← Chapters

အခန်း (၁၅၇-၁၅၈)

Vol. 12 Ch. 157-158

အခန်း (၁၅၇-၁၅၈)

Vol. 12 Ch. 157-158

အခန်း (၁၅၇) - အသေအပျောက် များပြားခြင်း၊ မိစ္ဆာနှင် အင်း ဈေးနှုန်းများ မိုးထိအောင် မြင့်တက်ခြင်း။

ဝုန်း…

ထိုခဏ၌ပင် ကျန်းဖန်၏ အသိစိတ်အာရုံ နက်ရှိုင်းရာမှ သတင်းစကား တစ်ခု ပေါ်ထွက်လာတော့သည်။

"သင်သည် ပြီးခဲ့သော ညဉ့်ယံ၌ မိစ္ဆာနှင် အင်းကို အသုံးပြု၍ မိစ္ဆာတစ်ကောင်အား သုတ်သင်ရှင်းလင်းခဲ့ပြီး၊ သေရမည့် ကပ်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထို့ကြောင့် ကံကောင်းခြင်းအမှတ် (၁၀၀၀) ရရှိပါသည်။"

ထိုသတင်းစကားကို သိရှိလိုက်ရသည့်အခါ ကျန်းဖန်သည် ကျေနပ်အားရစွာဖြင့် အနည်းငယ် ပြုံးလိုက်မိသည်။

ယခုတစ်ကြိမ်တွင် ကံကောင်းခြင်း အခွင့်အရေးကြီးကြီးမားမား မရရှိခဲ့သော်လည်း၊ ကံကောင်းခြင်းအမှတ် (၁၀၀၀) သက်သက် ရရှိလိုက်ခြင်းကပင် လုံလောက်နေပြီ ဖြစ်သည်။

ယခင်က စုဆောင်းထားသော အမှတ်များနှင့် ပေါင်းလိုက်ပါက၊ ယခုအခါ သူ့တွင် ကံကောင်းခြင်းအမှတ် (၂၅၆၀) အထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ဤမျှ များပြားသော ကံကောင်းခြင်း အမှတ်များသည် သူ၏ စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေလိမ့်မည်။

"ယောကျ်ား... မနေ့ညက အခြေအနေက တော်တော် ဆိုးရွားတာပဲ..."

"ကြားတာတော့ အိမ်နီးချင်းတစ်ယောက် မိစ္ဆာလက်ချက်နဲ့ သေသွားတယ်တဲ့၊ အလောင်းတောင် ရှာမတွေ့တော့ဘူးဆိုပဲ..."

ထိုအချိန်တွင် စုဝေဝေသည် အနီးအနားမှ သတင်းအချို့ကို စုံစမ်းပြီး ပြန်ရောက်လာခြင်း ဖြစ်သည်။ သူမ၏ မျက်နှာသည် အကြီးအကျယ် ပျက်ယွင်းနေပြီး၊ အတော် တုန်လှုပ်ချောက်ချားနေပုံ ရသည်။

အဘယ်ကြောင့်ဆိုသော် ပြီးခဲ့သည့်ညက သူမနှင့် သူမ၏ ခင်ပွန်းသည် အိမ်ထဲ၌သာ နေခဲ့ကြသဖြင့် သီသီလေး လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။

အိမ်နီးနားချင်း အများအပြား ဤကဲ့သို့ ကပ်ဘေးဆိုက်သွားကြလိမ့်မည်ဟုတော့ သူမ မထင်မှတ်ခဲ့မိပါ။

"အယ်... ဘယ်သူ သေသွားတာတဲ့လဲ..."

ကျန်းဖန် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မုဆိုး ဒူယု လေ..."

"သူ့ကို မိစ္ဆာ တစ်ဒါဇင်ကျော်လောက် ဝိုင်းထားတာတဲ့၊ သူက ခဏလောက်တော့ ပြန်တိုက်ခိုက်နိုင်ခဲ့သေးပါတယ်..."

"ဒါပေမဲ့ နောက်ဆုံးကျတော့ ဝိညာဉ်စွမ်းအား ကုန်ခမ်းပြီး သေသွားရှာတယ်..."

စုဝေဝေက လေးလေးနက်နက် ပြောပြလိုက်သည်။

"မုဆိုး ဒူယု ဟုတ်လား... ချီကျင့်ကြံခြင်းအဆင့် (၆) ရောက်နေတဲ့ လေလွင့်ကျင့်ကြံသူလေ..."

ထိုစကားကို ကြားလိုက်ရသည့်အခါ ကျန်းဖန် ချက်ချင်း အံ့သြသွားသည်။

အဘယ်ကြောင့်ဆိုသော် ဒူယု၏ ခွန်အားသည် လျှော့တွက်၍ မရသောကြောင့် ဖြစ်သည်။ သူသည် ဆင်းရဲသား ရပ်ကွက်တွင် ဆရာတစ်ဆူအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်၏။

သူသည် သားရဲတစ်သောင်း တောင်တန်းထဲသို့ မကြာခဏ ဝင်ထွက်သွားလာပြီး မိစ္ဆာသားရဲများကို ဖမ်းဆီးလေ့ရှိသည်။

ဆင်းရဲသား ရပ်ကွက်တွင် သူသည် အတော်ပင် နာမည်ကျော်ကြားလေသည်။

သူသည် ရပ်ကွက်ထဲ၌ နေထိုင်ခဲပြီး၊ အပြင်လောကတွင်သာ မိစ္ဆာသားရဲများကို အမဲလိုက်ရင်း အချိန်ကုန်ဆုံးလေ့ရှိသည်။

