြှင့်တင်နိုင်တယ်..."

"ပမာဏ အများကြီး သုံးရင်၊ ရိုးတွင်းခြင်ဆီ ဆေးကြောခြင်းနဲ့ နယ်ပယ်ဖြတ်ကျော်ခြင်း အာနိသင်တောင် ရနိုင်သေးတယ်..."

"ဈေးသာ မကြီးရင်၊ ကျုပ်လည်း နေ့တိုင်း ဝိညာဉ်ရည် သောက်ချင်တာပေါ့ဗျာ..."

ဆိုင်ရှင် ခုံချန် မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။

သူသည် ချီကျင့်ကြံခြင်းအဆင့် (၇) ရှိသော ကျင့်ကြံသူ တစ်ဦး ဖြစ်သော်လည်း၊ ဝိညာဉ်ရည်ကို မတတ်နိုင်ရှာပေ။

ဝယ်မသောက်နိုင်တာတော့ မဟုတ်။

ရိုးရိုးရှင်းရှင်း ပြောရလျှင် အဆင့်မြင့် ဆေးဝါးများနှင့် ယှဉ်လိုက်ပါက ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မကာမိသောကြောင့် ဖြစ်သည်။

သာမန် ဆေးဝါးများတွင် အဆိပ်အတောက်များ ပါဝင်သည် မှန်သော်လည်း၊ ဆင်းရဲသော ကျင့်ကြံသူများ အနေဖြင့် ထိုကိစ္စများကို ဂရုစိုက်နေနိုင်မည် မဟုတ်ပေ။

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဖန် ခေါင်းမညိတ်ဘဲ မနေနိုင်တော့ပေ။ အကယ်၍ ဝိညာဉ်ရည်၏ အာနိသင်သည် တကယ် ကောင်းမွန်သည် ဆိုပါက၊ တစ်စက်လျှင် ဝိညာဉ်ကျောက်တုံး ၃၀၀ ဆိုသည်မှာ လက်မခံနိုင်စရာ မဟုတ်ပေ။

"ကောင်းပြီလေ... ဒါဆိုရင် ဝိညာဉ်ရည် ၅ စက် ယူမယ်..."

ကျန်းဖန် ပြတ်သားစွာ ပြောလိုက်ပြီး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။

ဝိညာဉ်ရည် ၅ စက် ဆိုသည်မှာ ဝိညာဉ်ကျောက်တုံး ၁၅၀၀ ကျသင့်မည် ဖြစ်သည်။

လေလွင့်ကျင့်ကြံသူများအတွက်မူ ယင်းသည် ကြီးမားသော ပမာဏ ဖြစ်သည်။

သို့သော် ဆိုင်ရှင် ခုံချန်အတွက်မူ သိပ်ပြီး အရေးပါလှသည် မဟုတ်ပေ။

နေမင်းကြီး ဓားဂိုဏ်း၏ တပည့်တစ်ဦး အနေဖြင့် သူသည် ဤထက် များပြားသော ဝိညာဉ်ကျောက်တုံးများကို မြင်ဖူးသဖြင့်၊ ဤပမာဏသည် သာမညသာ ဖြစ်သည်။

"ကျင့်ကြံသူမိတ်ဆွေ... တကယ် ရက်ရောတာပဲဗျာ..."

"ကျုပ် ဝိညာဉ်ရည် ပြင်ပေးမယ်နော်..."

ဆိုင်ရှင် ခုံချန်သည် ကျန်းဖန်၏ စကားကို ကြားသောအခါ အားရပါးရ ရယ်မောလိုက်သည်။

သူ မအံ့သြမိပါ။ ဆင်းရဲသား ရပ်ကွက်မှ လေလွင့်ကျင့်ကြံသူများနှင့် မတူဘဲ၊ တည်ငြိမ်အေးဆေးနေသော ကျန်းဖန်၏ ပုံစံကြောင့် ကြွယ်ဝချမ်းသာသော ကျင့်ကြံသူများနှင့် ဆက်ဆံရသလို သူ ခံစားလိုက်ရသည်။

သူသည် သူ၏ လက်အောက်ငယ်သားများကို ညွှန်ကြားလိုက်ပြီး ကျောက်စိမ်းပုလင်းငယ် ၅ လုံးကို ယူလာစေသည်။

ကျောက်စိမ်းပုလင်း တစ်လုံးစီတွင် ဝိညာဉ်ရည် တစ်စက်စီ ပါဝင်သည်။

ဤအချက်က ဝိညာဉ်ရည်သည် မည်မျှ တန်ဖိုးရှိသော ဝိညာဉ်ပစ္စည်း ဖြစ်ကြောင်း သက်သေပြနေသည်။

"အင်း..."