ဆင်းရဲသား ရပ်ကွက်သို့ ရက်အနည်းငယ်ခန့် ပြန်လာနေထိုင်ရုံဖြင့် မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ယင်းသည် အမှန်တကယ်ပင် ပဟေဠိဆန်လွန်းသည်။

သို့သော် သေချာ စဉ်းစားကြည့်လိုက်ပါက၊ ၎င်းသည် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စတစ်ခုသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေ မိစ္ဆာကောင် အရေအတွက်သည် အလွန်အမင်း များပြားလွန်းလှသည်။

ချီကျင့်ကြံခြင်းအဆင့် (၆) ကျင့်ကြံသူများသည် စွမ်းအားကြီးမားသည် ဆိုသော်လည်း၊ ဤမျှ များပြားသော မိစ္ဆာများ၏ တိုက်ခိုက်မှုကိုတော့ မတောင့်ခံနိုင်ကြပေ။

ခဏတာ ခုခံနိုင်လျှင်ပင်၊ လုံလောက်သော ဝိညာဉ်စွမ်းအား မရှိပါက ကြာလေ သေဖို့ နီးလေသာ ဖြစ်တော့သည်။

မိမိ၏ ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည်နှင့်၊ သူတို့သည် စဉ်းတီတုံးပေါ်က ငါးများကဲ့သို့ သူတစ်ပါး စိတ်ကြိုက် ခြယ်လှယ်သမျှကို ခံရတော့မည် ဖြစ်သည်။

မုဆိုး ဒူယု၏ ကံကြမ္မာသည်လည်း ထိုနည်း၎င်းပင်။

မိစ္ဆာအများအပြားကြောင့် ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားပြီးနောက်၊ နောက်ဆုံးတွင် ရက်ရက်စက်စက် သတ်ဖြတ်ခြင်း ခံလိုက်ရပြီး ဘာမှမကျန်အောင် ပျက်စီးသွားခဲ့ရသည်။

ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ဆင်းရဲသား ရပ်ကွက်၌ ရံဖန်ရံခါ ဖြစ်ပွားလေ့ ရှိသည်။

"အင်း... ချီကျင့်ကြံခြင်းအဆင့် (၆) ကျင့်ကြံသူ တစ်ယောက်တောင် သေသွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ..."

"အဲ့ဒီ မိစ္ဆာတွေက တကယ် ကြောက်ဖို့ကောင်းတာပဲ..."

စုဝေဝေသည် သက်ပြင်းချရင်း ပြောလိုက်သည်။

တကယ်တမ်းတွင် မုဆိုး ဒူယုသည် အားနည်းသူ မဟုတ်ပါ။ ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သူ ဖြစ်သည်။

ထိုအဆင့်ရောက်ပါက သူသည် ဈေးတန်းဧရိယာထဲသို့ ပြောင်းရွှေ့နေထိုင်နိုင်ပြီ ဖြစ်သည်။

ကံကြမ္မာက သူ့အပေါ် ဤမျှထိ ရက်စက်လိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။

ဒူယုသည် နောက်ထပ် အဆင့်တက်ခါနီးမှ မိစ္ဆာများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

ယင်းသည် သူ့ကံကြမ္မာဟုသာ မှတ်ယူရပေမည်။

ထို့ပြင် ဤဖြစ်ရပ်က သူမနှင့် သူမ၏ ခင်ပွန်းသည် မည်မျှ အားနည်းသေးကြောင်းကို မီးမောင်းထိုးပြလိုက်သကဲ့သို့ ရှိသည်။

ကျင့်ကြံခြင်းလောကတွင် သူတို့သည် ပြောပလောက်စရာ မရှိသော သာမည လူသားများသာ ဖြစ်ကြသည်။

"ဟုတ်တယ်... ကိုယ့်ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်မှ ဖြစ်မယ်..."

"မဟုတ်လို့ကတော့ ဆင်းရဲသား ရပ်ကွက်ထဲမှာ အသက်ရှင်ဖို့ အာမခံချက် ရှိမှာ မဟုတ်ဘူး..."

ကျန်းဖန် လက်သီးကို တင်းတင်းဆုပ်လိုက်မိ၏။ သူ့ရင်ထဲတွင်လည်း အရေးတကြီး လိုအပ်ချက် တစ်ခုကို ပြင်းထန်စွာ ခံစားလိုက်ရသည်။

ချီကျင့်ကြံခြင်းအဆင့် (၆) ကျင့်ကြံသူများပင် အချိန်မရွေး သေဆုံးသွားနိုင်သည်။

သူကဲ့သို့ ချီကျင့်ကြံခြင်းအဆင့် (၄) သာရှိသော ကျင့်ကြံသူ တစ်ယောက်အဖို့ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့ပေ။

သူ့တွင် ပါရမီ အနည်းငယ် ရှိသည် ဆိုလျှင်တောင်၊ မဖွံ့ဖြိုးသေးသော ပါရမီရှင်သည် အားနည်းသူ တစ်ဦးသာ ဖြစ်နေဦးမည်။

တကယ့်ကို ပြောပလောက်စရာ မရှိပေ။

ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် ဆေးဝါးမျိုးစုံ ဝယ်ယူနိုင်ရေးအတွက် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ရှာဖွေမှရမည် ဖြစ်သည်။

ဤအတိုင်း ပင်ပင်ပန်းပန်း ဆက်လက် ကျင့်ကြံနေပါက၊ အဆင့်တက်ရန် အချိန်မည်မျှ ကြာဦးမည်ကို မည်သူ သိနိုင်ပါမည်နည်း။

ကျင့်ကြံသူများအတွက် သက်တမ်းထက် ပိုအဖိုးတန်သော အရာဟူ၍ မရှိပေ။

ဆေးဝါးများသည် ကျင့်ကြံခြင်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည် ဆိုပါက၊ မိမိ၏ သက်တမ်းကို ဆွဲဆန့်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

"ဒါနဲ့... ကျင့်ကြံသူမိတ်ဆွေ ဖန်ဝေတို့ မိသားစုကော အဆင်ပြေရဲ့လား..."

ကျန်းဖန် မေးမြန်းလိုက်သည်။

"သူတို့ ဘာမှ မဖြစ်ဘူး..."

"ကျင့်ကြံသူမိတ်ဆွေ ဖန်ဝေတို့ မိသားစုက ကံကောင်းတယ်လို့ ပြောရမယ်..."

"မနေ့ညက သူတို့ မိစ္ဆာတွေ တိုက်ခိုက်တာ မခံရဘူးတဲ့..."

စုဝေဝေက သူမ ရရှိထားသော သတင်းကို ပြောပြလိုက်သည်။

ကံကောင်းတယ် ဟုတ်လား…

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းဖန် တစ်ချက် ရယ်မောလိုက်မိသည်။ ဖန်ဝေတို့ မိသားစု မိစ္ဆာတိုက်ခိုက်မှုမှ လွတ်ကင်းသွားရခြင်းမှာ သူအသုံးပြုလိုက်သော မိစ္ဆာနှင်အင်းကြောင့် မိစ္ဆာတစ်အုပ်လုံး ပျက်စီးသွားရခြင်းကြောင့် ဖြစ်ကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ထိုအချက်က မိစ္ဆာများကို ဤနေရာသို့ မချဉ်းကပ်ရဲအောင် ဖြစ်စေခဲ့သည်။

ထို့ကြောင့် ဤနေရာသည် ရှားရှားပါးပါး ငြိမ်းချမ်းသော နေရာလေး ဖြစ်လာခဲ့သည်။

ဖန်ဝေတို့ မိသားစုသည် သူ၏ အကာအကွယ်ကြောင့် ဘေးကင်းရာသို့ ရောက်ရှိသွားသည်ဟု ပြောနိုင်သည်။

အကယ်၍ သူတို့သာ အခြားနေရာတွင် နေထိုင်ခဲ့ပါက၊ သူတို့၏ ကံကြမ္မာသည် ဤမျှ ကောင်းမွန်လိမ့်မည် မဟုတ်ပေ။

သို့သော် သူသည် ဤအကြောင်းကို ထုတ်ပြောရန် အစီအစဉ် မရှိပါ။

"မိစ္ဆာနှင် အင်း ဆိုတာက အမြတ်အစွန်း ရနိုင်ရုံတင်မကဘူး၊ အကာအကွယ် လက်ဖွဲ့တစ်ခုလည်း ဖြစ်နေတာပဲ..."

"နောက်ထပ် ပိုပြီး သန့်စင်ထားဖို့ လိုမယ်ထင်တယ်..."

"အာ့လိုမှမဟုတ်ရင် လက်ထဲမှာ မိစ္ဆာနှင် အင်း မရှိဘဲနဲ့ မိစ္ဆာအများကြီး တိုက်ခိုက်တာကို ခံရရင်..."

"ဒူယုလိုပဲ ဇာတ်သိမ်းသွားနိုင်တယ်..."

ကျန်းဖန်သည် နောက်တစ်ဆင့် မည်သို့ လုပ်ဆောင်ရမည်ကို စဉ်းစားလိုက်သည်။

ဒူယု၏ ဖြစ်ရပ်ကို သင်ခန်းစာယူပြီး၊ သူ့ခြေရာ မနင်းမိစေရန် သတိထားရမည်ဟု သူ ခံစားလိုက်ရသည်။

ထိုသို့ တွေးတောပြီးနောက် သူသည် အင်းကွက်ရေးဆွဲသည့် အခန်းထဲသို့ ဝင်ရောက်ကာ အင်းကွက်များကို ဆက်လက် လေ့ကျင့်တော့သည်။

အလယ်အလတ်အဆင့် အင်းကွက်ဆရာ တစ်ဦးအတွက် ဤသည်မှာ လုပ်ရိုးလုပ်စဉ် ကိစ္စတစ်ခုသာ။

မည်သို့ဆိုစေ အလယ်အလတ်အဆင့် အင်းကွက်ဆရာ ဖြစ်လာခြင်းသည် အစပျိုးခြင်းသာ ရှိသေးသည်။

သူသည် ထိပ်တန်းအဆင့် အင်းကွက်ဆရာ၊ ထိုမှတစ်ဆင့် ဒုတိယအဆင့် ရွန်းစာလုံးပညာရှင် အထိ ဖြစ်လာရန် ဆန္ဒရှိသည်။

......