ကျန်းဖန် စကားအများကြီး မပြောတော့ဘဲ၊ ဝိညာဉ်ကျောက်တုံး ၁၅၀၀ ကို ချက်ချင်း ထုတ်ပေးလိုက်သည်။

အရောင်းအဝယ် ပြီးဆုံးသွားပြီ ဖြစ်သည်။

မကြာမီ သူသည် ကျောက်စိမ်းပုလင်း ၅ လုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပြီး လျင်မြန်စွာ ထွက်ခွာလာခဲ့သည်။

"ဟမ်... နောက်ယောင်ခံ လိုက်မယ့်သူ မရှိဘူးလား..."

မြစိမ်းတော ဈေးတန်းမှ ထွက်လာပြီးနောက်၊ သူ့နောက်သို့ မည်သူမျှ လိုက်မလာကြောင်း ကျန်းဖန် သတိထားမိလိုက်သည်။

မူလက ဝိညာဉ်ကျောက်တုံး ၁၅၀၀ သုံးစွဲလိုက်သဖြင့်၊ မကောင်းမှု ဒုစရိုက်သမားများကို ဆွဲဆောင်မိလိမ့်မည်ဟု သူ မျှော်လင့်ထားခဲ့သည်။

ဆိုင်ရှင် ခုံချန် ကိုယ်တိုင်ပင်လျှင် ရတနာ လိုချင်ဇောဖြင့် လူသတ်ဓားပြတိုက်နိုင်သည် မဟုတ်ပါလော။

သို့သော် ယခုကြည့်ရသည်မှာ 'ဆေးလုံးပေါင်းတစ်ရာ' ဆိုင်မှ ကျင့်ကြံသူများသည် ထင်ထားသည်ထက် ပိုမို သဘောထားကြီးပုံ ရသည်။

ဤအချက်ကြောင့်လည်း မြစိမ်းတော ဈေးတန်းသည် နှစ်တစ်ရာတိုင်အောင် နာမည်ကောင်းကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်ပေလိမ့်မည်။

သို့မဟုတ်ပါကလည်း နေမင်းကြီး ဓားဂိုဏ်းအတွက် လေလွင့်ကျင့်ကြံသူများ၏ ဝိညာဉ်ကျောက်တုံး ပမာဏသည် ပြောပလောက်စရာ မရှိ၍လည်း ဖြစ်နိုင်သည်။

လုံးဝ ဂရုစိုက်စရာ မလိုလောက်အောင် သေးငယ်နေခြင်း ဖြစ်နိုင်သည်။

ရိုးသားစွာ စီးပွားရေး လုပ်ဆောင်ခြင်းကပင် လုံလောက်သော အကျိုးအမြတ် ရရှိနေပြီဖြစ်ရာ၊ စွန့်စားရမည့် အလုပ်များကို လုပ်ဆောင်ရန် မလိုအပ်တော့ပေ။

မည်သို့ပင်ဆိုစေ ကျန်းဖန်သည် အိမ်သို့ ချက်ချင်း ပြန်ရန် အစီအစဉ် မရှိပါ။

အမြဲ သတိ ရှိနေမှရမည်။

မည်သို့ဆိုစေ သတိရှိခြင်းသည် အန္တရာယ်များသော ကျင့်ကြံခြင်းလောကတွင် အသက်ရှင်သန်နိုင်မည့် နည်းလမ်းဖြစ်သည်။

သူသည် ဆင်းရဲသား ရပ်ကွက်မှ တန်းတန်းမတ်မတ် ထွက်ခွာလာပြီး၊ သားရဲတစ်သောင်း တောင်တန်းထဲသို့ ဝင်ရောက်ကာ ဂူတစ်ခုထဲတွင် ပုန်းအောင်းနေလိုက်သည်။

ညအချိန် ရောက်သည်အထိ စောင့်ဆိုင်းပြီးမှ မြစိမ်းတော ဈေးတန်းရှိ ဆင်းရဲသား ရပ်ကွက်သို့ ပြန်လာခဲ့သည်။

ထိုအချိန် ရောက်သောအခါ၊ သူ မြစိမ်းတော ဈေးတန်းထဲသို့ ဝင်ရောက်ခဲ့ကြောင်း မည်သူမျှ သတိထားမိခြင်း မရှိတော့ပေ။

All Chapters