နောက်ထပ် ခုနစ်ရက်၊ ရှစ်ရက်ခန့် ကုန်လွန်သွားခဲ့သည်။

မိစ္ဆာများသည် နောက်ထပ် ကြီးမားသော တိုက်ခိုက်မှုမျိုးကို မလုပ်ဆောင်တော့သော်လည်း၊ မိစ္ဆာအုပ်စုငယ်လေးများသည် ဆင်းရဲသား ရပ်ကွက်ထဲသို့ ရံဖန်ရံခါ ဝင်ရောက်လာပြီး လေလွင့်ကျင့်ကြံသူများကို တိုက်ခိုက်လေ့ရှိသည်။

ထို့ကြောင့် ညတိုင်းလိုလို တစ်နေရာမဟုတ် တစ်နေရာ၌ အလောင်းကောင်များ ကျန်ရစ်လေ့ ရှိကြသည်။

….

အခန်း (၁၅၈) - အသေအပျောက် များပြားခြင်း၊ မိစ္ဆာနှင် အင်း ဈေးနှုန်းများ မိုးထိအောင် မြင့်တက်ခြင်း (၂)

ဤအခြေအနေသည် လေလွင့်ကျင့်ကြံသူများကို စိုးရိမ်ပူပန်စေပြီး၊ မိစ္ဆာနှင်အင်း လိုအပ်ချက်ကိုလည်း ပိုမိုမြင့်တက်လာစေခဲ့သည်။

တစ်ချိန်တည်းမှာပင် မိစ္ဆာနှင် အင်း၏ ဈေးနှုန်းသည်လည်း မိုးထိအောင် မြင့်တက်သွား၏၊ တစ်ချပ်လျှင် ဝိညာဉ်ကျောက်တုံး (၅၀) အထိပင် ဈေးပေါက်နေပြီ ဖြစ်သည်။

ကံဆိုးစွာဖြင့် မြစိမ်းတော ဈေးတန်းရှိ အင်းကွက်ဆရာများသည် အနားမနေဘဲ ကြိုးစားပမ်းစား လုပ်ကိုင်နေကြသော်လည်း၊ မိစ္ဆာနှင် အင်း အများအပြား ထွက်ရှိအောင်မူ မစွမ်းဆောင်နိုင်ကြပေ။

ထိုအချက်က မိစ္ဆာနှင် အင်း ဈေးနှုန်းများကို သွယ်ဝိုက်သောနည်းဖြင့် ပိုမို မြင့်တက်စေခဲ့သည်။

လေလွင့်ကျင့်ကြံသူ အချို့သည် မြစိမ်းတော ဈေးတန်းမှ ထွက်ခွာလိုကြသော်လည်း၊ လက်တွေ့တွင် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် သားရဲတစ်သောင်း တောင်တန်းရှိ အခြားနေရာများသည် ဤနေရာထက် ပိုမို အန္တရာယ်များလေရာ ထွက်သွားလိုက်သည်နှင့် သေလမ်းကို ရွေးချယ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သောကြောင့်တည်း။

ဆင်းရဲသား ရပ်ကွက်ထဲတွင် ဆက်လက် နေထိုင်မည်ဆိုပါက၊ သတိရှိရှိ နေထိုင်လျှင် အရည်အချင်း အနည်းငယ် ရှိနေသရွေ့ အသက်ရှင်လွတ်မြောက်နိုင်မည့် အခွင့်အရေး ရှိနေသေးသည်။

ထို့ကြောင့် မည်သူမျှ မြစိမ်းတော ဈေးတန်းမှ ထွက်ခွာရဲခြင်း မရှိကြပေ။

"နောက်ဆုံးတော့ ပြီးသွားပြီ..."

ထိုအချိန်၌ သစ်သားအိမ်လေးထဲတွင် ကျန်းဖန်သည် သူ၏ လုပ်အားရလဒ်များကို ကြည့်ရှုရင်း ကျေနပ်နေမိသည်။

ခုနစ်ရက်၊ ရှစ်ရက်ခန့် အချိန်ကုန်ခံပြီးနောက်၊ သူသည် စုစုပေါင်း မိစ္ဆာနှင် အင်း အချပ်ရေ (၂၀၀) တိတိကို သန့်စင်ပြီးစီးသွားပြီ ဖြစ်သည်။

မိစ္ဆာနှင် အင်း တစ်ချပ်ချင်းစီတွင် ကြီးမားသော စွမ်းအားများ ကိန်းအောင်းနေကြသည်။

အသုံးပြုလိုက်သည်နှင့် မိစ္ဆာများကို မောင်းထုတ်နိုင်ရုံသာမက သတ်ဖြတ်ပစ်နိုင်စွမ်းပင် ရှိပေသည်။

ထို့ကြောင့်လည်း ဤကာလအတွင်း သူ၏ နေအိမ်သည် မိစ္ဆာများ၏ တိုက်ခိုက်ခြင်းကို မခံရခြင်း ဖြစ်သည်။

ထင်ရှားသည်မှာ မိစ္ဆာများသည် အရူးများ မဟုတ်ကြပေ။

သူတို့သည် မည်သူ့ကို ရန်စသင့်သည်၊ မည်သူ့ကို ရှောင်ရှားသင့်သည် ဆိုသည်ကို ကောင်းစွာ သိရှိကြသည်။

"အရင်ဆုံး အချပ် ၁၀၀ လောက် ထုတ်ရောင်းရမယ်..."

ကျန်းဖန် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။

သူသည် မိစ္ဆာနှင် အင်း အားလုံးကို ရောင်းချရန် အစီအစဉ် မရှိပါ။ တစ်ဝက်ခန့်ကိုသာ ရောင်းချရန် သူ ရည်ရွယ်ထားသည်။

အားလုံးကို ရောင်းချလိုက်ပါက ဝိညာဉ်ကျောက်တုံး အများအပြား ရရှိနိုင်သော်လည်း…

ထိုမျှ များပြားသော ဝိညာဉ်ကျောက်တုံး ပမာဏသည် လေလွင့်ကျင့်ကြံသူ တစ်ဦးဖြစ်သည့် သူ့အတွက် ကိုင်တွယ်ရန် ခက်ခဲလွန်းလှသည်။

ရန်သူများ၏ မျက်စိကျခြင်း ခံရပါက ကပ်ဘေးဆိုက်ရောက်သွားနိုင်သည်။

"ဒါပေမဲ့ မိစ္ဆာနှင် အင်း ရောင်းဖို့အတွက်နဲ့တော့ ဈေးတန်းအထိ သွားစရာ မလိုပါဘူး..."

"ဆင်းရဲသား ရပ်ကွက်ထဲက မှောင်ခိုဈေးမှာ ရောင်းလို့ရတာပဲ..."

ကျန်းဖန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

တကယ်တမ်းတွင် ရတနာပစ္စည်းများကို မြစိမ်းတော ဈေးတန်း၌သာ ရောင်းချနိုင်သည် မဟုတ်ပါ။

ဆင်းရဲသား ရပ်ကွက်ထဲ၌လည်း ရောင်းချ၍ ရနိုင်သည်။

ဆင်းရဲသား ရပ်ကွက်၏ အစွန်အဖျား ထောင့်တစ်နေရာတွင် မှောင်ခိုဈေးတစ်ခု ရှိသည်။

ထိုနေရာတွင် လေလွင့်ကျင့်ကြံသူများနှင့် ပြည့်နှက်နေပြီး၊ မကောင်းမှု ဒုစရိုက်သမားများပင် ရှိနေနိုင်သည်။

သူတို့ ရောင်းချသော ရတနာများ၏ ဇာစ်မြစ်မှာ ရှင်းလင်းမှု မရှိပေ။

ဈေးတန်းကြီးထဲသို့ ယူဆောင်ရောင်းချပါက ပြဿနာကြီးကြီးမားမား တက်နိုင်ဖွယ် ရှိသည်။

ထို့ကြောင့် ထိုဒုစရိုက်သမားများသည် သူတို့၏ ရတနာများကို မြစိမ်းတော ဈေးတန်းကြီးတွင် သွားရောက်ရောင်းချရဲခြင်း မရှိကြပေ။

ထို့ပြင် မှောင်ခိုဈေးတွင် ရောင်းချခြင်းသည် မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုပါ။

ယေဘုယျအားဖြင့် မြစိမ်းတော ဈေးတန်းကြီးထက် ပိုမို အဆင်ပြေပြီး ကုန်ကျစရိတ်လည်း သက်သာသည်။

ကျန်းဖန်အတွက်မူ ဆင်းရဲသား ရပ်ကွက်ရှိ မှောင်ခိုဈေး၌ မိစ္ဆာနှင် အင်း ရောင်းချခြင်းသည် ပိုမိုကြီးမားသော အားသာချက် တစ်ခု ရှိနေသည်။

ယင်းမှာ ဤနေရာရှိ ကျင့်ကြံသူများက ကျင့်ကြံခြင်းအဆင့် သိပ်မမြင့်မားခြင်းပင် ဖြစ်သည်။

အများဆုံးမှ ချီကျင့်ကြံခြင်းအဆင့် (၆) သာ ရှိကြသည်။

အခြေခံအားဖြင့် ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် မြစိမ်းတော ဈေးတန်းကြီးထဲတွင်သာ နေထိုင်ကြသည်။

ထို့ကြောင့် ဆင်းရဲသား ရပ်ကွက် မှောင်ခိုဈေးတွင် ရောင်းချခြင်းသည် သူ၏ လုံခြုံရေးအတွက် ပိုမို စိတ်ချရသည်။

လေလွင့်ကျင့်ကြံသူ အများအပြား၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံရလျှင်တောင်၊ သူသည် အထိအခိုက်မရှိ လွတ်မြောက်နိုင်ပေလိမ့်မည်။

"သာမန်အချိန်တွေဆိုရင် ဆင်းရဲသား ရပ်ကွက်ထဲက လေလွင့်ကျင့်ကြံသူတွေက မိစ္ဆာနှင် အင်းကို ဝယ်နိုင်ကြမှာ မဟုတ်ဘူး..."

"ဒါပေမဲ့ အခုချိန်က မတူတော့ဘူး..."

"မိစ္ဆာနှင် အင်း ဆိုတာက ရိုးရိုး အင်းကွက် မဟုတ်တော့ဘူး၊ အသက်ရှင်သန်ရေး လက်နက် ဖြစ်နေပြီ..."

"အဆင်းရဲဆုံး လေလွင့်ကျင့်ကြံသူတောင်မှ အနည်းဆုံး မိစ္ဆာနှင် အင်း တစ်ချပ်လောက်တော့ ဆောင်ထားကြမှာပဲ..."

"သူတို့မှာ ဝိညာဉ်ကျောက်တုံး အပိုအလျှံ မရှိရင်တောင်၊ ဝိညာဉ်ကျောက်တုံး ဒါဇင်လောက်တော့ အနည်းနဲ့အများ ရှာကြံနိုင်မှာပါ..."

ကျန်းဖန် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည်။

ရွှစ်…

ထိုသို့ တွေးတောမိသည်နှင့် သူသည် တုံ့ဆိုင်းမနေဘဲ စုဝေဝေကို နှုတ်ဆက်ကာ အိမ်မှ ထွက်ခွာလာခဲ့သည်။

မှောင်ခိုဈေးသည် ဆင်းရဲသား ရပ်ကွက်၏ အနောက်တောင်ဘက် ထောင့်စွန်းတွင် တည်ရှိ၏၊ ရပ်ကွက်၏ အပြင်စည်းနေရာဟု ဆိုနိုင်သည်။

ဤနေရာတွင် တည်ရှိနေရခြင်းမှာ လေလွင့်ကျင့်ကြံသူများ လွယ်ကူစွာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ဖြစ်သည်။

တစ်ခုခု ဖြစ်ပွားပါက သူတို့သည် သားရဲတစ်သောင်း တောင်တန်း နက်ရှိုင်းရာသို့ ချက်ချင်း ဆုတ်ခွာသွားနိုင်ကြသည်။

ဤနည်းအားဖြင့် နေမင်းကြီး ဓားဂိုဏ်းမှ ကျင့်ကြံသူများ လိုက်လံ ဖမ်းဆီးလျှင်တောင် သိပ်ပြီး ပူပန်စရာ မလိုတော့ပေ။

မှောင်ခိုဈေးထဲသို့ မဝင်ရောက်မီ၊ ကျန်းဖန်သည် ရုပ်ဖျက်အတတ်ကို အသုံးပြုပြီး သူ၏ ရုပ်သွင်နှင့် ကိုယ်လုံးကိုယ်ပေါက်ကို ပြောင်းလဲလိုက်သည်။

ကြမ်းတမ်းခက်ထန်သော ရုပ်ရည်ရှိသည့် မုတ်ဆိတ်မွေးများနှင့် လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးအဖြစ် ဖန်တီးလိုက်ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် သူ၏ ပင်ကိုအင်းကွက်ဖြစ်သော အသက်ရှူသံထိန်း အင်းကို အသုံးပြု၍ သူ၏ အငွေ့အသက်ကို ဖုံးကွယ်လိုက်သည်။

ဤနည်းအားဖြင့် ရန်သူများသည် သူ၏ အငွေ့အသက်ကို အာရုံခံနိုင်ခြင်းမရှိဘဲ ခြေရာခံနိုင်တော့မည် မဟုတ်ပေ။

မကြာမီ ကျန်းဖန်သည် ဆင်းရဲသား ရပ်ကွက်၏ မှောင်ခိုဈေးသို့ ရောက်ရှိလာသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင်၊ ဤနေရာသည် အလွန်အမင်း စုတ်ပြတ်နေသည်။

ဟင်းသီးဟင်းရွက် ဈေးတန်းတစ်ခုနှင့်ပင် တူနေသေးသည်။

လေလွင့်ကျင့်ကြံသူ အားလုံးသည် လမ်းဘေးတွင် ဖျာခင်းကာ ရတနာမျိုးစုံကို ရောင်းချနေကြသည်။

သို့သော် အများစုသည် ဝိညာဉ်ဆန်၊ မိစ္ဆာသားရဲ အသားများနှင့် မိစ္ဆာသားရဲ အစိတ်အပိုင်းများ စသည့် ပစ္စည်းများကိုသာ ရောင်းချနေကြခြင်း ဖြစ်သည်။

အမှန်တကယ်ပင် ဟင်းသီးဟင်းရွက် ဈေးတန်းနှင့် တူလှသည်။

အခြေခံအားဖြင့် လေလွင့်ကျင့်ကြံသူများသည် ဈေးပေါသော အစားအစာများကို ဝယ်ယူရန် ဤနေရာသို့ လာရောက်ကြလေ့ရှိသည်။

မည်သို့ဆိုစေ သားရဲတစ်သောင်း တောင်တန်းတွင် အစားအစာမှလွဲ၍ ကျန်သည့်အရာ အားလုံး ရှားပါးသည် မဟုတ်ပါလော။

ကျင့်ကြံသူ တစ်ယောက် အစာငတ်ပြီး သေသွားသည်ဟု မည်သည့်အခါမျှ မကြားဖူးခဲ့ပေ။

ဝုန်း…

ကျန်းဖန် မှောင်ခိုဈေးထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်၊ လျှို့ဝှက်သော အကြည့်များစွာ သူ့အပေါ် ကျရောက်လာသည်။ အကြောင်းမှာ ကျန်းဖန်၏ ပုံစံသည် သူတို့အတွက် စိမ်းသက်နေသောကြောင့် ဖြစ်သည်။

လေလွင့်ကျင့်ကြံသူ အများအပြားသည် သူ့ကို တစ်ခါမှ မမြင်ဖူးသဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

အထူးသဖြင့် ကျန်းဖန်သည် သူ၏ အငွေ့အသက်ကို ဖုံးကွယ်ထားသဖြင့်၊ သူ့ကို ပိုမို၍ နက်နဲခက်ခဲသွားစေသည်။

သို့သော် သူသည် ပတ်ဝန်းကျင်မှ အကြည့်များကို သိပ်ပြီး ဂရုမစိုက်ပေ။

"ထင်ထားတဲ့အတိုင်းပဲ၊ ဒီမှောင်ခိုဈေးထဲက လေလွင့်ကျင့်ကြံသူတွေရဲ့ အဆင့်က သိပ်မမြင့်ကြဘူး..."

ကျန်းဖန်သည် သူ၏ အသိစိတ်အာရုံဖြင့် မှောင်ခိုဈေး တစ်ခုလုံးကို ဖြန့်ကြက် စစ်ဆေးလိုက်ရာ၊ အစွမ်းအထက်ဆုံး လူသည်ပင် ချီကျင့်ကြံခြင်းအဆင့် (၆) သာ ရှိကြောင်း တွေ့ရှိလိုက်ရသည်။

သူတို့သည် သူ့ထက် အနည်းငယ်သာ ပိုမို သန်စွမ်းကြသော်လည်း၊ ကွာခြားချက်မှာ အကန့်အသတ် ရှိသည်။

ထို့ပြင် ယခုတစ်ခေါက် သူ့တွင် အင်းကွက် အမြောက်အမြား ပါလာသည် မဟုတ်ပါလော။

လက်နက်တိုက် တစ်ခုလုံးကို သယ်ဆောင်လာသည်နှင့်ပင် တူနေသည်။

ချီကျင့်ကြံခြင်းအဆင့် (၆) ကျင့်ကြံသူ တစ်ယောက် လာရောက်တိုက်ခိုက်လျှင်ပင်၊ သူ့ကို အသာစီးရနိုင်မည် မဟုတ်ပေ။

ထိုသို့ တွေးတောရင်း သူသည် စိတ်တည်ငြိမ်သွားပြီး လမ်းဘေးတစ်နေရာသို့ သွားကာ နေရာလွတ်တစ်ခု ရှာလိုက်သည်။

ထို့နောက် သူသည် ဆိုင်ခင်းလိုက်ပြီး မိစ္ဆာနှင် အင်းတစ်ချပ်ကို တင်လိုက်သည်။

"ဟေ... ဒါ မိစ္ဆာနှင် အင်း မဟုတ်လား..."

ကျန်းဖန် ဆိုင်ခင်းလိုက်သည်နှင့် တစ်ပြိုင်နက်၊ လေလွင့်ကျင့်ကြံသူ တစ်ဦးသည် သူ ရောင်းချသော ပစ္စည်းကို သတိထားမိသွားပြီး မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။ သူ့အသံထဲတွင် အတိုင်းအဆမရှိသော ပျော်ရွှင်မှုများ ပါဝင်နေသည်။

လက်ရှိအချိန်တွင် မိစ္ဆာနှင် အင်းသည် အရောင်းသွက်ဆုံး ကုန်ပစ္စည်း ဖြစ်နေသည် မဟုတ်ပါလော။

လွန်ခဲ့သော ဘဝက ကပ်ရောဂါကာလတွင် နှာခေါင်းစည်းများ ရောင်းကောင်းသကဲ့သို့ ဖြစ်နေသည်။

ထုတ်ရောင်းလိုက်သည်နှင့် ချက်ချင်း ကုန်သွားမည်ဖြစ်ပြီး၊ ရောင်းမထွက်ဘဲ ကျန်နေမည်ကို ပူစရာမလိုပေ။

မိစ္ဆာနှင် အင်းသည်လည်း ထိုနည်း၎င်းပင်။

"မဟုတ်ပါဘူးကွာ... တကယ်ကြီး မိစ္ဆာနှင် အင်းလား..."

"ဘုရားရေ... မှောင်ခိုဈေးထဲမှာ မိစ္ဆာနှင် အင်း လာရောင်းတဲ့သူ ရှိတယ်တဲ့လား..."

"အစစ်လား၊ အတုလားဟ... အတုလုပ်ထားတဲ့ အင်းကွက် ဖြစ်နေမလား..."

"မဟုတ်ဘူး... ဒါ သေချာပေါက် အစစ်ပဲ။ အင်းကွက်ပေါ်က မျဉ်းကြောင်းတွေကို ကြည့်လိုက်၊ ဓားနဲ့ ထွင်းထားသလို သေသပ်ပြီး၊ ဝိညာဉ်စွမ်းအား စီးဆင်းမှုကလည်း အပြစ်ဆိုစရာ မရှိဘူး။ အနုပညာ လက်ရာမြောက်တယ်။ ဒါ လုံးဝ ထိပ်တန်းအဆင့် အရည်အသွေးပဲ..."

လေလွင့်ကျင့်ကြံသူ အများအပြားသည် ဆိုင်ကို ချက်ချင်း ဝိုင်းအုံလာကြသည်။

သူတို့သည် မျက်လုံးများ ပြူးကျယ်လျက် ဆိုင်ပေါ်ရှိ မိစ္ဆာနှင် အင်းကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။

သိထားရမည်မှာ ဤလေလွင့်ကျင့်ကြံသူ တစ်ယောက်ချင်းစီသည် အတော်လေး မျက်စိရှင်ကြသည်။

သူတို့သည် အင်းကွက်များကို ခွဲခြားရာတွင်လည်း အတွေ့အကြုံ ရှိကြသည်။

အကယ်၍ အရည်အသွေးနိမ့် အင်းကွက်သာ ဖြစ်ပါက၊ မျဉ်းကြောင်းများသည် ကောက်ကွေးစောင်းရွဲ့နေပြီး ကလေးခြစ်ထားသကဲ့သို့ ဖြစ်နေပေလိမ့်မည်။

မျဉ်းကြောင်းထဲရှိ ဝိညာဉ်စွမ်းအားများတွင်လည်း အညစ်အကြေးများ ပါဝင်နေတတ်သည်။

ထိုကဲ့သို့သော အင်းကွက်မျိုးဆိုပါပ သုံးစွဲလျှင်တောင် စွမ်းအား သိပ်ရှိမည် မဟုတ်ပေ။

သို့သော် ထိပ်တန်းအဆင့် အင်းကွက်မှာမူ ကွာခြားလှသည်။ ၎င်းအပေါ်ရှိ မျဉ်းကြောင်းများသည် ထွင်းထုထားသကဲ့သို့ အလွန် တိကျသေသပ်ပြီး၊ အနည်းငယ်မျှ လိုခြင်း ပိုခြင်း မရှိပေ။ တကယ့်ကို လက်ရာမွန် တစ်ခုပင်။

အရည်အသွေးနိမ့် အင်းကွက်နှင့် ထိပ်တန်းအဆင့် အင်းကွက်၏ ကွာခြားချက်ကို လူမိုက်တစ်ယောက်တောင် ခွဲခြားနိုင်ပေသည်။

သေချာသည်မှာ ဤဆိုင်ပေါ်ရှိ မိစ္ဆာနှင် အင်းသည် ထိပ်တန်းအဆင့် အရည်အသွေး ဖြစ်သည်။

သူတို့၏ မျက်လုံးများ အရောင်တောက်လာပြီး၊ ဆိုင်ပေါ်ရှိ မိစ္ဆာနှင် အင်းကို လုယူချင်စိတ်များ ဖြစ်ပေါ်လာကြသည်။

"ကျင့်ကြံသူမိတ်ဆွေ... ဒီ မိစ္ဆာနှင် အင်းကို ဘယ်လောက်နဲ့ ရောင်းမလို့လဲ..."

တစ်စုံတစ်ယောက်က ချက်ချင်း မေးလိုက်သည်။

"ဈေးမကြီးပါဘူး... တစ်ချပ်ကို ဝိညာဉ်ကျောက်တုံး ၃၀ ပါ..."

ကျန်းဖန် ပြတ်ပြတ်သားသား ဖြေလိုက်သည်။

လက်ရှိပေါက်ဈေးသည် ဝိညာဉ်ကျောက်တုံး ၅၀ ရှိကြောင်း သူလည်း သိရှိထားသည်။

အခြေအနေ အရေးကြီးနေသဖြင့် မိစ္ဆာနှင် အင်း ဈေးနှုန်းများ ဆက်လက် မြင့်တက်နေဦးမည် ဖြစ်သည်။

သို့သော် သူသည် ဝိညာဉ်ကျောက်တုံး ၃၀ ဖြင့်သာ ရောင်းချရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ဆိုစေ ဤဈေးနှုန်းဖြင့် ရောင်းချလျှင်တောင် သူ အမြတ်အစွန်း များစွာ ရရှိနေပြီ ဖြစ်သည်။

ဆင်းရဲသား ရပ်ကွက်ရှိ လေလွင့်ကျင့်ကြံသူများ အတွက် အမြတ်အစွန်း အနည်းငယ် ချန်ထားပေးလိုက်ခြင်းက သူတို့ကို ရူးသွပ်သွားစေလိမ့်မည်။

ဤနည်းအားဖြင့် အရောင်းအဝယ် မြန်ဆန်သွားမည် ဖြစ်သည်။

ဤကဲ့သို့သော အရောင်းအဝယ်မျိုးတွင် မြန်မြန်ရောင်းရလေ ကောင်းလေပင်။

အချိန်ကြာလာပါက မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။

ချီကျင့်ကြံခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ တစ်ယောက်ယောက်ကများ တွေ့ရှိသွားပါက ပြဿနာကြီး ဖြစ်လာနိုင်သည်။

ထို့ကြောင့် ဈေးပေါပေါဖြင့် ရောင်းရလျှင်တောင်မှ၊ သူသည် ဘေးကင်းလုံခြုံမှုကိုသာ ဦးစားပေးလိုသည်။

"တစ်ချပ်ကို ၃၀ ဟုတ်လား... တကယ် ဈေးမကြီးဘူးဟ..."

ထိုစကားကို ကြားလိုက်ရသောအခါ ဘေးပတ်ဝန်းကျင်ရှိ လေလွင့်ကျင့်ကြံသူများသည် အတိုင်းအထက်အလွန် ပျော်ရွှင်သွားကြသည်။

သေချာသည်မှာ သူတို့အနေဖြင့် ဤမိစ္ဆာနှင် အင်းကို ဝယ်ယူပြီးနောက် ပြန်လည်ရောင်းချပါက၊ အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၂၀ ခန့် အမြတ်ကျန်နိုင်သည် မဟုတ်ပါလော။

သူတို့အတွက်မူ ဒါသည် ဈေးပေါရုံသာမက၊ တကယ့်ကို တန်ဖိုးကြီးမားသော အခွင့်အရေး တစ်ရပ်ပင် ဖြစ်သည်။

ကောင်းကင်ဘုံက သူတော်ကောင်း တစ်ယောက် ဆင်းလာသကဲ့သို့ပင်။

"ဟေ့ကောင်... မင်းဆီမှာ မိစ္ဆာနှင် အင်း ဘယ်လောက်ရှိရှိ ငါအကုန်ယူမယ်..."

ထိုအချိန်၌ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် ကျယ်လောင်သော အသံဖြင့် ပြောဆိုရင်း လျှောက်လှမ်းလာသည်။

သူ၏ ဘေးတွင် အဖော်နှစ်ယောက် ပါလာသည်။

သူတို့ သုံးဦးစလုံးသည် ကျန်းဖန်ကို စူးစိုက်ကြည့်နေကြ၏။ သူတို့တွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေပုံရသည်။

All Chapters